1 00:00:00,810 --> 00:00:02,222 ဒီခံစားမှုကို သင်သိချင်သိမယ်၊ 2 00:00:02,810 --> 00:00:06,547 နိုးလာချိန်မှာ ဖုန်းထဲက မဖတ်ရသေးတဲ့ အကြောင်းကြားချက်ပေါင်းစုံကို သတိပြုမိတယ်။ 3 00:00:07,532 --> 00:00:09,714 သင့်ပြက္ခဒိန်ဟာ အစည်းအဝေးတွေနဲ့ ပြည့်နေပြီး 4 00:00:09,738 --> 00:00:12,187 တစ်ခါတစ်လေ နှစ်ခါ၊သုံးခါကို ထပ်နေတယ်။ 5 00:00:12,822 --> 00:00:14,818 မအားဘူး၊ အလုပ်ရှုပ်တယ်လို့ သင်ခံစားရတယ်။ 6 00:00:15,395 --> 00:00:17,328 တကယ်က အကျိုးရှိတယ်လို့ သင်ခံစားရတာပါ။ 7 00:00:18,573 --> 00:00:22,966 ဒါပေမဲ့ အဆုံးမှာတော့ တစ်ခုခု လိုနေတုန်းလို့ ခံစားရတုန်းပဲ။ 8 00:00:24,176 --> 00:00:26,203 ဒါကဘာလဲဆိုတာကို နားလည်ဖို့ ကြိုးစားတယ်။ 9 00:00:26,804 --> 00:00:28,506 ဒါပေမဲ့ မလုပ်ရသေးခင်မှာပဲ 10 00:00:28,530 --> 00:00:30,288 နောက်တစ်နေ့ ရောက်သွားတာပါပဲ။ 11 00:00:32,272 --> 00:00:34,780 ဒါက လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော် ခံစားခဲ့ရတာပါ။ 12 00:00:36,177 --> 00:00:38,452 ကျွန်တော် စိတ်တွေဖိစီးခဲ့တယ်၊ ပူပန်ခဲ့တယ်။ 13 00:00:38,916 --> 00:00:40,473 ရုန်းထွက်မရ၊ပိတ်မိသလို ခံစားရတယ် 14 00:00:41,457 --> 00:00:44,457 ကျွန်တော့ဝန်းကျင်က ကမ္ဘာကြီးဟာ အရမ်းမြန်မြန်ကြီး ရွေ့ရှားနေတယ်။ 15 00:00:45,431 --> 00:00:47,365 ဘာလုပ်ရမှန်း ကျွန်တော် မသိခဲ့ဘူး။ 16 00:00:48,019 --> 00:00:49,656 ဒါတွေအားလုံးကို ဘယ်လို အမီလိုက်မလဲ 17 00:00:50,205 --> 00:00:51,776 လို့ ကိုယ့်ကိုယ်ကို စတွေးမိတယ်။ 18 00:00:52,257 --> 00:00:54,815 ကိုယ်တွေးသလောက်ကို မြန်တဲ့ 19 00:00:54,839 --> 00:00:58,973 (သို့) ဒါထက်တောင် ပိုမြန်တဲ့ အမြဲပြောင်းလဲနေတဲ့ ကမ္ဘာတစ်ခုအတွင်းမှာ 20 00:00:59,627 --> 00:01:01,603 စိတ်ကျေနပ်မှုကို ဘယ်လိုရှာဖွေနိုင်ပါမလဲ။ 21 00:01:03,516 --> 00:01:05,167 အဖြေတွေ ကျွန်တော် စတင်ရှာခဲ့တယ်။ 22 00:01:05,594 --> 00:01:08,397 လူများစွာကို မေးမြန်းခဲ့တယ်၊ သူငယ်ချင်းတွေကို မေးခဲ့တယ်၊ 23 00:01:08,421 --> 00:01:09,895 မိသားစုကို လည်းမေးခဲ့တယ်၊ 24 00:01:09,919 --> 00:01:12,288 