ဘယ်ဘက် ဦးနှောက်နှင့် ညာဘက် ဦးနှောက် ယုံမှားမှု။ Elizabeth Waters
-
0:07 - 0:09လူသားဦးနှောက်ကို ကြည့်ပါ။
-
0:09 - 0:14ဘယ်နဲ့ ညာခြမ်း သိသာစွာ ကွဲတဲ့
ဖုထစ်နေတဲ့ မြင်ကွင်းပါ။ -
0:14 - 0:18ဒီတည်ဆောက်မှုက ဦးနှောက်အကြောင်း
အပျံ့နှံ့ဆုံးအယူအဆ တစ်ခုကို စေ့ဆော်ခဲ့တယ်။ -
0:18 - 0:20ဘယ်ခြမ်းက ဆင်ခြင်မှုကို ထိန်းချုပ်ပြီး
-
0:20 - 0:23ညာခြမ်းက ဖန်တီးနိုင်မှုဆိုတာပါ။
-
0:23 - 0:28ဒါပေမဲ့ ဒါဟာ သိပ္ပံဆိုင်ရာ
အထောက်အထားမရှိတဲ့ ယုံမှားမှုတစ်ခုပါ။ -
0:28 - 0:31ဒါဆို ဒီအယူအဆ ဘယ်လိုထွက်ပေါ်လာလဲ၊
-
0:31 - 0:33ဒါက ဘာမှားသွားတာလဲ။
-
0:33 - 0:36ဦးနှောက်မှာ ဘယ်ခြမ်းနဲ့
ညာခြမ်းရှိတာ မှန်ပါတယ်။ -
0:36 - 0:40ဒါက အပြင်ဖက်လွာ (သို့)
ဦးနှောက်အပြင်လွှာနဲ့ အထင်ရှားဆုံးပါ။ -
0:40 - 0:42အတွင်းဘက် နေရာတွေ ဥပမာ striatum
-
0:42 - 0:44hypothalamus
-
0:44 - 0:44thalamus နဲ့
-
0:44 - 0:46ဦးနှောက် အရင်းပိုင်းတို့ဟာ
-
0:46 - 0:49ဆက်နေတဲ့ တစ်ရှူးကနေ
လုပ်ထားပုံပေါက်ပေမဲ့ -
0:49 - 0:53တကယ်က ဒါတွေဟာလည်း ဘယ်နဲ့ညာခြမ်းတွေနဲ့
ဖွဲ့စည်းထားတာပါ။ -
0:53 - 0:57ဦးနှောက်ရဲ့ ဘယ်နဲ့ညာအြခမ်းဟာ
လှုပ်ရှားမှုနဲ့ အမြင်တို့လို ခန္ဓာကိုယ် -
0:57 - 1:00လုပ်ဆောင်မှုအမျိုးမျိုးကို မထိန်းချုပ်ပါ။
-
1:00 - 1:05ဦးနှောက်ညာခြမ်းက ဘယ်လက်နဲ့ ခြေရဲ့ လှုပ်
ရှားမှုကိုထိန်းချုပ်ပြီး အပြန်အလှန်ပါ။ -
1:05 - 1:09အမြင်ပိုင်းစနစ်က ပိုတောင် ရှုပ်ထွေးပါတယ်။
-
1:09 - 1:13မျက်လုံးတစ်လုံးစီမှာ ဘယ်နဲ့ညာ
အမြင်ပိုင်း စက်ကွင်းရှိပါတယ်။ -
1:13 - 1:16ဘယ်ဘက် အမြင်ပိုင်း စက်ကွင်းနှစ်ခုလုံးကို
ဦးနှောက် ညာဘက်ကို ပို့ပေးပြီး -
1:16 - 1:20ညာဘက် စက်ကွင်းတွေကို ဘယ်ဘက်ကို
ပို့ပေးပါတယ်။ -
1:20 - 1:24ဒီတော့ ဦးနှောက် ကမ္ဘာကြီးရဲ့ ပြည့်စုံတဲ့
ပုံရိပ်ဖန်တီးဖို့ နှစ်ဘက်စလုံး သုံးပါတယ်။ -
1:24 - 1:30ဘာကြောင့် ဒီပြောင်းကူးခြင်းရှိတာ
သိပ္ပံပညာရှင်တွေ အသေအချာမသိပါဘူး။ -
1:30 - 1:35သီအိုရီတစ်ခုက တိရိစ္ဆာန်တွေဟာ ပိုရှုပ်တဲ့
အာရုံကြောစနစ် ဖွံ့ဖြိုးပြီး မကြာခင် စတယ်၊ -
1:35 - 1:40အကြောင်းက ဒါက ပိုမြန်တဲ့ အမှတ်မဲ့တုံ့ပြန်
မှုရဲ့ ရှင်ကျန်ရေး အကျိုးပေးတာကြောင့်တဲ့။ -
1:40 - 1:43တိရိစ္ဆာန်တစ်ကောင်ဟာ ၎င်းရဲ့
ဘယ်ဘက်ကနေ သားရဲလာနေတာ တွေ့ရင် -
1:43 - 1:46လွတ်မြောက်ဖို့ အကောင်းဆုံးက ညာဘက်ကိုပါ။
-
1:46 - 1:50ဒီတော့ အမြင်နဲ့ လှုပ်ရှားမှုကို
