< Return to Video

အကြားအာရုံဆိုင်ရာ သိပ္ပံပညာ - Douglas L. Oliver

  • 0:07 - 0:10
    သင်ဟာ ရေလှိုင်းရဲ့ နူးညံ့စွာ ပုပ်ခပ်သံကို၊
  • 0:10 - 0:12
    ဝေးရာတွင် ဇင်ယော်ငှက်
    အော်သံကို ကြားနိုင်တယ်။
  • 0:12 - 0:16
    ဒါပေမဲ့ စိတ်နောက်စရာ အသံကြောင့်
    အေးချမ်းမှု လွင့်ပျောက်သွားတယ်၊
  • 0:16 - 0:19
    အဲဒီအသံဟာ နီးသထက် နီးလာနေလိုက်တာ
  • 0:19 - 0:22
    ဖြန်းကနဲ ပုပ်ရိုက်သံ မြည်လာတဲ့အထိပါပဲ။
  • 0:22 - 0:27
    စိတ်နောက်စရာ ခြင်ကောင်ကို ဖယ်ရှားလိုက်လို့
    ပြန်အေးဆေးလာပြီ။
  • 0:27 - 0:32
    အဝေးမှလာနေတဲ့ အဲဒီအသံ ထုတ်လွင့်သူကို
    ဘယ်လိုလုပ် တိကျစွာ ဖေါ်ထုတ်နိုင်တာလဲ။
  • 0:32 - 0:35
    အသံတွေကို သိမှတ်လျက် ၎င်းတို့၏ တည်နေရာကို
    သတ်မှတ်နိုင်တာက
  • 0:35 - 0:39
    ကျွန်ုပ်တို့ အသံစနစ်ရဲ့ ကျေးဇူးကြောင့်ပါ။
  • 0:39 - 0:43
    အဲဒီထဲမှာ အဓိက အပိုင်းနှစ်ပိုင်းပါဝင်ရာ
    နားနဲ့ ဦးနှောက်ပါ။
  • 0:43 - 0:47
    နားရဲ့တာဝန်က အသံရဲ့ စွမ်းအင်ကို အာရုံကြော
    အချက်ပြချက်များသို့ ပြောင်းပေးရန်၊
  • 0:47 - 0:52
    ဦးနှောက်ကျတော့ ခုနက အချက်ပြချက်များထဲက
    အချက်အလက်များကို လက်ခံစီမံဆောင်ရွက်ပေးတယ်။
  • 0:52 - 0:54
    အဲဒါ အလုပ်လုပ်ပုံကို နားလည်ရန်
  • 0:54 - 0:58
    ကျွန်ုပ်တို့ အသံရဲ့ ခရီးစဉ်ကို နားအထိ
    လိုက်ကြည့်ကြပါမယ်။
  • 0:58 - 1:00
    အသံ ရင်းမြစ်ဟာ
    တုန်ခါမှုများကို ဖန်တီးပေးရာ
  • 1:00 - 1:03
    ဖိအားလှိုင်းအဖြစ် လေထု၊ ရေ ဒါမမှဟုတ်
    အစိုင်းအခဲများထဲရှိ
  • 1:03 - 1:04
    အမှုန်များမှတဆင့်
  • 1:04 - 1:06
    ဖြတ်သွားတယ်။
  • 1:06 - 1:08
    ဒါပေမဲ့ cochlea ခေါ်
    ကျွန်ုပ်တို့ရဲ့ အတွင်းနားထဲမှာ
  • 1:08 - 1:12
    တကယ်ကျတော့ ရေငန်လို အရည်များ
    ရှိတတ်ပါတယ်။
  • 1:12 - 1:16
    ဒီတော့ ဖြေရှင်းရန်လိုတဲ့ ပထမဦးဆုံး
    ပြဿနာက အဲဒီအသံလှိုင်းတွေကို
  • 1:16 - 1:18
    ဘယ်နေရာမှ လာတာဘဲ ဖြစ်ဖြစ်၊
  • 1:18 - 1:20
    အရည်ထဲက လှိုင်းများသို့
    ပြောင်းလဲပေးရန်ပါပဲ။
  • 1:20 - 1:24
    အဖြေမှာ နားစည် ဒါမှမဟုတ်
    tympanic အမြှေးပါးပါနဲ့
  • 1:24 - 1:27
    အလယ်ပိုင်း နားအထဲက
    သေးနုပ်လှတဲ့ အရိုးများပါ။
  • 1:27 - 1:30
    ၎င်းတို့ဟာ နားစည်ရဲ့
    သိသာတဲ့ လှုပ်ရှားမှုများကို
  • 1:30 - 1:34
