တရားဥပဒေကို ကျွန်မ ဘယ်လို ကာကွယ်သလဲ
-
0:02 - 0:04ကောင်မလေး Naghma ရဲ့ အကြောင်းကို
-
0:04 - 0:07ကျွန်မ ပြောပြပါရစေ။
-
0:07 - 0:09Naghma က ဒုက္ခသည်စခန်းမှာ
-
0:09 - 0:11သူ့မိဘရယ် သူ့မောင်နှမ
၈ယောက်နဲ့ အတူနေတာပါ။ -
0:11 - 0:13မနက်တိုင်း သူမအဖေက ဆောက်လုပ်ရေးအတွက်
-
0:13 - 0:16အလုပ်လုပ်ရမယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ နိုးထပါတယ်။ -
0:16 - 0:19ကောင်းတဲ့လမှာဆို ဒေါ်လာ ၅၀ လောက်ရပါတယ်။
-
0:19 - 0:21ဆောင်းရာသီက ကြမ်းပြီးတော့
-
0:21 - 0:23ကံမကောင်းစွာဘဲ Naghma
အစ်ကိုက သေဆုံးသွားပြီး -
0:23 - 0:25သူမအမေက နာမကျန်းဖြစ်လာပါတယ်။
-
0:25 - 0:28မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ သူမအဖေက
-
0:28 - 0:30အိမ်နီးနားချင်းဆီကနေ
၂၅၀၀ ဒေါ်လာ ချေးခဲ့ပါတယ်။ -
0:30 - 0:32လအနည်းငယ် စောင့်ပြီးနောက်
-
0:32 - 0:34အိမ်နီးနားချင်းက စိတ်မရှည်ဖြစ်လာပြီး
-
0:34 - 0:36ပြန်ဆပ်ဖို့ တောင်းဆိုလာပါတယ်။
-
0:36 - 0:39ကံမကောင်းတာက Naghma
အဖေက ပိုက်ဆံမရှိပါဘူး။ -
0:39 - 0:42ဒါနဲ့ သူတို့က လူမျိုးရေးဆွေးနွေးပွဲ
လုပ်ဖို့ သဘောတူလိုက်ပါတယ်။ -
0:42 - 0:44ရှင်းရှင်းပြောရရင်
လူမျိုးရေးဆွေးနွေးပွဲဆိုတာ -
0:44 - 0:48အာဖဂန်ရဲ့ အစဉ်အလာမဟုတ်တဲ့ ဥပဒေစနစ်မှာ
သုံးလေ့ရှိတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ -
0:48 - 0:51များသောအားဖြင့် ဘာသာရေးခေါင်းဆောင်
ရွာလူကြီးတွေက -
0:51 - 0:53သဘာပတိအဖြစ်ဆောင်ရွက်လေ့ရှိပါတယ်။
-
0:53 - 0:56ဒီလိုဆွေးနွေးပွဲတွေဟာ တရားဝင်စနစ်ကို
အမြစ်တွယ်မကျေနပ်ချက်တွေရှိတဲ့ -
0:56 - 0:58ကျေးလက်ဆန်တဲ့ နိုင်ငံဖြစ်တဲ့
-
0:58 - 1:00အာဖဂန်မှာသုံးလေ့ရှိပါတယ်။
-
1:00 - 1:02ဆွေးနွေးပွဲမှာ သူတို့က အတူထိုင်ပြီး
-
1:02 - 1:05Naghma ကို
အိမ်နီးနားချင်းရဲ့ ၂၁နှစ်အရွယ်သားနဲ့ -
1:05 - 1:10လက်ထပ်ပေးပြီး အကြွေးဆပ်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။ -
1:10 - 1:12သူမက ၆နှစ်သာ ရှိသေးတယ်။
-
1:12 - 1:15Naghma လို ဖြစ်ရပ်တွေက
ကံမကောင်းစွာဘဲ -
1:15 - 1:16အဖြစ်များပါတယ်။
-
1:16 - 1:18ပြီးရင်ကျွန်မတို့ အိမ်မှာ
စိမ်ပြေနပြေနဲ့ -
1:18 - 1:20ဒီဖြစ်ရပ်တွေကို အမျိုးသမီးအရေး
-
1:20 - 1:22ချိုးဖောက်ခံရမှုအနေနဲ့ မြင်တတ်ကြပါတယ်။
-
1:22 - 1:24ရှင်တို့ သတင်းတွေမှာ
အာဖဂန်နစ္စတန်အကြောင်း ဖတ်မိရင် -
1:24 - 1:28အဲဒီနိုင်ငံကတော့
ကျရှုံးနေပြီလို့ ထင်မိမှာပါ။ -
1:28 - 1:32ဒါပေမဲ့လည်း အာဖဂန်မှာ
တရားဥပဒေဆိုတာရှိပါတယ်။ -
1:32 - 1:36လူမျိုးရေးဆွေးနွေးပွဲတွေဟာ ရှေးရိုး
ဓလေ့ထုံးတမ်းတွေအပေါ် အခြေခံထားတဲ့အခါ -
1:36 - 1:39ဒီဆွေးနွေးပွဲတွေမှာ
ဥပဒေကို လိုက်နာဖို့လိုပါတယ်။ -
1:39 - 1:41ပြီးရင် အကြွေးဆပ်ဖို့အတွက်
-
1:41 - 1:45ကလေးကို ပေးတဲ့ဆိုတာ
အကျင့်ပျက်ပြားရုံတင်မက -
1:45 - 1:48တရားမဝင်ဘူးဆိုတာလည်း ပြောစရာမလိုပါဘူး။
-
1:48 - 1:50၂၀၀၈ တုန်းက ကျွန်မ အာဖဂန်နစ္စတန်ကို
-
1:50 - 1:53ထောက်ပံ့ကြေးရထားတဲ့ တရားဥပဒေ
သင်ကြား ပို့ချရေးအတွက် သွားခဲ့ပါတယ်။ -
1:53 - 1:55အစကတော့ကျွန်မ အာဖဂန်ရှေ့နေတွေကို
-
1:55 - 1:57ကိုးလလောက် သင်ကြားဖို့အတွက် သွားခဲ့တာပါ။
-
1:57 - 1:59အဲ့ကိုးလအတွင်း ကျွန်မ
