< Return to Video

TEDxRainnier Patti Dobrowolski သင့်အနာဂတ်ကို ပုံဆွဲယူပါ။

  • 0:13 - 0:15
    Maya Angelou တစ်ခါက ပြောခဲ့တယ်၊
  • 0:15 - 0:19
    "တစ်ခုတည်းသော စိတ်ကူးယဉ်မှုက သန်းချီတဲ့
    ပကတိဖြစ်ရပ်တွေ ပုံစံပြောင်းနိုင်တယ်"တဲ့။
  • 0:21 - 0:26
    ဘယ်အိပ်မက် သို့မဟုတ် မြင်ကွင်းကို
    ပကတိအဖြစ် ပြောင်းလဲချင်လဲ။
  • 0:27 - 0:29
    ကိုယ်တိုင်က စီးပွားရေးထဲ
    အမြဲ ဝင်ချင်ခဲ့တာ။
  • 0:29 - 0:31
    အကြံပေး ဖြစ်နိုင်တာပေါ့။
  • 0:31 - 0:36
    နောက်ဆုံး ချောကလက် ကိတ်အပိုင်းစားပြီး
    ကစီဓာတ် မပါတဲ့ညထဲ သွားလိုက်မယ်လေ။
  • 0:36 - 0:38
    (ရယ်သံများ)
  • 0:38 - 0:43
    တစ်နေ့မှာ အဲဒီ စိတိတိုနေတဲ့ အကြီးအကဲကို
    မျက်နှာချင်းဆိုင်လိုက်မယ်။

  • 0:43 - 0:46
    စာရွက်ပေါ်မှာ အမြင်ကောင်းပုံရတယ်၊
    အားရကျေနပ်နေမယ်လေ။
  • 0:46 - 0:49
    ဒီထက်ပိုတာ ကျွန်မသိတယ်။
  • 0:49 - 0:52
    သိတာက ဒါကို ခံစားမိလို့ပါ။
  • 0:53 - 0:57
    ညဘက်မှာ နိုးပြီး လှဲနေတယ်၊
    သင့်အိပ်မက်ကို အဖော်၊ မိတ်ဆွေတွေနဲ့
  • 0:57 - 0:59
    ဆွေးနွေးတယ်ဆိုပေမဲ့
    မကြာခဏတော့ မဟုတ်ဘူးလေ။
  • 0:59 - 1:05
    သင့်ကို အပြောင်းအလဲကနေ တားဆီးနေတဲ့
    အလားတူ အမူအကျင့်တွေ ဆက်လုပ်နေတယ်။
  • 1:05 - 1:09
    သင့်ကိုယ်သင် မေးတယ်၊
    ဒါဖြစ်အောင် ဘယ်လိုလုပ်နိုင်လဲ။
  • 1:10 - 1:15
    လေ့လာမှုက ပြတာက သင့်အတွက် ဘဝမှာ
    အပြောင်းအလဲ ဖြစ်နိုင်ခြေက-
  • 1:15 - 1:17
    ၉ ကနေ ၁ ဆီကိုပါ။
  • 1:17 - 1:22
    ၉ ကနေ ၁ သို့၊ အသက်ကို ခြိမ်းခြောက်နေတဲ့
    ရောဂါနဲ့ ရင်ဆိုင်နေရတာတောင်ပါ။
  • 1:23 - 1:26
    ဒါပေမဲ့ ဒီဖြစ်နိုင်ခြေတွေကို
    အနိုင်ယူနည်းကို ပြပါရစေ။
  • 1:27 - 1:31
    သင်ဆန္ဒရှိရာ ဘဝကို နေလို့ရတယ်၊
    ဟောဒီ ရှေ့တည့်တည့်မှာပါ။
  • 1:31 - 1:36
    ဒါပေမဲ့ ဒါကို အောင်မြင်ဖို့ ပထမ မြင်ရမယ်၊
    နောက် ဒါကို ယုံကြည်ရမယ်။
  • 1:36 - 1:43
    နောက်တော့ သင့်ကို သင့်မြင်ကွင်း
