အထီးကျန် စိတ်ဝေဒနာကို နားလည်ဖို့ မျက်နှာမလွှဲပါနဲ့။
-
0:01 - 0:03"ငါ့ကို ကြည့်"
-
0:05 - 0:09ဒီစကားစုက ကျွန်မကို မျက်လုံးချင်း
ဆက်သွယ်တဲ့ နည်းပြဖြစ်စေခဲ့တယ်။ -
0:11 - 0:14ကျွန်မက Ivan ရဲ့အမေပါ၊ သူက ၁၅ နှစ်သားပါ။
-
0:15 - 0:16သူ့မှာ အထီးကျန် စိတ်ဝေဒနာရှိတယ်။
-
0:16 - 0:18သူ စကားမပြောတတ်ဘူး၊
-
0:18 - 0:20ရုပ်ပုံတွေမှာ တည်ရှိတဲ့
-
0:20 - 0:24သူ့ရဲ့ စကားလုံးတွေရဲ့ စကြာဝဠာ တစ်ခုလုံးရှိ
ရာ iPad ကနေ ဆက်သွယ်ပါတယ်။ -
0:26 - 0:30သူ နှစ်နှစ်ခွဲမှာ ရောဂါပေါ်ခဲ့တာပါ။
-
0:32 - 0:36အဲဒီနေ့ကို နာကျင်စွာပဲ
ကျွန်မ အမှတ်ရနေဆဲပါ။ -
0:37 - 0:40ကျွန်မတို့ဟာ တကယ်
ဆုံးရှုံးမှု ခံစားရတယ်၊ -
0:41 - 0:44ဘယ်က စရမှန်း မသိခဲ့ကြဘူးလေ။
-
0:45 - 0:47အင်တာနက်က မရှိခဲ့
-
0:47 - 0:50သတင်းအချက်အလက်ကို ရှာလို့မရခဲ့တော့
-
0:51 - 0:53အလိုလိုသိစိတ် သက်သက်ကနေ
-
0:54 - 0:56ဒီပထမ ခြေလှမ်းတွေ လှမ်းခဲ့တယ်။
-
0:58 - 1:00Ivan က မျက်လုံးချင်း အဆုံမခံခဲ့ဘူး၊
-
1:01 - 1:03သူသိခဲ့တဲ့ စကားလုံးတွေ ပျောက်ဆုံးခဲ့ကာ
-
1:04 - 1:08စကားလုံးတွေဟာ ဆူညံသံလို သူ့အမည်(သို့)
-
1:09 - 1:11ကျွန်မတို့ မေးတဲ့တစ်ခုခုကို
မတုံ့ပြန်ခဲ့ဘူးလေ။ -
1:13 - 1:17သူဖြစ်နေတာနဲ့ သူခံစားရတာကို
-
1:18 - 1:20ကျွန်မသိနိုင်တဲ့
-
1:20 - 1:22တစ်ခုတည်းသော နည်းလမ်းက
-
1:22 - 1:24သူ့မျက်လုံးထဲကို ကြည့်နေခြင်းပါ။
-
1:26 - 1:28ဒါပေမဲ့ ဒီတံတားက ကျိုးနေတယ်။
-
1:31 - 1:33သူ့ကို ဘဝအကြောင်း ဘယ်လိုသင်ပေးနိုင်မလဲ။
-
1:36 - 1:39သူကြိုက်တာတွေ လုပ်ပေးတဲ့အခါ
ကျွန်မကို သူက ကြည့်တော့ -
1:39 - 1:41ကျွန်မတို့ ဆက်သွယ်မိသွားတယ်ပေါ့။
-
1:42 - 1:45ဒါနဲ့ ဒီအရာတွေကို သူနဲ့တွဲလုပ်ဖို့
ကိုယ့်ကိုယ်ကို ရည်စူးခဲ့တယ်။ -
1:45 - 1:50ဒါနဲ့ ကျွန်မတို့ မျက်လုံးချင်း ဆက်သွယ်တဲ့
ကာလတွေ ပိုများများလာခဲ့တယ်။ -
1:51 - 1:58သူ့ရဲ့ အစ်မ Alexia နဲ့အတူ နာရီများစွာ
ကျွန်မတို့ လိုက်တမ်းပြေးတမ်း ကစားခဲ့တယ်။ -
1:59 - 2:01"မိပြီဟေ့" လို့ ကျွန်မတို့ ပြောတဲ့အခါ
-
