ကျွန်တော့အဖိုးကို လုံခြုံနေအောင် ပြုစုထုတ်လုပ်လိုက်တဲ့ ကျွန်တော်ရဲ့ တီထွင်မှုရိုးရိုးလေး
-
0:00 - 0:02အမေရိကန် ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်
-
0:02 - 0:04
အမြန်ဆုံး ကြီးထွားလာနေတဲ့ အန္တရာယ်ကဘာလဲ။ -
0:04 - 0:07ကင်ဆာလား၊နှလုံးဖောက်ပြန်မှုလား၊ဆီးချိုလား၊
-
0:08 - 0:09အဲဒါတွေ တခုမှ မဟုတ်ပါ၊ အဖြေမှန်က
-
0:09 - 0:11Alzheimer ရောဂါပါ။
-
0:11 - 0:13၆၇ စက္ကန့်တိုင်းမှာ၊ အမေရိကန် ပြည်ထောင်စုထဲတွင်
-
0:13 - 0:16လူတစ်ယောက်ကျ Alzheimer ရောဂါရှိတာကို
တွေ့ရှိနေရပါတယ်။ -
0:16 - 0:18၂၀၅၀ ပြည့်နှစ် အရောက်မှာ Alzheimer
-
0:18 - 0:20ရောဂါရှိသူဦးရေဟာ သုံးဆများလာမယ်ဆိုတော့၊
-
0:20 - 0:23သူတို့ကို၊ ပြီးတော့ သက်ကြီးအားလုံးတို့ကို၊
စောင့်ရှောက်ပေးရေးဟာ -
0:23 - 0:25လူ့အဖွဲ့အစည်းကြီးအတွက် တကယ့်ကို
ကြီးမားလှတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာပါမယ်။ -
0:25 - 0:27ကျွန်တော့မိသားစုဟာ Alzheimer ရောဂါ ရှိသူအား
-
0:27 - 0:28စောင့်ရှောက်ရေး ပြဿနာနဲ့
-
0:28 - 0:31ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်လာခဲ့ရပါတယ်။
-
0:31 - 0:33မျိုးဆက် သုံးခု နေထိုင်နေတဲ့ မိသားစုထဲမှာ
ကြီးထွားလာခဲ့ရတာမို့လို့ -
0:33 - 0:35ကျွန်တော်ဟာ ကျွန်တော့ အဖိုးနဲ့
သိပ်ကို နီးနီးကပ်ကပ် ဆက်ဆံခဲ့ရပါတယ်။ -
0:35 - 0:37ကျွန်တော် လေးနှစ်အရွယ်တုန်းက ကျွန်တော်နဲ့
-
0:37 - 0:39အဖိုးတို့ဟာ ဂျပန်နိုင်ငံထဲက
ပန်းခြံမှာ လမ်းလျှောက်နေခဲ့စဉ် -
0:39 - 0:40အဖိုးဟာ ရုတ်တရက်ဆိုသလို
လမ်းပျောက်သွားခဲ့ပါတယ်။ -
0:40 - 0:44အဲဒါဟာ ကျွန်တော့ဘဝအတွက်
စိတ်အခြောက်ခြားဆုံး အချိန်ဖြစ်ခဲ့ကာ၊ -
0:44 - 0:46အဲဒီအချိန်ကစပြီး အဖိုးဆီမှာ
Alzheimer ရောဂါရှိနေတာကို -
0:46 - 0:48ကျွန်တော်တို့ ပထမဆုံးအကြိမ် သိလိုက်ကြရတာပါ။
-
0:48 - 0:50လွန်ခဲ့တဲ့ ၁၂ နှစ်ကာလအတွင်းမှာ သူ့အခြေအနေဟာ
-
0:50 - 0:52ပိုပို ဆိုးဝါးလာခဲ့ပါတယ်၊
-
0:52 - 0:54သူ ထပြီး တစ်နေရာရာကို
လမ်းလျှောက်ထွက်သွားမှာကို -
0:54 - 0:56ကျွန်တော့မိသားစုဟာ သိပ်ကို စိတ်ပူရပါတယ်။
-
0:56 - 0:57၎င်းအား အဓိကစောင့်ရှောက်ပေးသူ
ကျွန်တော့အဒေါ်ဆိုရင်၊ -
0:57 - 0:59ညမှာတောင် သူ့ကို စောင့်ကြည့်နေဖို့အတွက်
-
0:59 - 1:00အိပ်မပျော်မိအောင် မနည်းကြီး ကြိုးစားရပါတယ်၊