နိုင်ငံကိုလည်ပတ်ပြီး -
1:59 - 2:02ချုပ်နှောင်ခံထားရတဲ့ လူများစွာနဲ့
စကားပြောခဲ့ပါတယ်။ -
2:02 - 2:04ပြီးရင် အာဖဂန်မှာ ရှိတဲ့
-
2:04 - 2:06စီးပွားရေးလုပ်ငန်းတွေနဲ့ စကားပြောခဲ့ပါတယ်။
-
2:06 - 2:08ဒီစကားတွေထဲမှာ
-
2:08 - 2:10လုပ်ငန်းတွေနဲ့ လူတွေကြား ဆက်နွယ်မှုတွေ
-
2:10 - 2:12တရားမဝင်ကြမ်းတမ်းတဲ့ ဒဏ်ခတ်မှုတွေကို
-
2:12 - 2:14အလွန်အကျွံ သုံးချနေတဲ့အချိန်မှာ
-
2:14 - 2:15လူတွေကို ကာကွယ်ပေးရမယ့် ဥပဒေတွေကို
-
2:15 - 2:19သိပ်အသုံးမချတာတွေကို သိရှိလာပါတယ်။
-
2:19 - 2:22ဒါကြောင့် ကျွန်မ တရားမျှတမှုအတွက်
စတင် စွန့်စားပါတော့တယ်။ -
2:22 - 2:25ကျွန်မအတွက်တော့ တရားမျှတမှုဆိုတာ
-
2:25 - 2:29ဥပဒေတွေကို သူတို့ရဲ့ ရည်ရွယ်ချက်
အတိုင်း အသုံးချတာ ဖြစ်ပါတယ်။ -
2:29 - 2:31ကာကွယ်ဖို့အတွက်ပေါ့။
-
2:31 - 2:35ဥပဒေရဲ့ ကဏ္ဍကတော့ ကာကွယ်ဖို့ပေါ့။
-
2:35 - 2:38ဒါကြောင့် ကျွန်မ ကိုယ်ပိုင်ရှေ့နေလုပ်ငန်း
ဖွင့်လှစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ -
2:38 - 2:41ကျွန်မက အာဖဂန်နစ္စတန် တရားရုံးမှာ
အမှုဖြေရှင်းတဲ့ -
2:41 - 2:43ပထမဆုံးသော နိုင်ငံခြားသူ ဖြစ်လာပါတယ်။
-
2:43 - 2:46ဒီအချိန်တောအတွင်း ကျွန်မ
များစွာသော ဥပဒေကို လေ့လာခဲ့ပါတယ်။ -
2:46 - 2:47လူတွေနဲ့ စကားပြောခဲ့ပါတယ်။
-
2:47 - 2:48အမှုတွေလည်း ဖတ်ခဲ့ပါတယ်။
-
2:48 - 2:51ကျွန်မသိလိုက်ရတာက တရားမျှတမှုမရှိခြင်းက
-
2:51 - 2:53အာဖဂန်နစ္စတန် တင်မကပါဘူး
-
2:53 - 2:55တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ပြဿနာပါ။
-
2:55 - 2:57အစကတော့ ကျွန်မ
ဒီလူအခွင့်အရေး အမှုတွေ -
2:57 - 2:59ကိုယ်စားပြုတင်ပြတာကနေ
ရှောင်ထွက်ခဲ့ပါတယ်။ -
2:59 - 3:01ဘာလို့လဲဆိုတော့ ဒါတွေက
ကျွန်မကို လုပ်ငန်းအရရော -
3:01 - 3:04ပုဂ္ဂိုလ်ရေးအရပါ
ထိခိုက်မှာကို စိုးရိမ်လို့ပါ။ -
3:04 - 3:07တရားမျှတမှု လိုအပ်ချက်က
ကျွန်မ ဆက်ပြီး လျစ်လျုမရှုနိုင်အောင် -
3:07 - 3:08ကြီးမားပါတယ်ဆိုပြီ
ဆုံးဖြတ်လိုက်ပါတယ်။ -
3:08 - 3:11ဒါကြောင့် Naghma လို လူတွေကို ကျွန်မ
-
3:11 - 3:13အခမဲ့ ကိုယ်စားပြုတင်ပြဖို့
စတင်လိုက်ပါတယ်။ -
3:13 - 3:15အခု ကျွန်မ အာဖဂန်နစ်စတန်မှာနေတာ
-
3:15 - 3:17ရှေ့နေလုပ်တာ
၁၀နှစ်ရှိပြီးတဲ့ နောက်ပိုင်းမှာ -
3:17 - 3:21Fortune 500 ကုမ္ပဏီရဲ့ CEO ရယ်
Naghma လို ကလေးမလေးတွေကို -
3:21 - 3:23ကိုယ်စားပြုတင်ပြခဲ့တာ
-
3:23 - 3:25အောင်မြင်ခဲ့ပါတယ်။
-
3:25 - 3:28ကျွန်မ အောင်မြင်ရတဲ့
အကြောင်းအရင်းကတော့ ရှင်းပါတယ်။ -
3:28 - 3:30ကျွန်မ ဒီစနစ်ကို
ခရေစေ့တွင်းကျ လုပ်ကိုင်တာဖြစ်ပြီး -
3:30 - 3:31ဥပဒေကို သူတို့
-
3:31 - 3:34ရည်ရွယ်ချက်အတိုင်း အသုံးချလို့ပါ။
-
3:34 - 3:36အာဖဂန်နစ္စတန်လို နေရာမှာ
-
3:36 - 3:40တရားမျှတမှုရဖို့ ခက်ခဲတယ်ဆိုတာ
ကျွန်မသိရှိရပါတယ်။ -
3:40 - 3:42အဲဒါ အကြောင်းအရင်း ၃ခု ရှိတယ်။
-
3:42 - 3:44ပထမကတော့ ရှင်းရှင်းပြောရရင်
-
3:44 - 3:47လူတွေက သူတို့ရဲ့ အခွင့်အရေး
ဘာတွေလဲဆိုတာ အသိပညာ မရှိကြဘူး။ -
3:47 - 3:50ဒါက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဆိုတာလဲ
ကျွန်မသိရှိထားတယ်။ -
3:50 - 3:51ဒုတိယကတော့
-
3:51 - 3:55စာအုပ်တွေမှာ ဥပဒေတွေ
