"ငါ့ကို ကြည့်" ဒီစကားစုက ကျွန်မကို မျက်လုံးချင်း ဆက်သွယ်တဲ့ နည်းပြဖြစ်စေခဲ့တယ်။ ကျွန်မက Ivan ရဲ့အမေပါ၊ သူက ၁၅ နှစ်သားပါ။ သူ့မှာ အထီးကျန် စိတ်ဝေဒနာရှိတယ်။ သူ စကားမပြောတတ်ဘူး၊ ရုပ်ပုံတွေမှာ တည်ရှိတဲ့ သူ့ရဲ့ စကားလုံးတွေရဲ့ စကြာဝဠာ တစ်ခုလုံးရှိ ရာ iPad ကနေ ဆက်သွယ်ပါတယ်။ သူ နှစ်နှစ်ခွဲမှာ ရောဂါပေါ်ခဲ့တာပါ။ အဲဒီနေ့ကို နာကျင်စွာပဲ ကျွန်မ အမှတ်ရနေဆဲပါ။ ကျွန်မတို့ဟာ တကယ် ဆုံးရှုံးမှု ခံစားရတယ်၊ ဘယ်က စရမှန်း မသိခဲ့ကြဘူးလေ။ အင်တာနက်က မရှိခဲ့ သတင်းအချက်အလက်ကို ရှာလို့မရခဲ့တော့ အလိုလိုသိစိတ် သက်သက်ကနေ ဒီပထမ ခြေလှမ်းတွေ လှမ်းခဲ့တယ်။ Ivan က မျက်လုံးချင်း အဆုံမခံခဲ့ဘူး၊ သူသိခဲ့တဲ့ စကားလုံးတွေ ပျောက်ဆုံးခဲ့ကာ စကားလုံးတွေဟာ ဆူညံသံလို သူ့အမည်(သို့) ကျွန်မတို့ မေးတဲ့တစ်ခုခုကို မတုံ့ပြန်ခဲ့ဘူးလေ။ သူဖြစ်နေတာနဲ့ သူခံစားရတာကို ကျွန်မသိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူ့မျက်လုံးထဲကို ကြည့်နေခြင်းပါ။ ဒါပေမဲ့ ဒီတံတားက ကျိုးနေတယ်။ သူ့ကို ဘဝအကြောင်း ဘယ်လိုသင်ပေးနိုင်မလဲ။ သူကြိုက်တာတွေ လုပ်ပေးတဲ့အခါ ကျွန်မကို သူက ကြည့်တော့ ကျွန်မတို့ ဆက်သွယ်မိသွားတယ်ပေါ့။ ဒါနဲ့ ဒီအရာတွေကို သူနဲ့တွဲလုပ်ဖို့ ကိုယ့်ကိုယ်ကို ရည်စူးခဲ့တယ်။ ဒါနဲ့ ကျွန်မတို့ မျက်လုံးချင်း ဆက်သွယ်တဲ့ ကာလတွေ ပိုများများလာခဲ့တယ်။ သူ့ရဲ့ အစ်မ Alexia နဲ့အတူ နာရီများစွာ ကျွန်မတို့ လိုက်တမ်းပြေးတမ်း ကစားခဲ့တယ်။ "မိပြီဟေ့" လို့ ကျွန်မတို့ ပြောတဲ့အခါ သူဟာ ကျွန်မတို့ကို ပတ်ပြီးရှာနေတော့ အဲဒီအခိုက်မှာ သူ အသက်ရှိသေးတာကို ကျွန်မခံစားလို့ရတယ်။ ရေကူးကန်က နာရီတွေကို မှတ်ထားသေးတယ် Ivan က အမြဲပဲ ရေဆို အရမ်းကြိုက်တာလေ။ သူနှစ်နှစ်ခွဲအရွယ်က မိုးရွာတဲ့ ဆောင်းတွင်း တစ်နေ့မှာ သူ့ကို မိုးလုံလေလုံ ရေကူးကန်တစ်ခုကို ခေါ်သွားတာ မှတ်မိတယ်၊ မိုးရွာတဲ့နေ့တွေမှာတောင် ကျွန်မတို့က ရေကူးကန်သွားတာလေ။ ကျွန်မတို့တွေ အဝေးပြေးလမ်းပေါ်မှာ ထွက်ပေါက်မှားခဲ့တယ်။ သူက မျက်ရည်ပေါက်ပေါက်ကျပြီး ချော့မရအေင် မရပ်မနား ငိုတာ ပြန်မလှည်ခင်အထိလေ။ အဲဒီတော့မှပဲ သူငြိမ်ကျသွားတယ်။ နှစ်နှစ်ခွဲသားလေးက သူ့နာမည်ကို မတုံ့ပြန်တာ ဘယ်လိုဖြစ်ရတာလဲ။ ကျွန်မ ဘာမှ မမြင်ရတဲ့ မိုးနဲ့ မြူခိုးကြားမှာ သူက လမ်းကြောင်းကို အတိအကျသိတာလေ။ အဲဒီအချိန် သဘောပေါက်လိုက်တာက Ivan ဟာ သူမတူတဲ့ အမြင်ပိုင်းမှတ်ဉဏ်ရှိပြီး ဒါဟာ ကျွန်မ လုပ်ရမယ့်ဟာဆိုတာပါ။ ဒါနဲ့ အရာတိုင်းကို ဓာတ်ပုံတွေ စရိုက်ပြီး သူ့ကို တစ်ပုံချင်းပြကာ ဘဝဆိုတာဘယ်လိုဆိုတာ သူကို သင်ပေးခဲ့တယ်။ အခုမှ ဒါဟာ Ivan လိုချင်တဲ့၊ သူလိုအပ်တဲ့၊ သူလည်းခံစားရတဲ့ ဆက်သွယ်နည်းပါ။ ဒါပေမဲ့ Ivan ရဲ့ မျက်လုံးချင်းဆက်သွယ်မှု တင် အရေးပါတာ မဟုတ်ပါဘူး။ အခြားလူတိုင်းလည်း လုပ်ခဲ့တာပဲလေ။ သူ့ရဲ့ အထီးကျန် စိတ်ဝေဒနာကို လူတွေမြင်အောင်လုပ်တာမက၊ သူ့ကို လူတစ်ယောက်လို မြင်ဖို့ သူပေးနိုင်တာ အားလုံး၊ သူကြိုက်တာ၊ မကြိုက်တာတွေ ကျွန်မတို့ အားလုံးလိုပဲဖြစ်အောင် ကျွန်မ ဘယ်လိုများလုပ်နိုင်လဲ။ ဒါပေမဲ့ ဒါအတွက်တော့ စိတ်ရောကိုယ်ပါ မြှုပ်နှံဖို့လည်းလိုပါတယ်။ သူ့ကို လွှတ်ပေးဖို့ အင်အားရှိဖို့လိုတယ်။ ဒါက အင်မတန် ခက်ပါတယ်၊ Ivan က ၁၁ နှစ်သားဖြစ်ပြီး အိမ်နားက ရပ်ကွက်ထဲမှာ ကုသဖို့ သူသွားခဲ့တယ်။ နေ့လည်ခင်းတစ်ခုမှာ သူ့ကို ကျွန်မစောင့်နေတုန်း ကုန်စိမ်းဆိုင်ထဲကိုဝင်ခဲ့တယ် တိုလီမုတ်စလေးတွေ အကုန်ရှိတဲ့ တကယ့် ရပ်ကွက်ဆိုင်ပါ။ စျေးဝယ်နေတုန်း ဆိုင်ရှင် Jose နဲ့ စကားစပြောမိတယ်။ သူ့ကို Ivan အကြောင်းပြောမိတယ် သူက အထီးကျန်စိတ်ဝေဒနာရှိတယ်၊ ဘယ်သူမှ လက်မကိုင်စေပဲ လမ်းထဲမှာ သူ့ဘာသာ လမ်းလျှောက် တတ်စေချင်တယ်ပေါ့။ ဒီတော့ ကြသပတေး နေ့လည် ၂ နာရီလောက် Ivan လာပြီး စင်တွေပေါ်က ရေဘူးတွေ ကူစီပေးလို့ရ၊ မရ Jose ကိုမေးဖို့ဆုံးဖြတ်တယ် သူက ပစ္စည်းတွေ စီတာကြိုက်တာကိုး။ ဆုအနေနဲ့ ချောကလက် ကွတ်ကီးတွေ ပေးလို့ရတယ်၊ ဒါတွေက သူ့အကြိုက်တွေလေ။ သူက ချက်ချင်းပဲ သဘောတူခဲ့တယ်။ ဒီတော့ ဒါက တစ်နှစ်တာဖြစ်ခဲ့ပုံပါ။ Ivan ဟာ Jose ရဲ့ ကုန်စိမ်းဆိုင်ကိုသွား၊ တံဆိပ်တွေကိုတစ်ဘက်တည်းမှာ အံကိုက်တန်းပေးကာ သူ့ကို ရေဘူး စင်တွေကို ကူပြီး စီပေးတယ်၊ သူ့အကြိုက်ဆုံး ချောကလက် ကွတ်ကီးတွေနဲ့ ပျော်ပျော်ထွက်လာတယ်။ Jose ဟာ အထီးကျန် စိတ်ဝေနာ ကျွမ်းကျင်သူ မဟုတ်ပါဘူး။ ကျွမ်းကျင်သူဖြစ်ဖို့ မလိုသလို တစ်ယောက်ယောက် ပါဝင်စေဖို့ သူရဲကောင်းဆန်တာ တစ်ခုမှ မလုပ်ပါဘူး။ ကျွန်မတို့ အဲဒီမှာ ရှိရုံပါပဲ။ (လက်ခုပ်သံများ) (လက်ခုပ်သံ အဆုံးသတ်သည်) သူရဲကောင်းဆန်တဲ့ လုပ်ရပ်မရှိပဲ အနီးကပ် ရှိဖို့ပဲလိုတာပါ။ ကျွန်မတို့ တစ်ခုခုကို ကြောက်ရင် သို့မဟုတ် တစ်ခုခုကို နားမလည်ရင် ကျွန်မတို့ မေးဖို့လိုတယ်။ ဘယ်တော့မှ ဂရုမစိုက်မဖြစ်ပဲ သိလိုစိတ်ရှိကြပါစို့။ တစ်ဦးနဲ့တစ်ဦး မျက်လုံးချင်း ကြည်ဖို့ သတ္တိရှိကြပါစို့၊ အကြောင်းက ကြည့်ခြင်းကနေ အခြားသူလူတစ်ယောက်အတွက် ကမ္ဘာတစ်ခုလုံးကို ဖွင့်ပေးနိုင်လို့ပါ။ လက်ခုပ်သံများ) (ဩဘာသံများ)