Return to Video

ဘာကြောင့် "The Handmaid's Tale" ကို ဖတ်သင့်တာလဲ။ Naomi R. Mercer

  • 0:07 - 0:11
    Margaret Atwood ရဲ့ ဖြစ်လုလု အနာဂတ် ဝတ္ထု
    The Handmaid's Tale ထဲမှာ
  • 0:11 - 0:15
    Republic of Gilead လို့ခေါ်တဲ့ ခရစ်ယာန်
    တင်းကျပ်သော အယူဝါဒီ အစိုးရဟာ
  • 0:15 - 0:19
    စစ်တပ်က အာဏာသိမ်းခဲ့ပြီး အမေရိကန်
    ပြည်ထောင်စုမှာ ဘာသာရေးဦးဆောင်တဲ့
  • 0:19 - 0:22
    အစိုးရတစ်ရပ်ကို တည်ထောင်ခဲ့တယ်။
  • 0:22 - 0:24
    ဒီအစိုးရစနစ်က လူတိုင်းကို ဘသောတရားအရ
    တင်းကျပ်ပေမဲ့
  • 0:24 - 0:30
    လက်တွေ့ကျတော့ Gilead ကို ဖွဲ့စည်းထားတဲ့
    လူအနည်းငယ်သာရှိတော့ အားလုံး အာဏာရှိကြတယ်၊
  • 0:30 - 0:33
    အထူးသဖြင့်တော့ အမျိုးသမီးတွေအပေါ်မှာပါ။
  • 0:33 - 0:38
    The Handmaid's Tale ဟာ Atwood ခေါ်တဲ့
    ယုတ္တိစမ်းမှုသဘော စိတ်ကူးယဉ် ဝတ္ထုပါ၊
  • 0:38 - 0:41
    ဆိုလိုတာက ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်တွေကို
    ထင်မြင်ကြည့်တာပါ။
  • 0:41 - 0:43
    ဒါဟာ အကောင်းမြင်လောကနဲ့
    အဆိုးမြင်လောက
  • 0:43 - 0:46
    စာသားတွေ နှစ်ခုစလုံးမျှထားတဲ့
    အဓိကကျတဲ့ ပင်ကိုယ်လက္ခဏာတစ်ခုပါ။
  • 0:46 - 0:51
    Atwood ဝတ္ထုတွေထဲက ဖြစ်နိုင်တဲ့အနာဂတ်တွေဟာ
    အမြဲလိုလို အပျက်မြင် (သို့) အဆိုးမြင်တွေပါ
  • 0:51 - 0:57
    အဲဒီမှာ အုပ်စုလေးတစ်ခုရဲ့လုပ်ဆောင်မှုတွေဟာ
    လူ့အဖွဲ့အစည်းကို ဖျက်ဆီးလိုက်တယ်။
  • 0:57 - 1:02
    အကောင်းမြင်နဲ့ အဆိုးမြင်အရေးအသားဟာ
    နိုင်ငံရေး အလားအလာတွေကို တုနှိုင်းတတ်တယ်။
  • 1:02 - 1:06
    Utopian အရေးအသားက