    အထမြောက်အောင် ကူညီဖို့ သင့်ဦးနှောက်ကို
  • 1:43 - 1:45
    ယဉ်ယဉ်ကျေးကျေး မေးပြီး လေ့ကျင့်ရမယ်။
  • 1:46 - 1:48
    ဒီတော့ မြင်ကွင်းကို ဘယ်လိုကြည့်မလဲ။
  • 1:48 - 1:50
    ပုံတစ်ပုံ ကနေပါ။
  • 1:50 - 1:53
    ပုံတစ်ပုံဟာ လှုပ်ရှားမှု ဖန်တီးနိုင်တယ်။
  • 1:53 - 1:55
    ပုံတစ်ပုံဟာ
  • 1:56 - 1:58
    နိုင်ငံတွေကို စုစည်းနိုင်တယ်။
  • 1:58 - 2:01
    ပုံတစ်ပုံကို သင့်နှလုံးသားဆီ ဆွဲယူကာ
  • 2:01 - 2:05
    တစ်ခုခုလုပ်ဖို့ လေးနက်တဲ့ ဆန္ဒတစ်ခုနဲ့
    သင့်ကို ဖြည့်ပေးနိုင်တယ်။
  • 2:05 - 2:09
    Roche Pharmaceutical မှာ ဉက္ကဌက
    သူ့မြင်ကွင်းပုံကို ကျွန်မတို့ကို
  • 2:09 - 2:10
    ဖန်တီးခိုင်းတယ်။
  • 2:10 - 2:16
    မရခင်မှာ ဝန်ထမ်း ၄၀ ရာခိုင်နှုန်း
    လျော့လျော့ဟာ ကုမ္ပဏီရဲ့ မြင်ကွင်းနဲ့
  • 2:16 - 2:17
    နည်းဗျူးဟာကို နားလည်ခဲ့တယ်။
  • 2:17 - 2:25
    ဒီပုံမြင်ပြီးတဲ့အခါ ၉၆ ရာခိုင်နှုန်းက
    နားလည်ပြီး ၈၄ ရာခိုင်နှုန်းက
  • 2:25 - 2:30
    ဒီပုံနဲ့ ကိုက်ညီဖို့ နေ့တိုင်း သူတို့
    လုပ်ခဲ့တာ ဘယ်လိုဆိုတာ နားလည်ကြတယ်။
  • 2:31 - 2:35
    ဒီတော့ လိုချင်တာရဖို့ ပုံတစ်ပုံကို
    ဘယ်လိုသုံးနိုင်လဲ။
  • 2:36 - 2:38
    ပုံတစ်ပုံဆွဲရုံပါပဲ။
  • 2:38 - 2:41
    ပန်းချီဆရာဖြစ်ဖို့၊ ပုံဆွဲတတ်ဖို့၊
    မလိုပါဘူး။
  • 2:41 - 2:48
    သင့်ပုံတွေက ရိုးနေချင်နေမယ်၊
    သင်ဖြစ်နေတဲ့နေရာကို ဆွဲတဲ့အခါ
  • 2:49 - 2:53
    လက်ရှိအနေအထား၊ သင်ဖြစ်ချင်တဲ့နေရာ
  • 2:53 - 2:57
    သင့်ရဲ့ လိုချင်တဲ့ ဖြစ်တည်မှု အသစ်ပေါ့။
  • 3:01 - 3:05
    ချက်ချင်းပဲ၊ သင့်မှာ အပြောင်းအလဲအတွက်
    လမ်းပြမြေပုံရှိသွားတယ်။
  • 3:05 - 3:07
    ဒီတော့ သင့် လက်ရှိအခြေအနေက ဘာလဲ။
  • 3:07 - 3:10
    အင်း သင်ဟာ Joe ပဲဆိုပါစို့။
  • 3:10 - 3:13
    Joe မှာ အလုပ်ကောင်း တစ်ခုရှိတယ်။
  • 3:14 - 3:18
    ချစ်စရာ ဇနီးရှိတယ်၊ Amy ပေါ့။
  • 3:20 - 3:23
