1 00:00:07,250 --> 00:00:09,202 ရုပ်ရှင်ထဲက ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်ဖြစ်သူ 2 00:00:09,202 --> 00:00:13,315 Carrie White က သူမရဲ့ အထက်တန်းကျောင်းထဲက စည်းဝေးခန်းမကြီးကို မီးဟုန်းဟုန်းတောက်စေလျက် 3 00:00:13,315 --> 00:00:15,498 သူမရဲ့ မြို့တမြို့လုံးကို ခြောက်ခြားအောင် လုပ်ခဲ့စဉ်တုန်းက 4 00:00:15,498 --> 00:00:18,635 သူဟာ သူရဲ့ telekinesis စွမ်းပကားကို၊ 5 00:00:18,635 --> 00:00:24,868 ရုပ်ပိုင်း ပစ္စည်းများကို သူ့စိတ်စွမ်းအားဖြင့် လိုသလို ရွေ့ရှားနိုင်စွမ်းကို အသုံးချခဲ့တာပါ။ 6 00:00:24,868 --> 00:00:28,857 ဒါပေမဲ့ အဲဒီ Carrie ဟာ စိတ်ကူးယဉ်၀တ္ထုကို အခြေခံထားတဲ့ စိတ်ကူးယဉ် ရုပ်ရှင်သက်သက်ပါ၊ 7 00:00:28,857 --> 00:00:32,858 သို့သော် telekinesis ဆိုတာ စိတ်ကူးယဉ် သက်သက်တော့ လုံးဝ မဟုတ်ပါ။ 8 00:00:32,858 --> 00:00:36,529 ရာစုနှစ်များစွာကတည်းက၊ လူသားတွေက သူတို့ဆီမှာ သူတို့စိတ်စွမ်းပကားကို သုံးပြီး 9 00:00:36,529 --> 00:00:40,712 အရာဝတ္ထုတွေကို ရွေ့ရှားနိုင်ကြတယ်လို့ ယူဆလာခဲ့ကြပါတယ်။ 10 00:00:40,712 --> 00:00:44,744 လေထဲ ဈာန်ကြွခြင်း၊ တံခါးကို စိတ်ဖြင့် ဖွင့်နိုင်ခြင်း၊ ပြီးတော့ ဇွန်းကို ကွေးနိုင်ခြင်း၊ 11 00:00:44,744 --> 00:00:47,237 သိပ်ကို စိတ်လှုပ်ရှားစရာ သာဓကတွေပါပဲ။ 12 00:00:47,237 --> 00:00:51,097 Matrix ရုပ်ရှင်ထဲမှာ Neo က ကျည်ဆံကို လမ်းခုလပ်မှာ ရပ်စဲပစ်ခဲ့တာ၊ 13 00:00:51,097 --> 00:00:54,463 Yoda က T ကို လုပ်ပြလိုက်တာ စသဖြင့် ပေါ့လေ။ 14 00:00:54,463 --> 00:00:56,125 ဒါပေမဲ့၊ telekinesis ဆိုတာ တကယ်ရှိရဲ့လား၊ 15 00:00:56,125 --> 00:01:00,904 ဒါမှမဟုတ် Carrie၊ Yoda နဲ့ Neo စတဲ့သူတွေဟာ စိတ်ကူးယဉ်တွေဘဲလား။ 16 00:01:00,904 --> 00:01:04,304 အဲဒါကို စူးစမ်းနိုင်ရန်၊ ကျွန်တော်တို့ဟာ telekinesis ဆိုကြတာတွေကို အကဲခတ်ဖို့၊ 17 00:01:04,304 --> 00:01:08,477 သိပ္ပံမှန်ဘီလူးဖြင့် သိပ္ပံနည်းကျ နည်းလမ်းဖြင့် ဆန်းစစ်အကဲခတ်ဖို့ လိုပါတယ်။ 18 00:01:08,477 --> 00:01:12,286 Telekinesis ဆိုတာက စိတ်နယ်လွန်ပညာရဲ့ တစ်စိတ်တစ်ဒေသပါ၊ 19 00:01:12,286 --> 00:01:15,370 သုတေသီတွေ လေ့လာကြတဲ့ စိတ်ပိုင်းဆိုင်ရာ ပညာပါပဲ။ 20 00:01:15,370 --> 00:01:18,514 အဲဒီစိတ်လွန်ပညာရှင်တွေက သူတို့ လုပ်ကိုင်တာကို သိပ္ပံပညာအဖြစ် မြင်ကြပါတယ်၊ 21 00:01:18,514 --> 00:01:20,974 ဒါပေမဲ့ အဲဒါကို ဒီ့ပြင်သိပ္ပံပညာရှင်တွေက သဘောမတူကြပါ။ 22 00:01:20,974 --> 00:01:23,461 ကျွန်တော်တို့ အခြေခံ လေ့လာမှု အနည်းငယ်မှ စတင်ကြပါစို့။ 23 00:01:23,461 --> 00:01:25,282 လေ့လာချက် # ၁: 24 00:01:25,282 --> 00:01:28,620 telekinesis နဲ့ ပတ်သက်ပြီး နောက်ပြောင် ပြောဆိုကြတာတွေ တစ်ထမ်းကြီး ရှိနေပေမဲ့၊ 25 00:01:28,620 --> 00:01:31,569 အဲဒါ တကယ်ရှိကြောင်း သိပ္ပံနည်းကျ အထောက်အထား မရှိပါ၊ 26 00:01:31,569 --> 00:01:34,425 ၎င်းဟာ တကယ်ရှိကြောင်းကို သိပ္ပံနည်းကျ ပြုလုပ်ခဲ့ကာ 27 00:01:34,425 --> 00:01:38,903 စမ်းသပ်ခန်း အခြေအနေမျိုးထဲမှာ ထပ်ပြီး လုပ်ပြလို့ ရနိုင်တဲ့ စမ်းသပ်မှုမျိုး မရှိပါ။ 28 00:01:38,903 --> 00:01:43,871 ၁၉၃၀ ပြည့်လွန်နှစ်များတုန်းက၊ စိတ်လွန်စိတ်ပညာရဲ့ ဖခင်လို့အခေါ်ခံရသူ Joseph Banks Rhine ဟာ 29 00:01:43,871 --> 00:01:47,169 စမ်းသပ်ခန်းထဲမှာ လူတွေဟာ telekinesis ကို သုံးနိုင်ခြင်းရှိမရှိကို စမ်းသပ်ခဲ့ပါတယ်၊ 30 00:01:47,169 --> 00:01:50,474 အန်စာတုံးကို သူတို့ လိုချင်တဲ့ ဂဏန်းပေါ်လာအောင် လုပ်ခိုင်းခဲ့ပါတယ်။ 31 00:01:50,474 --> 00:01:53,708 ဒါပေမဲ့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေဟာ သူ့ရလဒ်တွေကို ရအောင် လုပ်မပြနိုင်ခဲ့ကြပါ၊ 32 00:01:53,708 --> 00:01:56,386 အတွေးအခေါ်ကို သက်သေထူပြဖို့အတွက် ထပ်လုပ်ပြနိုင်ခြင်းက သော့ချက်ဖြစ်တယ် ဆိုတော့၊ 33 00:01:56,386 --> 00:01:58,237 အဲဒါဟာ ပြဿနာကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ 34 00:01:58,237 --> 00:01:59,688 သိပ္ပံပညာရှင်တွေတင် မကဘဲ 35 00:01:59,688 --> 00:02:02,970 မိမိကိုမိမိ telekinetic တွေပါလို့ ကြွေးကြော်ကြတဲ့ သူတွေ အများအပြား ရှိခဲ့ကြပေမဲ့၊ 36 00:02:02,970 --> 00:02:06,347 သူတို့အားလုံးဟာ လိမ်လည်လိုခဲ့ကြသူများ ဖြစ်ကြတာ တွေ့ရပါတယ်၊ 37 00:02:06,347 --> 00:02:10,491 သူတို့က အခြေအနေအားလုံးကို ထိန်းချုပ်မထားနိုင်တဲ့ အခါမှာ လုပ်မပြနိုင်ခဲ့ကြပါ၊ 38 00:02:10,491 --> 00:02:15,256 သူတို့ဟာ သူတို့လိုချင်တဲ့ ရလဒ်မျိုးရဖို့ အခြေအနေကို လိုသလိုလုပ်ကိုင်ခဲ့ကြောင်း ထင်ရှားနေပါတယ်။ 39 00:02:15,256 --> 00:02:20,681 ဒီနေ့ဆိုရင်၊ အဖွဲ့အစည်း အမျိုးမျိုးတို့က ဆုငွေအများကြီးကို ကြေညာထားကြပါတယ်၊ 40 00:02:20,681 --> 00:02:26,093 telekinesis လို စိတ်ရဲ့ အစွမ်းအစများဟာ လက်တွေ့ပဲ ဆိုတာကို သက်သေ ထူပြနိုင်သူအတွက် ဆုပါ။ 41 00:02:26,093 --> 00:02:29,024 ဒါပေမဲ့ အဲဒီလို ငွေကြေးဆုများကို တောင်းဆိုရယူနိုင်သူ မရှိပါ။ 42 00:02:29,024 --> 00:02:30,659 လေ့လာချက် #၂: 43 00:02:30,659 --> 00:02:32,401 ကျွန်တော်တို့က telekinesis ကို စူးစမ်းလေ့လာရာမှာ 44 00:02:32,401 --> 00:02:36,541 ဘာကို တိုင်းထွာရန်လိုတာကို အားလုံး သဘောတူထားတာမျိုး မရှိပါ။ 45 00:02:36,541 --> 00:02:40,026 Yoda ပုံစံ ဦးနှောက်လှိုင်းတွေ အလုပ်လုပ်ရာမှာ အားကောင်းကြရဲ့လား။ 46 00:02:40,026 --> 00:02:43,996 ဘယ်သူကမှ အဲဒါကို သဘောတူမထားတော့ ပုံမှန် သုတေသနကို လက်တွေ့လုပ် မရနိုင်ပါ၊ 47 00:02:43,996 --> 00:02:46,759 ဘယ်သိပ္ပံဆိုင်ရာ လေ့လာမှုများ လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ် 48 00:02:46,759 --> 00:02:49,401 အတွေးအခေါ် တစ်ခုရဲ့ မှန်ကန်မှုကို စမ်းသပ်ဖို့ မရှိမဖြစ်တဲ့ စံနှုန်း မရှိလို့ မဖြစ်နိုင်ပါ။ 49 00:02:49,401 --> 00:02:50,921 လေ့လာချက် # ၃: 50 00:02:50,921 --> 00:02:54,025 သိပ္ပံရဲ့ ဦးတည်ချက်က မသိတာကို ဖေါ်ထုတ်ရန်ဖြစ်တယ်၊ 51 00:02:54,025 --> 00:02:56,392 ပြီးတော့ သိပ္ပံပညာဆိုင်ရာ စူးစမ်းလေ့လာမှု သမိုင်းစဉ် တစ်လျှောက်မှာ၊ 52 00:02:56,392 --> 00:02:57,806 တကယ်လက်တွေ့ ဖြစ်ပျက်ခဲ့တာကို လိုက်ကြည့်ရင် 53 00:02:57,806 --> 00:03:01,391 အသစ်တွေ့ရတဲ့ အချက်တွေဟာ ရပ်တည်နေတဲ့ သိပ္ပံပညာကို ဆန့်ကျင်နေခဲ့ပါတယ်၊ 54 00:03:01,391 --> 00:03:04,414 သိပ္ပံပညာရဲ့ အခန်းတစ်ခန်းလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တာတောင် ရှိခဲ့ဘူးပါတယ်။ 55 00:03:04,414 --> 00:03:07,668 အဲဒါကြောင့်မို့လို့ ဝေဖန်ပြစ်တင်ချက်တွေကို ကြံ့ကြံ့ခိုင်နိုင်မယ့် 56 00:03:07,668 --> 00:03:10,135 အထူးသတိထား သက်သေထူပြလို့ရနိုင်မယ့် တွေ့ရှိချက် ဖြစ်ရပါမယ်။ 57 00:03:10,135 --> 00:03:11,717 ကျွန်တော်တို့ရဲ့ telekinesis