-
1:00 - 1:02ပြီးတော့ အဖိုးဟာ အိပ်ရာပေါ်မှ ထသွားတာကို
သတိမထားမိဘဲ -
1:02 - 1:03လွတ်လွတ်သွားတာ မကြာခဏပါပဲ။
-
1:03 - 1:06ကျွန်တော်ဟာ ကျွန်တော့
အဒေါ်ရဲ့ ကျန်းမာရေးအတွက် နဲ့ -
1:06 - 1:08ကျွန်တော့အဖိုးရဲ့ လုံခြုံမှုအတွက်ပါ
ကျွန်တော်ဟာ သိပ်ကို စိတ်ပူမိပါတယ်။ -
1:08 - 1:09အဲဒါနဲ့ ကျွန်တော့မိသားစုရဲ့ ပြဿနာကို
ကူညီဖြေရှင်းနိုင်မယ့် -
1:09 - 1:11အဖြေကို အပတ်တကုတ် ရှာကြံခဲ့ရာ၊
-
1:11 - 1:12တခုကိုမှ ရှာမတွေ့ခဲ့ပါ။
-
1:13 - 1:15အဲဒါနဲ့၊ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်တုန်းက
ညတညမှာ၊ -
1:15 - 1:17ကျွန်တော်ဟာ အဖိုးကို စောင့်ကြည့်နေစဉ်
ကုတင်းပေါ်မှ -
1:17 - 1:19ထလိုက်တာကို တွေ့လိုက်ပါတယ်။
-
1:19 - 1:21သူ့ခြေဖဝါးက ကြမ်းနဲ့ ထိလိုက်ချိန်မှာ၊
-
1:21 - 1:23သူ့ခြေဖနောက်မှာ ဖိအားကို
ခံစားသိနိုင်မဲ့ အာရုံခံကိရိယာ -
1:23 - 1:24တစ်ခုတပ်ဆင်ပေးဖို့ စိတ်ကူးရလိုက်တယ်။
-
1:24 - 1:26သူဟာ ကြမ်းပေါ်ကို ခြေကို ချလိုက်လို့
ကုတင်းပေါ်မှ ထလိုက်တာနဲ့၊ -
1:26 - 1:28ဖိအား အာရုံခံကိရိယာဟာ
ခန္ဓာကိုယ်ရဲ့ -
1:28 - 1:31အလေးချိန် ဖိအားကို ခံစားနိုင်မှာမို့၊
-
1:31 - 1:32စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းဆီကို
ကြိုးမဲ့ စာတိုကို ပို့ပေးနိုင်မှာပါ။ -
1:32 - 1:34အဲဒီလိုဆိုရင် ကျွန်တော့ အဒေါ်ဟာ
အဖိုးလျှောက်သွားနေမှာကို -
1:34 - 1:36စိုးရိမ်စရာမလိုဘဲ
-
1:36 - 1:39ညဖက်မှာ စိတ်ချလက်ချ အိပ်နိုင်မှာဖြစ်ပါတယ်။
-
1:39 - 1:42အခုတော့ ကျွန်တော်ဟာ အဲဒီခြေအိတ်ကို
လက်တွေ့ ပြပေးချင်ပါတယ်။ -
1:42 - 1:45ကျွန်တော့ရဲ့ ခြေအိတ်မော်ဒယ်ကို
စင်မြင့်ပေါ်ကို -
1:45 - 1:48ယူဆောင်ပေးနိုင်မလားခင်ဗျာ။
-
1:49 - 1:51ဟုတ်ပြီ။
-
1:52 - 1:56ဒီတော့ လူနာက ကြမ်းပြင်ပေါ်ကို
ခြေကို ခြေချလိုက်တာနဲ့ -- -
1:56 - 1:57(အသံမြည်နေ) --
-
1:57 - 1:59သတိပေးချက် တခုကို စောင့်ရှောက်ပေးသူရဲ့
-
1:59 - 2:00စမတ်ဖုန်းဆီသို့ ပို့လိုက်ပါတယ်။
-
2:05 - 2:06ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)
-
2:06 - 2:09ကျေးဇူးတင်ပါတယ်၊ ဒါက ခြေအိတ်မော်ဒယ်ပါ။
-
2:12 - 2:14ဒါက ကျွန်တော် စစချင်းမှာ
ရေးဆွဲခဲ့တဲ့ ပုံစံဒီဇိုင်းပါ။ -
2:14 - 2:16ခံစားနိုင်စွမ်းကို အခြေခံထားတဲ့ နည်းပညာကို
တီထွင်ဖို့ -