ပြဌာန်းထားတယ် ဆိုပေမဲ့လည်း -
3:55 - 3:57လူမျိုးရေး ဓလေ့ထုံးတမ်းတွေကြောင့်
-
3:57 - 3:59လစ်လျုရှု ဘေးဖယ်ခံထားရပါတယ်
Naghmaကို ရောင်းဖို့လုပ်တဲ့ -
3:59 - 4:01ပထမ ဆွေးနွေးပွဲလိုမှာမျိုးပေါ့။
-
4:01 - 4:03တတိယတစ်ခုကတော့
-
4:03 - 4:06ကောင်းတဲ့ဥပဒေတွေ စာအုပ်တွေမှာ ရှိပေမဲ့လည်း
-
4:06 - 4:09ဒီတရားဥပဒေအတွက် တိုက်ခိုက်ပေးမယ့် လူတွေ
-
4:09 - 4:11ရှေ့နေတွေ မရှိဘူး။
-
4:11 - 4:13ပြီးရင် ဒါက ကျွန်မ လုပ်နေတာလည်းဖြစ်တယ်လေ။
ကျွန်မက ရှိနေတဲ့ -
4:13 - 4:15များသောအားဖြင့် မသုံးရသေးတဲ့
ဥပဒေကို သုံးတယ်။ -
4:15 - 4:19ပြီးရင် ကျွန်မ အမှုသည်တွေ
ကောင်းကျိုးအတွက် ဆောင်ရွက်တယ်။ -
4:19 - 4:21ကျွန်မတို့အားလုံး လူ့အခွင့်အရေးအတွက်
-
4:21 - 4:23ကမ္ဘာလုံးဆိုင်ရာ ဓလေ့ထုံးတမ်းကို
ဖန်တီးဖို့လိုသလို -
4:23 - 4:26ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ
ရင်းနှီး မြုပ်နှံဖို့လည်း လိုပါတယ်။ -
4:26 - 4:28ဒီလို စိတ်ဓာတ်မျိုးနဲ့ လုပ်ပေးရင်းနဲ့
-
4:28 - 4:30တစ်ကမ္ဘာလုံး တရားမျှတမှုကို ပိုကောင်းအောင်
ကျွန်မတို့လုပ်နိုင်မှာပါ။ -
4:30 - 4:33Naghma အကြောင်းဆီ ပြန်သွားရအောင်
-
4:33 - 4:35လူတချို့ ဒီအကြောင်းကို ကြားကြတယ်။
-
4:35 - 4:37ဒါကြောင့် သူတို့ ကျွန်မကိုဆက်သွယ်တယ်
-
4:37 - 4:39အကြောင်းက ဒီ ဒေါ်လာ၂၅၀၀
အကြွေးကို ဆပ်ပေးချင်လို့ပေါ့။ -
4:39 - 4:41ဒါက ဒီလောက် မရိုးရှင်းဘူးလေ။
-
4:41 - 4:43ပိုက်ဆံ ပစ်ပေးလိုက်ရုံနဲ့ ပြဿနာက
-
4:43 - 4:44ဖြေရှင်းသွားမှာမဟုတ်ဘူး။
-
4:44 - 4:47အာဖဂန်နစ္စတန်မှာ ဒီလိုလုပ်လို့မရဘူးလေ။
-
4:47 - 4:50ဒါကြောင့် ကျွန်မကော ပါဝင်မယ်လို့
သူတို့ကို ပြောလိုက်တယ်။ -
4:50 - 4:52ဒါပေမဲ့ အဲဒါအတွက်ကတော့
-
4:52 - 4:55လူမျိုးရေး ဆွေးနွေးပွဲ
ပြန်ခေါ်ဖို့လိုပါတယ်။ -
4:55 - 4:57မေတ္တာရပ်ခံတဲ့ ဆွေးနွေးပွဲပေါ့။
-
4:57 - 5:00ဒါဖြစ်မြောက်ဖို့ အတွက်ဆိုရင်
-
5:00 - 5:02ရွာလူကြီးတွေ
-
5:02 - 5:04လူမျိုးစု ခေါင်းဆောင်တွေ
ဘာသာရေး ခေါင်းဆောင်တွေ -
5:04 - 5:06ပါဝင်ဖို့ လိုပါတယ်။
-
5:06 - 5:08Naghma ရဲ့ အဖေ သဘောတူဖို့လိုသလို
-
5:08 - 5:09အိမ်နီးနားချင်း နဲ့
-
5:09 - 5:11သူ့ရဲ့ သားကော သဘောတူဖို့လိုပါတယ်။
-
5:11 - 5:15ကျွန်မ စဉ်းစားလိုက်တာက
ကျွန်မကော ပါဝင်မယ်ဆိုရင် -
5:15 - 5:19ကျွန်မက သဘာပတိ အဖြစ်ဆောင်ရွက်မယ်
ဆိုတာကိုကော သဘောတူဖို့လိုပါတယ်။ -
5:19 - 5:22နာရီပေါင်းများစွာ စကားပြော၊
-
5:22 - 5:23ခြေရာခံလိုက်ပြီး
-
5:23 - 5:26လက်ဖက်ရည်အခွက် ၃၀ သောက်ပြီးနောက်
-
5:26 - 5:28ကျွန်မတို့ ဒုတိယဆွေးနွေးပွဲလုပ်ဖို့
နောက်ဆုံးတော့ -
5:28 - 5:31သူတို့တွေ သဘောတူလိုက်ပါတယ်။
ပြီးရင် ကျွန်မတို့ လုပ်ခဲ့ပါတယ်။ -
5:31 - 5:33ဒီဒုတိယတစ်ခေါက် ခြားနားတာက
-
5:33 - 5:36ကျွန်မတို့တွေ ဥပဒေကို
အလယ်ဗဟိုမှာ ထားတာဖြစ်ပါတယ်။ -
5:36 - 5:37ကျွန်မအတွက် အရမ်းအရေးကြီးတာက
-
5:37 - 5:39သူတို့အားလုံး Naghma မှာ
အကာအကွယ်ရဖို့ -
5:39 - 5:41အခွင့်အရေး ရှိတယ်ဆိုတာ
နားလည်ပါတယ်ဆိုတာ ဖြစ်ပါတယ်။ -
5:41 - 5:43ဆွေးနွေးပွဲ အဆုံးမှာတော့
-
5:43 - 5:45တရားသူကြီးက အမိန့်ပေးလိုက်ပါတယ်။
-
5:45 - 5:49ပထမ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ပြီ