ကိစ္စထဲမှာကျတော့၊ 58 00:03:11,717 --> 00:03:14,270 ဒီယူဆချက်ဟာ လက်ခံယုံကြည်ကြတဲ့ သိပ္ပံပညာနဲ့ ဆန့်ကျင်နေတယ်၊ 59 00:03:14,270 --> 00:03:17,493 တစ်ချိန်တည်းမှာ ၎င်းကို ထောက်ခံနိုင်တဲ့ အားကောင်းတဲ့ အထောက်အထား မရှိဖြစ်နေတယ်။ 60 00:03:17,493 --> 00:03:21,130 ကျွန်တော်တို့ရဲ့ စင်္ကြာဝဠာကို ရူပဗေဒ နိယာမများက ထိန်းချုပ် ရှင်းပြနိုင်ကြပါတယ်၊ 61 00:03:21,130 --> 00:03:25,305 အဲဒီလို နိယာမတစ်ခုအရ ဦးနှောက်ရဲ့ လှိုင်းများဟာ အရာဝတ္ထုတွေကို မထိန်းချုပ်နိုင်ပါဘူး၊ 62 00:03:25,305 --> 00:03:28,271 ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံ အပြင်မှာ ရှိကြတဲ့ အရာများကို အကျိုးသက်ရောက်နိုင်လောက်အောင် 63 00:03:28,271 --> 00:03:31,795 အားမကောင်းကြတဲ့ အပြင် အဲဒီနေရာထိကို မရောက်နိုင်ကြလို့ပါ။ 64 00:03:31,795 --> 00:03:35,974 အရာဝတ္ထုတွေကို အဝေးမှနေပြီး အကျိုးသက်ရောက်နိုင်ကြတာဆိုလို့ 65 00:03:35,974 --> 00:03:39,356 သံလိုက် နဲ့ ကမ္ဘာ့ဆွဲအားတို့သာ ဖြစ်ကြတာကို ရူပဗဒက ထောက်ပြထားပါတယ်။ 66 00:03:39,356 --> 00:03:43,280 သိပ္ပံပညာက ရှင်းပြနိုင်တဲ့ telekinesis နဲ့ နီးစပ်ဆုံး အရာဆိုလို့ 67 00:03:43,280 --> 00:03:47,405 ရိုဘော့ စက်ရုပ် လက်မောင်းကို ထိန်းချုပ်ရန် အတွေးများကို အသုံးပြုပုံ ဖြစ်နိုင်ပါတယ်။ 68 00:03:47,405 --> 00:03:50,085 မလှုပ်ရှားနိုင်ကြတဲ့ လေဖြတ်လူနာများရဲ့ ဦးနှောက်ထဲကို၊ 69 00:03:50,085 --> 00:03:54,414 သုတေသီတို့ဟာ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့ နေရာထဲ သေးနုပ်တဲ့ ဝိုင်ယာကြိုးတွေကို ထည့်သွင်းကာ 70 00:03:54,414 --> 00:03:58,396 ရိုဘော့စက်ရုပ် လက်မောင်းကို လှုပ်နိုင်ဖို့ အာရုံပြုစဉ်းစားဖို့ ပြောကြပါတယ်၊ 71 00:03:58,396 --> 00:04:01,800 အဲဒီလိုနည်းဖြင့် သူတို့ရဲ့ စိတ်ကို တိုးချဲ့ပေးလိုက်ကာ လှုပ်ရှားလာစေတေပါ။ 72 00:04:01,800 --> 00:04:04,480 အဲဒါဟာ အံ့အားသင့်စရာ ကောင်းပေမဲ့၊ telekinesis တော့ မဟုတ်ပါ။ 73 00:04:04,480 --> 00:04:07,783 ဒီနေရာမှာ လူနာရဲ့ စိတ်ထဲက အတွေးများဟာ တိုင်းထွာမရနိုင်တဲ့ အရာများ မဟုတ်ကြပါ။ 74 00:04:07,783 --> 00:04:09,607 အဲဒါတွေဟာ တိုင်းထွာလို့ ရနိုင်တဲ့ ဦးနှောက်ရဲ့ လှိုင်းများပါ၊ 75 00:04:09,607 --> 00:04:12,972 ဝိုင်ယာများကို သုံးပြီး အဲဒါတွေကို ရိုဘော့ထံသို့ ပို့ပေးလိုက်တာပါ။ 76 00:04:12,972 --> 00:04:16,123 သိပ္ပံပညာဟာ အဲဒါကို တိုင်းနိုင်တယ်၊ စမ်းသပ်နိုင်ကာ လှုပ်ရှားမှုကို ရှင်းပြနိုင်ပါတယ်၊ 77 00:04:16,123 --> 00:04:20,446 အဲဒီလိုနည်းဖြင့် စိတ်ဖြင့်ထိန်းချုပ်မှုဆိုတာ လက်တွေ့ ရှိတာကို သက်သေထူပြနိုင်တယ်။ 78 00:04:20,446 --> 00:04:22,942 သိပ္ပံဆိုတာက ယူဆချက် တစ်ခုကို ထောက်ခံတဲ့ 79 00:04:22,942 --> 00:04:27,120 ဒါမှမဟုတ် ဆန့်ကျင်နေတဲ့ အချက်တွေကို တစ်ခုပြီးတစ်ခု စုစည်းတဲ့ ဖြစ်စဉ်ပါ။ 80 00:04:27,120 --> 00:04:28,836 အထောက်အထားတွေ စုပုံလာတဲ့အခါမှာ၊ 81 00:04:28,836 --> 00:04:31,035 ဘယ်အပုံက အမြင့်ဆုံးလဲဆိုတာကို ကျွန်တော်တို့ မြင်နိုင်တယ်၊ 82 00:04:31,035 --> 00:04:35,730 telekinesis ကိစ္စထဲမှာကျတော့ ၎င်းရှိနေကြောင်းကို ပြသနေတဲ့ အပုံကြီး မရှိပါဘူး။ 83 00:04:35,730 --> 00:04:39,858 တစ်ချို့သူတို့က ဒီလို နားလည်ရန် ခဲယဉ်းတဲ့ အရာဟာ သိပ္ပံရဲ့ ဘောင်အတွင်းမှာ မရှိနိုင်ဘူး၊ 84 00:04:39,858 --> 00:04:41,277 အဲဒါဟာ အိုကေပဲလို့ ဆိုကြပါတယ်။ 85 00:04:41,277 --> 00:04:45,467 အဲဒီလိုဆိုရင် telekinesis ကို လူတစ်ယောက်ရဲ့ ယုံကြည်ခံစားမှု သက်သက် ဖြစ်လာပါမယ်။ 86 00:04:45,467 --> 00:04:47,758 တစ်ခုခုကို သိပ္ပံနည်းကျ စူးစမ်းအကဲခတ်လို့ မရနိုင်ဘူးဆိုရင်၊ 87 00:04:47,758 --> 00:04:50,584 အဲဒါကို သိပ္ပံနည်းကျတယ် အရာပါလို့ ပြောမရနိုင်ပါ။ 88 00:04:50,584 --> 00:04:52,560 ဒီတော့ကား၊ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာမှု ပြသနေတာက၊ 89 00:04:52,560 --> 00:04:55,713 ကျွန်တော်တို့က အဲဒီလို စွမ်းအား ကျွန်တော်တို့ ကိုယ်၌ထဲမှာ ရှိနေတာကို၊ 90 00:04:55,713 --> 00:04:57,943 ကျွန်တော်တို့က ဘယ်လောက်ကြီးပဲ ယုံကြည်လိုကြလိုကြ၊ 91 00:04:57,943 --> 00:05:00,922 telekinesis ရဲ့ ဖြစ်နိုင်ခြေဟာ သိပ်ကို အားနည်းနေပါတယ်။ 92 00:05:00,922 --> 00:05:03,021 ဆော်ရီးပဲ Neo၊ Carrie နဲ့ Yoda။ ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုတွေဟာ 93 00:05:03,021 --> 00:05:07,158 တကယ့်ကို အံ့အားသင့်စရာ မှန်ခဲ့ပေမဲ့ လောလောဆယ်တွင် ရုပ်ရှင်ထဲမှာသာ ရှိနေတာပါ။