အိုင်းစတိုင်းရဲ့ အံဖွယ်ရာ နှစ် - Larry Lagerstrom
-
0:19 - 0:21၁၉၀၅ နှစ်ဆန်းချိန်
-
0:21 - 0:27၂၆နှစ် ပြည့်ခါနီး အိုင်းစတိုင်းရဲ့ ဘဝဟာ
မအောင်မြင်တဲ့ ပညာရှင်မျိုး ဖြစ်နေခဲ့တယ်။ -
0:27 - 0:30ထိုခေတ် ရူပဗေဒသမား အများစုက အဲဒီ
သာမည ဝန်ထမ်းလေးက သိပ္ပံပညာကို -
0:30 - 0:35များစွာမှ ပံ့ပိုးပေးမယ် ဆိုတဲ့ စိတ်ကူးကို
လှောင်ပြောင်ခဲ့ကြမှာပါ။ -
0:35 - 0:36ဒါပေမဲ့၊ လာမယ့် တစ်နှစ်အတွင်းမှာကို
-
0:36 - 0:39အိုင်းစတိုင်း ထုတ်ဝေဖြစ်ခဲ့တဲ့
စာတမ်းက တစ်စောင် မဟုတ်၊ -
0:39 - 0:40နှစ်စောင် မဟုတ်၊
-
0:40 - 0:41သုံးစောင် မဟုတ်၊
-
0:41 - 0:46ထူးကဲကြတဲ့ စာတမ်း လေးစောင်ကို ကွဲပြားတဲ့
ခေါင်းစဉ် အသီးသီးဖြင့် ထုတ်ဝေခဲ့ရာ၊ -
0:46 - 0:51စကြဝဠာကို ကျွန်ုပ်တို့ သိရှိထားပုံကို
အခြေခံမှအစ ပြောင်းလဲပစ်တဲ့ စာတမ်းတွေပါ။ -
0:51 - 0:55အိုင်းစတိုင်း သင်္ချာညံတဲ့
ဒဏ္ဍာရီဟာ ချုပ်ငြိမ်းသွားခဲ့ပါတယ်။ -
0:55 - 0:58၁၅နှစ် အရွယ်မှာ မိမိဘာသာမိမိ
ကဲကုလသင်္ချာကို တတ်ကျွမ်းယူခဲ့ပြီး -
0:58 - 1:01မြူးနစ် အထက်တန်းကျောင်း နဲ့
သင်္ချာနှင့် ရူပဗေဒသင်ဆရာ -
1:01 - 1:03ဒီပလိုမာကို ဆည်းပူးခဲ့တဲ့
Swiss Polytechnic -
1:03 - 1:06နှစ်ခုစလုံးမှာ သူရဲ့ သင်္ချာအစွမ်း
ကောင်းကောင်းပြခဲ့ပါတယ်။ -
1:06 - 1:09ဒါပေမဲ့၊ စမ်းသပ်ခန်းမှာ အချိန်ပိုပြီး
သုံးနိုင်ဖို့ ကျောင်းပျက်ခြင်းနဲ့ -
1:09 - 1:12သူ့ ပါမောက္ခကို ထိုက်သင့်သော
လေးစားမှု ပြဖို့ လျစ်လျူရှုခြင်းက -
1:12 - 1:16သူ့ ဘ၀ ရည်မှန်းချက် လမ်းကြောင်းမှ
လွဲချော်သွားစေခဲ့တယ်။ -
1:16 - 1:18လက်တွေ့ခန်း လက်ထောက်ရာထူးတောင်
လက်လွတ်သွားခဲ့လို့ -
1:18 - 1:22သူ့ မိတ်ဆွေရဲ့ ဖခင် အကူအညီကြောင့်
-
1:22 - 1:24ဆွစ် မူပိုင်ခွင့်ရုံးမှာ သူဟာ
အလုပ်ရခဲ့ပါတယ်။ -
1:24 - 1:27မူပိုင်ခွင့်စာရေးလေးအဖြစ်
တပတ်ခြောက်ရက် လုပ်ရင်း၊ -
1:27 - 1:30ဒါတောင် အိုင်းစတိုင်းက အချိန်တချို့ကို
ရင်းနှီးတဲ့မိတ်ဆွေအနည်းငယ်နဲ့ -
1:30 - 1:33နောက်ဆုံးပေါ် ရူပဗေဒအကြောင်း
ဆွေးနွေးဖို့ရယ်၊ သာမာန် စာတမ်းနှစ်စောင် -
1:33 - 1:36ထုတ်ဝေဖို့ရယ် စီမံနိုင်ခဲ့ပါသေးတယ်
-
1:36 - 1:37၁၉၀၅ မတ်မှာ တင်သွင်းခဲ့တဲ့
-
1:37 - 1:42တုန်လှုပ်ဖွယ် ရာ အဆိုကြမ်းပါတဲ့၎င်းရဲ့
စာတမ်းက အံ့အားသင့်စေခဲ့တယ်။ -
1:42 - 1:45အလင်းဟာ လှိုင်းဖြစ်ကြောင်း အထောက်
အထားတွေ ဆယ်စုနှစ်ချီ ရှိလာခဲ့ပေမဲ့၊ -