-
5:49 - 5:52၂၅၀၀ အကြွေးလည်း ကျေအေးသွားပြီ
-
5:52 - 5:54အားလုံး ရေးထားတဲ့အမိန့်စာမှာ
လက်မှတ်ထိုးလိုက်ပါတယ်။ -
5:54 - 5:55ဒီလူတွေအားလုံးက
-
5:55 - 5:58သူတို့ လုပ်တာတွေဟာ တရားမဝင်တာရယ်
-
5:58 - 6:02သူတို့ ထပ်လုပ်ရင်လည်း ထောင်ကျနိုင်တယ်
ဆိုတာကို အသိမှတ်ပြုကြောင်းပေါ့။ -
6:02 - 6:04အများစုပေါ့ —
-
6:04 - 6:06(လက်ခုပ်သံများ)
-
6:06 - 6:07ကျေးဇူးတင်ပါတယ်။
-
6:07 - 6:09ပြီးရင် အရေးကြီးဆုံးကတော့
-
6:09 - 6:11စေ့စပ်ပွဲကို ပယ်ဖျက်လိုက်ပါတယ်
-
6:11 - 6:13ပြီးရင် Naghma က လွတ်မြောက်သွားပါတယ်။
-
6:13 - 6:16Naghma ရယ် သူမ လွတ်လပ်ဖို့
အခွင့်အရေးကို ကာကွယ်တာဟာ -
6:16 - 6:18ကျွန်မတို့ကို ကာကွယ်ရာ ရောက်ပါတယ်။
-
6:18 - 6:22အခု ကျွန်မ အလုပ်နဲ့အတူ ပျမ်းမျှထက်ပိုတဲ့
-
6:22 - 6:25အရဲစွန့်တာလေးတွေ ရှိပါတယ်။
-
6:25 - 6:27ကျွန်မ ယာယီ ချုပ်နှောင်ခံရပါတယ်။
-
6:27 - 6:30ပြည့်တန်ဆာအိမ် ဖွင့်လှစ်ထားတယ်လို့
-
6:30 - 6:32သူလျှိုတစ်ယောက် ဖြစ်တယ်လို့
အစွပ်စွဲခံရပါတယ်။ -
6:32 - 6:34ကျွန်မ ရုံးကော ဗုံးနဲ့ ပစ်ခံရတယ်လေ
-
6:34 - 6:37မပေါက်ကွဲပါဘူး။
-
6:37 - 6:39ဒါပေမဲ့ ဆုလာဒ်တွေက
-
6:39 - 6:42အရဲစွန့်တာထက် ပိုတာကို
ကျွန်မ သိလိုက်ရပါတယ်။ -
6:42 - 6:44ကျွန်မ အရဲစွန့်တာနဲ့အမျှ
-
6:44 - 6:46ကျွန်မ အမှုသည်တွေ ပိုပြီး အရဲစွန့်ရပါတယ်။
-
6:46 - 6:47အကြောင်းက သူတို့အမှုကို လူတွေမသိကြရင်
-
6:47 - 6:49သူတို့မှာ ဆုံးရှံးစရာအများကြီးပါ။
-
6:49 - 6:52ပိုဆိုးတာက ကျွန်မကို ရှေ့နေအနေနဲ့
ငှားတဲ့အတွက် အပြစ်ဒဏ်ပေးခံရနိုင်ပါတယ်။ -
6:52 - 6:54ကျွန်မဖြေရှင်းပေးတဲ့ အမှုတိုင်းမှာ
-
6:54 - 6:57ကျွန်မသိလိုက်တာက ကျွန်မ အမှုသည်တွေကို
ကျွန်မ ထောက်ခံနေသလလို -
6:57 - 6:59သူတို့လည်း ကျွန်မကို ထောက်ခံပေးနေတယ်လေ။
-
6:59 - 7:02ဒါကြောင့် ကျွန်မ ဆက်လုပ်နေတာပေါ့။
-
7:02 - 7:04ဥပဒေဆိုတာ စွမ်းအင်အမှတ်တစ်ခု အနေနဲ့
-
7:04 - 7:07ကျွန်မတို့ကို ကာကွယ်တဲ့နေရာမှာ
အရေးပါပါတယ်။ -
7:07 - 7:10သတင်းထောက်တွေဟာ လူထုဆီ သတင်းရောက်အောင်
-
7:10 - 7:13လုပ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။
-
7:13 - 7:15မကြာမကြာပါဘဲ ကျွန်မတို့တွေ
သတင်းတွေ ရတယ်။ -
7:15 - 7:19ဒါပေမဲ့ ကျွန်မတို့တွေ ဒီသတင်းတွေကို
ဘယ်လို ရခဲ့လဲဆိုတာ မေ့နေတက်ကြပါတယ်။ -
7:19 - 7:22ဒီပုံကတော့ အာဖဂန်နစ်စတန်မှာ ရိုက်ခဲ့တဲ့
-
7:22 - 7:24ဗြိတိန် သတင်းစာအဖွဲ့ရဲ့ ပုံဖြစ်ပါတယ်။
-
7:24 - 7:27အရင် နှစ်အနည်းငယ်တုန်းက
ကျွန်မသူငယ်ချင်း David Gill ရိုက်ခဲ့တာပါ။ -
7:27 - 7:29သတင်းထောက်ကာကွယ်ရေး ကော်မတီအရ
-
7:29 - 7:31၂၀၁၀ ကတည်းက ထောင်ပေါင်းများစွာသော
သတင်းထောက်တွေက -
7:31 - 7:33အခြိမ်းခြောက်ခံရ၊ ဒဏ်ရာပေးခံရ၊
-
7:33 - 7:36အသတ်ခံရပြီ ချုပ်နှောင်ခံရကြပါတယ်။
-
7:36 - 7:38မကြာမကြာ ကျွန်မတို့ သတင်းတွေရတဲ့အချိန်မှာ
-
7:38 - 7:39ဒါက ဘယ်သူကို သက်ရောက်လဲ
-
7:39 - 7:43သတင်းတွေ ဘယ်လိုရလာလဲဆိုတာ
ကျွန်မတို့တွေ မေ့နေကြပါတယ်။ -
7:43 - 7:45များစွာသော ပြည်တွင်း၊ ပြည်ပ
သတင်းထောက်တွေ လုပ်နေတာက -
7:45 - 7:49မှတ်သားလောက်ပါတယ်။ အထူးသဖြင့်
အာဖဂန်နစ်စတန်လို့ နေရာမှာပေါ့။ -
