ဒီခံစားမှုကို သင်သိချင်သိမယ်၊
နိုးလာချိန်မှာ ဖုန်းထဲက မဖတ်ရသေးတဲ့
အကြောင်းကြားချက်ပေါင်းစုံကို သတိပြုမိတယ်။
သင့်ပြက္ခဒိန်ဟာ အစည်းအဝေးတွေနဲ့
ပြည့်နေပြီး
တစ်ခါတစ်လေ နှစ်ခါ၊သုံးခါကို
ထပ်နေတယ်။
မအားဘူး၊ အလုပ်ရှုပ်တယ်လို့
သင်ခံစားရတယ်။
တကယ်က အကျိုးရှိတယ်လို့
သင်ခံစားရတာပါ။
ဒါပေမဲ့ အဆုံးမှာတော့
တစ်ခုခု လိုနေတုန်းလို့ ခံစားရတုန်းပဲ။
ဒါကဘာလဲဆိုတာကို နားလည်ဖို့
ကြိုးစားတယ်။
ဒါပေမဲ့ မလုပ်ရသေးခင်မှာပဲ
နောက်တစ်နေ့ ရောက်သွားတာပါပဲ။
ဒါက လွန်ခဲ့တဲ့ နှစ်နှစ်က
ကျွန်တော် ခံစားခဲ့ရတာပါ။
ကျွန်တော် စိတ်တွေဖိစီးခဲ့တယ်၊ ပူပန်ခဲ့တယ်။
ရုန်းထွက်မရ၊ပိတ်မိသလို ခံစားရတယ်
ကျွန်တော့ဝန်းကျင်က ကမ္ဘာကြီးဟာ
အရမ်းမြန်မြန်ကြီး ရွေ့ရှားနေတယ်။
ဘာလုပ်ရမှန်း ကျွန်တော် မသိခဲ့ဘူး။
ဒါတွေအားလုံးကို ဘယ်လို အမီလိုက်မလဲ
လို့ ကိုယ့်ကိုယ်ကို စတွေးမိတယ်။
ကိုယ်တွေးသလောက်ကို မြန်တဲ့
(သို့) ဒါထက်တောင် ပိုမြန်တဲ့
အမြဲပြောင်းလဲနေတဲ့ ကမ္ဘာတစ်ခုအတွင်းမှာ
စိတ်ကျေနပ်မှုကို ဘယ်လိုရှာဖွေနိုင်ပါမလဲ။
အဖြေတွေ ကျွန်တော် စတင်ရှာခဲ့တယ်။
လူများစွာကို မေးမြန်းခဲ့တယ်၊
သူငယ်ချင်းတွေကို မေးခဲ့တယ်၊
မိသားစုကို လည်းမေးခဲ့တယ်၊
တက်ကျမ်းစာအုပ်တွေတောင် ဖတ်ခဲ့တယ်။
ဒါပေမဲ့ ကျေနပ်လောက်စရာတစ်ခုမှ
မတွေ့ခဲ့ဘူး။
တကယ်တမ်းက တက်ကျမ်းတွေ ပိုဖတ်လေလေ
ပိုစိတ်ဖိစီးပြီး ပူပန်လေလေဖြစ်ခဲ့တယ်။
(ရယ်သံများ)
ကျွန်တော့စိတ်ကို အဟာရမဖြစ်တဲ့အစာ
ကျွေးနေတာမျိုးပေါ့။
စိတ်ပိုင်းဆိုင်ရာ အဝလွန်လာနေတာပေါ့။
(ရယ်သံများ)
လက်မလျော့ခင်လေးမှာပဲ
တစ်နေ့တော့ ဒါကို တွေ့ခဲ့တယ်။
"The Tao Te Ching
အကျင့်စရိုက်နဲ့ သုစရိုက် ကျမ်းပါ။"
ဒါဟာ ရှေးဟောင်း ဂန္ဓဝင်
တရုတ် ဒဿန ဖြစ်ပြီး၊
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်က
ရေးသားခဲ့တာပါ။
ဒါဟာ စာအုပ်စင်မှာ အပါးဆုံးနဲ့
အသေးငယ်ဆုံး စာအုပ်ပါ။
စာမျက်နှာ ၈၁ မျက်နှာပဲရှိပါတယ်။
စာမျက်နှာတိုင်းမှာ
ကဗျာတိုတစ်ပုဒ်စီပါတယ်။
ထူးခြားတဲ့ ကဗျာတစ်ပုဒ်ကို လှန်ဖတ်မိတာ
