သင့်ကိုယ်ခန္ဓာ ဘာသာစကားက သင့်ပုံကို သွင်းပေးနေတယ်။
-
0:01 - 0:06ကဲ ရှင်တို့ကို နည်းပညာမပါတဲ့ အခမဲ့
သက်စောင့်နည်းလေး ပေးတာနဲ့ စချင်ပါတယ်။ -
0:06 - 0:09ရှင်တို့လိုတာဆိုလို့ ဒါပါပဲ၊
-
0:09 - 0:13ကိုယ်ဟန် အနေအထားကို
နှစ်မိနစ်ကြာ ပြောင်းတာပါ။ -
0:13 - 0:16ဒါပေမဲ့ ဒါ မပေးခင် အခု
ရှင်တို့ကိုမေးချင်တာက -
0:16 - 0:20ကိုယ့်ခန္ဓာကိုယ်ကို ပြီးတော့
ခန္ဓာကိုယ်နဲ့ ဘာလုပ်နေတယ်ဆိုတာ စစ်ကြည့်ပါ။ -
0:20 - 0:23ကဲ ဘယ်နှစ်ယောက်က ကိုယ့်ကိုယ်ကို
ပိုငယ်အောင်လုပ်နေလဲ။ -
0:23 - 0:26ရှင်တို့ဟာ ကိုင်းနေမယ်၊ တင်ပျဉ်ချိတ်ရင်း၊
ခြေကျင်းဝတ်တွေဖုံးရင်းပေါ့။ -
0:26 - 0:30တစ်ခါတစ်လေ၊ ဒီလိုမျိုး လက်တွေ
ပိုက်ထားတာပေါ့။ -
0:30 - 0:33တစ်ခါတစ်လေ ဖြန့်လိုက်တာပေါ့။
(ရယ်သံများ) -
0:33 - 0:36ရှင်တို့ကို တွေ့ပါတယ်။
-
0:36 - 0:39အခု ကိုယ်လုပ်နေတာကို အာရုံစိုက်စေချင်တယ်။
-
0:39 - 0:41ခဏနေရင် ဒီအကြောင်းပြန်လာပါမယ်။
-
0:41 - 0:44မျှော်လင့်မိတာက ဒါကို နည်းနည်းလေး
လိမ်လှည့် ဖို့သင်လိုက်ရင် -
0:44 - 0:47ဒါက ကိုယ့်ဘဝကို ဖြန့်ခင်းတဲ့ နည်းကို
သိသိသာသာ ပြောင်းလဲနိုင်တာကိုပါ။ -
0:47 - 0:52ကဲ ကိုယ်ခန္ဓာ ဘာသာစကားကို ကျွန်မတို့
တော်တော်စိတ်ဝင်စားကြတယ်။ -
0:52 - 0:56အထူးသဖြင့် သူများရဲ့ ကိုယ်ခန္ဓာ
ဘာသာစကားကို စိတ်ဝင်စားတာပေါ့။ -
0:56 - 1:00သိတယ်နော်၊ ကျွန်မတို့ စိတ်ဝင်စားတာ၊
ဆိုပါတော့ သိပါတယ်၊ (ရယ်သံများ) -
1:00 - 1:04ခွတီးခွတ တုံ့ပြန်မှု၊ ပြုံးတာ၊
-
1:05 - 1:09အထင်သေးတဲ့အကြည့်၊ တော်တော်ခွကျတဲ့
မျက်စိတစ်ဖက်မှိတ်ပြတာ၊ -
1:09 - 1:12လက်ဆွဲနှုတ်ဆက်တာတို့တောင် ဖြစ်လောက်တယ်။
-
1:12 - 1:15ဇာတ်ကြောင်းပြောသူ၊ ဒီမှာ
နံပါတ် ၁၀ ရောက်နေပါတယ်။ -
1:15 - 1:20ဒီကံကောင်းတဲ့ ရဲသားက အမေရိကန် သမ္မတနဲ့
လက်ဆွဲနှုတ်ဆက်ပါတယ်။ -
1:20 - 1:25ဟောဒီမှာ ဝန်ကြီးချုပ်ပါ၊ နိုး။
(ရယ်သံများ) (လက်ခုပ်သံများ) -
1:25 - 1:27(ရယ်သံများ) (လက်ခုပ်သံများ)
-
1:27 - 1:31Amy Cuddy: ဒီတော့ လက်ဆွဲနှုတ်ဆက်တာ၊
လက်ဆွဲနှုတ်ဆက်တာ မပါတာက -
1:31 - 1:34ကျွန်မတို့ကို သီတင်းပတ်အကြာကြီး
စကားပြောဖြစ်စေပါတယ်။ -
1:34 - 1:36BBC နဲ့ The New York Times မှာတောင်ပါ။
-
1:36 - 1:40ဒီတော့ ရှင်းနေတာက နှုတ်ကမပြောတဲ့ အမူ
အယာ (သို့) ကိုယ်ခန္ဓာ ဘာသာစကားကို -
1:40 - 1:43တွေးတဲ့အခါ လူမှုရေးသိပ္ပံပညာရှင်တွေက
ဒါကို နှုတ်မှမပြောတာလို့ခေါ်တယ်၊ -
1:43 - 1:46ဒါဟာ ဘာသာစကားဆိုတော့
ဆက်သွယ်ရေးအကြောင်း တွေးကြတာပါ။ -
1:46 - 1:49တုံ့ပြန်ဆက်သွယ်ချက်တွေကို တွေးကြတာပါ။
-
1:49 - 1:51သင့်ကိုယ်ခန္ဓာ ဘာသာစကားက
ကျွန်မကို ဘာဆက်သွယ်တာလဲ။ -
1:51 - 1:54ကျွန်မကရော သင့်ကို ဘာဆက်သွယ်တာလဲ။
-
1:54 - 2:00ဒါကိုကြည့်ဖို့ ခိုင်လုံတဲ့နည်းတစ်ခုဆိုတာ
ယုံကြည့်ဖို့ အကြောင်း အများကြီးရှိတယ်။ -
2:00 - 2:02လူမှုရေးသိပ္ပံပညာရှင်တွေဟာ
ကိုယ့် ခန္ဓာဘာသာစကား -
2:02 - 2:04(သို့) အခြားသူတွေရဲ့ ကိုယ်ခန္ဓာ ဘာသာစကားက
-
2:04 - 2:06ရလဒ်၊ ထင်မြင်ချက်တွေကြည့်ဖို့
အချိန်ကုန်ခဲ့တယ်၊ -
2:06 - 2:10ကျွန်မတို့က ခန္ဓာဘာသာစကားကနေ
ကျယ်ပြန့်တဲ့ ထင်မြင်ချက်တွေ ချတယ် -
2:10 - 2:14ဒီထင်မြင်ချက်တွေဟာ အဓိပ္ပါယ်ရှိတဲ့ ဘဝ
ရလဒ်တွေကို ဟောကိန်းထုတ်နိုင်ပါတယ်။ -
2:14 - 2:17ဆိုပါတော့ ဘယ်သူ့ကို အလုပ်ခန့်၊ ရာထူးတိုး၊
ဘယ်သူ့ကို ချိန်းဖို့ပြောတယ်ပေါ့။ -
2:17 - 2:22ဥပမာ Tufts University က
သုတေသီ Nalini Ambady ပြတာက -
2:22 - 2:27လူတွေဟာ တကယ့် သမားတော်နဲ့ လူနာ
တုံ့ပြန်ဆက်သွယ်မှုတွေရဲ့ -
2:27 - 2:30အသံမဲ့ပြကွက်ကို စက္ကန့် ၃၀ ကြည့်တဲ့အခါ
-
2:30 - 2:32သမားတော်ရဲ့ ချိုသာမှုအပေါ်
ထင်မြင်မှုတွေဟာ -
2:32 - 2:35သမားတော်ဟာ
တရားစွဲခံရ၊ မရကို ကြိုဟောပါတယ်။ -
2:35 - 2:37ဒါက သမားတော်ဟာ မကျွမ်းကျင်တာ၊
-
2:37 - 2:39ကျွမ်းကျင်တာ နဲ့သိပ်မဆိုင်ပဲ
-
2:39 - 2:42သူတို့ တုံ့ပြန်ဆက်သွယ်တာ ကြိုက်၊
မကြိုက်ဆိုတာပါ။ -
2:42 - 2:45ပိုတောင် ထင်ရှားတာက
Princeton က Alex Todorov ပြထားတာက -
2:45 - 2:49တစ်စက္ကန့်လေးအတွင်းက
နိုင်ငံရေး အမတ်လောင်းတွေရဲ့ -
2:49 - 2:53မျက်နှာတွေရဲ့ ထင်မြင်ချက်တွေဟာ
၇၀ % သော U.S ဥပဒေပြုလွတ်တော်နဲ့ -
2:53 - 2:57ပြည်နယ်အုပ်ချုပ်ရေးမှူး
