0:00:00.000,0:00:04.000 သတင်းတွေဟာ ကျွန်မတို့ လောကကြီးကို ရှုမြင်ပုံကို ဘယ်လို ပုံသွင်းပေးကြပါသလဲ။ 0:00:04.000,0:00:10.000 ဟောဒီမှာကတော့ မြေထုကြီးကို အခြေခံထားတဲ့ ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်ပါ 0:00:10.000,0:00:16.000 နောက်ပြီး ဒီမှာကတော့ သတင်းတွေက ပုံသွင်းပေးလိုက်လို့ အမေရိကန်တွေ မြင်ကြရပုံပါ။ 0:00:17.000,0:00:31.000 ဒီမြေပုံကို ကြည့်ကြပါ။ (လက်ခုပ်တီးသံများ) အမေရိကန် သတင်းဌာနကွန်ရက်နဲ့ 0:00:31.000,0:00:36.000 အခပေး ရုပ်မြင်သံကြားလိုင်းတွေကနေ နိုင်ငံအလိုက် သတင်းဆောင်းပါးတွေအတွက် 0:00:36.000,0:00:41.000 ၂၀၀၇ ဖေဖေါ်ဝါရီတုန်းက၊ လွန်ခဲ့တဲ့ တစ်နှစ်က၊ သတ်မှတ်ပေးခဲ့ကြတဲ့ စက္ကန့် အရေအတွက်တွေပေါ့။ 0:00:41.000,0:00:47.000 ဒါကတော့ မြောက်ကိုရီးယားက ၎င်းရဲ့ အဏုမြူစွမ်းအင် ကိရိယာတွေ ဖြိုဖျက်ပေးမယ်လို့ သဘောတူတဲ့ လတုန်းကပေါ့။ 0:00:47.000,0:00:51.000 အင်ဒိုနီးရှားမှာ ထူးထူးကဲကဲ ရေကြီးခဲ့တုန်းကပါ 0:00:51.000,0:00:59.000 နောက်ပြီး ပဲရစ်မှာ IPCC ကနေပြီး ကမ္ဘာကြီး ပူနွေးလာမှုအပေါ် လူသားတွေရဲ့ သက်ရောက်မှုကို အတည်ပြုတဲ့လေ့လာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ 0:00:59.000,0:01:04.000 သတင်းဖော်ပြချက် စုစုပေါင်းရဲ့ (၇၉) ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စု အကြောင်းပါ 0:01:04.000,0:01:09.000 အမေရိကန် သတင်းတွေကို ဖယ်ထုတ်ပြီးတော့ ကျန်တဲ့ သတင်း (၂၁) ရာခိုင်နှုန်းကို ကြည့်လိုက်တော့ 0:01:09.000,0:01:16.000 အီရတ်သတင်း တော်တော်များများကို တွေ့ရတာပေါ့။ ဟိုနား အစိမ်းရောင်အကွက်ကြီးပါ။ ဒီ့အပြင်ကတော့ မဆိုစလောက်ကလေးပါ။ 0:01:16.000,0:01:24.000 ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအကြောင်း သတင်းဖော်ပြချက် စုစုပေါင်းကတော့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ် 0:01:24.000,0:01:30.000 သတင်းဆောင်းပါးတွေအားလုံးကို စိစစ်ပိုင်းခြားပြီး သတင်းဆောင်းပါး တစ်ခုတည်းကို ဖယ်ရှားလိုက်တော့ 0:01:30.000,0:01:32.000 ဒီမှာ ကမ္ဘာကြီးက ဒီပုံပေါက်သွားပါတော့တယ် 