< Return to Video

နိမ့်ဆင်းကျွံဝင်နေတဲ့ မြို့ကြီးများကို ရေလွှမ်းမိုးခြင်းကို တွန်းလှန်တဲ့ ရှုခင်းများအဖြစ် ပြောင်းလဲပုံ။

  • 0:01 - 0:04
    အခု လောလောဆယ်
  • 0:04 - 0:07
    ကျွန်မတို့ ရှူနေတဲ့ ဝင်သက်ထွက်သက်နဲ့အတူ
  • 0:07 - 0:12
    ကမ္ဘာတစ်လွှားက အဓိက မြစ်ဝကျွန်းပေါ်
    မြို့ကြီးတွေဟာ နိမ့်ဆင်းကျွံဝင်နေပါတယ်၊
  • 0:12 - 0:15
    နယူးယော့ခ်၊ လန်ဒန်၊
  • 0:15 - 0:18
    တိုကျို၊ ရှန်ဟိုင်း နယူး အော်လင်းအပါအဝင်
  • 0:18 - 0:21
    ကျွန်မရဲ့မြို့တော် ဘန်ကောက်ရောပါ။
  • 0:23 - 0:27
    ဟောဒီမှာတော့ ရာသီဥတုပြောင်းလဲမှုရဲ့
    ဖြစ်နေကျ ပုံစံတစ်ခုပါ။
  • 0:29 - 0:30
    ဒါက ကျွန်မ မြို့ရဲ့ပုံစံပါ။
  • 0:31 - 0:32
    ဘာမှ မဟုတ်ဘူး၊
  • 0:32 - 0:34
    လမ်းပေါ်က မိချောင်းတစ်ကောင်ပဲလေ။
  • 0:34 - 0:35
    (ရယ်သံများ)
  • 0:35 - 0:38
    ဒါဟာ နိမ့်ဆင်းနေတဲ့ မြို့ကြီးတွေအပေါ်
    ရာသီဥတုပြောင်းလဲမှုရဲ့
  • 0:39 - 0:40
    အရေးပေါ် အကျိုးသက်ရောက်မှုတစ်ခုပါ။
  • 0:42 - 0:46
    ဒီမှာတော့ မြင်ရတဲ့အတိုင်း
    ဘန်ကောက်ရဲ့ မြို့ပြပုံစံသွတ်သွင်းမှုပါ၊
  • 0:46 - 0:49
    အရပ်မျက်နှာတိုင်းမှာ ကြီးထွားနေကာ
  • 0:49 - 0:53
    ရေကို ရှူရှိက်၊ စုပ်ယူနိုင်တဲ့
    စိမ့်ဝင်စေတဲ့ စိုက်ပျိုးမြေကနေ
  • 0:54 - 0:57
    ကွန်ကရစ် တောကြီးမျက်မည်း တစ်ခုအဖြစ်
  • 0:57 - 0:59
    ပြောင်းရွှေ့နေတာပါ။
  • 1:02 - 1:06
    ဒါကတော့ မိုးရေချိန် မိနစ် ၃၀ အပြီးမှာ
    ပုံပေါက်လာတဲ့ အစိတ်အပိုင်းတွေပါ။
  • 1:07 - 1:09
    ပြီးတော့ မိုးရွာတဲ့ အခါတိုင်း
  • 1:09 - 1:11
    ကျွန်မရဲ့ကားကို လှေတစ်စီးအဖြစ်
    ပြောင်းသွားစေချင်မိတယ်။
  • 1:13 - 1:15
    ဒီမြေဟာ ရေအတွက် နေရာလပ်မရှိဘူး။
  • 1:16 - 1:20
    ၎င်းရဲ့စုပ်ယူမှုအစွမ်းက ဆုံးရှုံးသွားပြီ။
  • 1:22 - 1:26
    ဘန်ကောက်ရဲ့ မြို့တော်ပိုင်း ဒေသရဲ့
    ဒိဌအဖြစ်က
  • 1:26 - 1:31
    ပြောင်းလဲနေတဲ့ ရွံ့ထူတဲ့ မြစ်ဝကျွန်းပေါ်
    ဒေသတစ်ခုရဲ့ထိပ်မှာ
