1 00:00:00,000 --> 00:00:02,067 အမေရိကန် ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် 2 00:00:02,067 --> 00:00:04,135 အမြန်ဆုံး ကြီးထွားလာနေတဲ့ အန္တရာယ်ကဘာလဲ။ 3 00:00:04,135 --> 00:00:06,973 ကင်ဆာလား၊နှလုံးဖောက်ပြန်မှုလား၊ဆီးချိုလား၊ 4 00:00:07,603 --> 00:00:09,449 အဲဒါတွေ တခုမှ မဟုတ်ပါ၊ အဖြေမှန်က 5 00:00:09,449 --> 00:00:11,250 Alzheimer ရောဂါပါ။ 6 00:00:11,250 --> 00:00:13,276 ၆၇ စက္ကန့်တိုင်းမှာ၊ အမေရိကန် ပြည်ထောင်စုထဲတွင် 7 00:00:13,276 --> 00:00:15,567 လူတစ်ယောက်ကျ Alzheimer ရောဂါရှိတာကို တွေ့ရှိနေရပါတယ်။ 8 00:00:15,567 --> 00:00:17,858 ၂၀၅၀ ပြည့်နှစ် အရောက်မှာ Alzheimer 9 00:00:17,858 --> 00:00:20,149 ရောဂါရှိသူဦးရေဟာ သုံးဆများလာမယ်ဆိုတော့၊ 10 00:00:20,149 --> 00:00:23,446 သူတို့ကို၊ ပြီးတော့ သက်ကြီးအားလုံးတို့ကို၊ စောင့်ရှောက်ပေးရေးဟာ 11 00:00:23,446 --> 00:00:25,119 လူ့အဖွဲ့အစည်းကြီးအတွက် တကယ့်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာပါမယ်။ 12 00:00:25,119 --> 00:00:26,792 ကျွန်တော့မိသားစုဟာ Alzheimer ရောဂါ ရှိသူအား 13 00:00:26,792 --> 00:00:28,465 စောင့်ရှောက်ရေး ပြဿနာနဲ့ 14 00:00:28,465 --> 00:00:30,967 ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်လာခဲ့ရပါတယ်။ 15 00:00:30,967 --> 00:00:33,107 မျိုးဆက် သုံးခု နေထိုင်နေတဲ့ မိသားစုထဲမှာ ကြီးထွားလာခဲ့ရတာမို့လို့ 16 00:00:33,107 --> 00:00:35,262 ကျွန်တော်ဟာ ကျွန်တော့ အဖိုးနဲ့ သိပ်ကို နီးနီးကပ်ကပ် ဆက်ဆံခဲ့ရပါတယ်။ 17 00:00:35,262 --> 00:00:36,689 ကျွန်တော် လေးနှစ်အရွယ်တုန်းက ကျွန်တော်နဲ့ 18 00:00:36,689 --> 00:00:39,192 အဖိုးတို့ဟာ ဂျပန်နိုင်ငံထဲက ပန်းခြံမှာ လမ်းလျှောက်နေခဲ့စဉ် 19 00:00:39,192 --> 00:00:40,497 အဖိုးဟာ ရုတ်တရက်ဆိုသလို လမ်းပျောက်သွားခဲ့ပါတယ်။ 20 00:00:40,497 --> 00:00:43,710 အဲဒါဟာ ကျွန်တော့ဘဝအတွက် စိတ်အခြောက်ခြားဆုံး အချိန်ဖြစ်ခဲ့ကာ၊ 21 00:00:43,710 --> 00:00:46,117 အဲဒီအချိန်ကစပြီး အဖိုးဆီမှာ Alzheimer ရောဂါရှိနေတာကို 22 00:00:46,117 --> 00:00:48,086 ကျွန်တော်တို့ ပထမဆုံးအကြိမ် သိလိုက်ကြရတာပါ။ 23 00:00:48,086 --> 00:00:50,055 