2:16 - 2:18ကျွန်တော် စိတ်ကူးရလာတာက
-
2:18 - 2:20အာရုံခံကိရိယာများ နဲ့ နည်းပညာတွေကို တသက်လုံး
-
2:20 - 2:22စိတ်ဝင်စားခဲ့မှုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်ပါတယ်။
-
2:22 - 2:23ကျွန်တော် အသက် ခြောက်နှစ်တုန်းက၊
-
2:23 - 2:25အသက်ကြီးရင့်သူ ကျွန်တော်တို့ မိသားစုရဲ့
မိတ်ဆွေတဦးဟာ -
2:25 - 2:26ရေချိုးခန်းထဲမှာ လဲကျသွားခဲ့လို့
-
2:26 - 2:28ဒဏ်ရာတွေ အပြင်းအထန် ရရှိသွားခဲ့ပါတယ်။
-
2:28 - 2:30ကျွန်တော့ အဖိုးအဖွားတို့အတွက်ပါ
စိုးရိမ်မိလာလို့ -
2:30 - 2:32ရေချိုးခန်း အတွက် စမတ်စနစ် တခုကို
တီထွင်ရန် ဆုံးဖြတ်လိုက်ပါတယ်။ -
2:32 - 2:34ရေချိုးခန်းကြမ်း ကြွေပြားတွေထဲကို လှုပ်ရှားမှုကို
-
2:34 - 2:36သိနိုင်တဲ့ အာရုံခံကိရိယာတွေကို
ထည့်သွင်းပေးခြင်းဖြင့်် -
2:36 - 2:37အသက်ကြီးသူတွေကို
ရေချိုးခန်းထဲက ကြမ်းပေါ်ကို -
2:37 - 2:39လဲကျမိတိုင်းမှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
-
2:39 - 2:41ကျွန်တော်ဟာ အဲဒီတုန်းက
အသက်ခြောက်နှစ်သာ ရှိခဲ့ကာ -
2:41 - 2:44သူငယ်တန်းကို မပြီးဆုံးခဲ့သေးတော့၊
-
2:44 - 2:46ကျွန်တော့ စိတ်ကူးကို လက်တွေ့ ရုပ်လုံးဖေါ်ဖို့
လိုအပ်တဲ့ -
2:46 - 2:48အရင်းအမြစ်များ နဲ့ ကိရိယာတွေ မရှိခဲ့ပေမဲ့၊
-
2:48 - 2:50အဲဒီလို စူးစမ်းလိုစိတ်က သက်ကြီးသူတွေကို
ကူညီပေးရန် -
2:50 - 2:53အာရုံခံကိရိယာတွေကို အသုံးပြုရေး
ဆိုတဲ့ စိတ်ကူးဟာ -
2:53 - 2:55ကျွန်တော့ခေါင်းထဲမှာ
တချိန်လုံး ရှိနေခဲ့ပါတယ်။ -
2:55 - 2:57အာရုံခံကိရိယာတွေဟာ သက်ကြီးတွေရဲ့
ဘဝ အရည်အသွေးကို -
2:57 - 3:00မြှင့်တင်ကူညီနိုင်မှာကို
ကျွန်တော် တကယ်ယုံကြည်ပါတယ်။ -
3:00 - 3:02ကျွန်တော့ စိတ်ကူးကို ချကြည့်လိုက်တော့၊
စိန်ခေါ်မှုကြီး -
3:02 - 3:04သုံးခု ရင်ဆိုင်ရမှာကို နားလည်လိုက်တယ်၊
-
3:04 - 3:06ပထမဦးဆုံးက အာရုံခံကိရိယာကို တီထွင်ရန်ပါပဲ၊
-
3:06 - 3:08ဒုတိယက ပတ်လမ်းဇယားကို ဒီဇိုင်းပြုစုရန်၊
-
3:08 - 3:09ပြီးတော့ တတိယက
စမတ်ဖုန်း အက်ပ် ကုဒ်ကို ပြုစုရန်ပါပဲ။ -
3:09 - 3:11အဲဒီကျမှ ကျွန်တော့ ပရိုဂျက်ကို
ရုပ်လုံးဖေါ်ရေးဟာ -
3:11 - 3:13အစပိုင်းမှာ ကျွန်တော် ထင်ခဲ့တာထက်ကို
-
3:13 - 3:15များစွာမှ ခဲယဉ်းတာကို
ကျွန်တော် နားလည်လိုက်တယ်။ -
3:15 - 3:17ပမထအချက်အနေနဲ့၊ လူနာ ခြေဖဝါးမှာ
သက်သောင့်သက်သာရှိကာ -
