ပုံဆွဲခြင်းက သင့်ကို လွတ်လပ်ခွင့်ပေးပုံ။
-
0:01 - 0:02ဒီတော့ ဒီမှာ ကျွန်မတို့ပါ။
-
0:02 - 0:06ကျွန်မက အိမ်မှာပါ၊ သင်တို့အများအပြား
ရောပဲဆိုတာ သေချာပါတယ်။ -
0:06 - 0:08ကျွန်မတို့ကိုယ်တိုင်နဲ့၊ အချင်းချင်းနဲ့
-
0:08 - 0:10ကျွန်မတို့ တည်ရှိနေတဲ့ နေရာလပ်တွေနဲ့
-
0:10 - 0:11ကျွန်မတို့ ဆက်စပ်မှုဟာ
-
0:11 - 0:12ကျွန်မတို့ ပင်ကိုယ်သဘောနဲ့
-
0:12 - 0:16ရည်ရွယ်ချက်ကို နက်ရှိုင်းစွာ သက်ရောက်ပုံ
ကို အားလုံး စတင် နားလည်ကြပါပြီ။ -
0:16 - 0:19အတော်များများဟာ သိသာစွာ ပြောင်းလဲသွာပါပြီ။
-
0:19 - 0:22အရင်နဲ့မတူတဲ့ ယခု ဝေးကွာမှု
သဘောတစ်ခုရှိတယ်။ -
0:22 - 0:24ဒါပေမဲ့ သင့်နှလုံးသားကနေ
-
0:24 - 0:28သင့်လက်ကို တစ်ဖန် ပြန်ဆက်သွယ်တဲ့
နည်းလမ်းတစ်ခုရှိပြီး -
0:28 - 0:30ဒီလေ့ကျင့်မှုကနေ ဒီအကြောင်းရင်းကို
-
0:30 - 0:34လက်ခံယုံကြည်ခြင်းကို
သင့်ကို ပြောပြမယ်ဆိုရင် -
0:34 - 0:37ဒီလက်တွေ့ဘဝအသစ်ကို ပျော်ရွှင်မှု၊
ထက်သန်မှု၊ စိတ်ကူး၊ -
0:37 - 0:40မျှော်လင့်ချက်နဲ့ သင်
စူးစမ်းနိုင်အောင် သင့်စိတ်ကို -
0:40 - 0:44ပြန်လည်ချိန်ညှိဖို့ ကျွန်မ
ကူညီနိုင်တယ်ဆိုရင်ရော။ -
0:44 - 0:47ဒါအားလုံးက ရိုးရိုး မင်တံ
တစ်ချောင်းပဲ လိုမှာပါ။ -
0:48 - 0:49ဒီကို ရောက်ရှိဖို့
-
0:49 - 0:51အစကို ပြန်သွားရအောင်။
-
0:51 - 0:54လန်ဒန် အရှေ့တောင်က ဒေသန္တရ အိမ်ရာတစ်ခုမှာ
ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်အနေနဲ့ -
0:54 - 0:56ကျွန်မဟာ သူစိမ်းဖြစ်ခဲ့တယ်။
-
0:56 - 0:58ကလေး ခြောက်ယောက်မှာ အကြီးဆုံးဖြစ်ပြီး
-
0:58 - 1:00မောင်နှမအားလုံးက အင်္ဂလိပ်ပုံပေါက်တယ်။
-
1:00 - 1:03ဆံပင်ရွှေရောင်၊ မျက်လုံးပြာတွေနဲ့
သိပ်ချစ်စရာတွေပေါ့။ -
1:03 - 1:04ဒီနောက်မှာ ကျွန်မပေါ့။
-
1:04 - 1:07နိုက်ဂျီးရီယန်း တစ်ဝက်၊ ညိုတဲ့ ဆံပင်ထူထူ
ကောက်ကောက်နဲ့လေ။ -
1:07 - 1:10ဒီတော့ သင်က အသွင်ကွဲနေပြီး
ခံစားချက်က ကွဲပြားတဲ့အခါ -