    ရှေ့ဆက်၊ ကြိုပမ်းဖို့ စီမံချက်တစ်ခုအဖြစ်
  • 1:06 - 1:10
    စာရေးဆရာက အဆိုပြုတဲ့ စံ လူမှုအဖွဲ့
    အစည်းတစ်ခုကိုမကြာခဏ သရုပ်ဖော်တယ်။
  • 1:10 - 1:11
    ဒါပေမဲ့ Dystopias ကျတော့
  • 1:11 - 1:15
    ပြိုပျက်တဲ့ အနာဂတ်တွေရဲ့
    သေချာပေါက် ဟောကိန်းတွေ မဟုတ်ပေမဲ့
  • 1:15 - 1:19
    လူ့အဖွဲ့အစည်းတွေ ပျက်စီးဖို့လမ်းကြောင်းမှာ
    ၎င်းတို့ဘာသာ တည်ရှိပုံတွေအကြောင်း
  • 1:19 - 1:22
    သတိပေးချက်ပိုဆန်ပါတယ်။
  • 1:22 - 1:26
    The Handmaid's Tale ကို ၁၉၈၅ မှာ ထုတ်တော့
    ရှေးရိုးစွဲ အုပ်စုတော်တော်များများက
  • 1:26 - 1:30
    အမျိုးသမီးလှုပ်ရှားမှု ဒုတိယ်လှိုင်းက
    ဖန်တီးတဲ့ တိုးတက်မှုတွေကို တိုက်ခိုက်တယ်။
  • 1:30 - 1:34
    ဒီလှုပ်ရှားမှုဟာ ၁၉၆၀ နှစ်လွန်တွေကတည်းက
    အမျိုးသမီးတွေအတွက် ပိုကြီးမားတဲ့
  • 1:34 - 1:38
    လူမှုရေးနဲ့ တရားရေးရာ ညီမျှမှုကို
    ထောက်ခံနေခဲ့တယ်။
  • 1:38 - 1:41
    The Handmaid's Tale ဟာ ရှေးရိုးစွဲတွေ
    တန်ပြန်လှုပ်ရှားမှုက
  • 1:41 - 1:44
    အသာစီးရတဲ့ လောကတစ်ခုထဲက
    အနာဂတ်တစ်ခုကို စိတ်ကူးကြည့်တာဖြစ်ပြီး
  • 1:44 - 1:47
    တန်းတူရှိမှုအတွက် အမျိုးသမီးတွေရှိထားတဲ့
    တိုးတက်မှုကို ဖျက်ဆီးရုံတင်မက
  • 1:47 - 1:52
    အမျိုးသမီးတွေကို အမျိုးသားတွေဆီမှာ
    လုံးဝ အောက်ကျို့စေအောင်လုပ်တယ်။
  • 1:52 - 1:56
    Gilead ဟာ အမျိုးသမီးတွေကို အမျိုးသား
    တွေအတွက် လူနေမှုအဆောင်အယောင်အဖြစ်
  • 1:56 - 1:59
    လုပ်ဆောင်မှုအပေါ်မူတည်ပြီး ခြားနားတဲ့
    လူတန်းစားတွေအဖြစ် ပိုင်းခြားတယ်။
  • 1:59 - 2:01
    သူတို့အဝတ်အထည်ကိုတောင်
    အရောင်နဲ့ ခွဲထားတယ်။
  • 2:01 - 2:03
    အမျိုးသမီးတွေကို စာဖတ်ဖို့ (သို့)
  • 2:03 - 2:06
    လူပုံအလယ်မှာ လွတ်လပ်စွာ သွားခွင့်မပြုဘူး၊
  • 2:06 - 2:09
    သားမွေးနိုင်တဲ့ အမျိုးသမီးတွေဟာ
    အစိုးရစနစ်အတွက်
  • 2:09 - 2:14
    ကလေးတွေ မွေးပေးဖို့ နိုင်ငံတော်က
    စီမံတဲ့ မုဒီန်းကျင့်တာခံရတယ်။
  • 2:14 - 2:16
    The Handmaid's Tale ဟာ အနာဂတ်မှာ
    ဇာတ်အိမ်တည်ပေမဲ့
  • 2:16 - 2:19
    ရေးရာမှာ Atwood ရဲ့ မိမိကိုယ်ကို
    အကျပ်ကိုင်တဲ့ စည်းမျဉ်းတစ်ခုက
  • 2:19 - 2:22
    သူဟာ ဘာအဖြစ်အပျက်မှ မသုံးခဲ့တာ
  • 2:22 - 2:25
    (သို့) လူ့သမိုင်းမှာ မဖြစ်ပျက်ခဲ့ဖူးတာကို
    အသုံးပြုတာပါ။
  • 2:25 - 2:28
    စာအုပ်ဟာ Massachusetts က
    Cambridge မှာ ဇာတ်အိမ်တည်ပါတယ်၊
  • 2:28 - 2:31
    ဘာသာရေးအရအုပ်ချုပ်တဲ့ ပျူရီတန် တွေ
    အုပ်ချပ်ခဲ့တဲ့
  • 2:31 - 2:35
    အမေရိကန် ကိုလိုနီခေတ်အတွင်းက
    မြို့ကြီးတစ်မြို့ပါ။
  • 2:35 - 2:38
    နည်းလမ်းများစွာမှာ Republic of Gilead ဟာ
    ပျူရီတန် လူ့အဖွဲ့အစည်းက
  • 2:38 - 2:40
    တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ဆင်ပါတယ်၊
  • 2:40 - 2:42
    တင်းကျပ်တဲ့ ကျင့်ဝတ်တွေေ
  • 2:42 - 2:43
    သင့်တင့်ရုံ အဝတ်အထည်
  • 2:43 - 2:45
    သဘောထားမတူသူတွေကို ပြည်နှင်ဒဏ်ပေးမှု၊
  • 2:45 - 2:50
    လူတွေရဲ့ ဘဝတွေနဲ့ ဆက်ဆံမှုတွေရဲ့
    ရှုထောင့်တိုင်းကို ထိန်းသိမ်းမှုပါ။
  • 2:50 - 2:54
    Atwood အတွက်တော့ Massachusett ရဲ့
    ပျူရီတန် တွေကို နှိုင်းယှဉ်မှုတွေဟာ