လွန်ခဲ့တဲ့ ၁၂ နှစ်ကာလအတွင်းမှာ သူ့အခြေအနေဟာ 24 00:00:50,055 --> 00:00:51,977 ပိုပို ဆိုးဝါးလာခဲ့ပါတယ်၊ 25 00:00:51,977 --> 00:00:53,899 သူ ထပြီး တစ်နေရာရာကို လမ်းလျှောက်ထွက်သွားမှာကို 26 00:00:53,899 --> 00:00:55,823 ကျွန်တော့မိသားစုဟာ သိပ်ကို စိတ်ပူရပါတယ်။ 27 00:00:55,823 --> 00:00:57,331 ၎င်းအား အဓိကစောင့်ရှောက်ပေးသူ ကျွန်တော့အဒေါ်ဆိုရင်၊ 28 00:00:57,331 --> 00:00:58,839 ညမှာတောင် သူ့ကို စောင့်ကြည့်နေဖို့အတွက် 29 00:00:58,839 --> 00:01:00,241 အိပ်မပျော်မိအောင် မနည်းကြီး ကြိုးစားရပါတယ်၊ 30 00:01:00,241 --> 00:01:01,643 ပြီးတော့ အဖိုးဟာ အိပ်ရာပေါ်မှ ထသွားတာကို သတိမထားမိဘဲ 31 00:01:01,643 --> 00:01:03,047 လွတ်လွတ်သွားတာ မကြာခဏပါပဲ။ 32 00:01:03,047 --> 00:01:05,858 ကျွန်တော်ဟာ ကျွန်တော့ အဒေါ်ရဲ့ ကျန်းမာရေးအတွက် နဲ့ 33 00:01:05,858 --> 00:01:07,615 ကျွန်တော့အဖိုးရဲ့ လုံခြုံမှုအတွက်ပါ ကျွန်တော်ဟာ သိပ်ကို စိတ်ပူမိပါတယ်။ 34 00:01:07,615 --> 00:01:09,372 အဲဒါနဲ့ ကျွန်တော့မိသားစုရဲ့ ပြဿနာကို ကူညီဖြေရှင်းနိုင်မယ့် 35 00:01:09,372 --> 00:01:11,130 အဖြေကို အပတ်တကုတ် ရှာကြံခဲ့ရာ၊ 36 00:01:11,130 --> 00:01:12,490 တခုကိုမှ ရှာမတွေ့ခဲ့ပါ။ 37 00:01:12,960 --> 00:01:15,026 အဲဒါနဲ့၊ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်တုန်းက ညတညမှာ၊ 38 00:01:15,026 --> 00:01:17,092 ကျွန်တော်ဟာ အဖိုးကို စောင့်ကြည့်နေစဉ် ကုတင်းပေါ်မှ 39 00:01:17,092 --> 00:01:19,158 ထလိုက်တာကို တွေ့လိုက်ပါတယ်။ 40 00:01:19,158 --> 00:01:20,909 သူ့ခြေဖဝါးက ကြမ်းနဲ့ ထိလိုက်ချိန်မှာ၊ 41 00:01:20,909 --> 00:01:22,660 သူ့ခြေဖနောက်မှာ ဖိအားကို ခံစားသိနိုင်မဲ့ အာရုံခံကိရိယာ 42 00:01:22,660 --> 00:01:24,412 တစ်ခုတပ်ဆင်ပေးဖို့ စိတ်ကူးရလိုက်တယ်။ 43 00:01:24,412 --> 00:01:26,446 သူဟာ ကြမ်းပေါ်ကို ခြေကို ချလိုက်လို့ ကုတင်းပေါ်မှ ထလိုက်တာနဲ့၊ 44 00:01:26,446 --> 00:01:28,480 ဖိအား အာရုံခံကိရိယာဟာ ခန္ဓာကိုယ်ရဲ့ 45 00:01:28,480 --> 00:01:30,516 အလေးချိန် ဖိအားကို ခံစားနိုင်မှာမို့၊ 46 00:01:30,516 --> 00:01:32,448 စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းဆီကို