    cochlea ရဲ့ အရည်များထဲက
    ဖိအားလှိုင်းများသို့ ပြောင်းလဲပေးကြတယ်။
  • 1:34 - 1:36
    အသံက နားရဲ့တူးမြောင်းထဲကို ဝင်လာရင်၊
  • 1:36 - 1:40
    ၎င်းက နားစည်ကို တို့ထိလျက် စည်တစ်ခုလိုပဲ
    ထိပ်ပိုင်းကို တုန်ခါလာစေပါတယ်။
  • 1:40 - 1:44
    တုန်ခါနေတဲ့ နားစည်က တူလို့
    ခေါ်တဲ့ အရိုးကို ဆောင့်ကန်ပါတယ်၊
  • 1:44 - 1:49
    တူဟာ ပေကို သွားထုခြင်းဖြင့် stape ခေါ်
    တတိယအရိုးကို လှုပ်ခါစေတယ်။
  • 1:49 - 1:53
    ၎င်ရဲ့ လှုပ်ရှားမှုက cochlea တလျှောက်ရှိ
    အခန်းထဲက အရည်ကို တွန်းပေးတယ်။
  • 1:53 - 1:54
    အဲဒီနေရာကို ရောက်တာနဲ့၊
  • 1:54 - 1:59
    အသံတုန်ခါမှုတွေကို အရည်ရဲ့ တုန်ခါမှုများ
    အဖြစ် နောက်ဆုံး ကူးပြောင်းပေးလိုက်ပါပြီ၊
  • 1:59 - 2:03
    ၎င်းတို့ဟာ cochlea ရဲ့ အဆုံး တစ်ခုမှ
    အခြားအဆုံးသို့ သွားနိုင်ကြပါပြီ။
  • 2:03 - 2:08
    cochlea ရဲ့ အလျားတလျှောက်မှာ basilar
    အမြှေးပါးလို့ ခေါ်တဲ့ မျက်နှာပြင် ရှိတယ်။
  • 2:08 - 2:12
    ၎င်းထဲမှာ stereocilia ခေါ် အထူးပြင်ထားတဲ့
    အစိတ်အပိုင်းတွေပါတဲ့
  • 2:12 - 2:14
    ဆံပင်ဆဲလ်တွေ တန်းစီလျက် ရှိနေရာ၊
  • 2:14 - 2:18
    သော cochlear အရည်နဲ့ basilar အမြှေးပါး
    လှုပ်ခါသလို လိုက်ရွေ့လျားတတ်ပါတယ်။
  • 2:18 - 2:22
    အဲဒီလှုပ်ရှားမှုမှ အချက်ပြမှုကို စပေးလျက်
    ဆံပင်ဆဲလ်မှတဆင့် ဖြတ်သွားကာ
  • 2:22 - 2:24
    အကြားအာရုံကြောထဲသို့ ရောက်သွားကာ၊
  • 2:24 - 2:28
    ဆက်ပြီး ဦးနှောက်ဆီ ရောက်သွားလို့
    အထူးအသံအဖြစ် နားလည်ခံယူနိုင်တာပါ။
  • 2:28 - 2:32
    အသံတစ်ခုကြောင့်
    basilar အမြှေးပါး လှုပ်ခါချိန်မှာ၊
  • 2:32 - 2:34
    ဆံပင်ဆဲလ်တိုင်း ရွေ့လျားတာ မဟုတ်ပါ-
  • 2:34 - 2:38
    သအသံရဲ့ ကြိမ်နှုန်းကို လိုက်ပြီး
    အရွေးခံ အချို့တို့သာ လှုပ်ကြတာပါ။
  • 2:38 - 2:42
    ဒါကို အင်ဂျင်နီယာ ရှုဒေါင့်မှနေပြီး
    နည်းနည်း ရှင်းပြဖို့ လိုပါမယ်။
  • 2:42 - 2:45
    basilar အမြှေးပါးရဲ့
    အဆုံးတဘက်ဟာ မာကျောလျက်
  • 2:45 - 2:51
    တိုတဲ့လှိုင်းများကို၊ ကြိမ်နှုန်းမြင့်တာ
    ကိုသာ တုန်ခါပေးကြတာပါ။
  • 2:51 - 2:53
    အခြားတွေကျတော့ ပိုပျော့ပြောင်းကြတယ်၊
  • 2:53 - 2:58
    လှိုင်းရဲ့အလျား ရှည်လျားမှသာ၊ ကြိမ်နှုန်း
    နိမ့်မှသာ တုန်ခါတတ်ကြတယ်။
  • 2:58 - 3:00