1:10 - 1:12ဖြစ်တတ်တာက
-
1:12 - 1:14အတော်များများမှာ သင့်ဝန်းကျင်က လူတိုင်း၊
-
1:14 - 1:17အရာတိုင်းနဲ့ ခြားနားစွာ
စတင် တွေးခေါ်တာပဲမို့လား။ -
1:17 - 1:22မှောင်မည်း၊ လူမျိုးခွဲခြား၊ လိင်တူရေး
မုန်းတီး၊ အထီးကျန်လွန်းတဲ့ နေရာတစ်ခုကနေ -
1:22 - 1:24ထွက်ဖို့ နည်းလမ်းတစ်ခု ဘယ်လိုရှာလဲ။
-
1:24 - 1:26ဒါက မင်တံ ပါဝင်လာတဲ့ နေရာပါ။
-
1:27 - 1:28ကျွန်မ ပုံစဆွဲခဲ့တယ်။
-
1:28 - 1:31ဒီတော့ မြင်တဲ့အတိုင်း ဒီမင်တံရှိတယ်။
-
1:31 - 1:32ဒါက သူသွားတဲ့နေရာကို သူသိတယ်လေ။
-
1:32 - 1:35ဒါနောက်ကို လိုက်ဖို့ ကျွန်မ
အသေအချာ သင်ယူခဲ့တာပေါ့။ -
1:35 - 1:38ပထမဆုံး ကျွန်မ လုပ်ခဲ့တာက
ဒီကောက်ကြောင်းနောက်ကို လိုက်ပြီး -
1:38 - 1:41ကျွန်မ မလုပ်နိုင်ခဲ့တာပဲ ကျွန်မကို
ပြောပြောနေတဲ့ -
1:41 - 1:44ယဉ်ကျေးမှုတစ်ခုထဲကနေ
ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်ခဲ့တာပါ။ -
1:44 - 1:46ကိုယ့် မင်တံကို ကိုယ်ယုံကြည်ခဲ့တယ်။
-
1:46 - 1:49ဒါက ကျွန်မကို Central Saint Martin's
ဆီ ခေါ်သွားတယ်။ -
1:49 - 1:51လန်ဒန်မှာရှိတဲ့ ဆန်းပြားတဲ့
ပန်းချီကျောင်းပါ။ -
1:51 - 1:53အဲဒီမှာ ကျွန်မရဲ့နှစ် ထိပ်တန်း ဘွဲ့ရတယ်။
-
1:53 - 1:57ဒါပေမဲ့ လန်ဒန်မှာ ကျွန်မအတွက် နေရာတစ်ခု
မရှိဘူးဆိုတာ မကြာခင် သိလိုက်တယ်။ -
1:57 - 2:00ဘာလို့ဆိုတော့ သင် ယုံချင်ယုံ
မယုံချင်နေပါ -
2:00 - 2:04အင်္ဂလန်ဟာ အမြစ်တွယ်နေပြီး လူတန်းစား
စနစ်အတွင်း လည်ပတ်တဲ့ -
2:04 - 2:05နိုင်ငံတစ်ခု ဖြစ်နေဆဲပါ။
-
2:05 - 2:11အလုပ်သမား လူတန်းစား မိသားစုမှ လူငယ် လူမည်း
လိင်တူဆက်ဆံတဲ့ ပန်းချီဆရာမ တစ်ဦးအနေနဲ့ -
2:11 - 2:12ကျွန်မမှာ အခွင့်အလမ်းမရှိခဲ့ဘူး။
-
2:12 - 2:15ဒီတော့ လန်ဒန်ကနေ ထွက်ပြီး
ဂျပန်ကို ပြောင်းခဲ့တယ်။ -
2:15 - 2:19အဲဒီမှာ လူတွေက ကျွန်မ ဘယ်က လာလဲဆို
တာကို အမေးခံရတာ မကြုံခဲ့ရဘူး။ -
2:19 - 2:21ကျွန်မဟာ နောက်ထပ် gaijin ပါပဲ။
-
