WEBVTT 00:00:06.769 --> 00:00:09.708 သင်ဟာ ရေလှိုင်းရဲ့ နူးညံ့စွာ ပုပ်ခပ်သံကို၊ 00:00:09.708 --> 00:00:11.913 ဝေးရာတွင် ဇင်ယော်ငှက် အော်သံကို ကြားနိုင်တယ်။ 00:00:11.913 --> 00:00:15.820 ဒါပေမဲ့ စိတ်နောက်စရာ အသံကြောင့် အေးချမ်းမှု လွင့်ပျောက်သွားတယ်၊ 00:00:15.820 --> 00:00:19.459 အဲဒီအသံဟာ နီးသထက် နီးလာနေလိုက်တာ 00:00:19.459 --> 00:00:21.568 ဖြန်းကနဲ ပုပ်ရိုက်သံ မြည်လာတဲ့အထိပါပဲ။ 00:00:21.568 --> 00:00:26.617 စိတ်နောက်စရာ ခြင်ကောင်ကို ဖယ်ရှားလိုက်လို့ ပြန်အေးဆေးလာပြီ။ 00:00:26.617 --> 00:00:31.730 အဝေးမှလာနေတဲ့ အဲဒီအသံ ထုတ်လွင့်သူကို ဘယ်လိုလုပ် တိကျစွာ ဖေါ်ထုတ်နိုင်တာလဲ။ 00:00:31.730 --> 00:00:35.466 အသံတွေကို သိမှတ်လျက် ၎င်းတို့၏ တည်နေရာကို သတ်မှတ်နိုင်တာက 00:00:35.466 --> 00:00:38.518 ကျွန်ုပ်တို့ အသံစနစ်ရဲ့ ကျေးဇူးကြောင့်ပါ။ 00:00:38.518 --> 00:00:43.160 အဲဒီထဲမှာ အဓိက အပိုင်းနှစ်ပိုင်းပါဝင်ရာ နားနဲ့ ဦးနှောက်ပါ။ 00:00:43.160 --> 00:00:47.374 နားရဲ့တာဝန်က အသံရဲ့ စွမ်းအင်ကို အာရုံကြော အချက်ပြချက်များသို့ ပြောင်းပေးရန်၊ 00:00:47.374 --> 00:00:52.079 ဦးနှောက်ကျတော့ ခုနက အချက်ပြချက်များထဲက အချက်အလက်များကို လက်ခံစီမံဆောင်ရွက်ပေးတယ်။ 00:00:52.079 --> 00:00:53.898 အဲဒါ အလုပ်လုပ်ပုံကို နားလည်ရန် 00:00:53.898 --> 00:00:57.547 ကျွန်ုပ်တို့ အသံရဲ့ ခရီးစဉ်ကို နားအထိ လိုက်ကြည့်ကြပါမယ်။ 00:00:57.547 --> 00:00:59.621 အသံ ရင်းမြစ်ဟာ တုန်ခါမှုများကို ဖန်တီးပေးရာ 00:00:59.621 --> 00:01:03.323 ဖိအားလှိုင်းအဖြစ် လေထု၊ ရေ ဒါမမှဟုတ် အစိုင်းအခဲများထဲရှိ 00:01:03.323 --> 00:01:04.221 အမှုန်များမှတဆင့် 00:01:04.221 --> 00:01:05.515 ဖြတ်သွားတယ်။ 00:01:05.515 --> 00:01:07.986 ဒါပေမဲ့ cochlea ခေါ် ကျွန်ုပ်တို့ရဲ့ အတွင်းနားထဲမှာ 00:01:07.986 --> 00:01:11.966 တကယ်ကျတော့ ရေငန်လို အရည်များ ရှိတတ်ပါတယ်။ 00:01:11.966 --> 00:01:15.852 ဒီတော့ ဖြေရှင်းရန်လိုတဲ့ ပထမဦးဆုံး ပြဿနာက အဲဒီအသံလှိုင်းတွေကို 00:01:15.852 --> 00:01:17.532 ဘယ်နေရာမှ လာတာဘဲ ဖြစ်ဖြစ်၊ 00:01:17.532 --> 00:01:20.249 အရည်ထဲက လှိုင်းများသို့ ပြောင်းလဲပေးရန်ပါပဲ။ 00:01:20.249 --> 00:01:23.833 အဖြေမှာ နားစည် ဒါမှမဟုတ် tympanic