< Return to Video

သင့်အရေးအသားကို စိတ်တထင့်ထင့် ဖြစ်အောင် ပြုလုပ်နည်း။ Victoria Smith

  • 0:08 - 0:10
    ဘာက လန့်စရာ ဇာတ်လမ်းကောင်းကို ဖန်တီးလဲ။
  • 0:10 - 0:12
    သေချာတာက ကြောက်မက်ဖွယ်
    ဧရာမသတ္တဝါတွေ၊
  • 0:12 - 0:13
    သွေးရေပန်းတွေ၊နေရာတိုင်းမှ
  • 0:13 - 0:15
    ခုန်ထွက်လာတဲ့
    အရာတွေကိုပစ်ထည့်နိုင်ပေမဲ့
  • 0:15 - 0:19
    ဂန္ထဝင် သည်းထိတ်ရင်ဖို စာရေးဆရာ
    H.P. Lovecraft wrote ရေးခဲ့သလိုဆိုရင်
  • 0:19 - 0:24
    'အဟောင်းဆုံးနဲ့ အပြင်းထန်ဆုံး
    ကြောက်စိတ်မျိုးက မသိတာကို ကြောက်စိတ်ပါ။"
  • 0:24 - 0:27
    စာရေးသူတွေဟာ ထိတ်လန့်ဖွယ်ရာတွေကို
    ဖော်ပြခြင်းတင်မဟုတ်ပဲ
  • 0:27 - 0:31
    ဒါတွေကို စောင့်စားမှုမှာ ပရိတ်သတ်ကို
    မတင်မကျထားကာ ကြောက်စိတ်ကို ထိန်းထားပါတယ်။
  • 0:31 - 0:35
    ဒါကတော့ စိတ်ထင့်တဲ့ အခြေအနေတစ်ခုပါ။
  • 0:35 - 0:39
    စိတ်ထင့်မှု အရင်းနှီးဆုံး သာဓကတွေက ရင်ဖို
    စရာရုပ်ရှင်တွေ၊ လျှို့ဝှက်တဲ့ ဝတ္ထုတွေပါ။
  • 0:39 - 0:41
    သရဲခြောက်တဲ့ စံအိမ်အတွင်းမှာ ဘာရှိလဲ။
  • 0:41 - 0:44
    ညစာစားတဲ့ ဧည့်သည်တွေထဲက
    ဘယ်သူဟာ လူသတ်သမားလဲ။
  • 0:44 - 0:47
    ဒါပေမဲ့ စိတ်ထင့်ခြင်းက ဒီအမျိုးအစားတွေကို
    လွန်ပြီး တည်ရှိပါတယ်။
  • 0:47 - 0:49
    ဇာတ်လိုက်က ဝင်ကယ်မှာလား။
  • 0:49 - 0:51
    အဆုံးမှာ စုံတွဲဟာ အတူဆုံဆည်းမှာလား။
  • 0:51 - 0:56
    အဓိက ဇာတ်ဆောင်ကို ဒီလောက် နာကျင်စေတဲ့
    ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာလဲ။
  • 0:56 - 1:00
    စိတ်ထင့်မှုအတွက် အဖြေက မေးခွန်းတစ်ခု
    (သို့) များစွာကို တည်ထားပါတယ်။
  • 1:00 - 1:02
    ဒါက ပရိသတ်ကို အဖြေတစ်ခုရဖို့
    မျှော်လင့်စေပြီး
  • 1:02 - 1:08
    သူတို့ရဲ့ စိတ်ဝင်စားမှုကို ထိန်းထားရင်း၊
    ဆက်လက် မှန်းဆစေရင်း အချိန်ဆွဲထားတယ်။
  • 1:08 - 1:13
    ဒီတော့ ကိုယ်ပိုင် ရေးသားရာမှာ ဒါကို ဖြစ်
    မြောက်ဖို့ သုံးနိုင်တဲ့နည်းတွေက ဘာတွေလဲ။
  • 1:13 - 1:15
    ရှုထောင့်ကို ကန့်သတ်ပါ။
  • 1:15 - 1:19
    ဖြစ်ပျက်သမျှကို မြင်နိုင်၊ ကမ်းပေးနိုင်တဲ့
    သိမြင်နှံ့စပ်တဲ့ ဇာတ်ကြောင်းပြောသူအစား
  • 1:19 - 1:23
    ဇာတ်လမ်းကို ဇာတ်ကောင်တွေရဲ့
    အမြင်ကနေ ပြောပြပါ။
  • 1:23 - 1:26
    သူတို့ဟာ ပရိသတ်လောက် နည်းနည်းလေး