1:45 - 1:49အလင်းဟာ တကယ်တမ်းမှာ အမှုန်လည်း ဖြစ်နိုင်
ကြောင်း အိုင်းစတိုင်းက အဆိုပြုလိုက်ပြီး -
1:49 - 1:53အလင်းလျှပ်စစ် အကျိုးရှိမှုလို
ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို -
1:53 - 1:56သူ့ အဆိုကြမ်းဖြင့်
ရှင်းပြနိုင်တာကို ပြသခဲ့တယ်။ -
1:56 - 1:58ဒီစိတ်ကူးဟာ နှစ်အတန်ကြာ
ပြက်ရယ်ပြုခံခဲ့ရပေမဲ့၊ -
1:58 - 2:02အိုင်းစတိုင်းဟာ သူ့ခေတ်ရဲ့ရှေ့
အနှစ် ၂၀ နန့် စောနေခဲ့တာပါ။ -
2:02 - 2:08လှိုင်း-အမှုန် ဒွန်တွဲမှုဟာ ကွမ်တမ် တော်
လှန်ရေးရဲ့ အခြေခံအုတ်ြမစ် ဖြစ်လာမှာပါ။ -
2:08 - 2:11နောက် ၂လ အကြာ မေမှာ
အိုင်းစတိုင်းဟာ ဒုတိယစာတမ်းကို တင်ခဲ့ပြီး -
2:11 - 2:16ရာစုနှစ်ကြာလာပြီ ဖြစ်တဲ့ အက်တမ် တကယ် ရှိ၊
မရှိ မေးခွန်းဟောင်းကို တင်ပြခဲ့တယ်။ -
2:16 - 2:20သီအိုရီအချို့ကို မမြင်ရတဲ့ အက်တမ်တွေရဲ့
စိတ်ကူးဖြင့် တည်ဆောက်ခဲ့ကြပေမဲ့၊ -
2:20 - 2:24ထင်ရှားတဲ့ သိပ္ပံပညာရှင် အချို့ကတော့
၎င်းတို့ကို တကယ့် ရုပ်ပိုင်းဒြပ်ထုထက် -
2:24 - 2:27အသုံးဝင်တဲ့ စိတ်ကူးယဉ်အဖြစ် မှတ်ယူခဲ့ပါ။
-
2:27 - 2:29ဒါပေမဲ့ အိုင်းစတိုင်းက
ထိုးထွင်ဉာဏ်ကို သုံးလျက် -
2:29 - 2:31ဘရောင်းရွေ့လျားခြင်းလို့ ခေါ်ကြတဲ့ အရည်ထဲက
-
2:31 - 2:35အမှုန်လေးတွေရဲ့ ကျပန်း လှုပ်ရှားပြုမှု
ပုံကို သန်းနှင့်ချီပြီး ရှိကြတဲ့ -
2:35 - 2:37မြင်မရနိုင်တဲ့ အက်တမ်တွေရဲ့
-
2:37 - 2:40တိုက်မိမှုများဖြင့် တိကျစွာ
ကြိုတင် ဖေါ်ပြနိုင်ကြောင်း ပြသခဲ့ပါတယ်။ -
2:40 - 2:43များမကြာမီ စမ်းသပ်ချက်တွေက
အိုင်းစတိုင်းရဲ့ ပုံစံကို အတည်ပြုခဲ့လျက် -
2:43 - 2:47အက်တမ်ကို သံသယဖြစ်သူတွေ
အရှုံးပေးလိုက်ကြရတယ်။ -
2:47 - 2:50တတိယစာတမ်းက ဇွန်မှာ ပေါ်လာခဲ့တယ်။
-
2:50 - 2:51အချိန်အတော်ကြာကြာကိုပဲ
-
2:51 - 2:53အိုင်းစတိုင်းဟာ အခြခံ ရူပဗေဒနိယာမ နှစ်ခု
-
2:53 - 2:56ရှေ.နောက်မညီမှုကြောင့်
စဉ်းစားရခက်နေခဲ့ပါတယ်။ -
2:56 - 2:59အခိုင်အမာ ရပ်တည်နေခဲ့ပြီ
ဖြစ်ပြီး ဂယ်လီလီယိုမှ -
2:59 - 3:01စတင်ခဲ့တဲ့ နှိုင်းရနိယာမရဲ့ အဆိုအရ
-
3:01 - 3:04ပကတိ ရွေ့လျားမှုကို သတ်မှတ်
ဖေါ်ပြမရနိုင်ပါ။ -
3:04 - 3:07တချိန်တည်းမှာ ကောင်းမွန်စွာ သိရှိခဲ့ကြတဲ့
လျှပ်စစ်သံလိုက်ရဲ့ သီအိုရီမှာကျတော့ -
3:07 - 3:10ပကတိ ရွှေ့လျားမှု ရှိခြင်းကို
အခိုင်အမာ ဆိုထားပါတယ်။ -
3:10 - 3:13အဲဒီကွာဟနေပြီး သူက အဲဒါကို