ရလဒ်တွေကို ကြိုဟောပြီး -
2:57 - 2:59ဒါတင်မက ဒစ်ဂျစ်တယ်လုပ်ပြီး
-
2:59 - 3:03အွန်လိုင်း ညှိနှိုင်းခြင်းမှာ ကောင်းကောင်း
သုံးလိုက်တဲ့ မျက်နှာပုံတွေဟာ ဒိညှိနိုင်း -
3:03 - 3:06ဆွေးနွေးခြင်းက တန်ဖိုးကို
ပိုတောင်းနိုင်တဲ့အထိ ရနိုင်ပါတယ်။ -
3:06 - 3:09ဒါတွေကို ခပ်ညံ့ညံ့ သုံးရင်တော့
မကောင်းဘူးလေ၊ဟုတ်လား။ -
3:09 - 3:12ဒီတော့ နှုတ်ရေးမပါတာကို တွေးတဲ့အခါ
ကိုယ်က သူများကို ဘယ်လို၊ -
3:12 - 3:15သူတို့ ကိုယ့်ကို ဘယ်လို အကဲဖြတ်လဲ
ရလဒ်တွေက ဘာဆိုတာ တွေးတာပါ။ -
3:15 - 3:17ဒါပေမဲ့ မေ့တတ်ကြတာက
ကိုယ့် နှုတ်မှုမပါတာရဲ့ -
3:17 - 3:20လွှမ်းမိုးမှုခံရတဲ့
ပရိတ်သတ်နဲ့ ကိုယ်ကိုယ်တိုင်ကိုပါ။ -
3:21 - 3:24ကျွန်မတို့လည်း ကိုယ့်နှုတ်ရေးမပါတာ၊
ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို၊ -
3:24 - 3:26စိတ်ပညာတွေရဲ့ လွှမ်းမိုးမှု
တွေကိုလည်း ခံရပါတယ်။ -
3:26 - 3:29ဒီတော့ ဘယ်နှုတ်မှုမပါတာကို
ကျွန်မ ပြောနေတာလဲ၊ -
3:29 - 3:32ကျွန်မက လူမှုရေးစိတ်ပညာရှင်ပါ။
အဂတိ အစွဲအလမ်းကို လေ့လာပြီး -
3:32 - 3:35ပြိုင်ဆိုင်ရတဲ့ စီးပွားရေးကျောင်းမှာ
စာသင်ပါတယ်။ -
3:35 - 3:39ဒီတော့ လှုပ်ရှားမှုပညာ အစွမ်းကို
စိတ်ဝင်စားလာတယ်ဆိုတာက ရှောင်လွှဲမရဘူးလေ။ -
3:39 - 3:43အထူးစိတ်ဝင်တစားဖြစ်လာတာက
စွမ်းအားနဲ့ လွှမ်းမိုးမှုရဲ့ -
3:43 - 3:45နှုတ်မှုမပါတဲ့ အမူအရာပါ။
-
3:45 - 3:48စွမ်းအား၊ လွှမ်းမိုးမှုရဲ့ နှုတ်မှုမဲ့
အမူအရာတွေက ဘာတွေလဲ -
3:48 - 3:50ကဲ ဒါကတော့ အဲဒါတွေပါ။
-
3:50 - 3:53ဒီတော့ တိရိစ္ဆာန်လောကမှာ
သူတို့တွေက ဖြန့်တာပါ။ -
3:53 - 3:56ဒီတော့ ကိုယ့်ကိုယ်ကို ကြီးအောင်လုပ်ရင်၊
ဆန့်ထုတ်လိုက်တယ်၊ -
3:56 - 3:59နေရာအပြည့်ယူလိုက်တယ်၊
အရင်းခံက သင်ဟာ ဖွင့်လိုက်တာပါ။ -
3:59 - 4:01ဒါဟာ ဖွင့်လိုက်တာပါ။
-
4:01 - 4:03ဒါဟာ တိရိစ္ဆာန်လောကမှာ အမှန်ပါ။
-
4:03 - 4:06ပရိုင်းမိတ်တွေကိုပဲ
ကန့်သတ်ထားတာမဟုတ်ပါ။ -
4:06 - 4:09လူတွေလည်း အတူတူပါပဲ။ (ရယ်သံများ)
-
4:09 - 4:13သူတို့တွေဟာ မော်ကွန်းတင်တာမျိုး
အစွမ်းရှိတဲ့အခါ၊ -
4:13 - 4:16အစွမ်းရှိတယ်လို့ ခံစားမိတဲ့အခိုက်
နှစ်မျိုးလုံးမှာ လုပ်ပါတယ်။ -
4:16 - 4:19ဒါက အထူးစိတ်ဝင်စားဖို့ကောင်းတာက
စွမ်းအားရဲ့ -
4:19 - 4:23လူတိုင်းသိပြီး ရှေးကျတဲ့ အမူအရာတွေဟာ
ဘယ်လိုဆိုတာကို ပြလို့ပါ။ -
4:23 - 4:25ဒီအမူအရာက ဂုဏ်ယူတာလို့ အသိများပါတယ်။
-
4:25 - 4:28Jessica Tracy က လေ့လာထားတယ်။
-
4:28 - 4:30သူမတင်ပြထားတာက
အမြင်နဲ့ မွေးလာသူတွေနဲ့ -
4:31 - 4:33မွေးရာပါ မျက်မမြင်တွေဟာ ကိုယ်ခန္ဓာပိုင်း
-
4:33 - 4:36ပြိုင်ပွဲတစ်ခုနိုင်တဲ့အခါမှာ လုပ်ပါတယ်တဲ့။
-
4:36 - 4:38ဒီတော့ သူတို့ ပန်းဝင်ပြီး နိုင်တဲ့အခါ၊
-
4:38 - 4:41တစ်ယောက်ယောက်လုပ်တာ မြင်ဖူးတာ
မမြင်ဖူးတာ အပထား၊ -
4:41 - 4:42ဒါကို သူတို့လုပ်တယ်။
-
4:42 - 4:45လက်မောင်းတွေ V ပုံမြှင့်၊
မေးနည်းနည်း မော့ထားတာပေါ့။ -
4:45 - 4:47ကျွန်မတို့ စွမ်းအင်မဲ့တဲ့အခါ ဘာလုပ်ကြလဲ။
-
4:47 - 4:48အတိအကျကို ဆန့်ကျင်ဘက်လုပ်တာပေါ့။
-
4:48 - 4:51ပိတ်လိုက်ကြတယ်လေ။
ကိုယ့်ကိုယ်ကို ထွေးပတ်လိုက်တယ်။ -
4:51 - 4:52မိမိကိုယ်ကို သေးအောင်လုပ်တယ်
-
4:52 - 4:55ကိုယ့်ဘေးကလူကို မဆုံချင်တော့ဘူး။
-
4:55 - 4:57တစ်ဖန် တိရစ္ဆာန်ရော လူပါ အတူတူလုပ်ကြတယ်။
-
4:57 - 5:01ဒါက အာဏာ အမြင့်နဲ့ အနိမ့် အတူတူရှိတဲ့အခါ
ဖြစ်တတ်တာပါ။ -
5:01 - 5:05အခြားသူရဲ့ နှုတ်မှုမပါတာတွေကို
ဖြည့်စွက်တဲ့ -
5:05 - 5:07စွမ်းအားဆိုတာဖြစ်လာတော့
ဘာလုပ်တတ်ကြလဲ။ -
5:07 - 5:10ဒီတော့ တကယ် စွမ်းအားရှိတဲ့ သူနဲ့
အတူ ရှိတဲ့အခါ -
5:10 - 5:12မိမိကိုယ်ကို ပိုသေးအောင်လုပ်တတ်တယ်။
သူတို့ကို မထင်ဟပ်ဘူး -
5:12 - 5:14သူတို့ရဲ့ ဆန့်ကျင်ဘက်တွေ လုပ်တယ်။
-
5:14 - 5:17ဒါနဲ့ ဒီအပြုအမူကို စာသင်ခန်းထဲမှာ
စောင့်ကြည့်နေမိတယ်၊ -
5:17 - 5:20ဘာကို သတိထားမိလိုက်လဲဆိုတော့
-
5:20 - 5:27MBA ကျောင်းသားတွေဟာ စွမ်းအားရှိတဲ့
နှုတ်မှုမပါတာကိုအပြည့်အဝ ကို ပြပါတယ်။ -
5:27 - 5:29ဒီတော့ အဖိုဒြပ်ရှိတဲ့
ရုပ်ပြောင်တွေလို လူတွေပါ။ -
5:29 - 5:33အခန်းထဲကိုလာ၊ အတန်းမစခင်မှာတောင်
အခန်းအလယ်တည့်တည့်ကို လာကြတာပေါ့။ -
5:33 - 5:36သူတို့ဟာ တကယ်ကို နေရာကို