2:02 - 2:04သူဟာ ကျွန်မတို့ကို ပတ်ပြီးရှာနေတော့
-
2:05 - 2:10အဲဒီအခိုက်မှာ သူ အသက်ရှိသေးတာကို
ကျွန်မခံစားလို့ရတယ်။ -
2:13 - 2:18ရေကူးကန်က နာရီတွေကို မှတ်ထားသေးတယ်
-
2:19 - 2:23Ivan က အမြဲပဲ ရေဆို အရမ်းကြိုက်တာလေ။
-
2:24 - 2:27သူနှစ်နှစ်ခွဲအရွယ်က မိုးရွာတဲ့
ဆောင်းတွင်း တစ်နေ့မှာ -
2:28 - 2:31သူ့ကို မိုးလုံလေလုံ ရေကူးကန်တစ်ခုကို
-
2:31 - 2:34ခေါ်သွားတာ မှတ်မိတယ်၊
-
2:34 - 2:36မိုးရွာတဲ့နေ့တွေမှာတောင်
ကျွန်မတို့က ရေကူးကန်သွားတာလေ။ -
2:38 - 2:42ကျွန်မတို့တွေ အဝေးပြေးလမ်းပေါ်မှာ
ထွက်ပေါက်မှားခဲ့တယ်။ -
2:42 - 2:46သူက မျက်ရည်ပေါက်ပေါက်ကျပြီး
ချော့မရအေင် မရပ်မနား ငိုတာ -
2:46 - 2:48ပြန်မလှည်ခင်အထိလေ။
-
2:49 - 2:50အဲဒီတော့မှပဲ သူငြိမ်ကျသွားတယ်။
-
2:52 - 2:55နှစ်နှစ်ခွဲသားလေးက သူ့နာမည်ကို မတုံ့ပြန်တာ
-
2:55 - 2:57ဘယ်လိုဖြစ်ရတာလဲ။
-
2:58 - 3:02ကျွန်မ ဘာမှ မမြင်ရတဲ့
မိုးနဲ့ မြူခိုးကြားမှာ -
3:02 - 3:06သူက လမ်းကြောင်းကို အတိအကျသိတာလေ။
-
3:09 - 3:13အဲဒီအချိန် သဘောပေါက်လိုက်တာက
Ivan ဟာ သူမတူတဲ့ အမြင်ပိုင်းမှတ်ဉဏ်ရှိပြီး -
3:14 - 3:17ဒါဟာ ကျွန်မ လုပ်ရမယ့်ဟာဆိုတာပါ။
-
3:18 - 3:20ဒါနဲ့ အရာတိုင်းကို ဓာတ်ပုံတွေ စရိုက်ပြီး
-
3:21 - 3:23သူ့ကို တစ်ပုံချင်းပြကာ ဘဝဆိုတာဘယ်လိုဆိုတာ
-
3:23 - 3:27သူကို သင်ပေးခဲ့တယ်။
-
3:28 - 3:32အခုမှ ဒါဟာ Ivan လိုချင်တဲ့၊
-
3:32 - 3:34သူလိုအပ်တဲ့၊
-
3:34 - 3:36သူလည်းခံစားရတဲ့
-
3:36 - 3:39ဆက်သွယ်နည်းပါ။
-
3:42 - 3:45ဒါပေမဲ့ Ivan ရဲ့ မျက်လုံးချင်းဆက်သွယ်မှု
တင် အရေးပါတာ မဟုတ်ပါဘူး။ -
3:47 - 3:49အခြားလူတိုင်းလည်း လုပ်ခဲ့တာပဲလေ။
-
3:51 - 3:55သူ့ရဲ့ အထီးကျန် စိတ်ဝေဒနာကို
လူတွေမြင်အောင်လုပ်တာမက၊ -
3:55 - 3:56သူ့ကို လူတစ်ယောက်လို မြင်ဖို့
-
3:57 - 3:59သူပေးနိုင်တာ အားလုံး၊
-
4:00 - 4:02သူကြိုက်တာ၊ မကြိုက်တာတွေ
-
4:03 - 4:06ကျွန်မတို့ အားလုံးလိုပဲဖြစ်အောင်
-
4:06 - 4:08ကျွန်မ ဘယ်လိုများလုပ်နိုင်လဲ။
-
4:09 - 4:12ဒါပေမဲ့ ဒါအတွက်တော့