7:49 - 7:51ဒါကြောင့်ကျွန်မတို့ ဒါကိုမမေ့ဖို့လိုပါတယ်။
-
7:51 - 7:52အကြောင်းက သူတို့ ကာကွယ်နေတာ
-
7:52 - 7:55ကျွန်မတို့ရဲ့ သတင်းရယူပိုင်ခွင့် တင်မကပါဘူး
-
7:55 - 7:57သတင်းထုတ်ဖို့အတွက် လွတ်လပ်ခွင့်တွေကောပေါ့။
-
7:57 - 7:59အဲဒါက ဒီမိုကရေစီ လူအဖွဲ့အစည်း အတွက်
အရမ်းအရေးကြီးတယ်လေ။ -
7:59 - 8:03Matt Rosenberg အာဖန်ဂန်နစ္စတန်က
သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။ -
8:03 - 8:05သူက New York Times အတွက်အလုပ်လုပ်ပါတယ်။
-
8:05 - 8:07ကံမကောင်းတာက အရင် လအနည်းငယ်က
-
8:07 - 8:09သူက အစိုးရလူတွေကို ဒေါသဖြစ်စေတဲ့
-
8:09 - 8:10ဆောင်းပါး ရေးလိုက်ပါတယ်။
-
8:10 - 8:14ဒါကြောင့် သူက ယာယီချုပ်နှောင် ခံရပါတယ်။
-
8:14 - 8:18ပြီးရင် သူက တရားမဝင်
နိုင်ငံကနေ အနှင်ထုတ်ခံရပါတယ်။ -
8:18 - 8:20ကျွန်မက Matt ကို ကိုယ်စားပြုတာပါ။
-
8:20 - 8:22အစိုးရနဲ့ ဖြေရှင်းပြီးတာနဲ့
-
8:22 - 8:24တရားဝင် အသိအမှတ်ပြုမှုကို ရခဲ့ပါတယ်
-
8:24 - 8:27Matt ဟာ အမှန်တကယ်
တရားမဝင် နှင်ထုတ်ခံရတာရယ် -
8:27 - 8:30ပြီးရင် အာဖဂန်နစ္စတန်မှာ
သတင်းထုတ်ဝေဖို့ လွတ်လပ်ခွင့် ရှိသလို -
8:30 - 8:32အဲဒါကို မလိုက်နာလို့
အကျိုးဆက်တွေ ရှိကြောင်းကိုရောပေါ့။ -
8:32 - 8:34ကျွန်မ ပြောချင်တာက
-
8:34 - 8:36လွန်ခဲ့တဲ့ ရက်အနည်းငယ်က
-
8:36 - 8:38အာဖဂန်နစ္စတန် အစိုးရက
-
8:38 - 8:40သူကို နိုင်ငံထဲ တရားဝင်ဖိတ်ခေါ်ခဲ့ပြီး
-
8:40 - 8:43ပြည်နှင်ဒဏ် အမိန့်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။
-
8:43 - 8:47(လက်ခုပ်သံများ)
-
8:48 - 8:51သတင်းထောက်တစ်ယောက်ကို ဆင်ဆာဖြတ်ရင်
တစ်ခြားသူတွေကိုပါ ခြောက်လှန့်ရာရောက်ပါတယ် -
8:51 - 8:53မကြာခင်မှာ နိုင်ငံသားတွေက တိတ်ဆိတ်လာပါတယ်။
-
8:53 - 8:56ဒါကြောင့် သတင်းထောက်တွေကော
သတင်းထုတ်ဖို့ လွတ်လပ်ခွင့်ကိုပါ -
8:56 - 8:58ကာကွယ်ဖို့ အရေးကြီးပါတယ်။
-
8:58 - 9:00ဒါမှသာ အစိုးရက
တာဝန်ယူမှာဖြစ်သလို -
9:00 - 9:02ရှင်းလင်း မြင်သာလာမှာလည်း ဖြစ်ပါတယ်။
-
9:02 - 9:04သတင်းထောက်တွေနဲ့ ကျွန်မတို့
-
9:04 - 9:08သတင်းရပိုင်ခွင့်ကို ကာကွယ်တာဟာ
ကျွန်မတို့ကို ကာကွယ်ရာ ရောက်ပါတယ်။ -
9:08 - 9:11ကျွန်မတို့ ကမ္ဘာဟာ ပြောင်းလဲနေပါပြီ။
ကျွန်မတို့ အခု မတူညီတဲ့ ကမ္ဘာမှာနေနေတာပါ။ -
9:11 - 9:13လူတစ်ဦးစီ ပြဿနာက ကျွန်မတို့အားလုံးအတွက်
-
9:13 - 9:16တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပါတယ်။
-
9:16 - 9:20လွန်ခဲ့တဲ့ နှစ်ပတ်က
အာဖဂန်နစ္စတန် ပထမဆုံးအကြိမ် -
9:20 - 9:22ဒီမိုကရေစီ အာဏာလွဲပြောင်းခဲ့ပြီး
-
9:22 - 9:25Ashraf Ghani ကို သမ္မတအဖြစ်
ရွေးခဲ့ပါတယ်။ အဲဒါက ကြီးမားတယ်လေ။ -
9:25 - 9:27ပြီးရင် ကျွန်မ သူနဲ့ပတ်သတ်ပြီး
အကောင်းမြင်ပါတယ် -
9:27 - 9:29အာဖဂန်နစ္စတန်အတွက် လိုအပ်တဲ့
ပြောင်းလဲမှုတွေ -
9:29 - 9:31ယူဆောင်ပေးမယ်လို့လဲ မျှော်လင့်ပါတယ်
-
9:31 - 9:33အထူးသဖြင့် ဥပဒေကဏ္ဍမှာပေါ့။
-
9:33 - 9:35ကျွန်မတို့ အခု မတူညီတဲ့ ကမ္ဘာမှာနေနေတာပါ။
-
9:35 - 9:37ကျွန်မတို့ နေတဲ့ ကမ္ဘာမှာ
ကျွန်မ ၈ နှစ်သမီးက -
9:37 - 9:40လူမည်းသမ္မတ တစ်ယောက်ကိုဘဲ သိပါတယ်။
-
9:40 - 9:43ကျွန်မတို့ နောက်သမ္မတက အမျိုးသမီး
-
