သက်ကြီးရွယ်အို စောင့်ရှောက်မှုကို ပြန်လည် အနက်ဖွင့်နေတဲ့ "စိတ်ယိုယွင်းမှုရောဂါ ကျေးရွာ"။
-
0:01 - 0:03ဒါကတော့ Hogeweyk ပါ။
-
0:03 - 0:07Netherlands က Amsterdam အနီးက
မြို့ငယ်လေးတစ်မြို့ရဲ့ အနီးဝန်းကျင်မှာပါ။ -
0:08 - 0:11လူ ၆ ဦး၊ ၇ ဦးစီတိုင်းအတွက်
အိမ် ၂၇ လုံးရှိပါတယ်။ -
0:12 - 0:16စားသောက်ဆိုင်၊ အရက်ဆိုင်၊ ကုန်တိုက်နဲ့
ကလပ်တစ်ခုပါတဲ့ စျေးတန်းတစ်ခုရှိပါတယ်။ -
0:17 - 0:21လမ်းတွေ၊ လမ်းကြားတွေရှိတယ်၊
ပြဇာတ်ရုံရှိတယ်။ -
0:22 - 0:24ဒါက တကယ့် ပြုစုရေး ဂေဟာတစ်ခုပါ။
-
0:25 - 0:31၂၄ နာရီ စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှု
လိုနေတဲ့ ရင့်နေတဲ့စိတ်ယိုယွင်းမှုရောဂါနဲ့ -
0:31 - 0:34ရှင်သန်နေကြသူတွေအတွက်
ပြုစုရေး ဂေဟာတစ်ခုပါ။ -
0:35 - 0:38စိတ်ယိုယွင်းမှုဟာ ဆိုးဝါးတဲ့
ရောဂါတစ်ခုဖြစ်ပြီး -
0:39 - 0:42ဒါအတွက် ကုသဖို့ဆေး မရှိသေးပါဘူး။
-
0:42 - 0:46ဒါဟာ ကမ္ဘာမှာ အဓိကပြဿနာတစ်ခု
ဖြစ်လာဖို့ရှိပါတယ်၊ -
0:46 - 0:48လူတွေအတွက်၊ နိုင်ငံရေးသမားတွေအတွက်၊
-
0:48 - 0:51ကမ္ဘာကြီးအတွက် ပြဿနာကြီးတစ်ခု
ဖြစ်လာဖို့ရှိပါတယ်။ -
0:51 - 0:54ပြုစုရေး ဂေဟာတွေမှာ စောင့်ဆိုင်းစာရင်းတွေ
ရှိတာတွေ့ရတယ်။ -
0:55 - 0:59စိတ်ယိုယွင်းမှုရောဂါနဲ့ ပြုစုရေး ဂေဟာတွေ
ကို လာသူအများစုဟာ အမျိုးသမီးတွေပါ။ -
1:00 - 1:05အမျိုးသမီးတွေဟာ လူတွေကို
စောင့်ရှောက်လေ့ ရှိတာကြောင့်လည်းဖြစ်လို့ -
1:05 - 1:09စိတ်ယိုယွင်းမှုရောဂါရနေတဲ့ ခင်ပွန်းကို
စောင့်ရှောက်နိုင်အောင်လို့ပါ။ -
1:09 - 1:13ဒါပေမဲ့ အခြားဘက်ကဆိုရင် ဒီလူကြီးမင်းတွေ
အတွက်တော့ ဒီလောက် မလွယ်ပါဘူး။ -
1:15 - 1:19စိတ်ယိုယွင်းမှုက ဦးနှောက်ကို
ထိခိုက်တဲ့ ရောဂါတစ်ခုပါ။ -
1:19 - 1:21ဦးနှောက်ဟာ ရှုပ်ထွေးနေပါတယ်။
-
1:22 - 1:25လူတွေဟာ ဘယ်အချိန်ဆိုတာ၊
ဘာဖြစ်နေတယ်ဆိုတာ၊ -
1:25 - 1:27ဘယ်သူတွေဆိုတာ မသိတော့ဘူး။
-
1:27 - 1:29သူတို့ဟာ စိတ်ရှုပ်နေတယ်။
-
1:29 - 1:31ဒီစိတ်ရှုပ်ထွေးမှုကြောင့်
-
1:31 - 1:37သူတို့ဟာ ပူပန်လာတယ်၊
အားငယ်လာတယ်၊ ရန်လိုလာကြတယ်။ -
1:39 - 1:41ဒါကတော့ အစဉ်အလာ ပြုစုရေး ဂေဟာတစ်ခုပါ။
-
1:41 - 1:43ဒီမှာ ၁၉၉၂ က အလုပ်လုပ်ခဲ့တယ်။
