ကဲ ရှင်တို့ကို နည်းပညာမပါတဲ့ အခမဲ့ သက်စောင့်နည်းလေး ပေးတာနဲ့ စချင်ပါတယ်။ ရှင်တို့လိုတာဆိုလို့ ဒါပါပဲ၊ ကိုယ်ဟန် အနေအထားကို နှစ်မိနစ်ကြာ ပြောင်းတာပါ။ ဒါပေမဲ့ ဒါ မပေးခင် အခု ရှင်တို့ကိုမေးချင်တာက ကိုယ့်ခန္ဓာကိုယ်ကို ပြီးတော့ ခန္ဓာကိုယ်နဲ့ ဘာလုပ်နေတယ်ဆိုတာ စစ်ကြည့်ပါ။ ကဲ ဘယ်နှစ်ယောက်က ကိုယ့်ကိုယ်ကို ပိုငယ်အောင်လုပ်နေလဲ။ ရှင်တို့ဟာ ကိုင်းနေမယ်၊ တင်ပျဉ်ချိတ်ရင်း၊ ခြေကျင်းဝတ်တွေဖုံးရင်းပေါ့။ တစ်ခါတစ်လေ၊ ဒီလိုမျိုး လက်တွေ ပိုက်ထားတာပေါ့။ တစ်ခါတစ်လေ ဖြန့်လိုက်တာပေါ့။ (ရယ်သံများ) ရှင်တို့ကို တွေ့ပါတယ်။ အခု ကိုယ်လုပ်နေတာကို အာရုံစိုက်စေချင်တယ်။ ခဏနေရင် ဒီအကြောင်းပြန်လာပါမယ်။ မျှော်လင့်မိတာက ဒါကို နည်းနည်းလေး လိမ်လှည့် ဖို့သင်လိုက်ရင် ဒါက ကိုယ့်ဘဝကို ဖြန့်ခင်းတဲ့ နည်းကို သိသိသာသာ ပြောင်းလဲနိုင်တာကိုပါ။ ကဲ ကိုယ်ခန္ဓာ ဘာသာစကားကို ကျွန်မတို့ တော်တော်စိတ်ဝင်စားကြတယ်။ အထူးသဖြင့် သူများရဲ့ ကိုယ်ခန္ဓာ ဘာသာစကားကို စိတ်ဝင်စားတာပေါ့။ သိတယ်နော်၊ ကျွန်မတို့ စိတ်ဝင်စားတာ၊ ဆိုပါတော့ သိပါတယ်၊ (ရယ်သံများ) ခွတီးခွတ တုံ့ပြန်မှု၊ ပြုံးတာ၊ အထင်သေးတဲ့အကြည့်၊ တော်တော်ခွကျတဲ့ မျက်စိတစ်ဖက်မှိတ်ပြတာ၊ လက်ဆွဲနှုတ်ဆက်တာတို့တောင် ဖြစ်လောက်တယ်။ ဇာတ်ကြောင်းပြောသူ၊ ဒီမှာ နံပါတ် ၁၀ ရောက်နေပါတယ်။ ဒီကံကောင်းတဲ့ ရဲသားက အမေရိကန် သမ္မတနဲ့ လက်ဆွဲနှုတ်ဆက်ပါတယ်။ ဟောဒီမှာ ဝန်ကြီးချုပ်ပါ၊ နိုး။ (ရယ်သံများ) (လက်ခုပ်သံများ) (ရယ်သံများ) (လက်ခုပ်သံများ) Amy Cuddy: ဒီတော့ လက်ဆွဲနှုတ်ဆက်တာ၊ လက်ဆွဲနှုတ်ဆက်တာ မပါတာက ကျွန်မတို့ကို သီတင်းပတ်အကြာကြီး စကားပြောဖြစ်စေပါတယ်။ BBC နဲ့ The New York Times မှာတောင်ပါ။ ဒီတော့ ရှင်းနေတာက နှုတ်ကမပြောတဲ့ အမူ အယာ (သို့) ကိုယ်ခန္ဓာ ဘာသာစကားကို တွေးတဲ့အခါ လူမှုရေးသိပ္ပံပညာရှင်တွေက ဒါကို နှုတ်မှမပြောတာလို့ခေါ်တယ်၊ ဒါဟာ ဘာသာစကားဆိုတော့ ဆက်သွယ်ရေးအကြောင်း တွေးကြတာပါ။ တုံ့ပြန်ဆက်သွယ်ချက်တွေကို တွေးကြတာပါ။ သင့်ကိုယ်ခန္ဓာ ဘာသာစကားက ကျွန်မကို ဘာဆက်သွယ်တာလဲ။ ကျွန်မကရော သင့်ကို ဘာဆက်သွယ်တာလဲ။ ဒါကိုကြည့်ဖို့ ခိုင်လုံတဲ့နည်းတစ်ခုဆိုတာ ယုံကြည့်ဖို့ အကြောင်း အများကြီးရှိတယ်။ လူမှုရေးသိပ္ပံပညာရှင်တွေဟာ ကိုယ့် ခန္ဓာဘာသာစကား (သို့) အခြားသူတွေရဲ့ ကိုယ်ခန္ဓာ ဘာသာစကားက ရလဒ်၊ ထင်မြင်ချက်တွေကြည့်ဖို့ အချိန်ကုန်ခဲ့တယ်၊ ကျွန်မတို့က ခန္ဓာဘာသာစကားကနေ ကျယ်ပြန့်တဲ့ ထင်မြင်ချက်တွေ ချတယ် ဒီထင်မြင်ချက်တွေဟာ အဓိပ္ပါယ်ရှိတဲ့ ဘဝ ရလဒ်တွေကို ဟောကိန်းထုတ်နိုင်ပါတယ်။ ဆိုပါတော့ ဘယ်သူ့ကို အလုပ်ခန့်၊ ရာထူးတိုး၊ ဘယ်သူ့ကို ချိန်းဖို့ပြောတယ်ပေါ့။ ဥပမာ Tufts University က သုတေသီ Nalini Ambady ပြတာက လူတွေဟာ တကယ့် သမားတော်နဲ့ လူနာ တုံ့ပြန်ဆက်သွယ်မှုတွေရဲ့ အသံမဲ့ပြကွက်ကို စက္ကန့် ၃၀ ကြည့်တဲ့အခါ သမားတော်ရဲ့ ချိုသာမှုအပေါ် ထင်မြင်မှုတွေဟာ သမားတော်ဟာ တရားစွဲခံရ၊ မရကို ကြိုဟောပါတယ်။ ဒါက သမားတော်ဟာ မကျွမ်းကျင်တာ၊ ကျွမ်းကျင်တာ နဲ့သိပ်မဆိုင်ပဲ သူတို့ တုံ့ပြန်ဆက်သွယ်တာ ကြိုက်၊ မကြိုက်ဆိုတာပါ။ ပိုတောင် ထင်ရှားတာက Princeton က Alex Todorov ပြထားတာက တစ်စက္ကန့်လေးအတွင်းက နိုင်ငံရေး အမတ်လောင်းတွေရဲ့ မျက်နှာတွေရဲ့ ထင်မြင်ချက်တွေဟာ ၇၀ % သော U.S ဥပဒေပြုလွတ်တော်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရလဒ်တွေကို ကြိုဟောပြီး ဒါတင်မက ဒစ်ဂျစ်တယ်လုပ်ပြီး အွန်လိုင်း ညှိနှိုင်းခြင်းမှာ ကောင်းကောင်း သုံးလိုက်တဲ့ မျက်နှာပုံတွေဟာ ဒိညှိနိုင်း ဆွေးနွေးခြင်းက တန်ဖိုးကို ပိုတောင်းနိုင်တဲ့အထိ ရနိုင်ပါတယ်။ ဒါတွေကို ခပ်ညံ့ညံ့ သုံးရင်တော့ မကောင်းဘူးလေ၊ဟုတ်လား။ ဒီတော့ နှုတ်ရေးမပါတာကို တွေးတဲ့အခါ ကိုယ်က သူများကို ဘယ်လို၊ သူတို့ ကိုယ့်ကို ဘယ်လို အကဲဖြတ်လဲ ရလဒ်တွေက ဘာဆိုတာ တွေးတာပါ။ ဒါပေမဲ့ မေ့တတ်ကြတာက ကိုယ့် နှုတ်မှုမပါတာရဲ့ လွှမ်းမိုးမှုခံရတဲ့ ပရိတ်သတ်နဲ့ ကိုယ်ကိုယ်တိုင်ကိုပါ။ ကျွန်မတို့လည်း ကိုယ့်နှုတ်ရေးမပါတာ၊ ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို၊ စိတ်ပညာတွေရဲ့ လွှမ်းမိုးမှု တွေကိုလည်း ခံရပါတယ်။ ဒီတော့ ဘယ်နှုတ်မှုမပါတာကို ကျွန်မ ပြောနေတာလဲ၊ ကျွန်မက လူမှုရေးစိတ်ပညာရှင်ပါ။ အဂတိ အစွဲအလမ်းကို လေ့လာပြီး ပြိုင်ဆိုင်ရတဲ့ စီးပွားရေးကျောင်းမှာ စာသင်ပါတယ်။ ဒီတော့ လှုပ်ရှားမှုပညာ အစွမ်းကို စိတ်ဝင်စားလာတယ်ဆိုတာက ရှောင်လွှဲမရဘူးလေ။ အထူးစိတ်ဝင်တစားဖြစ်လာတာက စွမ်းအားနဲ့ လွှမ်းမိုးမှုရဲ့ နှုတ်မှုမပါတဲ့ အမူအရာပါ။ စွမ်းအား၊ လွှမ်းမိုးမှုရဲ့ နှုတ်မှုမဲ့ အမူအရာတွေက ဘာတွေလဲ ကဲ ဒါကတော့ အဲဒါတွေပါ။ ဒီတော့ တိရိစ္ဆာန်လောကမှာ သူတို့တွေက ဖြန့်တာပါ။ ဒီတော့ ကိုယ့်ကိုယ်ကို ကြီးအောင်လုပ်ရင်၊ ဆန့်ထုတ်လိုက်တယ်၊ နေရာအပြည့်ယူလိုက်တယ်၊ အရင်းခံက သင်ဟာ ဖွင့်လိုက်တာပါ။ ဒါဟာ ဖွင့်လိုက်တာပါ။ ဒါဟာ တိရိစ္ဆာန်လောကမှာ အမှန်ပါ။ ပရိုင်းမိတ်တွေကိုပဲ ကန့်သတ်ထားတာမဟုတ်ပါ။ လူတွေလည်း အတူတူပါပဲ။ (ရယ်သံများ) သူတို့တွေဟာ မော်ကွန်းတင်တာမျိုး အစွမ်းရှိတဲ့အခါ၊ အစွမ်းရှိတယ်လို့ ခံစားမိတဲ့အခိုက် နှစ်မျိုးလုံးမှာ လုပ်ပါတယ်။ ဒါက အထူးစိတ်ဝင်စားဖို့ကောင်းတာက စွမ်းအားရဲ့ လူတိုင်းသိပြီး ရှေးကျတဲ့ အမူအရာတွေဟာ ဘယ်လိုဆိုတာကို ပြလို့ပါ။ ဒီအမူအရာက ဂုဏ်ယူတာလို့ အသိများပါတယ်။ Jessica Tracy က လေ့လာထားတယ်။ သူမတင်ပြထားတာက အမြင်နဲ့ မွေးလာသူတွေနဲ့ မွေးရာပါ မျက်မမြင်တွေဟာ ကိုယ်ခန္ဓာပိုင်း ပြိုင်ပွဲတစ်ခုနိုင်တဲ့အခါမှာ လုပ်ပါတယ်တဲ့။ ဒီတော့ သူတို့ ပန်းဝင်ပြီး နိုင်တဲ့အခါ၊ တစ်ယောက်ယောက်လုပ်တာ မြင်ဖူးတာ မမြင်ဖူးတာ အပထား၊ ဒါကို သူတို့လုပ်တယ်။ လက်မောင်းတွေ V ပုံမြှင့်၊ မေးနည်းနည်း မော့ထားတာပေါ့။ ကျွန်မတို့ စွမ်းအင်မဲ့တဲ့အခါ ဘာလုပ်ကြလဲ။ အတိအကျကို ဆန့်ကျင်ဘက်လုပ်တာပေါ့။ ပိတ်လိုက်ကြတယ်လေ။ ကိုယ့်ကိုယ်ကို ထွေးပတ်လိုက်တယ်။ မိမိကိုယ်ကို သေးအောင်လုပ်တယ် ကိုယ့်ဘေးကလူကို မဆုံချင်တော့ဘူး။ တစ်ဖန် တိရစ္ဆာန်ရော လူပါ အတူတူလုပ်ကြတယ်။ ဒါက အာဏာ အမြင့်နဲ့ အနိမ့် အတူတူရှိတဲ့အခါ ဖြစ်တတ်တာပါ။ အခြားသူရဲ့ နှုတ်မှုမပါတာတွေကို ဖြည့်စွက်တဲ့ စွမ်းအားဆိုတာဖြစ်လာတော့ ဘာလုပ်တတ်ကြလဲ။ ဒီတော့ တကယ် စွမ်းအားရှိတဲ့ သူနဲ့ အတူ ရှိတဲ့အခါ မိမိကိုယ်ကို ပိုသေးအောင်လုပ်တတ်တယ်။ သူတို့ကို မထင်ဟပ်ဘူး သူတို့ရဲ့ ဆန့်ကျင်ဘက်တွေ လုပ်တယ်။ ဒါနဲ့ ဒီအပြုအမူကို စာသင်ခန်းထဲမှာ စောင့်ကြည့်နေမိတယ်၊ ဘာကို သတိထားမိလိုက်လဲဆိုတော့ MBA ကျောင်းသားတွေဟာ စွမ်းအားရှိတဲ့ နှုတ်မှုမပါတာကိုအပြည့်အဝ ကို ပြပါတယ်။ ဒီတော့ အဖိုဒြပ်ရှိတဲ့ ရုပ်ပြောင်တွေလို လူတွေပါ။ အခန်းထဲကိုလာ၊ အတန်းမစခင်မှာတောင် အခန်းအလယ်တည့်တည့်ကို လာကြတာပေါ့။ သူတို့ဟာ တကယ်ကို နေရာကို သိမ်းပိုက်ချင်သလိုမျိုးနဲ့။ ထိုင်တော့ ဖြန့်ထားသလိုမျိုး၊ ဒီလိုမျိုး လက်တွေထောင်ကြတယ်။ သူတို့ဝင်လာရင် အခြားသူတွေဟာ ပုံကျလုနီးပါးဖြစ်ရော။ ဒါကို သူတို့ဝင်လာတာနဲ့ တွေ့ရတယ်။ ဒါကို သူတို့မျက်နှာမှာ ကိုယ်တွေမှာ တွေ့ရတယ်။ ထိုင်ခုံမှာ ထိုင်ပြီး ကိုယ့်ကိုယ်ကို သေးငယ်အောင်လုပ်တယ်၊ လက်ထောင်တော့ ဒီလိုလေ။ ဒီအကြောင်း တစ်ခု၊ နှစ်ခု သတိပြုမိတယ်။ တစ်ခုက အံ့တော့ အံ့သြမိမှာ မဟုတ်ပါဘူး။ လိင်နဲ့ ဆိုင်ပုံရပါတယ်။ မိန်းမတွေက ယောကျာ်းတွေထက် ဒီလိုမျိူး လုပ်နိုင်ခြေပိုရှိတယ်။ မိန်းမတွေဟာ ယောကျာ်းတွေထက် အစဉ်အလာအရ စွမ်းအားပိုနည်းလေတော့ ဒါက အံ့သြစရာ မရှိပါဘူး။ ဒါပေမဲ့ နောက်သတိထားမိတာ တစ်ခုက ကျောင်းသားတွေ ပါဝင်ဆွေးနွေးတာနဲ့ ဘယ်လို ကောင်းကောင်း ပါဝင်ဆွေးနွေးတာနဲ့ အတိုင်းအတာ တစ်ခုအထိ ပတ်သက်နေပုံရတယ်။ ဒါက MBA စာသင်ခန်းမှာ အတော် အရေးကြီးတယ်။ အကြောင်းက ပါဝင်ဆွေးနွေးခြင်းက အမှတ်တစ်ဝက် တွက်တယ်လေ။ ဒီတော့ စီးပွားရေးသင်တန်းကျောင်းတွေဟာ လိင်အဆင့်ကွာမှုမှာ ရုန်းကန်နေရတယ်။ အရည်အချင်းတူတဲ့ မိန်းမ၊ယောကျာ်းတွေ ဝင်လာပြီး အဆင့်တွေကွဲနေတာက ပါဝင်ဆွေးနွေးခြင်းကို တစ်စိတ်တစ်ပိုင်း မှတ်ယူနေပုံရတာပါ။ ဒါနဲ့စတွေးမိတာက သိတယ်နော်၊ အိုကေ၊ ဒိလိုဝင်လာပြီး ပါဝင်ဆွေးနွေးတဲ့သူတွေ ရှိတယ်ပေါ့။ သူတို့ကို ဟန်ဆောင်ခိုင်းပြီး ပိုပါဝင်ဆွေးနွေးဖြစ်အောင် လုပ်ဖို့ဖြစ်နိုင်လားပေါ့။ ဒါနဲ့ ကျွန်မရဲ့ အဓိက ပူးပေါင်းသူ Berkeley က Dana Carney နဲ့ ကျွန်မ တကယ်ကို သိချင်တာက တကယ်မဖြစ်ခင်မှာ ဟန်ဆောင်လို့ရလားပေါ့။ ဆိုပါစို့၊ ကိုယ့်ကို ပိုစွမ်းအား ပြည့်စေပုံရတဲ့ အပြုအမူပိုင်း ရလဒ်ကို တကယ်ပဲ တွေ့ကြုံခံစားဖို့ ဒါကို တစ်ခဏလေးလောက် လုပ်နိုင်မလားပေါ့။ ကျွန်မတို့ သိတာက နှုတ်မှုမပါတာတွေက အခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေးတယ်၊ ခံစားတာကို စိုးမိုးတာပါ။ အထောက်အထားအများကြီးရှိတယ်။ ဒါပေမဲ့ တကယ့်မေးခွန်းက ကိုယ့်နှုတ်မှု မပါတာတွေက ကိုယ့်ကိုယ်ကို တွေးမြင်၊ ခံစားပုံကို စိုးမိုးစေလားပါ။ သူတို့လုပ်တဲ့ အထောက်အထား တစ်ချို့ရှိပါတယ်။ ဥပမာကတော့ ပျော်တဲ့အခါ ကျွန်မတို့ ပြုံးတယ်။ ဒါပေမဲ့ ဒီလို ခဲတံကို သွားမှာခဲရင်း အတင်းပြုံး ရတာလည်းရှိတယ်။ ဒါက ကိုယ့်ကို ပျော်စေတယ်လေ။ ဒီတော့ နှစ်လမ်းသွားပေါ့။ စွမ်းအားမှာ ကျတော့ ဒါကလည်း နှစ်လမ်းသွားပါ။ ဒီတော့ ပိုစွမ်းအားပြည့်တယ်လို့ ခံစားရတဲ့အခါ ဒါ ပိုလုပ်ဖို့များတယ်၊ ဒါပေမဲ့ ဖြစ်နိုင်သေးတာက စွမ်းအားပြည့်ဟန်ဆောင်လိုက်တော့ တကယ်ကို စွမ်းအားပြည့်တယ်လို့ ခံစားဖို့ အလားအလာပိုရှိတာပါ။ တကယ့် ဒုတိယမေးခွန်းက သိတဲ့အတိုင်း ကျွန်မတို့ စိတ်တွေနဲ့ ခန္ဓာတွေက ပြောင်းတယ်လေ။ ဒါပေမဲ့ ခန္ဓာက စိတ်ကို ပြောင်းစေတာလည်း ဟုတ်တယ်လေ။ စိတ်တွေလို့ ပြောလိုက်တော့ စွမ်းအားပြည့်တယ်ဆိုရာမှာ ဘာအကြောင်း ကျွန်မပြောနေတာလဲ။ အတွေးတွေ၊ ခံစားချက်တွေနဲ့ အတွေးတွေ၊ ခံစားချက်တွေဖြစ်စေတဲ့ ဇီဝကမ္မ အရာတွေအကြောင်း ပြောနေတာပါ။ ကျွန်မမှာကိစ္စတော့ ဒါဟာ ဟိုမုန်းတွေပါ။ ဟိုမုန်းတွေကို ကြည့်ပါတယ်။ ဒီတော့ စွမ်းအားရှိ၊ စွမ်းအားမဲ့တဲ့ စိတ်တွေက ဘယ်လိုမျိုးလဲ။ စွမ်းအားရှိသူတွေက အံ့သြစရာတော့မဟုတ်ဘူး၊ ပိုပြီး ယုံကြည်လွန်း၊ ပိုစိတ်ချပြီး ပိုအကောင်းမြင်ကြတယ်။ ကံကစားပွဲတွေမှာတောင် သူတို့ဟာနိုင်မှာပဲလို့ တကယ် ခံစားရတယ်။ ပိုပြီးလည်းစိတ်ကူးယဉ်ကာ တွေးတတ်တယ်။ ဒီတော့ ခြားနားမှုတွေက အများကြီးပါ။ ပို စွန့်စားကြတယ်။ အစွမ်းရှိသူနဲ့ အစွမ်းမဲ့တွေကြားမှာ ခြားနားချက်တွေက အများကြီးပါ။ ဇီဝကမ္မနည်းအရ အဓိက ဟိုမုန်း နှစ်ခုမှာ ကွဲပြားကြတာပါ။ testosterone ဒါက စိုးမိုးမှု ဟိုမုန်းပါ၊ ပြီးတော့ cortisol စိတ်ဖိစီးမှု ဟိုမုန်းပါ။ ဒါနဲ့ ကျွန်မတွေ့တာက testosterone မြင့်ပြီး cortisol နိမ့်တဲ့ ပရိုင်းမိတ် ဝါစဉ်တွေမှာ စွမ်းအားမြင့် အဖိုဒြပ်နဲ့ စွမ်းအားရှိပြီး ထိရောက်မှုရှိတဲ့ ခေါင်းဆောင် တွေမှာလည်း မြင့်တဲ့ testosterone နဲ့ နိမ့်တဲ့ cortisol ရှိတာပါ။ ဒီတော့ ဒါက ဘာကိုဆိုလိုတာလဲ။ စွမ်းအားလို့ဆိုရင်လူတွေက testosterone ပဲ တွေးမိတတ်တာက ဒါက လွှမ်းမိုးမှုလေ။ ဒါပေမဲ့ တကယ်တမ်းက စွမ်းအားဆိုတာဟာ ဖိစီးမှုကို တုံ့ပြန်ပုံပါ။ ဒီတော့ လွမ်းမိုးမှုရှိတဲ့၊ testosterone မြင့်ပြီး တကယ့် တုံ့ပြန်မှုရှိတဲ့ စွမ်းအားမြင့် ခေါင်းဆောင်ဖြစ်ချင်လား။ မဖြစ်နိုင်ဘူးလေ။ ဟုတ်တယ်နော်။ စွမ်းအားပြည့်၊ လွမ်းမိုးမှုရှိပြီး ယုံကြည်မှုရှိပေမဲ့ ဖိစီးတာကို သိပ်ပြီး တုံ့ပြန်မှုမရှိတဲ့ အေးဆေးသမား လူဖြစ်ချင်တယ်။ ဒီတော့ ပရိုင်းမိတ် ဝါစဉ်တွေမှာ အဖိုဒြပ် လွှမ်းမိုးဖို့လိုတယ်ဆိုရင် တစ်ဦးချင်းတွေမှာ အဖိုဒြပ်ကဏ္ဍကို ရုတ်တရက် လိုမျိုး၊ လွှမ်းမိုးဖို့လိုတယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာပဲ တစ်ဦးချင်းရဲ့ testosterone ဟာ သိသိသာသာ တိုးသွားပြီး သူ့ရဲ့ cortisol ဟာ သိသိသာသာ ကျသွားပါတယ်။ ဒီတော့ ကျွန်မတို့မှာ ကိုယ်ခန္ဓာက စိတ်ကို ပုံသွင်းနိုင်တာနဲ့ အနည်းဆုံး မျက်နှာအဆင့်ပေါ့။ ဒီကဏ္ကက စိတ်ကို ပုံသွင်းနိုင်တာ နှစ်ခုလုံးအတွက် အထောက်အထားရှိပါတယ်။ ဒီတော့ ကဏ္ဍ အပြောင်းအလဲလုပ်တော့ ဘာဖြစ်လဲ၊ ဒါကို အနည်းဆုံးအဆင့်ကို လုပ်ရင် ဘာဖြစ်လဲ။ ဒီ ကစားတာလေးလို၊ စွက်ဖက်တာလေးလိုပေါ့။ သင်ပြောတာက "လေးမိနစ်ကြာ ကျုပ်ဒီလို ရပ်ချင်တယ်၊ ဒါက ပိုစွမ်းအားရှိအောင် လုပ်ပေးလိမ့်မယ်။" ဒီတော့ ဒါက ကျွန်မတို့ လုပ်ခဲ့တာပါ။ လူတွေကို လက်တွေ့ခန်းထဲခေါ်ပြီး စမ်းသပ်ချက်ကလေး တစ်ခုလုပ်ဖို့ ဆုံးဖြတ်ပြီး ဒီလူတွေဟာ နှစ်မိနစ်ကြာ စွမ်းအာမြင့် ကိုယ်ဟန် (သို့) စွမ်းအားမဲ့ ကိုယ်ဟန် လုပ်ယူကြတယ်။ ဒီကိုယ်ဟန် ငါးခုကို ပြပါမယ်။ ဒါပေမဲ့ နှစ်ခုပဲ သုံးခဲ့တာပါ။ ဟောဒီမှာ တစ်ခု၊ နောက်ထပ်ဒီမှာ။ ဒီတစ်ခုကိုတော့ မီဒီယာကနေ "Wonder Woman" လို့ အမည်တပ်ထားတယ်။ ဒီမှာ နောက်ထပ်ပုံတွေပါ။ ရပ်နေ (သို့) ထိုင်နေလို့ရပါတယ်။ ဒါတွေကတော့ စွမ်းအားနိမ့် ကိုယ်ဟန်တွေပါ။ ကိုယ်ကို ခွေထားတယ်၊ ကိုယ့်ကိုယ်ကို ပိုသေးအောင်လုပ်နေတာလေ။ ဒါက စွမ်းအား အရမ်း နိမ့်တယ်။ လည်ပင်းထိနေတာက ကိုယ့်ကိုယ်ကို ကာကွယ်နေတာပဲလေ။ ဒီတော့ ဖြစ်တာက ဒီလိုပါ။ သူတို့တွေဝင်လာပြီး ပုံးထဲမှာ ဝင်နေကြတယ်။ နှစ်မိနစ်အကြာမှာ ကျွန်မတို့က "ဒါ မဟုတ်ရင် ဒါလုပ်ဖို့လိုတယ်။" ပြောတယ်။ကိုယ်ဟန်ပုံတွေကို သူတို့မကြည့်ဘူး။ ဒါတွေကို စွမ်အားရဲ့သဘောလို့ သင်ပေးမထားချင်ဘူး။ သူတို့ကို စွမ်းအားခံစား စေချင်တာပါ ဒီတော့ နှစ်မိနစ် လုပ်ကြတယ်။ သူတို့ကို ဘယ်လိုစွမ်းအား ခံစားရလဲ မေးတယ်၊ ပြီးတော့ သူတို့ကို စွန့်စားခွင့်ပေး လိုက်တယ်။ နောက် သွားရေကျစရာ နမူနာတစ်ခု ယူပါတယ်။ ဒါပါ။ ဒါစမ်းသပ်မှု တစ်ခုလုံးပါ။ ဒါက ကျွန်မတို့တွေ့ရှိတာပါ။ အရဲ့စွန့် သည်းခံတာပါ၊ စွန့်စားခြင်းပါ၊ တွေ့ရှိတာက စွမ်းအားမြင့်ကိုယ်ဟန် အနေအထားမှာ သင်တို့ထဲက ၈၆% ဟာ စွန့်စားပြီး စွမ်းအားနိမ့် ကိုယ်ဟန် အနေအထားမှာ ၆၀% ပဲရှိပါတယ်၊ ဒါက အရမ်းသိသာတဲ့ ခြားနားချက်ပါ။ ဒါက testosterone မှာတွေ့တာပါ။ သူတို့လာတဲ့ အခြေခံကနေ စွမ်းအားမြင့် တွေ့ကြုံ ခံစားရတဲ့အခါ ၂၀% ခန့်တိုးပြီး စွမ်းအားနိမ့်တွေ့ကြုံခံစားသူတွေက ၁၀% ခန့်လျော့ကျပါတယ်။ ဒီတော့ တစ်ခါ၊ နှစ်မိနစ်ပေါ့၊ ဒီအပြောင်းအလဲတွေရပါတယ်။ ဒါက cortisol မှာ ရတာပါ။ စွမ်းအားမြင့် လူတွေမှာ ၂၅% ကျတယ်လို့ ခံစားရပြီး စွမ်းအားနိမ့်လူတွေက ၁၅% တိုးတာ ခံစားရတယ်။ ဒီတော့ နှစ်မိနစ်ဟာ သင့်ဦးနှောက်ကို ပုံဖော်တဲ့ ဟိုမုန်း အပြောင်းအလဲတွေကို အခြေခံအားဖြင့် ယုံကြည်မှု (သို့) စိတ်ချမှုနဲ့ နေသာတဲ့ဆီ (သို့) ဖိစီးမှုကို ပြန်လည်တုံပြန်တာနဲ့ ခံစားချက်ကို ပိတ်ချလိုက်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒီခံစားချက် အားလုံးမှာ ရှိပါတယ်။ နှုတ်မှုမပါတာတွေဟာ ကျွန်မတို့တွေးပုံ၊ မိမိကိုယ်ကို ခံစားပုံကို အုပ်ချုပ်ပါတယ်။ သူများတွေချည်းပဲ မဟုတ်ပဲ၊ ကိုယ်တိုင်ကိုရောပါ။ ဒါ့အပြင် ခန္ဓာကိုယ်ဟာ စိတ်တွေကို ပြောင်းလဲစေပါတယ်။ ဒါပေမဲ့ နောက်မေးခွန်းတစ်ခုကတော့ စွမ်းအားပြည့် ကိုယ်ဟန်ဟာ ကိုယ့်ဘဝကို တကယ် အဓိပ္ပါယ်ရှိရှိ ပြောင်းစေလားဆိုတာပါ။ ဒါက စမ်းသပ်ခန်းမဟုတ်ပဲ အလုပ်ကလေးပါ။ တစ်မိနစ်၊ နှစ်မိနစ်လောက်ပါ။ ဒါကိုဘယ်မှာ သုံးနိုင်လဲ။ ဒါက ကျွန်မတို့ အရေးထားတာပါ။ ဒီလိုနဲ့ ဒါကို ဘယ်မှာ သုံးချင်တာလဲဆိုတာကေ တန်ဖိုးဖြတ်ရတဲ့ အခြေအနေတွေ ထင်ပါတယ်။ လူမှုရေး ခြိမ်းခြောက်တဲ့ အခြေအနေနမျိုးတွေမှာပေါ့။ ဘယ်မှာ တန်ဖိုးဖြတ်ခံနေရလဲ၊ မိတ်ဆွေတွေကလား။ ဆယ်ကျော်သက်တွေအတွက်က နေ့လည်စာစားပွဲမှာပါ။ လူတစ်ချို့အတွက်တော့ ကျောင်းဘုတ်အဖွဲ့ အစည်းအဝေးမှာ စကားပြောတဲ့အခါပါ။ ဆွဲဆောင်ပြောတာ ဒါမှမဟုတ် ဒီလို ဟောပြောနေတဲ့အခါ ဒါမှမဟုတ် အလုပ်လူတွေ့ဖြေတဲ့အခါပေါ့။ လူတွေနဲ့ ဆက်စပ်မှုအရှိဆုံးက အလုပ်လူတွေ့ဖြေတာလို့ ဆုံးဖြတ်လိုက်တယ်။ လူတွေကြုံခဲ့ဖူးကြလို့ပါ။ ဒီတွေ့ရှိချက်တွေကို ထုတ်ပြန်လိုက်တယ်၊ မီဒီယာတွေမှာ ဒါကို စိတ်ဝင်တစား ပြောကြတာက ကောင်းပြီ၊ ဒါက အလုပ်အတွက် ကိုယ်လူတွေ့ဖြေတဲ့အခါမှာ လုပ်တဲ့ဟာလား။ (ရယ်သံများ) သိတဲ့အတိုင်း လန့်ပြီးပြောမိတာက ဘုရားရေ၊ ဆိုလိုတာက ဒါ လုံး ဝမဟုတ်ဘူး။ ဘာအကြောင်းပဲဖြစ်ဖြစ်၊ မလုပ်လိုက်ပါနဲ့။ ထပ်ပြီးတော့ သူများကို ပြောတာ ကိုယ့်ကိစ္စမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုပြောနေတာလေ။ အလုပ်အတွက် လူတွေ့မဖြေခင်မှာ ဘာလုပ်ကြလဲ။ ဒါလုပ်ကြတယ်။ ထိုင်နေမယ်၊ ကိုယ့် iPhone (သို့) Android ကိုကြည့်နေမယ်။ ဘယ်သူမှ မလွတ်ကြဘူး။ ကိုယ့်မှတ်စုကို ကြည့်နေမယ်၊ ခါး ကိုင်းထားမယ်၊ ကိုယ်သေးအောင်လုပ်မယ်၊ ကိုယ် တကယ်တမ်းလုပ် သင့်တာက ဒီလိုဖြစ်နိုင်တယ်။ ရေချိုးခန်းထဲမှာပေါ့၊ ဟုတ်လား။ ဒါလုပ်ပါ။ အချိန် နှစ်မိနစ်ရှာ၊ ဒါက ကျွန်မတို့ စမ်းသပ်ချင်တာပါ။ ရလား။ ဒီလူတွေကို လက်တွေ့ခန်းထဲခေါ်ပြီး စွမ်းအားမြင့် (သို့) အနိမ့်ကိုယ်ဟန်တွေ ထပ်လုပ်ခိုင်းတယ်။ ဖိစီးမှုများတဲ့ အလုပ် လူတွေ့ မေးမြန်းတာတစ်ခု ဖြေတယ်။ ငါးမိနစ်ကြာပါတယ်။ သူတို့တွေဟာ ဗီဒီယို အရိုက်ခံရတယ်၊ အကဲဖြတ်တာလည်း ခံနေရတယ်။ အကဲဖြတ်တွေဟာ နှုတ်မှုမပါတဲ့ တုံ့ပြန်ချက် မပေးဖို့ လေ့ကျင့်ထားတော့ ဒီလိုပုံဖြစ်နေတာပေါ့။ လူတွေ့ အမေးခံရတဲ့ လူလို့ စိတ်ကူးကြည့်ပါ။ ဒီတော့ ငါးမိနစ်ကြာ ဘာမှမလုပ်ကြဘူး၊ ကတ်သတ်အမေးခံ နေရတာထက် ပိုဆိုးတယ်။ လူတွေက ဒါကို မုန်းတယ်။ Marianne LaFrance က လူမှုရေး သဲဗွက်ထဲမှာ ရပ်နေခြင်းတဲ့။ ဒါက ကိုယ့် cortisol ကို ဆူးထိုးတာပါ။ သူတို့ကို ဒုက္ခပေးတဲ့ လူတွေ့မေးမြန်းခန်းပါ၊ အကြောင်းက ဖြစ်လာတာကို တကယ်သိချင်လို့ပါ။ ပြီးတော့ စံသတ်မှတ်သူတွေကို ဒီတိပ်တွေ ပေးကြည့်တယ်။ လေးယောက်ပါ။ သူတို့ဟာ အနုမာန အယူအဆကို မမြင်ဘူး။ အခြေအနေတွေကို မမြင်ဘူး။ ဘယ်သူက ဘယ်ကိုယ်ဟန်လုပ်တာ မသိကြဘူး။ ဒီတိပ်အတွဲတွေကို ကြည့်တာနဲ့ပဲ ပြီးသွားကာ သူတို့ပြောတာက "ဒီလူတွေကို အလုပ်ခန့်ချင်တယ်၊" စွမ်းအားမြင့် ကိုယ်ဟန်အားလုံးပါ "ဒီလူတွေကိုတော့ မခန့်ချင်ဘူး။" ဒီလူတွေကို အကြမ်းဖျင်း အများကြီးပိုပြီး အပြုသဘောဆန်ဆန်လည်း အကဲဖြတ်ပါတယ်။ ဒါပေမဲ့ ဘာက ဒါကို မောင်းနှင်တာလဲ။ စကားပြောမှာ ပါတဲ့အကြောင်းအရာ မဟုတ်ဘူး၊ စကားဆီ သူတို့ယူဆောင်လာတဲ့ အာရုံရှိမှုပါ။ အစွမ်းအစနဲ့ဆိုင်တဲ့ ဒီကိန်းရှင်အာလုံး အပေါ် သတ်မှတ် တာကြောင့်ပါ။ ဥပမာ၊ ဒီစကားကို ဘယ်လောက် ကျကျနန တည်ဆောက်ထားလဲ။ ဘယ်လောက်ကောင်းလဲ။ အရည်အချင်းတွေက ဘာတွေလဲ။ ဒါတွေအပေါ် သက်ရောက်မှုမရှိပါဘူး။ ထိခိုက်သွားတာက ဒါပါ။ ဒီလိုမျိုးတွေပါ။ ပင်ကိုယ်အားဖြင့် လူတွေဟာ သူတို့ရဲ့ ပင်ကိုယ်စိတ် အစစ်တွေ ယူလာပါတယ်။ ကိုယ်တိုင်ယူလာကြတာပါ။ စိတ်ကူးတွေ ယူလာကြတယ်၊ ကိုယ်တိုင်နော်၊ သိတဲ့အတိုင်း အကပ်အသပ်တွေနဲ့ မဟုတ်ဘူး။ ဒီတော့ ဒါက အကျိုးဆက်ကို မောင်းနှင်တာ (သို့) အကျိုးဆက်ကို ပြေလည်စေတာပါ။ ဒါနဲ့ ကိုယ်ခန္ဓာတွေဟာ စိတ်တွေကို ပြောင်းလဲစေတယ်၊ စိတ်တွေက အပြုအမူတွေကို ပြောင်းလဲ စေတယ်၊ အပြုအမူက ရလဒ်တွေကိုပြောင်းလဲ စေတယ်ဆိုတဲ့အကြောင်းကို