3:17 - 3:19တပ်ဆင်ပေးလို့ရမယ့် ပါးပြီးပျော့ပျောင်းတဲ့
အာရုံခံကိရိယာကို -
3:19 - 3:21ကျွန်တော် တီထွင်ရန် လိုခဲ့ပါတယ်။
-
3:21 - 3:23တော်တော်များများ သုတေသန ပြုလုပ်ခဲ့ကာ
-
3:23 - 3:25ရာဘာလို ပစ္စည်းအမျိုးမျိုးကို စမ်းကြည့်ခဲ့လို့၊
-
3:25 - 3:26ရာဘာဟာ ထူလွန်းလို့
ခြေဖဝါးအောက်မှာ ဝတ်ဆင်ဖို့ -
3:26 - 3:28အဆင်သိပ်မပြေတာကို တွေ့ခဲ့တယ်။
-
3:28 - 3:29အဲဒါနဲ့ ကျွန်တော်ဟာ လျှပ်စီးနိုင်ကာ
ဖိအားကို -
3:29 - 3:30အာရုံခံနိုင်တဲ့ မင်မှုန်လေးတွေပါတဲ့
-
3:30 - 3:31အလွှာပါး အာရုံခံကိရိယာကို
ပုံနှိပ်ယူရန် -
3:31 - 3:33ဆုံးဖြတ်လိုက်ပါတယ်။
-
3:33 - 3:35ဖိအား ရှိလာတာနဲ့ အမှုန်တွေအကြားက
လျှပ်စီးမှုဟာ တိုးလာပါတယ်။ -
3:35 - 3:37အဲဒါနဲ့ ကျွန်တော်ဟာ ၎င်းတို့ရဲ့ လျှပ်စစ်
-
3:37 - 3:39ခုခံနိုင်စွမ်းကို တိုင်းကြည့်ကာ
-
3:39 - 3:41ဖိအားကို တိုင်းနိုင်မယ့် စက်ကို ထွင်ခဲ့ရပါတယ်။
-
3:41 - 3:42အဲဒီနောက်၊ ကျွန်တော်ဟာ ဆောင်လို့ရနိုင်တဲ့
-
3:42 - 3:44ကြိုးမဲ့ ပတ်လမ်းကို ပုံစံဆွဲခဲ့ရပါတယ်၊
-
3:44 - 3:46ဒါပေမဲ့ ကြိုးမဲ့ အချက်ပြမှု ထုတ်လွင့်ပေးဖို့အတွက်
-
3:46 - 3:47စွမ်းအား တော်တော်များများ လိုအပ်ကာ၊
-
3:47 - 3:49လေးလံကြီးမားတဲ့ ဓာတ်ခဲတွေ လိုပါတယ်။
-
3:49 - 3:51ကံကောင်းချင်တော့၊ ကျွန်တော်ဟာ Bluetooth
-
3:51 - 3:53စွမ်းအားနိမ့် နည်းပညာကို ရှာတွေ့နိုင်ခဲ့ရာ
-
3:53 - 3:54စွမ်းအားသုံးစွဲမှု နည်းတဲ့အပြင် အကြွေစေ့အရွယ်
-
3:54 - 3:56ဓာတ်ခဲလေးနဲ့ မောင်းနှင်နိုင်ပါတယ်။
-
3:56 - 3:58အဲဒါကြောင့်မို့လို့ ကျွန်တော့စနစ်ဟာ
ညနက်ချိန်မှာ -
3:58 - 4:00အားကုန်သွားမှာကို ကြောက်စရာ မလိုခဲ့ပါ။
-
4:00 - 4:02နောက်ဆုံးအနေနဲ့၊ စမတ်ဖုန်း
အက်ပ်ကို ကုဒ်သွင်းပေးလျက် -
4:02 - 4:04စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းကို အဝေးထိန်း
-
4:04 - 4:06စောင့်ကြည့်စက်လို ပြောင်းလဲပစ်ရန် ဖြစ်ခဲ့ပါတယ်။
-
4:06 - 4:08အဲဒီလို လုပ်နိုင်ဖို့အတွက်၊ Java နဲ့ XCode
တွေဆိုင်ရာ -
4:08 - 4:09အသိပညာတွေကို လေ့လာယူခဲ့ရကာ
-
4:09 - 4:12စွမ်းအင်နိမ့် ဘလူးတုသ် ကိရိယာတွေကို
ကုဒ်သွင်းပေးဖို့ကိုကျတော့ -
4:12 - 4:14YouTube လက်တွေ့သင်တန်းတွေ နဲ့
-
4:14 - 4:16စာအုပ်အမျိုးမျိုးတို့ထဲမှ လေ့လာခဲ့ပါတယ်။
-
4:16 - 4:19အဲဒီ အစိတ်အပိုင်းတွေကို စုစည်းပေးလျက်၊
