< Return to Video

သတင်းတွေ အကြောင်း သတင်း

  • 0:00 - 0:04
    သတင်းတွေဟာ ကျွန်မတို့ လောကကြီးကို ရှုမြင်ပုံကို ဘယ်လို ပုံသွင်းပေးကြပါသလဲ။
  • 0:04 - 0:10
    ဟောဒီမှာကတော့ မြေထုကြီးကို အခြေခံထားတဲ့ ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်ပါ
  • 0:10 - 0:16
    နောက်ပြီး ဒီမှာကတော့ သတင်းတွေက ပုံသွင်းပေးလိုက်လို့ အမေရိကန်တွေ မြင်ကြရပုံပါ။
  • 0:17 - 0:31
    ဒီမြေပုံကို ကြည့်ကြပါ။ (လက်ခုပ်တီးသံများ) အမေရိကန် သတင်းဌာနကွန်ရက်နဲ့
  • 0:31 - 0:36
    အခပေး ရုပ်မြင်သံကြားလိုင်းတွေကနေ နိုင်ငံအလိုက် သတင်းဆောင်းပါးတွေအတွက်
  • 0:36 - 0:41
    ၂၀၀၇ ဖေဖေါ်ဝါရီတုန်းက၊ လွန်ခဲ့တဲ့ တစ်နှစ်က၊ သတ်မှတ်ပေးခဲ့ကြတဲ့ စက္ကန့် အရေအတွက်တွေပေါ့။
  • 0:41 - 0:47
    ဒါကတော့ မြောက်ကိုရီးယားက ၎င်းရဲ့ အဏုမြူစွမ်းအင် ကိရိယာတွေ ဖြိုဖျက်ပေးမယ်လို့ သဘောတူတဲ့ လတုန်းကပေါ့။
  • 0:47 - 0:51
    အင်ဒိုနီးရှားမှာ ထူးထူးကဲကဲ ရေကြီးခဲ့တုန်းကပါ
  • 0:51 - 0:59
    နောက်ပြီး ပဲရစ်မှာ IPCC ကနေပြီး ကမ္ဘာကြီး ပူနွေးလာမှုအပေါ် လူသားတွေရဲ့ သက်ရောက်မှုကို အတည်ပြုတဲ့လေ့လာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
  • 0:59 - 1:04
    သတင်းဖော်ပြချက် စုစုပေါင်းရဲ့ (၇၉) ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စု အကြောင်းပါ
  • 1:04 - 1:09
    အမေရိကန် သတင်းတွေကို ဖယ်ထုတ်ပြီးတော့ ကျန်တဲ့ သတင်း (၂၁) ရာခိုင်နှုန်းကို ကြည့်လိုက်တော့
  • 1:09 - 1:16
    အီရတ်သတင်း တော်တော်များများကို တွေ့ရတာပေါ့။ ဟိုနား အစိမ်းရောင်အကွက်ကြီးပါ။ ဒီ့အပြင်ကတော့ မဆိုစလောက်ကလေးပါ။
  • 1:16 - 1:24
    ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအကြောင်း သတင်းဖော်ပြချက် စုစုပေါင်းကတော့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်
  • 1:24 - 1:30
    သတင်းဆောင်းပါးတွေအားလုံးကို စိစစ်ပိုင်းခြားပြီး သတင်းဆောင်းပါး တစ်ခုတည်းကို ဖယ်ရှားလိုက်တော့
  • 1:30 - 1:32
    ဒီမှာ ကမ္ဘာကြီးက ဒီပုံပေါက်သွားပါတော့တယ်
  • 1:32 - 1:38
    ဘာ သတင်းဆောင်းပါး ပါလိမ့်။ Anna Nicole Smith သေဆုံးတဲ့ သတင်းပါ။
  • 1:39 - 1:42
    ဒီသတင်းဆောင်းပါးက နိုင်ငံတိုင်းရဲ့သတင်းတွေကိုကို ညှိုးမှိန်သွားစေခဲ့ပါတယ်၊ အီရတ် သတင်းက လွဲလို့ပေါ့။
