ရွက်ဖျင်တဲ တစ်သောင်းရှိတဲ့ ရွေ့ပြောင်း
လို့ရတဲ့ မြို့တစ်မြို့က အရုဏ်အကျင်းမှာ
ဘုရင်မ Boraqchin ဟာ
ကသောင်းကနင်းဖြစ်နေတယ်။
ဗွေဖောက်တဲ့သိုးတစ်ကောင်က
အခိုင်းအစေတွေနဲ့ အစောင့်တွေကိုကျော်ပြီး
သူ့ရွက်ဖျင်တဲထဲကို
တစ်ဟုန်ထိုးဝင်လာခဲ့တယ်။
အဲဒီမှာ အိပ်ရာပေါ်ခုန်တက်ပြီး
သူ့နားထဲကို အော်တယ်။
မွန်ဂိုအင်ပါရာကြီးဖြစ်တဲ့
Golden Horde ရဲ့
ခန့်ညားတဲ့အကြီးအကဲဖြစ်ပေမဲ့
Boraqchin ဟာ အုပ်ချုပ်ရေးကို
လက်တွေ့ဖြေရှင်းရတယ်။
သူဟာ Genghis Khan ရဲ့မြေးဖြစ်သူ
စစ်ဘီလူး Batu Khan နဲ့
တစ်ဆယ့်ငါးနှစ်သမီးတည်းက
လက်ဆက်ထားပြီး
သူ့ခင်ပွန်း တိုက်ခိုက်စီးနင်းချိန်တွေမှာ
အိမ်ကနေ လူစု၊ မိသားစုနဲ့ အင်ပါယာ စီမံတဲ့
တာဝန်တွေကို တစ်ခုပြီးတစ်ခု သူလုပ်ဆောင်တယ်။
ဒါက သူ့ကို စီမံသူ၊ လူထောင်ချီတဲ့မြို့ကို
ရွေ့လျားစေသူဖြစ်စေတယ်။
Boraqchin ဟာ မြို့ကို တစ်နှစ်ကိုနှစ်ကြိမ်
စခန်းချတဲ့ ကွင်းပြင်နှစ်ခုကြားကို ရွှေ့တယ်
ဒါက နွေရာသီမှာ ရေမပြတ်ရှိဖို့၊
မြက်ခင်းတွေ စိမ်းစိုဖို့နဲ့
ဆောင်းရာသီမှာ လေပြင်းတွေကနေ
ကာကွယ်ဖို့ သေချာစေတယ်။
လုပ်ဆောင်မှုတစ်ခုလုံးဟာ သီးတင်းပတ်ချီတဲ့
တင်းကျပ်တဲ့ အစီအစဉ်၊
သူ့ပိုင်နက်ထဲက အခြား စခန်းတွေနဲ့
ဆက်သွယ်မှု၊ ဗျူဟာမြောက်တဲ့ လွှဲအပ်မှု၊
နှေးကန်တဲ့ တိရစ္ဆာန်တွေရဲ့ အမြန်နှုန်းမှာ
ရွေ့တာကို စိတ်ရှည်ဖို့ လိုအပ်တယ်၊
ဒီနေ့ဟာ ရွှေ့ပြောင်းတဲ့နေ့ပါ။
အမျိုးသမီးတွေ၊ တပ်မှူးတွေ၊ ကျွန်တွေနဲ
တိရစ္ဆာန်အုပ်စုတွေကို နွေရာသီအတွက်
ဗော်လ်ဂါမြစ်အထိ ဦးဆောင်
ခေါ်သွားဖို့ လိုလိမ့်မယ်။
Boraqchin အပြင်ကို လှမ်းထွက်လိုက်တာနဲ့
ရုတ်ရုတ်သည်းသည်း ကြိုဆိုခံရတယ်၊
သူ မလိုလားတဲ့ ဧည့်သည်ဟာ အခုဆို
ဘဏ္ဍာစိုးတွေအနီးမှာ ပတ်ချာလည် ပြေးနေတယ်။
လူတွေဟာ သူ့ပစ္စည်းတွေကို လှည်းတွေထဲမှာ
သေသေချာထား ထားသိုဖို့ ကြိုးပမ်းနေတယ်။
Boraqchin က ကြီးကြပ်မှု
အောက်မှာနေဖို့ အမိန့်ပေးပေမဲ့
လမ်းလွဲနေတာကို ဖမ်းမိဖို့
လျှင်တဲ့သူဆိုလို့ သူပဲရှိတာပါ။
နောက် သူ့ရဲ့ရွက်ဖျင်တဲကို ဖြေပြီး
သုံးမနေကျ လှည်းပေါ်ကို မတင်နေတဲ့
အမျိုးသမီးတွေကို ကြီးကြပ်တယ်။
ဒါကို ဆွဲဖို့ နွားဆယ်ရှဉ်း လိုအပ်ပြီး
ဒါကို မောင်းနှင်ဖို့ကိုတော့ Boraqchin ဟာ
ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံဘူး။
နောက်တော့ Boraqchin နဲ့ သိုးမွေးထူ
တစ်သိုက်ဟာအစောင့်တွေနဲ့ တွေ့ဆုံတယ်။
သူ့ခင်ပွန်းရဲ့ အထူးကြိုဆိုရေး ရွက်ဖျင်တဲ
နဲ့ သယ်ဆောင်လို့ရတဲ့ ပလ္လင်ကို