ကြိုးမဲ့ စာတိုကို ပို့ပေးနိုင်မှာပါ။ 47 00:01:32,448 --> 00:01:34,380 အဲဒီလိုဆိုရင် ကျွန်တော့ အဒေါ်ဟာ အဖိုးလျှောက်သွားနေမှာကို 48 00:01:34,380 --> 00:01:36,312 စိုးရိမ်စရာမလိုဘဲ 49 00:01:36,312 --> 00:01:39,002 ညဖက်မှာ စိတ်ချလက်ချ အိပ်နိုင်မှာဖြစ်ပါတယ်။ 50 00:01:39,002 --> 00:01:41,935 အခုတော့ ကျွန်တော်ဟာ အဲဒီခြေအိတ်ကို လက်တွေ့ ပြပေးချင်ပါတယ်။ 51 00:01:41,935 --> 00:01:44,868 ကျွန်တော့ရဲ့ ခြေအိတ်မော်ဒယ်ကို စင်မြင့်ပေါ်ကို 52 00:01:44,868 --> 00:01:47,802 ယူဆောင်ပေးနိုင်မလားခင်ဗျာ။ 53 00:01:48,831 --> 00:01:50,560 ဟုတ်ပြီ။ 54 00:01:52,170 --> 00:01:55,950 ဒီတော့ လူနာက ကြမ်းပြင်ပေါ်ကို ခြေကို ခြေချလိုက်တာနဲ့ -- 55 00:01:55,950 --> 00:01:57,360 (အသံမြည်နေ) -- 56 00:01:57,360 --> 00:01:58,770 သတိပေးချက် တခုကို စောင့်ရှောက်ပေးသူရဲ့ 57 00:01:58,770 --> 00:02:00,182 စမတ်ဖုန်းဆီသို့ ပို့လိုက်ပါတယ်။ 58 00:02:04,571 --> 00:02:06,057 ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) 59 00:02:06,057 --> 00:02:09,225 ကျေးဇူးတင်ပါတယ်၊ ဒါက ခြေအိတ်မော်ဒယ်ပါ။ 60 00:02:12,045 --> 00:02:14,177 ဒါက ကျွန်တော် စစချင်းမှာ ရေးဆွဲခဲ့တဲ့ ပုံစံဒီဇိုင်းပါ။ 61 00:02:14,177 --> 00:02:16,309 ခံစားနိုင်စွမ်းကို အခြေခံထားတဲ့ နည်းပညာကို တီထွင်ဖို့ 62 00:02:16,309 --> 00:02:18,195 ကျွန်တော် စိတ်ကူးရလာတာက 63 00:02:18,195 --> 00:02:20,081 အာရုံခံကိရိယာများ နဲ့ နည်းပညာတွေကို တသက်လုံး 64 00:02:20,081 --> 00:02:21,969 စိတ်ဝင်စားခဲ့မှုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်ပါတယ်။ 65 00:02:21,979 --> 00:02:23,251 ကျွန်တော် အသက် ခြောက်နှစ်တုန်းက၊ 66 00:02:23,251 --> 00:02:24,523 အသက်ကြီးရင့်သူ ကျွန်တော်တို့ မိသားစုရဲ့ မိတ်ဆွေတဦးဟာ 67 00:02:24,523 --> 00:02:25,795 ရေချိုးခန်းထဲမှာ လဲကျသွားခဲ့လို့ 68 00:02:25,795 --> 00:02:27,505 ဒဏ်ရာတွေ အပြင်းအထန် ရရှိသွားခဲ့ပါတယ်။ 69 00:02:27,505 --> 00:02:29,606 ကျွန်တော့ အဖိုးအဖွားတို့အတွက်ပါ စိုးရိမ်မိလာလို့ 70 00:02:29,606 --> 00:02:31,592 ရေချိုးခန်း အတွက် စမတ်စနစ် တခုကို တီထွင်ရန် ဆုံးဖြတ်လိုက်ပါတယ်။ 71 