ဖြေရှင်းနိုင်စွမ်း မရှိခြင်းကြောင့် -
3:13 - 3:18စိတ်မောနေခဲ့ရကြောင်း အိုင်းစတိုင်း
ကိုယ်တိုင် ဖော်ပြခဲ့ပါတယ်။ -
3:18 - 3:19ဒါပေမဲ့ မေလ တစ်နေ့မှာ၊
-
3:19 - 3:22သူ့ မိတ်ဆွေ Michele Besso နဲ့
အဲဒီပဟေဠိကို ဆွေးနွေးအပြီးတွင် -
3:22 - 3:24ရှင်းလင်းလာခဲ့ပါတယ်။
-
3:24 - 3:27ဒီဝိရောဓိကို ဖြေရှင်းနိုင်ဖို့
အိုင်းစတိုင်း နားလည်လိုက်တာက -
3:27 - 3:30အညွှန်းဘောင် မည်သို့ပဲရှိစေကာမူ
အလင်းရဲ့ အလျင်ဟာ ပုံသေဖြစ်လျက် -
3:30 - 3:32အချိန်နှင့်ဟင်းလင်းပြင် နှစ်ခုလုံးကို
-
3:32 - 3:36ရှု့မှတ်သူနဲ့ နှိုင်းရဖို့
လိုအပ်မယ်ဆိုတဲ့ အချက်ပါပဲ။ -
3:36 - 3:39အထူးနှိုင်းရ နိယာမအဖြစ် အားလုံး
သိရှိလာကြရတာကို ဖေါ်ထုတ်ပေးရန် -
3:39 - 3:43အိုင်းစတိုင်းဟာ သီတင်းပတ် အနည်းငယ်မျှသာ
အချိန်ယူ အသေးစိတ်တွက်ချက်ခဲ့ရပါတယ်။ -
3:43 - 3:46အဲဒီသီအိုရီက အရှိတရားဆိုင်ရာ
ကျွန်ုပ်တို့ရဲ့ အရင်တုန်းက အသိပညာတွေကို -
3:46 - 3:49လှုပ်ခါပစ်ရုံသာမက နည်းပညာသစ်တွေကို
လမ်းခင်းပေးလိုက်ရာ -
3:49 - 3:51အမှုန် အရှိန်တင်စက်တွေ မှအစ
-
3:51 - 3:54ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်
အဆုံး အထိပါပဲ။ -
3:54 - 3:56ဒါဆို လုံလောက်ပြီလို့ ထင်စရာရှိပေမဲ့၊
-
3:56 - 3:57စက်တင်ဘာ လမှာကျတော့၊
-
3:57 - 4:02အထူးနှိုင်းရနိယာရဲ့ အဆက်အဖြစ်
စတုတ္ထစာတမ်း စကားမစပ် ပေါ်လာခဲ့တယ်။ -
4:02 - 4:05အိုင်းစတိုင်းဟာ သူ့သီအိုရီ အကြောင်း
အနည်းငယ်ချဲ့ စဉ်းစားခဲ့ကာ -
4:05 - 4:09ဒြပ်ထုနဲ့ စွမ်းအင် တို့ဟာ၊
တစ်ခုက အပြင်ပမ်းအရ အစိုင်အခဲဖြစ်ပြီး -
4:09 - 4:12တစ်ခုက သိမ်မွေ့နူ့းညံ့တယ် ယူဆရပေမဲ့၊
-
4:12 - 4:15လက်တွေ့တွင် တူညီကြရမယ်လို့
ဘောပေါက်လာခဲ့တယ်။ -
4:15 - 4:18၎င်းတို့ရဲ့ ဆက်သွယ်မှုကို သမိုင်းဝင်
အကျော်ကြားဆုံးနှင့် အရေးပါဆုံး -
4:18 - 4:22ညီမျှခြင်းအဖြစ် ကျွန်ုပ်တို့သိရှိနေကြတဲ့
ညီမျှခြင်းဖြင့် ဖေါ်ပြပြနိုင်တယ်- -
4:22 - 4:25E = mc^2 ပါ။
-
4:25 - 4:30အိုင်းစတိုင်းဟာ နောက် ၁၅ နှစ်နီးပါးထိ
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဖြစ်မလာသေးပါ။ -
4:30 - 4:35သူ့ရဲ့ နောက်ဆက်တွဲ အထွေထွေ
နှိုင်းရ သီအိုရီကို ၁၉၁၉ နေကြတ်ချိန်တွင် -
4:35 - 4:38ကြယ်ရောင် ကွေးညွှတ်မှုအား
တိုင်းတာချက်ဖြင့် အတည်ပြုလိုက်မှသာ -
4:38 - 4:41စာစောင်တွေက သူ့ကို ထင်ပေါ်ကျော်ကြားသူ
အဖြစ် အမွှမ်းတင် ဖေါ်ပြခဲ့ကြတယ်။ -