ခရီးစဉ်အတွင်း အနီးကပ်စောင့်ကြည့်ဖို့
သူတို့ကို အမိန်ပေးတယ်။
သူတို့ရော အစောင့်အရှောက် ပါမှာဖြစ်ပြီး
လမ်း လုံခြုံဖို့၊ သူ့ကို ဘေးကင်းအောင်
ဝန်းရံဖို့၊ တိရိစ္ဆာန်တွေကို
မပြတ်ေစာင့်ကြည့်ဖို့
သူက အမိန့်ပေးတယ်။
ဒါပေမဲ့ နောက်ဆုံး သိုးက လွတ်သွားပြီး
ကွင်းပြင်တွေဆီသွားတဲ့အခါမှာတော့
အစောင့်တွေ ထိန်းနိုင်ခဲလှပါတယ်၊
သိုးက လူအုပ်တွေထဲ ခုန်ပေါက်ပြီး
ရွက်ဖျင်တဲတွေကို ဖျက်နေတာကိုး။
စိတ်တိုနေတဲ့ Boraqchin ဟာ သူကိုယ်တိုင်
စားကျက်တွဆီ မြင်းစီးထွက်သွားတယ်။
သူအဲဒီရောက်တဲ့အခါ
အုပ်စုတစ်စုမှာ လူးလွန့်နေတဲ့
ဒုက္ခပေးတဲ့သိုးကို ရိပ်ကနဲ့မြင်တယ်။
သူ့နောက်ကို လိုက်တဲ့အခါ
သူ့အမေ သိုးမကြီးဘေးမှာ ဝင်ခွေလိုက်တယ်။
သိုးမက ဇီးကပ်နေပြီး နာကျင်နေပုံရတယ်။
အစမှာပဲ Boraqchin နာလည်လိုက်တာက
ဒီသိုးမဟာ သားမွေးတော့မှာဖြစ်ပြီး
ရွေ့ပြောင်းတဲ့နေ့ရဲ့ ပြာယာခတ်မှုထဲမှာ
အမေ့ခံရတယ်ဆိုတာပါ။
သိုးထိန်းကို ရှာဖို့ အချိန်ကမရှိဘူး။
ဒီအစား Boraqchin ဟာ လက်ကိုခေါက်တင်ပြီး
သူ့လက်မောင်းကို ဆီဆွတ်ကာ
အင်ပါယာကို ထပ်ပေါင်းပေးမယ့်
အသစ်နှစ်ကောင်မွေးဖို့ သိုးမကို ကူညီတယ်။
သိုးပေါက်လေးတွေနဲ့ သူတို့အမေကိုထားပြီး
Boraqchin ဟာ စခန်းဆီ
သုတ်ခြေတင် ပြန်သွားတယ်။
ဒီမှာ အပြီးသတ်အနေနဲ့ ထုတ်ပိုးပြီး
လှည်းတွေကို စတင် တန်းစီတာပါ။
ဘုရင်မနဲ့ သူ့ရဲ့ရတနာတွေပြည့်နေတဲ့
လှည်းအစီးနှစ်ရာနဲ့ စတင်တဲ့
ဧရာမ ယာဉ်တန်းကြီးပါ။
နောက်မှာတော့ အငယ်တန်း ဇနီးတွေနဲ့ အဖွဲ့၊
ဒီနောက် ကိုယ်လုပ်တော်တွေပါ။
ဒါက Boraqchin ရဲ့ စခန်းပဲရှိပါသေးတယ်။
ဒီနောက်မှာ ဒုတိယ အင်ပါယာနဲ့ဆိုင်တဲ့ စခန်း၊
နောက်ထပ် အကြီးတန်း ဇနီးက ဦးဆောင်တယ်။
ဒီနောက်မှာ နောက်ထပ်စခန်းနှစ်ခု၊
ဇနီးတွေကပဲ ဦးဆောင်တာပါ။
Boraqchin ဟာ ချောမွေတဲ့ ထွက်ခွာမှုနဲ့
သေဝပ်တဲ့ အတန်းဆိုတာ
သေချာေစဖို့ သီတင်းပတ်ချီကာ
မပြတ်စစ်ဆေးနေတာပါ။
ဒါပေမဲ့ သူတို့ဟာ အတန်းရဲ့ တော်ဝင်
အပိုင်းသာ ပါဝင်ပြီး
သူတို့နောက်မှာတော့
သယ်လို့ရတဲ့ ဝတ်ပြုဆောင်တွေ၊
ဗလီတွေနဲ့ ဘာသာရေးဆရာတွေ၊
မိသားစုတွေ၊ ကုန်သည်တွေ၊
သိုးကျောင်းသားတွေ ပါဝင်တဲ့
အရပ်သားတစ်မြို့လုံးဝန်းရံနေပါတယ်၊
နောက်ဆုံးမှာ Boraqchin ဟာ သူ့လှည်းထဲမှာ
နေရာယူလိုက်တယ်။
သူတို့ရဲ့ခရီးဆုံးရောက်ဖို့
သီတင်းပတ်ချီကြာပေမဲ့
ခရီးတစ်လျှောက်လုံးမှာ
လူတိုင်းကို အသေအချာ မပြတ်စစ်ဆေးပါလိမ့်မယ်၊
ဂုဏ်ယူဖွယ် ကလေးတွေ၊
အာရုံစိုက်ရတဲ့ လက်အောက်ငယ်သားတွေကနေ
အတန်းရဲ့နောက်ဖက်က
သဝေအထိုးဆုံး သိုးတွေအထိပါ။