အမြှေးပါးပါနဲ့ 00:01:23.833 --> 00:01:27.230 အလယ်ပိုင်း နားအထဲက သေးနုပ်လှတဲ့ အရိုးများပါ။ 00:01:27.230 --> 00:01:30.170 ၎င်းတို့ဟာ နားစည်ရဲ့ သိသာတဲ့ လှုပ်ရှားမှုများကို 00:01:30.170 --> 00:01:33.928 cochlea ရဲ့ အရည်များထဲက ဖိအားလှိုင်းများသို့ ပြောင်းလဲပေးကြတယ်။ 00:01:33.928 --> 00:01:35.986 အသံက နားရဲ့တူးမြောင်းထဲကို ဝင်လာရင်၊ 00:01:35.986 --> 00:01:40.013 ၎င်းက နားစည်ကို တို့ထိလျက် စည်တစ်ခုလိုပဲ ထိပ်ပိုင်းကို တုန်ခါလာစေပါတယ်။ 00:01:40.013 --> 00:01:43.939 တုန်ခါနေတဲ့ နားစည်က တူလို့ ခေါ်တဲ့ အရိုးကို ဆောင့်ကန်ပါတယ်၊ 00:01:43.939 --> 00:01:48.677 တူဟာ ပေကို သွားထုခြင်းဖြင့် stape ခေါ် တတိယအရိုးကို လှုပ်ခါစေတယ်။ 00:01:48.677 --> 00:01:53.042 ၎င်ရဲ့ လှုပ်ရှားမှုက cochlea တလျှောက်ရှိ အခန်းထဲက အရည်ကို တွန်းပေးတယ်။ 00:01:53.042 --> 00:01:54.389 အဲဒီနေရာကို ရောက်တာနဲ့၊ 00:01:54.389 --> 00:01:59.179 အသံတုန်ခါမှုတွေကို အရည်ရဲ့ တုန်ခါမှုများ အဖြစ် နောက်ဆုံး ကူးပြောင်းပေးလိုက်ပါပြီ၊ 00:01:59.179 --> 00:02:03.204 ၎င်းတို့ဟာ cochlea ရဲ့ အဆုံး တစ်ခုမှ အခြားအဆုံးသို့ သွားနိုင်ကြပါပြီ။ 00:02:03.204 --> 00:02:07.793 cochlea ရဲ့ အလျားတလျှောက်မှာ basilar အမြှေးပါးလို့ ခေါ်တဲ့ မျက်နှာပြင် ရှိတယ်။ 00:02:07.793 --> 00:02:11.803 ၎င်းထဲမှာ stereocilia ခေါ် အထူးပြင်ထားတဲ့ အစိတ်အပိုင်းတွေပါတဲ့ 00:02:11.803 --> 00:02:13.536 ဆံပင်ဆဲလ်တွေ တန်းစီလျက် ရှိနေရာ၊ 00:02:13.536 --> 00:02:17.936 သော cochlear အရည်နဲ့ basilar အမြှေးပါး လှုပ်ခါသလို လိုက်ရွေ့လျားတတ်ပါတယ်။ 00:02:17.936 --> 00:02:22.265 အဲဒီလှုပ်ရှားမှုမှ အချက်ပြမှုကို စပေးလျက် ဆံပင်ဆဲလ်မှတဆင့် ဖြတ်သွားကာ 00:02:22.265 --> 00:02:24.154 အကြားအာရုံကြောထဲသို့ ရောက်သွားကာ၊ 00:02:24.154 --> 00:02:28.301 ဆက်ပြီး ဦးနှောက်ဆီ ရောက်သွားလို့ အထူးအသံအဖြစ် နားလည်ခံယူနိုင်တာပါ။ 00:02:28.301 --> 00:02:31.720 အသံတစ်ခုကြောင့် basilar အမြှေးပါး လှုပ်ခါချိန်မှာ၊ 00:02:31.720 --> 00:02:34.369 ဆံပင်ဆဲလ်တိုင်း ရွေ့လျားတာ မဟုတ်ပါ- 00:02:34.369 --> 00:02:38.444 သအသံရဲ့ ကြိမ်နှုန်းကို လိုက်ပြီး အရွေးခံ အချို့တို့သာ လှုပ်ကြတာပါ။ 00:02:38.444 --> 00:02:41.715 ဒါကို အင်ဂျင်နီယာ ရှုဒေါင့်မှနေပြီး နည်းနည်း ရှင်းပြဖို့ လိုပါမယ်။ 00:02:41.715 --> 00:02:45.438 basilar အမြှေးပါးရဲ့ အဆုံးတဘက်ဟာ မာကျောလျက် 00:02:45.438 --> 00:02:50.926 တိုတဲ့လှိုင်းများကို၊ ကြိမ်နှုန်းမြင့်တာ ကိုသာ တုန်ခါပေးကြတာပါ။ 00:02:50.926 --> 00:02:52.745 အခြားတွေကျတော့ ပိုပျော့ပြောင်းကြတယ်၊ 00:02:52.745 --> 00:02:57.513 လှိုင်းရဲ့အလျား ရှည်လျားမှသာ၊ ကြိမ်နှုန်း နိမ့်မှသာ တုန်ခါတတ်ကြတယ်။ 00:02:57.513 --> 00:03:00.261 ဒီတော့ ဇင်ယော်ငှက်နဲ့ ခြင်ကောင်တွေရဲ့ အသံတွေဟာ 00:03:00.261 --> 00:03:03.537 ခုနက basilar အမြှေးပါးရဲ့ ကွဲပြားတဲ့ နေရာတွေကို လှုပ်ခါလာစေကြပါတယ်၊ 00:03:03.537 --> 00:03:06.161 စန္ဒရားပေါ်မှာ မတူတဲ့ ခလုတ်တွေကို နှိပ်ကစားသလိုပါပဲ။ 00:03:06.161 --> 00:03:08.663 ဒါပေမဲ့ အဲဒါက ဖြစ်ပျက်နေတာတွေ အားလုံး မဟုတ်သေးပါဘူး။ 00:03:08.663 --> 00:03:12.639 ဦးနှောက်ထံမှာ ထမ်းဆောင်ပေးရမယ့် အရေးကြီးတဲ့ နောက်တာဝန် ရှိပါသေးတယ်- 00:03:12.639 --> 00:03:15.576 အသံ တစ်ခု ဘယ်က လာနေတယ် ဆိုတာကို ဖေါ်ထုတ်ပေးလိုက်ြခင်းပါပဲ။ 00:03:15.576 --> 00:03:19.613 အဲဒါ့အတွက်၊ ၎င်းဟာ နားနှစ်ဘက်ဆီ ရောက်လာတဲ့ အသံတွေကို ယှဉ်ကြည့်လျက် 00:03:19.613 --> 00:03:22.126 ဟင်းလင်းပြင်ထဲက အသံလာရာကို သတ်မှတ်ပေးနိုင်တယ်။ 00:03:22.126 --> 00:03:26.950 ကိုယ့်ရှေ့တည့်တည့်မှအသံဟာ ကိုယ့်နားဆီကို တချိန်တည်းမှာ ရောက်လာကြပါမယ်။ 00:03:26.950 --> 00:03:30.744 ပြီးတော့ ကိုယ်ဟာ နားတစ်ခုစီထဲတွင် ကြားရမယ့် ကျယ်လောင်မှုဟာလည်း တူပါလိမ့်မယ်။ 00:03:30.744 --> 00:03:34.305 ဒါပေမဲ့ တဘက်မှ လာတဲ့ ကြိမ်နှုန်းနိမ့်အသံဟာ 00:03:34.305 --> 00:03:38.847 နီးနေတဲ့ နားဆီကို ဝေးတဲ့ နားနဲ့စာရင် မသိမသာ စောပြီး ရောက်လာပါမယ်။ 00:03:38.847 --> 00:03:42.775 ပြီးတော့ ကြိမ်နှုန်းမြင့် အသံဟာဖြင့် နီးတဲ့ နားထဲတွင် ပိုပြင်းထန်သလို ထင်ရပါမယ် 00:03:42.775 --> 00:03:46.010 ၎င်းတို့ဟာ သင့်ဦးခေါင်းကြောင့် ဝေးတဲ့ နားထံမှ ပိတ်ဆို့ခံထားနေရလို့ပါ။ 00:03:46.010 --> 00:03:49.845 ဒီလိုပုံစံဖြင့် ရောက်လာတဲ့ အချက်အလက်တွေဟာ ဦးနှောက်ထဲက အထူးအပိုင်းဆီ ရောက်လာကြလို့ 00:03:49.845 --> 00:03:54.024 အချိန်နဲ့ သင့်နားများ အထဲက