ဘာကြောင့် "The Handmaid's Tale" ကို ဖတ်သင့်တာလဲ။ Naomi R. Mercer
-
0:07 - 0:11Margaret Atwood ရဲ့ ဖြစ်လုလု အနာဂတ် ဝတ္ထု
The Handmaid's Tale ထဲမှာ -
0:11 - 0:15Republic of Gilead လို့ခေါ်တဲ့ ခရစ်ယာန်
တင်းကျပ်သော အယူဝါဒီ အစိုးရဟာ -
0:15 - 0:19စစ်တပ်က အာဏာသိမ်းခဲ့ပြီး အမေရိကန်
ပြည်ထောင်စုမှာ ဘာသာရေးဦးဆောင်တဲ့ -
0:19 - 0:22အစိုးရတစ်ရပ်ကို တည်ထောင်ခဲ့တယ်။
-
0:22 - 0:24ဒီအစိုးရစနစ်က လူတိုင်းကို ဘသောတရားအရ
တင်းကျပ်ပေမဲ့ -
0:24 - 0:30လက်တွေ့ကျတော့ Gilead ကို ဖွဲ့စည်းထားတဲ့
လူအနည်းငယ်သာရှိတော့ အားလုံး အာဏာရှိကြတယ်၊ -
0:30 - 0:33အထူးသဖြင့်တော့ အမျိုးသမီးတွေအပေါ်မှာပါ။
-
0:33 - 0:38The Handmaid's Tale ဟာ Atwood ခေါ်တဲ့
ယုတ္တိစမ်းမှုသဘော စိတ်ကူးယဉ် ဝတ္ထုပါ၊ -
0:38 - 0:41ဆိုလိုတာက ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်တွေကို
ထင်မြင်ကြည့်တာပါ။ -
0:41 - 0:43ဒါဟာ အကောင်းမြင်လောကနဲ့
အဆိုးမြင်လောက -
0:43 - 0:46စာသားတွေ နှစ်ခုစလုံးမျှထားတဲ့
အဓိကကျတဲ့ ပင်ကိုယ်လက္ခဏာတစ်ခုပါ။ -
0:46 - 0:51Atwood ဝတ္ထုတွေထဲက ဖြစ်နိုင်တဲ့အနာဂတ်တွေဟာ
အမြဲလိုလို အပျက်မြင် (သို့) အဆိုးမြင်တွေပါ -
0:51 - 0:57အဲဒီမှာ အုပ်စုလေးတစ်ခုရဲ့လုပ်ဆောင်မှုတွေဟာ
လူ့အဖွဲ့အစည်းကို ဖျက်ဆီးလိုက်တယ်။ -
0:57 - 1:02အကောင်းမြင်နဲ့ အဆိုးမြင်အရေးအသားဟာ
နိုင်ငံရေး အလားအလာတွေကို တုနှိုင်းတတ်တယ်။ -
1:02 - 1:06Utopian အရေးအသားက
ရှေ့ဆက်၊ ကြိုပမ်းဖို့ စီမံချက်တစ်ခုအဖြစ် -
1:06 - 1:10စာရေးဆရာက အဆိုပြုတဲ့ စံ လူမှုအဖွဲ့
အစည်းတစ်ခုကိုမကြာခဏ သရုပ်ဖော်တယ်။ -
1:10 - 1:11ဒါပေမဲ့ Dystopias ကျတော့
-
1:11 - 1:15ပြိုပျက်တဲ့ အနာဂတ်တွေရဲ့
သေချာပေါက် ဟောကိန်းတွေ မဟုတ်ပေမဲ့ -
1:15 - 1:19လူ့အဖွဲ့အစည်းတွေ ပျက်စီးဖို့လမ်းကြောင်းမှာ
၎င်းတို့ဘာသာ တည်ရှိပုံတွေအကြောင်း -
1:19 - 1:22သတိပေးချက်ပိုဆန်ပါတယ်။
-
1:22 - 1:26The Handmaid's Tale ကို ၁၉၈၅ မှာ ထုတ်တော့
ရှေးရိုးစွဲ အုပ်စုတော်တော်များများက -
1:26 - 1:30အမျိုးသမီးလှုပ်ရှားမှု ဒုတိယ်လှိုင်းက
ဖန်တီးတဲ့ တိုးတက်မှုတွေကို တိုက်ခိုက်တယ်။ -
1:30 - 1:34ဒီလှုပ်ရှားမှုဟာ ၁၉၆၀ နှစ်လွန်တွေကတည်းက
အမျိုးသမီးတွေအတွက် ပိုကြီးမားတဲ့ -
1:34 - 1:38လူမှုရေးနဲ့ တရားရေးရာ ညီမျှမှုကို