  • 1:31 - 1:37
    နေထိုင်၊ လုပ်ကိုင်၊ သွားလာနေတဲ့
    လူဦးရေး ၁၅ သန်းရဲ့ မြို့ကြီးတစ်မြို့ပါ၊
  • 1:38 - 1:43
    ဘန်ကောက်ဟာ တစ်နှစ်ကို တစ်ဆင်တီမီတာကျော်
    နိမ့်ဆင်းကျွံဝင်လာနေတယ်၊
  • 1:43 - 1:50
    ဒါက ခန့်မှန်းထားတဲ့ ပင်လယ်မျက်နှာပြင်
    မြင့်တက်မှုနှုန်းထက် လေးဆ ပိုမြန်တယ်။
  • 1:51 - 1:56
    ၂၀၃၀ မတိုင်မီ ပင်လယ်ရေမျက်နှာပြင်
    အောက်မှာ ရောက်နိုင်ပါတယ်၊
  • 1:56 - 1:58
    သိပ်မကြာခင် ဒီမှာဖြစ်လာတော့မှာပါ။
  • 2:01 - 2:07
    ကျွန်မက ဒီမှာ ဥယျာဉ်၊ပန်းပန် ဗိသုကာအဖြစ်
    ရှိနေတာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။
  • 2:08 - 2:11
    ကလေးတစ်ယောက်အဖြစ်နဲ့ ယာဉ်တွေ အ
    မြဲ ပြည့်ကျပ်နေတဲ့
  • 2:11 - 2:15
    လူရှုပ်တဲ့ လမ်းမဘေးနားက
    ဒီအိမ်တန်းတစ်ခုမှာ ကျွန်မ ကြီးပြင်းခဲ့တယ်။
  • 2:17 - 2:21
    ကျွန်မရဲ့အိမ်ရှေ့မှာ
    ကွန်ကရစ် ကားရပ်နားတဲ့နေရာတစ်ခုရှိပြီး
  • 2:21 - 2:23
    ဒါက ကျွန်မရဲ့ကစားကွင်းပါ။
  • 2:24 - 2:29
    ကျွန်မတွေ့တွေ့နေတဲ့ တစ်ခုတည်းသော
    သက်ရှိသတ္တဝါနဲ့
  • 2:29 - 2:30
    ကျွန်မ ပျော်ရွှင်ခဲ့တာက
  • 2:30 - 2:36
    ကွန်ကရစ် စင်္ကြံရဲ့ အက်ကြောင်းကနေ ကြီးထွား
    ဖို့ကြိုးစားနေတဲ့ ဒီခိုးကြောင်ခိုးဝှက်
  • 2:36 - 2:37

    အပင်ငယ်လေးတွေပါ။
  • 2:38 - 2:40
    သူငယ်ချင်းတွေနဲ့အတူ ကျွန်မ အနှစ်သက်ဆုံး
    ကစားနည်းက
  • 2:40 - 2:47
    ပပ်ကြားအက်ကနေ ကြီးသထက်ကြီးတဲ့
    တွင်းတစ်တွင်းကို တူးဖို့ပါ၊
  • 2:47 - 2:50
    ဒီအပင်လေး တွယ်တက်ခွင့်ရဖို့
  • 2:50 - 2:52
    ပိုပိုပြီး တိုးထွက်ဖို့ပါ။
  • 2:54 - 2:57
    ပြီးတော့ ဥယျာဉ် ပန်းမန် ဗိသုကာပညာက
  • 2:57 - 3:02
    ကျွန်မရဲ့ ရူးကြောင်ကြောင် ရည်မှန်းချက်ကို
    ဆက်လုပ်ဖို့ အခွင့်အလမ်းပေးတယ်။
  • 3:02 - 3:04
    (ရယ်သံများ)
  • 3:04 - 3:08
    ဒီကွန်ကရစ် မြေကြီးကို သဘာဝနဲ့
    ပြန်ဆက်သွယ်ဖို့လေ။
  • 3:10 - 3:13
    အရင်က ကျွန်မရဲ့လူမျိုး ထိုင်းတွေဟာ
  • 3:13 - 3:19