-
1:44 - 1:45စောင့်ရှောက်ရေး မန်နေဂျာအဖြစ်ပါ
-
1:46 - 1:49မကြာခဏ ကျွန်မတို့ ပြောဖြစ်ခဲ့တဲ့အချက်က
-
1:49 - 1:54ကျွန်မတို့တွေဟာ ကိုယ့်မိဘတွေ၊
ကိုယ့်မိတ်ဆွေတွေနဲ့ ကိုယ်ကိုယ်တိုင်အတွက် -
1:54 - 1:57မလုပ်ချင်တာတွေကို လုပ်နေကြတာလို့ပါ။
-
1:58 - 2:00တစ်နေ့မှာ ကျွန်မတို့ ပြောခဲ့တာက
-
2:00 - 2:02"ဒီလိုဆက်ပြီး ပြောနေလို့
ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ -
2:02 - 2:04ဒီမှာ တို့တွေက ဦးစီးသူတွေလေ၊
-
2:04 - 2:06ဒီမှာရှိတဲ့ မိဘတွေကို တို့ဖြစ်စေချင်တာ
-
2:06 - 2:10တစ်ခုခုဖြစ်အောင် ဒါနဲ့ပတ်သက်ပြီး
တစ်ခုခုလုပ်သင့်တယ်။" -
2:11 - 2:14ဒီအကြာင်းကို ဆွေးနွေးခဲ့ပြီး
နေ့တိုင်း မြင်တွေ့ခဲ့တာက -
2:14 - 2:17ကျွန်မတို့ရဲ့ ပြုစုရေး ဂေဟာမှာ
နေတဲ့သူတွေဟာ သူတို့ပတ်ဝန်းကျင်နဲ့ -
2:18 - 2:20ပတ်သက်ပြီး စိတ်ရှုပ်နေခဲ့ကြတာပါ၊
-
2:20 - 2:23အကြောင်းက သူတို့မြင်တွေ့ရတာက
ဆေးရုံလို ပတ်ဝန်းကျင်တစ်ခု၊ -
2:23 - 2:28ယူနီဖောင်းဝတ် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့
ဆေးဘက်အကူတွေနဲ့၊ -
2:28 - 2:29လူနာဆောင်တစ်ခုမှာ နေကြရတာပါ။
-
2:30 - 2:33ဘာကြောင့် သူတို့ ဒီမှာ နေနေလဲဆိုတာ
သူတို့ နားမလည်ခဲ့ဘူး။ -
2:33 - 2:36လွတ်မြောက်ဖို့ နေရာကိုပဲ ရှာနေကြတယ်။
-
2:37 - 2:42အိမ်ကို တစ်ခါပြန်သွားဖို့ တံခါးပေါက်ကို
တွေ့ဖို့ ကြည်နေ၊ မျှော်လင့်နေကြတယ်။ -
2:42 - 2:46ကျွန်မတို့ ပြောခဲ့တာက ဒီအခြေအနေမှာ
ကျွန်မတို့ လုပ်နေတာက -
2:46 - 2:51ဦးနှောက်ရှုပ်နေပြီးဖြစ်တဲ့
ဒီလူတွေကို နောက်ထပ် စိတ်ရှုပ်စရာ -
2:51 - 2:52ပေးနေတာလို့ပါ။
-
2:52 - 2:56စိတ်ရှုပ်မှုထဲကို စိတ်ရှုပ်မှု
ထပ်ဖြည့်ပေးနေတာပါ။ -
2:56 - 2:59ဒီလူတွေလိုတာက ဒါမဟုတ်ဘူးလေ။
-
2:59 - 3:02ဒီလူတွေက ဘဝတစ်ခု၊ အကူအညီတစ်ခု၊
-
3:02 - 3:05စိတ်ယိုယွင်းမှုကို ဖြေရှင်းဖို့
ကျွန်မတို့ရဲ့အကူအညီကို လိုချင်ခဲ့တာပါ။ -
3:06 - 3:11ဒီလူတွေက သာမန်အိမ်တစ်လုံးမှာ
နေချင်ခဲ့တာလေ၊ -
3:11 - 3:12လူနာဆောင်မှာ မဟုတ်ဘူး။
-
3:12 - 3:15မီးဖို့ချောင်ထဲ မီးဖိုပေါ်က
သူတို့ညစာကို ရှူကြည့်လို့ရမယ့် -
3:15 - 3:20သာမန် အိမ်ထောင်စုတစ်ခု
သူတို့လိုချင်ခဲ့တာပါ။ -