ထောက်ခံနေခဲ့တယ်။ -
1:38 - 1:41The Handmaid's Tale ဟာ ရှေးရိုးစွဲတွေ
တန်ပြန်လှုပ်ရှားမှုက -
1:41 - 1:44အသာစီးရတဲ့ လောကတစ်ခုထဲက
အနာဂတ်တစ်ခုကို စိတ်ကူးကြည့်တာဖြစ်ပြီး -
1:44 - 1:47တန်းတူရှိမှုအတွက် အမျိုးသမီးတွေရှိထားတဲ့
တိုးတက်မှုကို ဖျက်ဆီးရုံတင်မက -
1:47 - 1:52အမျိုးသမီးတွေကို အမျိုးသားတွေဆီမှာ
လုံးဝ အောက်ကျို့စေအောင်လုပ်တယ်။ -
1:52 - 1:56Gilead ဟာ အမျိုးသမီးတွေကို အမျိုးသား
တွေအတွက် လူနေမှုအဆောင်အယောင်အဖြစ် -
1:56 - 1:59လုပ်ဆောင်မှုအပေါ်မူတည်ပြီး ခြားနားတဲ့
လူတန်းစားတွေအဖြစ် ပိုင်းခြားတယ်။ -
1:59 - 2:01သူတို့အဝတ်အထည်ကိုတောင်
အရောင်နဲ့ ခွဲထားတယ်။ -
2:01 - 2:03အမျိုးသမီးတွေကို စာဖတ်ဖို့ (သို့)
-
2:03 - 2:06လူပုံအလယ်မှာ လွတ်လပ်စွာ သွားခွင့်မပြုဘူး၊
-
2:06 - 2:09သားမွေးနိုင်တဲ့ အမျိုးသမီးတွေဟာ
အစိုးရစနစ်အတွက် -
2:09 - 2:14ကလေးတွေ မွေးပေးဖို့ နိုင်ငံတော်က
စီမံတဲ့ မုဒီန်းကျင့်တာခံရတယ်။ -
2:14 - 2:16The Handmaid's Tale ဟာ အနာဂတ်မှာ
ဇာတ်အိမ်တည်ပေမဲ့ -
2:16 - 2:19ရေးရာမှာ Atwood ရဲ့ မိမိကိုယ်ကို
အကျပ်ကိုင်တဲ့ စည်းမျဉ်းတစ်ခုက -
2:19 - 2:22သူဟာ ဘာအဖြစ်အပျက်မှ မသုံးခဲ့တာ
-
2:22 - 2:25(သို့) လူ့သမိုင်းမှာ မဖြစ်ပျက်ခဲ့ဖူးတာကို
အသုံးပြုတာပါ။ -
2:25 - 2:28စာအုပ်ဟာ Massachusetts က
Cambridge မှာ ဇာတ်အိမ်တည်ပါတယ်၊ -
2:28 - 2:31ဘာသာရေးအရအုပ်ချုပ်တဲ့ ပျူရီတန် တွေ
အုပ်ချပ်ခဲ့တဲ့ -
2:31 - 2:35အမေရိကန် ကိုလိုနီခေတ်အတွင်းက
မြို့ကြီးတစ်မြို့ပါ။ -
2:35 - 2:38နည်းလမ်းများစွာမှာ Republic of Gilead ဟာ
ပျူရီတန် လူ့အဖွဲ့အစည်းက -
2:38 - 2:40တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ဆင်ပါတယ်၊
-
2:40 - 2:42တင်းကျပ်တဲ့ ကျင့်ဝတ်တွေေ
-
2:42 - 2:43သင့်တင့်ရုံ အဝတ်အထည်
-
2:43 - 2:45သဘောထားမတူသူတွေကို ပြည်နှင်ဒဏ်ပေးမှု၊
-
2:45 - 2:50လူတွေရဲ့ ဘဝတွေနဲ့ ဆက်ဆံမှုတွေရဲ့
ရှုထောင့်တိုင်းကို ထိန်းသိမ်းမှုပါ။ -
2:50 - 2:54Atwood အတွက်တော့ Massachusett ရဲ့
ပျူရီတန် တွေကို နှိုင်းယှဉ်မှုတွေဟာ -
2:54 - 2:56ကိုယ်တိုင်ရော၊ဘဘောတရားအရရော
ဖြစ်ခဲ့တယ်။ -
2:56 - 2:59သူဟာ နှစ်ချီပြီး Harvard မှာ
ပျူရီတန်တွေကို လေ့လာနေခဲ့ပြီး -
2:59 - 3:02သူဟာ ကြိုးပေးခြင်းကနေ လွန်မြောက်ခဲ့သူ
ကဝေပညာတတ်တယ်လို့ -
