< Return to Video

စကြ၀ဠာကို ဘာနဲ့ပြုလုပ်ထားသလဲ - Dennis Wildfogel

  • 0:07 - 0:09
    ခင်ဗျား ပတ်ဝန်းကျင်က အရာတိုင်းကို
  • 0:09 - 0:10
    မော်လီကျူးလို့ ခေါ်တဲ့ အနုစိတ်တဲ့
  • 0:10 - 0:12
    ယူနစ်တွေနဲ့ ပေါင်းစည်းထားပြီး၊
  • 0:12 - 0:13
    မော်လီကျူးတွေကို သီးခြား
  • 0:13 - 0:15
    အမ်တမ်တွေနဲ့ ထပ်မံ စုဖွဲ့ထားပါတယ်။
  • 0:15 - 0:17
    မော်လီကျူးတွေဟာ မကြာခဏ
    ခွဲထွက်ပြီး
  • 0:17 - 0:19
    ထို့နောက် မော်လီကျူးအသစ်တွေ ဖွဲ့စည်းပါတယ်။
  • 0:19 - 0:20
    တဖက်မှာတော့၊ ခင်ဗျားရဲ့
  • 0:20 - 0:22
    ဘ၀ ခရီးတလျှောက် ထိတွေ့ခဲ့တဲ့
  • 0:22 - 0:24
    အမ်တမ်အားလုံးဟာ
    စိတ်ကူးအရဆို
  • 0:24 - 0:25
    ခင်ဗျားရဲ့ အောက်က မြေကြီးထဲမှာ
  • 0:25 - 0:27
    ခင်ဗျားရှူတဲ့လေ၊ ခင်ဗျားစားတဲ့ အစာ
  • 0:27 - 0:30
    ခင်ဗျား အပါအဝင် သက်ရှိတိုင်းကို
    ပြုလုပ်ထားတဲ့
  • 0:30 - 0:32
    အရာတွေမှာ နှစ် ဘီလျံချီကြာ
    တည်ရှိလာပြီး
  • 0:32 - 0:35
    ၎င်းတို့ကို ကျုပ်တို့
    ဂြိုဟ်တွေနဲ့ မတူတဲ့ နေရာမှာ ဖန်တီးခဲ့တယ်။
  • 0:35 - 0:38
    ဒီအက်တမ်တွေ ဖြစ်ပေါ်လာပုံအကြောင်းကို
    ခင်ဗျားထံ ဝေမျှချင်ပါတယ်။
  • 0:38 - 0:40
    Big Bang ခေါ်တဲ့ ဖြစ်ရပ်တစ်ခုနဲ့
  • 0:40 - 0:42
    အားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၁၄ ဘီလျံက
  • 0:42 - 0:45
    စတင်ပြီး အကျိုးဆက်အနေနဲ့ ဓာတ်ငွေ့
    သာရှိတဲ့ စကြ၀ဠာ ဖြစ်တည်လာပါတယ်။
  • 0:45 - 0:47
    ကြယ်နဲ့ ဂြိုဟ်တွေ မရှိကြပါဘူး။
  • 0:47 - 0:48
    ဓာတ်ငွေ့ကို အရိုးရှင်းဆုံး
  • 0:48 - 0:50
    ဒြပ်စင်အုပ်စုမှ
    အက်တမ်တွေနဲ့သာ ပြုလုပ်ထားခဲ့တယ်။
  • 0:50 - 0:52
    ဟိုက်ဒြိုဂျင် ၇၅% ခန့်နဲ့
  • 0:52 - 0:54
    ကျန်တဲ့ အားလုံးနီးပါးက ဟီလီယမ်တွေပါ။
  • 0:54 - 0:57
    ကာဗွန်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်လို
    ဒြပ်စင်တွေ မတည်ရှိကြပါ။
  • 0:57 - 0:59
    သံ၊ ငွေ သို့မဟုတ် ရွှေလည်းမရှိပါ။
  • 0:59 - 1:03
    နေရာတချို့မှာ ဓာတ်ငွေ့တွေရဲ့ သိပ်သည်းမှုက
    တခြားနေရာတွေထက် ပိုမြင့်မားပါတယ်။
  • 1:03 - 1:06
    ဒြပ်ဆွဲအားကြောင့် ဒီနေရာတွေမှာ
    နောက်ထပ် ဓာတ်ငွေ့ကို ဆွဲတော့
  • 1:06 - 1:08
    ဒြပ်ဆွဲငင်အား ပိုလို့ ကောင်းလာပါတယ်
  • 1:08 - 1:11
    ဒီလိုနဲ့ နောက်ထပ် ဓာတ်ငွေ့တွေကို
    ထပ်ဆွဲပြန်ပါတယ်...
  • 1:11 - 1:14
    အဆုံး၌... ကြီးမား သိပ်သည်းတဲ့
    ဓာတ်ငွေ့လုံးကြီး ဖွဲ့စည်းပြီး
  • 1:14 - 1:15
    ကိုယ့် ဆွဲအားနဲ့ကိုယ် ကျုံ့ဝင်ပြီး
  • 1:15 - 1:18
    အကျိုးဆက်အရ အတွင်းသားကို
    လောင်မြိုက်စေပါတော့တယ်။
  • 1:18 - 1:20
    ဒီအလုံးရဲ့ အတွင်းက နေရာအချို့မှာ
