< Return to Video

ကျွန်ုပ်တို့ ကိုယ့်အသံကို မကြိုက်ကြတာ ဘာ​ကြောင့်လဲ

  • 0:01 - 0:04
    ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင်တွေကို
  • 0:04 - 0:07
    လူသားတွေ ဘယ်တုန်းက လူသားတွေ
    ဖြစ်လာခဲ့ကြတာလဲလို့ မေးကြည့်ရင်၊
  • 0:07 - 0:09
    တချို့တို့က၊ ကျွန်ုပ်တို့ဟာ တချိန်ချိန်မှာ
  • 0:09 - 0:12
    ကိုယ့်ခြေထောက်အပေါ်မှာ
    စရပ်တတ်လာခဲ့ပြီး
  • 0:12 - 0:16
    ခြေနှစ်ဖက်ဖြင့် လျှောက်တတ်လျက် ပတ်ဝန်းကျင်
    ရဲ့ သခင်ဖြစ်လာခဲ့ချိန်ကို ညွှန်ပြကြမယ်။
  • 0:16 - 0:22
    အခြားတွေက ကျွန်ုပ်တို့ရဲ့ဦးနှောက်
    ပိုပိုကြီးလာခဲ့လို့ ကျွန်ုပ်တို့ဟာ
  • 0:22 - 0:25
    ပိုမိုရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်များကို
    သိမြင်လာခဲ့ကြချိန်လို့ ဆိုကြပါတယ်။
  • 0:27 - 0:31
    ပြီးတော့ ကျန်တဲ့သူတွေက
    ကျွန်ုပ်တို့ဆီမှာ ဘာသာစကား ပေါ်လာခဲ့လို့
  • 0:31 - 0:34
    မျိုးစိတ်အနေနဲ့ ဆင့်ကဲဖွံ့ဖြိုးလာစေခဲ့တာ
    လို့ ရှင်းပြကြပါတယ်။
  • 0:35 - 0:39
    တကယ်ကျတော့ အဲဒီဖြစ်ရပ် သုံးခုစလုံးတို့ဟာ
    ချိတ်ဆက်နေကြပါတယ်။
  • 0:39 - 0:42
    ဘယ်လိုပုံစံနဲ့ ဒါမှမဟုတ် ဘယ်ဟာက
    ဘယ်အချိန်မှာ ဖြစ်ခဲ့တာ မသေချာပေမဲ့၊
  • 0:42 - 0:44
    သုံးခုစလုံး ဆက်စပ်နေကြပြီး
  • 0:44 - 0:48
    ကျွန်ုပ်တို့ လည်ပင်းထဲက အရိုးလေးတစ်ခု
    ပုံစံ ပြောင်းလာခဲ့ပြီး
  • 0:48 - 0:52
    ဦးခေါင်းနဲ့ ကျွန်ုပ်တို့ ခန္ဓာကိုယ်အကြား
    ထောင့် ပြောင်းလဲသွားပုံနဲ့ ဆိုင်တယ်။
  • 0:53 - 0:56
    အဲဒါရဲ့ ကျေးဇူးကြောင့် ကျွန်ုပ်တို့ဟာ
    မတ်တပ်ရပ်လာခဲ့ကြတဲ့ အပြင်
  • 0:56 - 0:59
    ကျွန်ုပ်တို့ ဦးနှောက်ရဲ့ နောက်ပိုင်းပါ
    ဆင့်ကဲဖွံ့ဖြိုးလာခဲ့ပြီး
  • 0:59 - 1:05
    ကျွန်ုပ်တို့ရဲ့ အသံထွက်ပေါ်ရာ နေရာဟာ
    မျောက်ဝံတွေမှာ ခုနစ်စင်တီမီတာ ရှိရာကနေ
  • 1:05 - 1:08
    လူသားဆီတွင် ၁၁ - ၁၇ စင်တီမီတာအထိကို
    ရှည်ထွက်လာခဲ့ပါတယ်။
  • 1:09 - 1:11
    အဲဒါကို လည်မျိုရဲ့ အဆွယ်လို့ ခေါ်ပါတယ်။
  • 1:12 - 1:15
    လည်မျိုထဲက အဲဒီအသံအိုးကမှ
    ကျွန်ုပ်တို့ရဲ့ အသံထွက်ပေါ်တဲ့ နေရာပါ။