    Joe က ဝင်ငွေကောင်းပေမဲ့
  • 3:25 - 3:28
    ကျွန်မတို့ အများအပြားလိုပဲ
    ဘဝကနေ ပိုလိုချင်တယ်။
  • 3:28 - 3:31
    တစ်ချို့အရာ တစ်ခု၊နှစ်ခုကို
    ရှင်းထုတ်ပစ်ချင်တယ်။
  • 3:32 - 3:37
    ဖြစ်နိုင်တာက ပြင်းထန်တဲ့ အလုပ်ဝန်၊
    မကောင်းမြင်တဲ့ သူဌေးတို့ပေါ့။
  • 3:39 - 3:44
    Joe မှာ ပိုမြင့်မားတဲ့ ရည်ရွယ်ချက်
    ရှိနိုင်တယ်၊ ဘယ်လိုသွားရမှန်း မသေချာဘူး။
  • 3:45 - 3:48
    ဒီတော့ ကဲ Joe ရဲ့ လက်ရှိအခြေအနေ
    အမြင်ပုံပါ။
  • 3:49 - 3:52
    အရာတွေကို ပုံတစ်ပုံနဲ့တွဲတဲ့အခါ
    ပိုကောင်းကောင်း မှတ်မိပါတယ်။
  • 3:52 - 3:55
    အတိအကျဆို ၆၅ ရာခိုင်နှုန်း ပိုကောင်းတယ်။
  • 3:56 - 4:01
    ဒီတော့ Joe ဟာ သူ့လက်ရှိ အခြေအနေမှာ တစ်ခုခု
    ပြောင်းလဲချင်တယ်လို့ စိတ်ကူးကြည့်ပါ။
  • 4:01 - 4:06
    သူစိတ်ကူးတဲ့ လိုချင်တဲ့ ဖြစ်တည်မှု အသစ်
    တည်ဆောက်ချင်တယ်။
  • 4:07 - 4:09
    Joe အတွက် လွပ်လပ်စွာ အိပ်မက်ဖို့
  • 4:09 - 4:11
    ပထမဆုံး သူလုပ်ရမှာက
  • 4:14 - 4:16
    သူ့ဦးနှောက်ကို လှည့်စားဖို့ပါ။
  • 4:16 - 4:19
    အကြောင်းက သိတဲ့အတိုင်း ဦးနှောက်
    ဘယ်အခြမ်းဟာ ဝေဖန်သူကို ထည့်ထားတယ်၊
  • 4:19 - 4:22
    အမြဲတမ်း သင့်ကို ဘေးကင်းစေပြီး
    ဘေးဖြစ်တတွေ၊
  • 4:22 - 4:25
    ပေါက်ကရတွေ မလုပ်မိအောင်
    သေချာဖို့ပါ။
  • 4:25 - 4:30
    ဒီတော့ Joe ကို သူဟာ သူ့စိတ်ကူးကို သုံး
    တော့မှာလို့ ဝေဖန်သူကို ပြောခိုင်းရအောင်။
  • 4:31 - 4:34
    စိတ်ကူးသုံးခြင်းဟာ သင့်ကို့ ဖန်တီးစေပြီး
    ဖြစ်နိုင်ခြေနဲ့ ဖြည့်ပေးတဲ့
  • 4:34 - 4:38
    ဦးနှောက် ညာခြမ်းကို အသက်ဝင်စေပါတယ်။
  • 4:39 - 4:42
    ဒီတော့ Joe ရဲ့ ဘဝသစ်ကို အိပ်မက်မက်ကြစို့။
  • 4:43 - 4:44
    အကောင်းဆုံး ဖြစ်နိုင်ခြေက
  • 4:44 - 4:48
    ဒီနေ့ကနေ တစ်နှစ်အကြာ
    Joe ရဲ့ ဘဝ ဘယ်လိုပုံပေါက်မလဲ။
  • 4:49 - 4:52
    ဟေး၊ Joe အလုပ်သစ်ရတယ်၊ ကောင်းလိုက်တာ။
  • 4:53 - 4:58