  • 1:20 - 1:22
    နျူးကလိယပ်တွေ ပေါင်းစည်းနိုင်
    လောက်အောင် ပူလာပါတယ်။
  • 1:22 - 1:25
    ဟီလီယမ် ဖြစ်ဖို့ ဟိုက်ဒြိုဂျင်
    အက်တမ်ချင်း တိုက်မိရာမှ
  • 1:25 - 1:27
    ဒြပ်ဆွဲခြင်းကြောင့် ကျုံ့ဝင်မှုကို
    တန်ပြန်ဖို့
  • 1:27 - 1:31
    အင်အားကြီးတဲ့ စွမ်းအင်ထုတ်လွှတ်မှုကို
    တွဲလျက်ဖြစ်ပေါ်စေပါတယ်။
  • 1:31 - 1:33
    Fusion Reaction မှ
    စွမ်းအင် တွန်းထုတ်ချိန်၊
  • 1:33 - 1:35
    ဓာတ်ငွေ့တိုင်းကို အတွင်းသို့
    ဆွဲတဲ့ ဒြပ်ဆွဲအားနဲ့
  • 1:35 - 1:37
    ဘက်ညီပြီး မျှခြေတစ်ရပ် ဖြစ်ပေါ်ပါတယ်။
  • 1:37 - 1:39
    အဲဒီကနေ ကြယ်တစ်စင်းကို ပေါက်ဖွားပါတယ်။
  • 1:39 - 1:40
    ၎င်းရဲ့ သက်တမ်းအတွင်း
  • 1:40 - 1:42
    ကြယ်ကြီးရဲ့ အတွင်းသားရှိ
    Fusion Reaction က
  • 1:42 - 1:44
    ဟီလီယမ်သာမက
    ကာဗွန်၊ အောက်စီဂျင်၊
  • 1:44 - 1:46
    နိုက်ထရိုဂျင် ပြီးတော့
    အလှည့်မှန်ဇယားထဲက
  • 1:46 - 1:50
    သံ အထိရောက်အောင် အခြားသော ဒြပ်စင်
    အားလုံးကိုလည်းပဲ ထုတ်ပေးပါလိမ့်မယ်။
  • 1:50 - 1:52
    အဆုံးမှာ အတွင်းသား လောင်စာတွေ
    ကုန်ခမ်းပြီး
  • 1:52 - 1:54
    ၎င်းကို အပြီးတိုင် ပြိုပျက်စေအုံးမှာပါ။
  • 1:54 - 1:56
    ဒါက မယုံနိုင်စရာ စွမ်းပကားနဲ့
    ပေါက်ကွဲမှု
  • 1:56 - 1:59
    ဖြစ်စေတာကို ကျုပ်တို့က
    Supernova လို့ ခေါ်ပါတယ်။
  • 1:59 - 2:00
    အခု ကြယ်ပေါက်ကွဲမှုက
  • 2:00 - 2:02
    ဒြပ်စင်တွေ ဖန်တီးပုံ ၂ ခု
    မှတ်စရာ ရှိပါတယ်
  • 2:02 - 2:04
    တစ်.. ဒီပေါက်ကွဲမှုက သိပ်များတဲ့
    စွမ်းအင်ကို ထုတ်လွှတ်တယ်
  • 2:04 - 2:06
    ဒီပေါင်းစပ်မှုက ပြန့်ထွက်သွားပြီး
  • 2:06 - 2:09
    ရွှေ၊ ငွေနဲ့ ယူရေနီယံလို သံထက် ပိုလေးတဲ့
  • 2:09 - 2:11
    အက်တမ်တွေပါတဲ့ ဒြပ်စင်ကို ဖွဲ့စည်းပါတယ်။
  • 2:11 - 2:13
    နှစ်.. ကြယ်အတွင်းသားမှာ စုပြုံနေတဲ့
  • 2:13 - 2:14
    ကာဗွန်၊ အောက်စီဂျင်၊
  • 2:14 - 2:17
    နိုက်ထရိုဂျင်၊ သံလို ဒြပ်စင်တွေအပြင်
  • 2:17 - 2:20
    ကြယ်ပေါက်ကွဲမှုမှာ ဖြစ်ပေါ်ခဲ့တဲ့
    အရာအားလုံးကို
  • 2:20 - 2:22
    ကြယ်တွေကြားက ဟင်းလင်းပြင်သို့
    ပစ်လွှတ်ကာ အဲဒီမှာ
  • 2:22 - 2:24
    ရှိနှင့်ကြတဲ့ ဓာတ်ငွေ့တွေနဲ့
    ရောစပ်သွားပါတယ်။
  • 2:24 - 2:26
    ထို့နောက် ဖြစ်စဉ်တကျော့ပြန်စပါတယ်။
  • 2:26 - 2:29
    အခု၊ နဂိုရှိတဲ့ ဟိုက်ဒြိုဂျင်နဲ့
    ဟီလီယမ်အပြင်
  • 2:29 - 2:31
    ဒြပ်စင်များစွာ ပါဝင်တဲ့
    ဓာတ်ငွေ့တိမ်တိုက်တွေမှာ
  • 2:31 - 2:33
    ရုပ်ဒြပ်ကို ထပ်၊ ထပ် ဆွဲငင်တဲ့
  • 2:33 - 2:35
    သိပ်သည်းမှု ပိုမြင့်တဲ့ နယ်မြေ
    ရှိလာပါပြီ။
  • 2:35 - 2:37
    ကြယ်သစ်တွေ ဖြစ်မလာခင်ပေါ့။
