< Return to Video

စက္ကူ ခေါက်ပြီး လကမ္ဘာဆီ အရောက်သွားနိုင်မည်

  • 0:14 - 0:17
    စက္ကူစတစ်စကို ဘယ်နှစ်ကြိမ်
    ခေါက်နိုင်ပါသလဲ
  • 0:17 - 0:21
    ကျမ်းစာအုပ်ထုတ်ဖို့ ပုံမှန်အားဖြင့်
    အသုံးပြုသော အရမ်းပါးတဲ့
  • 0:21 - 0:23
    စက္ကူစတစ်ခု ရှိတယ်ဆိုပါစို့
  • 0:25 - 0:28
    တကယ်တော့ ၎င်းက
    ပိုးသားစနဲ့ တူပါတယ်
  • 0:28 - 0:30
    ဒီစိတ်ကူးတွေကို အတည်ပြုဖို့
  • 0:30 - 0:31
    ခင်ဗျားမှာ တစ် စင်တီမီတာရဲ့
  • 0:32 - 0:35
    တစ်ထောင်ပုံ တစ်ပုံ ထူတဲ့
    စာရွက်တစ်ရွက် ရှိတယ်ဆိုပါစို့
  • 0:35 - 0:39
    ဒါက (၁၀) ပေါ်မှာ ပါဝါ အနုတ် (၃) တင်ထားတဲ့
    စင်တီမီတာဖြစ်ပြီး
  • 0:39 - 0:42
    ဒဿမ (၀၀၁) စင်တီမီတာနဲ့ ညီမျှပါတယ်
  • 0:43 - 0:46
    ခင်ဗျားမှာ သတင်းစာ စာရွက်အရွယ်
    စာရွက် အကြီးကြီးတစ်ရွက်
  • 0:46 - 0:48
    ရှိတယ်လို့လည်း
    ယူဆကြပါစို့
  • 0:49 - 0:52
    အခု ဒါကို တစ်ဝက် စခေါက်ပြီး
  • 0:53 - 0:55
    ဒီလို ဘယ်နှစ်ကြိမ်လောက်
    ထပ်ခေါက်နိုင်မယ်လို့ ထင်သလဲ
  • 0:56 - 0:57
    နောက် မေးခွန်တစ်ခုက
  • 0:58 - 1:02
    စာရွက်ကို အခါခါ ဆန္ဒရှိသလောက်
    အကြိမ်များစွာ ခေါက်နိုင်ရင်
  • 1:02 - 1:03
    အကြိမ် (၃၀) ဆိုပါစို့
  • 1:03 - 1:06
    စက္ကူရဲ့အထူက ဘယ်လောက်
    ဖြစ်သွားမယ်လို့ ထင်သလဲ
  • 1:07 - 1:09
    ရှေ့မဆက်ခင်
  • 1:09 - 1:13
    ဖြစ်နိုင်တဲ့ အဖြေတစ်ခုကို
    အရင်စဉ်းစားပေးဖို့ တိုက်တွန်းချင်ပါတယ်
  • 1:14 - 1:15
    ဟုတ်ပြီ
  • 1:15 - 1:17
    စာရွက်ကို တစ်ကြိမ်ခေါက်ပြီးရင်
  • 1:17 - 1:21
    တစ် စင်တီမီတာရဲ့
    (၁၀၀၀ ) ပုံ (၂) ပုံ ထူသွားပါတယ်
  • 1:21 - 1:24
    ဒါကို ထပ်ပြီး တစ်ဝက် ထပ်ခေါက်ရင်
  • 1:24 - 1:27
    စာရွက်က တစ် စင်တီမီတာရဲ့
    (၁၀၀၀) ပုံ (၄) ပုံ ဖြစ်လာပါလိမ့်မယ်
  • 1:28 - 1:31
    ကျုပ်တို့ ခေါက်လိုက်တိုင်းမှာ
    စာရွက် အထူက နှစ်ဆဖြစ်လာပြီး
  • 1:32 - 1:35
    ဒါကို တစ်ဝက်ပြီး တစ်ဝက်
  • 1:35 - 1:38
    ထပ်ပြီး ဆက်ခေါက်သွားရင်
    အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်
  • 1:39 - 1:41
    ဆယ်ခါ ခေါက် အပြီးမှာ
  • 1:41 - 1:43
    (၂) ရဲ့ (၁၀) ထပ် ဖြစ်ပြီး၊
  • 1:43 - 1:46
    နှစ်ကို (၁၀)ကြိမ်မြှောက်ခြင်းက
  • 1:47 - 1:50
    (၁.၀၂၄) စင်တီမီတာ ဖြစ်ကြောင်း
    ဆိုလိုပါတယ်
  • 1:51 - 1:54
    ဒါက တစ် စင်တီမီတာ သာသာလေး
    ဖြစ်ပါတယ်
  • 1:54 - 1:56
    စာရွက်ကို ထက်ဝက် ဆက်ခေါက်ရင်
  • 1:57 - 1:59
    နောက်ထပ် ဘာများဆက်ဖြစ်မလဲ
  • 1:59 - 2:01
    (၁၇) ကြိမ် ခေါက်မယ်ဆိုရင်
  • 2:01 - 2:04
    နှစ် ရဲ့ (၁၇)ထပ်ရှိတဲ့ အထူ
    ဖြစ်တဲ့
  • 2:05 - 2:07
    (၁၃၁) စင်တီမီတာ ဖြစ်လာပြီး
  • 2:08 - 2:10