0:01:32.000,0:01:38.000 ဘာ သတင်းဆောင်းပါး ပါလိမ့်။ Anna Nicole Smith သေဆုံးတဲ့ သတင်းပါ။ 0:01:39.000,0:01:42.000 ဒီသတင်းဆောင်းပါးက နိုင်ငံတိုင်းရဲ့သတင်းတွေကိုကို ညှိုးမှိန်သွားစေခဲ့ပါတယ်၊ အီရတ် သတင်းက လွဲလို့ပေါ့။ 0:01:42.000,0:01:47.000 IPCC ရဲ့ အစီရင်ခံစာ အကြောင်းဖော်ပြချက်ရဲ့ (၁၀)ဆ ရှိခဲ့ပါတယ် 0:01:48.000,0:01:50.000 ပြီးတော့ ဒီအတိုင်းသံသရာ လည်နေပါတယ် 0:01:50.000,0:01:53.000 အားလုံး သိတဲ့အတိုင်းပဲလေ၊ မကြာသေးခင်ကပဲ Britney သတင်းက ဘွားကနဲ ကြီးလာတယ်လေ 0:01:53.000,0:01:56.000 ဒီတော့ ဘာဖြစ်လို့ ကမ္ဘာကြီးရဲ့ အကြောင်းကို ကျွန်မတို့ ပိုပြီး မကြားရတာပါလိမ့်။ 0:01:56.000,0:02:02.000 အကြောင်းရင်းတစ်ခုကတော့ သတင်းကွန်ရက်တွေဟာ သူတို့ရဲ့ နိုင်ငံခြား သတင်းဌာနတွေကို တစ်ဝက်အထိ လျှော့ချလိုက်တဲ့ အတွက်ကြောင့်ပါ။ 0:02:02.000,0:02:11.000 နိုင်ရိုးဘီ၊ နယူးဒေလီ၊ မွန်ဘိုင်း စတာတွေမှာရှိတဲ့ တစ်ဦးတည်း လုပ်ကိုင်တဲ့ ABC အသေးစား သတင်းဌာနငယ်တွေကလွဲလို့ 0:02:11.000,0:02:19.000 လူသန်းပေါင်း (၂၀၀၀)ကျော်နေထိုင်တဲ့နေရာတွေဖြစ်တဲ့ 0:02:19.000,0:02:24.000 အာဖရိက၊ အိန္ဒိယ ဒါမှမဟုတ် တောင်အမေရိက နိုင်ငံတွေမှာ သတင်းဌာနတွေ မရှိပါဘူး။ 0:02:25.000,0:02:30.000 အမှန်တကယ်ကတော့ Britney သတင်းကို ဖော်ပြလိုက်တာက ပိုပြီးသက်သာတယ်လေ 0:02:30.000,0:02:33.000 ပြီးတော့ လူတွေက သတင်းကို စိတ်ဝင်စားတဲ့အခါမှာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ သတင်းပေးပို့ချက်တွေ ကင်းမဲ့နေခြင်းဟာ 0:02:33.000,0:02:35.000 ပိုပို စိတ်ပျက်စရာ ကောင်းလာနေပါတယ်။ 0:02:36.000,0:02:40.000 ပြည်တွင်း ရုပ်မြင်သံကြားသတင်းတွေရဲ့ လွှမ်းခြုံမှုဟာ ကျယ်ပြန့်လှပါတယ် 0:02:40.000,0:02:44.000 ဒါပေမဲ့ နိုင်ငံတကာသတင်းဖော်ပြချက်က (၁၂) ရာခိုင်နှုန်းပဲ ရှိနေခြင်းဟာ စိတ်မကောင်းစရာပါပဲ 0:02:45.000,0:02:47.000 နောက်ပြီးတော့ အင်တာနက် သတင်းကျတော့ရော။ 0:02:47.000,0:02:51.000 လူကြိုက်အများဆုံး သတင်းဆိုက်တွေကလည်း ထူးမခြားနားပါပဲ 0:02:51.000,0:02:56.000 မနှစ်တုန်းက Pew နဲ့ Colombia