2:21 - 2:24ရွဲ့တဲ့တဲ့ဆိုရရင် "သူစိမ်း"
လို့ ဆိုလိုတာပါ။ -
2:25 - 2:29ဖန်တီးခြင်းနဲ့ လက်မှုအတတ်ကို ဂုဏ်ပြုတဲ့
ယဉ်ကျေးမှုတစ်ခုထဲမှာ နှစ်မြှပ်နေခဲ့တယ်။ -
2:29 - 2:32ဒီမှာ လူတွေက မျိုးဆက်တွေချီပြီး
လက်မှုအတတ်ကို အကောင်းဆုံးမွမ်းမံတယ်။ -
2:32 - 2:35အချိန်နဲ့နေရာနှစ်ခုစလုံးကို
ပိုင်နိုင်တဲ့ ယဉ်ကျေးမှုတစ်ခုဆိုတော့ -
2:35 - 2:38အနုပညာရှင်တွေဟာ လွတ်လပ်မှုနဲ့အတူ
စစ်မှန်စွာ ဖန်တီးနိုင်ကြတယ်။ -
2:38 - 2:42ကျွန်မ တွေ့ရှိခဲ့တာက ကျွန်မ
ဒေါသမဖြစ်တဲ့ နေရာတစ်နေရာပါ။ -
2:42 - 2:44တိုကျိုဟာ ဘယ်နည်းနဲ့မှ ကျွန်မကို
မမှားစေဘူး။ -
2:44 - 2:47ဒေါသနဲ့ (သို့) နာကျင်မှုကနေ ဖန်တီးတာ
-
2:47 - 2:48လုပ်လို့မရတော့ဘူး။
-
2:48 - 2:52မတူတဲ့ နေရာတစ်ခုကနေ ဖန်တီးဖို့ မိမိ
ကိုယ်ကိုယ် ရဲဝံ့စွာ ခွင့်ပြုဖို့ပဲလိုတယ်။ -
2:53 - 2:56ကျွန်မ တွေ့ရှိတာက ဒီမယုံနိုင်စရာ ကိရိယာက
-
2:56 - 2:59စာရွက်ပေါ်က ကောက်ကြောင်း
တစ်ကြောင်းကို ကျော်သွားတာပါ။ -
2:59 - 3:00ကျွန်မရဲ့ ခေါင်းကို
-
3:00 - 3:03နှလုံးသားဆီ ကျွန်မရဲ့ လက်ကို
အရာတိုင်းဆီ ဆက်သွယ်ပေးတဲ့ -
3:03 - 3:05ဒီအရာကို တွေ့ရှိလိုက်တာပါ။
-
3:05 - 3:08ကမ္ဘာကြီးကို နည်းလမ်းသစ်တွေနဲ့
ကျွန်မ မြင်နိုင်ခဲ့တယ်။ -
3:08 - 3:10ထောင့်ချိုးတွေမှာ ဆက်နွယ်မှုတွေနဲ့
-
3:10 - 3:13တစ်ခါမှ မသိဖူးတဲ့ ပုစ္ဆာတွေအတွက်
အဖြေတွေကို တွေခဲ့တယ်။ -
3:13 - 3:16၎င်းရဲအပြုသဘောနဲ့ အပျက်သဘော နေရာလပ်
အားလုံးကို အခု တွေ့မြင်နိုင်တဲ့ -
3:16 - 3:18ကမ္ဘာတစ်ခုလိုပါပဲ။
-
3:18 - 3:19ဒါကို မြင်ခြင်းနဲ့ကို
-
3:19 - 3:21ဘာကြောက်စရာမှကို မရှိတော့တာပါ။
-
3:21 - 3:24ကျွန်မရဲ့ မင်တံက လျှပ်တစ်ပြက်မီးလိုပါ။
-
3:24 - 3:26မသိသေးတဲ့အရာက အဲဒီမှာ ရှိနေဆဲဆိုပေမဲ့
-
3:26 - 3:27ထိတ်လန့်စရာတော့ မဟုတ်ဘူး။
-
3:28 - 3:32ဂျပန်မှာ ငါးနှစ် နေပြီး ကျွန်မရဲ့
လက်မှုအတတ်ကို စူးစိုက်ပြီးနောက်မှာ -