ကျွန်တော်ဟာ -
4:19 - 4:21ရှေ့ပြေးပုံစံ နှစ်မျိုးကို အောင်မြင်စွာ
တီထွင်ခဲ့တယ်၊ -
4:21 - 4:23တခုထဲတွင် အာရုံခံကိရိယာကို
ခြေအိတ်ထဲ ထည့်သွင်းခဲ့တယ်၊ -
4:23 - 4:26နောက်တခုကျတော့ ဖြုတ်တပ်နိုင်တဲ့
အာရုံခံပစ္စည်းအစုံဖြစ်ခဲ့ရာ -
4:26 - 4:28လူနာရဲ့ ခြေဖဝါး အောက်ပိုင်းနဲ့ ထိတွေ့နိုင်တဲ့
-
4:28 - 4:30ဘယ်နေရာမှာမဆို တပ်ဆင်ပေးရန် ဖြစ်တယ်။
-
4:30 - 4:31ကျွန်တော်ဟာ ကျွန်တော့ ကိရိယာကို
အဖိုးပေါ်မှာ -
4:31 - 4:33စမ်းသပ်ကြည့်တာ တနှစ်ခန့်ရှိပြီ၊
-
4:33 - 4:35၎င်းဟာ သူရဲ့ ထွက်လျှောက်မှု အကြိမ် ၉၀၀
ရှိခဲ့တဲ့ထဲက -
4:35 - 4:37၁၀၀ ရာခိုင်နှုန်းပြည့်ကို
ဖေါ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ -
4:37 - 4:39လွန်ခဲ့တဲ့ နွေရာသီမှာ ကျွန်တော်ဟာ
-
4:39 - 4:40ကျွန်တော့ ကိရိယာရဲ့ ဘီတာ စမ်းသပ်မှုကို
-
4:40 - 4:42ကယ်လီဖိုနီးယား လူနေရပ်ကွက်များထဲက
စောင့်ရှောက်ရေး -
4:42 - 4:44နေရာ အများအပြားမှာ စမ်းသပ်ခဲ့လို့
-
4:44 - 4:45ကျွန်တော်ဟာ ရရှိခဲ့တဲ့ တုံ့ပြန်ချက်တွေကို
လေ့လာနေကာ -
4:45 - 4:47ကိရိယာကို ဈေးကွက်တင် ရောင်းနိုင်ဖို့
-
4:47 - 4:49မြှင့်တင်ရန် အားထုတ်နေပါတယ်။
-
4:49 - 4:51အဲဒီကိရိယာကို လူနာ တော်တော်များများနဲ့
စမ်းသပ်ကြည့်ခဲ့လို့ -
4:51 - 4:53လူတွေအနေနဲ့ ညဖက်မှာ ခြေအိတ်ကို
စွပ်ထားရန် မလိုအပ်တဲ့ -
4:53 - 4:54ဖြေရှင်းနည်းမျိုး တီထွင်ပေးမှာကို လူတွေ
-
4:54 - 4:56လိုချင်နေကြတာ သိလာရပါတယ်။
-
4:56 - 4:58လူနာ အများအပြားတို့ထံမှ စုစည်းရရှိထားတဲ့
-
4:58 - 5:00အဲဒီလို အာရုံခံကိရိယာရဲ့ ဒေတာဟာ
-
5:00 - 5:01လူနာများအား စောင့်ရှောက်မှုကို မြှင့်တင်ရာမှာ
အသုံးဝင်နိုင်သလို -
5:01 - 5:03ရောဂါတွေကို ကုစားပေးရေး နည်းစနစ်ကိုပါ
ရှာတွေ့ရေးဆီကို -
5:03 - 5:05ဦးတည်ပေးချင် ပေးနိုင်ပါမယ်။
-
5:05 - 5:07ဥပမာ၊ လောလောဆယ်မှာ ကျွန်တော်ဟာ
လူနာတယောက်ရဲ့ -
5:07 - 5:09ညအချိန် ထွက်လျှောက်တတ်တဲ့ ကြိမ်နှုန်း နဲ့
-
5:09 - 5:11သူရဲ့ နေ့စဉ် စားသောက်မှု အမူအကျင့်များနဲ့
-
5:11 - 5:13ဆက်နွှယ်နေပုံကို လေ့လာနေပါတယ်။
-
5:14 - 5:16ကျွန်တော် ဘယ်တော့မှာမှ မေ့မရနိုင်တာကတော့
-
5:16 - 5:17ကျွန်တော့အဖိုး ညအချိန်မှာ ကုတင်းပေါ်မှထလျက်
-
5:17 - 5:19ထွက်လျှောက်ခဲ့တာကို
ပထမဆုံးအကြိမ် ရှာတွေ့နိုင်ခဲ့မှုပါပဲ။ -
