1 00:00:01,318 --> 00:00:04,088 အခု လောလောဆယ် 2 00:00:04,112 --> 00:00:07,011 ကျွန်မတို့ ရှူနေတဲ့ ဝင်သက်ထွက်သက်နဲ့အတူ 3 00:00:07,035 --> 00:00:11,958 ကမ္ဘာတစ်လွှားက အဓိက မြစ်ဝကျွန်းပေါ် မြို့ကြီးတွေဟာ နိမ့်ဆင်းကျွံဝင်နေပါတယ်၊ 4 00:00:11,982 --> 00:00:14,674 နယူးယော့ခ်၊ လန်ဒန်၊ 5 00:00:14,698 --> 00:00:18,344 တိုကျို၊ ရှန်ဟိုင်း နယူး အော်လင်းအပါအဝင် 6 00:00:18,368 --> 00:00:21,389 ကျွန်မရဲ့မြို့တော် ဘန်ကောက်ရောပါ။ 7 00:00:23,017 --> 00:00:27,009 ဟောဒီမှာတော့ ရာသီဥတုပြောင်းလဲမှုရဲ့ ဖြစ်နေကျ ပုံစံတစ်ခုပါ။ 8 00:00:28,602 --> 00:00:30,030 ဒါက ကျွန်မ မြို့ရဲ့ပုံစံပါ။ 9 00:00:30,594 --> 00:00:31,744 ဘာမှ မဟုတ်ဘူး၊ 10 00:00:31,768 --> 00:00:33,612 လမ်းပေါ်က မိချောင်းတစ်ကောင်ပဲလေ။ 11 00:00:33,636 --> 00:00:35,154 (ရယ်သံများ) 12 00:00:35,178 --> 00:00:38,499 ဒါဟာ နိမ့်ဆင်းနေတဲ့ မြို့ကြီးတွေအပေါ် ရာသီဥတုပြောင်းလဲမှုရဲ့ 13 00:00:38,523 --> 00:00:40,355 အရေးပေါ် အကျိုးသက်ရောက်မှုတစ်ခုပါ။ 14 00:00:42,292 --> 00:00:46,349 ဒီမှာတော့ မြင်ရတဲ့အတိုင်း ဘန်ကောက်ရဲ့ မြို့ပြပုံစံသွတ်သွင်းမှုပါ၊ 15 00:00:46,373 --> 00:00:49,401 အရပ်မျက်နှာတိုင်းမှာ ကြီးထွားနေကာ 16 00:00:49,425 --> 00:00:52,975 ရေကို ရှူရှိက်၊ စုပ်ယူနိုင်တဲ့ စိမ့်ဝင်စေတဲ့ စိုက်ပျိုးမြေကနေ 17 00:00:53,894 --> 00:00:57,161 ကွန်ကရစ် တောကြီးမျက်မည်း တစ်ခုအဖြစ် 18 00:00:57,185 --> 00:00:59,446 ပြောင်းရွှေ့နေတာပါ။ 19 00:01:01,717 --> 00:01:06,222 ဒါကတော့ မိုးရေချိန် မိနစ် ၃၀ အပြီးမှာ ပုံပေါက်လာတဲ့ အစိတ်အပိုင်းတွေပါ။ 20 00:01:06,733 --> 00:01:08,553 ပြီးတော့ မိုးရွာတဲ့ အခါတိုင်း 21 00:01:08,577 --> 00:01:11,486 ကျွန်မရဲ့ကားကို လှေတစ်စီးအဖြစ် ပြောင်းသွားစေချင်မိတယ်။ 22 00:01:12,721 --> 00:01:15,178 ဒီမြေဟာ ရေအတွက် နေရာလပ်မရှိဘူး။ 23 00:01:15,789 --> 00:01:19,519 ၎င်းရဲ့စုပ်ယူမှုအစွမ်းက ဆုံးရှုံးသွားပြီ။ 24 00:01:22,170 --> 00:01:25,882 ဘန်ကောက်ရဲ့ မြို့တော်ပိုင်း ဒေသရဲ့ ဒိဌအဖြစ်က 25 00:01:25,906 --> 00:01:31,028 ပြောင်းလဲနေတဲ့ ရွံ့ထူတဲ့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုရဲ့ထိပ်မှာ 26 00:01:31,052 --> 00:01:36,734 နေထိုင်၊ လုပ်ကိုင်၊ သွားလာနေတဲ့ လူဦးရေး ၁၅ သန်းရဲ့ မြို့ကြီးတစ်မြို့ပါ၊ 27 00:01:37,883 --> 00:01:42,959 ဘန်ကောက်ဟာ တစ်နှစ်ကို တစ်ဆင်တီမီတာကျော် နိမ့်ဆင်းကျွံဝင်လာနေတယ်၊ 28 00:01:42,983 --> 00:01:49,949 ဒါက ခန့်မှန်းထားတဲ့ ပင်လယ်မျက်နှာပြင် မြင့်တက်မှုနှုန်းထက် လေးဆ ပိုမြန်တယ်။ 29 00:01:50,855 --> 00:01:56,266 ၂၀၃၀ မတိုင်မီ ပင်လယ်ရေမျက်နှာပြင် အောက်မှာ ရောက်နိုင်ပါတယ်၊ 30 00:01:56,290 --> 00:01:58,130 သိပ်မကြာခင် ဒီမှာဖြစ်လာတော့မှာပါ။ 31 00:02:00,946 --> 00:02:07,041 ကျွန်မက ဒီမှာ ဥယျာဉ်၊ပန်းပန် ဗိသုကာအဖြစ် ရှိနေတာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ 32 00:02:07,638 --> 00:02:11,414 ကလေးတစ်ယောက်အဖြစ်နဲ့ ယာဉ်တွေ အ မြဲ ပြည့်ကျပ်နေတဲ့ 33 00:02:11,438 --> 00:02:15,019 လူရှုပ်တဲ့ လမ်းမဘေးနားက ဒီအိမ်တန်းတစ်ခုမှာ ကျွန်မ ကြီးပြင်းခဲ့တယ်။ 34 00:02:16,602 --> 00:02:20,809 ကျွန်မရဲ့အိမ်ရှေ့မှာ ကွန်ကရစ် ကားရပ်နားတဲ့နေရာတစ်ခုရှိပြီး 35 00:02:20,833 --> 00:02:22,998 ဒါက ကျွန်မရဲ့ကစားကွင်းပါ။ 36 00:02:24,190 --> 00:02:28,563 ကျွန်မတွေ့တွေ့နေတဲ့ တစ်ခုတည်းသော သက်ရှိသတ္တဝါနဲ့ 37 00:02:28,587 --> 00:02:30,257 ကျွန်မ ပျော်ရွှင်ခဲ့တာက 38 00:02:30,281 --> 00:02:35,532 ကွန်ကရစ် စင်္ကြံရဲ့ အက်ကြောင်းကနေ ကြီးထွား ဖို့ကြိုးစားနေတဲ့ ဒီခိုးကြောင်ခိုးဝှက် 39 00:02:35,556 --> 00:02:37,054 အပင်ငယ်လေးတွေပါ။ 40 00:02:37,943 --> 00:02:40,363 သူငယ်ချင်းတွေနဲ့အတူ ကျွန်မ အနှစ်သက်ဆုံး ကစားနည်းက 41 00:02:40,387 --> 00:02:46,795 ပပ်ကြားအက်ကနေ ကြီးသထက်ကြီးတဲ့ တွင်းတစ်တွင်းကို တူးဖို့ပါ၊ 42 00:02:46,819 --> 00:02:49,613 ဒီအပင်လေး တွယ်တက်ခွင့်ရဖို့ 43 00:02:49,637 --> 00:02:51,642 ပိုပိုပြီး တိုးထွက်ဖို့ပါ။ 44 00:02:53,535 --> 00:02:56,901 ပြီးတော့ ဥယျာဉ် ပန်းမန် ဗိသုကာပညာက 45 00:02:56,925 --> 00:03:02,012 ကျွန်မရဲ့ ရူးကြောင်ကြောင် ရည်မှန်းချက်ကို ဆက်လုပ်ဖို့ အခွင့်အလမ်းပေးတယ်။ 46 00:03:02,036 --> 00:03:03,520 (ရယ်သံများ) 47 