1 00:00:18,708 --> 00:00:20,792 ၁၉၀၅ နှစ်ဆန်းချိန် 2 00:00:20,792 --> 00:00:27,370 ၂၆နှစ် ပြည့်ခါနီး အိုင်းစတိုင်းရဲ့ ဘဝဟာ မအောင်မြင်တဲ့ ပညာရှင်မျိုး ဖြစ်နေခဲ့တယ်။ 3 00:00:27,370 --> 00:00:30,486 ထိုခေတ် ရူပဗေဒသမား အများစုက အဲဒီ သာမည ဝန်ထမ်းလေးက သိပ္ပံပညာကို 4 00:00:30,486 --> 00:00:34,555 များစွာမှ ပံ့ပိုးပေးမယ် ဆိုတဲ့ စိတ်ကူးကို လှောင်ပြောင်ခဲ့ကြမှာပါ။ 5 00:00:34,555 --> 00:00:36,319 ဒါပေမဲ့၊ လာမယ့် တစ်နှစ်အတွင်းမှာကို 6 00:00:36,319 --> 00:00:38,933 အိုင်းစတိုင်း ထုတ်ဝေဖြစ်ခဲ့တဲ့ စာတမ်းက တစ်စောင် မဟုတ်၊ 7 00:00:38,933 --> 00:00:40,251 နှစ်စောင် မဟုတ်၊ 8 00:00:40,251 --> 00:00:41,420 သုံးစောင် မဟုတ်၊ 9 00:00:41,420 --> 00:00:45,577 ထူးကဲကြတဲ့ စာတမ်း လေးစောင်ကို ကွဲပြားတဲ့ ခေါင်းစဉ် အသီးသီးဖြင့် ထုတ်ဝေခဲ့ရာ၊ 10 00:00:45,577 --> 00:00:51,159 စကြဝဠာကို ကျွန်ုပ်တို့ သိရှိထားပုံကို အခြေခံမှအစ ပြောင်းလဲပစ်တဲ့ စာတမ်းတွေပါ။ 11 00:00:51,159 --> 00:00:54,740 အိုင်းစတိုင်း သင်္ချာညံတဲ့ ဒဏ္ဍာရီဟာ ချုပ်ငြိမ်းသွားခဲ့ပါတယ်။ 12 00:00:54,740 --> 00:00:58,097 ၁၅နှစ် အရွယ်မှာ မိမိဘာသာမိမိ ကဲကုလသင်္ချာကို တတ်ကျွမ်းယူခဲ့ပြီး 13 00:00:58,097 --> 00:01:00,672 မြူးနစ် အထက်တန်းကျောင်း နဲ့ သင်္ချာနှင့် ရူပဗေဒသင်ဆရာ 14 00:01:00,672 --> 00:01:02,881 ဒီပလိုမာကို ဆည်းပူးခဲ့တဲ့ Swiss Polytechnic 15 00:01:02,881 --> 00:01:05,779 နှစ်ခုစလုံးမှာ သူရဲ့ သင်္ချာအစွမ်း ကောင်းကောင်းပြခဲ့ပါတယ်။ 16 00:01:05,779 --> 00:01:09,247 ဒါပေမဲ့၊ စမ်းသပ်ခန်းမှာ အချိန်ပိုပြီး သုံးနိုင်ဖို့ ကျောင်းပျက်ခြင်းနဲ့ 17 00:01:09,247 --> 00:01:12,232 သူ့ ပါမောက္ခကို ထိုက်သင့်သော လေးစားမှု ပြဖို့ လျစ်လျူရှုခြင်းက 18 00:01:12,232 --> 00:01:15,643 သူ့ ဘ၀ ရည်မှန်းချက် လမ်းကြောင်းမှ လွဲချော်သွားစေခဲ့တယ်။ 19 00:01:15,643 --> 00:01:18,034 လက်တွေ့ခန်း လက်ထောက်ရာထူးတောင် လက်လွတ်သွားခဲ့လို့ 20 00:01:18,034 --> 00:01:21,520 သူ့ မိတ်ဆွေရဲ့ ဖခင် အကူအညီကြောင့် 21 00:01:21,520 --> 00:01:24,149 ဆွစ် မူပိုင်ခွင့်ရုံးမှာ သူဟာ အလုပ်ရခဲ့ပါတယ်။ 22 00:01:24,149 --> 00:01:26,592 မူပိုင်ခွင့်စာရေးလေးအဖြစ် တပတ်ခြောက်ရက် လုပ်ရင်း၊ 23 00:01:26,592 --> 00:01:29,832 ဒါတောင် အိုင်းစတိုင်းက