1 00:00:00,659 --> 00:00:02,610 ဒါကတော့ Hogeweyk ပါ။ 2 00:00:02,984 --> 00:00:07,365 Netherlands က Amsterdam အနီးက မြို့ငယ်လေးတစ်မြို့ရဲ့ အနီးဝန်းကျင်မှာပါ။ 3 00:00:07,881 --> 00:00:11,350 လူ ၆ ဦး၊ ၇ ဦးစီတိုင်းအတွက် အိမ် ၂၇ လုံးရှိပါတယ်။ 4 00:00:11,821 --> 00:00:16,341 စားသောက်ဆိုင်၊ အရက်ဆိုင်၊ ကုန်တိုက်နဲ့ ကလပ်တစ်ခုပါတဲ့ စျေးတန်းတစ်ခုရှိပါတယ်။ 5 00:00:16,900 --> 00:00:21,225 လမ်းတွေ၊ လမ်းကြားတွေရှိတယ်၊ ပြဇာတ်ရုံရှိတယ်။ 6 00:00:22,434 --> 00:00:24,434 ဒါက တကယ့် ပြုစုရေး ဂေဟာတစ်ခုပါ။ 7 00:00:25,093 --> 00:00:30,727 ၂၄ နာရီ စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှု လိုနေတဲ့ ရင့်နေတဲ့စိတ်ယိုယွင်းမှုရောဂါနဲ့ 8 00:00:30,751 --> 00:00:34,210 ရှင်သန်နေကြသူတွေအတွက် ပြုစုရေး ဂေဟာတစ်ခုပါ။ 9 00:00:35,234 --> 00:00:38,497 စိတ်ယိုယွင်းမှုဟာ ဆိုးဝါးတဲ့ ရောဂါတစ်ခုဖြစ်ပြီး 10 00:00:38,521 --> 00:00:41,739 ဒါအတွက် ကုသဖို့ဆေး မရှိသေးပါဘူး။ 11 00:00:42,211 --> 00:00:45,838 ဒါဟာ ကမ္ဘာမှာ အဓိကပြဿနာတစ်ခု ဖြစ်လာဖို့ရှိပါတယ်၊ 12 00:00:45,862 --> 00:00:47,710 လူတွေအတွက်၊ နိုင်ငံရေးသမားတွေအတွက်၊ 13 00:00:47,734 --> 00:00:50,705 ကမ္ဘာကြီးအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာဖို့ရှိပါတယ်။ 14 00:00:51,228 --> 00:00:54,473 ပြုစုရေး ဂေဟာတွေမှာ စောင့်ဆိုင်းစာရင်းတွေ ရှိတာတွေ့ရတယ်။ 15 00:00:55,093 --> 00:00:58,893 စိတ်ယိုယွင်းမှုရောဂါနဲ့ ပြုစုရေး ဂေဟာတွေ ကို လာသူအများစုဟာ အမျိုးသမီးတွေပါ။ 16 00:00:59,855 --> 00:01:04,815 အမျိုးသမီးတွေဟာ လူတွေကို စောင့်ရှောက်လေ့ ရှိတာကြောင့်လည်းဖြစ်လို့ 17 00:01:04,839 --> 00:01:08,692 စိတ်ယိုယွင်းမှုရောဂါရနေတဲ့ ခင်ပွန်းကို စောင့်ရှောက်နိုင်အောင်လို့ပါ။ 18 00:01:08,716 --> 00:01:13,124 ဒါပေမဲ့ အခြားဘက်ကဆိုရင် ဒီလူကြီးမင်းတွေ အတွက်တော့ ဒီလောက် မလွယ်ပါဘူး။ 19 00:01:14,629 --> 00:01:18,962 စိတ်ယိုယွင်းမှုက ဦးနှောက်ကို ထိခိုက်တဲ့ ရောဂါတစ်ခုပါ။ 20 00:01:18,986 --> 00:01:21,128 ဦးနှောက်ဟာ ရှုပ်ထွေးနေပါတယ်။ 21 00:01:21,923 --> 00:01:24,684 လူတွေဟာ ဘယ်အချိန်ဆိုတာ၊ ဘာဖြစ်နေတယ်ဆိုတာ၊ 22 00:01:24,708 --> 00:01:27,446 ဘယ်သူတွေဆိုတာ မသိတော့ဘူး။ 23 00:01:27,470 --> 00:01:28,942 သူတို့ဟာ စိတ်ရှုပ်နေတယ်။ 24 00:01:28,966 --> 00:01:31,180 ဒီစိတ်ရှုပ်ထွေးမှုကြောင့် 25 00:01:31,204 --> 00:01:37,249 သူတို့ဟာ ပူပန်လာတယ်၊ အားငယ်လာတယ်၊ ရန်လိုလာကြတယ်။ 26 00:01:38,728 --> 00:01:41,109 ဒါကတော့ အစဉ်အလာ ပြုစုရေး ဂေဟာတစ်ခုပါ။ 27 00:01:41,133 --> 00:01:43,188 ဒီမှာ ၁၉၉၂ က အလုပ်လုပ်ခဲ့တယ်။ 28 00:01:43,641 --> 00:01:45,148 စောင့်ရှောက်ရေး မန်နေဂျာအဖြစ်ပါ 29 00:01:45,687 --> 00:01:48,703 မကြာခဏ ကျွန်မတို့ ပြောဖြစ်ခဲ့တဲ့အချက်က 30 00:01:48,727 --> 00:01:53,728 ကျွန်မတို့တွေဟာ ကိုယ့်မိဘတွေ၊ ကိုယ့်မိတ်ဆွေတွေနဲ့ ကိုယ်ကိုယ်တိုင်အတွက် 31 00:01:53,752 --> 00:01:57,060 မလုပ်ချင်တာတွေကို လုပ်နေကြတာလို့ပါ။ 32 00:01:57,815 --> 00:01:59,600 တစ်နေ့မှာ ကျွန်မတို့ ပြောခဲ့တာက 33 00:01:59,624 --> 00:02:02,378 "ဒီလိုဆက်ပြီး ပြောနေလို့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ 34 00:02:02,402 --> 00:02:03,775 ဒီမှာ တို့တွေက ဦးစီးသူတွေလေ၊ 35 00:02:03,799 --> 00:02:06,295 ဒီမှာရှိတဲ့ မိဘတွေကို တို့ဖြစ်စေချင်တာ 36 00:02:06,319 --> 00:02:09,683 တစ်ခုခုဖြစ်အောင် ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်သင့်တယ်။" 37 00:02:10,773 --> 00:02:13,781 ဒီအကြာင်းကို ဆွေးနွေးခဲ့ပြီး နေ့တိုင်း မြင်တွေ့ခဲ့တာက 38 00:02:13,805 --> 00:02:17,498 ကျွန်မတို့ရဲ့ ပြုစုရေး ဂေဟာမှာ နေတဲ့သူတွေဟာ သူတို့ပတ်ဝန်းကျင်နဲ့ 39 00:02:17,522 --> 00:02:19,887 ပတ်သက်ပြီး စိတ်ရှုပ်နေခဲ့ကြတာပါ၊ 40 00:02:19,911 --> 00:02:23,458 အကြောင်းက သူတို့မြင်တွေ့ရတာက ဆေးရုံလို ပတ်ဝန်းကျင်တစ်ခု၊ 41 00:02:23,482 --> 00:02:27,593 ယူနီဖောင်းဝတ် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးဘက်အကူတွေနဲ့၊ 42 00:02:27,617 --> 00:02:29,284 လူနာဆောင်တစ်ခုမှာ နေကြရတာပါ။ 43 00:02:30,069 --> 00:02:32,903 ဘာကြောင့် သူတို့ ဒီမှာ နေနေလဲဆိုတာ သူတို့ နားမလည်ခဲ့ဘူး။ 44 00:02:32,927 --> 00:02:36,236 လွတ်မြောက်ဖို့ နေရာကိုပဲ ရှာနေကြတယ်။ 45 00:02:36,617 --> 00:02:41,554 အိမ်ကို တစ်ခါပြန်သွားဖို့ တံခါးပေါက်ကို တွေ့ဖို့ ကြည်နေ၊ မျှော်လင့်နေကြတယ်။ 46 00:02:42,022 --> 00:02:45,847 ကျွန်မတို့ ပြောခဲ့တာက ဒီအခြေအနေမှာ ကျွန်မတို့ လုပ်နေတာက 47 00:02:45,871 --> 00:02:50,910 ဦးနှောက်ရှုပ်နေပြီးဖြစ်တဲ့ ဒီလူတွေကို နောက်ထပ် စိတ်ရှုပ်စရာ 48 00:02:50,934 --> 00:02:52,220 ပေးနေတာလို့ပါ။ 49 00:02:52,244 --> 00:02:55,778 စိတ်ရှုပ်မှုထဲကို စိတ်ရှုပ်မှု ထပ်ဖြည့်ပေးနေတာပါ။ 50 00:02:56,180 --> 00:02:58,631 ဒီလူတွေလိုတာက ဒါမဟုတ်ဘူးလေ။ 51 00:02:59,084 --> 00:03:01,846 ဒီလူတွေက ဘဝတစ်ခု၊ အကူအညီတစ်ခု၊ 52 00:03:01,870 --> 00:03:05,434 စိတ်ယိုယွင်းမှုကို ဖြေရှင်းဖို့ ကျွန်မတို့ရဲ့အကူအညီကို လိုချင်ခဲ့တာပါ။ 53 00:03:05,957 --> 00:03:10,689 ဒီလူတွေက သာမန်အိမ်တစ်လုံးမှာ နေချင်ခဲ့တာလေ၊ 54 00:03:10,713 --> 00:03:11,863 လူနာဆောင်မှာ မဟုတ်ဘူး။ 55 00:03:12,482 --> 00:03:15,307 မီးဖို့ချောင်ထဲ မီးဖိုပေါ်က သူတို့ညစာကို ရှူကြည့်လို့ရမယ့် 56 00:03:15,331 --> 00:03:20,029 သာမန် အိမ်ထောင်စုတစ်ခု သူတို့လိုချင်ခဲ့တာပါ။ 57 00:03:20,966 --> 00:03:25,228 ဒါမှမဟုတ် မီးဖိုချောင်ထဲသွားပြီး စားဖို့၊ သောက်ဖို့ တစ်ခုခုဆုပ်ကိုင်ခွင့်ပါ 58 00:03:25,611 --> 00:03:27,841 ဒီလူတွေလိုအပ်တာက ဒါပါ။ 59 00:03:27,865 --> 00:03:30,364 သူတို့အတွက် ကျွန်မတို့ စီစဉ်ပေးသင့်တာက ဒါပါ။ 60 00:03:31,269 --> 00:03:35,990 လူနာဆောင်ထဲမှာလို ၁၅ ဦး၊ ၂၀ ဦး၊ ၃၀ ဦး အုပ်စုနဲ့ မနေရအောင်၊ 61 00:03:36,014 --> 00:03:40,966 အိမ်မှာလိုဖြစ်ဖို့ စီစဉ်ပေးသင့်လို့ ကျွန်မတို့ ပြောခဲ့တယ်၊ 62 00:03:41,434 --> 00:03:45,648 နိုး၊ လူစုကလေး တစ်ခုပါ၊ မိသားစုလို ခြောက်ယောက်၊ ခုနှစ်ယောက်ပါ။ 63 00:03:47,069 --> 00:03:48,942 မိတ်ဆွေတွေနဲ့ နေတာမျိုးပေါ့။ 64 00:03:50,709 --> 00:03:53,788 အတူတူနေထိုင်ကြတဲ့အခါ သူတို့တွေ မိတ်ဆွေတွေဖြစ်လာဖို့ 65 00:03:53,812 --> 00:03:56,566 အခွင့်လမ်းကောင်းရေစေဖို့ ဘဝနဲ့ပတ်သက်တဲ့ 66 00:03:56,590 --> 00:03:59,690 သူတို့ရဲ့စိတ်ကူးတွေကို အခြေခံပြီး လူတွေကို ရွေးချယ်ဖို့ 67 00:03:59,714 --> 00:04:01,282 နည်းလမ်းတစ်ခု ရှာသင့်တယ်။ 68 00:04:02,225 --> 00:04:06,385 နေထိုငိသူအားလုံးရဲ့ မိသားစုတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်။ 69 00:04:06,409 --> 00:04:10,102 "သင့်အဖေအတွက် ဘာက အရေးကြီးတာလဲ။" "သင့်အမေအတွက် ဘာက အရေးကြီးတာလဲ။" 70 00:04:10,126 --> 00:04:12,875 "သူတို့ဘဝက ဘယ်လိုမျိုးလဲ။" "သူတို့လိုတာက ဘာလဲ"ပေါ့။ 71 00:04:12,899 --> 00:04:17,144 အုပ်စု ခုနှစ်ခုတွေ့ရှိခဲ့ပြီး ဘဝနေဟန် အုပ်စုတွေလို့ ကျွန်မတို့ ခေါ်တယ်။ 72 00:04:17,709 --> 00:04:21,370 ဥပမာ အနေနဲ့ ဒါကို သမားရိုးကျ ဘဝနေဟန်လို့ တွေ့ရတယ်။ 73 00:04:21,851 --> 00:04:23,077 ဒီဘဝနေဟန်မှာ 74 00:04:23,101 --> 00:04:26,522 လူတွေဟာ ပိုသမားရိုးကျဆန်တဲ့ နည်းလမ်းနဲ့ တစ်ဦးနဲ့တစ်ဦးတုံ့ပြန်ဆက်သွယ်တယ်၊ 75 00:04:26,546 --> 00:04:27,839 ခပ်တန်းတန်းနည်းတစ်ခုပေါ့။ 76 00:04:27,863 --> 00:04:30,109 သူတို့ နေ့စဉ်စည်းချက်က နေ့နှောင်ပိုင်းမှာ စပြီး 77 00:04:30,133 --> 00:04:31,855 နေ့နှောင်းပိုင်းမှာ အဆုံးသတ်တယ်။ 78 00:04:31,879 --> 00:04:34,905 ဒီဘဝနေဟန် အုပ်စုမှာ အခြား ဘဝနေဟန် အုပ်စုတွေထက်စာရင် 79 00:04:34,929 --> 00:04:36,632 ရှေးသီချင်းကြီးတွေကို ပိုကြားရတယ်။ 80 00:04:36,656 --> 00:04:38,140 သူတို့ရဲ့ ဟင်လျာစာရင်းက 81 00:04:38,164 --> 00:04:41,943 အင်း ရိုရာ ဒတ်ချ်ဟင်းလျာထက် ပြင်သစ် ပိုဆန်တယ်။ 82 00:04:41,967 --> 00:04:43,559 (ရယ်သံများ) 83 00:04:43,583 --> 00:04:47,194 လက်မှုပညာသည် ဘဝနေဟန်နဲ့တော့ ဆန့်ကျင်ဘက်ပေါ့။ 84 00:04:47,218 --> 00:04:49,361 ဒါက အင်မတန်ကို ရိုးရာဆန်တဲ့ ဘဝနေဟန်လေ၊ 85 00:04:49,385 --> 00:04:51,955 သူတို့က အစောကြီး အိပ်ရာဝင်ပြီး အစောကြီး ထကြတယ်။ 86 00:04:51,979 --> 00:04:55,981 အကြောင်းက သူတို့ဟာ တစ်ဘဝလုံး အလုပ်ကြိုးစားကြပြီး အများစုက လက်တွေနဲ့လေ။ 87 00:04:56,005 --> 00:05:00,608 ဖြစ်တတ်တာက မိသားစုလုပ်ငန်းလေးတစ်ခု၊ လယ်လေးတစ်ကွက်နဲ့ ဆိုင်လေးတစ်ဆိုင်ပဲ။ 