ခင်ဗျား ပတ်ဝန်းကျင်က အရာတိုင်းကို မော်လီကျူးလို့ ခေါ်တဲ့ အနုစိတ်တဲ့ ယူနစ်တွေနဲ့ ပေါင်းစည်းထားပြီး၊ မော်လီကျူးတွေကို သီးခြား အမ်တမ်တွေနဲ့ ထပ်မံ စုဖွဲ့ထားပါတယ်။ မော်လီကျူးတွေဟာ မကြာခဏ ခွဲထွက်ပြီး ထို့နောက် မော်လီကျူးအသစ်တွေ ဖွဲ့စည်းပါတယ်။ တဖက်မှာတော့၊ ခင်ဗျားရဲ့ ဘ၀ ခရီးတလျှောက် ထိတွေ့ခဲ့တဲ့ အမ်တမ်အားလုံးဟာ စိတ်ကူးအရဆို ခင်ဗျားရဲ့ အောက်က မြေကြီးထဲမှာ ခင်ဗျားရှူတဲ့လေ၊ ခင်ဗျားစားတဲ့ အစာ ခင်ဗျား အပါအဝင် သက်ရှိတိုင်းကို ပြုလုပ်ထားတဲ့ အရာတွေမှာ နှစ် ဘီလျံချီကြာ တည်ရှိလာပြီး ၎င်းတို့ကို ကျုပ်တို့ ဂြိုဟ်တွေနဲ့ မတူတဲ့ နေရာမှာ ဖန်တီးခဲ့တယ်။ ဒီအက်တမ်တွေ ဖြစ်ပေါ်လာပုံအကြောင်းကို ခင်ဗျားထံ ဝေမျှချင်ပါတယ်။ Big Bang ခေါ်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ အားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၁၄ ဘီလျံက စတင်ပြီး အကျိုးဆက်အနေနဲ့ ဓာတ်ငွေ့ သာရှိတဲ့ စကြ၀ဠာ ဖြစ်တည်လာပါတယ်။ ကြယ်နဲ့ ဂြိုဟ်တွေ မရှိကြပါဘူး။ ဓာတ်ငွေ့ကို အရိုးရှင်းဆုံး ဒြပ်စင်အုပ်စုမှ အက်တမ်တွေနဲ့သာ ပြုလုပ်ထားခဲ့တယ်။ ဟိုက်ဒြိုဂျင် ၇၅% ခန့်နဲ့ ကျန်တဲ့ အားလုံးနီးပါးက ဟီလီယမ်တွေပါ။ ကာဗွန်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်လို ဒြပ်စင်တွေ မတည်ရှိကြပါ။ သံ၊ ငွေ သို့မဟုတ် ရွှေလည်းမရှိပါ။ နေရာတချို့မှာ ဓာတ်ငွေ့တွေရဲ့ သိပ်သည်းမှုက တခြားနေရာတွေထက် ပိုမြင့်မားပါတယ်။ ဒြပ်ဆွဲအားကြောင့် ဒီနေရာတွေမှာ နောက်ထပ် ဓာတ်ငွေ့ကို ဆွဲတော့ ဒြပ်ဆွဲငင်အား ပိုလို့ ကောင်းလာပါတယ် ဒီလိုနဲ့ နောက်ထပ် ဓာတ်ငွေ့တွေကို ထပ်ဆွဲပြန်ပါတယ်... အဆုံး၌... ကြီးမား သိပ်သည်းတဲ့ ဓာတ်ငွေ့လုံးကြီး ဖွဲ့စည်းပြီး ကိုယ့် ဆွဲအားနဲ့ကိုယ် ကျုံ့ဝင်ပြီး အကျိုးဆက်အရ အတွင်းသားကို လောင်မြိုက်စေပါတော့တယ်။ ဒီအလုံးရဲ့ အတွင်းက နေရာအချို့မှာ နျူးကလိယပ်တွေ ပေါင်းစည်းနိုင် လောက်အောင် ပူလာပါတယ်။ ဟီလီယမ် ဖြစ်ဖို့ ဟိုက်ဒြိုဂျင် အက်တမ်ချင်း တိုက်မိရာမှ ဒြပ်ဆွဲခြင်းကြောင့် ကျုံ့ဝင်မှုကို တန်ပြန်ဖို့ အင်အားကြီးတဲ့ စွမ်းအင်ထုတ်လွှတ်မှုကို တွဲလျက်ဖြစ်ပေါ်စေပါတယ်။ Fusion Reaction မှ စွမ်းအင် တွန်းထုတ်ချိန်၊ ဓာတ်ငွေ့တိုင်းကို အတွင်းသို့ ဆွဲတဲ့ ဒြပ်ဆွဲအားနဲ့ ဘက်ညီပြီး မျှခြေတစ်ရပ် ဖြစ်ပေါ်ပါတယ်။ အဲဒီကနေ ကြယ်တစ်စင်းကို ပေါက်ဖွားပါတယ်။ ၎င်းရဲ့ သက်တမ်းအတွင်း ကြယ်ကြီးရဲ့ အတွင်းသားရှိ Fusion Reaction က ဟီလီယမ်သာမက ကာဗွန်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင် ပြီးတော့ အလှည့်မှန်ဇယားထဲက သံ အထိရောက်အောင် အခြားသော ဒြပ်စင် အားလုံးကိုလည်းပဲ ထုတ်ပေးပါလိမ့်မယ်။ အဆုံးမှာ အတွင်းသား လောင်စာတွေ ကုန်ခမ်းပြီး ၎င်းကို အပြီးတိုင် ပြိုပျက်စေအုံးမှာပါ။ ဒါက မယုံနိုင်စရာ စွမ်းပကားနဲ့ ပေါက်ကွဲမှု ဖြစ်စေတာကို ကျုပ်တို့က Supernova လို့ ခေါ်ပါတယ်။ အခု ကြယ်ပေါက်ကွဲမှုက ဒြပ်စင်တွေ ဖန်တီးပုံ ၂ ခု မှတ်စရာ ရှိပါတယ် တစ်.. ဒီပေါက်ကွဲမှုက သိပ်များတဲ့ စွမ်းအင်ကို ထုတ်လွှတ်တယ် ဒီပေါင်းစပ်မှုက ပြန့်ထွက်သွားပြီး ရွှေ၊ ငွေနဲ့ ယူရေနီယံလို သံထက် ပိုလေးတဲ့ အက်တမ်တွေပါတဲ့ ဒြပ်စင်ကို ဖွဲ့စည်းပါတယ်။ နှစ်.. ကြယ်အတွင်းသားမှာ စုပြုံနေတဲ့ ကာဗွန်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်၊ သံလို ဒြပ်စင်တွေအပြင် ကြယ်ပေါက်ကွဲမှုမှာ ဖြစ်ပေါ်ခဲ့တဲ့ အရာအားလုံးကို ကြယ်တွေကြားက ဟင်းလင်းပြင်သို့ ပစ်လွှတ်ကာ အဲဒီမှာ ရှိနှင့်ကြတဲ့ ဓာတ်ငွေ့တွေနဲ့ ရောစပ်သွားပါတယ်။ ထို့နောက် ဖြစ်စဉ်တကျော့ပြန်စပါတယ်။ အခု၊ နဂိုရှိတဲ့ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ်အပြင် ဒြပ်စင်များစွာ ပါဝင်တဲ့ ဓာတ်ငွေ့တိမ်တိုက်တွေမှာ ရုပ်ဒြပ်ကို ထပ်၊ ထပ် ဆွဲငင်တဲ့ သိပ်သည်းမှု ပိုမြင့်တဲ့ နယ်မြေ ရှိလာပါပြီ။ ကြယ်သစ်တွေ ဖြစ်မလာခင်ပေါ့။ လွန်ခဲ့တဲ့ နှစ် ၅ ဘီလျံမှာ ဒီနည်းနဲ့ နေကို ပေါက်ဖွားပေးခဲ့တယ်။ ဒါက စကြ၀ဠာစတင်ကတည်းက ကြယ်များပေါက်ကွဲရာမှ များပြားလှတဲ့ ဒြပ်စင်တွေနဲ့ ကြွယ်၀နေတဲ့ အရာမှ ၎င်းကိုယ်၌ထံမှ ပေါ်ထွက်လာတဲ့ ဓာတ်ငွေ့လို့ ဆိုလိုပါတယ်။ ဒီတော့ နေဟာ ဒီနည်းနဲ့ ဒြပ်စင်အားလုံး သန္ဓေဆောင်ထားပါတယ်။ အများစုဖြစ်တဲ့ ဟိုက်ဒြိုဂျင်က ၇၁%နဲ့ ကျန်တာထဲက အများဆုံးဖြစ်တဲ့ ဟီလီယံက ၂၇% ရှိနေပါသေးတယ်။ ဒါပေမဲ့ မှတ်သားစရာက ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံ သာ ပထမဆုံး ကြယ်ကို ပြုလုပ်တာက ဖြစ်ပြီး အလှည့်မှန်ဇယားမှာ ကျန်တဲ့ ဒြပ်စင်တွေက နေရဲ့ ၂% ကို ပြုလုပ်ထားပါတယ်။ ဒါဆို ကမ္ဘာအကြောင်းကရော။ ဂြိုလ်တွေက ကြယ်ဖွဲ့စည်းမှုရဲ့ အဆွယ်အပွား ဖြစ်စဉ်အဖြစ် နေကိုယ်တိုင် ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တိမ်တိုက်မှ ဖြစ်ပေါ်တာပါ။ ဟိုက်ဒြိုဂျင် နဲ့ ဟီလီယံလို ပေါ့လွန်းတဲ့ ဓာတ်ငွေ့တွေကို ကျုပ်တို့ ဂြိုဟ်လို ဂြိုဟ်ငယ်လေးတွေက ထိန်ထားဖို့ရာ လုံလောက်တဲ့ ဒြပ်ဆွဲအား မရှိပါဘူး။ ဒီတော့ ကမ္ဘာ ဖြစ်ပေါ်လာတဲ့ ဓာတ်ငွေ့တိမ်တိုက်ကို ၂% သာ ပြုလုပ်တဲ့ ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်စီဂျင် အစရှိတဲ့ ဓာတ်ငွေ့တွေလို လေလံတဲ့ ဒြပ်စင်တွေက ကျုပ်တို့ ကမ္ဘာရဲ့ အများစုနဲ့ ၎င်းပေါ်က အရာရာတိုင်းကို ဖွဲ့စည်းပါတယ်။ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံကို ဖယ်ပြီး ဒီလိုတွေးကြည့်ပါ။ ခင်ဗျား လမ်းသွားနေတဲ့ မြေကြီး ခင်ဗျား ရှူတဲ့လေ..ခင်ဗျားကို အရာရာတိုင်းကို ကြယ်တွေရဲ့ အတွင်းထဲက အက်တမ်တွေနဲ့ ပြုလုပ်ပါတယ်။ သိပ္ပံပညာရှင်တွေ ဒါကို ပထမဆုံး ဖော်ထုတ်ချိန် နှစ်ဆယ်ရာစုရဲ့ ပထမပိုင်း နှစ်ငါးဆယ်အတွင်း နက္ခတပညာရှင် အကျော်အမော် Harlow Shapley မှတ်ချက်က ကျုပ်တို့နဲ့ ကျောက်တုံးတွေက ညီ၊ အကိုအရင်း၊ တမ်တိုက်တွေက ဝမ်းကွဲ တော်စပ်သူတွေပါ။