    ကျွန်မတို့ဟာ စိုတစ်ခါ၊ ခြောက်တစ်လှည့်
    ရာသီစက်ဝန်းနဲ့ နေသားကျခဲ့ပြီး၊
  • 3:19 - 3:23
    ကျွန်မတို့ကို ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း
    သတ္တဝါတွေလို့ ခေါ်နိုင်ပါတယ်။
  • 3:23 - 3:24
    (ရယ်သံများ)
  • 3:24 - 3:26
    ကျွန်မတို့ဟာ ကုန်းမှာရော ရေမှာပါ
    နေထိုင်ခဲ့တယ်။
  • 3:27 - 3:29
    နှစ်ခုစလုံးနဲ့ ကျင့်သားရခဲ့တယ်။
  • 3:30 - 3:35
    ရေက ကျွန်မတို့မြေကို မြေသြဇာကျွေးတဲ့အခါ
    ရေကြီးခြင်းဟာ ပျော်စရာအဖြစ်တစ်ခုပါ။
  • 3:37 - 3:39
    ဒါပေမဲ့ အခုကျတော့ ရေကြီးခြင်းဆိုတာက
  • 3:40 - 3:42
    ကပ်ဘေးတစ်ခုလေ။
  • 3:43 - 3:44
    ၂၀၁၁ ခုနှစ်က
  • 3:44 - 3:51
    သမိုင်းမှာ ထိုင်းနိုင်ငံဟာ ပျက်စီးမှု
    အများဆုံး၊ တန်ဖိုးအကြီးဆုံး ရေလွှမ်းမှု
  • 3:51 - 3:52
    ကပ်ဘေးတစ်ခုဆိုက်ခဲ့တယ်။
  • 3:53 - 3:57
    ရေလွှမ်းမိုးမှုက ထိုင်းနိုင်ငံဗဟိုကို
    ဧရာမ ကန်တစ်ကန်အဖြစ် ပြောင်းလိုက်ပြီ။
  • 3:59 - 4:04
    ဒီမှာ ဒီရုပ်ပုံရဲ့ဗဟိုမှာ ရေလွှမ်းမိုးမှု
    အတိုင်းအတာကို မြင်နိုင်ပါတယ်။
  • 4:04 - 4:07
    ဘန်ကောက်ရဲ့ အတိုင်းအတာပါ၊
    အဝါရောင်နဲ့ ဘောင်ခတ်ထားပါတယ်။
  • 4:08 - 4:11
    ရေဟာ မြောက်ဘက်ကနေ လျှံနေပြီး
  • 4:11 - 4:14
    စီရင်စုအချို့ကိုဖြစ်ကာ ၎င်းရဲ့လမ်းကြောင်း
    ကို ဖောက်နေတယ်။
  • 4:17 - 4:20
    ကျွန်မနဲ့ ကျွန်မရဲ့မိသားစုအပါအဝင်
  • 4:20 - 4:23
    သန်းချီတဲ့ ကျွန်မရဲ့လူတွေဟာ
  • 4:23 - 4:26
    အိမ်ရာပစ်ပြေးရပြီး အိမ်ရာမဲ့ဖြစ်ခဲ့တယ်။
  • 4:27 - 4:29
    တစ်ချို့က မြို့ကို ရှောင်တိမ်းခဲ့ရတယ်။
  • 4:30 - 4:35
    အများအပြားဟာ သူတို့ရဲ့အိမ်နဲ့ ဥစ္စာ
    ပစ္စည်းတွေ ဆုံးရှုံးရတာကို ထိတ်လန့်နေတော့
  • 4:35 - 4:41
    လျှပ်စစ်မီးမရှိ၊ ရေသန့်မရှိတဲ့
    ရေကြီးတဲ့ဆီမှာ ပြန်နေကြတယ်။
  • 4:43 - 4:46
    ကျွန်မအတွက် ရှင်းရှင်းလင်လင်း ထင်ဟပ်စေတာက
  • 4:46 - 4:49
    ရေကြီးတာက ကျွန်မတို့ရဲ့ခေတ်မီ
    အခြေခံ အဆောက်အုံပါ၊
