နှိမ့်ချစိတ်ထားပါ...နှင့် ရေရဲ့ ဒဿနမှ အခြားသင်ခန်းစာများ။
-
0:01 - 0:02ဒီခံစားမှုကို သင်သိချင်သိမယ်၊
-
0:03 - 0:07နိုးလာချိန်မှာ ဖုန်းထဲက မဖတ်ရသေးတဲ့
အကြောင်းကြားချက်ပေါင်းစုံကို သတိပြုမိတယ်။ -
0:08 - 0:10သင့်ပြက္ခဒိန်ဟာ အစည်းအဝေးတွေနဲ့
ပြည့်နေပြီး -
0:10 - 0:12တစ်ခါတစ်လေ နှစ်ခါ၊သုံးခါကို
ထပ်နေတယ်။ -
0:13 - 0:15မအားဘူး၊ အလုပ်ရှုပ်တယ်လို့
သင်ခံစားရတယ်။ -
0:15 - 0:17တကယ်က အကျိုးရှိတယ်လို့
သင်ခံစားရတာပါ။ -
0:19 - 0:23ဒါပေမဲ့ အဆုံးမှာတော့
တစ်ခုခု လိုနေတုန်းလို့ ခံစားရတုန်းပဲ။ -
0:24 - 0:26ဒါကဘာလဲဆိုတာကို နားလည်ဖို့
ကြိုးစားတယ်။ -
0:27 - 0:29ဒါပေမဲ့ မလုပ်ရသေးခင်မှာပဲ
-
0:29 - 0:30နောက်တစ်နေ့ ရောက်သွားတာပါပဲ။
-
0:32 - 0:35ဒါက လွန်ခဲ့တဲ့ နှစ်နှစ်က
ကျွန်တော် ခံစားခဲ့ရတာပါ။ -
0:36 - 0:38ကျွန်တော် စိတ်တွေဖိစီးခဲ့တယ်၊ ပူပန်ခဲ့တယ်။
-
0:39 - 0:40ရုန်းထွက်မရ၊ပိတ်မိသလို ခံစားရတယ်
-
0:41 - 0:44ကျွန်တော့ဝန်းကျင်က ကမ္ဘာကြီးဟာ
အရမ်းမြန်မြန်ကြီး ရွေ့ရှားနေတယ်။ -
0:45 - 0:47ဘာလုပ်ရမှန်း ကျွန်တော် မသိခဲ့ဘူး။
-
0:48 - 0:50ဒါတွေအားလုံးကို ဘယ်လို အမီလိုက်မလဲ
-
0:50 - 0:52လို့ ကိုယ့်ကိုယ်ကို စတွေးမိတယ်။
-
0:52 - 0:55ကိုယ်တွေးသလောက်ကို မြန်တဲ့
-
0:55 - 0:59(သို့) ဒါထက်တောင် ပိုမြန်တဲ့
အမြဲပြောင်းလဲနေတဲ့ ကမ္ဘာတစ်ခုအတွင်းမှာ -
1:00 - 1:02စိတ်ကျေနပ်မှုကို ဘယ်လိုရှာဖွေနိုင်ပါမလဲ။
-
1:04 - 1:05အဖြေတွေ ကျွန်တော် စတင်ရှာခဲ့တယ်။
-
1:06 - 1:08လူများစွာကို မေးမြန်းခဲ့တယ်၊
သူငယ်ချင်းတွေကို မေးခဲ့တယ်၊ -
1:08 - 1:10မိသားစုကို လည်းမေးခဲ့တယ်၊
-
1:10 - 1:12တက်ကျမ်းစာအုပ်တွေတောင် ဖတ်ခဲ့တယ်။
-
1:14 - 1:16ဒါပေမဲ့ ကျေနပ်လောက်စရာတစ်ခုမှ
မတွေ့ခဲ့ဘူး။ -
1:16 - 1:19တကယ်တမ်းက တက်ကျမ်းတွေ ပိုဖတ်လေလေ
-
1:19 - 1:21ပိုစိတ်ဖိစီးပြီး ပူပန်လေလေဖြစ်ခဲ့တယ်။
-
1:22 - 1:23(ရယ်သံများ)
-
1:23 - 1:26ကျွန်တော့စိတ်ကို အဟာရမဖြစ်တဲ့အစာ
ကျွေးနေတာမျိုးပေါ့။ -
1:26 - 1:29စိတ်ပိုင်းဆိုင်ရာ အဝလွန်လာနေတာပေါ့။
-
1:29 - 1:31(ရယ်သံများ)
-
1:31 - 1:32လက်မလျော့ခင်လေးမှာပဲ
-