မှတ်မိသေးတယ်။
ဟောဒီမှာပါ။
အရမ်းကောင်းတယ်မလား။
(ရယ်သံများ)
ခင်ဗျားတို့ကို ဖတ်ပြပါရစေ။
"အဆုံးစွန်သော ကောင်းမှုဟာ ရေလိုပါ။
အရာအားလုံးကို ငြင်းဆိုစရာမရှိအောင်ကို
အကျိုးရှိစေပါတယ်။
နေထိုင်မှုအရာမှာ ခိုင်မြဲတယ်။
ဖြစ်တည်မှုအရာမှာ နက်ရှိုင်းစွာ
စီးဆင်းတယ်။
ဖွင့်ဆိုမှုအရာမှာ ရိုးသားတယ်။
ရင်ဆိုင်မှုအရာမှာ သိမ်မွေ့တယ်။
အုပ်ချုပ်မှုအရာမှာ ထိန်းချုပ်မထားဘူး။
လုပ်ဆောင်မှုအရာမှာ ချိန်သားကိုက်တယ်။
၎င်းရဲ့ သဘာဝနဲ့ ရောင့်ရဲတာကြောင့်
အလွန်အကျွံမရှိနိုင်ဘူးပေါ့။"
အိုး၊ မှတ်မိသေးတာက
ဒီပထမစာပိုဒ်ဖတ်လိုက်ချိန်မှာ
ကျောရိုးထဲထိ စိမ့်သွားခဲ့တာပါ။
အခု ဖတ်ပြနေချိန်မှာတောင်
ခံစားရတုန်းပါ။
ကျွန်တော့ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေဟာ
ရုတ်တရက် ကွယ်ပျောက်သွားခဲ့တယ်။
အဲဒီနေ့ကတည်းက
ဒီစာပိုဒ်ထဲက သဘောထားတွေကို
ကျွန်တော့ရဲ့ နေ့စဉ်ဘဝမှာ အသုံးချနေခဲ့တယ်။
ဒီနေ့တော့ အခုထိ ရေရဲ့ ဒဿနကနေ
ကျွန်တော် သင်ယူခဲ့တဲ့သင်ခန်းစာ သုံးခုကို
သင်တို့နဲ့ မျှဝေချင်ပါတယ်။
ပိုကြီးမားတဲ့ စိတ်ကျေနပ်မှုကိုရရှိဖို့
ကူညီပေးတယ်လို့
ယုံကြည်မိတဲ့ သင်ခန်းစာ သုံးခုပါ။
ပထမ သင်ခန်းစာက နှိမ့်ချမှုအကြောင်းပါ။
မြစ်တစ်ခုမှာ စီးဆင်းနေတဲ့
ရေအကြောင်း တွေးလိုက်ရင်
အမြဲကို နှိမ့်ထားတယ်၊
အပင်တွေကို ကြီးထွားစေပြီး
သတ္တဝါတွေကို ဆက်လက် ရှင်သန်စေတယ်။
တကယ်တော့ ၎င်းက ဘာအာရုံစိုက်မှုမှ
ဆွဲမယူပါဘူး၊
ဆုလာဒ်တို့၊ အသိအမှတ်ပြုမှုတို့လည်း
မလိုဘူးလေ။
ဒါက နှိမ့်ချမှုပါ။
ဒါပေမဲ့ ရေရဲ့ နှိမ့်ချတဲ့ ပေးဝေမှုမပါပဲ
သိတဲ့အတိုင်း ဘဝဟာ တည်ရှိချင်မှရှိမှာပါ။
ရေရဲ့ နှိမ့်ချမှုက အရေးပါတဲ့အရာ
တစ်ချို့ သင်ပေးခဲ့တယ်။
ကိုယ်ဘာလုပ်နေလဲကိုယ်သိတယ် (သို့မဟုတ်)
ကိုယ့်မှာအဖြေအားလုံးရှိတယ်လို့
ဟန်ဆောင်နေမယ့်အစား
"ငါမသိဘူး၊ ထပ်သင်ယူချင်တယ်၊
သင့်အကူအညီ လိုအပ်တယ်"လို့
ပြောဖို့က လုံးဝကို
အဆင်ပြေတယ်ဆိုတာပါ။
ဒါက သင်ပေးတာက ကိုယ့် ဂုဏ်ရောင်နဲ့
အောင်မြင်မှုကို တိုးတက်အောင်လုပ်တာထက်