00:02:31,592 --> 00:02:33,578 ရေချိုးခန်းကြမ်း ကြွေပြားတွေထဲကို လှုပ်ရှားမှုကို 72 00:02:33,578 --> 00:02:35,520 သိနိုင်တဲ့ အာရုံခံကိရိယာတွေကို ထည့်သွင်းပေးခြင်းဖြင့်် 73 00:02:35,520 --> 00:02:37,462 အသက်ကြီးသူတွေကို ရေချိုးခန်းထဲက ကြမ်းပေါ်ကို 74 00:02:37,462 --> 00:02:39,404 လဲကျမိတိုင်းမှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ 75 00:02:39,404 --> 00:02:41,416 ကျွန်တော်ဟာ အဲဒီတုန်းက အသက်ခြောက်နှစ်သာ ရှိခဲ့ကာ 76 00:02:41,416 --> 00:02:43,635 သူငယ်တန်းကို မပြီးဆုံးခဲ့သေးတော့၊ 77 00:02:43,635 --> 00:02:45,854 ကျွန်တော့ စိတ်ကူးကို လက်တွေ့ ရုပ်လုံးဖေါ်ဖို့ လိုအပ်တဲ့ 78 00:02:45,854 --> 00:02:48,073 အရင်းအမြစ်များ နဲ့ ကိရိယာတွေ မရှိခဲ့ပေမဲ့၊ 79 00:02:48,073 --> 00:02:50,367 အဲဒီလို စူးစမ်းလိုစိတ်က သက်ကြီးသူတွေကို ကူညီပေးရန် 80 00:02:50,367 --> 00:02:52,661 အာရုံခံကိရိယာတွေကို အသုံးပြုရေး ဆိုတဲ့ စိတ်ကူးဟာ 81 00:02:52,661 --> 00:02:54,965 ကျွန်တော့ခေါင်းထဲမှာ တချိန်လုံး ရှိနေခဲ့ပါတယ်။ 82 00:02:54,965 --> 00:02:57,269 အာရုံခံကိရိယာတွေဟာ သက်ကြီးတွေရဲ့ ဘဝ အရည်အသွေးကို 83 00:02:57,269 --> 00:02:59,654 မြှင့်တင်ကူညီနိုင်မှာကို ကျွန်တော် တကယ်ယုံကြည်ပါတယ်။ 84 00:02:59,654 --> 00:03:02,039 ကျွန်တော့ စိတ်ကူးကို ချကြည့်လိုက်တော့၊ စိန်ခေါ်မှုကြီး 85 00:03:02,039 --> 00:03:04,425 သုံးခု ရင်ဆိုင်ရမှာကို နားလည်လိုက်တယ်၊ 86 00:03:04,425 --> 00:03:06,194 ပထမဦးဆုံးက အာရုံခံကိရိယာကို တီထွင်ရန်ပါပဲ၊ 87 00:03:06,194 --> 00:03:07,773 ဒုတိယက ပတ်လမ်းဇယားကို ဒီဇိုင်းပြုစုရန်၊ 88 00:03:07,773 --> 00:03:09,491 ပြီးတော့ တတိယက စမတ်ဖုန်း အက်ပ် ကုဒ်ကို ပြုစုရန်ပါပဲ။ 89 00:03:09,491 --> 00:03:11,209 အဲဒီကျမှ ကျွန်တော့ ပရိုဂျက်ကို ရုပ်လုံးဖေါ်ရေးဟာ 90 00:03:11,209 --> 00:03:12,927 အစပိုင်းမှာ ကျွန်တော် ထင်ခဲ့တာထက်ကို 91 00:03:12,927 --> 00:03:14,982 များစွာမှ ခဲယဉ်းတာကို ကျွန်တော် နားလည်လိုက်တယ်။ 92 00:03:14,982 --> 00:03:17,067 ပမထအချက်အနေနဲ့၊ လူနာ ခြေဖဝါးမှာ သက်သောင့်သက်သာရှိကာ 93 00:03:17,067 --> 00:03:19,152 တပ်ဆင်ပေးလို့ရမယ့် ပါးပြီးပျော့ပျောင်းတဲ့ အာရုံခံကိရိယာကို 94 00:03:19,152 --> 00:03:20,986 ကျွန်တော် တီထွင်ရန် လိုခဲ့ပါတယ်။ 95 00:03:20,986 --> 00:03:22,820 တော်တော်များများ သုတေသန ပြုလုပ်ခဲ့ကာ 96 00:03:22,820 --> 00:03:24,610 ရာဘာလို ပစ္စည်းအမျိုးမျိုးကို စမ်းကြည့်ခဲ့လို့၊ 97 00:03:24,610 --> 00:03:26,400 ရာဘာဟာ ထူလွန်းလို့ ခြေဖဝါးအောက်မှာ ဝတ်ဆင်ဖို့ 98 00:03:26,400 --> 00:03:27,519 အဆင်သိပ်မပြေတာကို တွေ့ခဲ့တယ်။ 99 00:03:27,519 --> 00:03:28,638 အဲဒါနဲ့ ကျွန်တော်ဟာ လျှပ်စီးနိုင်ကာ ဖိအားကို 100 00:03:28,638 --> 00:03:29,978 အာရုံခံနိုင်တဲ့ မင်မှုန်လေးတွေပါတဲ့ 101 00:03:29,978 --> 00:03:31,318 အလွှာပါး အာရုံခံကိရိယာကို ပုံနှိပ်ယူရန် 102 00:03:31,318 --> 00:03:32,660 ဆုံးဖြတ်လိုက်ပါတယ်။ 103 00:03:32,660 --> 00:03:34,840 ဖိအား ရှိလာတာနဲ့ အမှုန်တွေအကြားက လျှပ်စီးမှုဟာ တိုးလာပါတယ်။ 104 00:03:34,840 --> 00:03:37,020 အဲဒါနဲ့ ကျွန်တော်ဟာ ၎င်းတို့ရဲ့ လျှပ်စစ် 105 00:03:37,020 --> 00:03:39,200 ခုခံနိုင်စွမ်းကို တိုင်းကြည့်ကာ 106 00:03:39,200 --> 00:03:40,808 ဖိအားကို တိုင်းနိုင်မယ့် စက်ကို ထွင်ခဲ့ရပါတယ်။ 107 00:03:40,808 --> 00:03:42,416 အဲဒီနောက်၊ ကျွန်တော်ဟာ ဆောင်လို့ရနိုင်တဲ့ 108 00:03:42,416 --> 00:03:44,056 ကြိုးမဲ့ ပတ်လမ်းကို ပုံစံဆွဲခဲ့ရပါတယ်၊ 109 00:03:44,056 --> 00:03:45,696 ဒါပေမဲ့ ကြိုးမဲ့ အချက်ပြမှု ထုတ်လွင့်ပေးဖို့အတွက် 110 00:03:45,696 --> 00:03:47,338 စွမ်းအား တော်တော်များများ လိုအပ်ကာ၊ 111 00:03:47,338 --> 00:03:49,134 လေးလံကြီးမားတဲ့ ဓာတ်ခဲတွေ လိုပါတယ်။ 112 00:03:49,134 --> 00:03:50,930 ကံကောင်းချင်တော့၊ ကျွန်တော်ဟာ Bluetooth 113 00:03:50,930 --> 00:03:52,703 စွမ်းအားနိမ့် နည်းပညာကို ရှာတွေ့နိုင်ခဲ့ရာ 114 00:03:52,703 --> 00:03:54,476 စွမ်းအားသုံးစွဲမှု နည်းတဲ့အပြင် အကြွေစေ့အရွယ် 115 00:03:54,476 --> 00:03:56,277 ဓာတ်ခဲလေးနဲ့ မောင်းနှင်နိုင်ပါတယ်။ 116 00:03:56,277 --> 00:03:58,078 အဲဒါကြောင့်မို့လို့ ကျွန်တော့စနစ်ဟာ ညနက်ချိန်မှာ 117 00:03:58,078 --> 00:03:59,880 အားကုန်သွားမှာကို ကြောက်စရာ မလိုခဲ့ပါ။ 118 00:03:59,880 --> 00:04:01,860 နောက်ဆုံးအနေနဲ့၊ စမတ်ဖုန်း