ဒါကတော့ Hogeweyk ပါ။ Netherlands က Amsterdam အနီးက မြို့ငယ်လေးတစ်မြို့ရဲ့ အနီးဝန်းကျင်မှာပါ။ လူ ၆ ဦး၊ ၇ ဦးစီတိုင်းအတွက် အိမ် ၂၇ လုံးရှိပါတယ်။ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ကုန်တိုက်နဲ့ ကလပ်တစ်ခုပါတဲ့ စျေးတန်းတစ်ခုရှိပါတယ်။ လမ်းတွေ၊ လမ်းကြားတွေရှိတယ်၊ ပြဇာတ်ရုံရှိတယ်။ ဒါက တကယ့် ပြုစုရေး ဂေဟာတစ်ခုပါ။ ၂၄ နာရီ စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှု လိုနေတဲ့ ရင့်နေတဲ့စိတ်ယိုယွင်းမှုရောဂါနဲ့ ရှင်သန်နေကြသူတွေအတွက် ပြုစုရေး ဂေဟာတစ်ခုပါ။ စိတ်ယိုယွင်းမှုဟာ ဆိုးဝါးတဲ့ ရောဂါတစ်ခုဖြစ်ပြီး ဒါအတွက် ကုသဖို့ဆေး မရှိသေးပါဘူး။ ဒါဟာ ကမ္ဘာမှာ အဓိကပြဿနာတစ်ခု ဖြစ်လာဖို့ရှိပါတယ်၊ လူတွေအတွက်၊ နိုင်ငံရေးသမားတွေအတွက်၊ ကမ္ဘာကြီးအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာဖို့ရှိပါတယ်။ ပြုစုရေး ဂေဟာတွေမှာ စောင့်ဆိုင်းစာရင်းတွေ ရှိတာတွေ့ရတယ်။ စိတ်ယိုယွင်းမှုရောဂါနဲ့ ပြုစုရေး ဂေဟာတွေ ကို လာသူအများစုဟာ အမျိုးသမီးတွေပါ။ အမျိုးသမီးတွေဟာ လူတွေကို စောင့်ရှောက်လေ့ ရှိတာကြောင့်လည်းဖြစ်လို့ စိတ်ယိုယွင်းမှုရောဂါရနေတဲ့ ခင်ပွန်းကို စောင့်ရှောက်နိုင်အောင်လို့ပါ။ ဒါပေမဲ့ အခြားဘက်ကဆိုရင် ဒီလူကြီးမင်းတွေ အတွက်တော့ ဒီလောက် မလွယ်ပါဘူး။ စိတ်ယိုယွင်းမှုက ဦးနှောက်ကို ထိခိုက်တဲ့ ရောဂါတစ်ခုပါ။ ဦးနှောက်ဟာ ရှုပ်ထွေးနေပါတယ်။ လူတွေဟာ ဘယ်အချိန်ဆိုတာ၊ ဘာဖြစ်နေတယ်ဆိုတာ၊ ဘယ်သူတွေဆိုတာ မသိတော့ဘူး။ သူတို့ဟာ စိတ်ရှုပ်နေတယ်။ ဒီစိတ်ရှုပ်ထွေးမှုကြောင့် သူတို့ဟာ ပူပန်လာတယ်၊ အားငယ်လာတယ်၊ ရန်လိုလာကြတယ်။ ဒါကတော့ အစဉ်အလာ ပြုစုရေး ဂေဟာတစ်ခုပါ။ ဒီမှာ ၁၉၉၂ က အလုပ်လုပ်ခဲ့တယ်။ စောင့်ရှောက်ရေး မန်နေဂျာအဖြစ်ပါ မကြာခဏ ကျွန်မတို့ ပြောဖြစ်ခဲ့တဲ့အချက်က ကျွန်မတို့တွေဟာ ကိုယ့်မိဘတွေ၊ ကိုယ့်မိတ်ဆွေတွေနဲ့ ကိုယ်ကိုယ်တိုင်အတွက် မလုပ်ချင်တာတွေကို လုပ်နေကြတာလို့ပါ။ တစ်နေ့မှာ ကျွန်မတို့ ပြောခဲ့တာက "ဒီလိုဆက်ပြီး ပြောနေလို့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒီမှာ တို့တွေက