တက်ကျမ်းစာအုပ်တွေတောင် ဖတ်ခဲ့တယ်။ 25 00:01:13,615 --> 00:01:16,005 ဒါပေမဲ့ ကျေနပ်လောက်စရာတစ်ခုမှ မတွေ့ခဲ့ဘူး။ 26 00:01:16,490 --> 00:01:18,950 တကယ်တမ်းက တက်ကျမ်းတွေ ပိုဖတ်လေလေ 27 00:01:18,974 --> 00:01:21,479 ပိုစိတ်ဖိစီးပြီး ပူပန်လေလေဖြစ်ခဲ့တယ်။ 28 00:01:21,503 --> 00:01:22,649 (ရယ်သံများ) 29 00:01:22,673 --> 00:01:25,974 ကျွန်တော့စိတ်ကို အဟာရမဖြစ်တဲ့အစာ ကျွေးနေတာမျိုးပေါ့။ 30 00:01:25,998 --> 00:01:28,763 စိတ်ပိုင်းဆိုင်ရာ အဝလွန်လာနေတာပေါ့။ 31 00:01:28,787 --> 00:01:30,823 (ရယ်သံများ) 32 00:01:30,847 --> 00:01:32,069 လက်မလျော့ခင်လေးမှာပဲ 33 00:01:33,133 --> 00:01:35,528 တစ်နေ့တော့ ဒါကို တွေ့ခဲ့တယ်။ 34 00:01:36,076 --> 00:01:40,846 "The Tao Te Ching အကျင့်စရိုက်နဲ့ သုစရိုက် ကျမ်းပါ။" 35 00:01:42,028 --> 00:01:45,172 ဒါဟာ ရှေးဟောင်း ဂန္ဓဝင် တရုတ် ဒဿန ဖြစ်ပြီး၊ 36 00:01:45,196 --> 00:01:47,940 လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်က ရေးသားခဲ့တာပါ။ 37 00:01:48,601 --> 00:01:53,334 ဒါဟာ စာအုပ်စင်မှာ အပါးဆုံးနဲ့ အသေးငယ်ဆုံး စာအုပ်ပါ။ 38 00:01:54,162 --> 00:01:55,859 စာမျက်နှာ ၈၁ မျက်နှာပဲရှိပါတယ်။ 39 00:01:56,488 --> 00:01:58,555 စာမျက်နှာတိုင်းမှာ ကဗျာတိုတစ်ပုဒ်စီပါတယ်။ 40 00:01:59,201 --> 00:02:02,520 ထူးခြားတဲ့ ကဗျာတစ်ပုဒ်ကို လှန်ဖတ်မိတာ မှတ်မိသေးတယ်။ 41 00:02:03,206 --> 00:02:04,358 ဟောဒီမှာပါ။ 42 00:02:04,382 --> 00:02:05,634 အရမ်းကောင်းတယ်မလား။ 43 00:02:05,658 --> 00:02:07,109 (ရယ်သံများ) 44 00:02:07,133 --> 00:02:08,412 ခင်ဗျားတို့ကို ဖတ်ပြပါရစေ။ 45 00:02:09,419 --> 00:02:12,548 "အဆုံးစွန်သော ကောင်းမှုဟာ ရေလိုပါ။ 46 00:02:13,473 --> 00:02:16,245 အရာအားလုံးကို ငြင်းဆိုစရာမရှိအောင်ကို အကျိုးရှိစေပါတယ်။ 47 00:02:17,038 --> 00:02:19,564 နေထိုင်မှုအရာမှာ ခိုင်မြဲတယ်။ 48 00:02:20,427 --> 00:02:22,688 ဖြစ်တည်မှုအရာမှာ နက်ရှိုင်းစွာ စီးဆင်းတယ်။ 49 00:02:23,445 --> 00:02:25,603 ဖွင့်ဆိုမှုအရာမှာ ရိုးသားတယ်။ 50 00:02:26,901 --> 00:02:29,497 