  • 1:42 - 1:47
    IPCC ရဲ့ အစီရင်ခံစာ အကြောင်းဖော်ပြချက်ရဲ့ (၁၀)ဆ ရှိခဲ့ပါတယ်
  • 1:48 - 1:50
    ပြီးတော့ ဒီအတိုင်းသံသရာ လည်နေပါတယ်
  • 1:50 - 1:53
    အားလုံး သိတဲ့အတိုင်းပဲလေ၊ မကြာသေးခင်ကပဲ Britney သတင်းက ဘွားကနဲ ကြီးလာတယ်လေ
  • 1:53 - 1:56
    ဒီတော့ ဘာဖြစ်လို့ ကမ္ဘာကြီးရဲ့ အကြောင်းကို ကျွန်မတို့ ပိုပြီး မကြားရတာပါလိမ့်။
  • 1:56 - 2:02
    အကြောင်းရင်းတစ်ခုကတော့ သတင်းကွန်ရက်တွေဟာ သူတို့ရဲ့ နိုင်ငံခြား သတင်းဌာနတွေကို တစ်ဝက်အထိ လျှော့ချလိုက်တဲ့ အတွက်ကြောင့်ပါ။
  • 2:02 - 2:11
    နိုင်ရိုးဘီ၊ နယူးဒေလီ၊ မွန်ဘိုင်း စတာတွေမှာရှိတဲ့ တစ်ဦးတည်း လုပ်ကိုင်တဲ့ ABC အသေးစား သတင်းဌာနငယ်တွေကလွဲလို့
  • 2:11 - 2:19
    လူသန်းပေါင်း (၂၀၀၀)ကျော်နေထိုင်တဲ့နေရာတွေဖြစ်တဲ့
  • 2:19 - 2:24
    အာဖရိက၊ အိန္ဒိယ ဒါမှမဟုတ် တောင်အမေရိက နိုင်ငံတွေမှာ သတင်းဌာနတွေ မရှိပါဘူး။
  • 2:25 - 2:30
    အမှန်တကယ်ကတော့ Britney သတင်းကို ဖော်ပြလိုက်တာက ပိုပြီးသက်သာတယ်လေ
  • 2:30 - 2:33
    ပြီးတော့ လူတွေက သတင်းကို စိတ်ဝင်စားတဲ့အခါမှာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ သတင်းပေးပို့ချက်တွေ ကင်းမဲ့နေခြင်းဟာ
  • 2:33 - 2:35
    ပိုပို စိတ်ပျက်စရာ ကောင်းလာနေပါတယ်။
  • 2:36 - 2:40
    ပြည်တွင်း ရုပ်မြင်သံကြားသတင်းတွေရဲ့ လွှမ်းခြုံမှုဟာ ကျယ်ပြန့်လှပါတယ်
  • 2:40 - 2:44
    ဒါပေမဲ့ နိုင်ငံတကာသတင်းဖော်ပြချက်က (၁၂) ရာခိုင်နှုန်းပဲ ရှိနေခြင်းဟာ စိတ်မကောင်းစရာပါပဲ
  • 2:45 - 2:47
    နောက်ပြီးတော့ အင်တာနက် သတင်းကျတော့ရော။
  • 2:47 - 2:51
    လူကြိုက်အများဆုံး သတင်းဆိုက်တွေကလည်း ထူးမခြားနားပါပဲ
  • 2:51 - 2:56
    မနှစ်တုန်းက Pew နဲ့ Colombia J-School သင်တန်းကျောင်းက Google သတင်းစာမျက်နှာရဲ့ ရှေ့မျက်နှာစာမှာပါတဲ့
  • 2:56 - 2:59
    သတင်းဆောင်းပါး (၁၄၀၀၀)ကို ဆန်းစစ်ခဲ့ပါတယ်။
  • 2:59 - 3:03
    ၎င်းတို့ကလည်း တကယ်တမ်းမှာကျတော့ အလားတူ သတင်း (၂၄)ပုဒ်ကိုပဲ ဖေါ်ပြခဲ့ကြပါတယ်
  • 3:03 - 3:08
    အလားတူပဲ e-content (အင်တာနက်သတင်း)အား လေ့လာချက်တစ်ခုက အမေရိကန် သတင်း တင်ဆက်သူတွေရဲ့ ကမ္ဘာ့သတင်းဆိုတာတွေက
  • 3:08 - 3:12