3:32 - 3:34စိန်ခေါ်မှုအသစ်တစ်ခုလိုတယ်လို့ ခံစားမိတယ်။
-
3:35 - 3:36နယူးယော့ခ်ကို ပြောင်းတာက
-
3:36 - 3:38ပန်းချီပညာရှင်တစ်ဦးအဖြစ်နဲ့
ကိုယ်လုပ်တာ မို့ပါ။ -
3:38 - 3:40ကိုယ့်ကို့ လုံးဝ၊ ပျောက်နေတယ်လို့
-
3:40 - 3:42ခံစားရအောင် လုပ်နိုင်တဲ့
-
3:42 - 3:46ကမ္ဘာထဲက အကြီးကျယ်ဆုံး
မြို့တော်ဆီ ပြောင်းလိုက်တယ်။ -
3:47 - 3:50ဒါက "နင် ဘယ်သူလဲ"လို့ ကိုယ့်ကိုယ်ကိုယ်
-
3:50 - 3:52စစ်မှန်စွာ စမေးမိချိန်ပါ။
-
3:52 - 3:55မနက်ဆို အိပ်ရာကနေထပြီး
ကျွန်မရဲ့နေ့ မစခင်မှာ -
3:55 - 3:57ဒီအကြောင်းကို အလေးအနက် ဆင်ခြင်တယ်။
-
3:57 - 3:59စိတ်ထဲက ဒီမေးခွန်းနဲ့အတူ
-
3:59 - 4:00ကျွန်မ ပုံ ဆက်တိုက်ဆွဲတယ်၊
-
4:01 - 4:02ကောက်ကြောင်းနောက်ကို လိုက်တယ်၊
-
4:02 - 4:04ဒါကို လမ်းပြခွင့်ပေးတယ်။
-
4:04 - 4:06မင်တံတစ်ချောင်းကို ကောက်ယူနိုင်ခြင်းက
-
4:06 - 4:09လူတိုင်း လုပ်နိုင်တဲ့ အရာတစ်ခုပါ။
-
4:09 - 4:12အတွေးအားလုံး၊ အကြောက်အားလုံးနဲ့
မရေရာမှုတွေကို -
4:12 - 4:16စွန့်လွတ်ဖို့ ကျွန်မကိုယ်
ကျွန်မ ခွင့်ပေးခြင်းရဲ့ လုပ်ဆောင်မှုပါ။ -
4:16 - 4:18လုံးဝ ကိုယ်ကိုယ်တိုင်ဖြစ်ဖို့
-
4:18 - 4:20ကိုယ့်ကိုယ်ကိုယ်ခွင့်ပေးတဲ့လမ်းမှာ
ဝင်လာမယ့် အရာတိုင်းဟာ -
4:21 - 4:24ကျွန်မရဲ့ လွတ်လပ်မှုကို တွေ့ကြုံခြင်းရဲ့
နည်းလမ်းဖြစ်လာခဲ့တယ်။ -
4:24 - 4:25နယူး ယော့ခ်ကို ရောက်တော့
-
4:25 - 4:28ကျွန်မက ပန်းချီလောက
စည်းမျဉ်းတွေကို မလိုက်နာချင်ခဲ့ဘူး။ -
4:28 - 4:31သူစိမ်းတစ်ယောက်အနေနဲပဲ
လေ့ကျင့်မှုကို ဆက်လုပ်ခဲ့တယ်။ -
4:31 - 4:33ကျွန်မ ဆက်ဆွဲနေခဲ့တယ်။
-
4:33 - 4:36သိလိုမှုက ကျွန်မရဲ့ မင်တံအတွက်
မင်ဖြစ်လာခဲ့ပြီး -
4:36 - 4:38ပိုနက်ရှိုင်းစွာ ဆက်လက် ငုပ်ဝင်ခဲ့တယ်။
-
4:38 - 4:43ကြာလာတော့ ကိုယ်တိုင်အတွက် ရဲဝံ့ပြီး
ယုံကြည်ချက်ရှိတဲ့ နေရာတစ်ခု စဖန်တီးတယ်။ -
4:43 - 4:45ကျွန်မပိုင်တဲ့ နေရာတစ်ခုပေါ့။
-
4:45 - 4:47အစမှာတော့ ကျွန်မရဲ့ အိပ်ခန်းပါပဲ။
