< Return to Video

မွန်ဂို ဘုရင်မ ဘဝထဲက တစ်နေ့တာ။ Anne F. Broadbridge

  • 0:08 - 0:12
    ရွက်ဖျင်တဲ တစ်သောင်းရှိတဲ့ ရွေ့ပြောင်း
    လို့ရတဲ့ မြို့တစ်မြို့က အရုဏ်အကျင်းမှာ
  • 0:12 - 0:16
    ဘုရင်မ Boraqchin ဟာ
    ကသောင်းကနင်းဖြစ်နေတယ်။
  • 0:16 - 0:19
    ဗွေဖောက်တဲ့သိုးတစ်ကောင်က
    အခိုင်းအစေတွေနဲ့ အစောင့်တွေကိုကျော်ပြီး
  • 0:19 - 0:21
    သူ့ရွက်ဖျင်တဲထဲကို
    တစ်ဟုန်ထိုးဝင်လာခဲ့တယ်။
  • 0:21 - 0:25
    အဲဒီမှာ အိပ်ရာပေါ်ခုန်တက်ပြီး
    သူ့နားထဲကို အော်တယ်။
  • 0:25 - 0:28
    မွန်ဂိုအင်ပါရာကြီးဖြစ်တဲ့
    Golden Horde ရဲ့
  • 0:28 - 0:31
    ခန့်ညားတဲ့အကြီးအကဲဖြစ်ပေမဲ့
  • 0:31 - 0:34
    Boraqchin ဟာ အုပ်ချုပ်ရေးကို
    လက်တွေ့ဖြေရှင်းရတယ်။
  • 0:34 - 0:36
    သူဟာ Genghis Khan ရဲ့မြေးဖြစ်သူ
  • 0:36 - 0:39
    စစ်ဘီလူး Batu Khan နဲ့
    တစ်ဆယ့်ငါးနှစ်သမီးတည်းက
  • 0:39 - 0:41
    လက်ဆက်ထားပြီး
  • 0:41 - 0:43
    သူ့ခင်ပွန်း တိုက်ခိုက်စီးနင်းချိန်တွေမှာ
  • 0:43 - 0:48
    အိမ်ကနေ လူစု၊ မိသားစုနဲ့ အင်ပါယာ စီမံတဲ့
    တာဝန်တွေကို တစ်ခုပြီးတစ်ခု သူလုပ်ဆောင်တယ်။
  • 0:48 - 0:53
    ဒါက သူ့ကို စီမံသူ၊ လူထောင်ချီတဲ့မြို့ကို
    ရွေ့လျားစေသူဖြစ်စေတယ်။
  • 0:53 - 0:57
    Boraqchin ဟာ မြို့ကို တစ်နှစ်ကိုနှစ်ကြိမ်