အက်ပ်ကို ကုဒ်သွင်းပေးလျက် 119 00:04:01,860 --> 00:04:03,840 စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းကို အဝေးထိန်း 120 00:04:03,840 --> 00:04:05,725 စောင့်ကြည့်စက်လို ပြောင်းလဲပစ်ရန် ဖြစ်ခဲ့ပါတယ်။ 121 00:04:05,725 --> 00:04:07,610 အဲဒီလို လုပ်နိုင်ဖို့အတွက်၊ Java နဲ့ XCode တွေဆိုင်ရာ 122 00:04:07,610 --> 00:04:09,497 အသိပညာတွေကို လေ့လာယူခဲ့ရကာ 123 00:04:09,497 --> 00:04:11,618 စွမ်းအင်နိမ့် ဘလူးတုသ် ကိရိယာတွေကို ကုဒ်သွင်းပေးဖို့ကိုကျတော့ 124 00:04:11,618 --> 00:04:13,739 YouTube လက်တွေ့သင်တန်းတွေ နဲ့ 125 00:04:13,739 --> 00:04:16,165 စာအုပ်အမျိုးမျိုးတို့ထဲမှ လေ့လာခဲ့ပါတယ်။ 126 00:04:16,165 --> 00:04:18,591 အဲဒီ အစိတ်အပိုင်းတွေကို စုစည်းပေးလျက်၊ ကျွန်တော်ဟာ 127 00:04:18,591 --> 00:04:21,019 ရှေ့ပြေးပုံစံ နှစ်မျိုးကို အောင်မြင်စွာ တီထွင်ခဲ့တယ်၊ 128 00:04:21,019 --> 00:04:23,347 တခုထဲတွင် အာရုံခံကိရိယာကို ခြေအိတ်ထဲ ထည့်သွင်းခဲ့တယ်၊ 129 00:04:23,347 --> 00:04:25,743 နောက်တခုကျတော့ ဖြုတ်တပ်နိုင်တဲ့ အာရုံခံပစ္စည်းအစုံဖြစ်ခဲ့ရာ 130 00:04:25,743 --> 00:04:27,949 လူနာရဲ့ ခြေဖဝါး အောက်ပိုင်းနဲ့ ထိတွေ့နိုင်တဲ့ 131 00:04:27,949 --> 00:04:29,526 ဘယ်နေရာမှာမဆို တပ်ဆင်ပေးရန် ဖြစ်တယ်။ 132 00:04:29,526 --> 00:04:31,103 ကျွန်တော်ဟာ ကျွန်တော့ ကိရိယာကို အဖိုးပေါ်မှာ 133 00:04:31,103 --> 00:04:32,682 စမ်းသပ်ကြည့်တာ တနှစ်ခန့်ရှိပြီ၊ 134 00:04:32,682 --> 00:04:34,593 ၎င်းဟာ သူရဲ့ ထွက်လျှောက်မှု အကြိမ် ၉၀၀ ရှိခဲ့တဲ့ထဲက 135 00:04:34,593 --> 00:04:36,746 ၁၀၀ ရာခိုင်နှုန်းပြည့်ကို ဖေါ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ 136 00:04:36,746 --> 00:04:38,899 လွန်ခဲ့တဲ့ နွေရာသီမှာ ကျွန်တော်ဟာ 137 00:04:38,899 --> 00:04:40,465 ကျွန်တော့ ကိရိယာရဲ့ ဘီတာ စမ်းသပ်မှုကို 138 00:04:40,465 --> 00:04:42,031 ကယ်လီဖိုနီးယား လူနေရပ်ကွက်များထဲက စောင့်ရှောက်ရေး 139 00:04:42,031 --> 00:04:43,598 နေရာ အများအပြားမှာ စမ်းသပ်ခဲ့လို့ 140 00:04:43,598 --> 00:04:45,309 ကျွန်တော်ဟာ ရရှိခဲ့တဲ့ တုံ့ပြန်ချက်တွေကို လေ့လာနေကာ 141 00:04:45,309 --> 