မက်သယူးချိုင်းဒ်စ် ၏ ကျောက်တောင်တက်ခြင်းမှ ဘဝအတွက် သင်ခန်းစား ၉-ခု။
-
0:00 - 0:03အတော့်ကို ရိုးရှင်းပါတယ်၊ စည်းမျည်းစည်းကမ်းလို့ ပြောရမယ့် အချက် ၉-ချက်ရှိပါတယ်
-
0:03 - 0:07ကျွန်တော် ၃၅-နှစ်ကြာ ကျောက်တောင်တွေတက်ပြီး တွေ့ရှိလာတာတွေပါ
-
0:07 - 0:11အချက်အားလုံးကတော့ တော်တော်လေး အခြေခံကျပါတယ်
-
0:11 - 0:14နံပါတ်-၁ ကတော့ လက်လုံးဝ မလွှတ်ဖို့ပါ
-
0:14 - 0:16ဒါဟာအောင်မြင်ဖို့ သိပ်သေချာတဲ့ နည်းလမ်းပါ
-
0:16 - 0:19ဒါပေမယ့် တကယ် စစ်စစ်မှန်မှန်ပြောရရင်
-
0:19 - 0:21ခင်ဗျားတို့ ခန္ဓာကိုယ်က တကယ်မလုပ်သေးခင်မှာ ခင်ဗျားတို့ လွှတ်ချလိုက်ဖို့ ခဏခဏတွေးတတ်ပါတယ်
-
0:21 - 0:23ဒါကြောင့် အဲဒီနေရာလေးမှာပဲ တွယ်ထားပါ
-
0:23 - 0:27အဲဒီအခါ ခင်ဗျားတို့ တကယ့်ကို ထူးခြားတဲ့ အဖြေတွေ ပေါ်လာပါလိမ့်မယ်
-
0:27 - 0:29နံပါတ်-၂ ကတော့ တုံ့နှေး တုံ့နှေးလုပ်ခြင်းဟာ ဆိုးပါတယ်
-
0:29 - 0:32ဒါက ကျောက်တောင်စောင်းမှာ ဖိနပ်အားနဲ့တက်နေတာ၊ ထွော်လမ်န်မြစ် မြက်ခင်းပြင်အထက်မှာပါ
-
0:32 - 0:34ယော်ဆမ်းမတီ ကုန်းမြင့်ဒေသ မှာပါ
-
0:34 - 0:38ဖိနပ်အားပြုပြီး ကျောက်တောင်စောင်းမှာတက်ရင် မာကျောတဲ့ ကိုင်စရာအစွန်းတွေ ရှိမနေပါဘူး
-
0:38 - 0:42ကျောက်သားက ချိုင့်ခွက်လေးတွေကို အားပြုပြီး တက်ရတာပါ
-
0:42 - 0:46အကောင်းဆုံးတွန်းအားကို ကျောက်သားထဲ ပထမဆုံး လက်နှိုက်လိုက်တဲ့ အချိန်နဲ့
-
0:46 - 0:49ခြေထောက်ကို ကျောက်သားပေါ်ပထမဆုံး ချလိုက်တဲ့ အချိန်တွေမှာပဲ ရပါတယ်
-
0:49 - 0:53အဲဒီနေရာကစပြီး ခင်ဗျားတို့ လျောကျတော့တာပဲ
-
0:53 - 0:56အရှိန်အဟုန်နဲ့တက်ရင် ကောင်းပါတယ်၊ မရပ်လိုက်ဖို့ပါပဲ
-
0:56 - 0:58စည်းမျဉ်းနံပါတ်-၃ ကတော့ ကြိုတင်ကြံဆချက် ရှိဖို့ပါ
-
0:58 - 1:00ဒီလို တောင်တက်တာမျိုးကို တောင်ဗလာစွန်းတက်တယ်လို့ခေါ်ပါတယ်
-
1:00 - 1:02ဘိုလ်ဒါမြို့ပြင်က အယ်လ်ဒိုရာဒိုချောက် မှာပါ
-
1:02 - 1:05တောင်တက်သမားက တောင်ရဲ့ နောက်ဆုံးအထွတ်မှာပါ
-
1:05 - 1:07သူက တကယ်တော့ ကျွန်တော် ပြုတ်ကျခဲ့တဲ့ နေရာနားလောက်မှာ
-
1:07 - 1:10သူ့အောက်မှာ ပေ ၁-ထောင်လောက်မြင့်တဲ့ လေထုကရှိနေတယ်
-
1:10 - 1:13ခက်ခဲပါတယ်ဆိုတဲ့ တောင်ဇောင်းတွေ အကုန်လုံးက သူ့အောက်မှာ
-
1:13 - 1:15ဒါပေမယ့် ဖြစ်လေ့ဖြစ်ထ ရှိတာက
-
1:15 - 1:17ခင်ဗျားတို့က ခက်ခက်ခဲခဲ တွေးတတ်ကြတယ်၊ ဘယ်လိုဟာမျိုးလဲဆိုရင်