    စခန်းချတဲ့ ကွင်းပြင်နှစ်ခုကြားကို ရွှေ့တယ်
  • 0:57 - 1:01
    ဒါက နွေရာသီမှာ ရေမပြတ်ရှိဖို့၊
    မြက်ခင်းတွေ စိမ်းစိုဖို့နဲ့
  • 1:01 - 1:05
    ဆောင်းရာသီမှာ လေပြင်းတွေကနေ
    ကာကွယ်ဖို့ သေချာစေတယ်။
  • 1:05 - 1:08
    လုပ်ဆောင်မှုတစ်ခုလုံးဟာ သီးတင်းပတ်ချီတဲ့
    တင်းကျပ်တဲ့ အစီအစဉ်၊
  • 1:08 - 1:11
    သူ့ပိုင်နက်ထဲက အခြား စခန်းတွေနဲ့
    ဆက်သွယ်မှု၊ ဗျူဟာမြောက်တဲ့ လွှဲအပ်မှု၊
  • 1:11 - 1:15
    နှေးကန်တဲ့ တိရစ္ဆာန်တွေရဲ့ အမြန်နှုန်းမှာ
    ရွေ့တာကို စိတ်ရှည်ဖို့ လိုအပ်တယ်၊
  • 1:15 - 1:17
    ဒီနေ့ဟာ ရွှေ့ပြောင်းတဲ့နေ့ပါ။
  • 1:17 - 1:22
    အမျိုးသမီးတွေ၊ တပ်မှူးတွေ၊ ကျွန်တွေနဲ
    တိရစ္ဆာန်အုပ်စုတွေကို နွေရာသီအတွက်
  • 1:22 - 1:25
    ဗော်လ်ဂါမြစ်အထိ ဦးဆောင်
    ခေါ်သွားဖို့ လိုလိမ့်မယ်။
  • 1:25 - 1:27
    Boraqchin အပြင်ကို လှမ်းထွက်လိုက်တာနဲ့
  • 1:27 - 1:29
    ရုတ်ရုတ်သည်းသည်း ကြိုဆိုခံရတယ်၊
  • 1:29 - 1:33
    သူ မလိုလားတဲ့ ဧည့်သည်ဟာ အခုဆို
    ဘဏ္ဍာစိုးတွေအနီးမှာ ပတ်ချာလည် ပြေးနေတယ်။
  • 1:33 - 1:37
    လူတွေဟာ သူ့ပစ္စည်းတွေကို လှည်းတွေထဲမှာ
    သေသေချာထား ထားသိုဖို့ ကြိုးပမ်းနေတယ်။
  • 1:37 - 1:40
    Boraqchin က ကြီးကြပ်မှု
    အောက်မှာနေဖို့ အမိန့်ပေးပေမဲ့
  • 1:40 - 1:44
    လမ်းလွဲနေတာကို ဖမ်းမိဖို့
    လျှင်တဲ့သူဆိုလို့ သူပဲရှိတာပါ။
  • 1:44 - 1:48
    နောက် သူ့ရဲ့ရွက်ဖျင်တဲကို ဖြေပြီး
    သုံးမနေကျ လှည်းပေါ်ကို မတင်နေတဲ့
  • 1:48 - 1:50
    အမျိုးသမီးတွေကို ကြီးကြပ်တယ်။
  • 1:50 - 1:53
    ဒါကို ဆွဲဖို့ နွားဆယ်ရှဉ်း လိုအပ်ပြီး
  • 1:53 - 1:57
    ဒါကို မောင်းနှင်ဖို့ကိုတော့ Boraqchin ဟာ
    ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံဘူး။
  • 1:57 - 2:01
    နောက်တော့ Boraqchin နဲ့ သိုးမွေးထူ
    တစ်သိုက်ဟာအစောင့်တွေနဲ့ တွေ့ဆုံတယ်။
  • 2:01 - 2:05
    သူ့ခင်ပွန်းရဲ့ အထူးကြိုဆိုရေး ရွက်ဖျင်တဲ
    နဲ့ သယ်ဆောင်လို့ရတဲ့ ပလ္လင်ကို
  • 2:05 - 2:08
    ခရီးစဉ်အတွင်း အနီးကပ်စောင့်ကြည့်ဖို့
    သူတို့ကို အမိန်ပေးတယ်။
  • 2:08 - 2:10
    သူတို့ရော အစောင့်အရှောက် ပါမှာဖြစ်ပြီး
  • 2:10 - 2:13
    လမ်း လုံခြုံဖို့၊ သူ့ကို ဘေးကင်းအောင်
    ဝန်းရံဖို့၊ တိရိစ္ဆာန်တွေကို
  • 2:13 - 2:16
    မပြတ်ေစာင့်ကြည့်ဖို့
    သူက အမိန့်ပေးတယ်။
  • 2:16 - 2:20
    ဒါပေမဲ့ နောက်ဆုံး သိုးက လွတ်သွားပြီး
    ကွင်းပြင်တွေဆီသွားတဲ့အခါမှာတော့
  • 2:20 - 2:21
    အစောင့်တွေ ထိန်းနိုင်ခဲလှပါတယ်၊
  • 2:21 - 2:25
    သိုးက လူအုပ်တွေထဲ ခုန်ပေါက်ပြီး
    ရွက်ဖျင်တဲတွေကို ဖျက်နေတာကိုး။
  • 2:25 - 2:29
    စိတ်တိုနေတဲ့ Boraqchin ဟာ သူကိုယ်တိုင်
    စားကျက်တွဆီ မြင်းစီးထွက်သွားတယ်။
  • 2:29 - 2:30
    သူအဲဒီရောက်တဲ့အခါ
