Return to Video

ရေခဲချောင်းကို တီထွင်ဖြစ်ခဲ့ပုံ| Moments of Vision 11 - Jessica Oreck

  • 0:06 - 0:13
    မြင်လိုက်ရတဲ့ တဒင်္ဂလေးတင်မှာ ...
  • 0:13 - 0:15
    ၁၉၀၅ ခုနှစ် မြောက်ပိုင်း
    ကယ်လီဖိုးနီးယားမှာပါ။
  • 0:15 - 0:18
    Frank Epperson ဟာ ဆယ့်တစ်နှစ် ကလေးပါ။
  • 0:18 - 0:21
    သူဟာ အိမ်ရှေ့ ဆင်ဝင်မှာ ထိုင်နေပြီး
    အဲဒီတုန်းက လူကြိုက်များခဲ့တဲ့
  • 0:21 - 0:24
    ကိုယ့်ဘာသာကိုယ် လုပ်ယူရတဲ့ (DIY)
    သောက်စရာ တစ်ခုကို လုပ်နေခဲ့တယ်။
  • 0:24 - 0:27
    သူဟာ ချိုတဲ့ ဆော်ဒါရည်ကို ဖန်ခွက်ထဲ
    လောင်းထည့်လိုက်တယ်၊
  • 0:27 - 0:31
    ပြီးတော့ သစ်တုတ်ချောင်းလေးနဲ့  
    တအား မွှေနေခဲ့တယ်။
  • 0:31 - 0:35
    အဲဒီနောက်ပိုင်း ၂၄ နာရီမှာ ဘယ်လို
    ဖြစ်ခဲ့မှန်း အတိအကျ မသိရပေမဲ့၊
  • 0:35 - 0:37
    တစ်ခုခုဟာ Frank ရဲ့
    အာရုံကို ဆွဲယူခဲ့လိုက်လို့
  • 0:37 - 0:40
    သူဟာ ပြင်ထားတဲ့ သောက်စရာကို
    ချန်ထားခဲ့ပုံရတယ်။
  • 0:40 - 0:42
    ရေခဲအောင် အေးတဲ့ ညဖြစ်တာမို့လို့
  • 0:42 - 0:45
    Frank ဟာ သူ့ဖျော်ရည်ကို  နောက်တစ်နေ့
    မနက်ကျမှသာ သတိထားမိတယ်။
  • 0:45 - 0:48
    ၎င်းဟာ ခဲပြီး မာကျောနေခဲ့တယ်။
  • 0:48 - 0:49
    သူဟာ အဲဒါကို လွှင့်ပစ်မယ့်အစား
  • 0:49 - 0:54
    Frank ဟာ မွှေရန် သုံးခဲ့တဲ့ တုတ်ချောင်းကို
    ကိုင်ရင်း ခဲနေတဲ့ အတုံးကို ထုတ်ယူလိုက်ပြီး
  • 0:54 - 0:59
    မြင်လိုက်တဲ့ တဒင်္ဂလေးတင်မှာ
    လျှာနဲ့ လျက်လိုက်တယ်။
  • 0:59 - 1:00
    သူ့တီထွင်မှုကို သဘောကျလို့၊
  • 1:00 - 1:03
    Frank ဟာ သူ့မိတ်ဆွေများ အတွက်
    ရေခဲချောင်းကို စလုပ်လာခဲ့ရာ၊
  • 1:03 - 1:04
    အသက်ကြီးလာတော့ အဲဒါကို
  • 1:04 - 1:06
    Eppsicle ခေါ် ရေခဲချောင်း အဖြစ်
    ရောင်းလာခဲ့တယ်။
  • 1:06 - 1:10
    သူ့မိသားစု နာမည်နဲ့ icicle (ရေခဲပန်းဆွဲ)
    ဆိုတာကို ပေါင်းလိုက်ကာ ရခဲ့တဲ့ နာမည်ပါ။
  • 1:10 - 1:12
    နောက်ပိုင်းမှာ ကြာလာရတာက
  • 1:12 - 1:16
    Frank ရဲ့ ကလေးတွေကိုက ရေခဲမုန့်ကို
    Pop's 'cicle ဆိုပြီး အမည်ပေးခဲ့ကြတယ်။
  • 1:16 - 1:20
    အခြားသူတို့က အဲဒီနာမည်ဟာ Lollipop နဲ့
    icicle ကို ပေါင်းထားတာပါလို့ ဆိုကြတယ်။
  • 1:20 - 1:25
    နာမည်က ဘယ်ကပဲ လာပါစေ၊ popsicle
    ဆိုတဲ့ ရေခဲချောင်းကတော့ ရှိနေလျက်ပါ။
  • 1:25 - 1:30
    နှစ်စဉ်  အဲဒီရေခဲချောင်း ၂ ဘီလီယံ
    ရောင်းရတယ်လို့ ခန့်မှန်းကြတယ်။
Title:
ရေခဲချောင်းကို တီထွင်ဖြစ်ခဲ့ပုံ| Moments of Vision 11 - Jessica Oreck
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရန် - http://ed.ted.com/lessons/how-the-popsicle-was-invented-moments-of-vision-11-jessica-oreck

နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံးမှာ popsicle ခေါ် ရေခဲချောင်း ၂ ဘီလီယံ ရောင်းရတယ်လို့ ခန်းမှန်းရပါတယ်။ ဒါပေမဲ့ စားချင်စဖွယ် အဲဒီမုန့်ကို လုပ်ရန် စိတ်ကူးကို ဘယ်က ရလာခဲ့တာလဲ? ကျွန်ုပ်တို့ရဲ့ ‘Moments of Vision’ အခန်းဆက် တင်ဆက်မှု ဆယ့်တစ်ကြိမ် မြောက်ထဲတွင်၊ Jessica Oreck က popsicle (ရေခဲချောင်း) ရဲ့ ဇာတ်မြစ် သမိုင်းကို ရှာဖွေ တင်ပြထားပါတယ်။
သင်ခန်းစာနဲ့ လှုပ်ရှားမှု ပုံများဖြင့် ဖေါ်မှုကို Jessica Oreck ကပဲ ပြုလုပ်ခဲ့တာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
01:51

Burmese subtitles

Revisions