အချိန်တချို့ကို ရင်းနှီးတဲ့မိတ်ဆွေအနည်းငယ်နဲ့ 24 00:01:29,832 --> 00:01:33,074 နောက်ဆုံးပေါ် ရူပဗေဒအကြောင်း ဆွေးနွေးဖို့ရယ်၊ သာမာန် စာတမ်းနှစ်စောင် 25 00:01:33,074 --> 00:01:35,638 ထုတ်ဝေဖို့ရယ် စီမံနိုင်ခဲ့ပါသေးတယ် 26 00:01:35,638 --> 00:01:37,149 ၁၉၀၅ မတ်မှာ တင်သွင်းခဲ့တဲ့ 27 00:01:37,149 --> 00:01:42,107 တုန်လှုပ်ဖွယ် ရာ အဆိုကြမ်းပါတဲ့၎င်းရဲ့ စာတမ်းက အံ့အားသင့်စေခဲ့တယ်။ 28 00:01:42,107 --> 00:01:45,359 အလင်းဟာ လှိုင်းဖြစ်ကြောင်း အထောက် အထားတွေ ဆယ်စုနှစ်ချီ ရှိလာခဲ့ပေမဲ့၊ 29 00:01:45,359 --> 00:01:49,132 အလင်းဟာ တကယ်တမ်းမှာ အမှုန်လည်း ဖြစ်နိုင် ကြောင်း အိုင်းစတိုင်းက အဆိုပြုလိုက်ပြီး 30 00:01:49,132 --> 00:01:53,049 အလင်းလျှပ်စစ် အကျိုးရှိမှုလို ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို 31 00:01:53,049 --> 00:01:56,097 သူ့ အဆိုကြမ်းဖြင့် ရှင်းပြနိုင်တာကို ပြသခဲ့တယ်။ 32 00:01:56,097 --> 00:01:58,341 ဒီစိတ်ကူးဟာ နှစ်အတန်ကြာ ပြက်ရယ်ပြုခံခဲ့ရပေမဲ့၊ 33 00:01:58,341 --> 00:02:01,997 အိုင်းစတိုင်းဟာ သူ့ခေတ်ရဲ့ရှေ့ အနှစ် ၂၀ နန့် စောနေခဲ့တာပါ။ 34 00:02:01,997 --> 00:02:07,811 လှိုင်း-အမှုန် ဒွန်တွဲမှုဟာ ကွမ်တမ် တော် လှန်ရေးရဲ့ အခြေခံအုတ်ြမစ် ဖြစ်လာမှာပါ။ 35 00:02:07,811 --> 00:02:11,050 နောက် ၂လ အကြာ မေမှာ အိုင်းစတိုင်းဟာ ဒုတိယစာတမ်းကို တင်ခဲ့ပြီး 36 00:02:11,050 --> 00:02:16,388 ရာစုနှစ်ကြာလာပြီ ဖြစ်တဲ့ အက်တမ် တကယ် ရှိ၊ မရှိ မေးခွန်းဟောင်းကို တင်ပြခဲ့တယ်။ 37 00:02:16,388 --> 00:02:19,866 သီအိုရီအချို့ကို မမြင်ရတဲ့ အက်တမ်တွေရဲ့ စိတ်ကူးဖြင့် တည်ဆောက်ခဲ့ကြပေမဲ့၊ 38 00:02:19,866 --> 00:02:24,393 ထင်ရှားတဲ့ သိပ္ပံပညာရှင် အချို့ကတော့ ၎င်းတို့ကို တကယ့် ရုပ်ပိုင်းဒြပ်ထုထက် 39 00:02:24,393 --> 00:02:26,691 အသုံးဝင်တဲ့ စိတ်ကူးယဉ်အဖြစ် မှတ်ယူခဲ့ပါ။ 40 00:02:26,691 --> 00:02:29,028 ဒါပေမဲ့ အိုင်းစတိုင်းက ထိုးထွင်ဉာဏ်ကို သုံးလျက် 41 00:02:29,028 --> 00:02:31,270 ဘရောင်းရွေ့လျားခြင်းလို့ ခေါ်ကြတဲ့ အရည်ထဲက 42 00:02:31,270 --> 00:02:35,372 အမှုန်လေးတွေရဲ့ ကျပန်း လှုပ်ရှားပြုမှု ပုံကို သန်းနှင့်ချီပြီး ရှိကြတဲ့ 43 00:02:35,372 --> 00:02:36,985 မြင်မရနိုင်တဲ့ အက်တမ်တွေရဲ့ 44 00:02:36,985 --> 00:02:40,154 