1:33 - 1:36တစ်နေ့တော့ ဒါကို တွေ့ခဲ့တယ်။
-
1:36 - 1:41"The Tao Te Ching
အကျင့်စရိုက်နဲ့ သုစရိုက် ကျမ်းပါ။" -
1:42 - 1:45ဒါဟာ ရှေးဟောင်း ဂန္ဓဝင်
တရုတ် ဒဿန ဖြစ်ပြီး၊ -
1:45 - 1:48လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်က
ရေးသားခဲ့တာပါ။ -
1:49 - 1:53ဒါဟာ စာအုပ်စင်မှာ အပါးဆုံးနဲ့
အသေးငယ်ဆုံး စာအုပ်ပါ။ -
1:54 - 1:56စာမျက်နှာ ၈၁ မျက်နှာပဲရှိပါတယ်။
-
1:56 - 1:59စာမျက်နှာတိုင်းမှာ
ကဗျာတိုတစ်ပုဒ်စီပါတယ်။ -
1:59 - 2:03ထူးခြားတဲ့ ကဗျာတစ်ပုဒ်ကို လှန်ဖတ်မိတာ
မှတ်မိသေးတယ်။ -
2:03 - 2:04ဟောဒီမှာပါ။
-
2:04 - 2:06အရမ်းကောင်းတယ်မလား။
-
2:06 - 2:07(ရယ်သံများ)
-
2:07 - 2:08ခင်ဗျားတို့ကို ဖတ်ပြပါရစေ။
-
2:09 - 2:13"အဆုံးစွန်သော ကောင်းမှုဟာ ရေလိုပါ။
-
2:13 - 2:16အရာအားလုံးကို ငြင်းဆိုစရာမရှိအောင်ကို
အကျိုးရှိစေပါတယ်။ -
2:17 - 2:20နေထိုင်မှုအရာမှာ ခိုင်မြဲတယ်။
-
2:20 - 2:23ဖြစ်တည်မှုအရာမှာ နက်ရှိုင်းစွာ
စီးဆင်းတယ်။ -
2:23 - 2:26ဖွင့်ဆိုမှုအရာမှာ ရိုးသားတယ်။
-
2:27 - 2:29ရင်ဆိုင်မှုအရာမှာ သိမ်မွေ့တယ်။
-
2:31 - 2:33အုပ်ချုပ်မှုအရာမှာ ထိန်းချုပ်မထားဘူး။
-
2:33 - 2:35လုပ်ဆောင်မှုအရာမှာ ချိန်သားကိုက်တယ်။
-
2:36 - 2:39၎င်းရဲ့ သဘာဝနဲ့ ရောင့်ရဲတာကြောင့်
-
2:39 - 2:42အလွန်အကျွံမရှိနိုင်ဘူးပေါ့။"
-
2:43 - 2:46အိုး၊ မှတ်မိသေးတာက
ဒီပထမစာပိုဒ်ဖတ်လိုက်ချိန်မှာ -
2:46 - 2:49ကျောရိုးထဲထိ စိမ့်သွားခဲ့တာပါ။
-
2:50 - 2:52အခု ဖတ်ပြနေချိန်မှာတောင်
ခံစားရတုန်းပါ။ -
2:53 - 2:56ကျွန်တော့ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေဟာ
ရုတ်တရက် ကွယ်ပျောက်သွားခဲ့တယ်။ -
2:57 - 2:59အဲဒီနေ့ကတည်းက
-
2:59 - 3:04ဒီစာပိုဒ်ထဲက သဘောထားတွေကို
ကျွန်တော့ရဲ့ နေ့စဉ်ဘဝမှာ အသုံးချနေခဲ့တယ်။ -
3:04 - 3:08ဒီနေ့တော့ အခုထိ ရေရဲ့ ဒဿနကနေ
ကျွန်တော် သင်ယူခဲ့တဲ့သင်ခန်းစာ သုံးခုကို -
3:08 - 3:10သင်တို့နဲ့ မျှဝေချင်ပါတယ်။
-
3:10 - 3:14ပိုကြီးမားတဲ့ စိတ်ကျေနပ်မှုကိုရရှိဖို့
ကူညီပေးတယ်လို့ -
3:14 - 3:16ယုံကြည်မိတဲ့ သင်ခန်းစာ သုံးခုပါ။
-