    AP ကြေးနန်း သတင်းဌာနတွေနဲ့ Reuters ကလာတဲ့ သတင်းဆောင်းပါးတွေကို ပြန်သုံးထားတာကို ညွှန်ပြနေပါတယ်
  • 3:12 - 3:16
    ပြီးတော့ လူတွေက သူတို့နဲ့ သတင်းဖြစ်စဉ်တွေ ဘယ်လို ချိတ်ဆက် ဆက်နွှယ်နေကြောင်း နားလည်လာအောင် ဆက်စပ် မရေးသားကြပါဘူး
  • 3:16 - 3:18
    ဒီတော့ အခုပြောတာတွေကို ပေါင်းစပ်ကြည့်လိုက်ရင် ဘာဖြစ်လို့ ယနေ့ခေတ် တက္ကသိုလ်ဘွဲ့ရတွေရော
  • 3:18 - 3:21
    သိပ်ပြီးပညာမတတ်တဲ့ အမေရိကန်တွေပါ
  • 3:21 - 3:23
    လွန်ခဲ့တဲ့ အနှစ်(၂၀)တုန်းက သူတို့ရဲ့ ခေတ်ပြိုင် လူတွေလောက်
  • 3:23 - 3:26
    ကမ္ဘာကြီးအကြောင်း မသိကြတာကို ရှင်းပြလို့ ရနိုင်ကောင်းပါတယ်။
  • 3:26 - 3:32
    နောက်ပြီး ကျွန်မတို့ကိုယ်တိုင်က စိတ်မဝင်စားလို့ပါဆိုပြီး တွေးမိတယ်ဆိုရင်တော့
  • 3:32 - 3:34
    ရှင်တို့ မှားသွားပါလိမ့်မယ်။
  • 3:34 - 3:41
    မကြာသေးခင်နှစ်များမှာ ကမ္ဘာ့သတင်းတွေကို အများအားဖြင့် နီးနီးစပ်စပ်ကို
  • 3:41 - 3:43
    လေ့လာကြည့်နေပါတယ်ဆိုတဲ့ အမေရိကန်တွေဟာ
    (၅၀) ရာခိုင်နှုန်း ထက်ကို ပိုများလာခဲ့ပါတယ်။
  • 3:43 - 3:51
    တကယ့် မေးခွန်းက " ကျွန်မတို့ရဲ့ တိုးတိုး အပြန်အလှန် ဆက်နွှယ်လာနေတဲ့ ကမ္ဘာကြီးကို
  • 3:51 - 3:54
    အဲဒီလို ပုံပျက်ပန်းပျက် ကမ္ဘာ့ကြီးမျိုးကို အမေရိကန်တွေကို ကျွန်မတို့ ပြလိုကြတာလား"ဆိုတာပါ။
  • 3:54 - 3:57
    ကျွန်မတို့တွေ ပိုကောင်းအောင် လုပ်နိုင်တာ ကျွန်မသိပါတယ်။
  • 3:57 - 4:00
    နောက်ပြီး အဲဒီလို မလုပ်ဘဲနေလို့ကော ရနိုင်ပါ့မလားရှင်။ ကျေးဇူးတင်ပါတယ်။
Title:
သတင်းတွေ အကြောင်း သတင်း
Speaker:
Alisa Miller
Description:

Public Radio International ရဲ့ အကြီးအကဲဖြစ်သူ အယ်လီဇာ မေလာက ကျွန်ုပ်တို့တွေဟာ ကမ္ဘာလောကကြီး အကြောင်းကို ခါတိုင်းထက်ကို ပိုပြီး သိချင်နေကြပေမဲ့ အမေရိကန် မီဒီယာတွေကတော့ တကယ်တမ်းမှာ နည်းနည်းသာ ဖော်ပြကြတာကို ဆွေးနွေးထားပါတယ်။ အမြင်ကို ဖွင့်ပြပေးကြမယ့် စာရင်းအင်း ဇယားတွေ၊ ပုံပြမျဉ်းတွေနဲ့ပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
04:06
  • The orignial translation is impressive. I literally did nothing.

  • Well Done!

  • Thank you very much for all your kind attention to m'y work !

Burmese subtitles

Revisions