တိုက်မိမှုများဖြင့် တိကျစွာ ကြိုတင် ဖေါ်ပြနိုင်ကြောင်း ပြသခဲ့ပါတယ်။ 45 00:02:40,154 --> 00:02:43,431 များမကြာမီ စမ်းသပ်ချက်တွေက အိုင်းစတိုင်းရဲ့ ပုံစံကို အတည်ပြုခဲ့လျက် 46 00:02:43,431 --> 00:02:47,009 အက်တမ်ကို သံသယဖြစ်သူတွေ အရှုံးပေးလိုက်ကြရတယ်။ 47 00:02:47,009 --> 00:02:49,942 တတိယစာတမ်းက ဇွန်မှာ ပေါ်လာခဲ့တယ်။ 48 00:02:49,942 --> 00:02:51,012 အချိန်အတော်ကြာကြာကိုပဲ 49 00:02:51,012 --> 00:02:53,461 အိုင်းစတိုင်းဟာ အခြခံ ရူပဗေဒနိယာမ နှစ်ခု 50 00:02:53,461 --> 00:02:56,299 ရှေ.နောက်မညီမှုကြောင့် စဉ်းစားရခက်နေခဲ့ပါတယ်။ 51 00:02:56,299 --> 00:02:58,637 အခိုင်အမာ ရပ်တည်နေခဲ့ပြီ ဖြစ်ပြီး ဂယ်လီလီယိုမှ 52 00:02:58,637 --> 00:03:00,655 စတင်ခဲ့တဲ့ နှိုင်းရနိယာမရဲ့ အဆိုအရ 53 00:03:00,655 --> 00:03:03,738 ပကတိ ရွေ့လျားမှုကို သတ်မှတ် ဖေါ်ပြမရနိုင်ပါ။ 54 00:03:03,738 --> 00:03:07,357 တချိန်တည်းမှာ ကောင်းမွန်စွာ သိရှိခဲ့ကြတဲ့ လျှပ်စစ်သံလိုက်ရဲ့ သီအိုရီမှာကျတော့ 55 00:03:07,357 --> 00:03:10,181 ပကတိ ရွှေ့လျားမှု ရှိခြင်းကို အခိုင်အမာ ဆိုထားပါတယ်။ 56 00:03:10,181 --> 00:03:13,322 အဲဒီကွာဟနေပြီး သူက အဲဒါကို ဖြေရှင်းနိုင်စွမ်း မရှိခြင်းကြောင့် 57 00:03:13,322 --> 00:03:17,635 စိတ်မောနေခဲ့ရကြောင်း အိုင်းစတိုင်း ကိုယ်တိုင် ဖော်ပြခဲ့ပါတယ်။ 58 00:03:17,635 --> 00:03:18,715 ဒါပေမဲ့ မေလ တစ်နေ့မှာ၊ 59 00:03:18,715 --> 00:03:21,838 သူ့ မိတ်ဆွေ Michele Besso နဲ့ အဲဒီပဟေဠိကို ဆွေးနွေးအပြီးတွင် 60 00:03:21,838 --> 00:03:24,016 ရှင်းလင်းလာခဲ့ပါတယ်။ 61 00:03:24,016 --> 00:03:26,871 ဒီဝိရောဓိကို ဖြေရှင်းနိုင်ဖို့ အိုင်းစတိုင်း နားလည်လိုက်တာက 62 00:03:26,871 --> 00:03:29,861 အညွှန်းဘောင် မည်သို့ပဲရှိစေကာမူ အလင်းရဲ့ အလျင်ဟာ ပုံသေဖြစ်လျက် 63 00:03:29,861 --> 00:03:32,110 အချိန်နှင့်ဟင်းလင်းပြင် နှစ်ခုလုံးကို 64 00:03:32,110 --> 00:03:36,381 ရှု့မှတ်သူနဲ့ နှိုင်းရဖို့ လိုအပ်မယ်ဆိုတဲ့ အချက်ပါပဲ။ 65 00:03:36,381 --> 00:03:39,434 အထူးနှိုင်းရ နိယာမအဖြစ် အားလုံး သိရှိလာကြရတာကို ဖေါ်ထုတ်ပေးရန် 66 00:03:39,434 --> 00:03:42,974 အိုင်းစတိုင်းဟာ သီတင်းပတ် အနည်းငယ်မျှသာ အချိန်ယူ အသေးစိတ်တွက်ချက်ခဲ့ရပါတယ်။ 67 00:03:42,974 --> 00:03:46,291 