88 00:05:00,632 --> 00:05:04,767 ဒါမှမဟုတ် Mr. B လို၊ သူက သူရင်းငှား ဖြစ်ဖူးတယ်။ 89 00:05:05,466 --> 00:05:08,966 သူ ကျွန်မကိုပြောတာက မနက်တိုင်း နေ့လည်စာပါတဲ့ စက္ကူအိတ်တစ်အိတ်၊ 90 00:05:08,990 --> 00:05:11,194 ဆေးပြင်းလိပ်တစ်လိပ်နဲ့ 91 00:05:12,014 --> 00:05:13,504 သူအလုပ်သွားတယ်။ 92 00:05:14,824 --> 00:05:18,887 ဒီဆေးပြင်းလိပ်တစ်လိပ်ဟာ သူတတ်နိုငိတဲ့ တစ်ခုတည်းသော ဇိမ်ခံမှုတဲ့။ 93 00:05:19,420 --> 00:05:22,553 နေ့လည်စာပြီးရင် သူ ဒီဆေးပြင်းလိပ်ကို သောက်တယ်။ 94 00:05:23,460 --> 00:05:26,788 Hogeweyk မှာ သူမသေခင်အထိ 95 00:05:26,812 --> 00:05:32,724 နေ့တိုင်း ဒီတဲလေးမှာရှိခဲ့တယ်၊ နေ့လည်စာပြီးရင် ဆေးပြင်းလိပ်သောက်ဖို့လေ။ 96 00:05:35,201 --> 00:05:36,387 ဒါက ကျွန်မအမေပါ။ 97 00:05:36,411 --> 00:05:38,022 သူက ယဉ်ကျေးမှု ဘဝနေဟန် အုပ်စုကပါ၊ 98 00:05:38,046 --> 00:05:40,512 အခုဆို Hogeweyk မှာနေတာ တစ်လခွဲရှိပါပြီ။ 99 00:05:41,236 --> 00:05:46,476 ဒီဘဝနေဟန်က ခရီးသွားခြင်း၊ အခြားလူတွေ၊ အခြားယဉ်ကျေးမှုတွေနဲ့ တွေ့ဆုံခြင်းပါ။ 100 00:05:46,500 --> 00:05:49,501 အနုပညာနဲ့ ဂီတကို စိတ်ဝင်စားတာပါ။ 101 00:05:50,072 --> 00:05:51,805 နောက်ထပ် ဘဝနေဟန်တွေရှိပြီး 102 00:05:52,818 --> 00:05:56,551 ဒါပေမဲ့ ဒါက ကျွန်မတို့ ဆွေးနွေးခဲ့တာ၊ ကျွန်မတို့ လုပ်ခဲ့တာပါ။ 103 00:05:57,766 --> 00:06:02,617 ဒါပေမဲ့ ဒါက လူစုတစ်နဲ့ အိမ်တစ်လုံးထဲက ဘဝတစ်ခုပဲမဟုတ်ဘူး၊ 104 00:06:02,641 --> 00:06:06,019 အကြိုက်တူတဲ့လူတွေ၊ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင် အိမ်ထောင်စုပါ။ 105 00:06:06,434 --> 00:06:07,763 ဘဝမှာ ဒိထက်ပိုပါသေးတယ်၊ 106 00:06:07,787 --> 00:06:11,091 လူတိုင်းဟာ ဘဝမှာ ပျော်ချင်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုလိုချင်တယ်။ 107 00:06:11,688 --> 00:06:13,109 ကျွန်မတို့က လူမှုရေးသတ္တဝါတွေ 108 00:06:13,133 --> 00:06:15,402 လူမှုရေးဘဝတစ်ခု လိုအပ်တယ်။ 109 00:06:15,817 --> 00:06:17,617 ဒါက ကျွန်မတို့ စခဲ့တာပါ။ 110 00:06:18,817 --> 00:06:22,293 အိမ်ကနေထွက်ပြီး