00:03:03,544 --> 00:03:07,879 ဒီကွန်ကရစ် မြေကြီးကို သဘာဝနဲ့ ပြန်ဆက်သွယ်ဖို့လေ။ 48 00:03:10,053 --> 00:03:13,280 အရင်က ကျွန်မရဲ့လူမျိုး ထိုင်းတွေဟာ 49 00:03:13,304 --> 00:03:19,182 ကျွန်မတို့ဟာ စိုတစ်ခါ၊ ခြောက်တစ်လှည့် ရာသီစက်ဝန်းနဲ့ နေသားကျခဲ့ပြီး၊ 50 00:03:19,206 --> 00:03:22,920 ကျွန်မတို့ကို ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း သတ္တဝါတွေလို့ ခေါ်နိုင်ပါတယ်။ 51 00:03:22,944 --> 00:03:23,945 (ရယ်သံများ) 52 00:03:23,969 --> 00:03:26,245 ကျွန်မတို့ဟာ ကုန်းမှာရော ရေမှာပါ နေထိုင်ခဲ့တယ်။ 53 00:03:26,841 --> 00:03:29,254 နှစ်ခုစလုံးနဲ့ ကျင့်သားရခဲ့တယ်။ 54 00:03:30,166 --> 00:03:35,319 ရေက ကျွန်မတို့မြေကို မြေသြဇာကျွေးတဲ့အခါ ရေကြီးခြင်းဟာ ပျော်စရာအဖြစ်တစ်ခုပါ။ 55 00:03:37,115 --> 00:03:38,819 ဒါပေမဲ့ အခုကျတော့ ရေကြီးခြင်းဆိုတာက 56 00:03:40,493 --> 00:03:41,643 ကပ်ဘေးတစ်ခုလေ။ 57 00:03:42,654 --> 00:03:44,337 ၂၀၁၁ ခုနှစ်က 58 00:03:44,361 --> 00:03:51,107 သမိုင်းမှာ ထိုင်းနိုင်ငံဟာ ပျက်စီးမှု အများဆုံး၊ တန်ဖိုးအကြီးဆုံး ရေလွှမ်းမှု 59 00:03:51,131 --> 00:03:52,382 ကပ်ဘေးတစ်ခုဆိုက်ခဲ့တယ်။ 60 00:03:53,094 --> 00:03:57,062 ရေလွှမ်းမိုးမှုက ထိုင်းနိုင်ငံဗဟိုကို ဧရာမ ကန်တစ်ကန်အဖြစ် ပြောင်းလိုက်ပြီ။ 61 00:03:58,659 --> 00:04:03,916 ဒီမှာ ဒီရုပ်ပုံရဲ့ဗဟိုမှာ ရေလွှမ်းမိုးမှု အတိုင်းအတာကို မြင်နိုင်ပါတယ်။ 62 00:04:03,940 --> 00:04:06,662 ဘန်ကောက်ရဲ့ အတိုင်းအတာပါ၊ အဝါရောင်နဲ့ ဘောင်ခတ်ထားပါတယ်။ 63 00:04:08,401 --> 00:04:10,866 ရေဟာ မြောက်ဘက်ကနေ လျှံနေပြီး 64 00:04:10,890 --> 00:04:13,900 စီရင်စုအချို့ကိုဖြစ်ကာ ၎င်းရဲ့လမ်းကြောင်း ကို ဖောက်နေတယ်။ 65 00:04:16,681 --> 00:04:20,047 ကျွန်မနဲ့ ကျွန်မရဲ့မိသားစုအပါအဝင် 66 00:04:20,071 --> 00:04:23,311 သန်းချီတဲ့ ကျွန်မရဲ့လူတွေဟာ 67 00:04:23,335 --> 00:04:25,946 အိမ်ရာပစ်ပြေးရပြီး အိမ်ရာမဲ့ဖြစ်ခဲ့တယ်။ 68 00:04:27,300 --> 00:04:29,318 တစ်ချို့က မြို့ကို ရှောင်တိမ်းခဲ့ရတယ်။ 69 00:04:30,259 --> 00:04:35,199 အများအပြားဟာ သူတို့ရဲ့အိမ်နဲ့ ဥစ္စာ ပစ္စည်းတွေ ဆုံးရှုံးရတာကို ထိတ်လန့်နေတော့ 70 00:04:35,223 --> 00:04:40,838 လျှပ်စစ်မီးမရှိ၊ ရေသန့်မရှိတဲ့ ရေကြီးတဲ့ဆီမှာ ပြန်နေကြတယ်။ 71 00:04:43,392 --> 00:04:45,969 ကျွန်မအတွက် ရှင်းရှင်းလင်လင်း ထင်ဟပ်စေတာက 72 00:04:45,993 --> 00:04:49,364 ရေကြီးတာက ကျွန်မတို့ရဲ့ခေတ်မီ အခြေခံ အဆောက်အုံပါ၊ 73 00:04:50,597 --> 00:04:55,716 အထူးသဖြင့် ကွန်ကရစ်နဲ့ ရေကြီးတာကို တွန်းလှန်ခြင်းရဲ့ ကျွန်မတို့ရဲ့ သဘောထားက 74 00:04:55,740 --> 00:05:01,517 ကျွန်မတို့ကို အလွန်အမင်း ခုခံနိုင်စွမ်း နည်းပါးအောင် ဖန်တီးခဲ့တာပါ။ 75 00:05:03,758 --> 00:05:07,358 ဒါပေမဲ့ ဒီကပ်ဘေးရဲ့ အလယ်ဗဟိုထဲမှာ 76 00:05:07,382 --> 00:05:08,740 ဘဝပေးတာဝန်ကို တွေ့ခဲ့တယ်။ 77 00:05:09,477 --> 00:05:13,689 ကျွန်မရဲ့မြို့ ဆက်လက် နိမ့်ဆင်းနေတာကြောင့် ထိုင်ပြီး မစောင့်နိုင်တော့ဘူး။ 78 00:05:15,171 --> 00:05:17,141 ဒီမြို့ဟာ ကျွန်မကို လိုအပ်ခဲ့ပြီး 79 00:05:17,165 --> 00:05:21,200 ဒီပြဿနာကိုဖြေရှင်းနိုင်စွမ်း ကျွန်မမှာရှိတယ်။ 80 00:05:22,949 --> 00:05:24,393 လွန်ခဲ့တဲ့ ခြောက်နှစ်က 81 00:05:25,574 --> 00:05:27,486 ကျွန်မရဲ့စီမံကိန်းကို စတင်ခဲ့တယ်။ 82 00:05:27,510 --> 00:05:33,859 Chulalongkorn Centenary Park ဒီဇိုင်း ပြိုင်ပွဲမှာ ကျွန်မတို့အနိုင်ရခဲ့တယ်။ 83 00:05:34,810 --> 00:05:40,548 ထိုင်းနိုင်ငံက ပထမဆုံး တက္ကသိုလ်ရဲ့ ကြီးမား၊ရဲရင့်တဲ့ တာဝန်ပါ၊ 84 00:05:40,572 --> 00:05:44,597 တက္ကသိုလ်နှစ်တစ်ရာမြောက် ပွဲအတွက် 85 00:05:44,621 --> 00:05:49,754 ဒီမြေနေရာကို ကျွန်မတို့ မြို့အတွက် အများပြည်သူ ပန်းခြံအဖြစ်ပေးတာပါ။ 86 00:05:51,493 --> 00:05:56,840 ပန်းဥယျာဉ်တစ်ခုရှိတာဟာ အခြားသော မြို့ကြီးတွေမှာ ပုံမှန်ဖြစ်နေပုံရပေမဲ့ 87 00:05:56,864 --> 00:05:59,992 ဘန်ကောက်မှာတော့ မဟုတ်ဘူး၊ 88 00:06:00,016 --> 00:06:05,901 အာရှမှာရှိတဲ့ မြို့တော်ကြီးတွေအနက် တစ်ဦးချင်း အများပြည်သူ စိမ်းလန်းစိုပြေရေး 89 00:06:05,925 --> 00:06:08,129 နေရာလွတ် အနည်းဆုံးရှိတဲ့ မြို့တစ်မြို့ပါ။ 90 00:06:09,833 --> 00:06:14,664 ကျွန်မတို့ရဲ့ စီမံချက်ဟာ နှစ် ၃၀ နီးပါးအတွင်း ပထမဆုံး 91 00:06:14,688 --> 00:06:17,238 ပြည့်သူ့ ပန်းဥယျာဉ်တစ်ခုဖြစ်လာပါပြီ။ 92 00:06:17,712 --> 00:06:20,149 ၁၁ ဧက ရှိတဲ့ ပန်းခြံ၊ 93 00:06:20,173 --> 00:06:24,258 ဘန်ကောက်ရဲ့အလယ်ဗဟိုက ကြီးမားတဲ့ အစိမ်းရောင် အက်ကြောင်းတစ်ခုဟာ 94 00:06:24,282 --> 00:06:26,032 မနှစ်ကပဲ ပွင့်ခဲ့တာပါ။ 95 00:06:26,950 --> 00:06:28,215 (လက်ခုပ်သံ၊ အားပေးသံများ) 96 00:06:28,239 --> 00:06:29,434 ကျေးဇူးပါရှင်။ 97 00:06:29,458 --> 00:06:33,546 (လက်ခုပ်သံများ) 98 00:06:33,570 --> 00:06:38,483 ဒီပန်းဥယျာဉ်ဟာ အလှဖန်တီးမှု(သို့) အပန်းဖြေမှု သက်သက်မဟုတ်တာကို 99 00:06:38,507 --> 00:06:42,071 စည်းရုံးသိမ်းသွင်းဖို့နံ့ သိမ်းသွင်း တာကို လက်မလျှော့ဖို့ 100 00:06:42,095 --> 00:06:47,707 လေးနှစ်လုံးလုံး မရေမတွက်နိုင်တဲ့ အစည်းအဝေးတွေ တွန်းလုပ်ခဲ့ရတယ်။ 101 00:06:47,731 --> 00:06:50,424 ဒါက ရေကို ဖြေရှင်းဖို့ အကူအညီဖြစ်ရမယ်၊ 102 00:06:50,448 --> 00:06:53,424 ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ရာမှာ မြို့ကို အကူအညီဖြစ်ရမယ်။ 103 00:06:53,991 --> 00:06:55,615 ဒီမှာတော့ အလုပ်လုပ်ပုံပါ။ 104 00:06:56,488 --> 00:06:58,759 ဘန်ကောက်ဟာ မြေပြန့် မြို့တစ်မြို့ဆိုတော့ 105 00:06:58,783 --> 00:07:03,759 မိုးရေစက်တိုင်းကို စုယူဖို့ ပန်းဥယျာဉ်တစ်ခုလုံးကို ငဲ့စောင်းခြင်းနဲ့ 106 00:07:03,783 --> 00:07:06,346 ကမ္ဘာမြေ ဆွဲငင် စွမ်းအားကို ထိန်းချုပ်အသုံးပြုခဲ့တယ်။ 107 00:07:08,490 --> 00:07:12,029 ကမ္ဘာမြေ ဆွဲအားက စီးဆင်းရေကိုအမြင့်ဆုံး နေရာကန အနိမ့်ဆုံးနေရာအထိ 108 00:07:12,053 --> 00:07:13,607 ဆွဲယူလိုက်တယ်။ 109 00:07:14,551 --> 00:07:19,102 ဒီပန်းဥယျာဉ်မှာ စနစ်တစ်ခုအဖြစ် အလုပ်လုပ်တဲ့ အစိတ်အပိုင်း သုံးခုရှိတယ်။ 110 00:07:19,854 --> 00:07:21,603 ပထမက ခေါင်မိုးစိမ်းပါ၊ 111 00:07:22,594 --> 00:07:25,748 ဒါဟာ မိုးရေ လှောင်ကန်တွေနဲ့ အောက်ခြေမှာ ပြတိုက်ပါတဲ့ 112 00:07:25,772 --> 00:07:29,337 ထိုင်းနိုင်ငံရဲ့အကြီးဆုံး ခေါင်မိုးစိမ်းပါ။ 113 00:07:30,880 --> 00:07:32,261 ခြောက်သွေ့တဲ့ ရာသီမှာ 114 00:07:32,285 --> 00:07:37,775 စုဆောင်းထားတဲ့ ရေကို ပန်းဥယျာဉ်ကို