ရေခဲချောင်းကို တီထွင်ဖြစ်ခဲ့ပုံ| Moments of Vision 11 - Jessica Oreck
-
0:06 - 0:13မြင်လိုက်ရတဲ့ တဒင်္ဂလေးတင်မှာ ...
-
0:13 - 0:15၁၉၀၅ ခုနှစ် မြောက်ပိုင်း
ကယ်လီဖိုးနီးယားမှာပါ။ -
0:15 - 0:18Frank Epperson ဟာ ဆယ့်တစ်နှစ် ကလေးပါ။
-
0:18 - 0:21သူဟာ အိမ်ရှေ့ ဆင်ဝင်မှာ ထိုင်နေပြီး
အဲဒီတုန်းက လူကြိုက်များခဲ့တဲ့ -
0:21 - 0:24ကိုယ့်ဘာသာကိုယ် လုပ်ယူရတဲ့ (DIY)
သောက်စရာ တစ်ခုကို လုပ်နေခဲ့တယ်။ -
0:24 - 0:27သူဟာ ချိုတဲ့ ဆော်ဒါရည်ကို ဖန်ခွက်ထဲ
လောင်းထည့်လိုက်တယ်၊ -
0:27 - 0:31ပြီးတော့ သစ်တုတ်ချောင်းလေးနဲ့
တအား မွှေနေခဲ့တယ်။ -
0:31 - 0:35အဲဒီနောက်ပိုင်း ၂၄ နာရီမှာ ဘယ်လို
ဖြစ်ခဲ့မှန်း အတိအကျ မသိရပေမဲ့၊ -
0:35 - 0:37တစ်ခုခုဟာ Frank ရဲ့
အာရုံကို ဆွဲယူခဲ့လိုက်လို့ -
0:37 - 0:40သူဟာ ပြင်ထားတဲ့ သောက်စရာကို
ချန်ထားခဲ့ပုံရတယ်။ -
0:40 - 0:42ရေခဲအောင် အေးတဲ့ ညဖြစ်တာမို့လို့
-
0:42 - 0:45Frank ဟာ သူ့ဖျော်ရည်ကို နောက်တစ်နေ့
မနက်ကျမှသာ သတိထားမိတယ်။ -
0:45 - 0:48၎င်းဟာ ခဲပြီး မာကျောနေခဲ့တယ်။
-
0:48 - 0:49သူဟာ အဲဒါကို လွှင့်ပစ်မယ့်အစား
-
0:49 - 0:54Frank ဟာ မွှေရန် သုံးခဲ့တဲ့ တုတ်ချောင်းကို
ကိုင်ရင်း ခဲနေတဲ့ အတုံးကို ထုတ်ယူလိုက်ပြီး -
0:54 - 0:59မြင်လိုက်တဲ့ တဒင်္ဂလေးတင်မှာ
လျှာနဲ့ လျက်လိုက်တယ်။ -
0:59 - 1:00သူ့တီထွင်မှုကို သဘောကျလို့၊
-
1:00 - 1:03Frank ဟာ သူ့မိတ်ဆွေများ အတွက်
ရေခဲချောင်းကို စလုပ်လာခဲ့ရာ၊ -
1:03 - 1:04အသက်ကြီးလာတော့ အဲဒါကို
-
1:04 - 1:06Eppsicle ခေါ် ရေခဲချောင်း အဖြစ်
ရောင်းလာခဲ့တယ်။ -
1:06 - 1:10သူ့မိသားစု နာမည်နဲ့ icicle (ရေခဲပန်းဆွဲ)
ဆိုတာကို ပေါင်းလိုက်ကာ ရခဲ့တဲ့ နာမည်ပါ။ -
1:10 - 1:12နောက်ပိုင်းမှာ ကြာလာရတာက
-
1:12 - 1:16Frank ရဲ့ ကလေးတွေကိုက ရေခဲမုန့်ကို
Pop's 'cicle ဆိုပြီး အမည်ပေးခဲ့ကြတယ်။ -
1:16 - 1:20အခြားသူတို့က အဲဒီနာမည်ဟာ Lollipop နဲ့
icicle ကို ပေါင်းထားတာပါလို့ ဆိုကြတယ်။ -
1:20 - 1:25နာမည်က ဘယ်ကပဲ လာပါစေ၊ popsicle
ဆိုတဲ့ ရေခဲချောင်းကတော့ ရှိနေလျက်ပါ။ -
1:25 - 1:30နှစ်စဉ် အဲဒီရေခဲချောင်း ၂ ဘီလီယံ
ရောင်းရတယ်လို့ ခန့်မှန်းကြတယ်။
- Title:
- ရေခဲချောင်းကို တီထွင်ဖြစ်ခဲ့ပုံ| Moments of Vision 11 - Jessica Oreck
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရန် - http://ed.ted.com/lessons/how-the-popsicle-was-invented-moments-of-vision-11-jessica-oreck
နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံးမှာ popsicle ခေါ် ရေခဲချောင်း ၂ ဘီလီယံ ရောင်းရတယ်လို့ ခန်းမှန်းရပါတယ်။ ဒါပေမဲ့ စားချင်စဖွယ် အဲဒီမုန့်ကို လုပ်ရန် စိတ်ကူးကို ဘယ်က ရလာခဲ့တာလဲ? ကျွန်ုပ်တို့ရဲ့ ‘Moments of Vision’ အခန်းဆက် တင်ဆက်မှု ဆယ့်တစ်ကြိမ် မြောက်ထဲတွင်၊ Jessica Oreck က popsicle (ရေခဲချောင်း) ရဲ့ ဇာတ်မြစ် သမိုင်းကို ရှာဖွေ တင်ပြထားပါတယ်။
သင်ခန်းစာနဲ့ လှုပ်ရှားမှု ပုံများဖြင့် ဖေါ်မှုကို Jessica Oreck ကပဲ ပြုလုပ်ခဲ့တာပါ။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 01:51
sann tint approved Burmese subtitles for How the popsicle was invented | Moments of Vision 11 - Jessica Oreck | ||
Myo Aung accepted Burmese subtitles for How the popsicle was invented | Moments of Vision 11 - Jessica Oreck | ||
Myo Aung edited Burmese subtitles for How the popsicle was invented | Moments of Vision 11 - Jessica Oreck | ||
Myo Aung edited Burmese subtitles for How the popsicle was invented | Moments of Vision 11 - Jessica Oreck | ||
Sanda Aung edited Burmese subtitles for How the popsicle was invented | Moments of Vision 11 - Jessica Oreck | ||
Sanda Aung edited Burmese subtitles for How the popsicle was invented | Moments of Vision 11 - Jessica Oreck | ||
Sanda Aung edited Burmese subtitles for How the popsicle was invented | Moments of Vision 11 - Jessica Oreck |