4:41 - 4:45ဒါပေမဲ့ ၁၉၀၅ နောက်ပိုင်းမှာ မူပိုင်ခွင့်
ရုံးမှာ သူဟာ ပြန်ကွယ်ပျောက်သွားပြီး -
4:45 - 4:48သူဟာ နောက်ထပ် ဘာမှ မရေးခဲ့ဘူး
ဆိုရင်တောင်၊ -
4:48 - 4:50သူ့ အံဖွယ်နှစ်ရဲ့ စာတမ်းလေးစောင်ကိုက
-
4:50 - 4:56အံ့ဖွယ် ဉာဏ်ကြီးရှင်ရဲ့ ပထမတန်းစား
စံပြလက်ရာအဖြစ် ကျန်နေရစ်ခဲ့ကြမှာပါ။
- Title:
- အိုင်းစတိုင်းရဲ့ အံဖွယ်ရာ နှစ် - Larry Lagerstrom
- Speaker:
- Larry Lagerstrom
- Description:
-
အပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/einstein-s-miracle-year-larry-lagerstrom
၁၉၀၅ ခု နှစ်စမှာ အိုင်းစတိုင်းဟာ မအောင်မြင်တဲ့ ပညာရှင်မျိုး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ဆယ့်နှစ်လအတွင်းမှာ၊ သူဟာ ကွဲပြားတဲ့ ခေါင်းစဉ် အသီးသီးဖြင့် ထူးထူးခြားခြား စာတမ်းလေးစောင်ကို ရေးသားထုတ်ဝေနိင်ခဲ့ပါတယ်။ ထိုစာတမ်းတွေဟာ ကျွန်ုပ်တို့ရဲ့ စကြ၀ဠာအား နားလည်မှုကို အခြေခံမှအစ ပြောင်းပစ်ရေးဆီ ဦးတည်ခဲ့ကြပါတယ်။ Larry Lagerstrom က ဒီထိုးထွင်းဖောက်ထွက်ထားတဲ့ စာတမ်းလေးစောင်ကို တစေ့တစောင်း ပြောပြထားပါတယ်။
သင်ခန်းစာတင်ဆက်သူ Larry Lagerstrom၊ ရုပ်သံလှုပ်ရှားမှုပုံရိပ် Oxbow Creative။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:16
![]() |
sann tint edited Burmese subtitles for Einstein's miracle year | |
![]() |
sann tint edited Burmese subtitles for Einstein's miracle year | |
![]() |
sann tint edited Burmese subtitles for Einstein's miracle year | |
![]() |
Tun Lin Aung + 1 commented on Burmese subtitles for Einstein's miracle year | |
![]() |
sann tint edited Burmese subtitles for Einstein's miracle year | |
![]() |
sann tint edited Burmese subtitles for Einstein's miracle year | |
![]() |
sann tint approved Burmese subtitles for Einstein's miracle year | |
![]() |
Myo Aung accepted Burmese subtitles for Einstein's miracle year |
Tun Lin Aung + 1
၁း၃၇-၁း၄၂ - အံအားသင့်စွာခဲ့တယ်။
၁း၄၉-၁း၅၃ သက်ရောက်မှု > အကျိုး
၁း၅၃-၁၆၅ - ပြသခဲ့တ။ယ်။
၁း၅၈-၂း၀၂ - အနှစ် ၂၀ နန့် စောနေခဲ့တယ်။
၂း၀၂-၂း၀၈ - အခြေခံအုတြ်မစ် ဖြစ်လာမှာပါ။
၂း၄၇-၂း၅၀ - တိယ
၃း၁၀-၃း၁၃ - အဲဒီကွာဟနေပြီး
၃း၅၇-၄း၀၂ - နိယာ > နိယာမ