-
4:47 - 4:50ဒါပေမဲ့ အိပ်ခန်းက "The New York Times" မှာ
အဆုံးသတ်သွားခဲ့တယ်။ -
4:50 - 4:53ရုတ်တရက် ကျွန်မ ဖန်တီးခဲ့တဲ့ ကမ္ဘာအတွက်
-
4:53 - 4:55ကျွန်မကို မြင်သွား၊ သိသွားကြတယ်။
-
4:56 - 4:57အဲဒီအချိန်ကတည်းက
-
4:57 - 5:01ဖန်တီးပြီး အထူးခြားဆုံး ပန်းချီပညာရှင်တွေ၊
အဖွဲ့အစည်းတွ နေရာလပ်တွေနဲ့ -
5:01 - 5:03ပူးပေါင်းလုပ်ခဲ့တယ်။
-
5:03 - 5:05သူတို့ရဲ့အံဖွယ် အနုပညာရှင် ဖြစ်စဉ်တွေအတွက်
-
5:05 - 5:09Times Square စခရင်တွေကနေ
New York City Ballet အထိပါ -
5:09 - 5:11အဲဒီမှာ ကချေသည် အများအပြားကို
တွေ့ဆုံမေးမြန်းခဲ့တယ်။ -
5:11 - 5:14သူ့တို့ဇာတ်လမ်းတွေ၊
စကားလုံးတွေက -
5:14 - 5:17လမ်းလျှောက်စင်္ကြံ နံရံတွေပြတင်းတွေနဲ့
-
5:17 - 5:19ကြမ်းခင်းတွေပေါ်က ရုပ်ပုံနဲ့ ပန်းချီလက်ရာ
-
5:19 - 5:21၃၀ ကျော်အတွက် အုတ်မြစ်ဖြစ်ခဲ့တယ်။
-
5:22 - 5:23အချိန်အတော်ကြာကြာ
-
5:24 - 5:27ဆင်ခြင်ခြင်းနဲ့ ကဗျာလင်္ကာအတွက်
နေရာတစ်ခုကို ဖန်တီးချင်ခဲ့တယ်။ -
5:27 - 5:28ဒါနဲ့ ၂၀၁၉ မှာ
-
5:28 - 5:30Trust of Governor's Island က ကျွန်မကို
-
5:30 - 5:32ဒါလုပ်ဖို့ အခွင့်အလမ်း ပေးအပ်ခဲ့တယ်။
-
5:33 - 5:35သူတို့က အရင် စစ်တပ် ဝတ်ပြုဆောင်
တစ်ခုအသွင်ထဲမှာ -
5:35 - 5:38အကောင်းစား ပတ္တူစတွေ
ကျွန်မကို ပံ့ပိုးပေးတယ်။ -
5:38 - 5:39"The May Room" ကို ကြည့်ပါ။
-
5:40 - 5:44ကျွန်းရဲ့ သမိုင်းကနေ စေ့ဆော်ပေးတဲ့
အပြင်ဘက်က ရုပ်ပုံတွေနဲ့အတူ -
5:44 - 5:47အတွင်းဘက်ကို လမ်းလျှောက်ဝင်၊
ဖိနပ်တွေကို ချွတ်၊ -
5:47 - 5:49သင့်ကို နောက်ပြန်ရောက်စေတဲ့
ဝင်္ကပါတစ်ခုရဲ့ ပုံစံထဲက -
5:49 - 5:51ကြမ်းပြင်မှာ ရုပ်ပုံတစ်ပုံရှိတယ်။
-
5:51 - 5:54စိတ်အေးချမ်းလာစေဖို့ ဖိတ်ခေါ်မှုတစ်ခုပါ။
-
5:54 - 5:57နံရံပေါ်က စကားစုတွေကို
သင့်ကို မြင်ခွင့်ပေးတယ်။ -
5:57 - 5:59"ဉာဏ်ပညာ ရှိပါစေ"
-
5:59 - 6:01"ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါစေ။"