9:43 - 9:44ဖြစ်နိုင်ခြေက များတယ်လေ။
-
9:44 - 9:47သူမက ကြီးလာတဲ့နဲ့အမျှ
မေးခွန်း မေးလာနိုင်ပါတယ်။ -
9:47 - 9:49လူဖြူကောင်လေးကော သမ္မတ ဖြစ်လို့ရလားပေါ့။
-
9:49 - 9:51(ရယ်သံများ)
-
9:51 - 9:54(လက်ခုပ်သံများ)
-
9:54 - 9:57ကမ္ဘာက ပြောင်းလဲနေပါပြီ။ ကျွန်မတို့လည်း
လိုက်ပြောင်းလဲဖို့ လိုပါတယ်။ -
9:57 - 9:59လူတစ်ဦးစီပြဿနာက ကျွန်မတို့
-
9:59 - 10:01အားလုံးအတွက် ပြဿနာတွေဖြစ်လာပါပြီ။
-
10:01 - 10:03UNICEF အရ
-
10:03 - 10:10လက်ရှိ အသက် ၁၅ နှစ်မပြည့်ဘဲ
-
10:10 - 10:11လက်ထပ်ထားတဲ့ ယောက်ျားလေး
-
10:11 - 10:13မိန်းကလေး သန်း ၂၈၀ ရှိပါတယ်။
-
10:13 - 10:15သန်း၂၈၀ တောင်။
-
10:15 - 10:18ကလေးငယ်ထိမ်းမြားခြင်းက ဆင်းရဲမှု၊
-
10:18 - 10:22ကျန်းမာရေးချို့တဲ့မှု၊ ပညာချို့တဲ့မှု
သံသရာကို ရှည်ကြာစေပါတယ်။ -
10:22 - 10:27အသက် ၁၂နှစ်မှာ Sahar ဟာ
အိမ်ထောင်ကျသွားပြီ ဖြစ်ပါတယ်။ -
10:27 - 10:29သူမအစ်ကိုက သူမကို ရောင်းချပြီး
-
10:29 - 10:30ဒီမင်္ဂလာပွဲထဲကို သွတ်သွင်းခဲ့တာဖြစ်ပါတယ်။
-
10:30 - 10:32သူမ ခင်ပွန်းအိမ်ရောက်တော့
-
10:32 - 10:35သူတို့က သူမကို ပြည့်တန်ဆာအဖြစ်
သွတ်သွင်းပါတယ်။ -
10:35 - 10:39သူမက ငြင်းဆန်တဲ့အတွက် အနှိပ်စက်ခံရပါတယ်။
-
10:39 - 10:43သူမကို သံချောင်းနဲ့
ပြင်းထန်စွာ ရိုက်ပါတယ်။ -
10:43 - 10:46သူမကို မီးနဲ့ရှို့ပါတယ်။
-
10:46 - 10:49ပြီးရင် သူမကို မြေအောက်ခန်းမှာ
ချုပ်ထားပြီး အငတ်ထားပါတယ်။ -
10:49 - 10:54ပြီးရင် သူမ လက်သည်းတွေကို
ပလက်ယာနဲ့ နှုတ်ပါတယ်။ -
10:54 - 10:55တစ်ချိန်မှာတော့
-
10:55 - 10:59သူမက နှိပ်စက်အခန်းကနေ လွတ်မြောက်ပြီး
-
10:59 - 11:01အိမ်နီးနားချင်းဆီ ရောက်သွားပါတယ်။
-
11:01 - 11:04အဲကိုရောက်တော့ သူမကို ကာကွယ်ရမယ့်အစား
-
11:04 - 11:06သူတို့က သူမကို ခင်ပွန်းဖြစ်သူအိမ်ဆီကို
-
11:06 - 11:08ပြန်ဆွဲခေါ်သွားပါတယ်။
-
11:08 - 11:12ပြီးရင် သူမက ဒီထက်မက နှိပ်စက်ခံရပါတော့တယ်။
-
11:14 - 11:17Sahar ကို ကျွန်မ ပထမဆုံးအကြိမ်
တွေ့တော့ ကံကောင်းစွာဘဲ -
11:17 - 11:18အာဖဂန်အမျိုးသမီးအဖွဲ့က
-
11:18 - 11:22သူမနေဖို့ လုံခြုံတဲ့နေရာလေး
တစ်ခုပေးထားပါတယ်။ -
11:22 - 11:25ရှေ့နေတစ်ယောက် အနေနဲ့
ကျွန်မ အမှုသည် အားလုံးအတွက် -
11:25 - 11:26စိတ်ကြံခိုင်ဖို့ ကြိုးစားပါတယ်။
-
11:26 - 11:30ဒါက ကျွန်မအတွက် အရေးကြီးလို့လေ။
-
11:30 - 11:33ဒါပေမဲ့ သူမဒီလို
-
11:33 - 11:37အားနည်း ကျိုးပဲ့နေတာ တွေ့တော့
-
11:37 - 11:40အလွန် ခက်ခဲပါတယ်။
-
11:40 - 11:44သူမ အဲဒီအိမ်မှာ ရှိတုန်းလေး
-
11:44 - 11:47ဖြစ်ပျက်ခဲ့တာတွေ သိရဖို့
-
11:47 - 11:49အပတ်အနည်းငယ် ကြာခဲ့ပါတယ်။
-
11:49 - 11:52ဒါပေမဲ့ နောက်ဆုံး သူမ ကျွန်မကို
ဖွင့်ဟ ပြောဆိုလာပါတယ်။ -
11:52 - 11:54သူမ ဖွင့်ဟပြောတဲ့အခါ
-
11:54 - 11:56ကျွန်မ သိလိုက်တာက
-
11:56 - 11:58သူမမှာ ဘာအခွင့်အရေးတွေ
ရှိတယ်ဆိုတာ သူမ မသိဘူး။ -
11:58 - 12:00ဒါပေမဲ့ အစိုးရ မပေးစွမ်းနိုင်ခဲ့တဲ့
-
12:00 - 12:03အကာအကွယ်ကိုတော့ သူမ ရပိုင်ခွင့်
ရှိတယ်ဆိုတာ သူမ သိပါတယ်။ -
12:03 - 12:05ဒါကြောင့် ကျွန်မတို့တွေ သူမမှာ
-
12:05 - 12:07ဘာတွေ ရွေးချယ်ခွင့်ရှိတယ်ဆိုတာ
ဆွေးနွေးနိုင်ခဲ့ပါတယ်။ -
12:07 - 12:09ကျွန်မတို့ ဒီအမှုကို