3:21 - 3:25ဒါမှမဟုတ် မီးဖိုချောင်ထဲသွားပြီး
စားဖို့၊ သောက်ဖို့ တစ်ခုခုဆုပ်ကိုင်ခွင့်ပါ -
3:26 - 3:28
ဒီလူတွေလိုအပ်တာက ဒါပါ။ -
3:28 - 3:30သူတို့အတွက် ကျွန်မတို့
စီစဉ်ပေးသင့်တာက ဒါပါ။ -
3:31 - 3:36လူနာဆောင်ထဲမှာလို ၁၅ ဦး၊ ၂၀ ဦး၊ ၃၀ ဦး
အုပ်စုနဲ့ မနေရအောင်၊ -
3:36 - 3:41အိမ်မှာလိုဖြစ်ဖို့ စီစဉ်ပေးသင့်လို့
ကျွန်မတို့ ပြောခဲ့တယ်၊ -
3:41 - 3:46နိုး၊ လူစုကလေး တစ်ခုပါ၊
မိသားစုလို ခြောက်ယောက်၊ ခုနှစ်ယောက်ပါ။ -
3:47 - 3:49မိတ်ဆွေတွေနဲ့ နေတာမျိုးပေါ့။
-
3:51 - 3:54အတူတူနေထိုင်ကြတဲ့အခါ
သူတို့တွေ မိတ်ဆွေတွေဖြစ်လာဖို့ -
3:54 - 3:57အခွင့်လမ်းကောင်းရေစေဖို့
ဘဝနဲ့ပတ်သက်တဲ့ -
3:57 - 4:00သူတို့ရဲ့စိတ်ကူးတွေကို
အခြေခံပြီး လူတွေကို ရွေးချယ်ဖို့ -
4:00 - 4:01နည်းလမ်းတစ်ခု ရှာသင့်တယ်။
-
4:02 - 4:06နေထိုငိသူအားလုံးရဲ့ မိသားစုတွေနဲ့
တွေ့ဆုံမေးမြန်းခဲ့တယ်။ -
4:06 - 4:10"သင့်အဖေအတွက် ဘာက အရေးကြီးတာလဲ။"
"သင့်အမေအတွက် ဘာက အရေးကြီးတာလဲ။" -
4:10 - 4:13"သူတို့ဘဝက ဘယ်လိုမျိုးလဲ။"
"သူတို့လိုတာက ဘာလဲ"ပေါ့။ -
4:13 - 4:17အုပ်စု ခုနှစ်ခုတွေ့ရှိခဲ့ပြီး ဘဝနေဟန်
အုပ်စုတွေလို့ ကျွန်မတို့ ခေါ်တယ်။ -
4:18 - 4:21ဥပမာ အနေနဲ့ ဒါကို သမားရိုးကျ
ဘဝနေဟန်လို့ တွေ့ရတယ်။ -
4:22 - 4:23ဒီဘဝနေဟန်မှာ
-
4:23 - 4:27လူတွေဟာ ပိုသမားရိုးကျဆန်တဲ့ နည်းလမ်းနဲ့
တစ်ဦးနဲ့တစ်ဦးတုံ့ပြန်ဆက်သွယ်တယ်၊ -
4:27 - 4:28ခပ်တန်းတန်းနည်းတစ်ခုပေါ့။
-
4:28 - 4:30သူတို့ နေ့စဉ်စည်းချက်က
နေ့နှောင်ပိုင်းမှာ စပြီး -
4:30 - 4:32နေ့နှောင်းပိုင်းမှာ အဆုံးသတ်တယ်။
-
4:32 - 4:35ဒီဘဝနေဟန် အုပ်စုမှာ
အခြား ဘဝနေဟန် အုပ်စုတွေထက်စာရင် -
4:35 - 4:37ရှေးသီချင်းကြီးတွေကို ပိုကြားရတယ်။
-
4:37 - 4:38သူတို့ရဲ့ ဟင်လျာစာရင်းက
-
4:38 - 4:42အင်း ရိုရာ ဒတ်ချ်ဟင်းလျာထက်
ပြင်သစ် ပိုဆန်တယ်။ -
4:42 - 4:44(ရယ်သံများ)
-
4:44 - 4:47လက်မှုပညာသည် ဘဝနေဟန်နဲ့တော့
ဆန့်ကျင်ဘက်ပေါ့။ -
4:47 - 4:49ဒါက အင်မတန်ကို ရိုးရာဆန်တဲ့
ဘဝနေဟန်လေ၊ -
4:49 - 4:52သူတို့က အစောကြီး အိပ်ရာဝင်ပြီး
အစောကြီး ထကြတယ်။ -
4:52 - 4:56အကြောင်းက သူတို့ဟာ တစ်ဘဝလုံး