စိတ်ရောကိုယ်ပါ မြှုပ်နှံဖို့လည်းလိုပါတယ်။ -
4:14 - 4:16သူ့ကို လွှတ်ပေးဖို့ အင်အားရှိဖို့လိုတယ်။
-
4:17 - 4:19ဒါက အင်မတန် ခက်ပါတယ်၊
-
4:21 - 4:23Ivan က ၁၁ နှစ်သားဖြစ်ပြီး
-
4:24 - 4:27အိမ်နားက ရပ်ကွက်ထဲမှာ
ကုသဖို့ သူသွားခဲ့တယ်။ -
4:29 - 4:32နေ့လည်ခင်းတစ်ခုမှာ
သူ့ကို ကျွန်မစောင့်နေတုန်း -
4:33 - 4:34ကုန်စိမ်းဆိုင်ထဲကိုဝင်ခဲ့တယ်
-
4:34 - 4:37တိုလီမုတ်စလေးတွေ အကုန်ရှိတဲ့
တကယ့် ရပ်ကွက်ဆိုင်ပါ။ -
4:38 - 4:40စျေးဝယ်နေတုန်း
-
4:40 - 4:43ဆိုင်ရှင် Jose နဲ့ စကားစပြောမိတယ်။
-
4:45 - 4:46သူ့ကို Ivan အကြောင်းပြောမိတယ်
-
4:47 - 4:48သူက အထီးကျန်စိတ်ဝေဒနာရှိတယ်၊
-
4:49 - 4:54ဘယ်သူမှ လက်မကိုင်စေပဲ လမ်းထဲမှာ သူ့ဘာသာ
-
4:54 - 4:56လမ်းလျှောက် တတ်စေချင်တယ်ပေါ့။
-
4:57 - 5:01ဒီတော့ ကြသပတေး နေ့လည် ၂ နာရီလောက်
Ivan လာပြီး စင်တွေပေါ်က ရေဘူးတွေ -
5:02 - 5:05ကူစီပေးလို့ရ၊ မရ
Jose ကိုမေးဖို့ဆုံးဖြတ်တယ် -
5:05 - 5:08သူက ပစ္စည်းတွေ စီတာကြိုက်တာကိုး။
-
5:08 - 5:11ဆုအနေနဲ့ ချောကလက် ကွတ်ကီးတွေ
ပေးလို့ရတယ်၊ -
5:11 - 5:13ဒါတွေက သူ့အကြိုက်တွေလေ။
-
5:16 - 5:17သူက ချက်ချင်းပဲ သဘောတူခဲ့တယ်။
-
5:19 - 5:22ဒီတော့ ဒါက တစ်နှစ်တာဖြစ်ခဲ့ပုံပါ။
-
5:22 - 5:24Ivan ဟာ Jose ရဲ့ ကုန်စိမ်းဆိုင်ကိုသွား၊
-
5:25 - 5:29တံဆိပ်တွေကိုတစ်ဘက်တည်းမှာ
အံကိုက်တန်းပေးကာ -
5:29 - 5:34သူ့ကို ရေဘူး စင်တွေကို ကူပြီး စီပေးတယ်၊
-
5:34 - 5:38သူ့အကြိုက်ဆုံး ချောကလက် ကွတ်ကီးတွေနဲ့
ပျော်ပျော်ထွက်လာတယ်။ -
5:44 - 5:46Jose ဟာ အထီးကျန် စိတ်ဝေနာ
ကျွမ်းကျင်သူ မဟုတ်ပါဘူး။ -
5:49 - 5:52ကျွမ်းကျင်သူဖြစ်ဖို့ မလိုသလို
-
5:53 - 5:57တစ်ယောက်ယောက် ပါဝင်စေဖို့
သူရဲကောင်းဆန်တာ တစ်ခုမှ မလုပ်ပါဘူး။ -
6:00 - 6:02ကျွန်မတို့ အဲဒီမှာ ရှိရုံပါပဲ။
-
6:03 - 6:04(လက်ခုပ်သံများ)
-
6:11 - 6:13(လက်ခုပ်သံ အဆုံးသတ်သည်)
-
6:14 - 6:15သူရဲကောင်းဆန်တဲ့ လုပ်ရပ်မရှိပဲ
-
6:17 - 6:19အနီးကပ် ရှိဖို့ပဲလိုတာပါ။
-
6:22 - 6:24ကျွန်မတို့ တစ်ခုခုကို ကြောက်ရင်
-