ရင်ဆိုင်မှုအရာမှာ သိမ်မွေ့တယ်။ 51 00:02:30,520 --> 00:02:32,758 အုပ်ချုပ်မှုအရာမှာ ထိန်းချုပ်မထားဘူး။ 52 00:02:33,258 --> 00:02:35,324 လုပ်ဆောင်မှုအရာမှာ ချိန်သားကိုက်တယ်။ 53 00:02:36,370 --> 00:02:38,965 ၎င်းရဲ့ သဘာဝနဲ့ ရောင့်ရဲတာကြောင့် 54 00:02:38,989 --> 00:02:41,606 အလွန်အကျွံမရှိနိုင်ဘူးပေါ့။" 55 00:02:42,998 --> 00:02:45,887 အိုး၊ မှတ်မိသေးတာက ဒီပထမစာပိုဒ်ဖတ်လိုက်ချိန်မှာ 56 00:02:45,911 --> 00:02:49,048 ကျောရိုးထဲထိ စိမ့်သွားခဲ့တာပါ။ 57 00:02:49,553 --> 00:02:51,949 အခု ဖတ်ပြနေချိန်မှာတောင် ခံစားရတုန်းပါ။ 58 00:02:53,048 --> 00:02:56,300 ကျွန်တော့ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေဟာ ရုတ်တရက် ကွယ်ပျောက်သွားခဲ့တယ်။ 59 00:02:57,239 --> 00:02:58,874 အဲဒီနေ့ကတည်းက 60 00:02:58,898 --> 00:03:03,955 ဒီစာပိုဒ်ထဲက သဘောထားတွေကို ကျွန်တော့ရဲ့ နေ့စဉ်ဘဝမှာ အသုံးချနေခဲ့တယ်။ 61 00:03:04,406 --> 00:03:07,707 ဒီနေ့တော့ အခုထိ ရေရဲ့ ဒဿနကနေ ကျွန်တော် သင်ယူခဲ့တဲ့သင်ခန်းစာ သုံးခုကို 62 00:03:07,731 --> 00:03:09,580 သင်တို့နဲ့ မျှဝေချင်ပါတယ်။ 63 00:03:09,604 --> 00:03:13,962 ပိုကြီးမားတဲ့ စိတ်ကျေနပ်မှုကိုရရှိဖို့ ကူညီပေးတယ်လို့ 64 00:03:13,986 --> 00:03:15,627 ယုံကြည်မိတဲ့ သင်ခန်းစာ သုံးခုပါ။ 65 00:03:17,023 --> 00:03:19,540 ပထမ သင်ခန်းစာက နှိမ့်ချမှုအကြောင်းပါ။ 66 00:03:20,475 --> 00:03:22,785 မြစ်တစ်ခုမှာ စီးဆင်းနေတဲ့ ရေအကြောင်း တွေးလိုက်ရင် 67 00:03:22,809 --> 00:03:24,804 အမြဲကို နှိမ့်ထားတယ်၊ 68 00:03:25,847 --> 00:03:28,910 အပင်တွေကို ကြီးထွားစေပြီး သတ္တဝါတွေကို ဆက်လက် ရှင်သန်စေတယ်။ 69 00:03:29,427 --> 00:03:31,997 တကယ်တော့ ၎င်းက ဘာအာရုံစိုက်မှုမှ ဆွဲမယူပါဘူး၊ 70 00:03:32,021 --> 00:03:34,356 ဆုလာဒ်တို့၊ အသိအမှတ်ပြုမှုတို့လည်း မလိုဘူးလေ။ 71 00:03:35,442 --> 00:03:36,710 ဒါက နှိမ့်ချမှုပါ။ 72 00:03:37,792 --> 00:03:40,291 ဒါပေမဲ့ ရေရဲ့ နှိမ့်ချတဲ့ ပေးဝေမှုမပါပဲ 73 00:03:40,315 --> 00:03:42,848 သိတဲ့အတိုင်း ဘဝဟာ တည်ရှိချင်မှရှိမှာပါ။ 74 