အလုပ်ကြိုးစားကြပြီး အများစုက လက်တွေနဲ့လေ။ -
4:56 - 5:01ဖြစ်တတ်တာက မိသားစုလုပ်ငန်းလေးတစ်ခု၊
လယ်လေးတစ်ကွက်နဲ့ ဆိုင်လေးတစ်ဆိုင်ပဲ။ -
5:01 - 5:05ဒါမှမဟုတ် Mr. B လို၊ သူက သူရင်းငှား
ဖြစ်ဖူးတယ်။ -
5:05 - 5:09သူ ကျွန်မကိုပြောတာက မနက်တိုင်း
နေ့လည်စာပါတဲ့ စက္ကူအိတ်တစ်အိတ်၊ -
5:09 - 5:11ဆေးပြင်းလိပ်တစ်လိပ်နဲ့
-
5:12 - 5:14သူအလုပ်သွားတယ်။
-
5:15 - 5:19ဒီဆေးပြင်းလိပ်တစ်လိပ်ဟာ သူတတ်နိုငိတဲ့
တစ်ခုတည်းသော ဇိမ်ခံမှုတဲ့။ -
5:19 - 5:23နေ့လည်စာပြီးရင်
သူ ဒီဆေးပြင်းလိပ်ကို သောက်တယ်။ -
5:23 - 5:27Hogeweyk မှာ သူမသေခင်အထိ
-
5:27 - 5:33နေ့တိုင်း ဒီတဲလေးမှာရှိခဲ့တယ်၊
နေ့လည်စာပြီးရင် ဆေးပြင်းလိပ်သောက်ဖို့လေ။ -
5:35 - 5:36ဒါက ကျွန်မအမေပါ။
-
5:36 - 5:38သူက ယဉ်ကျေးမှု ဘဝနေဟန် အုပ်စုကပါ၊
-
5:38 - 5:41အခုဆို Hogeweyk မှာနေတာ တစ်လခွဲရှိပါပြီ။
-
5:41 - 5:46ဒီဘဝနေဟန်က ခရီးသွားခြင်း၊ အခြားလူတွေ၊
အခြားယဉ်ကျေးမှုတွေနဲ့ တွေ့ဆုံခြင်းပါ။ -
5:46 - 5:50အနုပညာနဲ့ ဂီတကို စိတ်ဝင်စားတာပါ။
-
5:50 - 5:52နောက်ထပ် ဘဝနေဟန်တွေရှိပြီး
-
5:53 - 5:57ဒါပေမဲ့ ဒါက ကျွန်မတို့ ဆွေးနွေးခဲ့တာ၊
ကျွန်မတို့ လုပ်ခဲ့တာပါ။ -
5:58 - 6:03ဒါပေမဲ့ ဒါက လူစုတစ်နဲ့ အိမ်တစ်လုံးထဲက
ဘဝတစ်ခုပဲမဟုတ်ဘူး၊ -
6:03 - 6:06အကြိုက်တူတဲ့လူတွေ၊ ကိုယ်ပိုင်ဘဝ၊
ကိုယ်ပိုင် အိမ်ထောင်စုပါ။ -
6:06 - 6:08ဘဝမှာ ဒိထက်ပိုပါသေးတယ်၊
-
6:08 - 6:11လူတိုင်းဟာ ဘဝမှာ ပျော်ချင်ပြီး
အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုလိုချင်တယ်။ -
6:12 - 6:13ကျွန်မတို့က လူမှုရေးသတ္တဝါတွေ
-
6:13 - 6:15လူမှုရေးဘဝတစ်ခု လိုအပ်တယ်။
-
6:16 - 6:18ဒါက ကျွန်မတို့ စခဲ့တာပါ။
-
6:19 - 6:22အိမ်ကနေထွက်ပြီး စျေးဝယ်ချင်တယ်၊
-
6:22 - 6:24အခြားလူတွေကို တွေ့ချင်တယ်။
-
6:25 - 6:28ဒါမှမဟုတ် အရက်ဆိုင်သွားပြီး
မိတ်ဆွေတွေနဲ့ ဘီယာသောက်တယ်။ -
6:28 - 6:33ဒါမှမဟုတ် Mr. W လိုပေါ့၊ သူက နေ့တိုင်း
အပြင်ထွက်ရတာကြိုက်တယ်၊ -
6:33 - 6:36ခပ်ချောချော အမျိုးသမီးတွေ
တွေ့မလားဆိုပြီးပေါ့။ -
6:36 - 6:38(ရယ်သံများ)
-
6:38 - 6:40သူတို့ကိုဆို အတော် ရည်မွန်ပြီး
-
6:40 - 6:43အပြုံံးတွေကို မျှော်လင့်တာ၊ သူ ရတယ်လေ။