သူများရဲ့ အောင်မြင်မှုနဲ့ ဂုဏ်ကို
တိုးတက်ဖို့က ပိုပြီးကျေနပ်စရာကောင်းတာပါ။
ကိုယ့်ကို ရှေ့တက်နိုင်စေတဲ့ အရာတွေကို
လုပ်ခြင်းထက်၊
လူတွေ စိန်ခေါ်မှုများကို ကျော်လွှားဖို့
ကူညီပေးတာက အများကြီး ပိုစိတ်ချမ်းသာပြီး
အဓိပ္ပါယ်ရှိပါတယ်။
နှိမ့်ချတဲ့ စိတ်သဘောနဲ့
ကိုယ့်ဝန်းကျင်က လူတွေနဲ့ အများကြီး
ပိုကြွယ်ဝတဲ့ ဆက်သွယ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်
ထူးခြားပြီး မှော်ဆန်စေတဲ့ ဇာတ်လမ်းတွေနဲ့
အတွေ့အကြုံတွေကို
အမှန်တကယ် စိတ်ဝင်စားလာခဲ့တယ်။
ဘဝက အများကြီး နေပျော်လာတယ်။
အကြောင်းက သူတို့ကိုကူညီခြင်းဖြင့်
နေ့စဥ် ဓလေ့ထူးအသစ်တွေ
စိတ်ကူးသစ်တွေနဲ့ အရင်ကမသိခဲ့တဲ့
ပြဿနာဖြေရှင်းနည်း အသစ်တွေကို
ကျွန်တော်က ရှာဖွေတွေ့ခဲ့လို့ပါ။
စမ်းချောင်းအားလုံးဟာ နောက်ဆုံးမှာ
သမုဒ္ဒရာဆီ စီးဆင်းတာက
၎င်းက သူတို့ထက်နိမ့်လို့ပါ။
နှိမ့်ချမှုဟာ ရေကို ၎င်းရဲ့
စွမ်းအားကိုပေးတယ်။
ဒါပေမဲ့ ဒါက ကျွန်တော်တို့ကို
အခြေစွဲနေစေဖို့၊ ပစ္စုပ္ပန်မှာရှိဖို့၊
ကိုယ့် ဝန်းကျင်က လူတွေရဲ့
ဖြစ်အင်တွေကနေ သင်ယူပြီး ပြောင်းလဲဖို့
အစွမ်းကိုပေးတယ်လို့ ထင်မိပါတယ်။
ကျွန်တော် သင်ယူခဲ့တဲ့ ဒုတိယသင်ခန်းစာက
သဟဇာတဖြစ်မှုပါ။
ရေက ကျောက်တုံးဆီကို စီးနေတာကို
တွေးမိရင်
ရေက ဒီအနားမှာပဲ စီးဆင်းမယ်။
စိတ်မပျက်ဘူး၊
စိတ်မတိုဘူး။
စိတ်မလှုပ်ရှားဘူး။
တကယ်က လုံးဝကို မခံစားရတာပါ။
အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ
ရေဟာ အားမပါပဲ၊ ဝိရောဓိမပါပဲ
တစ်နည်းနည်းနဲ့ အဖြေရှာပါတယ်။
ဒါကို စဉ်းစားဆင်ခြင်နေတုန်း
ဘာကြောင့် အရင်က ကျွန်တော်ဟာ
စိတ်ဖိစီးနေရလဲဆိုတာ နားလည်လာမိတယ်။
ကျွန်တော့ဝန်းကျင်နဲ့ သဟဇာတကျပြီး
အလုပ်လုပ်တာအစား
ဆန့်ကျင်ခဲ့တယ်၊
အောင်မြင်တယ်ဆိုတာကို
သက်သေပြနိုင်ဖို့အတွက် အရာရာကို
ပြောင်းလဲဖို့ အတင်းအကျပ်လုပ်ခဲ့တယ်။
နောက်ဆုံးမှာတော့ ဘာမှမလုပ်ခဲ့ဘူး။
ပိုပြီး စိတ်တိုလာခဲ့တာပေါ့။
ပိုအောင်မြင်မှုရဖို့ ကြိုးစားတာကနေ