သိမ်းပိုက်ချင်သလိုမျိုးနဲ့။ -
5:36 - 5:39ထိုင်တော့ ဖြန့်ထားသလိုမျိုး၊
-
5:39 - 5:40ဒီလိုမျိုး လက်တွေထောင်ကြတယ်။
-
5:40 - 5:43သူတို့ဝင်လာရင် အခြားသူတွေဟာ
ပုံကျလုနီးပါးဖြစ်ရော။ -
5:43 - 5:45ဒါကို သူတို့ဝင်လာတာနဲ့ တွေ့ရတယ်။
-
5:45 - 5:48ဒါကို သူတို့မျက်နှာမှာ
ကိုယ်တွေမှာ တွေ့ရတယ်။ -
5:48 - 5:51ထိုင်ခုံမှာ ထိုင်ပြီး ကိုယ့်ကိုယ်ကို
သေးငယ်အောင်လုပ်တယ်၊ -
5:51 - 5:53လက်ထောင်တော့ ဒီလိုလေ။
-
5:53 - 5:55ဒီအကြောင်း တစ်ခု၊ နှစ်ခု သတိပြုမိတယ်။
-
5:55 - 5:57တစ်ခုက အံ့တော့ အံ့သြမိမှာ မဟုတ်ပါဘူး။
-
5:57 - 5:59လိင်နဲ့ ဆိုင်ပုံရပါတယ်။
-
5:59 - 6:04မိန်းမတွေက ယောကျာ်းတွေထက် ဒီလိုမျိူး
လုပ်နိုင်ခြေပိုရှိတယ်။ မိန်းမတွေဟာ -
6:04 - 6:07ယောကျာ်းတွေထက် အစဉ်အလာအရ
စွမ်းအားပိုနည်းလေတော့ -
6:07 - 6:09ဒါက အံ့သြစရာ မရှိပါဘူး။
-
6:09 - 6:11ဒါပေမဲ့ နောက်သတိထားမိတာ တစ်ခုက
-
6:11 - 6:13ကျောင်းသားတွေ ပါဝင်ဆွေးနွေးတာနဲ့
ဘယ်လို ကောင်းကောင်း -
6:13 - 6:17ပါဝင်ဆွေးနွေးတာနဲ့ အတိုင်းအတာ
တစ်ခုအထိ ပတ်သက်နေပုံရတယ်။ -
6:17 - 6:20ဒါက MBA စာသင်ခန်းမှာ အတော် အရေးကြီးတယ်။
-
6:20 - 6:22အကြောင်းက ပါဝင်ဆွေးနွေးခြင်းက
အမှတ်တစ်ဝက် တွက်တယ်လေ။ -
6:23 - 6:27ဒီတော့ စီးပွားရေးသင်တန်းကျောင်းတွေဟာ
လိင်အဆင့်ကွာမှုမှာ ရုန်းကန်နေရတယ်။ -
6:27 - 6:30အရည်အချင်းတူတဲ့ မိန်းမ၊ယောကျာ်းတွေ
-
6:30 - 6:32ဝင်လာပြီး အဆင့်တွေကွဲနေတာက
-
6:32 - 6:35ပါဝင်ဆွေးနွေးခြင်းကို တစ်စိတ်တစ်ပိုင်း
မှတ်ယူနေပုံရတာပါ။ -
6:36 - 6:39ဒါနဲ့စတွေးမိတာက သိတယ်နော်၊ အိုကေ၊
-
6:39 - 6:42ဒိလိုဝင်လာပြီး
ပါဝင်ဆွေးနွေးတဲ့သူတွေ ရှိတယ်ပေါ့။ -
6:42 - 6:45သူတို့ကို ဟန်ဆောင်ခိုင်းပြီး
ပိုပါဝင်ဆွေးနွေးဖြစ်အောင် -
6:45 - 6:47လုပ်ဖို့ဖြစ်နိုင်လားပေါ့။
-
6:47 - 6:51ဒါနဲ့ ကျွန်မရဲ့ အဓိက ပူးပေါင်းသူ
Berkeley က Dana Carney နဲ့ -
6:51 - 6:55ကျွန်မ တကယ်ကို သိချင်တာက
တကယ်မဖြစ်ခင်မှာ ဟန်ဆောင်လို့ရလားပေါ့။ -
6:55 - 6:57ဆိုပါစို့၊ ကိုယ့်ကို
ပိုစွမ်းအား ပြည့်စေပုံရတဲ့ -
6:57 - 7:00အပြုအမူပိုင်း ရလဒ်ကို တကယ်ပဲ
တွေ့ကြုံခံစားဖို့ ဒါကို -
7:00 - 7:02တစ်ခဏလေးလောက် လုပ်နိုင်မလားပေါ့။
-
7:02 - 7:05ကျွန်မတို့ သိတာက နှုတ်မှုမပါတာတွေက
အခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေးတယ်၊ -
7:05 - 7:08ခံစားတာကို စိုးမိုးတာပါ။
အထောက်အထားအများကြီးရှိတယ်။ -
7:08 - 7:09ဒါပေမဲ့ တကယ့်မေးခွန်းက
-
7:09 - 7:13ကိုယ့်နှုတ်မှု မပါတာတွေက ကိုယ့်ကိုယ်ကို
တွေးမြင်၊ ခံစားပုံကို စိုးမိုးစေလားပါ။ -
7:13 - 7:16သူတို့လုပ်တဲ့ အထောက်အထား
တစ်ချို့ရှိပါတယ်။ -
7:16 - 7:21ဥပမာကတော့ ပျော်တဲ့အခါ ကျွန်မတို့ ပြုံးတယ်။
-
7:21 - 7:23ဒါပေမဲ့ ဒီလို ခဲတံကို သွားမှာခဲရင်း
-
7:23 - 7:27အတင်းပြုံး ရတာလည်းရှိတယ်။
ဒါက ကိုယ့်ကို ပျော်စေတယ်လေ။ -
7:27 - 7:29ဒီတော့ နှစ်လမ်းသွားပေါ့။
-
7:29 - 7:33စွမ်းအားမှာ ကျတော့ ဒါကလည်း နှစ်လမ်းသွားပါ။
-
7:33 - 7:35ဒီတော့ ပိုစွမ်းအားပြည့်တယ်လို့
-
7:35 - 7:37ခံစားရတဲ့အခါ ဒါ ပိုလုပ်ဖို့များတယ်၊
-
7:37 - 7:43ဒါပေမဲ့ ဖြစ်နိုင်သေးတာက
စွမ်းအားပြည့်ဟန်ဆောင်လိုက်တော့ -
7:43 - 7:47တကယ်ကို စွမ်းအားပြည့်တယ်လို့
ခံစားဖို့ အလားအလာပိုရှိတာပါ။ -
7:47 - 7:50တကယ့် ဒုတိယမေးခွန်းက သိတဲ့အတိုင်း
-
7:50 - 7:53ကျွန်မတို့ စိတ်တွေနဲ့
ခန္ဓာတွေက ပြောင်းတယ်လေ။ -
7:53 - 7:57ဒါပေမဲ့ ခန္ဓာက စိတ်ကို
ပြောင်းစေတာလည်း ဟုတ်တယ်လေ။ -
7:57 - 8:00စိတ်တွေလို့ ပြောလိုက်တော့
စွမ်းအားပြည့်တယ်ဆိုရာမှာ -
8:00 - 8:01ဘာအကြောင်း ကျွန်မပြောနေတာလဲ။
-
8:01 - 8:03အတွေးတွေ၊ ခံစားချက်တွေနဲ့
-
8:03 - 8:07အတွေးတွေ၊ ခံစားချက်တွေဖြစ်စေတဲ့ ဇီဝကမ္မ
အရာတွေအကြောင်း ပြောနေတာပါ။ -
8:07 - 8:10ကျွန်မမှာကိစ္စတော့ ဒါဟာ ဟိုမုန်းတွေပါ။
ဟိုမုန်းတွေကို ကြည့်ပါတယ်။ -
8:10 - 8:14ဒီတော့ စွမ်းအားရှိ၊ စွမ်းအားမဲ့တဲ့
စိတ်တွေက ဘယ်လိုမျိုးလဲ။ -
8:14 - 8:18စွမ်းအားရှိသူတွေက
အံ့သြစရာတော့မဟုတ်ဘူး၊ -
8:19 - 8:23ပိုပြီး ယုံကြည်လွန်း၊ ပိုစိတ်ချပြီး
ပိုအကောင်းမြင်ကြတယ်။ -
8:23 - 8:26ကံကစားပွဲတွေမှာတောင်
သူတို့ဟာနိုင်မှာပဲလို့ တကယ် ခံစားရတယ်။ -