-
6:43 - 6:45သူတို့နဲ့ အရက်ဆိုင်မှာ ကတယ်၊
-
6:46 - 6:48နေ့တိုင်းကို ပွဲဖြစ်နေတယ်လေ။
-
6:48 - 6:51စာသောက်ဆိုင်ကိုပဲ သွားချင်တဲ့
လူတွေရှိတယ်၊ -
6:51 - 6:52မိတ်ဆွေတွေနဲ့ ဝိုင်သောက်၊
-
6:52 - 6:56ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ နေ့လည်စာ
(သို့) ညစာစား၊ဘဝကို အောင်ပွဲခံတာပေါ့။ -
6:56 - 6:59ကျွန်မ အမေက
ပန်းခြံထဲမှာ လမ်းလျှောက်ပြီး -
6:59 - 7:01နေရောင်ထဲက ခုံတန်းမှာထိုင်တယ်၊
-
7:01 - 7:04ဖြတ်သွားဖြတ်လာတစ်ယောက် သူ့ဘေးမှာ
လာထိုင်ပြီး ဘဝအကြောင်း -
7:04 - 7:06ဒါမှမဟုတ် ကန်ထဲက ဘဲတွေအကြောင်း
-
7:06 - 7:10စကာစမြည်လာပြောမလားလို့
မျှော်လင့်ချက်နဲ့ပေါ့။ -
7:10 - 7:13ဒီလူမှုရေး ဘဝက အရေးပါတယ်။
-
7:13 - 7:18ဆိုလိုတာက သင်ဟာ သင်နဲ့ပတ်သက်တဲ့
လူမှုအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းလေ။ -
7:18 - 7:20ဒါက ကျွန်မတို့လူတွေ လိုအပ်တာပါ။
-
7:21 - 7:25သင်ဟာ ရင့်နေတဲ့ စိတ်ယိုယွင်းမှုရောရာနဲ့
ရှင်သန်နေရင်တောင်ပါ။ -
7:25 - 7:28ဒါကတော့ ကျွန်မရဲ့
ရုံးပြတင်းပေါက်ကနေ မြင်ရတာပါ။ -
7:28 - 7:33တစ်နေ့မှာ အမျိုးသမီးတစ်ဦး
တစ်ဘက်ကနေ လာနေတာတွေ့ရတယ်။ -
7:33 - 7:36အြခားတစ်ဦးက အြခားဘက်ကနေပေါ့၊
သူတို့တွေ လမ်းထောင့်မှာ ဆုံကြတယ်။ -
7:36 - 7:39နှစ်ယောက်စလုံးကို
ကျွန်မ ကောင်းကောင်းသိပါတယ်။ -
7:39 - 7:42သူတို့ အပြင်မှာ လမ်းလျှောက်တာ
မကြာခဏ တွေးဖူးတယ်။ -
7:43 - 7:47တစ်ခါတစ်လေ သူတို့နဲ့ စကားစမြည်
ပြောဖို့ခကြိုးစားကြည့်ဖူးတယ်။ -
7:47 - 7:50ဒါပေမဲ့ သူတို့စကားပြောတာက
-
7:51 - 7:53နားလည်ဖို့ အတော်လေး ခက်တယ်။
-
7:54 - 7:57ဒါပေမဲ့ သူတို့ဆုံတာ တွေ့တယ်၊
သူတို့ စကားပြောတာ တွေ့တယ်။ -
7:58 - 7:59သူတို့ လက်ဟန်ခြေဟန်ပြတာ တွေ့တယ်။
-
7:59 - 8:01သူတို့ အတူတူ ပျော်လို့ရွှင်လို့လေ။
-
8:02 - 8:05ဒီနောက် သူတို့ နှုတ်ဆက်ကြပြီး
ကိုယ့်လမ်း ကိုယ်ပြန်သွားကြတယ်။ -
8:05 - 8:09ဘဝမှာ သင်လိုတာက ဒါပါ၊
အြခားလူတွေကို တွေ့ဆုံတာနဲ့ -
8:09 - 8:11လူ့အဖွဲ့အစည်းရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်တာပါ။ -
8:11 - 8:13ဒါဖြစ်ပျက်နေတာကို