အသံပြင်းထန်ပုံ မတူကွဲပြားမှုကို ဆန်းစစ်ကြည့်ပါတယ်။ 00:03:54.024 --> 00:03:57.917 ၎င်းတို့ဟာ သူတို့ရဲ့ ဆန်းစစ်မှု ရလဒ်တွေကို အသံဆိုင်ရာ အာရုံကြောထံကို ပို့ပေးပါတယ်။ 00:03:57.917 --> 00:04:01.733 အဲဒီလိုနည်းဖြင့် အခုတော့ ဦးနှောက်ထံမှာ လိုအပ်တဲ့ အချက်တွေ အားလုံးကိုရှိနေပါပြီ- 00:04:01.733 --> 00:04:04.539 လှုပ်ရှားမှု ပုံစံက အသံက ဘယ်လိုဟာမျိုးလဲ ဆိုတာ ပြောပြပါတယ်၊ 00:04:04.539 --> 00:04:08.103 ပြီးတော့ ဟင်းလင်းပြင်ထဲက ဘယ်နေရာမှာ အသံ တည်ရှိကြောင်းကို ဖေါ်ပြပေးပါတယ်။ 00:04:08.103 --> 00:04:10.604 လူတိုင်းရဲ့ အကြားအာရုံဟာ ပုံမှန်ပါလို့ ပြောမရနိုင်ပါ။ 00:04:10.604 --> 00:04:15.049 အကြားအာရုံ ဆုံးရှုံးမှုဟာ ကမ္ဘာပေါ်မှာ တတိယအဖြစ်ဆုံး နာတာရှည် ရောဂါကြီးပါ။ 00:04:15.049 --> 00:04:19.115 ကျယ်လွန်းတဲ့ အသံကို နားထောင်မိခြင်းနဲ့ တချို့ဆေးတွေဟာ ဆံပင်ဆဲလ်တွေကို သတ်ပစ်လျက် 00:04:19.115 --> 00:04:23.012 နားထံမှ အချက်ပြမှုတွေကို ဦးနှောက်ဆီ မရောက်အောင် တားဆီးကြတယ်။ 00:04:23.012 --> 00:04:27.671 osteosclerosis လို ရောဂါဆိုရင် နားထဲက သေးနုပ်တဲ့ အရိုးလေးတွေကို သေသွားစေလို့ 00:04:27.671 --> 00:04:29.731 ၎င်းတို့ဟာ တုန်ခါနိုင်စွမ်း မရှိကြတော့ပါ။ 00:04:29.731 --> 00:04:31.255 tinnitus ရောဂါကိစ္စထဲမှာ ကျတော့၊ 00:04:31.255 --> 00:04:33.124 ဦးနှောက်ရဲ့ လုပ်ကိုင်ပုံဟာ ထူးဆန်းတယ် 00:04:33.124 --> 00:04:35.812 အသံမရှိတဲ့ နေရာမှာ အသံရှိနေသယောင် ထင်အောင် လုပ်ပေးတတ်တယ်။ 00:04:35.812 --> 00:04:38.208 ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒါ ပုံမှန် အလုပ်လုပ်တဲ့ အခါမှာ 00:04:38.208 --> 00:04:41.300 ကျွန်တော်တို့ရဲ့ အကြားအာရုံက မယုံကြည်နိုင် အောင် အံ့အားသင့်စရာပါ။ 00:04:41.300 --> 00:04:45.163 ကျွန်ုပ်တို့ရဲ့နားထဲမှာ နူးညံ့စွာ ချိန်ညှိ ထားတဲ့ ဇီဝစက်ယန္တရားတစ်ခု ရှိနေလို့သာ 00:04:45.163 --> 00:04:47.717 ကျွန်ုပ်တို့ ဝန်းကျင်မှ တုန်ခါမှုတွေရဲ့ အသံမျိုးစုံကို 00:04:47.717 --> 00:04:51.537 တိကျစွာ ညှိပေးထားတဲ့ လျှပ်စစ် လှုံ့ဆော် ချက်များအဖြစ်သို့ ပြောင်းလဲပေးနိုင်လို့ 00:04:51.537 --> 00:04:56.299 လက်ခုပ်သံ၊ ပုပ်ခတ်သံများ၊ ရင်းရှိုက်သံ၊ ယင်ကောင် စသဖြင့် ခွဲခြားနိုင်ကြတာပါ။