-
6:01 - 6:03"သစ်ပင်တွေကို ကယ်တင်နိုင်ပါစေ။"
-
6:03 - 6:06"ဖြစ်ပါစေ" "ဖြစ်ပါစေ" "ဖြစ်ပါစေ"
-
6:06 - 6:09ဒီစကားစုတွေက သင့်ဆီကနေ တက်လာသလို၊
သင်ဆီကို ကျဆင်းသွားသလို -
6:09 - 6:11ထင်ရတယ်။
-
6:12 - 6:15ကောက်ကြောင်းတွေကို ဘာသာစကား
တစ်ခုလို ဖြစ်လာစေခဲ့တယ်။ -
6:15 - 6:17ဘဝနဲ့ အတော့ကို တူတာကို
ဖြေပြတဲ့ ဘာသာစကားတစ်ခုပေါ့။ -
6:17 - 6:19တိတ်ဆိတ်မှု ရှိတဲ့အခါ
-
6:19 - 6:22စကားပြောခြင်းကနေ ဆက်သွယ်မှုကို
ရှာဖွေခဲ့တယ်။ -
6:22 - 6:24ဒီစိတ်မသက်မသာမှုကနေ တွန်းထုတ်ဖို့
မေးခွန်းတွေ မေးရင်းပေါ့။ -
6:24 - 6:27ပုံဆွဲခြင်းက ကျွန်မကို ကိုယ်ပိုင်
စည်းမျဉ်းတွေ ဖန်တီးဖို့သင်ပေးတယ် -
6:28 - 6:32ဘာဆိုတာတင်မက ဘာဖြစ်နိုင်တယ်ဆိုတာ
မြင်ဖို့ ကျွန်မရဲ့ မျက်လုံးတွေ ဖွင့်ဖို့ -
6:32 - 6:33သင်ပေးတယ်။
-
6:33 - 6:36ကျိုးပျက်နေတဲ့ စနစ်တွေရှိရာမှာ
-
6:36 - 6:41လက်ရွေးစင် အနည်းငယ်အစား
အားလုံးကို တကယ်ပဲ လုပ်ဆောင်စေပြီး -
6:41 - 6:43အကျိုးရှိစေတဲ့ အသစ်တွေ ဖန်တီးနိုင်ပါတယ်။
-
6:43 - 6:46ပုံဆွဲခြင်းက ကမ္ဘာကြီးနဲ့ အပြည့်အဝ
ထိတွေ့ဖို့ သင်ပေးခဲ့တယ်။ -
6:46 - 6:50ကောက်ကြောင်းတွေရဲ့ ဒီဘာသာစကားကနေ
ကျွန်မ သိမြင်လာတာက -
6:50 - 6:52လူမြင်ခံရတာက အရေးမကြီးဘဲ
-
6:52 - 6:55တကယ်တမ်းက အခြားသူတွေကို
ကျွန်မတို့ပေးတဲ့ မြင်ခြင်း လက်ဆောင်နဲ့ -
6:56 - 6:59လွတ်လပ်မှု အစစ်က မြင်နိုင်စွမ်းဖြစ်ပုံပါ။
-
6:59 - 7:01ဒါကို တကယ့်ကို မရည်ရွယ်ခဲ့ဘူး။
-
7:01 - 7:04ဘာလို့ဆို အမြင်အာရုံက လူတစ်ယောက်
မြင်နိုင်တဲ့ တစ်ခုတည်းသောနည်းမို့ပါ။ -
7:04 - 7:08ဒါပေမဲ့ ကျွန်မ ဆိုလိုတာက ကမ္ဘာကြီးကို
အလုံးစုံ တွေ့ကြုံခံစားဖို့ပါ။ -
7:08 - 7:11စိန်ခေါ်မှုအရှိဆုံး ကာလတွေအတွင်းမှာဆို
ပိုတောင်ဖြစ်နိုင်ပါတယ်။ -
7:11 - 7:14ဒီနေ့ ကျွန်မတို့ ရင်ဆိုင်ရတဲ့တစ်ခုလိုပေါ့။
-
7:14 - 7:15ကျွန်မက Shantell Martin ပါ။
-