တရားရုံးကြီးကို -
12:09 - 12:11တင်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
12:11 - 12:13အခု ဒါက အင်မတန် အရေးကြီးပါတယ်။
-
12:13 - 12:15ဘာလို့လဲဆိုတော့ ဒါက ပထမဆုံးအကြိမ်
-
12:15 - 12:18အာဖဂန်နစ္စတန်က
အိမ်တွင်းအကြမ်းဖက် အမှုသည်ကို -
12:18 - 12:20ရှေ့နေတစ်ယောက်နဲ့
ကိုယ်စားပြု တင်ပြတာ ဖြစ်ပါတယ်။ -
12:20 - 12:23ဥပဒေက စာအုပ်ထဲမှာ
နှစ်ပေါင်းများစွာရှိခဲ့တာ -
12:23 - 12:26Sahar မတိုင်ခင်ထိ
အသုံးချခြင်း မရှိခဲ့ပါဘူး။ -
12:26 - 12:29ဒါ့အပြင် ကျွန်မတို့တွေ
နစ်နားကြေး အတွက်ကော -
12:29 - 12:30တရားစွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
12:30 - 12:33တစ်ခေါက်မှ မသုံးရသေးတဲ့
ဥပဒေကို သုံးပြီးတော့ပေါ့။ -
12:33 - 12:36ဒါပေမဲ့ ကျွန်မတို့ သူမ
အမှု အတွက် သုံးတာဖြစ်ပါတယ်။ -
12:36 - 12:39ကျွန်မတို့တွေ တရားရုံးကြီးမှာ
-
12:39 - 12:42အာဖဂန် ရှေ့နေ ၁၂ ယောက်ရှေ့
ငြင်းခုံခဲ့ပါတယ်။ -
12:42 - 12:44ကျွန်မကတော့ အမေရိကန်
အမျိုးသမီးရှေ့နေတစ်ယောက်ပေါ့။ -
12:44 - 12:48Sahar က အသက်ငယ် အမျိုးသမီးပါ။
-
12:48 - 12:53ကျွန်မ သူမ ကိုစတွေ့တော့ သူမက
စကားတိုးတိုးလေးဘဲ ပြောနိုင်ခဲ့တာပါ။ -
12:53 - 12:55နောက်ဆုံးတော့ သူမက မတ်တပ်ရပ်ပြီး
-
12:55 - 12:57အသံ ထွက်ဆိုလာပါတယ်။
-
12:57 - 13:00သူမက တရားမျှတမှု လိုချင်ကြောင်း
သူတို့ကို ပြောလိုက်ပါတယ်။ -
13:00 - 13:03ပြီးရင် သူမ
တရားမျှတမှုကို ရရှိခဲ့ပါတယ်။ -
13:03 - 13:05အဆုံးမှာတော့ တရားရုံက
အကန့်ကွက်မရှိ သဘောတူလိုက်ပါတယ်။ -
13:05 - 13:10သူမ ခင်ပွန်းနဲ့ မိသားစုက သူမအပေါ် ပြုလုပ်ခဲ့တာတွေ
အတွက်အဖမ်းခံသင့်တယ်ဆိုတာရယ် -
13:10 - 13:12သူမရဲ့ အစုတ်ပလုတ် အစ်ကိုကော
သူမကို ရောင်းစားတဲ့အတွက် -
13:12 - 13:14အဖမ်းခံသင့်တယ် ဆိုတာကိုရောပေါ့။
-
13:14 - 13:19(လက်ခုပ်သံများ)
-
13:19 - 13:21ပြီးရင် သူမမှာ နစ်နာကြေးရပိုင်ခွင့်
-
13:21 - 13:23ရှိတယ်ဆိုတာကိုရော သဘောတူလိုက်ပါတယ်။
-
13:23 - 13:26Sahar ကျွန်မတို့ကို ပြသလိုက်တာက
ကျွန်မတို့တွေ မကောင်းတဲ့ -
13:26 - 13:29လုပ်ရပ်တွေကို ဥပဒေတွေကို
သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း -
13:29 - 13:31အသုံးပြုပြီး ပယ်ဖျက်လို့ရတယ်
ဆိုတာဖြစ်ပါတယ်။ -
13:31 - 13:34Sahar ကိုကာကွယ်ရင်းနဲ့
-
13:34 - 13:38ကျွန်မတို့ကိုယ့်ကို ကာကွယ်ရာရောက်ပါတယ်။
-
13:38 - 13:39အာဖဂန်နစ္စတန်မှာ ၆နှစ်ကျော်
-
13:39 - 13:41အလုပ်လုပ်ပြီးနောက်
-
13:41 - 13:43ကျွန်မ မိသားစုနှင့် မိတ်ဆွေတွေက
-
13:43 - 13:46ကျွန်မ လုပ်နေတာက
ဒါနဲ့ တူတယ်လို့ ထင်ကြတယ်။ -
13:46 - 13:48(ရယ်သံများ)
-
13:48 - 13:53တကယ်ကြတော့ ဒါနဲ့ပိုတူတာပါ။
-
13:53 - 13:55ကျွန်မတို့ တစ်ခုခု လုပ်ပေးလို့ရတယ်လေ။
-
13:55 - 13:58ကျွန်မတို့ လေယာဉ်လတ်မှတ် ဝယ်ပြီး
အာဖဂန်ကို သွားရမယ်လို့ ပြောနေတာမဟုတ်ဘူး။ -
13:58 - 14:01ကျွန်မတို့အားလုံး ကမ္ဘာလုံးဆိုင်ရာ
လူအခွင့်အရေးအတွက် -
14:01 - 14:03စီးပွားရေးလုပ်ငန်းကို
ထောက်ပံ့ပေးနိုင်ပါတယ်။ -
14:03 - 14:05ကျွန်မတို့တွေ ရှင်းလင်းမြင်သာတဲ့
ဥပဒေအရ တာဝန်ယူတတ်တဲ့ -
14:05 - 14:06ဓလေ့ထုံးတမ်းကိုဖန်တီးနိုင်ပြီးတော့
-