3:17 - 3:20ပထမ သင်ခန်းစာက နှိမ့်ချမှုအကြောင်းပါ။
-
3:20 - 3:23မြစ်တစ်ခုမှာ စီးဆင်းနေတဲ့
ရေအကြောင်း တွေးလိုက်ရင် -
3:23 - 3:25အမြဲကို နှိမ့်ထားတယ်၊
-
3:26 - 3:29အပင်တွေကို ကြီးထွားစေပြီး
သတ္တဝါတွေကို ဆက်လက် ရှင်သန်စေတယ်။ -
3:29 - 3:32တကယ်တော့ ၎င်းက ဘာအာရုံစိုက်မှုမှ
ဆွဲမယူပါဘူး၊ -
3:32 - 3:34ဆုလာဒ်တို့၊ အသိအမှတ်ပြုမှုတို့လည်း
မလိုဘူးလေ။ -
3:35 - 3:37ဒါက နှိမ့်ချမှုပါ။
-
3:38 - 3:40ဒါပေမဲ့ ရေရဲ့ နှိမ့်ချတဲ့ ပေးဝေမှုမပါပဲ
-
3:40 - 3:43သိတဲ့အတိုင်း ဘဝဟာ တည်ရှိချင်မှရှိမှာပါ။
-
3:45 - 3:48ရေရဲ့ နှိမ့်ချမှုက အရေးပါတဲ့အရာ
တစ်ချို့ သင်ပေးခဲ့တယ်။ -
3:48 - 3:52ကိုယ်ဘာလုပ်နေလဲကိုယ်သိတယ် (သို့မဟုတ်)
ကိုယ့်မှာအဖြေအားလုံးရှိတယ်လို့ -
3:52 - 3:54ဟန်ဆောင်နေမယ့်အစား
-
3:54 - 3:56"ငါမသိဘူး၊ ထပ်သင်ယူချင်တယ်၊
-
3:56 - 3:57သင့်အကူအညီ လိုအပ်တယ်"လို့
-
3:57 - 3:59ပြောဖို့က လုံးဝကို
-
3:59 - 4:00အဆင်ပြေတယ်ဆိုတာပါ။
-
4:01 - 4:05ဒါက သင်ပေးတာက ကိုယ့် ဂုဏ်ရောင်နဲ့
အောင်မြင်မှုကို တိုးတက်အောင်လုပ်တာထက် -
4:05 - 4:09သူများရဲ့ အောင်မြင်မှုနဲ့ ဂုဏ်ကို
တိုးတက်ဖို့က ပိုပြီးကျေနပ်စရာကောင်းတာပါ။ -
4:10 - 4:14ကိုယ့်ကို ရှေ့တက်နိုင်စေတဲ့ အရာတွေကို
လုပ်ခြင်းထက်၊ -
4:14 - 4:16လူတွေ စိန်ခေါ်မှုများကို ကျော်လွှားဖို့
-
4:16 - 4:19ကူညီပေးတာက အများကြီး ပိုစိတ်ချမ်းသာပြီး
အဓိပ္ပါယ်ရှိပါတယ်။ -
4:21 - 4:23နှိမ့်ချတဲ့ စိတ်သဘောနဲ့
-
4:23 - 4:26ကိုယ့်ဝန်းကျင်က လူတွေနဲ့ အများကြီး
ပိုကြွယ်ဝတဲ့ ဆက်သွယ်မှုတွေ ဖြစ်ပေါ်ခဲ့တယ် -
4:27 - 4:31ထူးခြားပြီး မှော်ဆန်စေတဲ့ ဇာတ်လမ်းတွေနဲ့
အတွေ့အကြုံတွေကို -
4:31 - 4:33အမှန်တကယ် စိတ်ဝင်စားလာခဲ့တယ်။
-
4:33 - 4:35ဘဝက အများကြီး နေပျော်လာတယ်။
-
4:35 - 4:38အကြောင်းက သူတို့ကိုကူညီခြင်းဖြင့်
နေ့စဥ် ဓလေ့ထူးအသစ်တွေ -
4:38 - 4:40စိတ်ကူးသစ်တွေနဲ့ အရင်ကမသိခဲ့တဲ့
-
4:40 - 4:43ပြဿနာဖြေရှင်းနည်း အသစ်တွေကို
ကျွန်တော်က ရှာဖွေတွေ့ခဲ့လို့ပါ။ -
4:45 - 4:48စမ်းချောင်းအားလုံးဟာ နောက်ဆုံးမှာ
သမုဒ္ဒရာဆီ စီးဆင်းတာက -
4:48 - 4:50၎င်းက သူတို့ထက်နိမ့်လို့ပါ။