8:26 - 8:30ပိုပြီးလည်းစိတ်ကူးယဉ်ကာ တွေးတတ်တယ်။
-
8:30 - 8:33ဒီတော့ ခြားနားမှုတွေက အများကြီးပါ။
ပို စွန့်စားကြတယ်။ -
8:33 - 8:36အစွမ်းရှိသူနဲ့ အစွမ်းမဲ့တွေကြားမှာ
ခြားနားချက်တွေက အများကြီးပါ။ -
8:36 - 8:39ဇီဝကမ္မနည်းအရ အဓိက ဟိုမုန်း နှစ်ခုမှာ
-
8:39 - 8:43ကွဲပြားကြတာပါ။
testosterone ဒါက စိုးမိုးမှု ဟိုမုန်းပါ၊ -
8:43 - 8:46ပြီးတော့ cortisol စိတ်ဖိစီးမှု ဟိုမုန်းပါ။
-
8:46 - 8:54ဒါနဲ့ ကျွန်မတွေ့တာက testosterone မြင့်ပြီး
cortisol နိမ့်တဲ့ ပရိုင်းမိတ် ဝါစဉ်တွေမှာ -
8:54 - 8:57စွမ်းအားမြင့်
အဖိုဒြပ်နဲ့ စွမ်းအားရှိပြီး -
8:57 - 9:00ထိရောက်မှုရှိတဲ့ ခေါင်းဆောင်
တွေမှာလည်း မြင့်တဲ့ -
9:00 - 9:03testosterone နဲ့
နိမ့်တဲ့ cortisol ရှိတာပါ။ -
9:03 - 9:05ဒီတော့ ဒါက ဘာကိုဆိုလိုတာလဲ။
-
9:05 - 9:07စွမ်းအားလို့ဆိုရင်လူတွေက testosterone ပဲ
-
9:07 - 9:09တွေးမိတတ်တာက ဒါက လွှမ်းမိုးမှုလေ။
-
9:09 - 9:13ဒါပေမဲ့ တကယ်တမ်းက စွမ်းအားဆိုတာဟာ
ဖိစီးမှုကို တုံ့ပြန်ပုံပါ။ -
9:13 - 9:16ဒီတော့ လွမ်းမိုးမှုရှိတဲ့၊ testosterone
မြင့်ပြီး တကယ့် -
9:16 - 9:18တုံ့ပြန်မှုရှိတဲ့ စွမ်းအားမြင့်
ခေါင်းဆောင်ဖြစ်ချင်လား။ -
9:18 - 9:20မဖြစ်နိုင်ဘူးလေ။ ဟုတ်တယ်နော်။
-
9:20 - 9:23စွမ်းအားပြည့်၊ လွမ်းမိုးမှုရှိပြီး
ယုံကြည်မှုရှိပေမဲ့ -
9:23 - 9:27ဖိစီးတာကို သိပ်ပြီး တုံ့ပြန်မှုမရှိတဲ့
အေးဆေးသမား လူဖြစ်ချင်တယ်။ -
9:27 - 9:32ဒီတော့ ပရိုင်းမိတ် ဝါစဉ်တွေမှာ
-
9:32 - 9:35အဖိုဒြပ် လွှမ်းမိုးဖို့လိုတယ်ဆိုရင်
-
9:35 - 9:39တစ်ဦးချင်းတွေမှာ အဖိုဒြပ်ကဏ္ဍကို ရုတ်တရက်
လိုမျိုး၊ လွှမ်းမိုးဖို့လိုတယ်ဆိုရင် -
9:39 - 9:42ရက်အနည်းငယ်အတွင်းမှာပဲ တစ်ဦးချင်းရဲ့
testosterone ဟာ သိသိသာသာ -
9:42 - 9:46တိုးသွားပြီး သူ့ရဲ့ cortisol ဟာ
သိသိသာသာ ကျသွားပါတယ်။ -
9:46 - 9:49ဒီတော့ ကျွန်မတို့မှာ ကိုယ်ခန္ဓာက
စိတ်ကို ပုံသွင်းနိုင်တာနဲ့ -
9:49 - 9:51အနည်းဆုံး မျက်နှာအဆင့်ပေါ့။
-
9:51 - 9:55ဒီကဏ္ကက စိတ်ကို ပုံသွင်းနိုင်တာ
နှစ်ခုလုံးအတွက် အထောက်အထားရှိပါတယ်။ -
9:55 - 9:58ဒီတော့ ကဏ္ဍ အပြောင်းအလဲလုပ်တော့
ဘာဖြစ်လဲ၊ -
9:58 - 10:01ဒါကို အနည်းဆုံးအဆင့်ကို လုပ်ရင် ဘာဖြစ်လဲ။
-
10:01 - 10:03ဒီ ကစားတာလေးလို၊ စွက်ဖက်တာလေးလိုပေါ့။
-
10:03 - 10:06သင်ပြောတာက "လေးမိနစ်ကြာ
ကျုပ်ဒီလို ရပ်ချင်တယ်၊ -
10:06 - 10:09ဒါက ပိုစွမ်းအားရှိအောင်
လုပ်ပေးလိမ့်မယ်။" -
10:09 - 10:11ဒီတော့ ဒါက ကျွန်မတို့ လုပ်ခဲ့တာပါ။
-
10:12 - 10:16လူတွေကို လက်တွေ့ခန်းထဲခေါ်ပြီး
စမ်းသပ်ချက်ကလေး တစ်ခုလုပ်ဖို့ ဆုံးဖြတ်ပြီး -
10:16 - 10:20ဒီလူတွေဟာ နှစ်မိနစ်ကြာ
စွမ်းအာမြင့် ကိုယ်ဟန် (သို့) -
10:20 - 10:23စွမ်းအားမဲ့ ကိုယ်ဟန် လုပ်ယူကြတယ်။
-
10:23 - 10:25ဒီကိုယ်ဟန် ငါးခုကို ပြပါမယ်။
-
10:25 - 10:27ဒါပေမဲ့ နှစ်ခုပဲ သုံးခဲ့တာပါ။
-
10:27 - 10:29ဟောဒီမှာ တစ်ခု၊
-
10:30 - 10:31နောက်ထပ်ဒီမှာ။
-
10:32 - 10:37ဒီတစ်ခုကိုတော့ မီဒီယာကနေ
"Wonder Woman" လို့ အမည်တပ်ထားတယ်။ -
10:37 - 10:38ဒီမှာ နောက်ထပ်ပုံတွေပါ။
-
10:38 - 10:40ရပ်နေ (သို့) ထိုင်နေလို့ရပါတယ်။
-
10:40 - 10:42ဒါတွေကတော့ စွမ်းအားနိမ့် ကိုယ်ဟန်တွေပါ။
-
10:42 - 10:45ကိုယ်ကို ခွေထားတယ်၊
ကိုယ့်ကိုယ်ကို ပိုသေးအောင်လုပ်နေတာလေ။ -
10:47 - 10:48ဒါက စွမ်းအား အရမ်း နိမ့်တယ်။
-
10:48 - 10:52လည်ပင်းထိနေတာက ကိုယ့်ကိုယ်ကို
ကာကွယ်နေတာပဲလေ။ -
10:52 - 10:54ဒီတော့ ဖြစ်တာက ဒီလိုပါ။
-
10:54 - 10:56သူတို့တွေဝင်လာပြီး ပုံးထဲမှာ ဝင်နေကြတယ်။
-
10:56 - 11:00နှစ်မိနစ်အကြာမှာ ကျွန်မတို့က "ဒါ မဟုတ်ရင်
ဒါလုပ်ဖို့လိုတယ်။" -
11:00 - 11:02ပြောတယ်။ကိုယ်ဟန်ပုံတွေကို သူတို့မကြည့်ဘူး။
-
11:02 - 11:04ဒါတွေကို စွမ်အားရဲ့သဘောလို့
သင်ပေးမထားချင်ဘူး။ -
11:04 - 11:06သူတို့ကို စွမ်းအားခံစား စေချင်တာပါ
-
11:06 - 11:07ဒီတော့ နှစ်မိနစ် လုပ်ကြတယ်။
-
11:07 - 11:10သူတို့ကို ဘယ်လိုစွမ်းအား
ခံစားရလဲ မေးတယ်၊ -
11:10 - 11:13ပြီးတော့ သူတို့ကို စွန့်စားခွင့်ပေး
လိုက်တယ်။ -
11:13 - 11:16နောက် သွားရေကျစရာ
နမူနာတစ်ခု ယူပါတယ်။ -
11:16 - 11:17ဒါပါ။ ဒါစမ်းသပ်မှု တစ်ခုလုံးပါ။