    သဌေး အသစ်ရတယ်၊ သူကိုယ်တိုင်လေ။
  • 4:59 - 5:02
    Joe မှာ အရမ်းတော်တဲ့ပူပေါင်း
    တစ်ယောက်၊ နှစ်ယောက်ရတယ်။
  • 5:02 - 5:07
    Joe ဟာ ဖန်တီးမှု၊ စိတ်ကူးတွေနဲ့
    ပေါင်းလန်နေတော့မယ်။
  • 5:07 - 5:10
    ဒါတွေက သူအိပ်မက်မက်နေတာတွေ အားလုံးလေ။

  • 5:10 - 5:12
    အဆက်အသွယ်၊
  • 5:13 - 5:15
    ပြီးတော့ ရည်ရွယ်ချက်၊
  • 5:17 - 5:19
    လွတ်လပ်မှု၊
  • 5:22 - 5:23
    ပြီးတော့ ချစ်ခြင်းမေတ္တာပါ။
  • 5:27 - 5:30
    ဒီနေ့ Joe ကိုကူညီတဲ့အနေနဲ့
    အခု ဒီပုံကိုဆွဲနေတာပါ။
  • 5:30 - 5:33
    ဒါပေမဲ့ တကယ့်ဘဝမှာတော့
    သူ့ပုံကို သူဆွဲပါလိမ့်မယ်။
  • 5:35 - 5:37
    သူကျွန်မကို မပေးနိုင်လို့ပါ။
  • 5:37 - 5:39
    (ရယ်သံများ)
  • 5:39 - 5:44
    တကယ်တမ်းက ကိုယ့်ပုံကိုယ်ဆွဲတဲ့အခါ
    စွမ်းအား အများဆုံးရတာကြောင့်ပါ။
  • 5:44 - 5:46
    ဒီတော့ အခု သူ့ပုံရှိပြီဆိုတော့
  • 5:46 - 5:49
    ဒီထဲကို နှစ်ဝင်လိုက်တယ်။
  • 5:49 - 5:51
    ဒါကို အရောင်ဖြည့်ဖို့ လိုတယ်။
  • 5:53 - 5:55
    စိတ်ခံစားမှုနဲ့ ဖြည့်ဖို့လိုတယ်။
  • 5:58 - 6:04
    ဒီအထဲကို ဝင်ရမယ်၊ အထဲမှာရှိနေသလိုနဲ့
    အပြင်ကိုကြည့်ရင်းပေါ့။
  • 6:06 - 6:13
    ပုံဆွဲပြီး အိပ်မက်မက်တဲ့အခါ သင့်ဦးနှောက်က
    serotonin နဲ့ Oxytocin ကို ထုတ်ပေးတယ်။
  • 6:14 - 6:16
    ဒါနဲ့ သင် ပျော်တာကို ခံစားရတယ်။
  • 6:18 - 6:20
    လုပ်နိုင်စွမ်းရှိတယ်၊ ဖန်းတီးနိုင်တယ်။
  • 6:21 - 6:22
    လန်းနေတယ်ပေါ့။
  • 6:23 - 6:27
    အခုတော့ Joe ရဲ့ လက်ရှိအခြေအနေနဲ့ လိုချင်
    တဲ့ ဖြစ်တည်မှု အသစ်ရပါပြီ။
  • 6:27 - 6:31
    ဒီတော့ Joe ဟာ ဒီကနေ ဒီကို
    ရဲရင့်တဲ့ ခြေလှမ်းသုံးလှမ်းနဲ့
  • 6:33 - 6:35
    ဘယ်လိုရောက်မလဲ။
  • 6:36 - 6:37
    ရဲရင့်တဲ့ ခြေလှမ်းသုံးလှမ်းလား။
  • 6:37 - 6:39
    ဒီကနေ ဒီကို ခြေလှမ်းသုံးလှမ်းနဲ့
    ရောက်တဲ့နည်း
  • 6:39 - 6:41
    သိခဲ့ရင် ကဘီလူးငါး စားတဲ့အခါ ဒါကို