3:02 - 3:08စွပ်စွဲခံရတဲ့ ပျူရီတန်အမျိုးသမီး
Mary Webster ကနေ ဆင်းသက်လာသူဖြစ်နိုင်တယ်။ -
3:08 - 3:10Atwood ဟာ ပုံပြောဝိဇ္ဇာတစ်ဦးပါ။
-
3:10 - 3:14ကျွန်တော်တို့ အပေါ်ယံလောက်ပဲသိတဲ့
Gilead ရဲ့ အသေးစိတ်ကတော့ -
3:14 - 3:18၎င်းရဲ့ဇာတ်ကောင်တွေရဲ့ အမြင်တွေကနေ
တဖြည်းဖြည်း ပြတ်သားလာတယ်။ -
3:18 - 3:20အဓိကအားဖြင့် ဝတ္ထုရဲ့ဇာတ်ဆောင် Offred
-
3:20 - 3:24တပ်မှူးတစ်ဦးရဲ့ အိမ်က အိမ်ဖော်တစ်ဦးပါ။
-
3:24 - 3:26Gilead ကို တည်ထောင်တဲ့
အာဏာသိမ်းမှုမတိုင်မီ -
3:26 - 3:32Offred မှာ ခင်ပွန်း၊ ကလေးတစ်ဦးနဲ့ အလုပ်
ရှိပြီး သာမန် လူလတ်တန်းစား အမေရိကန်ဘဝပါ။ -
3:32 - 3:35ဒါပေမဲ့ တင်းကျပ်တဲ့ ဘာသာရေး
အစိုးရစနစ် အာဏာရလာချိန်မှာ -
3:35 - 3:37Offred ဟာ သူ့ကိုယ်ပိုင်လက္ခဏာကို
ငြင်းပယ်ခံရပြီး -
3:37 - 3:38မိသားစုကနေ ကွဲကွာသွားကာ
-
3:38 - 3:41Offred ရဲ့ စကားအရဆိုရင်
" Gilead ရဲ့ ကျဆင်းနေတဲ့ လူဦးရေ -
3:41 - 3:46တိုးပွားရေးအတွက်ခြေနှစ်ချောင်း
သားအိမ်တစ်ခု" အဖြစ် လျှော့ချခံရတယ်။ -
3:46 - 3:49အစိုရသစ်တည်ငြိမ်ရေးအတွက်နဲ့
သူ့ရဲ့အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ -
3:49 - 3:53ဆုံးရှုံးမှုကို အစကတော့ သူလက်ခံတယ်။
-
3:53 - 3:57ဒါပေမဲ့ မကြာခင်မှာ နိုင်ငံတော်က၊
ဘာသာစကား၊ အပြုအမူ၊ သူကိုယ်တိုင်နဲ့ -
3:57 - 3:58အခြားတစ်ဦးစီရဲ့
-
3:58 - 4:02အတွေးတွေကို ထိန်းချုပ်ဖို့
ကြိုးပမ်းမှုတွေကို တိုးချဲ့တယ်။ -
4:02 - 4:04ဒီအရင်က Offred ပြောခဲ့တာက
-
4:04 - 4:07"ကျွန်မ စောင့်တယ်၊
ကျွန်မ စိတ်ကိုထိန်းထားတယ်၊ -
4:07 - 4:13ကျွန်မရဲ့အတ္တက တစ်ဦးဦး မိန့်ခွန်းကို
ရေးဖွဲ့သလို ရေးဖွဲ့ရမယ့် အရာတစ်ခုပါ။" -
4:13 - 4:17သူဟာ ဘာသာစကားကို ကိုယ်ပိုင်လက္ခဏာ
ဖော်ထုတ်မှုနဲ့ပုံခိုင်းလေ့ရှိတယ်။ -
4:17 - 4:22သူ့စကားလုံတွေဟာလည်း တော်လှန်ခြင်းရဲ့
ဖြစ်နိုင်ခြေကို အသိအမှတ်ပြုပြီး -
4:22 - 4:26ဒါဟာ တော်လှန်ခြင်းပါ၊ နိုင်ငံရေး၊
အသိပညာနဲ့ လိင်ဆိုင်ရာ -
4:26 - 4:27စည်းမျဉ်းတွေကို
-
4:27 - 4:29ချိုးဖောက်ရဲတဲ့ သူတွေရဲ့
-
4:29 - 4:32လုပ်ရပ်တွေကHandmaid's Tale
.ဇာတ်ကွက်ကို မောင်းနှင်ပါတယ်။ -
4:32 - 4:37နောက်ဆုံး ဝတ္ထုရဲ့စူးစမ်းမှု မိမိဘာသာ
ကျေနပ်အားရမှုသဘောရဲ့ အကျိုးဆက်တွေနဲ့ -
4:37 - 4:40အာဏာကို တရားနည်းလမ်းမကျ
