telekinesis ဆိုတာ တကယ်ရှိသလား? - Emma Bryce
-
0:07 - 0:09ရုပ်ရှင်ထဲက ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်ဖြစ်သူ
-
0:09 - 0:13Carrie White က သူမရဲ့ အထက်တန်းကျောင်းထဲက
စည်းဝေးခန်းမကြီးကို မီးဟုန်းဟုန်းတောက်စေလျက် -
0:13 - 0:15သူမရဲ့ မြို့တမြို့လုံးကို ခြောက်ခြားအောင်
လုပ်ခဲ့စဉ်တုန်းက -
0:15 - 0:19သူဟာ သူရဲ့ telekinesis စွမ်းပကားကို၊
-
0:19 - 0:25ရုပ်ပိုင်း ပစ္စည်းများကို သူ့စိတ်စွမ်းအားဖြင့်
လိုသလို ရွေ့ရှားနိုင်စွမ်းကို အသုံးချခဲ့တာပါ။ -
0:25 - 0:29ဒါပေမဲ့ အဲဒီ Carrie ဟာ စိတ်ကူးယဉ်၀တ္ထုကို
အခြေခံထားတဲ့ စိတ်ကူးယဉ် ရုပ်ရှင်သက်သက်ပါ၊ -
0:29 - 0:33သို့သော် telekinesis ဆိုတာ စိတ်ကူးယဉ်
သက်သက်တော့ လုံးဝ မဟုတ်ပါ။ -
0:33 - 0:37ရာစုနှစ်များစွာကတည်းက၊ လူသားတွေက
သူတို့ဆီမှာ သူတို့စိတ်စွမ်းပကားကို သုံးပြီး -
0:37 - 0:41အရာဝတ္ထုတွေကို ရွေ့ရှားနိုင်ကြတယ်လို့
ယူဆလာခဲ့ကြပါတယ်။ -
0:41 - 0:45လေထဲ ဈာန်ကြွခြင်း၊ တံခါးကို စိတ်ဖြင့် ဖွင့်နိုင်ခြင်း၊
ပြီးတော့ ဇွန်းကို ကွေးနိုင်ခြင်း၊ -
0:45 - 0:47သိပ်ကို စိတ်လှုပ်ရှားစရာ သာဓကတွေပါပဲ။
-
0:47 - 0:51Matrix ရုပ်ရှင်ထဲမှာ Neo က ကျည်ဆံကို
လမ်းခုလပ်မှာ ရပ်စဲပစ်ခဲ့တာ၊ -
0:51 - 0:54Yoda က T ကို လုပ်ပြလိုက်တာ စသဖြင့် ပေါ့လေ။
-
0:54 - 0:56ဒါပေမဲ့၊ telekinesis ဆိုတာ တကယ်ရှိရဲ့လား၊
-
0:56 - 1:01ဒါမှမဟုတ် Carrie၊ Yoda နဲ့ Neo စတဲ့သူတွေဟာ စိတ်ကူးယဉ်တွေဘဲလား။
-
1:01 - 1:04အဲဒါကို စူးစမ်းနိုင်ရန်၊ ကျွန်တော်တို့ဟာ
telekinesis ဆိုကြတာတွေကို အကဲခတ်ဖို့၊ -
1:04 - 1:08သိပ္ပံမှန်ဘီလူးဖြင့် သိပ္ပံနည်းကျ နည်းလမ်းဖြင့်
ဆန်းစစ်အကဲခတ်ဖို့ လိုပါတယ်။ -
1:08 - 1:12Telekinesis ဆိုတာက
စိတ်နယ်လွန်ပညာရဲ့ တစ်စိတ်တစ်ဒေသပါ၊ -
1:12 - 1:15သုတေသီတွေ လေ့လာကြတဲ့
စိတ်ပိုင်းဆိုင်ရာ ပညာပါပဲ။ -
1:15 - 1:19အဲဒီစိတ်လွန်ပညာရှင်တွေက သူတို့ လုပ်ကိုင်တာကို
သိပ္ပံပညာအဖြစ် မြင်ကြပါတယ်၊ -
1:19 - 1:21ဒါပေမဲ့ အဲဒါကို ဒီ့ပြင်သိပ္ပံပညာရှင်တွေက
သဘောမတူကြပါ။ -
1:21 - 1:23ကျွန်တော်တို့ အခြေခံ လေ့လာမှု
အနည်းငယ်မှ စတင်ကြပါစို့။ -