ထိန်းချုပ်မှုဟာဘယ်၊ ညာတည်ဆောက်မှုကို -
1:50 - 1:53အားပြုတဲ့ စနစ်နှစ်ခုလို့ ဆိုနိုင်ပေမဲ့
-
1:53 - 1:59ဒီအယူအဆကို ဆင်ခြင်မှုနဲ့ ဖန်တီးမှုဆီ
လွန်ပြီးချဲ့တဲ့အခါ ပြဿနာပေါ်လာတယ်။ -
1:59 - 2:02ဒီနားလည်မှုလွဲခြင်းက ၁၈၀၀ နှစ်လွန်တွေမှာ
-
2:02 - 2:05အာရုံကြောပညာရှင် နှစ်ဦး Broca နဲ့
Wernicke တို့ -
2:05 - 2:11ဒဏ်ရာတွေကြောင့် ဆက်သွယ်ရေး ပြဿနာရှိနေတဲ့
လူနာတွေကို စစ်ဆေးစဉ်က စတင်ခဲ့တာပါ။ -
2:11 - 2:15သုတေသီတွေက လူနာတွေရဲ့ ဘယ်ဘက်
နားထင်တွေကို ထိခိုက်တာ တွေ့ရှိခဲ့တော့ -
2:15 - 2:20ဘာသာစကားကို ဦးနှောက် ဘယ်ခြမ်းက
ထိန်းချုပ်တယ်လို့ ညွှန်ပြခဲ့ကြတယ်။ -
2:20 - 2:23ဒါက အများကြိုက် စိတ်အာရုံကို ဆွဲဆောင်လိုက်တယ်။
-
2:23 - 2:24စာရေးဆရာ Robert Louis Stevenson က
-
2:24 - 2:28နောက်ပိုင်း ဆင်ခြင်မှုဆိုင်ရာ
ဘယ်ဘက်အြခမ်းကို သူ့ဇာတ်ကောင်တွေဖြစ်တဲ့ -
2:28 - 2:31Dr. Jekyll နဲ့ Mr. Hyde တို့ကို
ကိုယ်စားပြုတဲ့ -
2:31 - 2:35စိတ်ခံစားမှုဆိုင်ရာ ညာဘက်ခြမ်းနဲ့
ယှဉ်ပြိုင်ရင်း မိတ်ဆက်လိုက်တယ်။ -
2:35 - 2:38ဒါပေမဲ့ ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေက
တစ်ခြမ်းပျောက်နေတဲ့ -
2:38 - 2:41(သို့) နှစ်ခြမ်းကွာနေတဲ့ လူနာတွေတွေကို
-
2:41 - 2:45စစ်ဆေးတဲ့အခါ
ဒီအယူအဆက မခိုင်မာခဲ့ပါဘူး။ -
2:45 - 2:48ဒီလူနာတွေက ဆင်ခြင်မှု နဲ့ ဖန်တီးနိုင်မှု
နှစ်ခုစလုံး အပြုအမူတွေရဲ့ -
2:48 - 2:51ပြည့်စုံတဲ့ အစဉ်တစ်ခုကိုပြခဲ့တယ်။
-
2:51 - 2:55နောက်ပိုင်း သုတေသနက အချို့လုပ်ဆောင်မှု
တွေမှာ ဦးနှောက်ရဲ့တစ်ဘက်က အခြားဘက်ထက် -
2:55 - 2:58ပိုတက်ကြွတယ်လို့ ပြတယ်။
-
2:58 - 3:00ဘာသာစကားက ဘယ်ဘက်မှာ ပိုထိန်းထားပြီး
-
3:00 - 3:03ညာဘက်မှာ အာရုံစိုက်တာပါ။
-
3:03 - 3:05ဒီတော့ ဦးနှောက်တစ်ခြမ်းက
ပိုအလုပ်လုပ်လောက်ပေမဲ့ -
3:05 - 3:10ဒါက လူထက် စနစ်အရ ကွဲပြားပါတယ်။
-
3:10 - 3:11တစ်ဦးချင်းတွေမှာ ထင်ရှားတဲ့
-
3:11 - 3:15ဦးနှောက်အခြမ်းတွေ
ရှိတယ်လို့ ညွှန်ပြတဲ့ (သို့) -
3:15 - 3:18ဆင်ခြင်မှုနဲ့ ဖန်တီးမှုကြား
ဘယ်၊ညာ ကွဲတဲ့ အယူအဆကို -
3:18 - 3:20ထောက်ခံတဲ့ အေထာက်အထားတစ်ခုမှ မရှိပါဘူး။
-
3:20 - 3:24တစ်ချို့လူတွေ အထူးသဖြင့် ဆင်ခြင်နိုင်
(သို့) ဖန်တီးနိုင်ေလာက်ပေမဲ့ -
3:24 - 3:27ဒါဟာ ဦးနှောက်အခြမ်းတွေနဲ့ မဆိုင်ပါဘူး။
-
3:27 - 3:32တစ်ခုကိုတစ်ခု ဝိရောဓိဖြစ်နေတဲ့ ဆင်ခြင်မှု
နဲ့ ဖန်တီးနိုင်မှုရဲ့ အယူအဆဆိုတာတောင် -