00:03:45,103 --> 00:03:47,692 ရေရဲ့ နှိမ့်ချမှုက အရေးပါတဲ့အရာ တစ်ချို့ သင်ပေးခဲ့တယ်။ 75 00:03:48,492 --> 00:03:52,000 ကိုယ်ဘာလုပ်နေလဲကိုယ်သိတယ် (သို့မဟုတ်) ကိုယ့်မှာအဖြေအားလုံးရှိတယ်လို့ 76 00:03:52,024 --> 00:03:53,720 ဟန်ဆောင်နေမယ့်အစား 77 00:03:53,744 --> 00:03:55,799 "ငါမသိဘူး၊ ထပ်သင်ယူချင်တယ်၊ 78 00:03:55,823 --> 00:03:57,188 သင့်အကူအညီ လိုအပ်တယ်"လို့ 79 00:03:57,212 --> 00:03:58,609 ပြောဖို့က လုံးဝကို 80 00:03:58,633 --> 00:03:59,885 အဆင်ပြေတယ်ဆိုတာပါ။ 81 00:04:00,911 --> 00:04:05,004 ဒါက သင်ပေးတာက ကိုယ့် ဂုဏ်ရောင်နဲ့ အောင်မြင်မှုကို တိုးတက်အောင်လုပ်တာထက် 82 00:04:05,028 --> 00:04:08,886 သူများရဲ့ အောင်မြင်မှုနဲ့ ဂုဏ်ကို တိုးတက်ဖို့က ပိုပြီးကျေနပ်စရာကောင်းတာပါ။ 83 00:04:09,879 --> 00:04:13,783 ကိုယ့်ကို ရှေ့တက်နိုင်စေတဲ့ အရာတွေကို လုပ်ခြင်းထက်၊ 84 00:04:13,807 --> 00:04:15,879 လူတွေ စိန်ခေါ်မှုများကို ကျော်လွှားဖို့ 85 00:04:15,903 --> 00:04:19,433 ကူညီပေးတာက အများကြီး ပိုစိတ်ချမ်းသာပြီး အဓိပ္ပါယ်ရှိပါတယ်။ 86 00:04:21,473 --> 00:04:22,625 နှိမ့်ချတဲ့ စိတ်သဘောနဲ့ 87 00:04:22,649 --> 00:04:26,484 ကိုယ့်ဝန်းကျင်က လူတွေနဲ့ အများကြီး ပိုကြွယ်ဝတဲ့ ဆက်သွယ်မှုတွေ ဖြစ်ပေါ်ခဲ့တယ် 88 00:04:27,180 --> 00:04:30,775 ထူးခြားပြီး မှော်ဆန်စေတဲ့ ဇာတ်လမ်းတွေနဲ့ အတွေ့အကြုံတွေကို 89 00:04:30,799 --> 00:04:32,751 အမှန်တကယ် စိတ်ဝင်စားလာခဲ့တယ်။ 90 00:04:33,235 --> 00:04:34,530 ဘဝက အများကြီး နေပျော်လာတယ်။ 91 00:04:34,554 --> 00:04:37,601 အကြောင်းက သူတို့ကိုကူညီခြင်းဖြင့် နေ့စဥ် ဓလေ့ထူးအသစ်တွေ 92 00:04:37,625 --> 00:04:40,029 စိတ်ကူးသစ်တွေနဲ့ အရင်ကမသိခဲ့တဲ့ 93 00:04:40,370 --> 00:04:43,460 ပြဿနာဖြေရှင်းနည်း အသစ်တွေကို ကျွန်တော်က ရှာဖွေတွေ့ခဲ့လို့ပါ။ 94 00:04:45,093 --> 00:04:47,926 စမ်းချောင်းအားလုံးဟာ နောက်ဆုံးမှာ သမုဒ္ဒရာဆီ စီးဆင်းတာက 95 00:04:47,950 --> 00:04:49,658 ၎င်းက သူတို့ထက်နိမ့်လို့ပါ။ 96 00:04:50,965 --> 00:04:53,913 နှိမ့်ချမှုဟာ ရေကို ၎င်းရဲ့ စွမ်းအားကိုပေးတယ်။ 