Margaret Atwood ရဲ့ ဖြစ်လုလု အနာဂတ် ဝတ္ထု The Handmaid's Tale ထဲမှာ Republic of Gilead လို့ခေါ်တဲ့ ခရစ်ယာန် တင်းကျပ်သော အယူဝါဒီ အစိုးရဟာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှာ ဘာသာရေးဦးဆောင်တဲ့ အစိုးရတစ်ရပ်ကို တည်ထောင်ခဲ့တယ်။ ဒီအစိုးရစနစ်က လူတိုင်းကို ဘသောတရားအရ တင်းကျပ်ပေမဲ့ လက်တွေ့ကျတော့ Gilead ကို ဖွဲ့စည်းထားတဲ့ လူအနည်းငယ်သာရှိတော့ အားလုံး အာဏာရှိကြတယ်၊ အထူးသဖြင့်တော့ အမျိုးသမီးတွေအပေါ်မှာပါ။ The Handmaid's Tale ဟာ Atwood ခေါ်တဲ့ ယုတ္တိစမ်းမှုသဘော စိတ်ကူးယဉ် ဝတ္ထုပါ၊ ဆိုလိုတာက ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်တွေကို ထင်မြင်ကြည့်တာပါ။ ဒါဟာ အကောင်းမြင်လောကနဲ့ အဆိုးမြင်လောက စာသားတွေ နှစ်ခုစလုံးမျှထားတဲ့ အဓိကကျတဲ့ ပင်ကိုယ်လက္ခဏာတစ်ခုပါ။ Atwood ဝတ္ထုတွေထဲက ဖြစ်နိုင်တဲ့အနာဂတ်တွေဟာ အမြဲလိုလို အပျက်မြင် (သို့) အဆိုးမြင်တွေပါ အဲဒီမှာ အုပ်စုလေးတစ်ခုရဲ့လုပ်ဆောင်မှုတွေဟာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးလိုက်တယ်။ အကောင်းမြင်နဲ့ အဆိုးမြင်အရေးအသားဟာ နိုင်ငံရေး အလားအလာတွေကို တုနှိုင်းတတ်တယ်။ Utopian အရေးအသားက
 ရှေ့ဆက်၊ ကြိုပမ်းဖို့ စီမံချက်တစ်ခုအဖြစ် စာရေးဆရာက အဆိုပြုတဲ့ စံ လူမှုအဖွဲ့ အစည်းတစ်ခုကိုမကြာခဏ သရုပ်ဖော်တယ်။ ဒါပေမဲ့ Dystopias ကျတော့ ပြိုပျက်တဲ့ အနာဂတ်တွေရဲ့ သေချာပေါက် ဟောကိန်းတွေ မဟုတ်ပေမဲ့ လူ့အဖွဲ့အစည်းတွေ ပျက်စီးဖို့လမ်းကြောင်းမှာ ၎င်းတို့ဘာသာ တည်ရှိပုံတွေအကြောင်း သတိပေးချက်ပိုဆန်ပါတယ်။ The Handmaid's Tale ကို ၁၉၈၅ မှာ ထုတ်တော့ ရှေးရိုးစွဲ အုပ်စုတော်တော်များများက အမျိုးသမီးလှုပ်ရှားမှု ဒုတိယ်လှိုင်းက ဖန်တီးတဲ့ တိုးတက်မှုတွေကို တိုက်ခိုက်တယ်။ ဒီလှုပ်ရှားမှုဟာ ၁၉၆၀ နှစ်လွန်တွေကတည်းက အမျိုးသမီးတွေအတွက် ပိုကြီးမားတဲ့ လူမှုရေးနဲ့ တရားရေးရာ ညီမျှမှုကို ထောက်ခံနေခဲ့တယ်။ The