3:32 - 3:34ကောင်းကောင်း မခိုင်မြဲပါဘူး။
-
3:34 - 3:38ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်း
ရာမှာ ထက်မြက်တဲ့ ဖန်တီးနိုင်မှု လိုအပ်ပြီး -
3:38 - 3:42မြူးကြွတဲ့ အနုပညာလက်ရာများစွာမှာ
ဆင်ခြင်မှုဆိုင်ရာ ဘောင်ခတ်မှုတွေရှိပါတယ်။ -
3:42 - 3:46ဖန်တီးနိုင်မှုနဲ့ ဆင်ခြင်မှုရဲ့
စွမ်းဆောင်မှုတိုင်းနီးနီးဟာ -
3:46 - 3:50တစ်ခုတည်းအဖြစ် လုပ်ဆောင်တဲ့ ဦးနှောက်
တစ်ခုလုံးရဲ့ အမှတ်အသားကို ဖော်ပြပါတယ်။
- Title:
- ဘယ်ဘက် ဦးနှောက်နှင့် ညာဘက် ဦးနှောက် ယုံမှားမှု။ Elizabeth Waters
- Speaker:
- Elizabeth Waters
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-left-brain-vs-right-brain-myth-elizabeth-waters တွင်ကြည့်ရှုပါ။
လူသား ဦးနှောက်ဟာ ဘယ်နှင့် ညာခြမ်းဟူ၍ ထင်ရှားစွာ ပိုင်းခြားထားပါတယ်။ အဲဒီတည်ဆောက်မှုက ဦးနှောက်နှင့်ပတ်သက်ပြီး နေရာတကာ သက်ရောက်မှုအရှိဆုံး အယူအဆများထဲမှ တစ်ခုကို စေ့ဆော်ပေးခဲ့ပါတယ်။ ဘယ်ဘက်ခြမ်းက ဆင်ခြင်မှုကို ထိန်းချုပ်ပြီး ညာဘက်ခြမ်းက ဖန်တီးနိုင်မှုကို ထိန်းချုပ်တယ်ဆိုတာပါ။ ဒါပေမဲ့ ဒါဟာ ယုံမှားမှုတစ်ခု၊ သိပ္ပံဆိုင်ရာ အထောက်အထား ထောက်ခံထားခြင်းမရှိပါဘူး။ ဒါဆို ဒီအယူအဆ ဘယ်လိုထွက်ပေါ်လာလဲ၊ ဒါက ဘာမှားသွားတာလဲ။ Elizabeth Waters ကနေပြီး ဒီရှည်ကြာစွာ ကိုင်စွဲထားတဲ့ နားလည်မှုလွဲခြင်းကို စုံစမ်းစစ်ဆေးထားပါတယ်။
သင်ခန်းစာကို Elizabeth Waters ကပြစုပြီး လှုပ်ရှားရုပ်ပုံမျာကို Daniel Gray ကဖန်တီးထားပါသည်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:12
![]() |
sann tint approved Burmese subtitles for The left brain vs. right brain myth | |
![]() |
Myo Aung accepted Burmese subtitles for The left brain vs. right brain myth | |
![]() |
Myo Aung edited Burmese subtitles for The left brain vs. right brain myth | |
![]() |
sann tint edited Burmese subtitles for The left brain vs. right brain myth | |
![]() |
sann tint edited Burmese subtitles for The left brain vs. right brain myth | |
![]() |
sann tint edited Burmese subtitles for The left brain vs. right brain myth | |
![]() |
sann tint edited Burmese subtitles for The left brain vs. right brain myth | |
![]() |
sann tint edited Burmese subtitles for The left brain vs. right brain myth |