    သိခြင်းကနေ စတင်နိုင်လောက်ပြီး
  • 1:26 - 1:29
    သူတို့ ပိုသိလာလေလေ၊
    ကျွန်ုပ်တို့လည်း အလားတူပါ။
  • 1:29 - 1:33
    ဥပမာ "Dracula"လို ဂန္ထဝင်ဝတ္ထုတွေဟာ စာတွေ၊
    နေ့စဉ်မှတ်တမ်းတွေကနေ ပြောပြပါတယ်။
  • 1:33 - 1:35
    အဲဒီမှာ ဇာတ်ကောင်တွေဟာ
    သူတို့ တွေ့ကြုံခဲ့တာနဲ့
  • 1:35 - 1:38
    ကြုံလာမယ့် ကြောက်စိတ်ကို ပြန်ပြောပြတယ်။
  • 1:38 - 1:41
    နောက်တစ်ခုက သင့်တော်တဲ့ အခင်းအကျင်းနဲ့
    စိတ်ကူးကို ရွေးချယ်ပါ။
  • 1:41 - 1:47
    ဝေ့လည်နေတဲ့ ခန်းမတွေ၊လျှို့ဝှက်စင်္ကြံ တွေ
    ပါတဲ့ စံအိမ်အိုကြီးတွေ(သို့) ရဲတိုက်တွေဟာ
  • 1:47 - 1:51
    ဖုံးကွယ်ထားတဲ့ စိုရိမ်စရာတွေကို ညွှန်းတယ်။
  • 1:51 - 1:56
    ညအချိန်၊ မြုနဲ့မုန်တိုင်းတွေ အားလုံးဟာ
    မြင်နိုင်မှုကိုကန့်သတ်တာ၊ ဇာတ်ကောင်တွေရဲ့
  • 1:56 - 1:59
    လှုပ်ရှားမှုတွေကို ကန့်သတ်ရာမှာ
    တူညီတဲ့ အခန်းတွေက ပါဝင်တယ်။
  • 1:59 - 2:03
    ဒါကြောင့် ဝိတိုရိယခေတ် လန်ဒန်ဟာ
    ဒီလို အခင်းအကျင်းနဲ့ လူကြိုက်များတာပါ။
  • 2:03 - 2:07
    သာမန် နေရာတွေနဲ့ အရာဝတ္ထုတွေတောင်
    နိမတ်မကောင်းအောင် လုပ်နိုင်ပါတယ်။
  • 2:07 - 2:10
    ဂိုသေ့ခေတ် ဝတ္ထု"Rebecca" ထဲကလို
  • 2:10 - 2:17
    ဇာတ်လိုက်ရဲ့ အိမ်သစ်မှာရှိတဲ့ ပန်းတွေကို
    သွေးနီအဖြစ် သရုပ်ဖော်ထားတယ်။
  • 2:17 - 2:20
    သုံး။ ဟန်နဲ့ ပုံစံနဲ့ ဖန်တီးပါ။
  • 2:20 - 2:24
    ဖြစ်ပျက်တာတင်မဟုတ်ဘဲ ဒါကို သယ်ဆောင်၊ ချိန်
    ကိုက်ပုံကိုပါ အသေအချာ အာရုံစိုက်ခြင်းနဲ့
  • 2:24 - 2:28
    စိတ်ထင့်မှုကို တည်ဆောက်နိုင်ပါတယ်။
  • 2:28 - 2:32
    Edgar Allan Poe ဟာ "The Tell-Tale Heart"
    ထဲက ဇာတ်ကြောင်းပြောသူရဲ့ စိတ်အခြအနေကို
  • 2:32 - 2:36
    ရုတ်တရက် ပြတ်တောက်သွားတဲ့ အပိုင်းပိုင်း
    ကွဲနေတဲ့ ဝါကျတွေနဲ့ သယ်ဆောင်သွားတယ်။
  • 2:36 - 2:39
    ဇာတ်လမ်းထဲက အခြား ကြေညာတဲ့ ဝါကျတိုတွေက
  • 2:39 - 2:44
    အသက်ပင် မရှုနိုင်တဲ့ အမြန်နဲ့ လေးလံတဲ့
    ရပ်နားမှုတွေ ရောစပ်မှုကို သရုပ်ဖော်တယ်။
  • 2:44 - 2:46
    ပိတ်ကားပြင်မှာ Alfred Hitchcock ရဲ့
    ရုပ်ရှင်ပညာက
  • 2:46 - 2:51
    စိတ်မသက်မသာဖြစ်မှု ဖန်တီးဖို့ ဆန့်ထားတဲ့
    တိတ်ဆိတ်မှုတွေ၊လှေကားအုံရဲ့ရိုက်ချက်တွေကို
  • 2:51 - 2:54
    အသုံးပြုမှုအတွက် နာမည်ကြီးတယ်။
  • 2:54 - 2:56
