1 00:00:00,000 --> 00:00:04,000 သတင်းတွေဟာ ကျွန်မတို့ လောကကြီးကို ရှုမြင်ပုံကို ဘယ်လို ပုံသွင်းပေးကြပါသလဲ။ 2 00:00:04,000 --> 00:00:10,000 ဟောဒီမှာကတော့ မြေထုကြီးကို အခြေခံထားတဲ့ ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်ပါ 3 00:00:10,000 --> 00:00:16,000 နောက်ပြီး ဒီမှာကတော့ သတင်းတွေက ပုံသွင်းပေးလိုက်လို့ အမေရိကန်တွေ မြင်ကြရပုံပါ။ 4 00:00:17,000 --> 00:00:31,000 ဒီမြေပုံကို ကြည့်ကြပါ။ (လက်ခုပ်တီးသံများ) အမေရိကန် သတင်းဌာနကွန်ရက်နဲ့ 5 00:00:31,000 --> 00:00:36,000 အခပေး ရုပ်မြင်သံကြားလိုင်းတွေကနေ နိုင်ငံအလိုက် သတင်းဆောင်းပါးတွေအတွက် 6 00:00:36,000 --> 00:00:41,000 ၂၀၀၇ ဖေဖေါ်ဝါရီတုန်းက၊ လွန်ခဲ့တဲ့ တစ်နှစ်က၊ သတ်မှတ်ပေးခဲ့ကြတဲ့ စက္ကန့် အရေအတွက်တွေပေါ့။ 7 00:00:41,000 --> 00:00:47,000 ဒါကတော့ မြောက်ကိုရီးယားက ၎င်းရဲ့ အဏုမြူစွမ်းအင် ကိရိယာတွေ ဖြိုဖျက်ပေးမယ်လို့ သဘောတူတဲ့ လတုန်းကပေါ့။ 8 00:00:47,000 --> 00:00:51,000 အင်ဒိုနီးရှားမှာ ထူးထူးကဲကဲ ရေကြီးခဲ့တုန်းကပါ 9 00:00:51,000 --> 00:00:59,000 နောက်ပြီး ပဲရစ်မှာ IPCC ကနေပြီး ကမ္ဘာကြီး ပူနွေးလာမှုအပေါ် လူသားတွေရဲ့ သက်ရောက်မှုကို အတည်ပြုတဲ့လေ့လာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ 10 00:00:59,000 --> 00:01:04,000 သတင်းဖော်ပြချက် စုစုပေါင်းရဲ့ (၇၉) ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စု အကြောင်းပါ 11 00:01:04,000 --> 00:01:09,000 အမေရိကန် သတင်းတွေကို ဖယ်ထုတ်ပြီးတော့ ကျန်တဲ့ သတင်း (၂၁) ရာခိုင်နှုန်းကို ကြည့်လိုက်တော့ 12 00:01:09,000 --> 00:01:16,000 အီရတ်သတင်း တော်တော်များများကို တွေ့ရတာပေါ့။ ဟိုနား အစိမ်းရောင်အကွက်ကြီးပါ။ ဒီ့အပြင်ကတော့ မဆိုစလောက်ကလေးပါ။ 13 00:01:16,000 --> 00:01:24,000 ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအကြောင်း သတင်းဖော်ပြချက် စုစုပေါင်းကတော့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ် 14 00:01:24,000 --> 00:01:30,000 သတင်းဆောင်းပါးတွေအားလုံးကို စိစစ်ပိုင်းခြားပြီး သတင်းဆောင်းပါး တစ်ခုတည်းကို ဖယ်ရှားလိုက်တော့ 15 00:01:30,000 --> 00:01:32,000 ဒီမှာ ကမ္ဘာကြီးက ဒီပုံပေါက်သွားပါတော့တယ် 16 00:01:32,000 --> 00:01:38,000 ဘာ သတင်းဆောင်းပါး ပါလိမ့်။ Anna Nicole Smith သေဆုံးတဲ့ သတင်းပါ။ 17 00:01:39,000 --> 00:01:42,000 ဒီသတင်းဆောင်းပါးက နိုင်ငံတိုင်းရဲ့သတင်းတွေကိုကို ညှိုးမှိန်သွားစေခဲ့ပါတယ်၊ အီရတ် သတင်းက လွဲလို့ပေါ့။ 18 00:01:42,000 --> 00:01:47,000 IPCC ရဲ့ အစီရင်ခံစာ အကြောင်းဖော်ပြချက်ရဲ့ (၁၀)ဆ ရှိခဲ့ပါတယ် 19 00:01:48,000 --> 00:01:50,000 ပြီးတော့ ဒီအတိုင်းသံသရာ လည်နေပါတယ် 20 00:01:50,000 --> 00:01:53,000 အားလုံး သိတဲ့အတိုင်းပဲလေ၊ မကြာသေးခင်ကပဲ Britney သတင်းက ဘွားကနဲ ကြီးလာတယ်လေ 21 00:01:53,000 --> 00:01:56,000 ဒီတော့ ဘာဖြစ်လို့ ကမ္ဘာကြီးရဲ့ အကြောင်းကို ကျွန်မတို့ ပိုပြီး မကြားရတာပါလိမ့်။ 22 00:01:56,000 --> 00:02:02,000 အကြောင်းရင်းတစ်ခုကတော့ သတင်းကွန်ရက်တွေဟာ သူတို့ရဲ့ နိုင်ငံခြား သတင်းဌာနတွေကို တစ်ဝက်အထိ လျှော့ချလိုက်တဲ့ အတွက်ကြောင့်ပါ။ 23 00:02:02,000 --> 00:02:11,000 နိုင်ရိုးဘီ၊ နယူးဒေလီ၊ မွန်ဘိုင်း စတာတွေမှာရှိတဲ့ တစ်ဦးတည်း လုပ်ကိုင်တဲ့ ABC အသေးစား သတင်းဌာနငယ်တွေကလွဲလို့ 24 00:02:11,000 --> 00:02:19,000 လူသန်းပေါင်း (၂၀၀၀)ကျော်နေထိုင်တဲ့နေရာတွေဖြစ်တဲ့ 25 00:02:19,000 --> 00:02:24,000 အာဖရိက၊ အိန္ဒိယ ဒါမှမဟုတ် တောင်အမေရိက နိုင်ငံတွေမှာ သတင်းဌာနတွေ မရှိပါဘူး။ 26 00:02:25,000 --> 00:02:30,000 အမှန်တကယ်ကတော့ Britney သတင်းကို ဖော်ပြလိုက်တာက ပိုပြီးသက်သာတယ်လေ 27 00:02:30,000 --> 00:02:33,000 ပြီးတော့ လူတွေက သတင်းကို စိတ်ဝင်စားတဲ့အခါမှာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ သတင်းပေးပို့ချက်တွေ ကင်းမဲ့နေခြင်းဟာ 28 00:02:33,000 --> 00:02:35,000 ပိုပို စိတ်ပျက်စရာ ကောင်းလာနေပါတယ်။ 29 00:02:36,000 --> 00:02:40,000 ပြည်တွင်း ရုပ်မြင်သံကြားသတင်းတွေရဲ့ လွှမ်းခြုံမှုဟာ ကျယ်ပြန့်လှပါတယ် 30 00:02:40,000 --> 00:02:44,000 ဒါပေမဲ့ နိုင်ငံတကာသတင်းဖော်ပြချက်က (၁၂) ရာခိုင်နှုန်းပဲ ရှိနေခြင်းဟာ စိတ်မကောင်းစရာပါပဲ 31 00:02:45,000 --> 00:02:47,000 နောက်ပြီးတော့ အင်တာနက် သတင်းကျတော့ရော။ 32 00:02:47,000 --> 00:02:51,000 လူကြိုက်အများဆုံး သတင်းဆိုက်တွေကလည်း ထူးမခြားနားပါပဲ 33 00:02:51,000 --> 00:02:56,000 မနှစ်တုန်းက Pew နဲ့ Colombia