စျေးဝယ်ချင်တယ်၊ 111 00:06:22,317 --> 00:06:23,784 အခြားလူတွေကို တွေ့ချင်တယ်။ 112 00:06:24,698 --> 00:06:28,438 ဒါမှမဟုတ် အရက်ဆိုင်သွားပြီး မိတ်ဆွေတွေနဲ့ ဘီယာသောက်တယ်။ 113 00:06:28,462 --> 00:06:33,444 ဒါမှမဟုတ် Mr. W လိုပေါ့၊ သူက နေ့တိုင်း အပြင်ထွက်ရတာကြိုက်တယ်၊ 114 00:06:33,468 --> 00:06:36,084 ခပ်ချောချော အမျိုးသမီးတွေ တွေ့မလားဆိုပြီးပေါ့။ 115 00:06:36,108 --> 00:06:38,096 (ရယ်သံများ) 116 00:06:38,465 --> 00:06:40,020 သူတို့ကိုဆို အတော် ရည်မွန်ပြီး 117 00:06:40,044 --> 00:06:42,545 အပြုံံးတွေကို မျှော်လင့်တာ၊ သူ ရတယ်လေ။ 118 00:06:42,863 --> 00:06:45,196 သူတို့နဲ့ အရက်ဆိုင်မှာ ကတယ်၊ 119 00:06:46,014 --> 00:06:47,530 နေ့တိုင်းကို ပွဲဖြစ်နေတယ်လေ။ 120 00:06:47,554 --> 00:06:50,768 စာသောက်ဆိုင်ကိုပဲ သွားချင်တဲ့ လူတွေရှိတယ်၊ 121 00:06:50,792 --> 00:06:52,466 မိတ်ဆွေတွေနဲ့ ဝိုင်သောက်၊ 122 00:06:52,490 --> 00:06:56,156 ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ နေ့လည်စာ (သို့) ညစာစား၊ဘဝကို အောင်ပွဲခံတာပေါ့။ 123 00:06:56,180 --> 00:06:58,966 ကျွန်မ အမေက ပန်းခြံထဲမှာ လမ်းလျှောက်ပြီး 124 00:06:58,990 --> 00:07:00,673 နေရောင်ထဲက ခုံတန်းမှာထိုင်တယ်၊ 125 00:07:00,697 --> 00:07:03,823 ဖြတ်သွားဖြတ်လာတစ်ယောက် သူ့ဘေးမှာ လာထိုင်ပြီး ဘဝအကြောင်း 126 00:07:03,847 --> 00:07:06,410 ဒါမှမဟုတ် ကန်ထဲက ဘဲတွေအကြောင်း 127 00:07:06,434 --> 00:07:09,669 စကာစမြည်လာပြောမလားလို့ မျှော်လင့်ချက်နဲ့ပေါ့။ 128 00:07:10,355 --> 00:07:12,616 ဒီလူမှုရေး ဘဝက အရေးပါတယ်။ 129 00:07:12,998 --> 00:07:17,574 ဆိုလိုတာက သင်ဟာ သင်နဲ့ပတ်သက်တဲ့ လူမှုအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းလေ။ 130 00:07:17,974 --> 00:07:20,041 ဒါက ကျွန်မတို့လူတွေ လိုအပ်တာပါ။ 131 00:07:21,013 --> 00:07:24,561 သင်ဟာ ရင့်နေတဲ့ စိတ်ယိုယွင်းမှုရောရာနဲ့ ရှင်သန်နေရင်တောင်ပါ။ 132 00:07:25,482 --> 00:07:28,347 ဒါကတော့ ကျွန်မရဲ့ ရုံးပြတင်းပေါက်ကနေ မြင်ရတာပါ။ 133 00:07:28,371 --> 00:07:32,580 