လူသားဦးနှောက်ကို ကြည့်ပါ။ ဘယ်နဲ့ ညာခြမ်း သိသာစွာ ကွဲတဲ့ ဖုထစ်နေတဲ့ မြင်ကွင်းပါ။ ဒီတည်ဆောက်မှုက ဦးနှောက်အကြောင်း အပျံ့နှံ့ဆုံးအယူအဆ တစ်ခုကို စေ့ဆော်ခဲ့တယ်။ ဘယ်ခြမ်းက ဆင်ခြင်မှုကို ထိန်းချုပ်ပြီး ညာခြမ်းက ဖန်တီးနိုင်မှုဆိုတာပါ။ ဒါပေမဲ့ ဒါဟာ သိပ္ပံဆိုင်ရာ အထောက်အထားမရှိတဲ့ ယုံမှားမှုတစ်ခုပါ။ ဒါဆို ဒီအယူအဆ ဘယ်လိုထွက်ပေါ်လာလဲ၊ ဒါက ဘာမှားသွားတာလဲ။ ဦးနှောက်မှာ ဘယ်ခြမ်းနဲ့ ညာခြမ်းရှိတာ မှန်ပါတယ်။ ဒါက အပြင်ဖက်လွာ (သို့) ဦးနှောက်အပြင်လွှာနဲ့ အထင်ရှားဆုံးပါ။ အတွင်းဘက် နေရာတွေ ဥပမာ striatum hypothalamus thalamus နဲ့ ဦးနှောက် အရင်းပိုင်းတို့ဟာ ဆက်နေတဲ့ တစ်ရှူးကနေ လုပ်ထားပုံပေါက်ပေမဲ့ တကယ်က ဒါတွေဟာလည်း ဘယ်နဲ့ညာခြမ်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဦးနှောက်ရဲ့ ဘယ်နဲ့ညာအြခမ်းဟာ လှုပ်ရှားမှုနဲ့ အမြင်တို့လို ခန္ဓာကိုယ် လုပ်ဆောင်မှုအမျိုးမျိုးကို မထိန်းချုပ်ပါ။ ဦးနှောက်ညာခြမ်းက ဘယ်လက်နဲ့ ခြေရဲ့ လှုပ် ရှားမှုကိုထိန်းချုပ်ပြီး အပြန်အလှန်ပါ။ အမြင်ပိုင်းစနစ်က ပိုတောင် ရှုပ်ထွေးပါတယ်။ မျက်လုံးတစ်လုံးစီမှာ ဘယ်နဲ့ညာ အမြင်ပိုင်း စက်ကွင်းရှိပါတယ်။ ဘယ်ဘက် အမြင်ပိုင်း စက်ကွင်းနှစ်ခုလုံးကို ဦးနှောက် ညာဘက်ကို ပို့ပေးပြီး ညာဘက် စက်ကွင်းတွေကို ဘယ်ဘက်ကို ပို့ပေးပါတယ်။ ဒီတော့ ဦးနှောက် ကမ္ဘာကြီးရဲ့ ပြည့်စုံတဲ့ ပုံရိပ်ဖန်တီးဖို့ နှစ်ဘက်စလုံး သုံးပါတယ်။ ဘာကြောင့် ဒီပြောင်းကူးခြင်းရှိတာ သိပ္ပံပညာရှင်တွေ အသေအချာမသိပါဘူး။ သီအိုရီတစ်ခုက တိရိစ္ဆာန်တွေဟာ ပိုရှုပ်တဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးပြီး မကြာခင် စတယ်၊ အကြောင်းက ဒါက ပိုမြန်တဲ့ အမှတ်မဲ့တုံ့ပြန် မှုရဲ့ ရှင်ကျန်ရေး အကျိုးပေးတာကြောင့်တဲ့။ တိရိစ္ဆာန်တစ်ကောင်ဟာ ၎င်းရဲ့ ဘယ်ဘက်ကနေ သားရဲလာနေတာ တွေ့ရင် လွတ်မြောက်ဖို့ အကောင်းဆုံးက ညာဘက်ကိုပါ။ ဒီတော့ အမြင်နဲ့ လှုပ်ရှားမှုကို ထိန်းချုပ်မှုဟာဘယ်၊ ညာတည်ဆောက်မှုကို အားပြုတဲ့ စနစ်နှစ်ခုလို့ ဆိုနိုင်ပေမဲ့ ဒီအယူအဆကို ဆင်ခြင်မှုနဲ့ ဖန်တီးမှုဆီ လွန်ပြီးချဲ့တဲ့အခါ ပြဿနာပေါ်လာတယ်။ ဒီနားလည်မှုလွဲခြင်းက ၁၈၀၀ နှစ်လွန်တွေမှာ အာရုံကြောပညာရှင် နှစ်ဦး Broca နဲ့ Wernicke တို့ ဒဏ်ရာတွေကြောင့် ဆက်သွယ်ရေး ပြဿနာရှိနေတဲ့ လူနာတွေကို စစ်ဆေးစဉ်က စတင်ခဲ့တာပါ။ သုတေသီတွေက လူနာတွေရဲ့ ဘယ်ဘက် နားထင်တွေကို ထိခိုက်တာ တွေ့ရှိခဲ့တော့ ဘာသာစကားကို ဦးနှောက် ဘယ်ခြမ်းက ထိန်းချုပ်တယ်လို့ ညွှန်ပြခဲ့ကြတယ်။ ဒါက အများကြိုက် စိတ်အာရုံကို ဆွဲဆောင်လိုက်တယ်။ စာရေးဆရာ Robert Louis Stevenson က နောက်ပိုင်း ဆင်ခြင်မှုဆိုင်ရာ ဘယ်ဘက်အြခမ်းကို သူ့ဇာတ်ကောင်တွေဖြစ်တဲ့ Dr. Jekyll နဲ့ Mr. Hyde တို့ကို ကိုယ်စားပြုတဲ့ စိတ်ခံစားမှုဆိုင်ရာ ညာဘက်ခြမ်းနဲ့ ယှဉ်ပြိုင်ရင်း မိတ်ဆက်လိုက်တယ်။ ဒါပေမဲ့ ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေက တစ်ခြမ်းပျောက်နေတဲ့ (သို့) နှစ်ခြမ်းကွာနေတဲ့ လူနာတွေတွေကို စစ်ဆေးတဲ့အခါ ဒီအယူအဆက မခိုင်မာခဲ့ပါဘူး။ ဒီလူနာတွေက ဆင်ခြင်မှု နဲ့ ဖန်တီးနိုင်မှု နှစ်ခုစလုံး အပြုအမူတွေရဲ့ ပြည့်စုံတဲ့ အစဉ်တစ်ခုကိုပြခဲ့တယ်။ နောက်ပိုင်း သုတေသနက အချို့လုပ်ဆောင်မှု တွေမှာ ဦးနှောက်ရဲ့တစ်ဘက်က အခြားဘက်ထက် ပိုတက်ကြွတယ်လို့ ပြတယ်။ ဘာသာစကားက ဘယ်ဘက်မှာ ပိုထိန်းထားပြီး ညာဘက်မှာ အာရုံစိုက်တာပါ။ ဒီတော့ ဦးနှောက်တစ်ခြမ်းက ပိုအလုပ်လုပ်လောက်ပေမဲ့ ဒါက လူထက် စနစ်အရ ကွဲပြားပါတယ်။ တစ်ဦးချင်းတွေမှာ ထင်ရှားတဲ့ ဦးနှောက်အခြမ်းတွေ ရှိတယ်လို့ ညွှန်ပြတဲ့ (သို့) ဆင်ခြင်မှုနဲ့ ဖန်တီးမှုကြား ဘယ်၊ညာ ကွဲတဲ့ အယူအဆကို ထောက်ခံတဲ့ အေထာက်အထားတစ်ခုမှ မရှိပါဘူး။ တစ်ချို့လူတွေ အထူးသဖြင့် ဆင်ခြင်နိုင် (သို့) ဖန်တီးနိုင်ေလာက်ပေမဲ့ ဒါဟာ ဦးနှောက်အခြမ်းတွေနဲ့ မဆိုင်ပါဘူး။ တစ်ခုကိုတစ်ခု ဝိရောဓိဖြစ်နေတဲ့ ဆင်ခြင်မှု နဲ့ ဖန်တီးနိုင်မှုရဲ့ အယူအဆဆိုတာတောင် ကောင်းကောင်း မခိုင်မြဲပါဘူး။ ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်း ရာမှာ ထက်မြက်တဲ့ ဖန်တီးနိုင်မှု လိုအပ်ပြီး မြူးကြွတဲ့ အနုပညာလက်ရာများစွာမှာ ဆင်ခြင်မှုဆိုင်ရာ ဘောင်ခတ်မှုတွေရှိပါတယ်။ ဖန်တီးနိုင်မှုနဲ့ ဆင်ခြင်မှုရဲ့ စွမ်းဆောင်မှုတိုင်းနီးနီးဟာ တစ်ခုတည်းအဖြစ် လုပ်ဆောင်တဲ့ ဦးနှောက် တစ်ခုလုံးရဲ့ အမှတ်အသားကို ဖော်ပြပါတယ်။