J-School သင်တန်းကျောင်းက Google သတင်းစာမျက်နှာရဲ့ ရှေ့မျက်နှာစာမှာပါတဲ့ 34 00:02:56,000 --> 00:02:59,000 သတင်းဆောင်းပါး (၁၄၀၀၀)ကို ဆန်းစစ်ခဲ့ပါတယ်။ 35 00:02:59,000 --> 00:03:03,000 ၎င်းတို့ကလည်း တကယ်တမ်းမှာကျတော့ အလားတူ သတင်း (၂၄)ပုဒ်ကိုပဲ ဖေါ်ပြခဲ့ကြပါတယ် 36 00:03:03,000 --> 00:03:08,000 အလားတူပဲ e-content (အင်တာနက်သတင်း)အား လေ့လာချက်တစ်ခုက အမေရိကန် သတင်း တင်ဆက်သူတွေရဲ့ ကမ္ဘာ့သတင်းဆိုတာတွေက 37 00:03:08,000 --> 00:03:12,000 AP ကြေးနန်း သတင်းဌာနတွေနဲ့ Reuters ကလာတဲ့ သတင်းဆောင်းပါးတွေကို ပြန်သုံးထားတာကို ညွှန်ပြနေပါတယ် 38 00:03:12,000 --> 00:03:16,000 ပြီးတော့ လူတွေက သူတို့နဲ့ သတင်းဖြစ်စဉ်တွေ ဘယ်လို ချိတ်ဆက် ဆက်နွှယ်နေကြောင်း နားလည်လာအောင် ဆက်စပ် မရေးသားကြပါဘူး 39 00:03:16,000 --> 00:03:18,333 ဒီတော့ အခုပြောတာတွေကို ပေါင်းစပ်ကြည့်လိုက်ရင် ဘာဖြစ်လို့ ယနေ့ခေတ် တက္ကသိုလ်ဘွဲ့ရတွေရော 40 00:03:18,333 --> 00:03:20,666 သိပ်ပြီးပညာမတတ်တဲ့ အမေရိကန်တွေပါ 41 00:03:20,666 --> 00:03:23,000 လွန်ခဲ့တဲ့ အနှစ်(၂၀)တုန်းက သူတို့ရဲ့ ခေတ်ပြိုင် လူတွေလောက် 42 00:03:23,000 --> 00:03:26,000 ကမ္ဘာကြီးအကြောင်း မသိကြတာကို ရှင်းပြလို့ ရနိုင်ကောင်းပါတယ်။ 43 00:03:26,000 --> 00:03:32,000 နောက်ပြီး ကျွန်မတို့ကိုယ်တိုင်က စိတ်မဝင်စားလို့ပါဆိုပြီး တွေးမိတယ်ဆိုရင်တော့ 44 00:03:32,000 --> 00:03:34,000 ရှင်တို့ မှားသွားပါလိမ့်မယ်။ 45 00:03:34,000 --> 00:03:41,000 မကြာသေးခင်နှစ်များမှာ ကမ္ဘာ့သတင်းတွေကို အများအားဖြင့် နီးနီးစပ်စပ်ကို 46 00:03:41,000 --> 00:03:43,000 လေ့လာကြည့်နေပါတယ်ဆိုတဲ့ အမေရိကန်တွေဟာ (၅၀) ရာခိုင်နှုန်း ထက်ကို ပိုများလာခဲ့ပါတယ်။ 47 00:03:43,000 --> 00:03:51,000 တကယ့် မေးခွန်းက " ကျွန်မတို့ရဲ့ တိုးတိုး အပြန်အလှန် ဆက်နွှယ်လာနေတဲ့ ကမ္ဘာကြီးကို 48 00:03:51,000 --> 00:03:54,000 အဲဒီလို ပုံပျက်ပန်းပျက် ကမ္ဘာ့ကြီးမျိုးကို အမေရိကန်တွေကို ကျွန်မတို့ ပြလိုကြတာလား"ဆိုတာပါ။ 49 00:03:54,000 --> 00:03:57,000 ကျွန်မတို့တွေ ပိုကောင်းအောင် လုပ်နိုင်တာ ကျွန်မသိပါတယ်။ 50 00:03:57,000 --> 00:04:00,000 နောက်ပြီး အဲဒီလို မလုပ်ဘဲနေလို့ကော ရနိုင်ပါ့မလားရှင်။ ကျေးဇူးတင်ပါတယ်။