  • 2:37 - 2:40
    လွန်ခဲ့တဲ့ နှစ် ၅ ဘီလျံမှာ ဒီနည်းနဲ့
    နေကို ပေါက်ဖွားပေးခဲ့တယ်။
  • 2:40 - 2:42
    ဒါက စကြ၀ဠာစတင်ကတည်းက
    ကြယ်များပေါက်ကွဲရာမှ
  • 2:42 - 2:44
    များပြားလှတဲ့ ဒြပ်စင်တွေနဲ့
    ကြွယ်၀နေတဲ့
  • 2:44 - 2:48
    အရာမှ ၎င်းကိုယ်၌ထံမှ ပေါ်ထွက်လာတဲ့
    ဓာတ်ငွေ့လို့ ဆိုလိုပါတယ်။
  • 2:48 - 2:51
    ဒီတော့ နေဟာ ဒီနည်းနဲ့ ဒြပ်စင်အားလုံး
    သန္ဓေဆောင်ထားပါတယ်။
  • 2:51 - 2:53
    အများစုဖြစ်တဲ့ ဟိုက်ဒြိုဂျင်က ၇၁%နဲ့
  • 2:53 - 2:56
    ကျန်တာထဲက အများဆုံးဖြစ်တဲ့ ဟီလီယံက
    ၂၇% ရှိနေပါသေးတယ်။
  • 2:56 - 2:56
    ဒါပေမဲ့ မှတ်သားစရာက
  • 2:56 - 2:58
    ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံ သာ
  • 2:58 - 3:00
    ပထမဆုံး ကြယ်ကို ပြုလုပ်တာက ဖြစ်ပြီး
  • 3:00 - 3:01
    အလှည့်မှန်ဇယားမှာ ကျန်တဲ့ ဒြပ်စင်တွေက
  • 3:01 - 3:04
    နေရဲ့ ၂% ကို ပြုလုပ်ထားပါတယ်။
  • 3:04 - 3:05
    ဒါဆို ကမ္ဘာအကြောင်းကရော။
  • 3:05 - 3:08
    ဂြိုလ်တွေက ကြယ်ဖွဲ့စည်းမှုရဲ့
    အဆွယ်အပွား ဖြစ်စဉ်အဖြစ်
  • 3:08 - 3:11
    နေကိုယ်တိုင် ထွက်ပေါ်လာတဲ့
    ဓာတ်ငွေ့တိမ်တိုက်မှ ဖြစ်ပေါ်တာပါ။
  • 3:11 - 3:13
    ဟိုက်ဒြိုဂျင် နဲ့ ဟီလီယံလို
    ပေါ့လွန်းတဲ့
  • 3:13 - 3:15
    ဓာတ်ငွေ့တွေကို ကျုပ်တို့ ဂြိုဟ်လို
    ဂြိုဟ်ငယ်လေးတွေက
  • 3:15 - 3:18
    ထိန်ထားဖို့ရာ လုံလောက်တဲ့
    ဒြပ်ဆွဲအား မရှိပါဘူး။
  • 3:18 - 3:20
    ဒီတော့ ကမ္ဘာ ဖြစ်ပေါ်လာတဲ့
    ဓာတ်ငွေ့တိမ်တိုက်ကို ၂% သာ
  • 3:20 - 3:24
    ပြုလုပ်တဲ့ ကာဗွန်၊ နိုက်ထရိုဂျင်၊
    အောက်စီဂျင် အစရှိတဲ့ ဓာတ်ငွေ့တွေလို
  • 3:24 - 3:26
    လေလံတဲ့ ဒြပ်စင်တွေက
    ကျုပ်တို့ ကမ္ဘာရဲ့ အများစုနဲ့
  • 3:26 - 3:28
    ၎င်းပေါ်က အရာရာတိုင်းကို
    ဖွဲ့စည်းပါတယ်။
  • 3:28 - 3:30
    ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံကို
  • 3:30 - 3:32
    ဖယ်ပြီး ဒီလိုတွေးကြည့်ပါ။
  • 3:32 - 3:33
    ခင်ဗျား လမ်းသွားနေတဲ့ မြေကြီး
  • 3:33 - 3:35
    ခင်ဗျား ရှူတဲ့လေ..ခင်ဗျားကို
  • 3:35 - 3:37
    အရာရာတိုင်းကို ကြယ်တွေရဲ့ အတွင်းထဲက
  • 3:37 - 3:39
    အက်တမ်တွေနဲ့ ပြုလုပ်ပါတယ်။
  • 3:39 - 3:41
    သိပ္ပံပညာရှင်တွေ ဒါကို
    ပထမဆုံး ဖော်ထုတ်ချိန်
  • 3:41 - 3:43
    နှစ်ဆယ်ရာစုရဲ့ ပထမပိုင်း
    နှစ်ငါးဆယ်အတွင်း
  • 3:43 - 3:45
    နက္ခတပညာရှင် အကျော်အမော်
    Harlow Shapley မှတ်ချက်က
  • 3:45 - 3:49
    ကျုပ်တို့နဲ့ ကျောက်တုံးတွေက ညီ၊ အကိုအရင်း၊
    တမ်တိုက်တွေက ဝမ်းကွဲ တော်စပ်သူတွေပါ။
Title:
စကြ၀ဠာကို ဘာနဲ့ပြုလုပ်ထားသလဲ - Dennis Wildfogel
Speaker:
Dennis Wildfogel
Description:

သင်ခန်းစာအပြည့်အစုံကြည်ရန်၊ http://ed.ted.com/lessons/what-is-the-universe-made-of-dennis-wildfogel

ခင်ဗျားကို ဝန်းရံထားတဲ့ အက်တမ်တွေဟာ နှစ်ပေါင်း ဘီလျံနှင့်ချီပြီး တည်ရှိလာခဲ့ကြတာပါ။ ပြီးတော့ အများစုဟာ ကြယ်တစ်စင်းရဲ့ မီးလျှံတောက်နေတဲ့ ဓာတ်ငွေ့ဆန်ဆန် အတွင်းသားမှာ အစပြုခဲ့ကြပါတယ်။ မဟာပေါက်ကွဲမှုကြီး ခေါ် Big Bang မှသည် မော်လီကျူးတွေဖွဲ့စည်းတဲ့ ယနေ့ခေတ်တိုင်အောင် ရှည်လျားလှတဲ့ ခရီးစဉ်တလျောက် ဖြတ်သန်းခဲ့တဲ့ ဒီအက်တမ်တွေရဲ့ စိတ်ဝင်စားစရာ ညှို့ယူဖမ်းစားတတ်တဲ့ ဇာတ်ကြောင်းကို Dennis Wildfogel က ပြောပြထားပါတယ်။

သင်ခန်းစာတင်ဆက်သူ- Dennis Wildfogel၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ်- Pew36 Animation Studios.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:05

Burmese subtitles

Revisions