-
4:51 - 4:54နှိမ့်ချမှုဟာ ရေကို ၎င်းရဲ့
စွမ်းအားကိုပေးတယ်။ -
4:55 - 4:59ဒါပေမဲ့ ဒါက ကျွန်တော်တို့ကို
အခြေစွဲနေစေဖို့၊ ပစ္စုပ္ပန်မှာရှိဖို့၊ -
4:59 - 5:00ကိုယ့် ဝန်းကျင်က လူတွေရဲ့
-
5:00 - 5:05ဖြစ်အင်တွေကနေ သင်ယူပြီး ပြောင်းလဲဖို့
အစွမ်းကိုပေးတယ်လို့ ထင်မိပါတယ်။ -
5:06 - 5:09ကျွန်တော် သင်ယူခဲ့တဲ့ ဒုတိယသင်ခန်းစာက
သဟဇာတဖြစ်မှုပါ။ -
5:10 - 5:12ရေက ကျောက်တုံးဆီကို စီးနေတာကို
တွေးမိရင် -
5:12 - 5:14ရေက ဒီအနားမှာပဲ စီးဆင်းမယ်။
-
5:14 - 5:17စိတ်မပျက်ဘူး၊
စိတ်မတိုဘူး။ -
5:17 - 5:18စိတ်မလှုပ်ရှားဘူး။
-
5:18 - 5:20တကယ်က လုံးဝကို မခံစားရတာပါ။
-
5:21 - 5:25အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ
ရေဟာ အားမပါပဲ၊ ဝိရောဓိမပါပဲ -
5:26 - 5:28တစ်နည်းနည်းနဲ့ အဖြေရှာပါတယ်။
-
5:30 - 5:33ဒါကို စဉ်းစားဆင်ခြင်နေတုန်း
ဘာကြောင့် အရင်က ကျွန်တော်ဟာ -
5:33 - 5:35စိတ်ဖိစီးနေရလဲဆိုတာ နားလည်လာမိတယ်။
-
5:36 - 5:38ကျွန်တော့ဝန်းကျင်နဲ့ သဟဇာတကျပြီး
အလုပ်လုပ်တာအစား -
5:38 - 5:40ဆန့်ကျင်ခဲ့တယ်၊
-
5:40 - 5:42အောင်မြင်တယ်ဆိုတာကို
-
5:42 - 5:46သက်သေပြနိုင်ဖို့အတွက် အရာရာကို
ပြောင်းလဲဖို့ အတင်းအကျပ်လုပ်ခဲ့တယ်။ -
5:47 - 5:48နောက်ဆုံးမှာတော့ ဘာမှမလုပ်ခဲ့ဘူး။
-
5:49 - 5:50ပိုပြီး စိတ်တိုလာခဲ့တာပေါ့။
-
5:51 - 5:55ပိုအောင်မြင်မှုရဖို့ ကြိုးစားတာကနေ
ပိုသဟဇာတဖြစ်တာရဖို့ဆီ -
5:55 - 5:57အာရုံစိုက်မှုကို ရွှေ့ပြောင်းလိုက်ခြင်းကသာ
-
5:57 - 6:01ချက်ချင်း အေးချမ်းမှုကိုခံစားရပြီး
ပြန်လည် အာရုံစိုက်နိုင်လာခဲ့တယ်။ -
6:02 - 6:04ဒီလိုမေးခွန်းတွေ စမေးခဲ့တယ်၊
-
6:04 - 6:06ဒီလုပ်ဆောင်မှုက ငါ့တွက် ပိုကြီးတဲ့
သဟာဇာဖြစ်စေမလား။ -
6:06 - 6:09ငါ့ပတ်ဝန်းကျင်ကို ပိုသဟဇာတဖြစ်စေမလား။
-
6:09 - 6:11ငါ့ရဲ့သဘာဝဗီဇနဲ့ ကိုက်ညီပါသလား။
-
6:12 - 6:15ကိုယ်ဖြစ်သင့်တဲ့သူ၊
သူများက ဖြစ်စေချင်တဲ့သူထက် -
6:15 - 6:18ရိုးရှင်းစွာ နေတတ်သလိုနေတာက
ပိုပြီး သက်တောင့်သက်သာဖြစ်စေတယ်။ -
6:20 - 6:22ကိုယ်မထိန်းချုပ်နိုင်တွေကို
-
6:22 - 6:25အာရုံမစိုက်တော့တဲ့အတွက်
-