  • 1:16 - 1:20
    ဒီနေ့တွင် မွေးခါစ ကလေးဆီမှာ
    သူတို့ရဲ့ အသံအိုးဆီမှာ အဆွယ်မရှိသေးပါဘူး။
  • 1:21 - 1:23
    သုံးလအရွယ်ကျမှသာ
    အဲဒါ ပေါ်လာတတ်တယ်။
  • 1:24 - 1:27
    အဲဒါကြောင့်၊ ဒီမှာရှိနေကြတဲ့
    ကျွန်မတို့ တဦးချင်းဆီဟာ
  • 1:27 - 1:31
    ကျွန်ုပ်တို့ မျိုးစိတ်တစ်ခုလုံးရဲ့
    ဆင့်ကဲဖြစ်စဉ်ကို ဖြတ်ကျော်ခဲ့ရတယ်။
  • 1:32 - 1:34
    ကလေးငယ်ဘဝ အကြောင်းပြောရရင်၊
  • 1:34 - 1:37
    ခင်ဗျားတို့အားလုံး မိခင်ဝမ်းထဲတွင်
    စပြီး ဖွံ့ဖြိုးလာချိန်မှာ၊
  • 1:38 - 1:42
    ပြင်ပကမ္ဘာထံမှ ရောက်ရှိလာတဲ့
    ပထမဦးဆုံး အာရုံခံစားမှုမှာ
  • 1:42 - 1:46
    ခင်ဗျားတို့ သုံးပတ်အရွယ်ရှိစဉ်မှာကို
    ခင်ဗျားတို့ ပုဇွန်လို အရွယ်ရှိချိန်မှာ
  • 1:46 - 1:48
    ခင်ဗျားတို့ရဲ့ မိခင်အသံရဲ့ တုန်ခါမှုမှ
    လာတာဖြစ်တဲ့
  • 1:49 - 1:51
    ထိတွေ့မှု အာရုံခံစားမှုပဲ ဖြစ်ခဲ့ပါတယ်။
  • 1:52 - 1:57
    ဒီတော့၊ လူသားရဲ့ အသံဟာ
    မျိုးစိတ်အနေနဲ့ပဲ ကြည့်ကြည့်၊
  • 1:57 - 2:00
    လူ့အဖွဲ့အစည်း အနေနဲ့ပဲ ကြည့်ကြည့်၊
  • 2:00 - 2:02
    သိပ် အရေးပါတာကို တွေ့နိုင်တယ်-
  • 2:02 - 2:05
    အဲဒီလိုနည်းဖြင့် ကျွန်ုပ်တို့ဟာ
    ပုဂ္ဂိုလ်ရေး အဆင့်မှာ
  • 2:05 - 2:08
    လူလူချင်း အဆင့်မှာ ဖြစ်ဖြစ်၊
    ဆက်သွယ်ကြပြီး သံယောဇဉ်တွေ ပေါ်လာကြတယ်--
  • 2:08 - 2:12
    အသံရဲ့ အကူအညီဖြင့် ကျွန်ုပ်တို့ဟာ
    စကားလုံးများနဲ့ ဒေတာတွေထက်ကို ပိုပြီး
  • 2:12 - 2:14
    ကျွန်ုပ်တို့ ဘယ်သူတွေလဲ
    ဆိုတာကို မျှဝေနိုင်ကြပါတယ်။
  • 2:14 - 2:18
    ကျွန်ုပ်တို့ရဲ့ အသံကို လူတွေ
    ကျွန်ုပ်တို့အား မြင်ကြပုံနဲ့ ခွဲမရနိုင်ပါ။
  • 2:18 - 2:21
    အဲဒါ လူ့အဖွဲ့အစည်းထဲက
    ကျွန်ုပ်တို့ရဲ့ မျက်နှာဖုံးနဲ့ တူပါတယ်။
  • 2:22 - 2:25
    ဒါပေမဲ့ ကိုယ့်အသံနဲ့ ရှိနေတဲ့ ကျွန်ုပ်
    တို့ရဲ့ ဆက်ဆံမှုကို မသိတာ များတယ်။
  • 2:26 - 2:31
    ကျွန်ုပ်တို့ ကိုယ့်အသံကို ကိုယ့်အတွက်
    သုံးခဲပြီး သူများကို ပေးတဲ့ လက်ဆောင်ပါ။
  • 2:31 - 2:34
    အဲဒီလိုနည်းဖြင့်
    တစ်ဦးကိုတစ်ဦး တို့ထိကြပါတယ်။
  • 2:34 - 2:36
    အညမည ဆက်ဆံမှုပါ။