ရေလောင်းဖို့ တစ်လအထိ အသုံးပြုနိုင်တယ်။ 115 00:07:39,313 --> 00:07:42,733 ခေါင်မိုးစိမ်းပေါ်က စီးဆင်းရေဟာ ရေကို စစ်ပြီး သန့်စင်ပေးနိုင်တဲ့ 116 00:07:43,646 --> 00:07:47,402 သဘာဝ ရေ စက်ရုံတွေရှိတဲ့ စိမ့်မြေအရပ်တွေကနေ 117 00:07:47,426 --> 00:07:49,061 လျှောဆင်းသွားတယ်။ 118 00:07:50,223 --> 00:07:52,049 အနိမ့်ပိုင်း အဆုံးမှာ 119 00:07:52,073 --> 00:07:56,366 ရေထိန်းကန်ကနေပြီး ရေအားလုံးကို စုဆောင်းတယ်။ 120 00:07:57,466 --> 00:08:01,014 ဒီကန်မှာ ရေလွှာ စက်ဘီးတွေရှိတယ်။ 121 00:08:01,604 --> 00:08:05,682 လူတွေဟာ နင်းပြီး ရေကို ကူညီ သန့်စင်ပေးနိုင်တယ်။ 122 00:08:06,260 --> 00:08:12,025 သူတို့ လေ့ကျင့်ခန်းက ပန်းဥယျာဉ် ရေစနစ်ရဲ့ အသက်ဝင်တဲ့ အစိတ်အပိုင်းဖြစ်လာတယ်။ 123 00:08:13,698 --> 00:08:15,619 ဘဝက ရေလွှမ်းမိုးမှုတစ်ခု ပေးတဲ့အခါ 124 00:08:15,643 --> 00:08:17,520 ရေနဲ့ ပျော်လိုက်တာပေါ့ရှင်။ 125 00:08:17,544 --> 00:08:19,293 (ရယ်သံများ) 126 00:08:20,608 --> 00:08:24,950 Centenary Park ဟာ လူတွေအတွက်နဲ့ ရေအတွက် နေရာပေးတာပါ၊ 127 00:08:24,974 --> 00:08:28,488 ဒါက ကျွန်မတို့နဲ့ ကျွန်မတို့မြို့ကြီးတွေ လိုအပ်တာနဲ့ ထပ်တူပါ။ 128 00:08:31,114 --> 00:08:35,038 ဒါက ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း ပုံစံတစ်ခုပါ။ 129 00:08:35,466 --> 00:08:38,336 ဒီပန်းဥယျာဉ်ဟာ ရေကြီးတာကို ဖယ်ရှားဖို့မဟုတ်ပါ။ 130 00:08:38,753 --> 00:08:41,963 ရေကြီးတာနဲ့ အတူနေထိုင်ဖို့ နည်းလမ်းတစ်ခုကို ဖန်တီးခြင်းပါ။ 131 00:08:42,741 --> 00:08:47,194 ဒီပန်းဥယျာဉ်ထဲမှာ ရေတစ်စက်ကလေးမှ မဖြုန်းတီးပစ်ပါဘူး။ 132 00:08:48,133 --> 00:08:54,135 ဒီပန်းဥယျာဉ်က ရေဂါလံ တစ်သန်းကို ထိန်းသိမ်း စုဆောင်းထားနိုင်ပါတယ်။ 133 00:08:56,873 --> 00:08:58,023 (လက်ခုပ်သံများ) 134 00:08:58,047 --> 00:08:59,237 ကျေးဇူးတင်ပါတယ်။ 135 00:08:59,261 --> 00:09:03,319 (လက်ခုပ်သံများ) 136 00:09:03,343 --> 00:09:07,207 ကျွန်မအတွက်တော့ ပေးထားသမျှ စီမံချက်တိုင်း ဟာ ဥယျာဉ်၊ပန်းမန် ဗိသုကာပညာကို 137 00:09:07,231 --> 00:09:11,311 ဖြေရှင်းမှုတစ်ခုအဖြစ် အသုံးပြုရင်း