    ဒီတော့ ဇင်ယော်ငှက်နဲ့ ခြင်ကောင်တွေရဲ့
    အသံတွေဟာ
  • 3:00 - 3:04
    ခုနက basilar အမြှေးပါးရဲ့ ကွဲပြားတဲ့
    နေရာတွေကို လှုပ်ခါလာစေကြပါတယ်၊
  • 3:04 - 3:06
    စန္ဒရားပေါ်မှာ မတူတဲ့ ခလုတ်တွေကို
    နှိပ်ကစားသလိုပါပဲ။
  • 3:06 - 3:09
    ဒါပေမဲ့ အဲဒါက ဖြစ်ပျက်နေတာတွေ အားလုံး
    မဟုတ်သေးပါဘူး။
  • 3:09 - 3:13
    ဦးနှောက်ထံမှာ ထမ်းဆောင်ပေးရမယ့်
    အရေးကြီးတဲ့ နောက်တာဝန် ရှိပါသေးတယ်-
  • 3:13 - 3:16
    အသံ တစ်ခု ဘယ်က လာနေတယ် ဆိုတာကို
    ဖေါ်ထုတ်ပေးလိုက်ြခင်းပါပဲ။
  • 3:16 - 3:20
    အဲဒါ့အတွက်၊ ၎င်းဟာ နားနှစ်ဘက်ဆီ
    ရောက်လာတဲ့ အသံတွေကို ယှဉ်ကြည့်လျက်
  • 3:20 - 3:22
    ဟင်းလင်းပြင်ထဲက အသံလာရာကို
    သတ်မှတ်ပေးနိုင်တယ်။
  • 3:22 - 3:27
    ကိုယ့်ရှေ့တည့်တည့်မှအသံဟာ ကိုယ့်နားဆီကို
    တချိန်တည်းမှာ ရောက်လာကြပါမယ်။
  • 3:27 - 3:31
    ပြီးတော့ ကိုယ်ဟာ နားတစ်ခုစီထဲတွင်
    ကြားရမယ့် ကျယ်လောင်မှုဟာလည်း တူပါလိမ့်မယ်။
  • 3:31 - 3:34
    ဒါပေမဲ့ တဘက်မှ လာတဲ့ ကြိမ်နှုန်းနိမ့်အသံဟာ
  • 3:34 - 3:39
    နီးနေတဲ့ နားဆီကို ဝေးတဲ့ နားနဲ့စာရင်
    မသိမသာ စောပြီး ရောက်လာပါမယ်။
  • 3:39 - 3:43
    ပြီးတော့ ကြိမ်နှုန်းမြင့် အသံဟာဖြင့်
    နီးတဲ့ နားထဲတွင် ပိုပြင်းထန်သလို ထင်ရပါမယ်
  • 3:43 - 3:46
    ၎င်းတို့ဟာ သင့်ဦးခေါင်းကြောင့် ဝေးတဲ့
    နားထံမှ ပိတ်ဆို့ခံထားနေရလို့ပါ။
  • 3:46 - 3:50
    ဒီလိုပုံစံဖြင့် ရောက်လာတဲ့ အချက်အလက်တွေဟာ
    ဦးနှောက်ထဲက အထူးအပိုင်းဆီ ရောက်လာကြလို့
  • 3:50 - 3:54
    အချိန်နဲ့ သင့်နားများ အထဲက အသံပြင်းထန်ပုံ
    မတူကွဲပြားမှုကို ဆန်းစစ်ကြည့်ပါတယ်။
  • 3:54 - 3:58
    ၎င်းတို့ဟာ သူတို့ရဲ့ ဆန်းစစ်မှု ရလဒ်တွေကို
    အသံဆိုင်ရာ အာရုံကြောထံကို ပို့ပေးပါတယ်။
  • 3:58 - 4:02
    အဲဒီလိုနည်းဖြင့် အခုတော့ ဦးနှောက်ထံမှာ
    လိုအပ်တဲ့ အချက်တွေ အားလုံးကိုရှိနေပါပြီ-
  • 4:02 - 4:05
    လှုပ်ရှားမှု ပုံစံက အသံက ဘယ်လိုဟာမျိုးလဲ
    ဆိုတာ ပြောပြပါတယ်၊
  • 4:05 - 4:08
    ပြီးတော့ ဟင်းလင်းပြင်ထဲက ဘယ်နေရာမှာ
    အသံ တည်ရှိကြောင်းကို ဖေါ်ပြပေးပါတယ်။
  • 4:08 - 4:11
    လူတိုင်းရဲ့ အကြားအာရုံဟာ ပုံမှန်ပါလို့
    ပြောမရနိုင်ပါ။
  • 4:11 - 4:15
    အကြားအာရုံ ဆုံးရှုံးမှုဟာ ကမ္ဘာပေါ်မှာ
    တတိယအဖြစ်ဆုံး နာတာရှည် ရောဂါကြီးပါ။
  • 4:15 - 4:19