97 00:04:54,649 --> 00:04:59,053 ဒါပေမဲ့ ဒါက ကျွန်တော်တို့ကို အခြေစွဲနေစေဖို့၊ ပစ္စုပ္ပန်မှာရှိဖို့၊ 98 00:04:59,077 --> 00:05:00,435 ကိုယ့် ဝန်းကျင်က လူတွေရဲ့ 99 00:05:00,459 --> 00:05:05,006 ဖြစ်အင်တွေကနေ သင်ယူပြီး ပြောင်းလဲဖို့ အစွမ်းကိုပေးတယ်လို့ ထင်မိပါတယ်။ 100 00:05:06,434 --> 00:05:09,357 ကျွန်တော် သင်ယူခဲ့တဲ့ ဒုတိယသင်ခန်းစာက သဟဇာတဖြစ်မှုပါ။ 101 00:05:09,919 --> 00:05:12,291 ရေက ကျောက်တုံးဆီကို စီးနေတာကို တွေးမိရင် 102 00:05:12,315 --> 00:05:13,678 ရေက ဒီအနားမှာပဲ စီးဆင်းမယ်။ 103 00:05:14,125 --> 00:05:16,704 စိတ်မပျက်ဘူး၊ စိတ်မတိုဘူး။ 104 00:05:16,728 --> 00:05:18,252 စိတ်မလှုပ်ရှားဘူး။ 105 00:05:18,276 --> 00:05:20,157 တကယ်က လုံးဝကို မခံစားရတာပါ။ 106 00:05:20,687 --> 00:05:25,156 အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ရေဟာ အားမပါပဲ၊ ဝိရောဓိမပါပဲ 107 00:05:25,662 --> 00:05:27,995 တစ်နည်းနည်းနဲ့ အဖြေရှာပါတယ်။ 108 00:05:29,955 --> 00:05:32,583 ဒါကို စဉ်းစားဆင်ခြင်နေတုန်း ဘာကြောင့် အရင်က ကျွန်တော်ဟာ 109 00:05:32,607 --> 00:05:35,082 စိတ်ဖိစီးနေရလဲဆိုတာ နားလည်လာမိတယ်။ 110 00:05:35,506 --> 00:05:38,022 ကျွန်တော့ဝန်းကျင်နဲ့ သဟဇာတကျပြီး အလုပ်လုပ်တာအစား 111 00:05:38,046 --> 00:05:39,712 ဆန့်ကျင်ခဲ့တယ်၊ 112 00:05:40,369 --> 00:05:41,867 အောင်မြင်တယ်ဆိုတာကို 113 00:05:41,891 --> 00:05:45,915 သက်သေပြနိုင်ဖို့အတွက် အရာရာကို ပြောင်းလဲဖို့ အတင်းအကျပ်လုပ်ခဲ့တယ်။ 114 00:05:46,616 --> 00:05:48,251 နောက်ဆုံးမှာတော့ ဘာမှမလုပ်ခဲ့ဘူး။ 115 00:05:48,775 --> 00:05:50,322 ပိုပြီး စိတ်တိုလာခဲ့တာပေါ့။ 116 00:05:51,211 --> 00:05:54,656 ပိုအောင်မြင်မှုရဖို့ ကြိုးစားတာကနေ ပိုသဟဇာတဖြစ်တာရဖို့ဆီ 117 00:05:54,680 --> 00:05:57,426 အာရုံစိုက်မှုကို ရွှေ့ပြောင်းလိုက်ခြင်းကသာ 118 00:05:57,450 --> 00:06:00,920 ချက်ချင်း အေးချမ်းမှုကိုခံစားရပြီး ပြန်လည် အာရုံစိုက်နိုင်လာခဲ့တယ်။ 119 00:06:01,796 --> 00:06:03,653 ဒီလိုမေးခွန်းတွေ စမေးခဲ့တယ်၊ 120 00:06:03,677 --> 