  • 2:30 - 2:35
    အုပ်စုတစ်စုမှာ လူးလွန့်နေတဲ့
    ဒုက္ခပေးတဲ့သိုးကို ရိပ်ကနဲ့မြင်တယ်။
  • 2:35 - 2:36
    သူ့နောက်ကို လိုက်တဲ့အခါ
  • 2:36 - 2:39
    သူ့အမေ သိုးမကြီးဘေးမှာ ဝင်ခွေလိုက်တယ်။
  • 2:39 - 2:42
    သိုးမက ဇီးကပ်နေပြီး နာကျင်နေပုံရတယ်။
  • 2:42 - 2:46
    အစမှာပဲ Boraqchin နာလည်လိုက်တာက
    ဒီသိုးမဟာ သားမွေးတော့မှာဖြစ်ပြီး
  • 2:46 - 2:49
    ရွေ့ပြောင်းတဲ့နေ့ရဲ့ ပြာယာခတ်မှုထဲမှာ
    အမေ့ခံရတယ်ဆိုတာပါ။
  • 2:49 - 2:51
    သိုးထိန်းကို ရှာဖို့ အချိန်ကမရှိဘူး။
  • 2:51 - 2:55
    ဒီအစား Boraqchin ဟာ လက်ကိုခေါက်တင်ပြီး
    သူ့လက်မောင်းကို ဆီဆွတ်ကာ
  • 2:55 - 3:00
    အင်ပါယာကို ထပ်ပေါင်းပေးမယ့်
    အသစ်နှစ်ကောင်မွေးဖို့ သိုးမကို ကူညီတယ်။
  • 3:00 - 3:02
    သိုးပေါက်လေးတွေနဲ့ သူတို့အမေကိုထားပြီး
  • 3:02 - 3:04
    Boraqchin ဟာ စခန်းဆီ
    သုတ်ခြေတင် ပြန်သွားတယ်။
  • 3:04 - 3:07
    ဒီမှာ အပြီးသတ်အနေနဲ့ ထုတ်ပိုးပြီး
  • 3:07 - 3:10
    လှည်းတွေကို စတင် တန်းစီတာပါ။
  • 3:10 - 3:12
    ဘုရင်မနဲ့ သူ့ရဲ့ရတနာတွေပြည့်နေတဲ့
  • 3:12 - 3:16
    လှည်းအစီးနှစ်ရာနဲ့ စတင်တဲ့
    ဧရာမ ယာဉ်တန်းကြီးပါ။
  • 3:16 - 3:18
    နောက်မှာတော့ အငယ်တန်း ဇနီးတွေနဲ့ အဖွဲ့၊
  • 3:18 - 3:20
    ဒီနောက် ကိုယ်လုပ်တော်တွေပါ။
  • 3:20 - 3:23
    ဒါက Boraqchin ရဲ့ စခန်းပဲရှိပါသေးတယ်။
  • 3:23 - 3:25
    ဒီနောက်မှာ ဒုတိယ အင်ပါယာနဲ့ဆိုင်တဲ့ စခန်း၊
  • 3:25 - 3:27
    နောက်ထပ် အကြီးတန်း ဇနီးက ဦးဆောင်တယ်။
  • 3:27 - 3:30
    ဒီနောက်မှာ နောက်ထပ်စခန်းနှစ်ခု၊
    ဇနီးတွေကပဲ ဦးဆောင်တာပါ။
  • 3:30 - 3:33
    Boraqchin ဟာ ချောမွေတဲ့ ထွက်ခွာမှုနဲ့
    သေဝပ်တဲ့ အတန်းဆိုတာ
  • 3:33 - 3:36
    သေချာေစဖို့ သီတင်းပတ်ချီကာ
    မပြတ်စစ်ဆေးနေတာပါ။
  • 3:36 - 3:39
    ဒါပေမဲ့ သူတို့ဟာ အတန်းရဲ့ တော်ဝင်
    အပိုင်းသာ ပါဝင်ပြီး
  • 3:39 - 3:42
    သူတို့နောက်မှာတော့
    သယ်လို့ရတဲ့ ဝတ်ပြုဆောင်တွေ၊
  • 3:42 - 3:45
    ဗလီတွေနဲ့ ဘာသာရေးဆရာတွေ၊
    မိသားစုတွေ၊ ကုန်သည်တွေ၊
  • 3:45 - 3:48
    သိုးကျောင်းသားတွေ ပါဝင်တဲ့
    အရပ်သားတစ်မြို့လုံးဝန်းရံနေပါတယ်၊
  • 3:48 - 3:52
    နောက်ဆုံးမှာ Boraqchin ဟာ သူ့လှည်းထဲမှာ
    နေရာယူလိုက်တယ်။
  • 3:52 - 3:54
    သူတို့ရဲ့ခရီးဆုံးရောက်ဖို့
    သီတင်းပတ်ချီကြာပေမဲ့
  • 3:54 - 3:56
    ခရီးတစ်လျှောက်လုံးမှာ
  • 3:56 - 3:59
    လူတိုင်းကို အသေအချာ မပြတ်စစ်ဆေးပါလိမ့်မယ်၊
  • 3:59 - 4:01
    ဂုဏ်ယူဖွယ် ကလေးတွေ၊
    အာရုံစိုက်ရတဲ့ လက်အောက်ငယ်သားတွေကနေ
  • 4:01 - 4:05
    အတန်းရဲ့နောက်ဖက်က
    သဝေအထိုးဆုံး သိုးတွေအထိပါ။
Title:
မွန်ဂို ဘုရင်မ ဘဝထဲက တစ်နေ့တာ။ Anne F. Broadbridge
Speaker:
Anne F. Broadbridge
Description:

သောင်းချီ ရွက်ဖျင်တဲတွေရှိတဲ့ ရွေ့ပြောင်းလို့ရနိုင်တဲ့ မြို့တစ်မြို့အပေါ်မှာ အရုဏ်းကျင်းခိုက်မှာ
ဧကရီဘုရင်မ Boraqchin ဟာ နွေရာသီ စခန်းချတဲ့ ကွင်းပြင်တွေဆီ ထွက်ခွာဖို့ သူ့နိုင်ငံတော်အတွက် ပြင်ဆင်ပါတယ်။ Genghis Khan ရဲ့မြေးဖြစ်သူ၊ သူ့ခင်ပွန်း တိုက်ခိုက်စီးနင်းနေခိုက်မှာ သူကတော့ လူစုတွေ၊ မိသားစုနဲ့ ထောင်ချီတဲ့မြို့ကို စီမံတဲ့ တာဝန်ဝတ္တရားတွေကို တစ်ခုပြီးတစ်ခုလုပ်ဆောင်ပါတယ်။ Anne F. Broadbridge က မွန်ဂို ဧကရီဘုရင်မ ဘဝရဲ့ တစ်နေ့တာကို လိုရင်းအချုပ်ကို ဖော်ပြထားပါတယ်။

သင်ခန်းစာကို Anne F. Broadbridge ကပြုစုပြီး Els Decaluwe က စီစဉ်ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:08

Burmese subtitles

Revisions