  • 2:36 - 2:38
    ဒါနဲ့ ကိုယ့်အသံဆိုင်ရာ
    ကိုယ့်အမြင်က ဘယ်လိုများလဲ။
  • 2:38 - 2:40
    ဒီတော့ ကိုယ်ရဲ့ အသံသွင်းထားတာကို
  • 2:40 - 2:44
    နားထောင်ကြည့်လို့ မကြိုက်သူတွေ
    ကျေးဇူးပြုပြီး လက်ထောင်ပြကြပါ။
  • 2:44 - 2:45
    (ရယ်သံများ)
  • 2:45 - 2:46
    ကျေးဇူးပဲ၊ အဲဒါ တကယ်ပါပဲ၊
  • 2:47 - 2:50
    လူအများစုဟာ အသံသွင်းထားတဲ့ သူတို့ရဲ့
    အသံကို မကြိုက်တတ်ကြပါ။
  • 2:50 - 2:52
    အဲဒါက ဘာကိုထောက်ပြနေလဲ။
  • 2:52 - 2:55
    အဲဒါကိုမှ လာမယ့် ၁၀ မိနစ်အတွင်း
    နားလည်ဖို့ ကြိုးစားကြပါစို့။
  • 2:55 - 2:57
    ကျွန်မဟာ MIT Media Lab မှာ
    သုတေသန ပြုလုပ်သူပါ၊
  • 2:58 - 2:59
    Opera of the Future အုပ်စုထဲ
    ပါဝင်လျက်
  • 3:00 - 3:03
    ကျွန်မရဲ့ သုတေသနက
    ကိုယ့်အသံဆိုင်ရာ လူတွေရဲ့ အမြင်ကို၊
  • 3:03 - 3:06
    အခြားသူတွေရဲ့ အသံတွေဆိုင်ရာ
    သဘောထားကို လေ့လာနေတာပါ။
  • 3:08 - 3:11
    အသံတွေ နားထောင်ရတာကို အသုံးချပြီး၊
    နယ်ပယ် အမျိုးမျိုးထံမှနေပြီး၊
  • 3:11 - 3:13
    အာရုံကြောပညာမှ စလျက်၊ သိမြင်မှုသိပ္ပံ
  • 3:13 - 3:17
    ဘာသာဗေဒပညာများ စသည်တို့လို
    နယ်ပယ်မျိုးစုံမှ လေ့လာနိုင်ပါတယ်။
  • 3:18 - 3:22
    ကျွန်မတို့ အုပ်စုထဲမှာ လူတွေကို အသံဆိုင်ရာ
    သူတို့ သိသင့်တာတွေ ပိုပြီးသိရှိလာရန်၊
  • 3:22 - 3:26
    မရေရာ မသေချာမှုတွေကို လျှော့ချနိုင်ဖို့၊
  • 3:27 - 3:29
    ပိုကောင်းမွန်စွာ နားဆင်သူ ဖြစ်လာစေရန်၊
  • 3:29 - 3:32
    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆက်ဆံမှုတွေ
    ဖန်တီးပေးရန်၊
  • 3:32 - 3:35
    ဒါမှမဟုတ် ကိုယ့်ကို ပိုကောင်းစွာ
    နားလည်လာစေရန်၊
  • 3:35 - 3:38
    ကူပေးကြမယ့် ကိရိယာများနဲ့
    အတွေ့အကြုံများကို တီထွင်ကြပါတယ်။
  • 3:38 - 3:43
    အသံဆိုင်ရာ ချဉ်းကပ်ပုံက ဖက်စုံဖြစ်မှသာ
    အဲဒါကို လက်တွေ့ လုပ်လို့ရနိုင်မှာပါ။
  • 3:44 - 3:47
    ကျွန်မတို့ တွေ့ရှိလာတဲ့ အတိုင်းဆိုရင်
    အသံနှင့် ဆက်စပ်နေကြတဲ့
  • 3:47 - 3:50
    သုံးစရာတွေ၊ အခက်အခဲတွေအကြောင်းကို
    စဉ်းစားဖို့ လိုအပ်လို့ပါ။
  • 3:51 - 3:54