-
1:17 - 1:20"ငါ အခက်ခဲဆုံးအပိုင်းကို ဘယ်လိုများ ကျော်ဖြတ်ရပါ့မလဲ" ပေါ့
-
1:20 - 1:22အဲဒီတော့ ဘာဖြစ်လာသလဲ
-
1:22 - 1:24ခင်ဗျားတို့ နောက်ဆုံး တောင်ထွတ်ကိုတော့ ရောက်လာတယ်၊ ဒါက လွယ်တယ်
-
1:24 - 1:27အဲဒီမှာ ခင်ဗျား လုံးဝ အားကုန်သွားပြီ၊ အဲဒါမျိုး မလုပ်ပါနဲ့
-
1:27 - 1:30ထိပ်ဆုံးကိုရောက်ဖို့ ကြိုတင်ပြီး အစီအစဉ်ချထားရမယ်
-
1:30 - 1:33ဒါပေမယ့် လှုပ်ရှားမှုတစ်ခုချင်းစီကို
-
1:33 - 1:35ပြီးဆုံးအောင် လုပ်နိုင်ရမယ်
-
1:35 - 1:37ဒါက "ဒိုက် လမ်းကြောင်း"လို့ခေါ်တဲ့ တောင်တက်လမ်းပါ
-
1:37 - 1:41ယော်ဆမ်းမတီ ကုန်းမြင့်ဒေသက ပီးရတ်တောင်ခုံးကြီးပေါ်မှာပါ
-
1:41 - 1:44ဒီတောင်တက်တဲ့ ဟာမျိုးအတွက် စိတ်ဝင်စားစရာကောင်းတာကတော့ တက်ရတာ မခက်ခဲတာပါ
-
1:44 - 1:46ဒါပေမယ့် ကိုယ်က ခေါင်းဆောင်ဆိုရင်
-
1:46 - 1:50အဆိုးဆုံး အခြေအနေကတော့ ပေ-၁၀၀ အမြင့် လောက်ကနေ
-
1:50 - 1:52အောက်မှာရှိတဲ့ သိပ်မစောင်းတဲ့ ကျောက်ပြားတွေပေါ်ကိုကျသွားမှာ
-
1:52 - 1:54ဒါကြောင့် အာရုံစူးစိုက် ရပါမယ်
-
1:54 - 1:57အလယ်ခေါင်ကြီးမှာတော့ မရပ်ချင်ဘူးမဟုတ်လား
-
1:57 - 1:59ကိုလာရစ်ဂ်ျမြို့ရဲ့ ကူဗလာခါန်းတောင်လိုမျိုးလေ
-
1:59 - 2:01ဆက်သွားနေရမယ်
-
2:01 - 2:03စည်းမျဉ်းနံပါတ်-၅ ကတော့ ဘယ်လို နားရမယ်ဆိုတာ သိခြင်းပါ
-
2:03 - 2:05တကယ်အံ့သြစရာပါ၊ အတော်ဆုံး တောင်တက်သမားဆိုတာ
-
2:05 - 2:08အရေးအကြီးဆုံး အခြေအနေတွေမှာ
-
2:08 - 2:10ခန္ဓာကိုယ်ကို ပုံစံအနေအထားတစ်မျိုးရအောင် လုပ်နိုင်ကြတယ်
-
2:10 - 2:12သူတို့ နားတဲ့ နေရာအနေအထားအရ
-
2:12 - 2:15ပြန်စုစည်းတယ်၊ စိတ်အေးအေးထားတယ်၊ စူးစိုက်တယ်
-
2:15 - 2:19ပြီးတော့ ဆက်သွားတယ်
-
2:19 - 2:21ဒါက နီးဒယ်(စ) ကယ်လီဖိုးနီးယားမှာပါပဲ
-
2:21 - 2:23ကြောက်စိတ်က တကယ်ဒုက္ခပေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့
-
2:23 - 2:26ကိုယ်လုပ်နေတာကို အာရုံမစိုက်ဘုးလို့ အဓိပ္ပါယ် ရနေပါတယ်
-
2:26 - 2:28အကျိုးဆက်တွေကိုပဲ အာရုံသွားစိုက်နေတာ
-
2:28 - 2:31ကိုယ်လုပ်နေတာကနေ ပြုတ်ကျသွားရင် ဖြစ်လာမယ့်ဟာကိုပေါ့
-
2:31 - 2:33ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားမှုတိုင်းက
-
2:33 - 2:38ကိုယ်ရဲ့ အလုံးစုံ အာရုံစူးစိုက်မှုနဲ့
-