6:25 - 6:27သို့မဟုတ် တစ်ခုခုကို နားမလည်ရင်
-
6:27 - 6:28ကျွန်မတို့ မေးဖို့လိုတယ်။
-
6:29 - 6:31ဘယ်တော့မှ ဂရုမစိုက်မဖြစ်ပဲ
-
6:32 - 6:36သိလိုစိတ်ရှိကြပါစို့။
-
6:38 - 6:42တစ်ဦးနဲ့တစ်ဦး မျက်လုံးချင်း
ကြည်ဖို့ သတ္တိရှိကြပါစို့၊ -
6:44 - 6:46အကြောင်းက ကြည့်ခြင်းကနေ
-
6:47 - 6:50အခြားသူလူတစ်ယောက်အတွက်
ကမ္ဘာတစ်ခုလုံးကို ဖွင့်ပေးနိုင်လို့ပါ။ -
6:51 - 6:54လက်ခုပ်သံများ)
-
6:54 - 6:56(ဩဘာသံများ)
- Title:
- အထီးကျန် စိတ်ဝေဒနာကို နားလည်ဖို့ မျက်နှာမလွှဲပါနဲ့။
- Speaker:
- Carina Morillo
- Description:
-
Carina Morillo ဟာ သူမရဲ့သား Ivan ရောဂါစပေါ်တော့ အထီးကျန် စိတ်ဝေဒနာအကြောင်းကို ဘာမှ မသိသလောက်ပါ။ သူ စကားမပြောဘူး ဒါမှမဟုတ် စကားလုံးတွေကို မတုံ့ပြန်ဘူးဆိုတာ လောက်ဖြစ်ပြီး သူနဲ့ ဆက်သွယ်ဖို့အတွက် အခြားနည်းလမ်းတွေ ရှာခဲ့ရပါတယ်။ သူနဲ့အတူလိုက်ပြီး သိချင်စိတ်ဖြစ်ခြင်းကနေ သူမရဲ့သားကို ဖွံ့ဖြိုးရှင်သန်စေဖို့ အထောက်အကူပေးဖို့ ဘယ်လို သူမလေ့လာ သင်ယူခဲ့တယ်ဆိုတာကို မျှဝေထားပါတယ်။
- Video Language:
- Spanish
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 07:09
sann tint approved Burmese subtitles for Para entender el autismo, no quites la mirada | ||
Myo Aung accepted Burmese subtitles for Para entender el autismo, no quites la mirada | ||
Myo Aung edited Burmese subtitles for Para entender el autismo, no quites la mirada | ||
sann tint edited Burmese subtitles for Para entender el autismo, no quites la mirada | ||
sann tint edited Burmese subtitles for Para entender el autismo, no quites la mirada | ||
sann tint edited Burmese subtitles for Para entender el autismo, no quites la mirada | ||
sann tint edited Burmese subtitles for Para entender el autismo, no quites la mirada | ||
sann tint edited Burmese subtitles for Para entender el autismo, no quites la mirada |