1:23 - 1:25လေ့လာချက် # ၁:
-
1:25 - 1:29telekinesis နဲ့ ပတ်သက်ပြီး နောက်ပြောင်
ပြောဆိုကြတာတွေ တစ်ထမ်းကြီး ရှိနေပေမဲ့၊ -
1:29 - 1:32အဲဒါ တကယ်ရှိကြောင်း သိပ္ပံနည်းကျ
အထောက်အထား မရှိပါ၊ -
1:32 - 1:34၎င်းဟာ တကယ်ရှိကြောင်းကို
သိပ္ပံနည်းကျ ပြုလုပ်ခဲ့ကာ -
1:34 - 1:39စမ်းသပ်ခန်း အခြေအနေမျိုးထဲမှာ
ထပ်ပြီး လုပ်ပြလို့ ရနိုင်တဲ့ စမ်းသပ်မှုမျိုး မရှိပါ။ -
1:39 - 1:44၁၉၃၀ ပြည့်လွန်နှစ်များတုန်းက၊ စိတ်လွန်စိတ်ပညာရဲ့
ဖခင်လို့အခေါ်ခံရသူ Joseph Banks Rhine ဟာ -
1:44 - 1:47စမ်းသပ်ခန်းထဲမှာ လူတွေဟာ telekinesis ကို
သုံးနိုင်ခြင်းရှိမရှိကို စမ်းသပ်ခဲ့ပါတယ်၊ -
1:47 - 1:50အန်စာတုံးကို သူတို့ လိုချင်တဲ့
ဂဏန်းပေါ်လာအောင် လုပ်ခိုင်းခဲ့ပါတယ်။ -
1:50 - 1:54ဒါပေမဲ့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေဟာ
သူ့ရလဒ်တွေကို ရအောင် လုပ်မပြနိုင်ခဲ့ကြပါ၊ -
1:54 - 1:56အတွေးအခေါ်ကို သက်သေထူပြဖို့အတွက်
ထပ်လုပ်ပြနိုင်ခြင်းက သော့ချက်ဖြစ်တယ် ဆိုတော့၊ -
1:56 - 1:58အဲဒါဟာ ပြဿနာကြီး တစ်ခုဖြစ်ခဲ့ပါတယ်။
-
1:58 - 2:00သိပ္ပံပညာရှင်တွေတင် မကဘဲ
-
2:00 - 2:03မိမိကိုမိမိ telekinetic တွေပါလို့ ကြွေးကြော်ကြတဲ့
သူတွေ အများအပြား ရှိခဲ့ကြပေမဲ့၊ -
2:03 - 2:06သူတို့အားလုံးဟာ လိမ်လည်လိုခဲ့ကြသူများ
ဖြစ်ကြတာ တွေ့ရပါတယ်၊ -
2:06 - 2:10သူတို့က အခြေအနေအားလုံးကို ထိန်းချုပ်မထားနိုင်တဲ့
အခါမှာ လုပ်မပြနိုင်ခဲ့ကြပါ၊ -
2:10 - 2:15သူတို့ဟာ သူတို့လိုချင်တဲ့ ရလဒ်မျိုးရဖို့ အခြေအနေကို လိုသလိုလုပ်ကိုင်ခဲ့ကြောင်း ထင်ရှားနေပါတယ်။
-
2:15 - 2:21ဒီနေ့ဆိုရင်၊ အဖွဲ့အစည်း အမျိုးမျိုးတို့က
ဆုငွေအများကြီးကို ကြေညာထားကြပါတယ်၊ -
2:21 - 2:26telekinesis လို စိတ်ရဲ့ အစွမ်းအစများဟာ
လက်တွေ့ပဲ ဆိုတာကို သက်သေ ထူပြနိုင်သူအတွက် ဆုပါ။ -
2:26 - 2:29ဒါပေမဲ့ အဲဒီလို ငွေကြေးဆုများကို
တောင်းဆိုရယူနိုင်သူ မရှိပါ။ -
2:29 - 2:31လေ့လာချက် #၂:
-
2:31 - 2:32ကျွန်တော်တို့က telekinesis ကို စူးစမ်းလေ့လာရာမှာ
-
2:32 - 2:37ဘာကို တိုင်းထွာရန်လိုတာကို
အားလုံး သဘောတူထားတာမျိုး မရှိပါ။ -
2:37 - 2:40Yoda ပုံစံ ဦးနှောက်လှိုင်းတွေ
အလုပ်လုပ်ရာမှာ အားကောင်းကြရဲ့လား။ -
2:40 - 2:44ဘယ်သူကမှ အဲဒါကို သဘောတူမထားတော့
ပုံမှန် သုတေသနကို လက်တွေ့လုပ် မရနိုင်ပါ၊ -
2:44 - 2:47ဘယ်သိပ္ပံဆိုင်ရာ
လေ့လာမှုများ လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ် -
2:47 - 2:49အတွေးအခေါ် တစ်ခုရဲ့ မှန်ကန်မှုကို စမ်းသပ်ဖို့
မရှိမဖြစ်တဲ့ စံနှုန်း မရှိလို့ မဖြစ်နိုင်ပါ။ -
2:49 - 2:51လေ့လာချက် # ၃:
-
2:51 - 2:54သိပ္ပံရဲ့ ဦးတည်ချက်က
မသိတာကို ဖေါ်ထုတ်ရန်ဖြစ်တယ်၊ -
2:54 - 2:56ပြီးတော့ သိပ္ပံပညာဆိုင်ရာ စူးစမ်းလေ့လာမှု
သမိုင်းစဉ် တစ်လျှောက်မှာ၊ -
2:56 - 2:58တကယ်လက်တွေ့ ဖြစ်ပျက်ခဲ့တာကို လိုက်ကြည့်ရင်
-
2:58 - 3:01အသစ်တွေ့ရတဲ့ အချက်တွေဟာ
ရပ်တည်နေတဲ့ သိပ္ပံပညာကို ဆန့်ကျင်နေခဲ့ပါတယ်၊ -
3:01 - 3:04သိပ္ပံပညာရဲ့ အခန်းတစ်ခန်းလုံးကို
ပြောင်းပြန်လှန်ပစ်ခဲ့တာတောင် ရှိခဲ့ဘူးပါတယ်။ -
3:04 - 3:08အဲဒါကြောင့်မို့လို့ ဝေဖန်ပြစ်တင်ချက်တွေကို
ကြံ့ကြံ့ခိုင်နိုင်မယ့် -
3:08 - 3:10အထူးသတိထား သက်သေထူပြလို့ရနိုင်မယ့်
တွေ့ရှိချက် ဖြစ်ရပါမယ်။ -
3:10 - 3:12ကျွန်တော်တို့ရဲ့ telekinesis ကိစ္စထဲမှာကျတော့၊
-
3:12 - 3:14ဒီယူဆချက်ဟာ လက်ခံယုံကြည်ကြတဲ့
သိပ္ပံပညာနဲ့ ဆန့်ကျင်နေတယ်၊ -
3:14 - 3:17တစ်ချိန်တည်းမှာ ၎င်းကို ထောက်ခံနိုင်တဲ့
အားကောင်းတဲ့ အထောက်အထား မရှိဖြစ်နေတယ်။ -
3:17 - 3:21ကျွန်တော်တို့ရဲ့ စင်္ကြာဝဠာကို ရူပဗေဒ နိယာမများက
ထိန်းချုပ် ရှင်းပြနိုင်ကြပါတယ်၊ -
3:21 - 3:25အဲဒီလို နိယာမတစ်ခုအရ ဦးနှောက်ရဲ့ လှိုင်းများဟာ
အရာဝတ္ထုတွေကို မထိန်းချုပ်နိုင်ပါဘူး၊ -
3:25 - 3:28ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံ အပြင်မှာ ရှိကြတဲ့
အရာများကို အကျိုးသက်ရောက်နိုင်လောက်အောင် -
3:28 - 3:32အားမကောင်းကြတဲ့ အပြင် အဲဒီနေရာထိကို
မရောက်နိုင်ကြလို့ပါ။ -
3:32 - 3:36အရာဝတ္ထုတွေကို အဝေးမှနေပြီး
အကျိုးသက်ရောက်နိုင်ကြတာဆိုလို့ -
3:36 - 3:39သံလိုက် နဲ့ ကမ္ဘာ့ဆွဲအားတို့သာ ဖြစ်ကြတာကို
ရူပဗဒက ထောက်ပြထားပါတယ်။ -
3:39 - 3:43သိပ္ပံပညာက ရှင်းပြနိုင်တဲ့ telekinesis နဲ့
နီးစပ်ဆုံး အရာဆိုလို့ -