00:06:06,399 ဒီလုပ်ဆောင်မှုက ငါ့တွက် ပိုကြီးတဲ့ သဟာဇာဖြစ်စေမလား။ 121 00:06:06,423 --> 00:06:08,755 ငါ့ပတ်ဝန်းကျင်ကို ပိုသဟဇာတဖြစ်စေမလား။ 122 00:06:08,779 --> 00:06:11,119 ငါ့ရဲ့သဘာဝဗီဇနဲ့ ကိုက်ညီပါသလား။ 123 00:06:12,388 --> 00:06:15,261 ကိုယ်ဖြစ်သင့်တဲ့သူ၊ သူများက ဖြစ်စေချင်တဲ့သူထက် 124 00:06:15,285 --> 00:06:18,197 ရိုးရှင်းစွာ နေတတ်သလိုနေတာက ပိုပြီး သက်တောင့်သက်သာဖြစ်စေတယ်။ 125 00:06:19,809 --> 00:06:21,768 ကိုယ်မထိန်းချုပ်နိုင်တွေကို 126 00:06:21,792 --> 00:06:24,522 အာရုံမစိုက်တော့တဲ့အတွက် 127 00:06:24,546 --> 00:06:26,403 အလုပ်လုပ်ရတာ တကယ့်ကို လွယ်ကူလာတယ်။ 128 00:06:26,427 --> 00:06:29,220 မိမိကိုယ်ကိုယ် တိုက်ခိုက်တာ ရပ်လိုက်ပြီး 129 00:06:29,244 --> 00:06:32,928 ကိုယ့်ပတ်ဝန်းကျင်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သူတို့နဲ့လက်တွဲလုပ်ခဲ့တယ်။ 130 00:06:34,267 --> 00:06:36,274 သဘာဝက အလျှင်စလို မလုပ်ဘူး။ 131 00:06:36,879 --> 00:06:38,737 ဒါပေမဲ့ အရာတိုင်းတော့ ပြီးမြောက်တယ်။ 132 00:06:39,704 --> 00:06:43,252 ဒါက သဟဇာတဖြစ်မှုရဲ့အစွမ်းကို သရုပ်ဖော်တဲ့ Tao Te Ching နည်းပါ။ 133 00:06:44,260 --> 00:06:48,346 ရေဟာ အားမပါ၊ ဝိရာဓိမပါပဲ အဖြေတစ်ခုကို ရှာနိုင်သလိုပဲ 134 00:06:49,006 --> 00:06:53,149 ပိုအောင်မြင်မှုရဖို့ကနေ သဟဇာတ ပိုဖြစ်ဖို့ကို အာရုံစိုက်လိုက်ခြင်းဖြင့် 135 00:06:53,173 --> 00:06:56,474 အားထုတ်မှုတွေထဲက ပိုကြီးကျယ်တဲ့ စိတ်ကျေနပ်မှုကို 136 00:06:56,498 --> 00:06:57,958 တွေ့နိုင်တယ်လို့ ယုံကြည်တယ်။ 137 00:06:59,228 --> 00:07:03,387 ရေရဲ့ ဒဿနကနေ သင်ယူလိုက်ရတဲ့ တတိယသင်ခန်းစာက 138 00:07:03,411 --> 00:07:04,849 ပွင့်လင်းမှုပါ။ 139 00:07:05,744 --> 00:07:07,863 ရေဟာ ပြောင်းလဲမှုကို လိုလိုလားလားလက်ခံတယ်။ 140 00:07:08,395 --> 00:07:12,318 အပူချိန်ပေါ်မူတည်ပြီး အရည်၊ အခဲ၊ အငွေ့ဖြစ်နိုင်တယ်။ 141 00:07:12,965 --> 00:07:14,497 ၎င်းပါရှိတဲ့ ကြားခံပစ္စည်းကနေ 142 00:07:14,521 --> 00:07:17,772 လက်ဖက်ရည်အိုး၊ ခွက်တစ်ခွက် (သို့) ပန်းအိုးတစ်အိုးဖြစ်နိုင်တယ်။ 