  • 6:41 - 6:43
    လွန်တဲ့ ၂၅ နှစ်က လုပ်ခဲ့မိမယ်။
  • 6:43 - 6:46
    (ရယ်သံများ)
  • 6:46 - 6:50
    မှော်ဆန်မှုက ဒီမှာစပါတယ်၊
    သင့်ဦးနှောက်က သင့်ကိုသိတယ်။
  • 6:50 - 6:54
    သင်မြင်တာ၊ ကြားတာ၊ တွေ့ကြုံတာ မှန်သမျှ
    တကယ်ထ(သို့) စိတ်ကူးတာဖြစ်ဖြစ်
  • 6:54 - 6:56
    စာရင်းပြုထားတယ်။
  • 6:56 - 6:59
    သင့်အတွက် ဒီအပိုင်းတွေကို အတူတူ
    ထည့်ပေးဖို့ ပြောဖို့ပါပဲ။
  • 6:59 - 7:01
    ဒီလောက် ရိုးရှင်းပါတယ်။
  • 7:02 - 7:05
    ကျွန်မတို့ဟာ သုံးဖက်မြင်
    ကမ္ဘာမှာ နေထိုင်ပေမဲ့
  • 7:05 - 7:07
    အလင်းက အမြင်လွှာပေါ်ကို နှစ်ဖက်မြင်ပုံ
    ကျရောက်ပြီး
  • 7:07 - 7:11
    ဦးနှောက်က ဒါကို ကိုင်တွယ်တာပါ။
  • 7:12 - 7:15
    ဒီတော့ ဒီအပိုအမြင်ကို ဘယ်လိုကိုင်တွယ်မလဲ။
  • 7:18 - 7:20
    ဒါက မှန်းဆတာပါ။
  • 7:20 - 7:21
    မှန်းဆပေးတာပါ။
  • 7:21 - 7:24
    ဒါက ကော်ဖီကိုသွားယူတဲ့အခါ
    သင့်ကော်ဖီတစ်ခွက်ရှိဖရာကို
  • 7:24 - 7:27
    မှန်းဆနိုင်သလို သင်လှမ်းသင့်တဲ့
    ရဲရင့်တဲ့ ခြေသုံးလှမ်းဟာ
  • 7:27 - 7:30
    ဘာဆိုတာ မှန်ကန်စွာ မှန်းဆနိုင်ပါတယ်။
  • 7:30 - 7:35
    သင်လုပ်ဖို့လိုတာဆိုလို့ သင့်ပုံကိုကြည့်
    ပြီး မျက်လုံးတွေ ပိတ်လိုက်ဖို့ပါ။
  • 7:36 - 7:42
    ဒါက ဦးနှောက်ကို ၎င်းမြင်တာကို ပြန်သုံးပြီး
    ဒါကို ပြန်တည်ဆောက်ခွင့်ပေးတယ်၊
  • 7:42 - 7:45
    ဒီမှာ သင်မြင်ဖူး၊ ကြားဖူး၊ ကြုံဖူးသမျှ၊
    ဒါမှမဟုတ် စိတ်ကူးယဉ်သမျှကို
  • 7:45 - 7:50
    ထပ်ပေါင်းပေးပြီး အကောင်းဆုံး အဖြေနဲ့
  • 7:50 - 7:52
    သင့်ကို ဖြည့်ဆည်းပေးတယ်။
  • 7:52 - 7:55
    အခု ဒီကနေ ဒီကိုရောက်နိုင်ဖို့
  • 7:55 - 8:01
    အရဲရင့်ဆုံး အရာကဘာလဲလို့
    သင်က စိတ်အေးအေးထားပြီး မေးရင်
  • 8:01 - 8:04
    ကဲဒါက ဒါက ချက်ချင်း သင့်ကို
    ပြောပြလိမ့်မယ်။
  • 8:04 - 8:05
    ဒါကို မြင်ကြည့်ပါ။
  • 8:07 - 8:09
    ဒါကို ယုံကြည်ပါ။
  • 8:11 - 8:13