Handmaid's Tale ဟာ ရှေးရိုးစွဲတွေ တန်ပြန်လှုပ်ရှားမှုက အသာစီးရတဲ့ လောကတစ်ခုထဲက အနာဂတ်တစ်ခုကို စိတ်ကူးကြည့်တာဖြစ်ပြီး တန်းတူရှိမှုအတွက် အမျိုးသမီးတွေရှိထားတဲ့ တိုးတက်မှုကို ဖျက်ဆီးရုံတင်မက အမျိုးသမီးတွေကို အမျိုးသားတွေဆီမှာ လုံးဝ အောက်ကျို့စေအောင်လုပ်တယ်။ Gilead ဟာ အမျိုးသမီးတွေကို အမျိုးသား တွေအတွက် လူနေမှုအဆောင်အယောင်အဖြစ် လုပ်ဆောင်မှုအပေါ်မူတည်ပြီး ခြားနားတဲ့ လူတန်းစားတွေအဖြစ် ပိုင်းခြားတယ်။ သူတို့အဝတ်အထည်ကိုတောင် အရောင်နဲ့ ခွဲထားတယ်။ အမျိုးသမီးတွေကို စာဖတ်ဖို့ (သို့) လူပုံအလယ်မှာ လွတ်လပ်စွာ သွားခွင့်မပြုဘူး၊ သားမွေးနိုင်တဲ့ အမျိုးသမီးတွေဟာ အစိုးရစနစ်အတွက် ကလေးတွေ မွေးပေးဖို့ နိုင်ငံတော်က စီမံတဲ့ မုဒီန်းကျင့်တာခံရတယ်။ The Handmaid's Tale ဟာ အနာဂတ်မှာ ဇာတ်အိမ်တည်ပေမဲ့ ရေးရာမှာ Atwood ရဲ့ မိမိကိုယ်ကို အကျပ်ကိုင်တဲ့ စည်းမျဉ်းတစ်ခုက သူဟာ ဘာအဖြစ်အပျက်မှ မသုံးခဲ့တာ (သို့) လူ့သမိုင်းမှာ မဖြစ်ပျက်ခဲ့ဖူးတာကို အသုံးပြုတာပါ။ စာအုပ်ဟာ Massachusetts က Cambridge မှာ ဇာတ်အိမ်တည်ပါတယ်၊ ဘာသာရေးအရအုပ်ချုပ်တဲ့ ပျူရီတန် တွေ အုပ်ချပ်ခဲ့တဲ့ အမေရိကန် ကိုလိုနီခေတ်အတွင်းက မြို့ကြီးတစ်မြို့ပါ။ နည်းလမ်းများစွာမှာ Republic of Gilead ဟာ ပျူရီတန် လူ့အဖွဲ့အစည်းက တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ဆင်ပါတယ်၊ တင်းကျပ်တဲ့ ကျင့်ဝတ်တွေေ သင့်တင့်ရုံ အဝတ်အထည် သဘောထားမတူသူတွေကို ပြည်နှင်ဒဏ်ပေးမှု၊ လူတွေရဲ့ ဘဝတွေနဲ့ ဆက်ဆံမှုတွေရဲ့ ရှုထောင့်တိုင်းကို ထိန်းသိမ်းမှုပါ။ Atwood အတွက်တော့ Massachusett ရဲ့ ပျူရီတန် တွေကို နှိုင်းယှဉ်မှုတွေဟာ ကိုယ်တိုင်ရော၊ဘဘောတရားအရရော ဖြစ်ခဲ့တယ်။ သူဟာ နှစ်ချီပြီး Harvard မှာ ပျူရီတန်တွေကို လေ့လာနေခဲ့ပြီး သူဟာ ကြိုးပေးခြင်းကနေ လွန်မြောက်ခဲ့သူ ကဝေပညာတတ်တယ်လို့ စွပ်စွဲခံရတဲ့ ပျူရီတန်အမျိုးသမီး Mary Webster ကနေ ဆင်းသက်လာသူဖြစ်နိုင်တယ်။ Atwood ဟာ ပုံပြောဝိဇ္ဇာတစ်ဦးပါ။ ကျွန်တော်တို့ အပေါ်ယံလောက်ပဲသိတဲ့ Gilead ရဲ့ အသေးစိတ်ကတော့ ၎င်းရဲ့ဇာတ်ကောင်တွေရဲ့ အမြင်တွေကနေ တဖြည်းဖြည်း ပြတ်သားလာတယ်။ အဓိကအားဖြင့် ဝတ္ထုရဲ့ဇာတ်ဆောင် Offred တပ်မှူးတစ်ဦးရဲ့ အိမ်က အိမ်ဖော်တစ်ဦးပါ။ Gilead ကို တည်ထောင်တဲ့ အာဏာသိမ်းမှုမတိုင်မီ Offred မှာ ခင်ပွန်း၊ ကလေးတစ်ဦးနဲ့ အလုပ် ရှိပြီး သာမန် လူလတ်တန်းစား အမေရိကန်ဘဝပါ။ ဒါပေမဲ့ တင်းကျပ်တဲ့ ဘာသာရေး အစိုးရစနစ် အာဏာရလာချိန်မှာ Offred ဟာ သူ့ကိုယ်ပိုင်လက္ခဏာကို ငြင်းပယ်ခံရပြီး မိသားစုကနေ ကွဲကွာသွားကာ Offred ရဲ့ စကားအရဆိုရင် " Gilead ရဲ့ ကျဆင်းနေတဲ့ လူဦးရေ တိုးပွားရေးအတွက်ခြေနှစ်ချောင်း သားအိမ်တစ်ခု" အဖြစ် လျှော့ချခံရတယ်။ အစိုရသစ်တည်ငြိမ်ရေးအတွက်နဲ့ သူ့ရဲ့အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးမှုကို အစကတော့ သူလက်ခံတယ်။ ဒါပေမဲ့ မကြာခင်မှာ နိုင်ငံတော်က၊ ဘာသာစကား၊ အပြုအမူ၊ သူကိုယ်တိုင်နဲ့ အခြားတစ်ဦးစီရဲ့ အတွေးတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေကို တိုးချဲ့တယ်။ ဒီအရင်က Offred ပြောခဲ့တာက "ကျွန်မ စောင့်တယ်၊ ကျွန်မ စိတ်ကိုထိန်းထားတယ်၊ ကျွန်မရဲ့အတ္တက တစ်ဦးဦး မိန့်ခွန်းကို ရေးဖွဲ့သလို ရေးဖွဲ့ရမယ့် အရာတစ်ခုပါ။" သူဟာ ဘာသာစကားကို ကိုယ်ပိုင်လက္ခဏာ ဖော်ထုတ်မှုနဲ့ပုံခိုင်းလေ့ရှိတယ်။ သူ့စကားလုံတွေဟာလည်း တော်လှန်ခြင်းရဲ့ ဖြစ်နိုင်ခြေကို အသိအမှတ်ပြုပြီး ဒါဟာ တော်လှန်ခြင်းပါ၊ နိုင်ငံရေး၊ အသိပညာနဲ့ လိင်ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ရဲတဲ့ သူတွေရဲ့ လုပ်ရပ်တွေကHandmaid's Tale .ဇာတ်ကွက်ကို မောင်းနှင်ပါတယ်။ နောက်ဆုံး ဝတ္ထုရဲ့စူးစမ်းမှု မိမိဘာသာ ကျေနပ်အားရမှုသဘောရဲ့ အကျိုးဆက်တွေနဲ့ အာဏာကို တရားနည်းလမ်းမကျ စွဲကိုင်နိုင်ပုံက Atwood ရဲ့စိတ်ကူးယဉ် အခြေအနေဆိုး အစိုးရရဲ့ ကျောချမ်းစရာ အမြင်ကို ဆီလျော်စေတယ်။