အဲဒီသီအိုရီက အရှိတရားဆိုင်ရာ ကျွန်ုပ်တို့ရဲ့ အရင်တုန်းက အသိပညာတွေကို 68 00:03:46,291 --> 00:03:49,189 လှုပ်ခါပစ်ရုံသာမက နည်းပညာသစ်တွေကို လမ်းခင်းပေးလိုက်ရာ 69 00:03:49,189 --> 00:03:51,186 အမှုန် အရှိန်တင်စက်တွေ မှအစ 70 00:03:51,186 --> 00:03:53,752 ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် အဆုံး အထိပါပဲ။ 71 00:03:53,752 --> 00:03:55,587 ဒါဆို လုံလောက်ပြီလို့ ထင်စရာရှိပေမဲ့၊ 72 00:03:55,587 --> 00:03:56,593 စက်တင်ဘာ လမှာကျတော့၊ 73 00:03:56,593 --> 00:04:02,071 အထူးနှိုင်းရနိယာရဲ့ အဆက်အဖြစ် စတုတ္ထစာတမ်း စကားမစပ် ပေါ်လာခဲ့တယ်။ 74 00:04:02,071 --> 00:04:04,931 အိုင်းစတိုင်းဟာ သူ့သီအိုရီ အကြောင်း အနည်းငယ်ချဲ့ စဉ်းစားခဲ့ကာ 75 00:04:04,931 --> 00:04:08,694 ဒြပ်ထုနဲ့ စွမ်းအင် တို့ဟာ၊ တစ်ခုက အပြင်ပမ်းအရ အစိုင်အခဲဖြစ်ပြီး 76 00:04:08,694 --> 00:04:12,479 တစ်ခုက သိမ်မွေ့နူ့းညံ့တယ် ယူဆရပေမဲ့၊ 77 00:04:12,479 --> 00:04:15,059 လက်တွေ့တွင် တူညီကြရမယ်လို့ ဘောပေါက်လာခဲ့တယ်။ 78 00:04:15,059 --> 00:04:18,288 ၎င်းတို့ရဲ့ ဆက်သွယ်မှုကို သမိုင်းဝင် အကျော်ကြားဆုံးနှင့် အရေးပါဆုံး 79 00:04:18,288 --> 00:04:21,831 ညီမျှခြင်းအဖြစ် ကျွန်ုပ်တို့သိရှိနေကြတဲ့ ညီမျှခြင်းဖြင့် ဖေါ်ပြပြနိုင်တယ်- 80 00:04:21,831 --> 00:04:25,304 E = mc^2 ပါ။ 81 00:04:25,304 --> 00:04:29,947 အိုင်းစတိုင်းဟာ နောက် ၁၅ နှစ်နီးပါးထိ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဖြစ်မလာသေးပါ။ 82 00:04:29,947 --> 00:04:34,795 သူ့ရဲ့ နောက်ဆက်တွဲ အထွေထွေ နှိုင်းရ သီအိုရီကို ၁၉၁၉ နေကြတ်ချိန်တွင် 83 00:04:34,795 --> 00:04:37,955 ကြယ်ရောင် ကွေးညွှတ်မှုအား တိုင်းတာချက်ဖြင့် အတည်ပြုလိုက်မှသာ 84 00:04:37,955 --> 00:04:41,281 စာစောင်တွေက သူ့ကို ထင်ပေါ်ကျော်ကြားသူ အဖြစ် အမွှမ်းတင် ဖေါ်ပြခဲ့ကြတယ်။ 85 00:04:41,281 --> 00:04:45,010 ဒါပေမဲ့ ၁၉၀၅ နောက်ပိုင်းမှာ မူပိုင်ခွင့် ရုံးမှာ သူဟာ ပြန်ကွယ်ပျောက်သွားပြီး 86 00:04:45,010 --> 00:04:47,745 သူဟာ နောက်ထပ် ဘာမှ မရေးခဲ့ဘူး ဆိုရင်တောင်၊ 87 00:04:47,745 --> 00:04:50,046 သူ့ အံဖွယ်နှစ်ရဲ့ စာတမ်းလေးစောင်ကိုက 88 00:04:50,046 --> 00:04:55,697 အံ့ဖွယ် ဉာဏ်ကြီးရှင်ရဲ့ ပထမတန်းစား စံပြလက်ရာအဖြစ် ကျန်နေရစ်ခဲ့ကြမှာပါ။