  • 4:51 - 4:56
    အထူးသဖြင့် ကွန်ကရစ်နဲ့ ရေကြီးတာကို
    တွန်းလှန်ခြင်းရဲ့ ကျွန်မတို့ရဲ့ သဘောထားက
  • 4:56 - 5:02
    ကျွန်မတို့ကို အလွန်အမင်း ခုခံနိုင်စွမ်း
    နည်းပါးအောင် ဖန်တီးခဲ့တာပါ။
  • 5:04 - 5:07
    ဒါပေမဲ့ ဒီကပ်ဘေးရဲ့ အလယ်ဗဟိုထဲမှာ
  • 5:07 - 5:09
    ဘဝပေးတာဝန်ကို တွေ့ခဲ့တယ်။
  • 5:09 - 5:14
    ကျွန်မရဲ့မြို့ ဆက်လက် နိမ့်ဆင်းနေတာကြောင့်
    ထိုင်ပြီး မစောင့်နိုင်တော့ဘူး။
  • 5:15 - 5:17
    ဒီမြို့ဟာ ကျွန်မကို လိုအပ်ခဲ့ပြီး
  • 5:17 - 5:21
    ဒီပြဿနာကိုဖြေရှင်းနိုင်စွမ်း
    ကျွန်မမှာရှိတယ်။
  • 5:23 - 5:24
    လွန်ခဲ့တဲ့ ခြောက်နှစ်က
  • 5:26 - 5:27
    ကျွန်မရဲ့စီမံကိန်းကို စတင်ခဲ့တယ်။
  • 5:28 - 5:34
    Chulalongkorn Centenary Park ဒီဇိုင်း
    ပြိုင်ပွဲမှာ ကျွန်မတို့အနိုင်ရခဲ့တယ်။
  • 5:35 - 5:41
    ထိုင်းနိုင်ငံက ပထမဆုံး တက္ကသိုလ်ရဲ့
    ကြီးမား၊ရဲရင့်တဲ့ တာဝန်ပါ၊
  • 5:41 - 5:45
    တက္ကသိုလ်နှစ်တစ်ရာမြောက် ပွဲအတွက်
  • 5:45 - 5:50
    ဒီမြေနေရာကို ကျွန်မတို့ မြို့အတွက်
    အများပြည်သူ ပန်းခြံအဖြစ်ပေးတာပါ။
  • 5:51 - 5:57
    ပန်းဥယျာဉ်တစ်ခုရှိတာဟာ အခြားသော
    မြို့ကြီးတွေမှာ ပုံမှန်ဖြစ်နေပုံရပေမဲ့
  • 5:57 - 6:00
    ဘန်ကောက်မှာတော့ မဟုတ်ဘူး၊
  • 6:00 - 6:06
    အာရှမှာရှိတဲ့ မြို့တော်ကြီးတွေအနက်
    တစ်ဦးချင်း အများပြည်သူ စိမ်းလန်းစိုပြေရေး
  • 6:06 - 6:08
    နေရာလွတ် အနည်းဆုံးရှိတဲ့ မြို့တစ်မြို့ပါ။
  • 6:10 - 6:15
    ကျွန်မတို့ရဲ့ စီမံချက်ဟာ
    နှစ် ၃၀ နီးပါးအတွင်း ပထမဆုံး
  • 6:15 - 6:17
    ပြည့်သူ့ ပန်းဥယျာဉ်တစ်ခုဖြစ်လာပါပြီ။
  • 6:18 - 6:20
    ၁၁ ဧက ရှိတဲ့ ပန်းခြံ၊
  • 6:20 - 6:24
    ဘန်ကောက်ရဲ့အလယ်ဗဟိုက
    ကြီးမားတဲ့ အစိမ်းရောင် အက်ကြောင်းတစ်ခုဟာ
  • 6:24 - 6:26
    မနှစ်ကပဲ ပွင့်ခဲ့တာပါ။
  • 6:27 - 6:28
    (လက်ခုပ်သံ၊ အားပေးသံများ)
  • 6:28 - 6:29
    ကျေးဇူးပါရှင်။
  • 6:29 - 6:34
    (လက်ခုပ်သံများ)
  • 6:34 - 6:38