6:25 - 6:26အလုပ်လုပ်ရတာ တကယ့်ကို လွယ်ကူလာတယ်။
-
6:26 - 6:29မိမိကိုယ်ကိုယ် တိုက်ခိုက်တာ ရပ်လိုက်ပြီး
-
6:29 - 6:33ကိုယ့်ပတ်ဝန်းကျင်ရဲ့ ပြဿနာတွေကို
ဖြေရှင်းပေးဖို့ သူတို့နဲ့လက်တွဲလုပ်ခဲ့တယ်။ -
6:34 - 6:36သဘာဝက အလျှင်စလို မလုပ်ဘူး။
-
6:37 - 6:39ဒါပေမဲ့ အရာတိုင်းတော့ ပြီးမြောက်တယ်။
-
6:40 - 6:43ဒါက သဟဇာတဖြစ်မှုရဲ့အစွမ်းကို သရုပ်ဖော်တဲ့
Tao Te Ching နည်းပါ။ -
6:44 - 6:48ရေဟာ အားမပါ၊ ဝိရာဓိမပါပဲ အဖြေတစ်ခုကို
ရှာနိုင်သလိုပဲ -
6:49 - 6:53ပိုအောင်မြင်မှုရဖို့ကနေ သဟဇာတ
ပိုဖြစ်ဖို့ကို အာရုံစိုက်လိုက်ခြင်းဖြင့် -
6:53 - 6:56အားထုတ်မှုတွေထဲက
ပိုကြီးကျယ်တဲ့ စိတ်ကျေနပ်မှုကို -
6:56 - 6:58တွေ့နိုင်တယ်လို့ ယုံကြည်တယ်။
-
6:59 - 7:03ရေရဲ့ ဒဿနကနေ သင်ယူလိုက်ရတဲ့
တတိယသင်ခန်းစာက -
7:03 - 7:05ပွင့်လင်းမှုပါ။
-
7:06 - 7:08ရေဟာ ပြောင်းလဲမှုကို လိုလိုလားလားလက်ခံတယ်။
-
7:08 - 7:12အပူချိန်ပေါ်မူတည်ပြီး
အရည်၊ အခဲ၊ အငွေ့ဖြစ်နိုင်တယ်။ -
7:13 - 7:14၎င်းပါရှိတဲ့ ကြားခံပစ္စည်းကနေ
-
7:15 - 7:18လက်ဖက်ရည်အိုး၊ ခွက်တစ်ခွက်
(သို့) ပန်းအိုးတစ်အိုးဖြစ်နိုင်တယ်။ -
7:19 - 7:23တကယ်က ရေဟာ ပြုပြင်၊ ပြောင်းလဲနိုင်ပြီး
ပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတွေရှိပေမဲ့ -
7:23 - 7:25ခေတ်ကာလတွေဖြတ်ပြီး
ဒီလောက် ကြံ့ကြံ့ခံစေတဲ့ -
7:25 - 7:28ပြောင်းလွယ်ပြင်လွယ် ဆက်ရှိနေတာပါ။
-
7:29 - 7:32ကျွန်တော်တို့ဟာလည်း အစဉ်ပြောင်းလဲနေတဲ့
ယနေ့ကမ္ဘာမှာ နေထိုင်ကြတာပါ။ -
7:33 - 7:36ပုံသေအလုပ်ဖော်ပြချက် တစ်ခုလုပ်ဖို့
(သို့) အလုပ်လမ်းကြောင်းတစ်ခုတည်း -
7:36 - 7:38နောက်လိုက်ဖို့ မျှော်လင့်လို့မရတော့ပါဘူး။
-
7:39 - 7:43အလုပ်နဲ့ဆီလျှော်တဲ့ ကျွမ်းကျင်မှုတွေကို
အမြဲဆန်းသစ်ပြီး၊မွမ်းမံဖို့ -
7:43 - 7:44မျှော်လင့်ကြပါတယ်။
-
7:45 - 7:48ကျွန်တော်တို့ အဖွဲ့အစည်းမှာ
hackathons တွေ ကျင်းပရာမှာ -
7:48 - 7:50အဖွဲ့ငယ်တွေ၊ တစ်ဦးချင်းတွေဟာ သတ်မှတ်ထားတဲ့
-
7:51 - 7:53အချိန်ဘောင်ထဲမှာ လုပ်ငန်း ပြဿနာတစ်ခု
ဖြေရှင်းဖို့ စုဝေးတယ် -
7:54 - 7:57ကျွန်တော့်ကိုစိတ်ဝင်စားစေတာက