တစ်နေ့မှာ အမျိုးသမီးတစ်ဦး တစ်ဘက်ကနေ လာနေတာတွေ့ရတယ်။ 134 00:07:32,604 --> 00:07:36,223 အြခားတစ်ဦးက အြခားဘက်ကနေပေါ့၊ သူတို့တွေ လမ်းထောင့်မှာ ဆုံကြတယ်။ 135 00:07:36,247 --> 00:07:38,595 နှစ်ယောက်စလုံးကို ကျွန်မ ကောင်းကောင်းသိပါတယ်။ 136 00:07:38,929 --> 00:07:42,281 သူတို့ အပြင်မှာ လမ်းလျှောက်တာ မကြာခဏ တွေးဖူးတယ်။ 137 00:07:42,618 --> 00:07:46,999 တစ်ခါတစ်လေ သူတို့နဲ့ စကားစမြည် ပြောဖို့ခကြိုးစားကြည့်ဖူးတယ်။ 138 00:07:47,023 --> 00:07:49,776 ဒါပေမဲ့ သူတို့စကားပြောတာက 139 00:07:50,586 --> 00:07:53,072 နားလည်ဖို့ အတော်လေး ခက်တယ်။ 140 00:07:53,839 --> 00:07:57,498 ဒါပေမဲ့ သူတို့ဆုံတာ တွေ့တယ်၊ သူတို့ စကားပြောတာ တွေ့တယ်။ 141 00:07:57,522 --> 00:07:59,402 သူတို့ လက်ဟန်ခြေဟန်ပြတာ တွေ့တယ်။ 142 00:07:59,426 --> 00:08:01,159 သူတို့ အတူတူ ပျော်လို့ရွှင်လို့လေ။ 143 00:08:01,554 --> 00:08:04,632 ဒီနောက် သူတို့ နှုတ်ဆက်ကြပြီး ကိုယ့်လမ်း ကိုယ်ပြန်သွားကြတယ်။ 144 00:08:05,331 --> 00:08:08,569 ဘဝမှာ သင်လိုတာက ဒါပါ၊ အြခားလူတွေကို တွေ့ဆုံတာနဲ့ 145 00:08:08,593 --> 00:08:10,640 လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာပါ။ 146 00:08:11,093 --> 00:08:13,227 ဒါဖြစ်ပျက်နေတာကို ကျွန်မ မြင်လိုက်ရတာပါ။ 147 00:08:14,148 --> 00:08:16,155 Hogeweyk ဟာ စိတ်ယိုယွင်းမှုရောဂါ 148 00:08:16,179 --> 00:08:19,861 အတော်ရင့်နေတဲ့လူတွေ နေထိုင်နိုင်တဲ့၊ လွတ်လပ်မှုရှိပြီး ဘေးကင်းတဲ့ 149 00:08:19,885 --> 00:08:21,821 နေရာတစ်ခုဖြစ်လာပါပြီ။ 150 00:08:21,845 --> 00:08:26,329 အကြောင်းက ဒီမှာလုပ်နေကြတဲ့ ပညာရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ စိတ်ယိုယွင်းမှုရောဂါကို 151 00:08:26,353 --> 00:08:28,575 ကိုင်တွယ်နည်းကို သိတာကြောင့်ပါ။ 152 00:08:29,093 --> 00:08:32,426 ကျွန်မတို့ရဲ့ နေထိုင်သူတွေရဲ့ ဘဝမှာ သဘာဝကျကျ အံဝင်ခွင်ကျတဲ့နည်းလမ်းနဲ့ 153 00:08:32,450 --> 00:08:37,482 သူတို့ရဲ့ ပညာရှင်ဆန်တဲ့အလုပ်ကို ဘယ်လိုလုပ်ရတယ်ဆိုတာ သိပါတယ်။ 154 00:08:38,826 --> 00:08:43,506 ဆိုလိုတာက