    ဒီပန်းဥယျာဉ်ဟာ အလှဖန်တီးမှု(သို့)
    အပန်းဖြေမှု သက်သက်မဟုတ်တာကို
  • 6:39 - 6:42
    စည်းရုံးသိမ်းသွင်းဖို့နံ့ သိမ်းသွင်း
    တာကို လက်မလျှော့ဖို့
  • 6:42 - 6:48
    လေးနှစ်လုံးလုံး မရေမတွက်နိုင်တဲ့
    အစည်းအဝေးတွေ တွန်းလုပ်ခဲ့ရတယ်။
  • 6:48 - 6:50
    ဒါက ရေကို ဖြေရှင်းဖို့ အကူအညီဖြစ်ရမယ်၊
  • 6:50 - 6:53
    ရာသီဥတု ပြောင်းလဲမှုကို
    ရင်ဆိုင်ရာမှာ မြို့ကို အကူအညီဖြစ်ရမယ်။
  • 6:54 - 6:56
    ဒီမှာတော့ အလုပ်လုပ်ပုံပါ။
  • 6:56 - 6:59
    ဘန်ကောက်ဟာ မြေပြန့် မြို့တစ်မြို့ဆိုတော့
  • 6:59 - 7:04
    မိုးရေစက်တိုင်းကို စုယူဖို့
    ပန်းဥယျာဉ်တစ်ခုလုံးကို ငဲ့စောင်းခြင်းနဲ့
  • 7:04 - 7:06
    ကမ္ဘာမြေ ဆွဲငင် စွမ်းအားကို
    ထိန်းချုပ်အသုံးပြုခဲ့တယ်။
  • 7:08 - 7:12
    ကမ္ဘာမြေ ဆွဲအားက စီးဆင်းရေကိုအမြင့်ဆုံး
    နေရာကန အနိမ့်ဆုံးနေရာအထိ
  • 7:12 - 7:14
    ဆွဲယူလိုက်တယ်။
  • 7:15 - 7:19
    ဒီပန်းဥယျာဉ်မှာ စနစ်တစ်ခုအဖြစ်
    အလုပ်လုပ်တဲ့ အစိတ်အပိုင်း သုံးခုရှိတယ်။
  • 7:20 - 7:22
    ပထမက ခေါင်မိုးစိမ်းပါ၊
  • 7:23 - 7:26
    ဒါဟာ မိုးရေ လှောင်ကန်တွေနဲ့
    အောက်ခြေမှာ ပြတိုက်ပါတဲ့
  • 7:26 - 7:29
    ထိုင်းနိုင်ငံရဲ့အကြီးဆုံး
    ခေါင်မိုးစိမ်းပါ။
  • 7:31 - 7:32
    ခြောက်သွေ့တဲ့ ရာသီမှာ
  • 7:32 - 7:38
    စုဆောင်းထားတဲ့ ရေကို ပန်းဥယျာဉ်ကို
    ရေလောင်းဖို့ တစ်လအထိ အသုံးပြုနိုင်တယ်။
  • 7:39 - 7:43
    ခေါင်မိုးစိမ်းပေါ်က စီးဆင်းရေဟာ
    ရေကို စစ်ပြီး သန့်စင်ပေးနိုင်တဲ့
  • 7:44 - 7:47
    သဘာဝ ရေ စက်ရုံတွေရှိတဲ့
    စိမ့်မြေအရပ်တွေကနေ
  • 7:47 - 7:49
    လျှောဆင်းသွားတယ်။
  • 7:50 - 7:52
    အနိမ့်ပိုင်း အဆုံးမှာ
  • 7:52 - 7:56
    ရေထိန်းကန်ကနေပြီး
    ရေအားလုံးကို စုဆောင်းတယ်။
  • 7:57 - 8:01
    ဒီကန်မှာ ရေလွှာ စက်ဘီးတွေရှိတယ်။
  • 8:02 - 8:06
    လူတွေဟာ နင်းပြီး ရေကို
    ကူညီ သန့်စင်ပေးနိုင်တယ်။
  • 8:06 - 8:12
    သူတို့ လေ့ကျင့်ခန်းက ပန်းဥယျာဉ် ရေစနစ်ရဲ့