  • 2:54 - 2:56
    ကိုယ်တိုင်ရော၊ဘဘောတရားအရရော
    ဖြစ်ခဲ့တယ်။
  • 2:56 - 2:59
    သူဟာ နှစ်ချီပြီး Harvard မှာ
    ပျူရီတန်တွေကို လေ့လာနေခဲ့ပြီး
  • 2:59 - 3:02
    သူဟာ ကြိုးပေးခြင်းကနေ လွန်မြောက်ခဲ့သူ
    ကဝေပညာတတ်တယ်လို့
  • 3:02 - 3:08
    စွပ်စွဲခံရတဲ့ ပျူရီတန်အမျိုးသမီး
    Mary Webster ကနေ ဆင်းသက်လာသူဖြစ်နိုင်တယ်။
  • 3:08 - 3:10
    Atwood ဟာ ပုံပြောဝိဇ္ဇာတစ်ဦးပါ။
  • 3:10 - 3:14
    ကျွန်တော်တို့ အပေါ်ယံလောက်ပဲသိတဲ့
    Gilead ရဲ့ အသေးစိတ်ကတော့
  • 3:14 - 3:18
    ၎င်းရဲ့ဇာတ်ကောင်တွေရဲ့ အမြင်တွေကနေ
    တဖြည်းဖြည်း ပြတ်သားလာတယ်။
  • 3:18 - 3:20
    အဓိကအားဖြင့် ဝတ္ထုရဲ့ဇာတ်ဆောင် Offred
  • 3:20 - 3:24
    တပ်မှူးတစ်ဦးရဲ့ အိမ်က အိမ်ဖော်တစ်ဦးပါ။
  • 3:24 - 3:26
    Gilead ကို တည်ထောင်တဲ့
    အာဏာသိမ်းမှုမတိုင်မီ
  • 3:26 - 3:32
    Offred မှာ ခင်ပွန်း၊ ကလေးတစ်ဦးနဲ့ အလုပ်
    ရှိပြီး သာမန် လူလတ်တန်းစား အမေရိကန်ဘဝပါ။
  • 3:32 - 3:35
    ဒါပေမဲ့ တင်းကျပ်တဲ့ ဘာသာရေး
    အစိုးရစနစ် အာဏာရလာချိန်မှာ
  • 3:35 - 3:37
    Offred ဟာ သူ့ကိုယ်ပိုင်လက္ခဏာကို
    ငြင်းပယ်ခံရပြီး
  • 3:37 - 3:38
    မိသားစုကနေ ကွဲကွာသွားကာ
  • 3:38 - 3:41
    Offred ရဲ့ စကားအရဆိုရင်
    " Gilead ရဲ့ ကျဆင်းနေတဲ့ လူဦးရေ
  • 3:41 - 3:46
    တိုးပွားရေးအတွက်ခြေနှစ်ချောင်း
    သားအိမ်တစ်ခု" အဖြစ် လျှော့ချခံရတယ်။
  • 3:46 - 3:49
    အစိုရသစ်တည်ငြိမ်ရေးအတွက်နဲ့
    သူ့ရဲ့အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ
  • 3:49 - 3:53
    ဆုံးရှုံးမှုကို အစကတော့ သူလက်ခံတယ်။
  • 3:53 - 3:57
    ဒါပေမဲ့ မကြာခင်မှာ နိုင်ငံတော်က၊
    ဘာသာစကား၊ အပြုအမူ၊ သူကိုယ်တိုင်နဲ့
  • 3:57 - 3:58
    အခြားတစ်ဦးစီရဲ့
  • 3:58 - 4:02
    အတွေးတွေကို ထိန်းချုပ်ဖို့
    ကြိုးပမ်းမှုတွေကို တိုးချဲ့တယ်။
  • 4:02 - 4:04
    ဒီအရင်က Offred ပြောခဲ့တာက
  • 4:04 - 4:07
    "ကျွန်မ စောင့်တယ်၊
    ကျွန်မ စိတ်ကိုထိန်းထားတယ်၊
  • 4:07 - 4:13
    ကျွန်မရဲ့အတ္တက တစ်ဦးဦး မိန့်ခွန်းကို
    ရေးဖွဲ့သလို ရေးဖွဲ့ရမယ့် အရာတစ်ခုပါ။"
  • 4:13 - 4:17
    သူဟာ ဘာသာစကားကို ကိုယ်ပိုင်လက္ခဏာ
    ဖော်ထုတ်မှုနဲ့ပုံခိုင်းလေ့ရှိတယ်။
  • 4:17 - 4:22
    သူ့စကားလုံတွေဟာလည်း တော်လှန်ခြင်းရဲ့
    ဖြစ်နိုင်ခြေကို အသိအမှတ်ပြုပြီး
  • 4:22 - 4:26
    ဒါဟာ တော်လှန်ခြင်းပါ၊ နိုင်ငံရေး၊
    အသိပညာနဲ့ လိင်ဆိုင်ရာ
  • 4:26 - 4:27
    စည်းမျဉ်းတွေကို
  • 4:27 - 4:29
    ချိုးဖောက်ရဲတဲ့ သူတွေရဲ့
  • 4:29 - 4:32
    လုပ်ရပ်တွေကHandmaid's Tale
    .ဇာတ်ကွက်ကို မောင်းနှင်ပါတယ်။
  • 4:32 - 4:37
    နောက်ဆုံး ဝတ္ထုရဲ့စူးစမ်းမှု မိမိဘာသာ
    ကျေနပ်အားရမှုသဘောရဲ့ အကျိုးဆက်တွေနဲ့
  • 4:37 - 4:40
    အာဏာကို တရားနည်းလမ်းမကျ
    စွဲကိုင်နိုင်ပုံက
  • 4:40 - 4:45
    Atwood ရဲ့စိတ်ကူးယဉ် အခြေအနေဆိုး အစိုးရရဲ့
    ကျောချမ်းစရာ အမြင်ကို ဆီလျော်စေတယ်။
Title:
ဘာကြောင့် "The Handmaid's Tale" ကို ဖတ်သင့်တာလဲ။ Naomi R. Mercer
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/why-should-you-read-the-handmaid-s-tale-naomi-r-mercer တွင်ကြည့်ရှုပါ။