7:15 - 7:16ကျွန်မ ပုံဆွဲတယ်။
-
7:16 - 7:18သင်တို့ကို မင်တံတစ်ချာင်းကောက်ပြီး ၎င်းက
-
7:18 - 7:20ခေါ်သွားရာကို ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
-
7:20 - 7:23(ဂီတသံ)
- Title:
- ပုံဆွဲခြင်းက သင့်ကို လွတ်လပ်ခွင့်ပေးပုံ။
- Speaker:
- Shantell Martin
- Description:
-
သင်ဟာ ဘယ်သူလဲ။ ဒီမေးခွန်းကို ဖြေဆိုဖို့ ပန်ချီပညာရှင် Shantell Martin ဟာ သူ့ရဲ့ မင်တံနောက်ကို လိုက်ခဲ့ပါတယ်။ Times Square ရဲ့ စခရင်တွေကနေ New York City Ballet ကချေသည်တွေရဲ့ ခန္ဓာကိုယ်တွေအထိ အရာတိုင်းကို ဖြတ်သန်းပြီး ရေးဆွဲထားတဲ့ သူ့ကိုယ်ပိုင် လက္ခဏာ စိတ်ကြိုက် မျဉ်းကြောင်း လက်ရာကို အသားပေးဖော်ပြထားတဲ့ ဒီထူးခြားပြောင်မြောက်တဲ့ အမြင်ပိုင်း ဟောပြောချက်ထဲမှာ Martin ကနေပြီး ပန်းချီပညာကနေ လွတ်လပ်မှုနဲ့ ရှုထောင့်သစ်တစ်ခု သူတွေ့ရှိခဲ့ပုံကို မျှဝေထားပါတယ်။ ပုံဆွဲခြင်းဟာ သင့်လက်ကို သင့်နှလုံးသားနဲ့ ဆက်သွယ်ပေးပြီး ကမ္ဘာကြီးနဲ့ သင့်ရဲ့ဆက်သွယ်မှုကို ပိုနက်နဲစေနိုင်ပုံကို ရှုစားလိုက်ပါဦး။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 07:47
![]() |
sann tint edited Burmese subtitles for How drawing can set you free | |
![]() |
sann tint edited Burmese subtitles for How drawing can set you free | |
![]() |
sann tint approved Burmese subtitles for How drawing can set you free | |
![]() |
sann tint edited Burmese subtitles for How drawing can set you free | |
![]() |
Myo Aung accepted Burmese subtitles for How drawing can set you free | |
![]() |
Myo Aung edited Burmese subtitles for How drawing can set you free | |
![]() |
sann tint edited Burmese subtitles for How drawing can set you free | |
![]() |
sann tint edited Burmese subtitles for How drawing can set you free |