5:19 - 5:20အဲဒီအချိန်ကလေးမှာ၊
ကျွန်တော်ဟာ နည်းပညာတွေရဲ့ -
5:20 - 5:22ဘဝကို ပြောင်းလဲ မြှင့်တင်ပေးရေး
-
5:22 - 5:24စွမ်းပကားကို တကယ့်ကို အံ့အားသင့်နေခဲ့ပါတယ်။
-
5:24 - 5:26ကျွန်တော် စိတ်ကူးယဉ်မိတဲ့ ကမ္ဘာကြီးက
-
5:26 - 5:28လူတွေ ပျော်ရွှင်စွာ နဲ့ ကျန်းမာစွာ
နေထိုင်နိုင်ကြမယ့် ကမ္ဘာကြီးပါပဲ။ -
5:28 - 5:30အထူး ကျေးဇူးတင်ပါတယ်။
-
5:30 - 5:34(လက်ခုပ်သံများ)
- Title:
- ကျွန်တော့အဖိုးကို လုံခြုံနေအောင် ပြုစုထုတ်လုပ်လိုက်တဲ့ ကျွန်တော်ရဲ့ တီထွင်မှုရိုးရိုးလေး
- Speaker:
- Kenneth Shinozuka
- Description:
-
စိတ်ဖောက်ပြန်မှု ရောဂါရှိသူတို့ရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းတို့ဟာ ထထွက်ပြီး လမ်းလျှောက်တတ်ကြရာ၊ လူနာအတွက်ရော စောင့်ရှောက်ပေးကြသူတို့ အတွက်ပါ တော်တော့ကို စိတ်ညစ်စရာကြီးပါ။ လက်ရှိ စိတ်ဝင်စားစရာ ဆွေးနွေးပွဲထဲမှာ လူငယ် တီထွင်ရှင် Kenneth Shinozuka က ညညမှာ လမ်းထွက် လျှောက်တတ်တဲ့ သူ့အဖိုး နဲ့ ၎င်းအား စောင့်ရှောက်ပေးနေခဲ့တဲ့ သူ့အဒေါ်ကို ကူညီပေးရန် ဖြေရှင်းနည်း အသစ်ကို ရှာကြံခဲ့ပုံ နဲ့ Alzheimer ရောဂါ ရှိကြသူတို့အား ကူညီပေးနိုင်မယ့် သူ့မျှော်လင့်ချက်များ အကြောင်း တင်ပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 05:46
Myo Aung approved Burmese subtitles for My simple invention, designed to keep my grandfather safe | ||
Myo Aung edited Burmese subtitles for My simple invention, designed to keep my grandfather safe | ||
Myo Aung edited Burmese subtitles for My simple invention, designed to keep my grandfather safe | ||
Myo Aung edited Burmese subtitles for My simple invention, designed to keep my grandfather safe | ||
sann tint accepted Burmese subtitles for My simple invention, designed to keep my grandfather safe | ||
sann tint edited Burmese subtitles for My simple invention, designed to keep my grandfather safe | ||
sann tint edited Burmese subtitles for My simple invention, designed to keep my grandfather safe | ||
sann tint edited Burmese subtitles for My simple invention, designed to keep my grandfather safe |