ကျွန်မ မြင်လိုက်ရတာပါ။ -
8:14 - 8:16Hogeweyk ဟာ စိတ်ယိုယွင်းမှုရောဂါ
-
8:16 - 8:20အတော်ရင့်နေတဲ့လူတွေ နေထိုင်နိုင်တဲ့၊
လွတ်လပ်မှုရှိပြီး ဘေးကင်းတဲ့ -
8:20 - 8:22နေရာတစ်ခုဖြစ်လာပါပြီ။
-
8:22 - 8:26အကြောင်းက ဒီမှာလုပ်နေကြတဲ့ ပညာရှင်တွေနဲ့
စေတနာ့ဝန်ထမ်းတွေဟာ စိတ်ယိုယွင်းမှုရောဂါကို -
8:26 - 8:29ကိုင်တွယ်နည်းကို သိတာကြောင့်ပါ။
-
8:29 - 8:32ကျွန်မတို့ရဲ့ နေထိုင်သူတွေရဲ့ ဘဝမှာ
သဘာဝကျကျ အံဝင်ခွင်ကျတဲ့နည်းလမ်းနဲ့ -
8:32 - 8:37သူတို့ရဲ့ ပညာရှင်ဆန်တဲ့အလုပ်ကို
ဘယ်လိုလုပ်ရတယ်ဆိုတာ သိပါတယ်။ -
8:39 - 8:44ဆိုလိုတာက ဒီလူတွေ သူတို့အလုပ်လုပ်ရာမှာ
လိုအပ်တာမှန်သမျှကို စီမံအုပ်ချုပ်မှုက -
8:44 - 8:46ပံ့ပိုးပေးဖို့လိုတာပါ။
-
8:47 - 8:51ဒါကိုလုပ်ရဲတဲ့ စီမံအုပ်ချုပ်မှုတစ်ခု
လိုအပ်ပါတယ်။ -
8:51 - 8:54အစဉ်အလာ ပြုစုရေး ဂေဟာတစ်ခုမှာ
ကျွန်မတို့ အမြဲလုပ်ခဲ့ဖူးတာတွေထက် -
8:54 - 8:56တစ်မူခြားစွာ လုပ်ဆောင်ဖို့ပါ။
-
8:59 - 9:01ဒါဟာ အလုပ်ဖြစ်တာ တွေ့ရတယ်။
-
9:02 - 9:05ဒါကို နေရာတိုင်းမှာ လုပ်နိုင်တယ်လို့
ထင်တာက -
9:05 - 9:07ဒါဟာ ချမ်းသာသူတွေအတွက်
မဟုတ်လို့ပါ။ -
9:08 - 9:12ကျွန်မတို့နိုင်ငံမှာရှိတဲ့ အစဉ်အလာ
ပြုစုရေး ဂေဟာလိုပဲ -
9:12 - 9:16အလားတူ အသုံးစရိတ်နဲ့ လုပ်နေခဲ့တာပါ။
-
9:16 - 9:19နိုင်ငံတွေ အသုံးစရိတ်နဲ့ပဲ လုပ်တာပါ။
-
9:20 - 9:27(လက်ခုပ်သံများ)
-
9:28 - 9:32အကြောင်းက ဒါက တစ်မူထူးအောင်
တွေးခြင်းနဲ့နဲ့ဆိုင်တာပါ၊ -
9:32 - 9:35မိမိရှေ့က လူကိုကြည့်ခြင်းနဲ့
-
9:35 - 9:38ဒီလူ လက်ရှိလိုနေတာကို ကြည့်တာပါ။
-
9:39 - 9:43ဒါဟာ အပြံးတစ်ပွင့်ပါ၊
တစ်မူထူးအောင် တွေးခြင်းပါ။ -
9:43 - 9:47သင့်ရဲ့ လုပ်ဆောင်ပုံပါ၊
ဘာမှ မကုန်ကျပါဘူး။ -
9:48 - 9:51အြခားဟာတစ်ခု ရှိပါသေးတယ်၊
ရွေးချယ်မှုတွေလုပ်ခြင်းပါ။ -
9:52 - 9:56သင် ငွေသုံးတဲ့ အရာကအပေါ်
ရွေးချယ်မှုတွေ ပြုလုပ်ခြင်းပါ။ -
9:57 - 9:58ကျွန်မ အမြဲ ပြောတာက
-
9:59 - 10:04"ခန်းဆီးအနီရောင်တွေဟာ
မီးခိုးရောင်တွေလိုပဲ စျေးကြီးပါတယ်။" -
10:04 - 10:05(ရယ်သံများ)
-
10:05 - 10:08ဒါဟာ နေရာတိုင်းမှာ လုပ်ရနိုင်ပါတယ်။
-
10:09 - 10:10ကျေးဇူးတင်ပါတယ်။
-