ကွန်ကရစ် တောနက်ကြီးထဲမှာ 138 00:09:12,441 --> 00:09:16,902 ပိုများတဲ့ စိမ်းလန်းစိုပြေတဲ့ အက်ကြောင်း တွေ ဖန်တီးဖို့ အခွင့်အလမ်းတစ်ခုပါ။ 139 00:09:16,926 --> 00:09:22,041 ဥပမာ ကွန်ကရစ် ခေါင်မိုးကို မြို့ပြ လယ်ယာအဖြစ် ဖန်တီးခြင်းပါ။ 140 00:09:22,065 --> 00:09:25,064 ဒါက မိုးရေစုပ်ယူဖို့ကူညီပေးနိုင်တယ်၊ 141 00:09:25,088 --> 00:09:27,248 မြို့ပြ အပူ ကျွန်းကို လျော့ပါးစေပြီး 142 00:09:27,272 --> 00:09:29,676 မြို့လယ်ခါင်မှာ စားစရာ စိုက်ပျိုးနိုင်တယ်၊ 143 00:09:31,112 --> 00:09:34,684 စိမ်းလန်းတဲ့ ခြေကျင်လျှောက် တံတားတစ်ခု ဖြစ်လာဖို့ 144 00:09:34,708 --> 00:09:37,961 စွန့်ပစ်ထားတဲ့ ကွန်ကရစ် အဆောက်အအုံကို ပြန်အသုံးပြုနိုင်တယ်၊ 145 00:09:38,923 --> 00:09:43,940 Thammasat University မှာရှိတဲ့ နောက်ထပ် ရေကြီးတာ ကာကွယ်တဲ့ ဥယျာဉ်တစ်ခုပါ။ 146 00:09:43,964 --> 00:09:49,780 ဒါက အရှေ့တောင် အာရှက တက္ကသိုလ် ပရဝုဏ်တစ်ခုက အကြီးဆုံး ခေါင်မိုးစိမ်းကို 147 00:09:49,804 --> 00:09:51,426 အပြီးသတ် လုလုဖြစ်စေတာပါ။ 148 00:09:54,807 --> 00:09:59,366 ပြင်းထန်တဲ့ ရေကြီးခြင်းဟာ ကျွန်မတို့ရဲ့ ပုံမှန်ဖြစ်မှု အသစ်ပါ၊ 149 00:09:59,390 --> 00:10:03,306 အရှေ့တောင် အာရှဒေသကို 150 00:10:03,330 --> 00:10:06,617 ကမ်းရိုးတန်း အများစုနဲ့ ဒေသကို ပြင်းထန်တဲ့ ဘေးအန္တရာယ် 151 00:10:06,641 --> 00:10:08,329 ဆိုက်ရောက်နေစေတာပါ။ 152 00:10:10,039 --> 00:10:13,128 ပန်းဥယျာဉ်တစ်ခုဖန်တီးခြင်းဟာ အဖြေတစ်ခုပဲ ရှိသေးတာပါ။ 153 00:10:14,685 --> 00:10:16,319 ရာသီဥတု ပြောင်းလဲမှုကို သတိမူမိတာက 154 00:10:16,343 --> 00:10:22,555 ကျွန်မတို့ဟာ ကျွန်မတို့ပါဝင်တဲ့ ဘယ်အသက်မွေးမှုမှာမဆို 155 00:10:22,579 --> 00:10:27,590 ရာသီဥတု ဘေးအန္တရာယ်ကို နားလည်ဖို့ တိုးတိုးပြီး တာဝန်ရှိတယ်လို့ ခံယူပြီး 156 00:10:27,614 --> 00:10:33,251 ဒီအဖြေရဲ့ အစိတ်အပိုင်းအဖြစ် ကျွန်မတို့ လုပ်ကိုင်နေသမျှကို ထည့်သွင်းတာပါ။ 157 00:10:34,386 --> 00:10:38,902 အကြောင်းက ကျွန်မတို့ရဲ့ မြို့ကြီးတွေဟာ 158 00:10:38,926 --> 00:10:40,672 လက်ရှိအတိုင်း ဆက်ရှိနေမယ်ဆိုရင် 159 00:10:41,854 --> 00:10:45,179 အလားတူ ကပ်ဘေးတစ်ခု 160 00:10:45,964 --> 00:10:47,452 ထပ်ကာ ထပ်ကာ ဖြစ်လာဦးမှာပါ။ 161 00:10:49,531 --> 00:10:52,779 နိမ့်ဆင်းကျွံဝင်နေတဲ့ မြို့ကြီးတွေမှာ အဖြေတစ်ခုကို ဖန်တီးခြင်းဟာ 162 00:10:52,803 --> 00:10:58,429 မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တာမျိုးပါ။ 163 00:10:59,909 --> 00:11:01,059 ဒီအတွက်တော့ 164 00:11:02,070 --> 00:11:07,638 ကျွန်မရဲ့စိတ်ထဲမှာ အမြဲ ဆောင်ထားတဲ့ စကားလုံးတစ်လုံးကို ဝေမျှချင်ပါတယ်။ 165 00:11:07,662 --> 00:11:10,277 ဒါကတော့ "tangjai" ပါ။ 166 00:11:11,968 --> 00:11:18,150 တိုက်ရိုက် ဘာသာပြန်ရင် "tang" က "ခိုင်မာစွာ ရပ်တည်သည်" 167 00:11:19,942 --> 00:11:23,079 "jai"က ကတော့ "နှလုံးသားပါ။ 168 00:11:24,723 --> 00:11:28,128 သင့်ရည်မှန်းချက်မှာ သင့်နှလုံးသားကို ခိုင်ကျည်စွာ ရပ်တည်ထားပါ။ 169 00:11:29,325 --> 00:11:33,939 ထိုင်းဘာသာစကားမှာ တစ်ခုခုလုပ်ဖို့ ရည်စူးတဲ့အခါ 170 00:11:33,963 --> 00:11:37,096 သင့်စကာလုံးရှေ့မှာ "tangjai" ကို ထားတာဆိုတော့ 171 00:11:37,120 --> 00:11:41,085 သင့်နှလုံးသားဟာ သင့်လုပ်ရပ်ဖြစ်ပါလိမ့်မယ်။ 172 00:11:42,023 --> 00:11:44,223 လမ်းကြောင်းက ဘယ်လိုပင် ကြမ်းကြမ်း၊ 173 00:11:44,247 --> 00:11:46,230 အက်ကြောင်းက ဘယ်လောက်ကြီးကြီး 174 00:11:46,254 --> 00:11:48,119 သင့်ရဲ့ပန်းတိုင်ဆီ ဇွတ်တိုးချီတက်ပါ၊ 175 00:11:48,143 --> 00:11:50,637 အကြောင်းက ဒါက သင့်နှလုံးသားရှိရာမို့ပါ။ 176 00:11:52,720 --> 00:11:55,537 နောက်ပြီး ထိုင်းနိုင်ငံဟာ ကျွန်မရဲ့မွေးရပ်မြေပါ။ 177 00:11:58,107 --> 00:12:00,180 ဒီမြေဟာ ကျွန်မရဲ့အိမ်ဖြစ်ပြီး 178 00:12:01,648 --> 00:12:06,826 ကျွန်မရဲ့နှလုံးသား ခိုင်မြဲစွာ တည်ရှိတဲ့နေရာပါ။ 179 00:12:07,637 --> 00:12:09,296 သင်တို့နှလုံးသားက ဘယ်မှာ တည်ရှိလဲ။ 180 00:12:09,954 --> 00:12:11,105 ကျေးဇူးပါ။ 181 00:12:11,129 --> 00:12:12,146 (လက်ခုပ်သံများ) 182 00:12:12,170 --> 00:12:13,321 ကျေးဇူးပါ။ 183 00:12:13,345 --> 00:12:14,496 ကျေးဇူးတင်ပါတယ်ရှင်။ 184 00:12:14,520 --> 00:12:17,738 (လက်ခုပ်သံ၊အားပေးသံများ)