    ခင်ဗျားတို့ရဲ့ အသံဟာ သိပ်ကို ရှုပ်ထွေးတဲ့
    အရာ တစ်ခုပါ။
  • 3:54 - 3:58
    အသံထွက်လာဖို့ ခန္ဓာကိုယ်ထဲရှိ
    ကြွက်သား ၁၀၀ ကျော် ညှိလုပ်ကိုင်ကြရတယ်။
  • 3:58 - 4:01
    အဲဒါကြောင့် အသံကို နားထောင်ကြည့်ခြင်းဖြင့်
  • 4:01 - 4:06
    အထဲမှာ ရှိနိုင်ကြတဲ့ ချွတ်ချော်မှုတွေကို
    ကျွန်မတို့ နားလည်နိုင်ကြပါတယ်။
  • 4:06 - 4:07
    ဥပမာ ပြရပါက-
  • 4:08 - 4:11
    အသံရဲ့ ထူးခြားတဲ့ တုန်ခါမှုနဲ့
    တပြေးညီမဖြစ်မှုကို
  • 4:11 - 4:14
    နားထောင်ကြည့်ခြင်းက
  • 4:14 - 4:17
    Parkinson ရောဂါရဲ့ အစောပိုင်း
    အဆင့်ကို ဖေါ်ထုတ်ပေးနိုင်ပါတယ်၊
  • 4:17 - 4:19
    ဖုန်းဖြင့် ခေါ်ဆိုရုံနဲ့ လုပ်ရနိုင်တယ်။
  • 4:20 - 4:24
    အသံရဲ့ အသက်ရှူပုံကို နားထောင်လျက်
    နှလုံးရောဂါကို ဖေါ်ထုတ်ရန် ကူပေးနိုင်တယ်။
  • 4:26 - 4:30
    ပြီးတော့ ကျွန်မတို့ သိကြသလို စကားလုံးတွေ
    အကြားက အရှိန် ပြောင်းလဲမှုဟာ
  • 4:31 - 4:33
    စိတ်ကျရောဂါကို ထောက်ပြတဲ့ လက္ခဏာပါ။
  • 4:34 - 4:37
    ခင်ဗျားတို့ရဲ့ အသံဟာ ခင်ဗျားတို့ရဲ့
    ဟော်မုန်းပမာဏနဲ့ သိပ်ကို ချိတ်ဆက်နေတယ်။
  • 4:37 - 4:40
    ကူပေးတဲ့ အဖွဲ့ဆိုရင်
    အမျိုးသမီးရဲ့ အသံကိုနားထောင်ပြီး
  • 4:40 - 4:43
    စကားပြောသူရဲ့ ရာသီစက်ဝန်း အကြောင်းကို
    အလွန်တိကျစွာ
  • 4:43 - 4:44
    ထောက်ပြနိုင်ခဲ့ကြပါတယ်။
  • 4:46 - 4:48
    အသံမှရတဲ့ အချက်အလက်တွေဖြင့် သိနိုင်တယ်။
  • 4:49 - 4:52
    နည်းစနစ်တွေက ကျွန်မတို့ကို တချိန်လုံး
    နားထောင်နေကြတဲ့ ဒီခေတ်မှာ ကျတော့၊
  • 4:52 - 4:55
    Amazon Echo မှ Alexa ဆိုရင်၊
  • 4:55 - 4:58
    အမျိုးသမီးတွေ ကိုယ်တိုင် မသိသေးခင်မှာကို
  • 4:58 - 5:00
    ကိုယ်ဝန် ရှိမရှိကို ပြောနိုင်မယ်။
  • 5:00 - 5:01
    ဒီတော့စဉ်းစားစရာက-
  • 5:01 - 5:02
    (ရယ်သံများ)
  • 5:02 - 5:05
    အဲဒါကို အသုံးချရင်
    စဉ်းစားစရာ အများကြီးရှိလာမယ်။
  • 5:05 - 5:09
    ခင်ဗျားတို့ရဲ့ အသံဟာဖြင့် ခင်ဗျားတို့ရဲ့
    ဆက်ဆံမှုတွေနဲ့လည်း သိပ်ကို ချိတ်ဆက်နေတယ်။
  • 5:09 - 5:12
    ခင်ဗျားတို့ စကားပြောရာတွင် လူတိုင်းအတွက်