    လေးပေ ကျော်လောက်နဲ့ ညီမျှပါတယ်
  • 2:11 - 2:13
    (၂၅) ကြိမ် ခေါက်နိုင်ရင်
  • 2:13 - 2:16
    နှစ် ရဲ့ ( ၂၅)ထပ် ဖြစ်တဲ့
  • 2:16 - 2:21
    (၃၃,၅၅၄) စင်တီမီတာ ကို ရလာပြီး
  • 2:21 - 2:23
    ပေ (၁,၁၀၀) ကျော်လောက်ရှိပါမယ်
  • 2:24 - 2:28
    ဒါက Empire State အဆောက်အဦး
    အမြင့် လောက်နီးနီး ဖြစ်နေပါပြီ
  • 2:29 - 2:32
    ဒီနေရာမှာ ခဏရပ်ပြီး
    ပြန်စဉ်းစားသင့်တယ်
  • 2:33 - 2:38
    ကျမ်းစာ စာရွက်လောက်ပါးတဲ့ စာရွက်ကို
    တောင်(၂၅) ကြိမ်လောက် ထက်ဝက် ခေါက်ရင်
  • 2:38 - 2:42
    တစ်မိုင်ရဲ့ လေးပုံ တစ်ပုံနီးပါးရှိတဲ့
    စာရွက်ကို ရပါလိမ့်မယ်
  • 2:42 - 2:44
    ကျုပ်တို့ ဘာကို နားလည်လိုက်ရလဲ
  • 2:44 - 2:48
    ဒီကြီးထွားမှု ပုံစံကို ထပ်ညွှန်းကိန်း
    ဆိုင်ရာ ကြီးထွားမှုလို့ခေါ်ပါတယ်
  • 2:48 - 2:50
    ခင်ဗျား တွေ့တဲ့အတိုင်း
    စာရွက်ကို ခေါက်ရုံနဲ့
  • 2:50 - 2:53
    ကျုပ်တို့ အဝေးကြီးကို
    အမြန်ကြီးသွားနိုင်တယ်
  • 2:54 - 2:59
    အကျဉ်းချုပ်အနေနဲ့
    စာရွက်ကို (၂၅) ကြိမ်ခေါက်ရင်
  • 2:59 - 3:01
    သူ့ရဲ့အထူက တစ်မိုင်ရဲ့ လေးပုံတစ်ပုံ
  • 3:02 - 3:06
    အကြိမ် (၃၀) ဆို အထူက (၆.၅) မိုင် ဖြစ်ပြီး၊
  • 3:06 - 3:09
    လေယာဉ်ပျံတွေ ပျံတဲ့
    ပျမ်းမျှ အမြင့်လောက် ဖြစ်တယ်
  • 3:09 - 3:13
    အကြိမ် (၄၀)ဆို အထူ မိုင် (၇,၀၀၀)
    နီးပါး သို့မဟုတ်
  • 3:13 - 3:16
    GPS ဂြိုဟ်တုရဲ့ ပျမ်းမျှ ပတ်လမ်းလောက်
    ဖြစ်မယ်
  • 3:16 - 3:20
    (၄၈) ကြိမ်ဆို အထူက
    မိုင်(၁) သန်းထက် အများကြီးကျော်သွားပါပြီ
  • 3:21 - 3:24
    အခု ကမ္ဘာနဲ့ လကြား အကွာအဝေးက
  • 3:24 - 3:27
    မိုင်(၂၅၀,၀၀၀) ထက်နည်းမယ်လို့
    ယူဆမယ်ဆိုရင်
  • 3:27 - 3:29
    ကျမ်းစာရွက် တစ်ရွက်ကို
  • 3:29 - 3:33
    (၄၅) ကြိမ် ခေါက်ခြင်းဖြင့်
    လကမ္ဘာဆီ ရောက်နိုင်နေပါပြီ
  • 3:34 - 3:37
    ဒါကို ထပ်ခေါက်ပြီး နှစ်ဆ လုပ်လိုက်ရင်
  • 3:37 - 3:38
    ကျုပ်တို့ ကမ္ဘာကိုပြန်ရောက်လာပါပြီ
Title:
စက္ကူ ခေါက်ပြီး လကမ္ဘာဆီ အရောက်သွားနိုင်မည်
Speaker:
Adrián Paenza
Description:

စက္ကူကို ၄၅ ကြိမ်ခေါက်ခြင်းက လကမ္ဘာဆီအရောက်ပို့ပေးနိုင်မလား။ စက္ကူစ တစ်ခုကို ခေါက်လိုက်ချိန်မှာ ဘာဖြစ်သွားလဲဆိုတာကို ကြည့်ရုံနဲ့ ထပ်ညွှန်းကိန်းဆိုင်ရာ ကြီးထွားမှု ရဲ့ မယုံနိုင်စရာ အလားအလာကိုတွေ့ရပါမယ်။ ဒီသင်ခန်းစာက စက္ကူစကို ဘယ်နှစ်ကြိမ်လောက် ခေါက်နိုင်မလဲဆိုတာကို လုပ်ကြည့်နိုင်ဖို့ စက္ကူစတစ်ခုကို ဆွဲယူချင်တဲ့စိတ်တွေ သင့်ကိုချန်ထားရစ်ခဲ့မှာပါ။

သင်ခန်းစာ တင်ဆက်သူ- Adrian Paenza၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ်- TED-Ed.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:49

Burmese subtitles

Revisions