အမြဲလိုနိုင်တဲ့ အသင်းတွေဟာ -
7:57 - 8:00အတွေ့အကြုံအရှိဆုံးအဖွဲ့ဝင်တွေပါတဲ့
အသင်းမဟုတ်ဘဲ၊ -
8:00 - 8:03သင်ယူဖို့ ပွင့်လင်းတဲ့ အဖွဲ့ဝင်တွေ၊
-
8:03 - 8:05အကျင့်ဖျောက်ဖို့ ပွင့်လင်းသူတွေ၊
-
8:05 - 8:07ပြောင်းလဲနေတဲ့ အခြေအနေတွေကနေ
ကျော်လွှားဖို့ -
8:07 - 8:10အချင်းချင်း လိုလိုလားလားကူညီကြဖို့
ရှိသူတွေနဲ့ပါ။ -
8:11 - 8:13ဘဝဆိုတာ တစ်နည်းပြောရရင်
hackathon လိုပါပဲ -
8:14 - 8:18ကျွန်တော်တို့ တစ်ဦးချင်းစီကို
တက်လှမ်းဖို့၊ ဖွင်ထားဖို့ ခေါ်နေပြီး -
8:18 - 8:20ဂယက် သက်ရောက်မှုဖြစ်စေပါတယ်။
-
8:21 - 8:25ကဲ ကိုယ်တိုင် ကန့်သတ်ထားတဲ့ ဒီလို
ယုံကြည်မှုတွေနဲ့ ပိတ်ထားတဲ့ တံခါးတွေနောက် -
8:25 - 8:28ကျန်နေရင်း ဆက်လက်
သွက်ချာပါဒလိုက်နိုင်ပါတယ်။ -
8:28 - 8:30"များပြားတဲ့ ပရိတ်သတ်ရှေ့မှာ
တရုတ် ဒဿနကို ဘယ်တော့မှ -
8:30 - 8:32ပြောနိုင်မှာမဟုတ်ဘူး။"
-
8:32 - 8:33(ရယ်သံများ)
-
8:33 - 8:35ဒါမှမဟုတ် လမ်းဖွင့်ထားလိုက်ပြီး
ပျော်ပျော်နေလိုက်ပါ။ -
8:36 - 8:38ဒါဟာ အံ့ဖွယ်အတွေ့အကြုံတစ်ခုသာ
ဖြစ်နိုင်တာပါ။ -
8:39 - 8:42ဒီတော့ နှိမ့်ချမှု၊ သဟဇာတဖြစ်မှုနဲ့
ပွင့်လင်းမှု၊ -
8:43 - 8:46ဒါတွေက အခုထိတော့ ရေရဲ့ ဒဿနကနေ
သင်ယူခဲ့တဲ့ သင်ခန်းစာ သုံးခုပါ။ -
8:47 - 8:49H-H-O (သို့) H2O လို့
-
8:49 - 8:51အတိုချုံ့လိုက်ပါတယ်။
-
8:51 - 8:52(ရယ်သံများ)
-
8:52 - 8:55ဒါတွေဟာ ဘဝမှာ လမ်းပြပေးတဲ့
ကျွန်တော့ရဲ့ အခြေခံသဘောတရားတွေဖြစ်လာတယ်။ -
8:56 - 8:59ဒီတော့ ဒီနေ့တွေမှာ စိတ်ဖိစီးမှု၊
-
8:59 - 9:02အလိုမပြည့်မှု၊ ပူပန်မှု
(သို့) ဘာလုပ်ရမှန်း မသိဖြစ်ချိန်တိုင်းမှာ -
9:02 - 9:04ကျွန်တော် ဒီမေးခွန်းပဲ မေးတယ်။
-
9:04 - 9:06ရေဆိုရင် ဘာလုပ်လိမ့်မလဲ။
-
9:06 - 9:07(ရယ်သံများ)
-
9:07 - 9:11ဒါက bitcoin တို့ fintech တို့ ဒစ်ဂျစ်တယ်
နည်းပညာတွေမတိုင်ခင် ကာလများစွာထဲက -
9:11 - 9:15ရေးထားတဲ့ စာအုပ်က စေ့ဆော်တဲ့ ရိုးစင်း
အစွမ်းထက်တဲ့ မေးခွန်းဟာ ကျွန်တော့ဘဝ -
9:15 - 9:17ပိုကောင်းဖို့ ပြောင်းပေးလိုက်ပါတယ်။
-
9:18 - 9:20စမ်းကြည့်ပါ၊ သင်တို့အတွက်
အလုပ်ဖြစ်ပုံကို သိပါရစေ။ -
9:20 - 9:22သင်တို့ဆီက ကြားချင်လှပါတယ်။