    အသံတမျိုးစီကို သုံးပါတယ်။
  • 5:12 - 5:16
    ကျွန်မက ခင်ဗျားတို့ အသံရဲ့ အပိုင်းစကို
    ယူပြီး ဆန်းစစ်ကြည့်ရင်၊
  • 5:16 - 5:19
    ခင်ဗျား ပြောနေတာက မိခင်နဲ့လား၊ ညီနဲ့လား
    မိတ်ဆွေနဲ့လား၊ အလုပ်ရှင်နဲ့လား၊
  • 5:19 - 5:21
    ကျွန်မ ပြောနိုင်ပါတယ်။
  • 5:21 - 5:26
    ကျွန်မတို့ဟာ အသံအနေအထားကို
    ဟောကိန်း ထုတ်ဖို့ သုံးနိုင်ပါသေးတယ်
  • 5:26 - 5:30
    ခင်ဗျားတို့က တယောက်ယောက်နဲ့ စကား
    ပြောဖို့သုံးတဲ့ အသံအနေအထားကို ဆိုလိုတာပါ။
  • 5:30 - 5:33
    ခင်ဗျားရဲ့ ခင်ပွန်းနဲ့ ခင်ဗျား ပြောပုံ
    အသံအနေအထားက
  • 5:33 - 5:37
    ခက်ဗျာတို့ ခွဲဖြစ်မလားကိုသာမက
    ဘယ်တော့ ခွဲဖြစ်မှာကို ဟောပေးနိုင်ပါတယ်။
  • 5:39 - 5:41
    ဒီတော့ အသံကို နားထောင်ရင်း
    သင်ယူစရာတွေ အများကြီးပါ။
  • 5:42 - 5:44
    ပြီးတော့ ကျွန်မတို့ဆီမှာ အသံတစ်မျိုးမက
    ရှိတာကို ခံယူပြီး
  • 5:44 - 5:46
    လေ့လာရမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
  • 5:47 - 5:50
    ဒါကြောင့်၊ ကျွန်မတို့ အများစုမှာ ရှိတဲ့
    အသံ သုံးမျိုး အကြောင်းကို ပြောပြချင်ပါတယ်၊
  • 5:50 - 5:53
    အဲဒါကို မျက်နှာဖုံးပုံစံလို့
    ကျွန်မက ခေါ်ပါတယ်။
  • 5:54 - 5:55
    ကိုယ်က မျက်နှာဖုံးကို ကြည့်ကြည့်ရင်၊
  • 5:56 - 5:58
    လက္ခဧာ တစ်ခုကို ထိုးပြသလို မြင်ရမှာပါ။
  • 5:58 - 6:00
    ခင်ဗျားတို့ရဲ့ ထွက်သံ ဆိုပါစို့။
  • 6:01 - 6:03
    အဲဒါဟာ အသံဆိုင်ရာ အစဉ်အလာ စဉ်းစားကြပုံပါ၊
  • 6:03 - 6:06
    ကိုယ့်ကိုကိုယ် အပြင်ကမ္ဘာပေါ်သို့
    ထိုးပြချင်တဲ့ နည်းလမ်းပါ။
  • 6:06 - 6:09
    ဒီလို ထိုးပြမှုရဲ့ နောက်ခံယန္တရားကို
    နားလည်ဖို့ လွယ်ပါတယ်။
  • 6:09 - 6:12
    ခင်ဗျားတို့ရဲ့ အဆုတ်က ချုံ့လျက်
    လေကို မှုတ်တင်ပြီး
  • 6:12 - 6:15
    ခင်ဗျားတို့ရဲ့ အသံဆိုင်ရာ အခေါက်တွေကို
    တုန်ခါစေမှာမို့၊
  • 6:15 - 6:17
    အသံ ဆိုတာ ထွက်ပေါ်လာမယ်။
  • 6:17 - 6:20
    ပြီးတော့ ကိုယ်က အာခေါင်းကို
    ဖွင့်ပိတ်လိုက်ပုံကို လိုက်ပြီးတော့၊
  • 6:20 - 6:23
    ခင်ဗျားတို့ရဲ့ အသံဖြစ်ပေါ်ရာ လမ်းကြောင်းက