-
11:17 - 11:19ဒါက ကျွန်မတို့တွေ့ရှိတာပါ။
-
11:19 - 11:21အရဲ့စွန့် သည်းခံတာပါ၊ စွန့်စားခြင်းပါ၊
-
11:21 - 11:25တွေ့ရှိတာက စွမ်းအားမြင့်ကိုယ်ဟန်
အနေအထားမှာ -
11:25 - 11:27သင်တို့ထဲက ၈၆% ဟာ စွန့်စားပြီး
-
11:27 - 11:29စွမ်းအားနိမ့် ကိုယ်ဟန် အနေအထားမှာ
-
11:29 - 11:33၆၀% ပဲရှိပါတယ်၊
ဒါက အရမ်းသိသာတဲ့ ခြားနားချက်ပါ။ -
11:33 - 11:36ဒါက testosterone မှာတွေ့တာပါ။
-
11:36 - 11:38သူတို့လာတဲ့ အခြေခံကနေ
-
11:38 - 11:42စွမ်းအားမြင့် တွေ့ကြုံ
ခံစားရတဲ့အခါ ၂၀% ခန့်တိုးပြီး -
11:42 - 11:46စွမ်းအားနိမ့်တွေ့ကြုံခံစားသူတွေက
၁၀% ခန့်လျော့ကျပါတယ်။ -
11:46 - 11:49ဒီတော့ တစ်ခါ၊ နှစ်မိနစ်ပေါ့၊
ဒီအပြောင်းအလဲတွေရပါတယ်။ -
11:49 - 11:51ဒါက cortisol မှာ ရတာပါ။
-
11:51 - 11:55စွမ်းအားမြင့် လူတွေမှာ
၂၅% ကျတယ်လို့ ခံစားရပြီး -
11:55 - 11:59စွမ်းအားနိမ့်လူတွေက ၁၅% တိုးတာ ခံစားရတယ်။
-
11:59 - 12:02ဒီတော့ နှစ်မိနစ်ဟာ သင့်ဦးနှောက်ကို
ပုံဖော်တဲ့ ဟိုမုန်း -
12:02 - 12:03အပြောင်းအလဲတွေကို အခြေခံအားဖြင့်
-
12:03 - 12:08ယုံကြည်မှု (သို့) စိတ်ချမှုနဲ့ နေသာတဲ့ဆီ
(သို့) ဖိစီးမှုကို ပြန်လည်တုံပြန်တာနဲ့ -
12:08 - 12:13ခံစားချက်ကို
ပိတ်ချလိုက်တာမျိုးတွေ ဖြစ်စေပါတယ်။ -
12:13 - 12:16ဒီခံစားချက် အားလုံးမှာ ရှိပါတယ်။
-
12:16 - 12:21နှုတ်မှုမပါတာတွေဟာ ကျွန်မတို့တွေးပုံ၊
မိမိကိုယ်ကို ခံစားပုံကို အုပ်ချုပ်ပါတယ်။ -
12:21 - 12:23သူများတွေချည်းပဲ မဟုတ်ပဲ၊
ကိုယ်တိုင်ကိုရောပါ။ -
12:23 - 12:26ဒါ့အပြင် ခန္ဓာကိုယ်ဟာ
စိတ်တွေကို ပြောင်းလဲစေပါတယ်။ -
12:26 - 12:28ဒါပေမဲ့ နောက်မေးခွန်းတစ်ခုကတော့
-
12:28 - 12:30စွမ်းအားပြည့် ကိုယ်ဟန်ဟာ
ကိုယ့်ဘဝကို -
12:30 - 12:32တကယ် အဓိပ္ပါယ်ရှိရှိ ပြောင်းစေလားဆိုတာပါ။
-
12:32 - 12:36ဒါက စမ်းသပ်ခန်းမဟုတ်ပဲ အလုပ်ကလေးပါ။
တစ်မိနစ်၊ နှစ်မိနစ်လောက်ပါ။ -
12:36 - 12:38ဒါကိုဘယ်မှာ သုံးနိုင်လဲ။
-
12:38 - 12:40ဒါက ကျွန်မတို့ အရေးထားတာပါ။
-
12:40 - 12:47ဒီလိုနဲ့ ဒါကို ဘယ်မှာ သုံးချင်တာလဲဆိုတာကေ
တန်ဖိုးဖြတ်ရတဲ့ အခြေအနေတွေ ထင်ပါတယ်။ -
12:47 - 12:49လူမှုရေး ခြိမ်းခြောက်တဲ့
အခြေအနေနမျိုးတွေမှာပေါ့။ -
12:49 - 12:52ဘယ်မှာ တန်ဖိုးဖြတ်ခံနေရလဲ၊
မိတ်ဆွေတွေကလား။ -
12:52 - 12:54ဆယ်ကျော်သက်တွေအတွက်က
နေ့လည်စာစားပွဲမှာပါ။ -
12:54 - 12:58လူတစ်ချို့အတွက်တော့ ကျောင်းဘုတ်အဖွဲ့
အစည်းအဝေးမှာ စကားပြောတဲ့အခါပါ။ -
12:58 - 13:02ဆွဲဆောင်ပြောတာ ဒါမှမဟုတ်
ဒီလို ဟောပြောနေတဲ့အခါ -
13:02 - 13:05ဒါမှမဟုတ် အလုပ်လူတွေ့ဖြေတဲ့အခါပေါ့။
-
13:05 - 13:07လူတွေနဲ့ ဆက်စပ်မှုအရှိဆုံးက
အလုပ်လူတွေ့ဖြေတာလို့ -
13:07 - 13:10ဆုံးဖြတ်လိုက်တယ်။
လူတွေကြုံခဲ့ဖူးကြလို့ပါ။ -
13:10 - 13:13ဒီတွေ့ရှိချက်တွေကို ထုတ်ပြန်လိုက်တယ်၊
-
13:13 - 13:15မီဒီယာတွေမှာ ဒါကို စိတ်ဝင်တစား
-
13:15 - 13:17ပြောကြတာက ကောင်းပြီ၊ ဒါက အလုပ်အတွက်
-
13:17 - 13:19ကိုယ်လူတွေ့ဖြေတဲ့အခါမှာ လုပ်တဲ့ဟာလား။
-
13:19 - 13:20(ရယ်သံများ)
-
13:20 - 13:22သိတဲ့အတိုင်း လန့်ပြီးပြောမိတာက
-
13:22 - 13:25ဘုရားရေ၊ ဆိုလိုတာက
ဒါ လုံး ဝမဟုတ်ဘူး။ -
13:25 - 13:27ဘာအကြောင်းပဲဖြစ်ဖြစ်၊
မလုပ်လိုက်ပါနဲ့။ -
13:27 - 13:30ထပ်ပြီးတော့ သူများကို ပြောတာ
ကိုယ့်ကိစ္စမဟုတ်ဘူး၊ -
13:30 - 13:31ကိုယ့်ကိုယ်ကိုပြောနေတာလေ။
-
13:31 - 13:34အလုပ်အတွက် လူတွေ့မဖြေခင်မှာ
ဘာလုပ်ကြလဲ။ ဒါလုပ်ကြတယ်။ -
13:34 - 13:37ထိုင်နေမယ်၊ ကိုယ့် iPhone (သို့) Android
-
13:37 - 13:39ကိုကြည့်နေမယ်။ ဘယ်သူမှ မလွတ်ကြဘူး။
-
13:39 - 13:41ကိုယ့်မှတ်စုကို ကြည့်နေမယ်၊
-
13:41 - 13:43ခါး ကိုင်းထားမယ်၊ ကိုယ်သေးအောင်လုပ်မယ်၊
-
13:43 - 13:45ကိုယ် တကယ်တမ်းလုပ်
သင့်တာက ဒီလိုဖြစ်နိုင်တယ်။ -
13:45 - 13:48ရေချိုးခန်းထဲမှာပေါ့၊ ဟုတ်လား။ ဒါလုပ်ပါ။
အချိန် နှစ်မိနစ်ရှာ၊ -
13:48 - 13:50ဒါက ကျွန်မတို့ စမ်းသပ်ချင်တာပါ။ ရလား။
-
13:50 - 13:52ဒီလူတွေကို လက်တွေ့ခန်းထဲခေါ်ပြီး
-
13:52 - 13:55စွမ်းအားမြင့် (သို့) အနိမ့်ကိုယ်ဟန်တွေ
ထပ်လုပ်ခိုင်းတယ်။ -
13:55 - 13:58ဖိစီးမှုများတဲ့ အလုပ် လူတွေ့
မေးမြန်းတာတစ်ခု ဖြေတယ်။ -
13:58 - 14:02ငါးမိနစ်ကြာပါတယ်။