143 00:07:18,566 --> 00:07:22,876 တကယ်က ရေဟာ ပြုပြင်၊ ပြောင်းလဲနိုင်ပြီး ပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတွေရှိပေမဲ့ 144 00:07:22,900 --> 00:07:25,265 ခေတ်ကာလတွေဖြတ်ပြီး ဒီလောက် ကြံ့ကြံ့ခံစေတဲ့ 145 00:07:25,289 --> 00:07:27,530 ပြောင်းလွယ်ပြင်လွယ် ဆက်ရှိနေတာပါ။ 146 00:07:29,002 --> 00:07:32,356 ကျွန်တော်တို့ဟာလည်း အစဉ်ပြောင်းလဲနေတဲ့ ယနေ့ကမ္ဘာမှာ နေထိုင်ကြတာပါ။ 147 00:07:32,979 --> 00:07:36,185 ပုံသေအလုပ်ဖော်ပြချက် တစ်ခုလုပ်ဖို့ (သို့) အလုပ်လမ်းကြောင်းတစ်ခုတည်း 148 00:07:36,209 --> 00:07:38,174 နောက်လိုက်ဖို့ မျှော်လင့်လို့မရတော့ပါဘူး။ 149 00:07:38,792 --> 00:07:42,625 အလုပ်နဲ့ဆီလျှော်တဲ့ ကျွမ်းကျင်မှုတွေကို အမြဲဆန်းသစ်ပြီး၊မွမ်းမံဖို့ 150 00:07:42,649 --> 00:07:43,799 မျှော်လင့်ကြပါတယ်။ 151 00:07:45,419 --> 00:07:48,213 ကျွန်တော်တို့ အဖွဲ့အစည်းမှာ hackathons တွေ ကျင်းပရာမှာ 152 00:07:48,237 --> 00:07:50,493 အဖွဲ့ငယ်တွေ၊ တစ်ဦးချင်းတွေဟာ သတ်မှတ်ထားတဲ့ 153 00:07:50,517 --> 00:07:53,259 အချိန်ဘောင်ထဲမှာ လုပ်ငန်း ပြဿနာတစ်ခု ဖြေရှင်းဖို့ စုဝေးတယ် 154 00:07:53,601 --> 00:07:56,878 ကျွန်တော့်ကိုစိတ်ဝင်စားစေတာက အမြဲလိုနိုင်တဲ့ အသင်းတွေဟာ 155 00:07:56,902 --> 00:08:00,244 အတွေ့အကြုံအရှိဆုံးအဖွဲ့ဝင်တွေပါတဲ့ အသင်းမဟုတ်ဘဲ၊ 156 00:08:00,268 --> 00:08:03,053 သင်ယူဖို့ ပွင့်လင်းတဲ့ အဖွဲ့ဝင်တွေ၊ 157 00:08:03,077 --> 00:08:04,677 အကျင့်ဖျောက်ဖို့ ပွင့်လင်းသူတွေ၊ 158 00:08:04,998 --> 00:08:07,117 ပြောင်းလဲနေတဲ့ အခြေအနေတွေကနေ ကျော်လွှားဖို့ 159 00:08:07,141 --> 00:08:09,601 အချင်းချင်း လိုလိုလားလားကူညီကြဖို့ ရှိသူတွေနဲ့ပါ။ 160 00:08:11,244 --> 00:08:13,176 ဘဝဆိုတာ တစ်နည်းပြောရရင် hackathon လိုပါပဲ 161 00:08:14,014 --> 00:08:18,358 ကျွန်တော်တို့ တစ်ဦးချင်းစီကို တက်လှမ်းဖို့၊ ဖွင်ထားဖို့ ခေါ်နေပြီး 162 00:08:18,382 --> 00:08:19,851 ဂယက် သက်ရောက်မှုဖြစ်စေပါတယ်။ 163 00:08:20,800 --> 00:08:24,967 ကဲ ကိုယ်တိုင် ကန့်သတ်ထားတဲ့ ဒီလို