    အသက်ဝင်တဲ့ အစိတ်အပိုင်းဖြစ်လာတယ်။
  • 8:14 - 8:16
    ဘဝက ရေလွှမ်းမိုးမှုတစ်ခု ပေးတဲ့အခါ
  • 8:16 - 8:18
    ရေနဲ့ ပျော်လိုက်တာပေါ့ရှင်။
  • 8:18 - 8:19
    (ရယ်သံများ)
  • 8:21 - 8:25
    Centenary Park ဟာ လူတွေအတွက်နဲ့
    ရေအတွက် နေရာပေးတာပါ၊
  • 8:25 - 8:28
    ဒါက ကျွန်မတို့နဲ့ ကျွန်မတို့မြို့ကြီးတွေ
    လိုအပ်တာနဲ့ ထပ်တူပါ။
  • 8:31 - 8:35
    ဒါက ကုန်းတစ်ပိုင်း၊
    ရေတစ်ပိုင်း ပုံစံတစ်ခုပါ။
  • 8:35 - 8:38
    ဒီပန်းဥယျာဉ်ဟာ ရေကြီးတာကို
    ဖယ်ရှားဖို့မဟုတ်ပါ။
  • 8:39 - 8:42
    ရေကြီးတာနဲ့ အတူနေထိုင်ဖို့
    နည်းလမ်းတစ်ခုကို ဖန်တီးခြင်းပါ။
  • 8:43 - 8:47
    ဒီပန်းဥယျာဉ်ထဲမှာ ရေတစ်စက်ကလေးမှ
    မဖြုန်းတီးပစ်ပါဘူး။
  • 8:48 - 8:54
    ဒီပန်းဥယျာဉ်က ရေဂါလံ တစ်သန်းကို
    ထိန်းသိမ်း စုဆောင်းထားနိုင်ပါတယ်။
  • 8:57 - 8:58
    (လက်ခုပ်သံများ)
  • 8:58 - 8:59
    ကျေးဇူးတင်ပါတယ်။
  • 8:59 - 9:03
    (လက်ခုပ်သံများ)
  • 9:03 - 9:07
    ကျွန်မအတွက်တော့ ပေးထားသမျှ စီမံချက်တိုင်း
    ဟာ ဥယျာဉ်၊ပန်းမန် ဗိသုကာပညာကို
  • 9:07 - 9:11
    ဖြေရှင်းမှုတစ်ခုအဖြစ် အသုံးပြုရင်း
    ကွန်ကရစ် တောနက်ကြီးထဲမှာ
  • 9:12 - 9:17
    ပိုများတဲ့ စိမ်းလန်းစိုပြေတဲ့ အက်ကြောင်း
    တွေ ဖန်တီးဖို့ အခွင့်အလမ်းတစ်ခုပါ။
  • 9:17 - 9:22
    ဥပမာ ကွန်ကရစ် ခေါင်မိုးကို
    မြို့ပြ လယ်ယာအဖြစ် ဖန်တီးခြင်းပါ။
  • 9:22 - 9:25
    ဒါက မိုးရေစုပ်ယူဖို့ကူညီပေးနိုင်တယ်၊
  • 9:25 - 9:27
    မြို့ပြ အပူ ကျွန်းကို လျော့ပါးစေပြီး
  • 9:27 - 9:30
    မြို့လယ်ခါင်မှာ စားစရာ
    စိုက်ပျိုးနိုင်တယ်၊
  • 9:31 - 9:35
    စိမ်းလန်းတဲ့ ခြေကျင်လျှောက်
    တံတားတစ်ခု ဖြစ်လာဖို့
  • 9:35 - 9:38
    စွန့်ပစ်ထားတဲ့ ကွန်ကရစ် အဆောက်အအုံကို
    ပြန်အသုံးပြုနိုင်တယ်၊
  • 9:39 - 9:44
    Thammasat University မှာရှိတဲ့ နောက်ထပ်
    ရေကြီးတာ ကာကွယ်တဲ့ ဥယျာဉ်တစ်ခုပါ။
  • 9:44 - 9:50