2:38 - 2:40အလုပ်ကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အတွေးဖြစ်စဉ်တွေ လိုအပ်ပါတယ်
-
2:40 - 2:43တောင်တက်တာမှာ လူအများစု အများဆုံးလုပ်တာက
-
2:43 - 2:47သာမန်လိုပဲ သဘောထားကြပြီး အထင်ရှားဆုံးအဖြေနောက်ကိုပဲ လိုက်ကြတယ်
-
2:47 - 2:50ဒါက ၀ိုင်အိုမင်မြို့က မကောင်းဆိုးဝါး မျှော်စင်ပါ
-
2:50 - 2:53ဒေါင်လိုက်ပုံ ဗဆော့ကျောက်တောင်ကြီးပါ
-
2:53 - 2:56ခင်ဗျားတို့ အများစုကတော့ "နဖူးတွေ့ဒူးတွေ့ကြုံကြိုက်ခြင်း" ဆိုတဲ့ ရုပ်ရှင်ကနေ ဒီကျောက်တောင်ကြီးကိုသိတာ ဖြစ်ချင်ဖြစ်မယ်
-
2:56 - 2:58ဒီတောင်မှာ အများအားဖြင့် အက်ကြောင်းတွေသုံးပြီး တောင်တက်တဲ့သူတွေက
-
2:58 - 3:00သူတို့ လက်တွေ၊ ခြေချောင်းလေးတွေကို အက်ကွဲကြောင်းလေးတွေထဲတည့်ပြီး
-
3:00 - 3:02စတက်ကြရော
-
3:02 - 3:05အက်ကြောင်းတွေက ခြေချောင်းလေးတွေဝင်နိုင်ဖို့အတွက် သေးလွန်းပါတယ်
-
3:05 - 3:08ဒါကြောင့် တက်ဖို့ တစ်ခုတည်းသော နည်းကတော့ လက်ချောင်းထိပ်လေးတွေကို သုံးပြီး
-
3:08 - 3:10အက်ကြောင်းထဲနှိုက်ဖို့ပါ
-
3:10 - 3:12ပြီးတော့ ဆန့်ကျင်ဘက် ဖိအားကို သုံးပြီး
-
3:12 - 3:15ကိုယ်ကို အပေါ်ကို ဆွဲတွန်းရပါမယ်
-
3:15 - 3:18စည်းမျည်းနံပါတ်-၈ ကတော့ ခွန်အားရှိခြင်းနဲ့ အောင်မြင်မှုတို့ဟာ အမြဲ ညီမနေဘူးဆိုတာပါ
-
3:18 - 3:20၃၅-နှစ်လုံး ကျွန်တော် တောင်တက် လမ်းညွန်လုပ်လာတယ်
-
3:20 - 3:22မိုးလုံလေလုံ နံရံတွေပေါ်မှာ သင်ပေးခဲ့တာ၊ ဒါမျိုးတွေပေါ့
-
3:22 - 3:24ကျွန်တော်သိရှိလာတဲ့ အရေးအကြီးဆုံးအရာကတော့
-
3:24 - 3:27ယောက်ျားတွေဟာ လက်မောင်းအားနဲ့ဆွဲတင်တာမျိုးကို အမြဲတမ်း လုပ်ကြည့်တတ်ကြပါတယ်
-
3:27 - 3:29အခုမှ စလုပ်တဲ့ ယောက်ျားတွေဆို၊ သူတို့ ဆွဲတင်တယ်၊ ဆွဲတင်တယ်
-
3:29 - 3:31၁၅-ပေအမြင့်လောက်တော့ သူတို့ရောက်သွားတယ်
-
3:31 - 3:33သူတို့တွေ ၁၅-ခါလောက်တော့ ဆွဲတင်နိုင်တယ်လေ၊ ဟုတ်တယ်မဟုတ်လား
-
3:33 - 3:35ပြီးတာနဲ့ သူတို့ အားကုန်သွားရော
-
3:35 - 3:37အမျိုးသမီးတွေက ဟန်ချက်ကို ပိုထိန်းတတ်ကြတယ်
-
3:37 - 3:40ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အဲဒီလို လုပ်ဖို့အကြံ မရှိဘူး
-
3:40 - 3:42သူတို့ အခါ-၁၀၀ လောက်ဆွဲတင်နိုင်လိမ့်မယ်ဆိုတဲ့ အကြံပေါ့
-
3:42 - 3:45သူတို့က ကိုယ်အလေးချိန်ကို ခြေထောက်ပေါ်မှာ ဘယ်လိုထိန်းထားရမယ်ဆိုတာပဲ တွေးတယ်
-