    လေး။ ပြဇာတ်ဆန်တဲ့ လှည့်ကွက်ကို သုံးပါ။
  • 2:56 - 2:59
    ပရိတ်သတ်ကို အမှောင်ထဲမှာ
    ထဝရ ထားလို့မရပါဘူး။
  • 2:59 - 3:02
    တစ်ခါတစ်ရံဇာတ်ကောင်တွေကို
    မဟုတ်ဘဲ ပရိတ်သတ်ကို
  • 3:02 - 3:08
    လျှို့ဝှက်မှုကြီးရဲ့ အဓိက အပိုင်းတွေကို ပြ
    ရင်း စိတ်ထင့်မှုကို အကောင်းဆုံး ပေးတယ်။
  • 3:08 - 3:11
    ဒါက ဇာတ်လမ်းဆန်တဲ့ လှည့်ကွက်လို့
    သိကြတဲ့ နည်းစနစ်တစ်ခုပါ။
  • 3:11 - 3:13
    ဒီမှာ လျှို့ဝှက်မှုက ဖြစ်လာမှာ
    ဖြစ်မလာပေမဲ့
  • 3:13 - 3:18
    ဇာတ်ကောင်တွေ ဘယ်အချိန်၊
    ဘယ်လို သိလာမှာပါ။
  • 3:18 - 3:20
    ဂန္ထဝင်ပြဇာတ် "Oedipus Rex" မှာ
  • 3:20 - 3:24
    အဓိက ဇာတ်ကောင်ဟာ သူ့အဖေရင်းကို
    သတ်ပြီး မိခင်ရင်းကို လက်ထပ်ခဲ့တာကို
  • 3:24 - 3:25
    သတိမမူမိဘူး။
  • 3:25 - 3:30
    ဒါပေမဲ့ Oedipus ဟာ အမှန်တရားကို သိရှိပြီး
    ဇာတ်လမ်းကို ၎င်းရဲ့ မချိမဆံ့ အထွက်အထိတ်နဲ့
  • 3:30 - 3:34
    ပံ့ပိုးပေးတာကို ပရိတ်သတ်သိပြီး
    စောင့်ကြည့်နေတယ်။
  • 3:34 - 3:36
    နောက်ဆုံးမှာတော့ သည်းထိတ်ရင်ဖိုအဖြစ်ပါ။
  • 3:36 - 3:38
    ဒီတစ်ခုကို အလွန်အကျွံသုံးတာကို
    သတိပြုပါ။
  • 3:38 - 3:43
    ပေါပေါ လွယ်လွယ် လှည့်ကွက်လို့ ထင်ရပေမဲ့
    ၎င်းရဲ့ထိရောက်မှုကို ငြင်းဆိုဖို့ခက်ပါတယ်။
  • 3:43 - 3:47
    ဒါက အရေးပါတဲ့ တစ်ခုခု ဖော်ထုတ်မပြမီ
  • 3:47 - 3:51
    (သို့) နည်းပါးတဲ့ မျှော်လင့်ခွင့်တစ်ခုနဲ့
    စိတ်မချရတဲ့အခြေအနေတစ်ခုရဲ့အလယ်မှာ
  • 3:51 - 3:55
    အခန်းတစ်ခန်း၊ ဇာတ်ကွက်၊ အတွဲ
    (သို့) ဖြစ်ပျက်နေတာကို ဖြတ်ပစ်တဲ့နေရာပါ
  • 3:55 - 3:58
    စောင့်ဆိုင်းမှုက ခဏ(သို့) နှစ်တွေဖြစ်ဖြစ်
  • 3:58 - 4:02
    နောက်ထပ် စိတ်ထင့်မှု တည်ဆောက်ရင်
    နောက်ထပ် ဖြစ်လာနိုင်ခြေရှိတာတွေကို
  • 4:02 - 4:04
    ကျွန်ုပ်တို့ကို စိတ်ကူးမိစေတယ်။
  • 4:04 - 4:07
    ပြီးဆုံးခြင်းနဲ့ စိတ်သက်သာမှု
    သဘောတစ်ခု ဖန်တီးရင်း
  • 4:07 - 4:10
    ဆိုးရွားလှတဲ့ အရာက
    အမြဲတမ်း လွှဲဖယ်သွားတယ်။
  • 4:10 - 4:14
    ဒါပေမဲ့ ဒါက ကျွန်ုပ်တို့ကို နောက်တစ်ကြိမ်
    ဇာတ်လိုက်တွေ သေချာလုလု ဘေးဒုက္ခ
  • 4:14 - 4:17
    ရင်ဆိုင်ရမှာကို ပူပန်မိတာ၊ တွေးချင်မိတာကို
    မရပ်တန့်စေပါဘူး။
Title:
သင့်အရေးအသားကို စိတ်တထင့်ထင့် ဖြစ်အောင် ပြုလုပ်နည်း။ Victoria Smith
Description:

Patreon page ကို https://www.patreon.com/teded တွင် ကြည့်ရှုပါ။

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/how-to-make-your-writing-suspenseful-victoria-smith တွင် ကြည့်ရှုပါ။


ဘာက ထိတ်လန့်ဖွယ်ရာ ဇာတ်လမ်းကောင်းကို ဖန်တီးပေးတာလဲ။ ကြောက်မက်ဖွယ်ရာ ဧရာမသတ္တဝါတွေနဲ့ သွေးရေပန်းတွေဟာ စတင်ဖို့ နေရာကောင်းတစ်ခုလို ဖြစ်ပုံရပေမဲ့ သည်းထိတ်ရင်ဖို စာရေးဆရာ H.P. Lovecraft wrote ရေးခဲ့သလိုဆိုရင်တော့ 'အဟောင်းဆုံးနဲ့ အပြင်းထန်ဆုံး အကြောက် အမျိုးအစားက မသိခြင်းကို ကြောက်ရွံ့မှုပါ'တဲ့။ စာရေးသူတွေဟာ ထိတ်လန့်ဖွယ်ရာတွေကို ဖော်ပြခြင်းတင်မဟုတ်ပဲ စိတ်ထင့်တဲ့ အခြေအနေတစ်ခုမှာ ပရိတ်သတ်ကို မတင်မကျထားခဲ့ရင်း ကြောက်စိတ်ကို ထိန်းချုပ်အသုံးချပါတယ်။ Victoria Smith ကနေပြီး သင့်အရေးအသားမှာ စိတ်ထင့်စရာတွေ ထပ်ဖြည့်ပေးဖို့အတွက် အကြံဉာဏ်တစ်ချို့ကို ပေးထားပါတယ်။
သင်ခန်းစာကို Victoria Smith က ပြုစုပြီး Silvia Prietov က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:36

Burmese subtitles

Revisions