    ဒါက အရှေ့တောင် အာရှက တက္ကသိုလ်
    ပရဝုဏ်တစ်ခုက အကြီးဆုံး ခေါင်မိုးစိမ်းကို
  • 9:50 - 9:51
    အပြီးသတ် လုလုဖြစ်စေတာပါ။
  • 9:55 - 9:59
    ပြင်းထန်တဲ့ ရေကြီးခြင်းဟာ ကျွန်မတို့ရဲ့
    ပုံမှန်ဖြစ်မှု အသစ်ပါ၊
  • 9:59 - 10:03
    အရှေ့တောင် အာရှဒေသကို
  • 10:03 - 10:07
    ကမ်းရိုးတန်း အများစုနဲ့ ဒေသကို
    ပြင်းထန်တဲ့ ဘေးအန္တရာယ်
  • 10:07 - 10:08
    ဆိုက်ရောက်နေစေတာပါ။
  • 10:10 - 10:13
    ပန်းဥယျာဉ်တစ်ခုဖန်တီးခြင်းဟာ
    အဖြေတစ်ခုပဲ ရှိသေးတာပါ။
  • 10:15 - 10:16
    ရာသီဥတု ပြောင်းလဲမှုကို သတိမူမိတာက
  • 10:16 - 10:23
    ကျွန်မတို့ဟာ ကျွန်မတို့ပါဝင်တဲ့
    ဘယ်အသက်မွေးမှုမှာမဆို
  • 10:23 - 10:28
    ရာသီဥတု ဘေးအန္တရာယ်ကို နားလည်ဖို့
    တိုးတိုးပြီး တာဝန်ရှိတယ်လို့ ခံယူပြီး
  • 10:28 - 10:33
    ဒီအဖြေရဲ့ အစိတ်အပိုင်းအဖြစ် ကျွန်မတို့
    လုပ်ကိုင်နေသမျှကို ထည့်သွင်းတာပါ။
  • 10:34 - 10:39
    အကြောင်းက ကျွန်မတို့ရဲ့ မြို့ကြီးတွေဟာ
  • 10:39 - 10:41
    လက်ရှိအတိုင်း ဆက်ရှိနေမယ်ဆိုရင်
  • 10:42 - 10:45
    အလားတူ ကပ်ဘေးတစ်ခု
  • 10:46 - 10:47
    ထပ်ကာ ထပ်ကာ ဖြစ်လာဦးမှာပါ။
  • 10:50 - 10:53
    နိမ့်ဆင်းကျွံဝင်နေတဲ့ မြို့ကြီးတွေမှာ
    အဖြေတစ်ခုကို ဖန်တီးခြင်းဟာ
  • 10:53 - 10:58
    မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တာမျိုးပါ။
  • 11:00 - 11:01
    ဒီအတွက်တော့
  • 11:02 - 11:08
    ကျွန်မရဲ့စိတ်ထဲမှာ အမြဲ ဆောင်ထားတဲ့
    စကားလုံးတစ်လုံးကို ဝေမျှချင်ပါတယ်။
  • 11:08 - 11:10
    ဒါကတော့ "tangjai" ပါ။
  • 11:12 - 11:18
    တိုက်ရိုက် ဘာသာပြန်ရင်
    "tang" က "ခိုင်မာစွာ ရပ်တည်သည်"
  • 11:20 - 11:23
    "jai"က ကတော့ "နှလုံးသားပါ။
  • 11:25 - 11:28
    သင့်ရည်မှန်းချက်မှာ သင့်နှလုံးသားကို
    ခိုင်ကျည်စွာ ရပ်တည်ထားပါ။
  • 11:29 - 11:34
    ထိုင်းဘာသာစကားမှာ
    တစ်ခုခုလုပ်ဖို့ ရည်စူးတဲ့အခါ
  • 11:34 - 11:37
    သင့်စကာလုံးရှေ့မှာ "tangjai" ကို