00:04:47,020 ကိရိယာကို ဈေးကွက်တင် ရောင်းနိုင်ဖို့ 142 00:04:47,020 --> 00:04:48,733 မြှင့်တင်ရန် အားထုတ်နေပါတယ်။ 143 00:04:48,733 --> 00:04:50,841 အဲဒီကိရိယာကို လူနာ တော်တော်များများနဲ့ စမ်းသပ်ကြည့်ခဲ့လို့ 144 00:04:50,841 --> 00:04:52,639 လူတွေအနေနဲ့ ညဖက်မှာ ခြေအိတ်ကို စွပ်ထားရန် မလိုအပ်တဲ့ 145 00:04:52,639 --> 00:04:54,437 ဖြေရှင်းနည်းမျိုး တီထွင်ပေးမှာကို လူတွေ 146 00:04:54,437 --> 00:04:56,168 လိုချင်နေကြတာ သိလာရပါတယ်။ 147 00:04:56,168 --> 00:04:57,899 လူနာ အများအပြားတို့ထံမှ စုစည်းရရှိထားတဲ့ 148 00:04:57,899 --> 00:04:59,630 အဲဒီလို အာရုံခံကိရိယာရဲ့ ဒေတာဟာ 149 00:04:59,630 --> 00:05:01,345 လူနာများအား စောင့်ရှောက်မှုကို မြှင့်တင်ရာမှာ အသုံးဝင်နိုင်သလို 150 00:05:01,345 --> 00:05:03,060 ရောဂါတွေကို ကုစားပေးရေး နည်းစနစ်ကိုပါ ရှာတွေ့ရေးဆီကို 151 00:05:03,060 --> 00:05:04,777 ဦးတည်ပေးချင် ပေးနိုင်ပါမယ်။ 152 00:05:04,777 --> 00:05:06,620 ဥပမာ၊ လောလောဆယ်မှာ ကျွန်တော်ဟာ လူနာတယောက်ရဲ့ 153 00:05:06,620 --> 00:05:08,651 ညအချိန် ထွက်လျှောက်တတ်တဲ့ ကြိမ်နှုန်း နဲ့ 154 00:05:08,651 --> 00:05:10,682 သူရဲ့ နေ့စဉ် စားသောက်မှု အမူအကျင့်များနဲ့ 155 00:05:10,682 --> 00:05:12,714 ဆက်နွှယ်နေပုံကို လေ့လာနေပါတယ်။ 156 00:05:13,854 --> 00:05:15,513 ကျွန်တော် ဘယ်တော့မှာမှ မေ့မရနိုင်တာကတော့ 157 00:05:15,513 --> 00:05:17,172 ကျွန်တော့အဖိုး ညအချိန်မှာ ကုတင်းပေါ်မှထလျက် 158 00:05:17,172 --> 00:05:18,709 ထွက်လျှောက်ခဲ့တာကို ပထမဆုံးအကြိမ် ရှာတွေ့နိုင်ခဲ့မှုပါပဲ။ 159 00:05:18,709 --> 00:05:20,246 အဲဒီအချိန်ကလေးမှာ၊ ကျွန်တော်ဟာ နည်းပညာတွေရဲ့ 160 00:05:20,246 --> 00:05:21,784 ဘဝကို ပြောင်းလဲ မြှင့်တင်ပေးရေး 161 00:05:21,784 --> 00:05:23,761 စွမ်းပကားကို တကယ့်ကို အံ့အားသင့်နေခဲ့ပါတယ်။ 162 00:05:24,011 --> 00:05:26,131 ကျွန်တော် စိတ်ကူးယဉ်မိတဲ့ ကမ္ဘာကြီးက 163 00:05:26,131 --> 00:05:28,156 လူတွေ ပျော်ရွှင်စွာ နဲ့ ကျန်းမာစွာ နေထိုင်နိုင်ကြမယ့် ကမ္ဘာကြီးပါပဲ။ 164 00:05:28,156 --> 00:05:30,216 အထူး ကျေးဇူးတင်ပါတယ်။ 165 00:05:30,216 --> 00:05:33,526 (လက်ခုပ်သံများ)