Margaret Atwood ရဲ့ ယုတ္တိစမ်းမှုသဘောဆောင်တဲ့ စိတ်ကူးယဉ်ဝတ္ထု အပြောင်မြောက်ဆုံးလက်ရာ A Handmaid's Tale" ဟာ မိမိဘာသာ ကျေနပ်အားရမှုသဘောရဲ့ အကျိုးဆက်တွေနဲ့ အာဏာကို တရားနည်းလမ်းမကျ စွဲကိုင်နိုင်ပုံကို စူးစမ်းထားပါတယ်။ Atwood ရဲ့ စိတ်ကူးယဉ် အခြေအနေဆိုး အစိုးရစနစ်ရဲ့ ကျောချမ်းစရာကောင်းတဲ့ အမြင်ဟာ ၎င်းစတင်ထုတ်ဝေစဉ် ၁၉၈၅ ခုနှစ်ကတည်းက စာဖတ်ပရိတ်သတ်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖမ်းစားခဲ့တာပါ။ ဘယ်လိုလုပ်ပြီး ဒီစာအုပ်ဟာ ဒီလိုမျိုး ခံနိုင်ရည်ကို ထိန်းသိမ်းထားတာလဲ။ 
Naomi R. Mercer က လေ့လာစူစမ်းထားပါတယ်။

သင်ခန်းစာကို Naomi R. Mercer ပြုစုပြီး သက်ဝင်လှုပ်ရှာရုပ်ပုံများကို Phuong Mai Nguyen က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:05

Burmese subtitles

Revisions