-
9:22 - 9:23ကျေးဇူးတင်ပါတယ်။
-
9:23 - 9:29(လက်ခုပ်သံများ)
- Title:
- နှိမ့်ချစိတ်ထားပါ...နှင့် ရေရဲ့ ဒဿနမှ အခြားသင်ခန်းစာများ။
- Speaker:
- Raymond Tang
- Description:
-
အမြဲမပြတ် ပြောင်းလဲနေတဲ့ ကမ္ဘာတစ်ခုအတွင်းမှာ စိတ်ကျေနပ်မှုကို ကျွန်ုပ်တို့ ဘယ်လိုရှာဖွေနိုင်ပါသလဲ။ Raymond Tang ဟာ Tao Te Ching ရဲ့ ရှေးဟောင်း တရုတ် ဒဿနကို အဓိပ္ပာယ်မပေါက်ခင်ထိတော့ ဒီမေးခွန်းနဲ့ နပန်းလုံးခဲ့ရပါတယ်။ ဒီအထဲမှာ ရေရဲ့ ကောင်းမွန်မှုကို နှိုင်းယှဉ်ထားတဲ့ စာပိုဒ်တစ်ခုကို သူတွေ့ရှိခဲ့တယ်၊ သူ့ရဲ့ နေ့စဉ်ဘဝမှာ အခု သူသုံးနေတဲ့ အယးအဆတစ်ခုပါ။ ဒီစွဲမက်ဖွယ်ကောင်းတဲ့ ဟောပြောချက်ထဲမှာ "ရေရဲ့ ဒဿန" ကနေ သူ သင်ယူလိုက်ရတဲ့ သင်ခန်းဟာ သုံးခုကို မျှဝေထားပါတယ်။ "ရေသာဆို ဘယ်လိုလုပ်လိမ့်မလဲ။" လို့ Tang က မေးလိုက်တယ်။ "ဒီရိုးရှင်းပြီး အစွမ်းထက်တဲ့ မေးခွန်းက ကျွန်တော့ဘဝ ပိုကောင်းဖို့ ပြောင်းလဲပေးလိုက်ပါပြီ"တဲ့။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 09:42
![]() |
sann tint approved Burmese subtitles for Be humble -- and other lessons from the philosophy of water | |
![]() |
Mie Cho accepted Burmese subtitles for Be humble -- and other lessons from the philosophy of water | |
![]() |
Mie Cho edited Burmese subtitles for Be humble -- and other lessons from the philosophy of water | |
![]() |
Mie Cho edited Burmese subtitles for Be humble -- and other lessons from the philosophy of water | |
![]() |
Mie Cho edited Burmese subtitles for Be humble -- and other lessons from the philosophy of water | |
![]() |
Mie Cho edited Burmese subtitles for Be humble -- and other lessons from the philosophy of water | |
![]() |
Mie Cho edited Burmese subtitles for Be humble -- and other lessons from the philosophy of water | |
![]() |
Mie Cho edited Burmese subtitles for Be humble -- and other lessons from the philosophy of water |