3:45 - 3:48ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သဘာဝဆန်တယ်၊ ခြေထောက်တွေက ခင်ဗျားတို့ကို တစ်နေကုန် သယ်ပေးနေတာကိုး
-
3:48 - 3:50ဟန်ချက်ဟာ တကယ့်ကို အခရာကျပါတယ်
-
3:50 - 3:52ကိုယ်အလေးချိန်ကို ကိုယ့်ခြေထောက်ပေါ်မှာ ထိန်းထားနိုင်တာက
-
3:52 - 3:54ကိုယ့်ရဲ့ အသန်စွမ်းဆုံး ကြွက်သားတွေကြောင့်ပါ
-
3:54 - 3:56စည်းမျဉ်းနံပါတ်-၉ လည်း ရှိပါတယ်
-
3:56 - 3:58ကျွန်တော် စည်းမျဉ်းနံပါတ်-၉ ကို အကြံရခဲ့တာဟာ
-
3:58 - 4:00ဘယ်လို ပြုတ်ကျရမယ်ဆိုတာ မပြင်ဆင်ခဲ့မိလို့
-
4:00 - 4:03ပေ-၄၀ လောက်အထိ ပြုတ်ကျသွားပြီး နံရိုးအက်သွားတဲ့ နောက်ပိုင်းမှာပါ
-
4:03 - 4:06ကျိန်းသေဖြစ်တော့မယ်ဆိုတာ ကိုယ့်ဖာသာသိလာတဲ့ အချိန်ရောက်ရင်
-
4:06 - 4:09ဘယ်လို လွှတ်ချလိုက်မယ် ဆိုတာကို စစဉ်းစားဖို့ လိုလာပြီ
-
4:09 - 4:12ဒါဟာ တကယ်အရေးပါတဲ့ အစိတ်အပိုင်းပါ
-
4:12 - 4:14ထိခိုက်ဒဏ်ရာ မရအောင်ပေါ့
-
4:14 - 4:18ကြိုးတွဲလောင်းနဲ့ ဘယ်လိုပြုတ်ကျမလဲဆိုတာရယ်
-
4:18 - 4:20တကယ်လို့ ကိုယ်က ကြိုးမပါပဲ တက်နေတာဆိုရင်
-
4:20 - 4:24အကျကို ကိုယ်အမှန်တကယ် ထိန်းချုပ်နိုင်တဲ့ နေရာကို ပြုတ်ကျပါ
-
4:24 - 4:27နောက်ဆုံးခါးသီးတဲ့ ဇာတ်သိမ်းရောက်တဲ့ထိတော့ တွယ်မထားပါနဲ့
-
4:27 - 4:29ကျေးဇူး အများကြီး တင်ပါတယ်
-
4:29 - 4:31(လက်ခုပ်ဩဘာသံများ)
- Title:
- မက်သယူးချိုင်းဒ်စ် ၏ ကျောက်တောင်တက်ခြင်းမှ ဘဝအတွက် သင်ခန်းစား ၉-ခု။
- Speaker:
- Matthew Childs
- Description:
-
ဝါရင့်တောင်တက်သမားကြီး မက်သယူးချိုင်းဒ်စ် က ၂၀၀၉-ခုနှစ် တွင်ပြုလုပ်သော TED တက္ကသိုလ် ဟောပြောပွဲတွင် ကျောက်တောင်တက်ခြင်းအတွက် အရေးပါသော အကြံဥာဏ် ၉-ချက်ကို မျှဝေပေးထားပါသည်။ ဤ လက်တွေ့အသုံးဝင်သော အကြံပြုချက်များသည် ပင်လယ်ရေမျက်နှာအထက် ကျောက်တောင်တက်သူများ၏ အသက်ရှင်သန်ရေးနှင့်လည်း ပတ်သက်ပါသည်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 04:35
![]() |
TED edited Burmese subtitles for 9 life lessons from rock climbing | |
![]() |
TED edited Burmese subtitles for 9 life lessons from rock climbing | |
![]() |
TED edited Burmese subtitles for 9 life lessons from rock climbing | |
![]() |
TED edited Burmese subtitles for 9 life lessons from rock climbing | |
![]() |
Maung Maung added a translation |