14:06 - 14:09ကျွန်မတို့က အစိုးရ အပေါ် တာဝန်ယူသလို
-
14:09 - 14:12သူတို့ ကျွန်မတို့ အပေါ်
တာဝန် ပိုယူအောင် လုပ်နိုင်ပါတယ်။ -
14:12 - 14:14လွန်ခဲ့တဲ့ လအနည်းငယ်က
တောင်အာဖရိက ရှေ့နေတစ်ယောက် -
14:14 - 14:16ကျွန်မရုံးကို အလည်လာခဲ့ပါတယ်။
-
14:16 - 14:18သူကပြောတယ် "ငါ မင်းကို တွေ့ချင်လိုက်တာ။
-
14:18 - 14:22ရူးမိုက်နေတဲ့ လူက ဘာနဲ့
တူလဲဆိုတာ ငါသိချင်လိုက်တာ"။ -
14:22 - 14:24ဥပဒေကို ကျွန်မတို့ ပိုင်ပါတယ်။
-
14:24 - 14:26ရှင်ရဲ့ လူမျိုး၊ နိုင်ငံသား၊ ကျားမ၊
-
14:26 - 14:28တိုင်းရင်းသား ဘာပဲဖြစ်ဖြစ်
-
14:28 - 14:31ဥပဒေကို ကျွန်မတို့ ပိုင်ပါတယ်။
-
14:31 - 14:35တရားမျှတဖို့အတွက် တိုက်ခိုက်တာဟာ
ရူးသွပ်ခြင်း လုပ်ရပ် မဟုတ်ပါဘူး။ -
14:35 - 14:38လုပ်ငန်းတွေလည်း
ဒီအစီအစဉ်ထဲ ပါဝင်ဖို့လိုပါတယ်။ -
14:38 - 14:39လူအခွင့်အရေးအတွက် ရင်းနှီးမြုပ်နှံတာဟာ
-
14:39 - 14:41စီးပွားရေးလုပ်ငန်းမှာ အကျိုးအမြတ်ရစေပါတယ်။
-
14:41 - 14:43ရှင်က လုပ်ငန်းရှင်၊ NGO၊
-
14:43 - 14:47နိုင်ငံသား ဘာပဲဖြစ်ဖြစ် တရားဥပဒေက
ကျွန်မတို့အားလုံးကို အကျိုးပြုပါတယ်။ -
14:47 - 14:50ဒီလို ညီညွတ်တဲ့ စိတ်ထားမျိုးနဲ့
အတူတူလုပ်ရင် -
14:50 - 14:53လူထု၊ ပြည်သူ နှင့် ကိုယ်ပိုင် ကဏ္ဍမှာပေါ့
-
14:53 - 14:56ကျွန်မတို့ လူအခွင့်အရေး
စီးပွားရေးကို ဖန်တီးနိုင်မှာဖြစ်ပြီး -
14:56 - 14:59အားလုံးဘဲ လူအခွင့်အရေးမှာ
ရင်းနှီးမြုပ်နှံသူတွေ ဖြစ်လာနိုင်ပါတယ်။ -
14:59 - 15:01ဒီလို လုပ်ခြင်းဖြင့်
-
15:01 - 15:03ကျွန်မတို့ တရားမျှတမှုကို
အတူတကွ ရယူနိုင်မှာပါ။ -
15:03 - 15:06ကျေးဇူးတင်ပါတယ်။
-
15:06 - 15:10(လက်ခုပ်သံများ)
- Title:
- တရားဥပဒေကို ကျွန်မ ဘယ်လို ကာကွယ်သလဲ
- Speaker:
- Kimberly Motley
- Description:
-
more » « less
လူတိုင်းက သူတို့နိုင်ငံရဲ့ ဥပဒေအောက်မှာ အကာအကွယ်ကို ရထိုက်ပါတယ် - အဲ့ဒီဥပဒေကို မေ့ထား၊ လျစ်လျုရှုထားရင်တောင်ပေါ့။ Kimberly Motley က အာဖဂန်နစ္စတန် နဲ့ တစ်ခြားနေရာမှာ လုပ်ကိုင်နေတဲ့ အမေရိကန် ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ နိုင်ငံရပ်ခြား ဥပဒေအလုပ်အကိုင်မှ အမှု သုံးခုကို ဝေမျှရင်း နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ဥပဒေဟာ တရားမျှတမှုကို ယူဆောင်နိုင်ကြောင်းကို ပြသပါတယ်။ ဥပဒေကို သူတို့ရည်ရွယ်ချက်အတိုင်း - ကာကွယ်ဖို့အတွက် - အသုံးပြုရင်းပေါ့။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 15:26
|
Myo Aung edited Burmese subtitles for How I defend the rule of law | |
|
Myo Aung edited Burmese subtitles for How I defend the rule of law | |
|
Myo Aung edited Burmese subtitles for How I defend the rule of law | |
|
Myo Aung approved Burmese subtitles for How I defend the rule of law | |
|
sann tint edited Burmese subtitles for How I defend the rule of law | |
|
sann tint edited Burmese subtitles for How I defend the rule of law | |
|
sann tint accepted Burmese subtitles for How I defend the rule of law | |
|
sann tint edited Burmese subtitles for How I defend the rule of law |