ပိုသဟဇာတဖြစ်တာရဖို့ဆီ
အာရုံစိုက်မှုကို ရွှေ့ပြောင်းလိုက်ခြင်းကသာ
ချက်ချင်း အေးချမ်းမှုကိုခံစားရပြီး
ပြန်လည် အာရုံစိုက်နိုင်လာခဲ့တယ်။
ဒီလိုမေးခွန်းတွေ စမေးခဲ့တယ်၊
ဒီလုပ်ဆောင်မှုက ငါ့တွက် ပိုကြီးတဲ့
သဟာဇာဖြစ်စေမလား။
ငါ့ပတ်ဝန်းကျင်ကို ပိုသဟဇာတဖြစ်စေမလား။
ငါ့ရဲ့သဘာဝဗီဇနဲ့ ကိုက်ညီပါသလား။
ကိုယ်ဖြစ်သင့်တဲ့သူ၊
သူများက ဖြစ်စေချင်တဲ့သူထက်
ရိုးရှင်းစွာ နေတတ်သလိုနေတာက
ပိုပြီး သက်တောင့်သက်သာဖြစ်စေတယ်။
ကိုယ်မထိန်းချုပ်နိုင်တွေကို
အာရုံမစိုက်တော့တဲ့အတွက်
အလုပ်လုပ်ရတာ တကယ့်ကို လွယ်ကူလာတယ်။
မိမိကိုယ်ကိုယ် တိုက်ခိုက်တာ ရပ်လိုက်ပြီး
ကိုယ့်ပတ်ဝန်းကျင်ရဲ့ ပြဿနာတွေကို
ဖြေရှင်းပေးဖို့ သူတို့နဲ့လက်တွဲလုပ်ခဲ့တယ်။
သဘာဝက အလျှင်စလို မလုပ်ဘူး။
ဒါပေမဲ့ အရာတိုင်းတော့ ပြီးမြောက်တယ်။
ဒါက သဟဇာတဖြစ်မှုရဲ့အစွမ်းကို သရုပ်ဖော်တဲ့
Tao Te Ching နည်းပါ။
ရေဟာ အားမပါ၊ ဝိရာဓိမပါပဲ အဖြေတစ်ခုကို
ရှာနိုင်သလိုပဲ
ပိုအောင်မြင်မှုရဖို့ကနေ သဟဇာတ
ပိုဖြစ်ဖို့ကို အာရုံစိုက်လိုက်ခြင်းဖြင့်
အားထုတ်မှုတွေထဲက
ပိုကြီးကျယ်တဲ့ စိတ်ကျေနပ်မှုကို
တွေ့နိုင်တယ်လို့ ယုံကြည်တယ်။
ရေရဲ့ ဒဿနကနေ သင်ယူလိုက်ရတဲ့
တတိယသင်ခန်းစာက
ပွင့်လင်းမှုပါ။
ရေဟာ ပြောင်းလဲမှုကို လိုလိုလားလားလက်ခံတယ်။
အပူချိန်ပေါ်မူတည်ပြီး
အရည်၊ အခဲ၊ အငွေ့ဖြစ်နိုင်တယ်။
၎င်းပါရှိတဲ့ ကြားခံပစ္စည်းကနေ
လက်ဖက်ရည်အိုး၊ ခွက်တစ်ခွက်
(သို့) ပန်းအိုးတစ်အိုးဖြစ်နိုင်တယ်။
တကယ်က ရေဟာ ပြုပြင်၊ ပြောင်းလဲနိုင်ပြီး
ပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတွေရှိပေမဲ့
ခေတ်ကာလတွေဖြတ်ပြီး
ဒီလောက် ကြံ့ကြံ့ခံစေတဲ့
ပြောင်းလွယ်ပြင်လွယ် ဆက်ရှိနေတာပါ။
ကျွန်တော်တို့ဟာလည်း အစဉ်ပြောင်းလဲနေတဲ့
ယနေ့ကမ္ဘာမှာ နေထိုင်ကြတာပါ။
ပုံသေအလုပ်ဖော်ပြချက် တစ်ခုလုပ်ဖို့
(သို့) အလုပ်လမ်းကြောင်းတစ်ခုတည်း
နောက်လိုက်ဖို့ မျှော်လင့်လို့မရတော့ပါဘူး။
အလုပ်နဲ့ဆီလျှော်တဲ့ ကျွမ်းကျင်မှုတွေကို
အမြဲဆန်းသစ်ပြီး၊မွမ်းမံဖို့