ဦးစီးသူတွေလေ၊ ဒီမှာရှိတဲ့ မိဘတွေကို တို့ဖြစ်စေချင်တာ တစ်ခုခုဖြစ်အောင် ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်သင့်တယ်။" ဒီအကြာင်းကို ဆွေးနွေးခဲ့ပြီး နေ့တိုင်း မြင်တွေ့ခဲ့တာက ကျွန်မတို့ရဲ့ ပြုစုရေး ဂေဟာမှာ နေတဲ့သူတွေဟာ သူတို့ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်နေခဲ့ကြတာပါ၊ အကြောင်းက သူတို့မြင်တွေ့ရတာက ဆေးရုံလို ပတ်ဝန်းကျင်တစ်ခု၊ ယူနီဖောင်းဝတ် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးဘက်အကူတွေနဲ့၊ လူနာဆောင်တစ်ခုမှာ နေကြရတာပါ။ ဘာကြောင့် သူတို့ ဒီမှာ နေနေလဲဆိုတာ သူတို့ နားမလည်ခဲ့ဘူး။ လွတ်မြောက်ဖို့ နေရာကိုပဲ ရှာနေကြတယ်။ အိမ်ကို တစ်ခါပြန်သွားဖို့ တံခါးပေါက်ကို တွေ့ဖို့ ကြည်နေ၊ မျှော်လင့်နေကြတယ်။ ကျွန်မတို့ ပြောခဲ့တာက ဒီအခြေအနေမှာ ကျွန်မတို့ လုပ်နေတာက ဦးနှောက်ရှုပ်နေပြီးဖြစ်တဲ့ ဒီလူတွေကို နောက်ထပ် စိတ်ရှုပ်စရာ ပေးနေတာလို့ပါ။ စိတ်ရှုပ်မှုထဲကို စိတ်ရှုပ်မှု ထပ်ဖြည့်ပေးနေတာပါ။ ဒီလူတွေလိုတာက ဒါမဟုတ်ဘူးလေ။ ဒီလူတွေက ဘဝတစ်ခု၊ အကူအညီတစ်ခု၊ စိတ်ယိုယွင်းမှုကို ဖြေရှင်းဖို့ ကျွန်မတို့ရဲ့အကူအညီကို လိုချင်ခဲ့တာပါ။ ဒီလူတွေက သာမန်အိမ်တစ်လုံးမှာ နေချင်ခဲ့တာလေ၊ လူနာဆောင်မှာ မဟုတ်ဘူး။ မီးဖို့ချောင်ထဲ မီးဖိုပေါ်က သူတို့ညစာကို ရှူကြည့်လို့ရမယ့် သာမန် အိမ်ထောင်စုတစ်ခု သူတို့လိုချင်ခဲ့တာပါ။ ဒါမှမဟုတ် မီးဖိုချောင်ထဲသွားပြီး စားဖို့၊ သောက်ဖို့ တစ်ခုခုဆုပ်ကိုင်ခွင့်ပါ ဒီလူတွေလိုအပ်တာက ဒါပါ။ သူတို့အတွက် ကျွန်မတို့ စီစဉ်ပေးသင့်တာက ဒါပါ။ လူနာဆောင်ထဲမှာလို ၁၅ ဦး၊ ၂၀ ဦး၊ ၃၀ ဦး အုပ်စုနဲ့ မနေရအောင်၊ အိမ်မှာလိုဖြစ်ဖို့ စီစဉ်ပေးသင့်လို့ ကျွန်မတို့ ပြောခဲ့တယ်၊ နိုး၊ လူစုကလေး တစ်ခုပါ၊ မိသားစုလို ခြောက်ယောက်၊ ခုနှစ်ယောက်ပါ။ မိတ်ဆွေတွေနဲ့ နေတာမျိုးပေါ့။ အတူတူနေထိုင်ကြတဲ့အခါ သူတို့တွေ မိတ်ဆွေတွေဖြစ်လာဖို့ အခွင့်လမ်းကောင်းရေစေဖို့ ဘဝနဲ့ပတ်သက်တဲ့ သူတို့ရဲ့စိတ်ကူးတွေကို အခြေခံပြီး လူတွေကို ရွေးချယ်ဖို့ နည်းလမ်းတစ်ခု ရှာသင့်တယ်။ နေထိုငိသူအားလုံးရဲ့ မိသားစုတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်။ "သင့်အဖေအတွက် ဘာက အရေးကြီးတာလဲ။" "သင့်အမေအတွက် ဘာက အရေးကြီးတာလဲ။" "သူတို့ဘဝက ဘယ်လိုမျိုးလဲ။" "သူတို့လိုတာက ဘာလဲ"ပေါ့။ အုပ်စု ခုနှစ်ခုတွေ့ရှိခဲ့ပြီး ဘဝနေဟန် အုပ်စုတွေလို့ ကျွန်မတို့ ခေါ်တယ်။ ဥပမာ အနေနဲ့ ဒါကို သမားရိုးကျ ဘဝနေဟန်လို့ တွေ့ရတယ်။ ဒီဘဝနေဟန်မှာ လူတွေဟာ ပိုသမားရိုးကျဆန်တဲ့ နည်းလမ်းနဲ့ တစ်ဦးနဲ့တစ်ဦးတုံ့ပြန်ဆက်သွယ်တယ်၊ ခပ်တန်းတန်းနည်းတစ်ခုပေါ့။ သူတို့ နေ့စဉ်စည်းချက်က နေ့နှောင်ပိုင်းမှာ စပြီး နေ့နှောင်းပိုင်းမှာ အဆုံးသတ်တယ်။ ဒီဘဝနေဟန် အုပ်စုမှာ အခြား ဘဝနေဟန် အုပ်စုတွေထက်စာရင် ရှေးသီချင်းကြီးတွေကို ပိုကြားရတယ်။ သူတို့ရဲ့ ဟင်လျာစာရင်းက အင်း ရိုရာ ဒတ်ချ်ဟင်းလျာထက် ပြင်သစ် ပိုဆန်တယ်။ (ရယ်သံများ) လက်မှုပညာသည် ဘဝနေဟန်နဲ့တော့ ဆန့်ကျင်ဘက်ပေါ့။ ဒါက အင်မတန်ကို ရိုးရာဆန်တဲ့ ဘဝနေဟန်လေ၊ သူတို့က အစောကြီး အိပ်ရာဝင်ပြီး အစောကြီး ထကြတယ်။ အကြောင်းက သူတို့ဟာ တစ်ဘဝလုံး အလုပ်ကြိုးစားကြပြီး အများစုက လက်တွေနဲ့လေ။ ဖြစ်တတ်တာက မိသားစုလုပ်ငန်းလေးတစ်ခု၊ လယ်လေးတစ်ကွက်နဲ့ ဆိုင်လေးတစ်ဆိုင်ပဲ။ ဒါမှမဟုတ် Mr. B လို၊ သူက သူရင်းငှား ဖြစ်ဖူးတယ်။ သူ ကျွန်မကိုပြောတာက မနက်တိုင်း နေ့လည်စာပါတဲ့ စက္ကူအိတ်တစ်အိတ်၊ ဆေးပြင်းလိပ်တစ်လိပ်နဲ့ သူအလုပ်သွားတယ်။ ဒီဆေးပြင်းလိပ်တစ်လိပ်ဟာ သူတတ်နိုငိတဲ့ တစ်ခုတည်းသော ဇိမ်ခံမှုတဲ့။ နေ့လည်စာပြီးရင် သူ ဒီဆေးပြင်းလိပ်ကို သောက်တယ်။ Hogeweyk မှာ သူမသေခင်အထိ နေ့တိုင်း ဒီတဲလေးမှာရှိခဲ့တယ်၊ နေ့လည်စာပြီးရင် ဆေးပြင်းလိပ်သောက်ဖို့လေ။ ဒါက ကျွန်မအမေပါ။ သူက ယဉ်ကျေးမှု ဘဝနေဟန် အုပ်စုကပါ၊ အခုဆို Hogeweyk မှာနေတာ တစ်လခွဲရှိပါပြီ။ ဒီဘဝနေဟန်က ခရီးသွားခြင်း၊ အခြားလူတွေ၊ အခြားယဉ်ကျေးမှုတွေနဲ့ တွေ့ဆုံခြင်းပါ။ အနုပညာနဲ့ ဂီတကို စိတ်ဝင်စားတာပါ။ နောက်ထပ် ဘဝနေဟန်တွေရှိပြီး ဒါပေမဲ့ ဒါက ကျွန်မတို့ ဆွေးနွေးခဲ့တာ၊ ကျွန်မတို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒါက လူစုတစ်နဲ့ အိမ်တစ်လုံးထဲက ဘဝတစ်ခုပဲမဟုတ်ဘူး၊ အကြိုက်တူတဲ့လူတွေ၊ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင် အိမ်ထောင်စုပါ။ ဘဝမှာ ဒိထက်ပိုပါသေးတယ်၊ လူတိုင်းဟာ ဘဝမှာ ပျော်ချင်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုလိုချင်တယ်။ ကျွန်မတို့က လူမှုရေးသတ္တဝါတွေ လူမှုရေးဘဝတစ်ခု လိုအပ်တယ်။ ဒါက ကျွန်မတို့ စခဲ့တာပါ။ အိမ်ကနေထွက်ပြီး စျေးဝယ်ချင်တယ်၊ အခြားလူတွေကို တွေ့ချင်တယ်။ ဒါမှမဟုတ် အရက်ဆိုင်သွားပြီး မိတ်ဆွေတွေနဲ့ ဘီယာသောက်တယ်။ ဒါမှမဟုတ် Mr. W လိုပေါ့၊ သူက နေ့တိုင်း အပြင်ထွက်ရတာကြိုက်တယ်၊ ခပ်ချောချော အမျိုးသမီးတွေ တွေ့မလားဆိုပြီးပေါ့။ (ရယ်သံများ) သူတို့ကိုဆို အတော် ရည်မွန်ပြီး အပြုံံးတွေကို မျှော်လင့်တာ၊ သူ ရတယ်လေ။ သူတို့နဲ့ အရက်ဆိုင်မှာ ကတယ်၊ နေ့တိုင်းကို ပွဲဖြစ်နေတယ်လေ။ စာသောက်ဆိုင်ကိုပဲ သွားချင်တဲ့ လူတွေရှိတယ်၊ မိတ်ဆွေတွေနဲ့ ဝိုင်သောက်၊ ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ နေ့လည်စာ (သို့) ညစာစား၊ဘဝကို အောင်ပွဲခံတာပေါ့။ ကျွန်မ အမေက ပန်းခြံထဲမှာ လမ်းလျှောက်ပြီး နေရောင်ထဲက ခုံတန်းမှာထိုင်တယ်၊ ဖြတ်သွားဖြတ်လာတစ်ယောက် သူ့ဘေးမှာ လာထိုင်ပြီး ဘဝအကြောင်း ဒါမှမဟုတ် ကန်ထဲက ဘဲတွေအကြောင်း စကာစမြည်လာပြောမလားလို့ မျှော်လင့်ချက်နဲ့ပေါ့။ ဒီလူမှုရေး ဘဝက အရေးပါတယ်။ ဆိုလိုတာက သင်ဟာ သင်နဲ့ပတ်သက်တဲ့ လူမှုအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းလေ။ ဒါက ကျွန်မတို့လူတွေ လိုအပ်တာပါ။ သင်ဟာ ရင့်နေတဲ့ စိတ်ယိုယွင်းမှုရောရာနဲ့ ရှင်သန်နေရင်တောင်ပါ။ ဒါကတော့ ကျွန်မရဲ့ ရုံးပြတင်းပေါက်ကနေ မြင်ရတာပါ။ တစ်နေ့မှာ အမျိုးသမီးတစ်ဦး တစ်ဘက်ကနေ လာနေတာတွေ့ရတယ်။ အြခားတစ်ဦးက အြခားဘက်ကနေပေါ့၊ သူတို့တွေ လမ်းထောင့်မှာ ဆုံကြတယ်။ နှစ်ယောက်စလုံးကို ကျွန်မ ကောင်းကောင်းသိပါတယ်။ သူတို့ အပြင်မှာ လမ်းလျှောက်တာ မကြာခဏ တွေးဖူးတယ်။ တစ်ခါတစ်လေ သူတို့နဲ့ စကားစမြည် ပြောဖို့ခကြိုးစားကြည့်ဖူးတယ်။ ဒါပေမဲ့ သူတို့စကားပြောတာက နားလည်ဖို့ အတော်လေး ခက်တယ်။ ဒါပေမဲ့ သူတို့ဆုံတာ တွေ့တယ်၊ သူတို့ စကားပြောတာ တွေ့တယ်။ သူတို့ လက်ဟန်ခြေဟန်ပြတာ တွေ့တယ်။ သူတို့ အတူတူ ပျော်လို့ရွှင်လို့လေ။ ဒီနောက် သူတို့ နှုတ်ဆက်ကြပြီး ကိုယ့်လမ်း ကိုယ်ပြန်သွားကြတယ်။ ဘဝမှာ သင်လိုတာက ဒါပါ၊ အြခားလူတွေကို တွေ့ဆုံတာနဲ့ လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာပါ။ ဒါဖြစ်ပျက်နေတာကို ကျွန်မ မြင်လိုက်ရတာပါ။ Hogeweyk ဟာ စိတ်ယိုယွင်းမှုရောဂါ အတော်ရင့်နေတဲ့လူတွေ နေထိုင်နိုင်တဲ့၊ လွတ်လပ်မှုရှိပြီး ဘေးကင်းတဲ့ နေရာတစ်ခုဖြစ်လာပါပြီ။ အကြောင်းက ဒီမှာလုပ်နေကြတဲ့ ပညာရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ စိတ်ယိုယွင်းမှုရောဂါကို ကိုင်တွယ်နည်းကို သိတာကြောင့်ပါ။ ကျွန်မတို့ရဲ့ နေထိုင်သူတွေရဲ့ ဘဝမှာ သဘာဝကျကျ အံဝင်ခွင်ကျတဲ့နည်းလမ်းနဲ့ သူတို့ရဲ့ ပညာရှင်ဆန်တဲ့အလုပ်ကို ဘယ်လိုလုပ်ရတယ်ဆိုတာ သိပါတယ်။ ဆိုလိုတာက ဒီလူတွေ သူတို့အလုပ်လုပ်ရာမှာ လိုအပ်တာမှန်သမျှကို စီမံအုပ်ချုပ်မှုက ပံ့ပိုးပေးဖို့လိုတာပါ။ ဒါကိုလုပ်ရဲတဲ့ စီမံအုပ်ချုပ်မှုတစ်ခု လိုအပ်ပါတယ်။ အစဉ်အလာ ပြုစုရေး ဂေဟာတစ်ခုမှာ ကျွန်မတို့ အမြဲလုပ်ခဲ့ဖူးတာတွေထက် တစ်မူခြားစွာ လုပ်ဆောင်ဖို့ပါ။ ဒါဟာ အလုပ်ဖြစ်တာ တွေ့ရတယ်။ ဒါကို နေရာတိုင်းမှာ လုပ်နိုင်တယ်လို့ ထင်တာက ဒါဟာ ချမ်းသာသူတွေအတွက် မဟုတ်လို့ပါ။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ အစဉ်အလာ ပြုစုရေး ဂေဟာလိုပဲ အလားတူ အသုံးစရိတ်နဲ့ လုပ်နေခဲ့တာပါ။ နိုင်ငံတွေ အသုံးစရိတ်နဲ့ပဲ လုပ်တာပါ။ (လက်ခုပ်သံများ) အကြောင်းက ဒါက တစ်မူထူးအောင် တွေးခြင်းနဲ့နဲ့ဆိုင်တာပါ၊ မိမိရှေ့က လူကိုကြည့်ခြင်းနဲ့ ဒီလူ လက်ရှိလိုနေတာကို ကြည့်တာပါ။ ဒါဟာ အပြံးတစ်ပွင့်ပါ၊ တစ်မူထူးအောင် တွေးခြင်းပါ။ သင့်ရဲ့ လုပ်ဆောင်ပုံပါ၊ ဘာမှ မကုန်ကျပါဘူး။ အြခားဟာတစ်ခု ရှိပါသေးတယ်၊ ရွေးချယ်မှုတွေလုပ်ခြင်းပါ။ သင် ငွေသုံးတဲ့ အရာကအပေါ် ရွေးချယ်မှုတွေ ပြုလုပ်ခြင်းပါ။ ကျွန်မ အမြဲ ပြောတာက "ခန်းဆီးအနီရောင်တွေဟာ မီးခိုးရောင်တွေလိုပဲ စျေးကြီးပါတယ်။" (ရယ်သံများ) ဒါဟာ နေရာတိုင်းမှာ လုပ်ရနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)