ဒီလူတွေ သူတို့အလုပ်လုပ်ရာမှာ လိုအပ်တာမှန်သမျှကို စီမံအုပ်ချုပ်မှုက 155 00:08:43,530 --> 00:08:45,864 ပံ့ပိုးပေးဖို့လိုတာပါ။ 156 00:08:46,866 --> 00:08:50,710 ဒါကိုလုပ်ရဲတဲ့ စီမံအုပ်ချုပ်မှုတစ်ခု လိုအပ်ပါတယ်။ 157 00:08:50,734 --> 00:08:53,871 အစဉ်အလာ ပြုစုရေး ဂေဟာတစ်ခုမှာ ကျွန်မတို့ အမြဲလုပ်ခဲ့ဖူးတာတွေထက် 158 00:08:53,895 --> 00:08:56,028 တစ်မူခြားစွာ လုပ်ဆောင်ဖို့ပါ။ 159 00:08:58,989 --> 00:09:00,893 ဒါဟာ အလုပ်ဖြစ်တာ တွေ့ရတယ်။ 160 00:09:02,006 --> 00:09:05,172 ဒါကို နေရာတိုင်းမှာ လုပ်နိုင်တယ်လို့ ထင်တာက 161 00:09:05,196 --> 00:09:07,396 ဒါဟာ ချမ်းသာသူတွေအတွက် မဟုတ်လို့ပါ။ 162 00:09:07,863 --> 00:09:12,212 ကျွန်မတို့နိုင်ငံမှာရှိတဲ့ အစဉ်အလာ ပြုစုရေး ဂေဟာလိုပဲ 163 00:09:12,236 --> 00:09:16,315 အလားတူ အသုံးစရိတ်နဲ့ လုပ်နေခဲ့တာပါ။ 164 00:09:16,339 --> 00:09:19,116 နိုင်ငံတွေ အသုံးစရိတ်နဲ့ပဲ လုပ်တာပါ။ 165 00:09:20,220 --> 00:09:27,092 (လက်ခုပ်သံများ) 166 00:09:28,226 --> 00:09:31,798 အကြောင်းက ဒါက တစ်မူထူးအောင် တွေးခြင်းနဲ့နဲ့ဆိုင်တာပါ၊ 167 00:09:31,822 --> 00:09:34,552 မိမိရှေ့က လူကိုကြည့်ခြင်းနဲ့ 168 00:09:34,576 --> 00:09:38,257 ဒီလူ လက်ရှိလိုနေတာကို ကြည့်တာပါ။ 169 00:09:39,352 --> 00:09:42,592 ဒါဟာ အပြံးတစ်ပွင့်ပါ၊ တစ်မူထူးအောင် တွေးခြင်းပါ။ 170 00:09:42,616 --> 00:09:46,663 သင့်ရဲ့ လုပ်ဆောင်ပုံပါ၊ ဘာမှ မကုန်ကျပါဘူး။ 171 00:09:47,823 --> 00:09:51,490 အြခားဟာတစ်ခု ရှိပါသေးတယ်၊ ရွေးချယ်မှုတွေလုပ်ခြင်းပါ။ 172 00:09:51,903 --> 00:09:55,636 သင် ငွေသုံးတဲ့ အရာကအပေါ် ရွေးချယ်မှုတွေ ပြုလုပ်ခြင်းပါ။ 173 00:09:56,855 --> 00:09:58,131 ကျွန်မ အမြဲ ပြောတာက 174 00:09:59,323 --> 00:10:04,069 "ခန်းဆီးအနီရောင်တွေဟာ မီးခိုးရောင်တွေလိုပဲ စျေးကြီးပါတယ်။" 175 00:10:04,093 --> 00:10:05,470 (ရယ်သံများ) 176 00:10:05,494 --> 00:10:08,017 ဒါဟာ နေရာတိုင်းမှာ လုပ်ရနိုင်ပါတယ်။ 177 00:10:09,263 --> 00:10:10,422 ကျေးဇူးတင်ပါတယ်။ 178 00:10:10,446 --> 00:10:15,077 (လက်ခုပ်သံများ)