သူတို့တွေဟာ ဗီဒီယို အရိုက်ခံရတယ်၊ -
14:02 - 14:04အကဲဖြတ်တာလည်း ခံနေရတယ်။
-
14:04 - 14:08အကဲဖြတ်တွေဟာ နှုတ်မှုမပါတဲ့
တုံ့ပြန်ချက် မပေးဖို့ လေ့ကျင့်ထားတော့ -
14:08 - 14:10ဒီလိုပုံဖြစ်နေတာပေါ့။
-
14:10 - 14:12လူတွေ့ အမေးခံရတဲ့
လူလို့ စိတ်ကူးကြည့်ပါ။ -
14:12 - 14:17ဒီတော့ ငါးမိနစ်ကြာ ဘာမှမလုပ်ကြဘူး၊
ကတ်သတ်အမေးခံ နေရတာထက် ပိုဆိုးတယ်။ -
14:17 - 14:18လူတွေက ဒါကို မုန်းတယ်။
-
14:18 - 14:22Marianne LaFrance က
လူမှုရေး သဲဗွက်ထဲမှာ ရပ်နေခြင်းတဲ့။ -
14:22 - 14:24ဒါက ကိုယ့် cortisol ကို ဆူးထိုးတာပါ။
-
14:24 - 14:26သူတို့ကို ဒုက္ခပေးတဲ့
လူတွေ့မေးမြန်းခန်းပါ၊ -
14:26 - 14:28အကြောင်းက ဖြစ်လာတာကို
တကယ်သိချင်လို့ပါ။ -
14:28 - 14:32ပြီးတော့ စံသတ်မှတ်သူတွေကို
ဒီတိပ်တွေ ပေးကြည့်တယ်။ လေးယောက်ပါ။ -
14:32 - 14:35သူတို့ဟာ အနုမာန အယူအဆကို မမြင်ဘူး။
အခြေအနေတွေကို မမြင်ဘူး။ -
14:35 - 14:37ဘယ်သူက ဘယ်ကိုယ်ဟန်လုပ်တာ မသိကြဘူး။
-
14:38 - 14:43ဒီတိပ်အတွဲတွေကို ကြည့်တာနဲ့ပဲ ပြီးသွားကာ
-
14:43 - 14:45သူတို့ပြောတာက
"ဒီလူတွေကို အလုပ်ခန့်ချင်တယ်၊" -
14:45 - 14:46စွမ်းအားမြင့် ကိုယ်ဟန်အားလုံးပါ
-
14:46 - 14:48"ဒီလူတွေကိုတော့ မခန့်ချင်ဘူး။"
-
14:48 - 14:52ဒီလူတွေကို အကြမ်းဖျင်း အများကြီးပိုပြီး
အပြုသဘောဆန်ဆန်လည်း အကဲဖြတ်ပါတယ်။ -
14:52 - 14:54ဒါပေမဲ့ ဘာက ဒါကို မောင်းနှင်တာလဲ။
-
14:54 - 14:56စကားပြောမှာ ပါတဲ့အကြောင်းအရာ မဟုတ်ဘူး၊
-
14:56 - 14:58စကားဆီ သူတို့ယူဆောင်လာတဲ့ အာရုံရှိမှုပါ။
-
14:59 - 15:01အစွမ်းအစနဲ့ဆိုင်တဲ့
ဒီကိန်းရှင်အာလုံး အပေါ် သတ်မှတ် -
15:01 - 15:05တာကြောင့်ပါ။ ဥပမာ၊ ဒီစကားကို
ဘယ်လောက် ကျကျနန တည်ဆောက်ထားလဲ။ -
15:05 - 15:07ဘယ်လောက်ကောင်းလဲ။
အရည်အချင်းတွေက ဘာတွေလဲ။ -
15:07 - 15:09ဒါတွေအပေါ် သက်ရောက်မှုမရှိပါဘူး။
ထိခိုက်သွားတာက ဒါပါ။ -
15:09 - 15:11ဒီလိုမျိုးတွေပါ။ ပင်ကိုယ်အားဖြင့်
-
15:11 - 15:14လူတွေဟာ သူတို့ရဲ့ ပင်ကိုယ်စိတ်
အစစ်တွေ ယူလာပါတယ်။ -
15:14 - 15:15ကိုယ်တိုင်ယူလာကြတာပါ။
-
15:15 - 15:17စိတ်ကူးတွေ ယူလာကြတယ်၊ ကိုယ်တိုင်နော်၊
-
15:17 - 15:19သိတဲ့အတိုင်း အကပ်အသပ်တွေနဲ့ မဟုတ်ဘူး။
-
15:19 - 15:24ဒီတော့ ဒါက အကျိုးဆက်ကို မောင်းနှင်တာ
(သို့) အကျိုးဆက်ကို ပြေလည်စေတာပါ။ -
15:24 - 15:28ဒါနဲ့ ကိုယ်ခန္ဓာတွေဟာ စိတ်တွေကို
ပြောင်းလဲစေတယ်၊ -
15:28 - 15:31စိတ်တွေက အပြုအမူတွေကို ပြောင်းလဲ
စေတယ်၊ အပြုအမူက ရလဒ်တွေကိုပြောင်းလဲ -
15:31 - 15:34စေတယ်ဆိုတဲ့အကြောင်းကို
လူတွေကို ပြောတဲ့အခါ သူတိုပြောတာက -
15:34 - 15:35"ဒါဟာ ဟန်ဆောင်ခံစားတာ" ဟုတ်လား၊
-
15:35 - 15:37ဒီတော့ ကျွန်မက မလုပ်ခင် ဟန်ဆောင်လိုက်။
-
15:37 - 15:39ကျွန်မတော့ မဟုတ်ဘူး။
-
15:39 - 15:42ကျွန်မ အဲဒီကို မရောက်ချင်ဘူး။
လိမ်လည်မှုတစ်ခုလို့ပဲ ခံစားရတယ်။ -
15:42 - 15:44အယောင်ဆောင်တစ်ယောက်လို မဖြစ်ချင်ဘူး။
-
15:44 - 15:48ကိုယ်မရှိသင့်တဲ့ နေရာလို့ အထင်ရောက်ရုံပဲ
မရောက်ချင်ဘူး။ -
15:48 - 15:50ဒါက တကယ်ပဲ ကျွန်မကို ပဲ့တင်ထပ် နေတယ်။
-
15:50 - 15:54အကြောင်းက အယောင်ဆောင်ခြင်း
အကြောင်းနဲ့ ဒီမှာ ကိုယ်မရှိသင့်ဘူးလို့ -
15:54 - 15:56အထင်ရောက်တဲ့
ဇာတ်လမ်းလေးကို ပြောပြချင်လို့ပါ။ -
15:56 - 15:59ကျွန်မအသက် ၁၉ နှစ်မှာ အရမ်းဆိုးတဲ့
ကားမတော်တဆမှု မှာပါခဲ့တယ်။ -
15:59 - 16:02ကားအပြင်ကို လွင့်သွားတာ
လူးလိမ့်နေခဲ့ရတယ်။ -
16:02 - 16:04ကားကနေ လွင့်သွားခဲ့တယ်။
-
16:04 - 16:07နိုးလာတော့ ထူထောင်ရေးဆောင်မှာ
ဦးခေါင်း ဒဏ်ရာနဲ့၊ -
16:07 - 16:09ကောလိပ်ကနေ ထွက်ခဲ့ရပြီး
-
16:09 - 16:15ကျွန်မ IQ က အဆင့်နှစ် အထိသွေဖည်ကျသွားတယ်။
-
16:15 - 16:18ဒါက အတော်ကို ဒုက္ခရောက်ခဲ့ပါတယ်။
-
16:18 - 16:21ကျွန်မ IQ ကိုသိတာက ကျွန်မဟာ
တော်တယ်လို့ သတ်မှတ်ခံထားရပြီး -
16:21 - 16:23ကလေးအနေနဲ့ အထုရှိတယ်လို့
အခေါ်ခံရလိုပါ။ -
16:23 - 16:26ဒီတော့ ကျောင်းက ထုတ်ခံရတယ်၊
ပြန်သွားဖို့ ဆက်ကြိုးစားတယ်။ -
16:26 - 16:28ပြောကြတာက "မင်း ကျောင်းပြီးတော့မှာ
မဟုတ်ဘူး၊ -
16:28 - 16:31သိလား၊ မင်းမှာ အခြားလုပ်စရာတွေ ရှိပေမဲ့
-