J-School သင်တန်းကျောင်းက Google သတင်းစာမျက်နှာရဲ့ ရှေ့မျက်နှာစာမှာပါတဲ့ 0:02:56.000,0:02:59.000 သတင်းဆောင်းပါး (၁၄၀၀၀)ကို ဆန်းစစ်ခဲ့ပါတယ်။ 0:02:59.000,0:03:03.000 ၎င်းတို့ကလည်း တကယ်တမ်းမှာကျတော့ အလားတူ သတင်း (၂၄)ပုဒ်ကိုပဲ ဖေါ်ပြခဲ့ကြပါတယ် 0:03:03.000,0:03:08.000 အလားတူပဲ e-content (အင်တာနက်သတင်း)အား လေ့လာချက်တစ်ခုက အမေရိကန် သတင်း တင်ဆက်သူတွေရဲ့ ကမ္ဘာ့သတင်းဆိုတာတွေက 0:03:08.000,0:03:12.000 AP ကြေးနန်း သတင်းဌာနတွေနဲ့ Reuters ကလာတဲ့ သတင်းဆောင်းပါးတွေကို ပြန်သုံးထားတာကို ညွှန်ပြနေပါတယ် 0:03:12.000,0:03:16.000 ပြီးတော့ လူတွေက သူတို့နဲ့ သတင်းဖြစ်စဉ်တွေ ဘယ်လို ချိတ်ဆက် ဆက်နွှယ်နေကြောင်း နားလည်လာအောင် ဆက်စပ် မရေးသားကြပါဘူး 0:03:16.000,0:03:18.333 ဒီတော့ အခုပြောတာတွေကို ပေါင်းစပ်ကြည့်လိုက်ရင် ဘာဖြစ်လို့ ယနေ့ခေတ် တက္ကသိုလ်ဘွဲ့ရတွေရော 0:03:18.333,0:03:20.666 သိပ်ပြီးပညာမတတ်တဲ့ အမေရိကန်တွေပါ 0:03:20.666,0:03:23.000 လွန်ခဲ့တဲ့ အနှစ်(၂၀)တုန်းက သူတို့ရဲ့ ခေတ်ပြိုင် လူတွေလောက် 0:03:23.000,0:03:26.000 ကမ္ဘာကြီးအကြောင်း မသိကြတာကို ရှင်းပြလို့ ရနိုင်ကောင်းပါတယ်။ 0:03:26.000,0:03:32.000 နောက်ပြီး ကျွန်မတို့ကိုယ်တိုင်က စိတ်မဝင်စားလို့ပါဆိုပြီး တွေးမိတယ်ဆိုရင်တော့ 0:03:32.000,0:03:34.000 ရှင်တို့ မှားသွားပါလိမ့်မယ်။ 0:03:34.000,0:03:41.000 မကြာသေးခင်နှစ်များမှာ ကမ္ဘာ့သတင်းတွေကို အများအားဖြင့် နီးနီးစပ်စပ်ကို 0:03:41.000,0:03:43.000 လေ့လာကြည့်နေပါတယ်ဆိုတဲ့ အမေရိကန်တွေဟာ [br](၅၀) ရာခိုင်နှုန်း ထက်ကို ပိုများလာခဲ့ပါတယ်။ 0:03:43.000,0:03:51.000 တကယ့် မေးခွန်းက " ကျွန်မတို့ရဲ့ တိုးတိုး အပြန်အလှန် ဆက်နွှယ်လာနေတဲ့ ကမ္ဘာကြီးကို 0:03:51.000,0:03:54.000 အဲဒီလို ပုံပျက်ပန်းပျက် ကမ္ဘာ့ကြီးမျိုးကို အမေရိကန်တွေကို ကျွန်မတို့ ပြလိုကြတာလား"ဆိုတာပါ။ 0:03:54.000,0:03:57.000 ကျွန်မတို့တွေ ပိုကောင်းအောင် လုပ်နိုင်တာ ကျွန်မသိပါတယ်။ 0:03:57.000,0:04:00.000 နောက်ပြီး အဲဒီလို မလုပ်ဘဲနေလို့ကော ရနိုင်ပါ့မလားရှင်။ ကျေးဇူးတင်ပါတယ်။