ယုံကြည်မှုတွေနဲ့ ပိတ်ထားတဲ့ တံခါးတွေနောက် 164 00:08:24,991 --> 00:08:27,799 ကျန်နေရင်း ဆက်လက် သွက်ချာပါဒလိုက်နိုင်ပါတယ်။ 165 00:08:27,823 --> 00:08:30,356 "များပြားတဲ့ ပရိတ်သတ်ရှေ့မှာ တရုတ် ဒဿနကို ဘယ်တော့မှ 166 00:08:30,380 --> 00:08:31,784 ပြောနိုင်မှာမဟုတ်ဘူး။" 167 00:08:31,808 --> 00:08:32,856 (ရယ်သံများ) 168 00:08:32,880 --> 00:08:35,355 ဒါမှမဟုတ် လမ်းဖွင့်ထားလိုက်ပြီး ပျော်ပျော်နေလိုက်ပါ။ 169 00:08:35,828 --> 00:08:38,099 ဒါဟာ အံ့ဖွယ်အတွေ့အကြုံတစ်ခုသာ ဖြစ်နိုင်တာပါ။ 170 00:08:39,077 --> 00:08:42,119 ဒီတော့ နှိမ့်ချမှု၊ သဟဇာတဖြစ်မှုနဲ့ ပွင့်လင်းမှု၊ 171 00:08:42,703 --> 00:08:46,308 ဒါတွေက အခုထိတော့ ရေရဲ့ ဒဿနကနေ သင်ယူခဲ့တဲ့ သင်ခန်းစာ သုံးခုပါ။ 172 00:08:46,752 --> 00:08:49,324 H-H-O (သို့) H2O လို့ 173 00:08:49,348 --> 00:08:50,518 အတိုချုံ့လိုက်ပါတယ်။ 174 00:08:50,542 --> 00:08:51,605 (ရယ်သံများ) 175 00:08:51,629 --> 00:08:54,876 ဒါတွေဟာ ဘဝမှာ လမ်းပြပေးတဲ့ ကျွန်တော့ရဲ့ အခြေခံသဘောတရားတွေဖြစ်လာတယ်။ 176 00:08:55,885 --> 00:08:58,505 ဒီတော့ ဒီနေ့တွေမှာ စိတ်ဖိစီးမှု၊ 177 00:08:58,529 --> 00:09:02,001 အလိုမပြည့်မှု၊ ပူပန်မှု (သို့) ဘာလုပ်ရမှန်း မသိဖြစ်ချိန်တိုင်းမှာ 178 00:09:02,025 --> 00:09:03,538 ကျွန်တော် ဒီမေးခွန်းပဲ မေးတယ်။ 179 00:09:04,247 --> 00:09:05,700 ရေဆိုရင် ဘာလုပ်လိမ့်မလဲ။ 180 00:09:05,724 --> 00:09:06,946 (ရယ်သံများ) 181 00:09:06,970 --> 00:09:10,526 ဒါက bitcoin တို့ fintech တို့ ဒစ်ဂျစ်တယ် နည်းပညာတွေမတိုင်ခင် ကာလများစွာထဲက 182 00:09:10,550 --> 00:09:15,306 ရေးထားတဲ့ စာအုပ်က စေ့ဆော်တဲ့ ရိုးစင်း အစွမ်းထက်တဲ့ မေးခွန်းဟာ ကျွန်တော့ဘဝ 183 00:09:15,330 --> 00:09:17,045 ပိုကောင်းဖို့ ပြောင်းပေးလိုက်ပါတယ်။ 184 00:09:17,685 --> 00:09:20,140 စမ်းကြည့်ပါ၊ သင်တို့အတွက် အလုပ်ဖြစ်ပုံကို သိပါရစေ။ 185 00:09:20,164 --> 00:09:21,680 သင်တို့ဆီက ကြားချင်လှပါတယ်။ 186 00:09:21,704 --> 00:09:22,855 ကျေးဇူးတင်ပါတယ်။ 187 00:09:22,879 --> 00:09:28,968 (လက်ခုပ်သံများ)