မျှော်လင့်ကြပါတယ်။
ကျွန်တော်တို့ အဖွဲ့အစည်းမှာ
hackathons တွေ ကျင်းပရာမှာ
အဖွဲ့ငယ်တွေ၊ တစ်ဦးချင်းတွေဟာ သတ်မှတ်ထားတဲ့
အချိန်ဘောင်ထဲမှာ လုပ်ငန်း ပြဿနာတစ်ခု
ဖြေရှင်းဖို့ စုဝေးတယ်
ကျွန်တော့်ကိုစိတ်ဝင်စားစေတာက
အမြဲလိုနိုင်တဲ့ အသင်းတွေဟာ
အတွေ့အကြုံအရှိဆုံးအဖွဲ့ဝင်တွေပါတဲ့
အသင်းမဟုတ်ဘဲ၊
သင်ယူဖို့ ပွင့်လင်းတဲ့ အဖွဲ့ဝင်တွေ၊
အကျင့်ဖျောက်ဖို့ ပွင့်လင်းသူတွေ၊
ပြောင်းလဲနေတဲ့ အခြေအနေတွေကနေ
ကျော်လွှားဖို့
အချင်းချင်း လိုလိုလားလားကူညီကြဖို့
ရှိသူတွေနဲ့ပါ။
ဘဝဆိုတာ တစ်နည်းပြောရရင်
hackathon လိုပါပဲ
ကျွန်တော်တို့ တစ်ဦးချင်းစီကို
တက်လှမ်းဖို့၊ ဖွင်ထားဖို့ ခေါ်နေပြီး
ဂယက် သက်ရောက်မှုဖြစ်စေပါတယ်။
ကဲ ကိုယ်တိုင် ကန့်သတ်ထားတဲ့ ဒီလို
ယုံကြည်မှုတွေနဲ့ ပိတ်ထားတဲ့ တံခါးတွေနောက်
ကျန်နေရင်း ဆက်လက်
သွက်ချာပါဒလိုက်နိုင်ပါတယ်။
"များပြားတဲ့ ပရိတ်သတ်ရှေ့မှာ
တရုတ် ဒဿနကို ဘယ်တော့မှ
ပြောနိုင်မှာမဟုတ်ဘူး။"
(ရယ်သံများ)
ဒါမှမဟုတ် လမ်းဖွင့်ထားလိုက်ပြီး
ပျော်ပျော်နေလိုက်ပါ။
ဒါဟာ အံ့ဖွယ်အတွေ့အကြုံတစ်ခုသာ
ဖြစ်နိုင်တာပါ။
ဒီတော့ နှိမ့်ချမှု၊ သဟဇာတဖြစ်မှုနဲ့
ပွင့်လင်းမှု၊
ဒါတွေက အခုထိတော့ ရေရဲ့ ဒဿနကနေ
သင်ယူခဲ့တဲ့ သင်ခန်းစာ သုံးခုပါ။
H-H-O (သို့) H2O လို့
အတိုချုံ့လိုက်ပါတယ်။
(ရယ်သံများ)
ဒါတွေဟာ ဘဝမှာ လမ်းပြပေးတဲ့
ကျွန်တော့ရဲ့ အခြေခံသဘောတရားတွေဖြစ်လာတယ်။
ဒီတော့ ဒီနေ့တွေမှာ စိတ်ဖိစီးမှု၊
အလိုမပြည့်မှု၊ ပူပန်မှု
(သို့) ဘာလုပ်ရမှန်း မသိဖြစ်ချိန်တိုင်းမှာ
ကျွန်တော် ဒီမေးခွန်းပဲ မေးတယ်။
ရေဆိုရင် ဘာလုပ်လိမ့်မလဲ။
(ရယ်သံများ)
ဒါက bitcoin တို့ fintech တို့ ဒစ်ဂျစ်တယ်
နည်းပညာတွေမတိုင်ခင် ကာလများစွာထဲက
ရေးထားတဲ့ စာအုပ်က စေ့ဆော်တဲ့ ရိုးစင်း
အစွမ်းထက်တဲ့ မေးခွန်းဟာ ကျွန်တော့ဘဝ
ပိုကောင်းဖို့ ပြောင်းပေးလိုက်ပါတယ်။
စမ်းကြည့်ပါ၊ သင်တို့အတွက်
အလုပ်ဖြစ်ပုံကို သိပါရစေ။
သင်တို့ဆီက ကြားချင်လှပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)