    ထားတာဆိုတော့
  • 11:37 - 11:41
    သင့်နှလုံးသားဟာ
    သင့်လုပ်ရပ်ဖြစ်ပါလိမ့်မယ်။
  • 11:42 - 11:44
    လမ်းကြောင်းက ဘယ်လိုပင် ကြမ်းကြမ်း၊
  • 11:44 - 11:46
    အက်ကြောင်းက ဘယ်လောက်ကြီးကြီး
  • 11:46 - 11:48
    သင့်ရဲ့ပန်းတိုင်ဆီ ဇွတ်တိုးချီတက်ပါ၊
  • 11:48 - 11:51
    အကြောင်းက ဒါက သင့်နှလုံးသားရှိရာမို့ပါ။
  • 11:53 - 11:56
    နောက်ပြီး ထိုင်းနိုင်ငံဟာ
    ကျွန်မရဲ့မွေးရပ်မြေပါ။
  • 11:58 - 12:00
    ဒီမြေဟာ ကျွန်မရဲ့အိမ်ဖြစ်ပြီး
  • 12:02 - 12:07
    ကျွန်မရဲ့နှလုံးသား ခိုင်မြဲစွာ
    တည်ရှိတဲ့နေရာပါ။
  • 12:08 - 12:09
    သင်တို့နှလုံးသားက ဘယ်မှာ တည်ရှိလဲ။
  • 12:10 - 12:11
    ကျေးဇူးပါ။
  • 12:11 - 12:12
    (လက်ခုပ်သံများ)
  • 12:12 - 12:13
    ကျေးဇူးပါ။
  • 12:13 - 12:14
    ကျေးဇူးတင်ပါတယ်ရှင်။
  • 12:15 - 12:18
    (လက်ခုပ်သံ၊အားပေးသံများ)
Title:
နိမ့်ဆင်းကျွံဝင်နေတဲ့ မြို့ကြီးများကို ရေလွှမ်းမိုးခြင်းကို တွန်းလှန်တဲ့ ရှုခင်းများအဖြစ် ပြောင်းလဲပုံ။
Speaker:
Kotchakorn Voraakhom
Description:

လန်ဒန်မှသည် တိုကျိုအထိ ရာသီဥတုပြောင်းလဲခြင်းက မြို့ကြီးများကို နိမ့်ဆင်းကျွံဝင်နေစေပါတယ်။ ကျွန်မတို့ရဲ့ ခေတ်မီ ကွန်ကရစ် အခြေခံအဆောက်အအုံက ကျွန်မတို့ကို ဆိုးရွားတဲ့ ရေလွှမ်းမိုးခြင်းကို ပိုပြီး ခုခံနိုင်စွမ်းနည်းပါးအောင် ဖန်တီးနေပါတယ်လို့ TED ဝိုင်းတော်သား ဥယျာဉ် ပန်းမန် ပိသုကာ Kotchakorn Voraakhom က ဆိုပါတယ်။ ဒါပေမဲ့ ရေလွှမ်းမိုးခြင်းကို တွန်းလှန်တဲ့ မြို့ကြီးတွေကို ကျွန်ုပ်တို့ ပုံဖော်ဖန်တီးနိုင်မယ်ဆိုရင်ရော။ Voraakhom ကနေပြီး မိုးရေ ဂါလံ တစ်သန်း ထိန်းထားနိုင်တဲ့ ဘန်ကန်ကောက်မြို့တော်က ဧရာမ ပန်းဥယျာဉ်တစ်ခုကို သူ တိုးတက်ပြောင်းလဲထားပုံကို ပြသထားပါတယ်။ မြို့ကြီးတွေကို သဘာဝဆီကို ပြန်လည်ဆက်သွယ်တဲ့ ပိုမိုတဲ့ ရာသီဥတုပြောင်းလဲမှု ဖြေရှင်းနည်းတွေကို မေတ္တာရပ်ခံရင်းပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:30

Burmese subtitles

Revisions