3:43 - 3:47ရိုဘော့ စက်ရုပ် လက်မောင်းကို ထိန်းချုပ်ရန်
အတွေးများကို အသုံးပြုပုံ ဖြစ်နိုင်ပါတယ်။ -
3:47 - 3:50မလှုပ်ရှားနိုင်ကြတဲ့ လေဖြတ်လူနာများရဲ့
ဦးနှောက်ထဲကို၊ -
3:50 - 3:54သုတေသီတို့ဟာ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့
နေရာထဲ သေးနုပ်တဲ့ ဝိုင်ယာကြိုးတွေကို ထည့်သွင်းကာ -
3:54 - 3:58ရိုဘော့စက်ရုပ် လက်မောင်းကို လှုပ်နိုင်ဖို့
အာရုံပြုစဉ်းစားဖို့ ပြောကြပါတယ်၊ -
3:58 - 4:02အဲဒီလိုနည်းဖြင့် သူတို့ရဲ့ စိတ်ကို
တိုးချဲ့ပေးလိုက်ကာ လှုပ်ရှားလာစေတေပါ။ -
4:02 - 4:04အဲဒါဟာ အံ့အားသင့်စရာ ကောင်းပေမဲ့၊
telekinesis တော့ မဟုတ်ပါ။ -
4:04 - 4:08ဒီနေရာမှာ လူနာရဲ့ စိတ်ထဲက အတွေးများဟာ
တိုင်းထွာမရနိုင်တဲ့ အရာများ မဟုတ်ကြပါ။ -
4:08 - 4:10အဲဒါတွေဟာ တိုင်းထွာလို့ ရနိုင်တဲ့
ဦးနှောက်ရဲ့ လှိုင်းများပါ၊ -
4:10 - 4:13ဝိုင်ယာများကို သုံးပြီး အဲဒါတွေကို
ရိုဘော့ထံသို့ ပို့ပေးလိုက်တာပါ။ -
4:13 - 4:16သိပ္ပံပညာဟာ အဲဒါကို တိုင်းနိုင်တယ်၊
စမ်းသပ်နိုင်ကာ လှုပ်ရှားမှုကို ရှင်းပြနိုင်ပါတယ်၊ -
4:16 - 4:20အဲဒီလိုနည်းဖြင့် စိတ်ဖြင့်ထိန်းချုပ်မှုဆိုတာ
လက်တွေ့ ရှိတာကို သက်သေထူပြနိုင်တယ်။ -
4:20 - 4:23သိပ္ပံဆိုတာက ယူဆချက် တစ်ခုကို ထောက်ခံတဲ့
-
4:23 - 4:27ဒါမှမဟုတ် ဆန့်ကျင်နေတဲ့ အချက်တွေကို
တစ်ခုပြီးတစ်ခု စုစည်းတဲ့ ဖြစ်စဉ်ပါ။ -
4:27 - 4:29အထောက်အထားတွေ စုပုံလာတဲ့အခါမှာ၊
-
4:29 - 4:31ဘယ်အပုံက အမြင့်ဆုံးလဲဆိုတာကို
ကျွန်တော်တို့ မြင်နိုင်တယ်၊ -
4:31 - 4:36telekinesis ကိစ္စထဲမှာကျတော့
၎င်းရှိနေကြောင်းကို ပြသနေတဲ့ အပုံကြီး မရှိပါဘူး။ -
4:36 - 4:40တစ်ချို့သူတို့က ဒီလို နားလည်ရန် ခဲယဉ်းတဲ့
အရာဟာ သိပ္ပံရဲ့ ဘောင်အတွင်းမှာ မရှိနိုင်ဘူး၊ -
4:40 - 4:41အဲဒါဟာ အိုကေပဲလို့ ဆိုကြပါတယ်။
-
4:41 - 4:45အဲဒီလိုဆိုရင် telekinesis ကို လူတစ်ယောက်ရဲ့
ယုံကြည်ခံစားမှု သက်သက် ဖြစ်လာပါမယ်။ -
4:45 - 4:48တစ်ခုခုကို သိပ္ပံနည်းကျ စူးစမ်းအကဲခတ်လို့
မရနိုင်ဘူးဆိုရင်၊ -
4:48 - 4:51အဲဒါကို သိပ္ပံနည်းကျတယ် အရာပါလို့
ပြောမရနိုင်ပါ။ -