16:31 - 16:33မင်းအတွက် အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး"တဲ့။
-
16:33 - 16:36ဒီတော့ ဒါနဲ့ တကယ်ပဲ ရုန်းကန်ခဲ့တယ်။
ပြောစရာရှိတာက -
16:36 - 16:39ကိုယ့်ကိုယ်ပိုင် လက္ခဏာကို
အထုတ်ခံလိုက်ရတာ၊ အဓိက လက္ခဏာ၊ -
16:39 - 16:41ကျွန်မအတွက် တော်တယ်ဆိုတာ
-
16:41 - 16:42ကိုယ့်ဆီက အထုတ်ခံလိုက်ရတာဟာ
-
16:42 - 16:46ကိုယ့်ကို အစွမ်းအစမဲ့သွားစေတယ်လို့
ခံစားရတာထက် ပိုတာ ဘာမှမရှိဘူး။ -
16:46 - 16:47ဒါနဲ့ ကျွန်မ လုံးဝ အစွမ်းမဲ့ သွားတယ်။
-
16:47 - 16:49ကြိုးစားတယ်၊ကြိုစားတယ်၊ ကံကောင်းခဲ့တယ်၊
-
16:49 - 16:51ကြိုးစားတယ်၊ ကံကောင်းတယ်၊ ကြိုးစားတယ်
-
16:51 - 16:53နောက်ဆုံး ကောလိပ်က ဘွဲ့ရခဲ့တယ်။
-
16:53 - 16:55ကိုယ့်တန်းတူတွေထက် လေးနှစ် ပိုကြာခဲ့တယ်။
-
16:55 - 17:00ကျွန်မရဲ့ နတ်သမီး အကြံပေး Susan Flske ကို
ကျွန်မကို လက်ခံဖို့ စည်းရုံးခဲ့တယ်။ -
17:00 - 17:03ဒါနဲ့ Prinston မှာ ရောက်သွားခဲ့တယ်။
-
17:03 - 17:06ကျွန်မဟာ ဒီမှာ မရှိသင့်သူပါ
လိုဆိုတာမျိုးပါ။ -
17:06 - 17:07ကျွန်မက ဟန်ဆောင်သူပါ။
-
17:07 - 17:09ပထမနှစ် ဟောပြောချက်မစခင်
-
17:09 - 17:12Princeton က ပထမနှစ် ဟောပြောချက်က
လူ ၂၀ ကို မိနစ် ၂၀ ဟောပြောချက်ပါ၊ -
17:12 - 17:13ဒါက ဒီလိုပါ။
-
17:13 - 17:16နောက်နေ့မှာ ကျွန်မအကြောင်း
သိသွားမှာကြောက်ပြီး -
17:16 - 17:19သူမကို ဖုန်းဆက်ပြီး
" ကျွန်မ ထွက်တော့မယ်" လိုပြောတော့ -
17:19 - 17:21သူမက "မင်းမထွက်ပါဘူး။
-
17:21 - 17:23ဘာလို့ဆို ငါကမင်းကို စွန့်စားခဲ့တယ်၊
မင်းဆက်ရှိနေမယ်၊ -
17:23 - 17:26မင်း ဆက်ရှိနေမယ်၊ ဒါ မင်းလုပ်ရမယ်ဟာလေ။
-
17:26 - 17:27မင်း ဟန်ဆောင်မှာ မဟုတ်ဘူး။
-
17:27 - 17:31မင်းကို လုပ်ခိုင်းတဲ့ ဟောပြောချက်တိုင်း
မင်းလုပ်နေမှာပဲ။ -
17:31 - 17:33မင်း လုပ်နေ၊ လုပ်နေ၊ လုပ်နေ မှာပဲ။
-
17:33 - 17:35မင်းဟာ လန့်ပြီး၊ တုံ့ဆိုင်းနေတာတောင်မှ
-
17:35 - 17:38ကိုယ်ခန္ဓာ အပြင်က တွေ့ကြုံမှရှိနေရင်းတောင်
-
17:38 - 17:41ဒီလို့ ပြောတဲ့ အချိန်မရမချင်းပါ၊
"အိုး ငါလုပ်နေတယ်ဟ"လို့ပေါ့။ -
17:41 - 17:44ပြောရရင်၊ ဒါ ငါ့မှာ ဖြစ်လာတယ်၊
ဒါကို တကယ်လုပ်နေတယ်"လို့လေ။ -
17:44 - 17:45ဒါက ကျွန်မလုပ်ခဲ့တာပါ။
-
17:45 - 17:46တက္ကသိုလ်မှာ ငါးနှစ်၊
-
17:46 - 17:49နှစ်အနည်းငယ် သိတဲ့အတိုင်း
Northwestern မှာ။ -
17:49 - 17:51Harvard ကို ပြောင်းတယ်၊ Harvard မှာပါ။
-
17:51 - 17:55ဒီအကြောင်းကို တွေးမနေတော့ပါဘူး။
ဒါပေမဲ့ အကြာကြီးတွေမိခဲ့တယ်လေ။ -
17:55 - 17:56"ဒီမှာ မရှိသင့်ဘူး"လို့ပါ။
-
17:57 - 17:59ဒီတော့ Harvard မှာ ပထမနှစ်ဆုံးတော့
-
17:59 - 18:04စာသင်ကာလတစ်ခုလုံး အတန်းထဲမှာ
စကားမပြောဖူးတဲ့ ကျောင်းသူတစ်ယောက်၊ -
18:04 - 18:07"မင်း ပါဝင်ဆွေးနွေးရမယ်၊ မဟုတ်ရင်
မင်းကျလိမ့်မယ်။"လို့ ကျွန်မပြောခဲ့သူက -
18:07 - 18:10ကျွန်မ ရုံးခန်းထဲ ဝင်လာတယ်။
သူမကို လုံးဝမသိခဲ့ပါဘူး။ -
18:10 - 18:13သူမဟာ လုံးဝလက်လျှော့ကာ ဝင်လာပြီး ပြောတာက
-
18:13 - 18:16"ကျွန်မဟာ ဒီမှာ မရှိသင့်ဘူး"တဲ့။
-
18:20 - 18:22ဒါက ကျွန်မအတွက် အရေးပါတဲ့ အချိန်ပါ။
-
18:22 - 18:24အကြောင်းက အရာနှစ်ခု ဖြစ်ခဲ့လို့ပါ
-
18:24 - 18:25ကျွန်မသဘောပေါက်တဲ့ တစ်ခုက
-
18:25 - 18:28အိုး ကျွန်မ ဒါကို မခံစားရတော့ဘူး။
-
18:28 - 18:31ကျွန်မ ဒါကို မခံစားရတော့ပေမဲ့
သူခံစားရတာကို ကျွန်မသိတယ်။ -
18:31 - 18:33ဒုတိယတစ်ခုက သူမဟာ ဒီမှာရှိသင့်တာ၊
ပြောရင် သူမ -
18:33 - 18:35ဟန်ဆောင်နိုင်တယ်၊ ဖြစ်လာနိုင်တယ်ပေါ့
-
18:35 - 18:39ဒီတော့ ကျွန်မက "ဟုတ်တယ်၊
မင်းပါ၊ မင်းဟာ ဒီမှာရှိသင့်တာပါ။ -
18:39 - 18:41မနက်ဖြန်ဆို မင်း ဟန်ဆောင်တော့မယ်။
-
18:41 - 18:43မင်းကိုယ်မင်း စွမ်းအားရှိအောင်
လုပ်တော့မယ်၊ သိတဲ့အတိုင်း -
18:43 - 18:49(လက်ခုပ်သံများ)
-
18:49 - 18:53မင်း စာသင်ခန်းထဲဝင်မယ်၊
-
18:53 - 18:55အကောင်းဆုံး မှတ်ချက်ပေးမယ်။"
-
18:55 - 18:58သိလား၊ သူမ အကောင်းဆုံး မှတ်ချက်ပေးခဲ့တော့
-
18:58 - 19:00လူတွေက လှည့်လာပြီး ပြောတာက အိုး၊
-
19:00 - 19:03ဘုရားရေ၊ မင်းဒီမှာ ထိုင်နေမှန်းတောင်
မသိလိုက်ဘူး။ (ရယ်သံများ) -
19:03 - 19:05လအတန်ကြာတော့ သူမ
ကျွန်မဆီပြန်လာတယ်။ -
19:05 - 19:08ကျွန်မသိလိုက်တာက သူမဟာ တကယ်
