မြင်လိုက်ရတဲ့ တဒင်္ဂလေးတင်မှာ ...
၁၉၀၅ ခုနှစ် မြောက်ပိုင်း
ကယ်လီဖိုးနီးယားမှာပါ။
Frank Epperson ဟာ ဆယ့်တစ်နှစ် ကလေးပါ။
သူဟာ အိမ်ရှေ့ ဆင်ဝင်မှာ ထိုင်နေပြီး
အဲဒီတုန်းက လူကြိုက်များခဲ့တဲ့
ကိုယ့်ဘာသာကိုယ် လုပ်ယူရတဲ့ (DIY)
သောက်စရာ တစ်ခုကို လုပ်နေခဲ့တယ်။
သူဟာ ချိုတဲ့ ဆော်ဒါရည်ကို ဖန်ခွက်ထဲ
လောင်းထည့်လိုက်တယ်၊
ပြီးတော့ သစ်တုတ်ချောင်းလေးနဲ့
တအား မွှေနေခဲ့တယ်။
အဲဒီနောက်ပိုင်း ၂၄ နာရီမှာ ဘယ်လို
ဖြစ်ခဲ့မှန်း အတိအကျ မသိရပေမဲ့၊
တစ်ခုခုဟာ Frank ရဲ့
အာရုံကို ဆွဲယူခဲ့လိုက်လို့
သူဟာ ပြင်ထားတဲ့ သောက်စရာကို
ချန်ထားခဲ့ပုံရတယ်။
ရေခဲအောင် အေးတဲ့ ညဖြစ်တာမို့လို့
Frank ဟာ သူ့ဖျော်ရည်ကို နောက်တစ်နေ့
မနက်ကျမှသာ သတိထားမိတယ်။
၎င်းဟာ ခဲပြီး မာကျောနေခဲ့တယ်။
သူဟာ အဲဒါကို လွှင့်ပစ်မယ့်အစား
Frank ဟာ မွှေရန် သုံးခဲ့တဲ့ တုတ်ချောင်းကို
ကိုင်ရင်း ခဲနေတဲ့ အတုံးကို ထုတ်ယူလိုက်ပြီး
မြင်လိုက်တဲ့ တဒင်္ဂလေးတင်မှာ
လျှာနဲ့ လျက်လိုက်တယ်။
သူ့တီထွင်မှုကို သဘောကျလို့၊
Frank ဟာ သူ့မိတ်ဆွေများ အတွက်
ရေခဲချောင်းကို စလုပ်လာခဲ့ရာ၊
အသက်ကြီးလာတော့ အဲဒါကို
Eppsicle ခေါ် ရေခဲချောင်း အဖြစ်
ရောင်းလာခဲ့တယ်။
သူ့မိသားစု နာမည်နဲ့ icicle (ရေခဲပန်းဆွဲ)
ဆိုတာကို ပေါင်းလိုက်ကာ ရခဲ့တဲ့ နာမည်ပါ။
နောက်ပိုင်းမှာ ကြာလာရတာက
Frank ရဲ့ ကလေးတွေကိုက ရေခဲမုန့်ကို
Pop's 'cicle ဆိုပြီး အမည်ပေးခဲ့ကြတယ်။
အခြားသူတို့က အဲဒီနာမည်ဟာ Lollipop နဲ့
icicle ကို ပေါင်းထားတာပါလို့ ဆိုကြတယ်။
နာမည်က ဘယ်ကပဲ လာပါစေ၊ popsicle
ဆိုတဲ့ ရေခဲချောင်းကတော့ ရှိနေလျက်ပါ။
နှစ်စဉ် အဲဒီရေခဲချောင်း ၂ ဘီလီယံ
ရောင်းရတယ်လို့ ခန့်မှန်းကြတယ်။