4:51 - 4:53ဒီတော့ကား၊ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာမှု
ပြသနေတာက၊ -
4:53 - 4:56ကျွန်တော်တို့က အဲဒီလို စွမ်းအား
ကျွန်တော်တို့ ကိုယ်၌ထဲမှာ ရှိနေတာကို၊ -
4:56 - 4:58ကျွန်တော်တို့က ဘယ်လောက်ကြီးပဲ
ယုံကြည်လိုကြလိုကြ၊ -
4:58 - 5:01telekinesis ရဲ့ ဖြစ်နိုင်ခြေဟာ
သိပ်ကို အားနည်းနေပါတယ်။ -
5:01 - 5:03ဆော်ရီးပဲ Neo၊ Carrie နဲ့ Yoda။
ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုတွေဟာ -
5:03 - 5:07တကယ့်ကို အံ့အားသင့်စရာ မှန်ခဲ့ပေမဲ့
လောလောဆယ်တွင် ရုပ်ရှင်ထဲမှာသာ ရှိနေတာပါ။
- Title:
- telekinesis ဆိုတာ တကယ်ရှိသလား? - Emma Bryce
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရန်: http://ed.ted.com/lessons/is-telekinesis-real-emma-bryce
Telekinesis တနည်း ရုပ်ပိုင်း ပစ္စည်းများကို စိတ်စွမ်းပကားဖြင့် လိုသလို ရွေ့ရှားနိုင်စွမ်း ဆိုတာဟာ Neo၊ Yoda၊ နှင့် Carrie တို့လို နာမည်ကြီး ရုပ်ရှင်ကားတွေထဲက ဇာတ်ကောင်တွေ လုပ်ပြနိုင်ခဲ့ကြတဲ့ အချင်းလက္ခဏာ တစ်ခုပါ။ ဒါပေမဲ့ လူ့စိတ်ရဲ့ အဲဒီလို လုပ်နိုင်စွမ်းဟာ လက်တွေ့ဘဝထဲမှာကော ရှိုနိုင်သလား? Emma Bryce က telekinesis ကို သိပ္ပံနည်းကျကျ ဆန်းစစ်လေ့လာ တင်ပြထားပါတယ်။
Emma Bryce ရဲ့ သင်ခန်းစာကို Delphine Burrus မှ ရိုက်ကူးတင်ဆက်ထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:23
Myo Aung approved Burmese subtitles for Is telekinesis real? - Emma Bryce | ||
Myo Aung edited Burmese subtitles for Is telekinesis real? - Emma Bryce | ||
Myo Aung edited Burmese subtitles for Is telekinesis real? - Emma Bryce | ||
Myo Aung edited Burmese subtitles for Is telekinesis real? - Emma Bryce | ||
sann tint accepted Burmese subtitles for Is telekinesis real? - Emma Bryce | ||
sann tint edited Burmese subtitles for Is telekinesis real? - Emma Bryce | ||
sann tint edited Burmese subtitles for Is telekinesis real? - Emma Bryce | ||
sann tint edited Burmese subtitles for Is telekinesis real? - Emma Bryce |