    ဒီအပေါ်မှာ လုပ်ဆောင်ပါ။
  • 8:14 - 8:17
    ကဲ အန္တရာယ်က ဒီရဲရင့်တဲ့ ခြေသုံးလှမ်းထဲက
    တစ်လှမ်းဟာ သိပ်လန့်စရာဆိုရင်
  • 8:17 - 8:20
    ဒီသင့်ဦးနှောက်ရဲ့ အလိုအလျောက်
    ယုတ္တိတန်တဲ့
  • 8:20 - 8:22
    အခြမ်းက သင့်ကို ဒီကနေ
    မောင်းထုတ်တော့မယ်။
  • 8:22 - 8:24
    အိုး ငါဒါကို မလုပ်ချင်ဘူး။
  • 8:24 - 8:28
    အိုး ဒီခုံက သိပ်မသေးပါဘူး၊ ငါ့ခြေထောက်တွေ
    ဒီအောက်မှာ မကျဉ်းကျုတ်ပါဘူး။
  • 8:29 - 8:34
    အို တစ်နှစ် ၂၀၀၀၀၊ ဒီလစာ တော်ပါတယ်။
  • 8:35 - 8:38
    ဒီသူဌေး၊ ငါ့ကို အဲလောက် မဆိုးပါဘူး။
  • 8:38 - 8:40
    ဘာဆိုတာ သိပါတယ်၊ ငါဒီမှာ ဆက်နေမယ်၊
  • 8:40 - 8:42
    ငါဒီမှာ တကယ်ပဲ အဆင်ပြေပါတယ်။
  • 8:46 - 8:50
    ဒီတော့ အရဲရင့်ဆုံး အရာလုပ်ဖို့
    ဘယ်လိုလုပ် လုပ်နိုင်တော့မှာတုန်း။
  • 8:50 - 8:53
    အဆွဲဆောင်နိုင်ဆုံး ပုံဆွဲခြင်းအားဖြင့်
    ဒီကို သင်ကြည့်တဲ့အခါ
  • 8:53 - 8:55
    သင်ဟာ နာကျင်တယ်၊ ထိခိုက်တယ်။
  • 8:55 - 8:58
    သင်ဒီမှာ ရှိတဲ့အခါ တက်ကြွပါတယ်။
  • 8:58 - 9:02
    ဒါက စိတ်ဝင်စားစရာ၊ပါ၊ ဒီဆက်သွယ်ထားတဲ့
    သင်ဆွဲထားတဲ့ လွတ်လပ်တဲ့ဘဝ
  • 9:02 - 9:04
    အတွင်းမှာ သင်က နေပြီးနှင့်နေတယ်။
  • 9:04 - 9:11
    ဒီတော့ နေ့စဉ် အိပ်ရာထ၊ သင့်ပုံထဲမှာ
    စိတ်နှစ်ပြီး ဖြစ်နိုင်မှုထဲကို လှမ်းဝင်ပါ။
  • 9:11 - 9:15
    ဒါက သင်လုပ်ဆောင်တဲ့
    အရေးကြီးဆုံး အပိုင်းပါ။
  • 9:15 - 9:17
    သင်က အရာသေးသေးလေးတစ်ခု လုပ်တယ်။
  • 9:18 - 9:20
    ကိုယ်ပိုင်လုပ်ငန်း စတင်တဲ့
    သင့်မိတ်ဆွေကို ခေါ်လိုက်တယ်။
  • 9:20 - 9:22
    သူမကို မေးတယ်၊ "ဘယ်လိုလုပ်ခဲ့တာလဲ။"
  • 9:22 - 9:25
    Amy ကို သင်မေးတယ်၊
    "ကိုယ့်မြင်ကွင်းမှာ မင်းကူညီမလား။"
  • 9:25 - 9:28
    သင့်သူဌေးဆီသွားပြီး လစာတိုးတောင်းတယ်။
  • 9:29 - 9:35
    သင်ဟာ အပြောင်းအလဲ ဖြစ်အောင်လုပ်တဲ့
    ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်လာတယ်။
  • 9:36 - 9:39