မလုပ်နိုင်ခင်အထိ ဟန်မဆောင်ခဲ့ဘူး၊ -
19:08 - 19:11ဖြစ်လာတဲ့အထိ
တကယ် ဟန်ဆောင်ခဲ့တာကိုပါ။ -
19:11 - 19:12ဒီတော့ သူမ ပြောင်းလဲသွားတယ်။
-
19:12 - 19:16ဒီတော့ ရှင်တို့ကိုပြောချင်တာက
မလုပ်နိုင်ခင် ဟန်မဆောင်ကြပါနဲ့။ -
19:17 - 19:19ဖြစ်လာတဲ့အထိ ဟန်ဆောင်ကြပါ။
-
19:19 - 19:23ဒါကို တကယ်ဖြစ်လာပြီး တစ်သားတည်း
ကျသွားတဲ့ အထိတိုင် လုပ်ကြပါ။ -
19:23 - 19:26ဒီနောက်ဆုံးတစ်ခုကို ရှင်တို့အတွက်
ချန်ထားခဲ့ပါမယ်။ -
19:26 - 19:30သေးဖွဲတဲ့ အလိမ်အညှိတွေက
ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်စေပါတယ်။ -
19:30 - 19:33ဒီတော့ ဒါက နှစ်မိနစ်ပါ။
-
19:33 - 19:34နှစ်မိနစ်၊ နှစ်မိနစ် ၊နှစ်မိနစ်ပါ။
-
19:34 - 19:38နောက်ထပ် ဖိစီးတဲ့ အကဲဖြတ်တဲ့
အခြေအနေတစ်ခုက်ု မဝင်ခင်ပါ။ -
19:38 - 19:40ဒါကို နှစ်မိနစ်လုပ်ဖို့ကြိုးစားပါ၊
ဓာတ်လှေခါးထဲမှာ၊ -
19:40 - 19:43ရေချိုးခန်းထဲမှာ၊ တံခါးပိတ်ထားတဲ့
နောက်က စားပွဲမှာပေါ့။ -
19:44 - 19:45သင်လုပ်ချင်တာ ဒါပါ။
-
19:45 - 19:48ဒီအခြေအနေမှာ ဦးနှောက်ကို
အကောင်းဆုံး ခန့်ခွဲဖို့ စီစဉ်ပါ။ -
19:48 - 19:51testosterone ကို မြှင့်လိုက်ပါ။
cortisol ကို ချလိုက်ပါ။ -
19:51 - 19:55အိုး ငါသူတို့ကို ငါဘာကောင်ဆိုတာ
မပြလိုက်ရဘူး လို့မျိုး မကျန်မိပါစေနဲ့။ -
19:55 - 19:56ဒီလိုမျိုးခံစားရတာ ချန်ခဲ့ပါ။
-
19:56 - 19:59ငါဘယ်သူဆိုတာကို တကယ်ကို
ပြောချင်၊ ပြချင်လိုက်တာနော်။ -
19:59 - 20:05ဒီတော့ ပထမ ရှင်တို့ကိုပြောချင်တာက
စွမ်းအားရှိတဲ့ ကိုယ်ဟန်ကိုကြိုးစားဖို့နဲ့ -
20:05 - 20:10သိပ္ပံကို မျှဝေဖိုလည်း ပြောချင်တာပါ။
ဒါက ရိုးစင်းလို့ပါ။ -
20:10 - 20:12ဒီမှာ ကျွန်မရဲ့ အတ္တ မပါပါဘူး။
(ရယ်သံများ) -
20:12 - 20:14ပေးပစ်လိုက်ပါ။ လူတွေနဲ့ မျှဝေပါ၊
-
20:14 - 20:17အကြောင်းက ဒါကို အများဆုံး သုံးတဲ့သူတွေဟာ
-
20:17 - 20:20အရင်းအမြစ်တွေ၊ နည်းပညာ
ပြီးတော့ ဂုဏ်ဒြပ်နဲ့ -
20:20 - 20:22အစွမ်းတွေ မရှိသူတွေပါ။
-
20:22 - 20:25သူတို့ကို ပေးလိုက်ပါ၊
သူတို့ သီးသန့်လုပ်နိုင်လို့ပါ။ -
20:25 - 20:27သူတို့ဟာ သီးသန့် ၂မိနစ်
ကိုယ်ခန္ဓာတွေကို လိုပါတယ်။ -
20:27 - 20:30ဒါဟာ သူတို့ဘဝရဲ့ ရလဒ်တွေကို
သိသာစွာ ပြောင်းလဲနိုင်ပါတယ်။ -
20:30 - 20:32ကျေးဇူးတင်ပါတယ်။
-
20:32 - 20:35(လက်ခုပ်သံများ)
- Title:
- သင့်ကိုယ်ခန္ဓာ ဘာသာစကားက သင့်ပုံကို သွင်းပေးနေတယ်။
- Speaker:
- Amy Cuddy
- Description:
-
ကိုယ်ခန္ဓာ ဘာသာစကားက အခြားသူတွေ ကိုယ့်ကို မြင်ကြပုံကို အကျိုးသက်ရောက်မှု ရှိုရုံသာမက ကိုယ့်ကိုယ်ကို မြင်မိပုံကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ လူမှုရေး စိတ်ပညာရှင် Amy Cuddy က "အားမာန် အပြည့်ပါတဲ့ ရပ်ဟန်" ကိုယ်က ယုံကြည်မှုမဲ့နေတဲ့ အချိန်မှာတောင်မှ ယုံကြည်မှုရှိတဲ့ ရပ်နေတဲ့ အနေအထားဟာ ယုံကြည်မှုရဲ့ ခံစားချက်တွေကို တိုးပွားနိုင်ပြီး
အောင်မြင်ရေး အခွင့်အလမ်းတွေကို အကျိုးသက်ရောက်နိုင်တာကို ဆွေးနွေးငြင်းခုံထားပါတယ်။
မှတ်ချက်။ ဤဟောပြောချက်တွင် တင်ပြထားသော တစ်ချို့သောတွေ့ရှိချက်သည် သိပ္ပံပညာရှင်များအကြား တောင့်တင်းကြံ့ခိုင်မှုနဲ့ ပြန်လည်မျိုးပွားနိုင်မှုအကြောင်း ဆက်လက်ငြင်းခုံနေဆဲဖြစ်နေသည်များကို ကိုးကားထားပါသည်။ Amy Cuddy ၏ တုံ့ပြန်မှုကို အောက်တွင် ပိုမိုလေ့လာပါ။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 21:02
sann tint edited Burmese subtitles for Your body language may shape who you are | ||
sann tint edited Burmese subtitles for Your body language may shape who you are | ||
Myo Aung approved Burmese subtitles for Your body language may shape who you are | ||
Myo Aung edited Burmese subtitles for Your body language may shape who you are | ||
Myo Aung edited Burmese subtitles for Your body language may shape who you are | ||
Myo Aung edited Burmese subtitles for Your body language may shape who you are | ||
Myo Aung accepted Burmese subtitles for Your body language may shape who you are | ||
Myo Aung edited Burmese subtitles for Your body language may shape who you are |