    ကျယ်လွန်းတဲ့ အသံကို နားထောင်မိခြင်းနဲ့
    တချို့ဆေးတွေဟာ ဆံပင်ဆဲလ်တွေကို သတ်ပစ်လျက်
  • 4:19 - 4:23
    နားထံမှ အချက်ပြမှုတွေကို ဦးနှောက်ဆီ
    မရောက်အောင် တားဆီးကြတယ်။
  • 4:23 - 4:28
    osteosclerosis လို ရောဂါဆိုရင် နားထဲက
    သေးနုပ်တဲ့ အရိုးလေးတွေကို သေသွားစေလို့
  • 4:28 - 4:30
    ၎င်းတို့ဟာ တုန်ခါနိုင်စွမ်း မရှိကြတော့ပါ။
  • 4:30 - 4:31
    tinnitus ရောဂါကိစ္စထဲမှာ ကျတော့၊
  • 4:31 - 4:33
    ဦးနှောက်ရဲ့ လုပ်ကိုင်ပုံဟာ ထူးဆန်းတယ်
  • 4:33 - 4:36
    အသံမရှိတဲ့ နေရာမှာ အသံရှိနေသယောင်
    ထင်အောင် လုပ်ပေးတတ်တယ်။
  • 4:36 - 4:38
    ဘယ်လိုပဲဖြစ်ဖြစ်၊
    အဲဒါ ပုံမှန် အလုပ်လုပ်တဲ့ အခါမှာ
  • 4:38 - 4:41
    ကျွန်တော်တို့ရဲ့ အကြားအာရုံက မယုံကြည်နိုင်
    အောင် အံ့အားသင့်စရာပါ။
  • 4:41 - 4:45
    ကျွန်ုပ်တို့ရဲ့နားထဲမှာ နူးညံ့စွာ ချိန်ညှိ
    ထားတဲ့ ဇီဝစက်ယန္တရားတစ်ခု ရှိနေလို့သာ
  • 4:45 - 4:48
    ကျွန်ုပ်တို့ ဝန်းကျင်မှ တုန်ခါမှုတွေရဲ့
    အသံမျိုးစုံကို
  • 4:48 - 4:52
    တိကျစွာ ညှိပေးထားတဲ့ လျှပ်စစ် လှုံ့ဆော်
    ချက်များအဖြစ်သို့ ပြောင်းလဲပေးနိုင်လို့
  • 4:52 - 4:56
    လက်ခုပ်သံ၊ ပုပ်ခတ်သံများ၊ ရင်းရှိုက်သံ၊
    ယင်ကောင် စသဖြင့် ခွဲခြားနိုင်ကြတာပါ။
Title:
အကြားအာရုံဆိုင်ရာ သိပ္ပံပညာ - Douglas L. Oliver
Speaker:
Douglas L. Oliver
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/the-science-of-hearing-douglas-l-oliver

ကျွန်ုပ်တို့ဟာ အသံအာရုံစနစ်ရဲ့ ကျေးဇူးကြောင့်သာ အသံများကို မှတ်မိနိုင်ပြီး အသံလာရာ နေရာကို ဖေါ်ထုတ်နိုင်ကြတာပါ။ အဲဒီမှာ အဓိကကျတဲ့ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်- နားနဲ့ ဦးနှောက်ပါ။ နားရဲ့ တာဝန်က အသံရဲ့ စွမ်းအင်ကို အာရုံကြော အချက်ပြမှုများ အဖြစ်သို့ ပြောင်းလဲပေးရန် ဖြစ်သလို၊ ဦးနှောက်ကျတော့ အဲဒီလို အချက်ပြမှုများထဲမှာ ပါရှိကြတဲ့ အချက်အလက်တွေကို ရယူလျက် စီမံဆောင်ရွက်းပေးရန် ဖြစ်ပါတယ်။ အဲဒါ အလုပ်လုပ်ပုံကို နားလည်နိုင်ရန်၊ Douglas L. Oliver ဟာ နားထဲသို့ ဝင်လာတဲ့ အသံရဲ့ ခရီးစဉ်ကို အစမှ အဆုံးအထိ လိုက်ဆန်းစစ်ထားပါတယ်။

Douglas L. Oliver ရဲ့ သင်ခန်းစာကို Cabong Studios မှ ပုံများဖြင့် သရုပ်ဖေါ်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:18

Burmese subtitles

Revisions