စွဲကိုင်နိုင်ပုံက -
4:40 - 4:45Atwood ရဲ့စိတ်ကူးယဉ် အခြေအနေဆိုး အစိုးရရဲ့
ကျောချမ်းစရာ အမြင်ကို ဆီလျော်စေတယ်။
- Title:
- ဘာကြောင့် "The Handmaid's Tale" ကို ဖတ်သင့်တာလဲ။ Naomi R. Mercer
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/why-should-you-read-the-handmaid-s-tale-naomi-r-mercer တွင်ကြည့်ရှုပါ။
Margaret Atwood ရဲ့ ယုတ္တိစမ်းမှုသဘောဆောင်တဲ့ စိတ်ကူးယဉ်ဝတ္ထု အပြောင်မြောက်ဆုံးလက်ရာ A Handmaid's Tale" ဟာ မိမိဘာသာ ကျေနပ်အားရမှုသဘောရဲ့ အကျိုးဆက်တွေနဲ့ အာဏာကို တရားနည်းလမ်းမကျ စွဲကိုင်နိုင်ပုံကို စူးစမ်းထားပါတယ်။ Atwood ရဲ့ စိတ်ကူးယဉ် အခြေအနေဆိုး အစိုးရစနစ်ရဲ့ ကျောချမ်းစရာကောင်းတဲ့ အမြင်ဟာ ၎င်းစတင်ထုတ်ဝေစဉ် ၁၉၈၅ ခုနှစ်ကတည်းက စာဖတ်ပရိတ်သတ်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖမ်းစားခဲ့တာပါ။ ဘယ်လိုလုပ်ပြီး ဒီစာအုပ်ဟာ ဒီလိုမျိုး ခံနိုင်ရည်ကို ထိန်းသိမ်းထားတာလဲ။ Naomi R. Mercer က လေ့လာစူစမ်းထားပါတယ်။
သင်ခန်းစာကို Naomi R. Mercer ပြုစုပြီး သက်ဝင်လှုပ်ရှာရုပ်ပုံများကို Phuong Mai Nguyen က ဖန်တီးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:05
![]() |
sann tint approved Burmese subtitles for Why should you read "The Handmaid's Tale"? - Naomi R. Mercer | |
![]() |
Myo Aung accepted Burmese subtitles for Why should you read "The Handmaid's Tale"? - Naomi R. Mercer | |
![]() |
Myo Aung edited Burmese subtitles for Why should you read "The Handmaid's Tale"? - Naomi R. Mercer | |
![]() |
sann tint edited Burmese subtitles for Why should you read "The Handmaid's Tale"? - Naomi R. Mercer | |
![]() |
sann tint edited Burmese subtitles for Why should you read "The Handmaid's Tale"? - Naomi R. Mercer | |
![]() |
sann tint edited Burmese subtitles for Why should you read "The Handmaid's Tale"? - Naomi R. Mercer | |
![]() |
sann tint edited Burmese subtitles for Why should you read "The Handmaid's Tale"? - Naomi R. Mercer | |
![]() |
sann tint edited Burmese subtitles for Why should you read "The Handmaid's Tale"? - Naomi R. Mercer |