10:10 - 10:15(လက်ခုပ်သံများ)
- Title:
- သက်ကြီးရွယ်အို စောင့်ရှောက်မှုကို ပြန်လည် အနက်ဖွင့်နေတဲ့ "စိတ်ယိုယွင်းမှုရောဂါ ကျေးရွာ"။
- Speaker:
- Yvonne van Amerongen
- Description:
-
သင့်ဘဝရဲ့ နောက်ဆုံးသောနှစ်တွေကို ဘယ်လိုများကုန်ဆုံးဖို့ လိုလားပါသလဲ၊ ရောဂါပိုးမွှားကင်းတဲ့ ဆေးရုံလို စောင့်ရှောက်ရေး အဖွဲအစည်းတစ်ခုမှာလား၊ ဒါမှမဟုတ် အလွယ်တကူ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ ကုန်ပဒေသာတိုက် အရက်ဆိုင်၊ ပြဇာတ်ရုံနဲ့ ပန်းခြံတွေနဲ့ ရွာတစ်ခုထဲမှာလား။ အဖြေကတော့ အခုတော့ မြင်သာပုံရပေမဲ့ Yvonne van Amerongen ကနေပြီး လွန်ခဲ့တဲ့ ၂၅ နှစ်က Amsterdam မှာ မြေစမ်းခရမ်းပျိုးထားတဲ့ Hogeweyk စိတ်ယိုယွင်းမှု စောင်ရှောက်ရေး ဗဟိုဌာနတစ်ခု ပေါ်ပေါက်ဖို့ ကူညီလိုက်တဲ့အခါ
အစဉ်အလာကနေ ခွဲထွက်တဲ့ အရဲစွန့်မှုတစ်ခုအဖြစ် မြင်ခဲ့ကြပါတယ်။ van Amerongen နဲ့အတူ Hogeweyk ကို ခရီးရှည်ထွက်ပြီး လွတ်လပ်မှု၊ အနက်အဓိပ္ပါယ်နဲ့ လူမှုဘဝကို အခြေခံထားတဲ့ ပြန်လည် အနက်အဓိပ္ပါယ် ကောက်ယူထားတဲ့ ပြုစုရေး ဂေဟာတစ်ခုဟာ ဘယ်လိုပုံပေါက်လဲဆိုတာကို ဖျတ်ကနဲ မြင်ကြည့်လိုက်ပါဦး။:
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 10:30
sann tint approved Burmese subtitles for The "dementia village" that's redefining elder care | ||
sann tint edited Burmese subtitles for The "dementia village" that's redefining elder care | ||
Myo Aung accepted Burmese subtitles for The "dementia village" that's redefining elder care | ||
Myo Aung edited Burmese subtitles for The "dementia village" that's redefining elder care | ||
sann tint edited Burmese subtitles for The "dementia village" that's redefining elder care | ||
sann tint edited Burmese subtitles for The "dementia village" that's redefining elder care | ||
sann tint edited Burmese subtitles for The "dementia village" that's redefining elder care | ||
sann tint edited Burmese subtitles for The "dementia village" that's redefining elder care |