    ကဲ ဒီပုံကို သင့်ထိုင်ခုံတွေထဲမှာ
    ထားလိုက်ပါတယ်။
  • 9:39 - 9:42
    Joe အတွက် ကျွန်မ လုပ်ခဲ့တာကို
    ကိုယ်တိုင် လုပ်နိုင်အောင်ပါ။
  • 9:43 - 9:46
    သင့်အိပ်မက်ကို စေ့ဆော်ပေးတဲ့
    ဆန်းကျယ်တဲ့ စိတ်ကူးတစ်ချို့ကို
  • 9:46 - 9:48
    ဒီနေ့ မြင်ပြီးကြပါပြီ။
  • 9:49 - 9:53
    အိပ်မက်ကို ဒီပုံစံထဲမှာ ဆွဲဖို့
    သင့်ကို စိန်ခေါ်တာပါ။
  • 9:54 - 9:59
    သင် ဖြစ်လိုတဲ့ ဖြစ်တည်မှု အသစ်ကို
    ကိုယ်စားပြုတဲ့
  • 9:59 - 10:02
    သင့်ပုံထဲမှာ သကေင်္တစ်ခု
    ရွေးဖို့ နှစ်ဆ စိန်ခေါ်တာပါ။
  • 10:02 - 10:05
    ဒါကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး
    ကျွန်မတို့ TEDxRainier မှာ ပို့လိုက်ပါ။
  • 10:07 - 10:13
    Maya Angelou က"တစ်ခုတည်းသော စိတ်ကူးက ဋ
    သန်းချီတဲ့ ဖြစ်တည်မှုတွေ ပြောင်းနိုင်တယ်"
  • 10:13 - 10:19
    ခြေလှမ်း သုံးလှမ်းဟာ ဖြစ်တည်မှုတစ်ခုကို
    ပြောင်းလဲနိုင်ပါတယ်။
  • 10:19 - 10:21
    ကျေးဇူးတင်ပါတယ်။
  • 10:21 - 10:24
    (လက်ခုပ်သံများ)
Title:
TEDxRainnier Patti Dobrowolski သင့်အနာဂတ်ကို ပုံဆွဲယူပါ။
Description:

နိုင်ငံသိ ထောမနာပြုခံရတဲ့ ဟာသ ဖျော်ဖြေရေးသမား၊ စွမ်းဆောင်မှု မြင့်မားတဲ့ စီးပွားရေး အတိုင်ပင်ခံ၊ စာဟောသူ၊ ပုံဆွဲသူနဲ့ ပူပူနွေးနွေး စာရေးဆရာမ Patti Dobrowolski ဟာ အနာဂတ်ရဲ့ မြင်ကွင်းတစ်ရပ်ကို တကယ်ဖြစ်အောင်လုပ်ဖို့ စိတ်ကူးနဲ့ အထောက်အကူပုံတွေရဲ့ အစွမ်းကို မတင်ပေးတဲ့ အာရုံကြော သိပ္ပံ ရှာဖွမှုတွေကို စူးစိုက်ဖို့ သူမရဲ့ အချိန်ကိုကုန်ဆုံးစေပါတယ်။
Dobrowolski ဟာ Fortune 500 ကုမ္ပဏီတွေ၊ ကမ္ဘာတစ်လွှားက ကိုယ်ကျိုးမဖက် အဖွဲ့တွေနဲ့ တွဲလုပ်ပါတယ်။ တကယ့်တကယ်က အဖွဲ့အစည်းရဲ့ မြင်ကွင်းကို ၄ပေ ၈ပေ ပုံနဲ့ သရုပ်ဖော်ရင်း
ဆန်းသစ်၊ ထူးခြာတဲ့ နည်းပရိယာယ်တွေကို ဖန်တီးဖို့ သူတို့ကို စေ့ဆော်ပေးဖို့ပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
10:35

Burmese subtitles

Revisions