လူတွေကို ပြောတဲ့အခါ သူတိုပြောတာက "ဒါဟာ ဟန်ဆောင်ခံစားတာ" ဟုတ်လား၊ ဒီတော့ ကျွန်မက မလုပ်ခင် ဟန်ဆောင်လိုက်။ ကျွန်မတော့ မဟုတ်ဘူး။ ကျွန်မ အဲဒီကို မရောက်ချင်ဘူး။ လိမ်လည်မှုတစ်ခုလို့ပဲ ခံစားရတယ်။ အယောင်ဆောင်တစ်ယောက်လို မဖြစ်ချင်ဘူး။ ကိုယ်မရှိသင့်တဲ့ နေရာလို့ အထင်ရောက်ရုံပဲ မရောက်ချင်ဘူး။ ဒါက တကယ်ပဲ ကျွန်မကို ပဲ့တင်ထပ် နေတယ်။ အကြောင်းက အယောင်ဆောင်ခြင်း အကြောင်းနဲ့ ဒီမှာ ကိုယ်မရှိသင့်ဘူးလို့ အထင်ရောက်တဲ့ ဇာတ်လမ်းလေးကို ပြောပြချင်လို့ပါ။ ကျွန်မအသက် ၁၉ နှစ်မှာ အရမ်းဆိုးတဲ့ ကားမတော်တဆမှု မှာပါခဲ့တယ်။ ကားအပြင်ကို လွင့်သွားတာ လူးလိမ့်နေခဲ့ရတယ်။ ကားကနေ လွင့်သွားခဲ့တယ်။ နိုးလာတော့ ထူထောင်ရေးဆောင်မှာ ဦးခေါင်း ဒဏ်ရာနဲ့၊ ကောလိပ်ကနေ ထွက်ခဲ့ရပြီး ကျွန်မ IQ က အဆင့်နှစ် အထိသွေဖည်ကျသွားတယ်။ ဒါက အတော်ကို ဒုက္ခရောက်ခဲ့ပါတယ်။ ကျွန်မ IQ ကိုသိတာက ကျွန်မဟာ တော်တယ်လို့ သတ်မှတ်ခံထားရပြီး ကလေးအနေနဲ့ အထုရှိတယ်လို့ အခေါ်ခံရလိုပါ။ ဒီတော့ ကျောင်းက ထုတ်ခံရတယ်၊ ပြန်သွားဖို့ ဆက်ကြိုးစားတယ်။ ပြောကြတာက "မင်း ကျောင်းပြီးတော့မှာ မဟုတ်ဘူး၊ သိလား၊ မင်းမှာ အခြားလုပ်စရာတွေ ရှိပေမဲ့ မင်းအတွက် အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး"တဲ့။ ဒီတော့ ဒါနဲ့ တကယ်ပဲ ရုန်းကန်ခဲ့တယ်။ ပြောစရာရှိတာက ကိုယ့်ကိုယ်ပိုင် လက္ခဏာကို အထုတ်ခံလိုက်ရတာ၊ အဓိက လက္ခဏာ၊ ကျွန်မအတွက် တော်တယ်ဆိုတာ ကိုယ့်ဆီက အထုတ်ခံလိုက်ရတာဟာ ကိုယ့်ကို အစွမ်းအစမဲ့သွားစေတယ်လို့ ခံစားရတာထက် ပိုတာ ဘာမှမရှိဘူး။ ဒါနဲ့ ကျွန်မ လုံးဝ အစွမ်းမဲ့ သွားတယ်။ ကြိုးစားတယ်၊ကြိုစားတယ်၊ ကံကောင်းခဲ့တယ်၊ ကြိုးစားတယ်၊ ကံကောင်းတယ်၊ ကြိုးစားတယ် နောက်ဆုံး ကောလိပ်က ဘွဲ့ရခဲ့တယ်။ ကိုယ့်တန်းတူတွေထက် လေးနှစ် ပိုကြာခဲ့တယ်။ ကျွန်မရဲ့ နတ်သမီး အကြံပေး Susan Flske ကို ကျွန်မကို လက်ခံဖို့ စည်းရုံးခဲ့တယ်။ ဒါနဲ့ Prinston မှာ ရောက်သွားခဲ့တယ်။ ကျွန်မဟာ ဒီမှာ မရှိသင့်သူပါ လိုဆိုတာမျိုးပါ။ ကျွန်မက ဟန်ဆောင်သူပါ။ ပထမနှစ် ဟောပြောချက်မစခင် Princeton က ပထမနှစ် ဟောပြောချက်က လူ ၂၀ ကို မိနစ် ၂၀ ဟောပြောချက်ပါ၊ ဒါက ဒီလိုပါ။ နောက်နေ့မှာ ကျွန်မအကြောင်း သိသွားမှာကြောက်ပြီး သူမကို ဖုန်းဆက်ပြီး " ကျွန်မ ထွက်တော့မယ်" လိုပြောတော့ သူမက "မင်းမထွက်ပါဘူး။ ဘာလို့ဆို ငါကမင်းကို စွန့်စားခဲ့တယ်၊ မင်းဆက်ရှိနေမယ်၊ မင်း ဆက်ရှိနေမယ်၊ ဒါ မင်းလုပ်ရမယ်ဟာလေ။ မင်း ဟန်ဆောင်မှာ မဟုတ်ဘူး။ မင်းကို လုပ်ခိုင်းတဲ့ ဟောပြောချက်တိုင်း မင်းလုပ်နေမှာပဲ။ မင်း လုပ်နေ၊ လုပ်နေ၊ လုပ်နေ မှာပဲ။ မင်းဟာ လန့်ပြီး၊ တုံ့ဆိုင်းနေတာတောင်မှ ကိုယ်ခန္ဓာ အပြင်က တွေ့ကြုံမှရှိနေရင်းတောင် ဒီလို့ ပြောတဲ့ အချိန်မရမချင်းပါ၊ "အိုး ငါလုပ်နေတယ်ဟ"လို့ပေါ့။ ပြောရရင်၊ ဒါ ငါ့မှာ ဖြစ်လာတယ်၊ ဒါကို တကယ်လုပ်နေတယ်"လို့လေ။ ဒါက ကျွန်မလုပ်ခဲ့တာပါ။ တက္ကသိုလ်မှာ ငါးနှစ်၊ နှစ်အနည်းငယ် သိတဲ့အတိုင်း Northwestern မှာ။ Harvard ကို ပြောင်းတယ်၊ Harvard မှာပါ။ ဒီအကြောင်းကို တွေးမနေတော့ပါဘူး။ ဒါပေမဲ့ အကြာကြီးတွေမိခဲ့တယ်လေ။ "ဒီမှာ မရှိသင့်ဘူး"လို့ပါ။ ဒီတော့ Harvard မှာ ပထမနှစ်ဆုံးတော့ စာသင်ကာလတစ်ခုလုံး အတန်းထဲမှာ စကားမပြောဖူးတဲ့ ကျောင်းသူတစ်ယောက်၊ "မင်း ပါဝင်ဆွေးနွေးရမယ်၊ မဟုတ်ရင် မင်းကျလိမ့်မယ်။"လို့ ကျွန်မပြောခဲ့သူက ကျွန်မ ရုံးခန်းထဲ ဝင်လာတယ်။ သူမကို လုံးဝမသိခဲ့ပါဘူး။ သူမဟာ လုံးဝလက်လျှော့ကာ ဝင်လာပြီး ပြောတာက "ကျွန်မဟာ ဒီမှာ မရှိသင့်ဘူး"တဲ့။ ဒါက ကျွန်မအတွက် အရေးပါတဲ့ အချိန်ပါ။ အကြောင်းက အရာနှစ်ခု ဖြစ်ခဲ့လို့ပါ ကျွန်မသဘောပေါက်တဲ့ တစ်ခုက အိုး ကျွန်မ ဒါကို မခံစားရတော့ဘူး။ ကျွန်မ ဒါကို မခံစားရတော့ပေမဲ့ သူခံစားရတာကို ကျွန်မသိတယ်။ ဒုတိယတစ်ခုက သူမဟာ ဒီမှာရှိသင့်တာ၊ ပြောရင် သူမ ဟန်ဆောင်နိုင်တယ်၊ ဖြစ်လာနိုင်တယ်ပေါ့ ဒီတော့ ကျွန်မက "ဟုတ်တယ်၊ မင်းပါ၊ မင်းဟာ ဒီမှာရှိသင့်တာပါ။ မနက်ဖြန်ဆို မင်း ဟန်ဆောင်တော့မယ်။ မင်းကိုယ်မင်း စွမ်းအားရှိအောင် လုပ်တော့မယ်၊ သိတဲ့အတိုင်း (လက်ခုပ်သံများ) မင်း စာသင်ခန်းထဲဝင်မယ်၊ အကောင်းဆုံး မှတ်ချက်ပေးမယ်။" သိလား၊ သူမ အကောင်းဆုံး မှတ်ချက်ပေးခဲ့တော့ လူတွေက လှည့်လာပြီး ပြောတာက အိုး၊ ဘုရားရေ၊ မင်းဒီမှာ ထိုင်နေမှန်းတောင် မသိလိုက်ဘူး။ (ရယ်သံများ) လအတန်ကြာတော့ သူမ ကျွန်မဆီပြန်လာတယ်။ ကျွန်မသိလိုက်တာက သူမဟာ တကယ် မလုပ်နိုင်ခင်အထိ ဟန်မဆောင်ခဲ့ဘူး၊ ဖြစ်လာတဲ့အထိ တကယ် ဟန်ဆောင်ခဲ့တာကိုပါ။ ဒီတော့ သူမ ပြောင်းလဲသွားတယ်။ ဒီတော့ ရှင်တို့ကိုပြောချင်တာက မလုပ်နိုင်ခင် ဟန်မဆောင်ကြပါနဲ့။ ဖြစ်လာတဲ့အထိ ဟန်ဆောင်ကြပါ။ ဒါကို တကယ်ဖြစ်လာပြီး တစ်သားတည်း ကျသွားတဲ့ အထိတိုင် လုပ်ကြပါ။ ဒီနောက်ဆုံးတစ်ခုကို ရှင်တို့အတွက် ချန်ထားခဲ့ပါမယ်။ သေးဖွဲတဲ့ အလိမ်အညှိတွေက ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်စေပါတယ်။ ဒီတော့ ဒါက နှစ်မိနစ်ပါ။ နှစ်မိနစ်၊ နှစ်မိနစ် ၊နှစ်မိနစ်ပါ။ နောက်ထပ် ဖိစီးတဲ့ အကဲဖြတ်တဲ့ အခြေအနေတစ်ခုက်ု မဝင်ခင်ပါ။ ဒါကို နှစ်မိနစ်လုပ်ဖို့ကြိုးစားပါ၊ ဓာတ်လှေခါးထဲမှာ၊ ရေချိုးခန်းထဲမှာ၊ တံခါးပိတ်ထားတဲ့ နောက်က စားပွဲမှာပေါ့။ သင်လုပ်ချင်တာ ဒါပါ။ ဒီအခြေအနေမှာ ဦးနှောက်ကို အကောင်းဆုံး ခန့်ခွဲဖို့ စီစဉ်ပါ။ testosterone ကို မြှင့်လိုက်ပါ။ cortisol ကို ချလိုက်ပါ။ အိုး ငါသူတို့ကို ငါဘာကောင်ဆိုတာ မပြလိုက်ရဘူး လို့မျိုး မကျန်မိပါစေနဲ့။ ဒီလိုမျိုးခံစားရတာ ချန်ခဲ့ပါ။ ငါဘယ်သူဆိုတာကို တကယ်ကို ပြောချင်၊ ပြချင်လိုက်တာနော်။ ဒီတော့ ပထမ ရှင်တို့ကိုပြောချင်တာက စွမ်းအားရှိတဲ့ ကိုယ်ဟန်ကိုကြိုးစားဖို့နဲ့ သိပ္ပံကို မျှဝေဖိုလည်း ပြောချင်တာပါ။ ဒါက ရိုးစင်းလို့ပါ။ ဒီမှာ ကျွန်မရဲ့ အတ္တ မပါပါဘူး။ (ရယ်သံများ) ပေးပစ်လိုက်ပါ။ လူတွေနဲ့ မျှဝေပါ၊ အကြောင်းက ဒါကို အများဆုံး သုံးတဲ့သူတွေဟာ အရင်းအမြစ်တွေ၊ နည်းပညာ ပြီးတော့ ဂုဏ်ဒြပ်နဲ့ အစွမ်းတွေ မရှိသူတွေပါ။ သူတို့ကို ပေးလိုက်ပါ၊ သူတို့ သီးသန့်လုပ်နိုင်လို့ပါ။ သူတို့ဟာ သီးသန့် ၂မိနစ် ကိုယ်ခန္ဓာတွေကို လိုပါတယ်။ ဒါဟာ သူတို့ဘဝရဲ့ ရလဒ်တွေကို သိသာစွာ ပြောင်းလဲနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)