    အသံကို ပုံသွင်းပြောင်းပေးနိုင်တယ်။
  • 6:23 - 6:25
    လူတိုင်းရဲ့ အသံယန္တရားဟာ တူတယ်။
  • 6:25 - 6:27
    ဒါပေမဲ့ အသံတွေကျတော့ ထူခြားကြပါတယ်။
  • 6:27 - 6:32
    အရွယ်အစား၊ ဇီဝဖြစ်စဉ်၊ ဟော်မုန်းပမာဏတွေ
    မသိမသာ မတူခြင်းက
  • 6:32 - 6:36
    အပြင်ကို ထွက်လာတဲ့ အသံကိုပါ
    မသိမသာ ကွဲပြားလာစေပါတယ်။
  • 6:36 - 6:39
    ပြီတော့ ခင်ဗျားတို့ရဲ့ ဦးနှောက်ကလည်း
    တော်လို့၊ သူများဆီမှ လာတဲ့
  • 6:39 - 6:43
    အခြားသူတွေရဲ့ ထွက်သံတွေရဲ့
    မသိမသာ ကွဲပြားမှုကို ခံစားသိနိုင်ပါတယ်။
  • 6:43 - 6:47
    ကျွန်မတို့ ဓာတ်ခွဲခန်းမှာ အဲဒီလိုမသိမသာ
    ကွဲပြားချက်တွေကို စက်များအား နားလည်အောင်
  • 6:47 - 6:49
    သင်ပေးဖို့ ကျွန်မတို့ ကြိုးစားနေကြတယ်။
  • 6:49 - 6:55
    ကျွန်မတို့ အလေးထား လေ့လာနေကြတာက
    အချိန်နဲ့တပြေးညီ စကားပြောသူကို ညွန်ပြမယ့်
  • 6:55 - 7:00
    စနစ်ကို တီထွင်ဖို့အတွက်၊
    လူအများကြီး ပါဝင်ပြောနေချိန်မျိုးမှာ--
  • 7:00 - 7:03
    ဘယ်သူတွေ ဝင်ပြောကြလဲ၊ ဘယ်သူတွေက
    စည်းဝေးမှာ မပြောဘူးလဲ--
  • 7:03 - 7:06
    အုပ်စုရဲ့ သိရှိနားလည်မှုကို
    မြှင့်ပေးရန်ပါ။
  • 7:06 - 7:10
    အဲဒီလို ကြိးစားရာမှာ အခက်အခဲ တစ်ခုက
    ကျွန်မတို့ရဲ့ အသံဟာ မတည်ငြိမ်ခြင်းပါ။
  • 7:11 - 7:14
    အသံဟာ ကိုယ်ပြောတဲ့ လူကို လိုက်ပြီး
    ပြောင်းလဲနေရုံသာမက
  • 7:14 - 7:17
    အသက် တလျှောက်မှာလည်း ပြောင်းပါသေးတယ်။
  • 7:17 - 7:19
    အသံရဲ့ တသက်တာ ခရီး
    အစောပိုင်းနဲ့ အဆုံးပိုင်းမှာ
  • 7:19 - 7:22
    အမျိုးသားသံနဲ့ အမျိုးသမီးသံဟာ
    ဆင်တူကြပါတယ်။
  • 7:22 - 7:24
    ခွဲခြားရန်အလွန်ခဲယဉ်းပါတယ်။
  • 7:24 - 7:27
    ငယ်ရွယ်တဲ့ ကလေးမလေးနဲ့ ငယ်တဲ့ ကောင်လေးရဲ့
    အသံမျိုးဆိုပါစို့။
  • 7:28 - 7:33
    ဒါပေမဲ့ အဲဒီနောက် ကြားကာလာကျတော့ အသံဟာ
    ကိုယ်ရဲ့ သက်သေခံချက်လို ဖြစ်လာတတ်တယ်။
  • 7:33 - 7:37
    အများအားဖြင့် အမျိုးသားက လူပျိုဖြစ်စမှာ
    အတော်ကလေး ပြောင်းတတ်တယ်။
  • 7:37 - 7:39
    အမျိုးသမီး အသံတွေ ကျတော့၊
  • 7:39 - 7:42
    ကိုယ်ဝန်ရှိတိုင်းနဲ့ သွေးဆုံးချိန်မှာ
    ကြီးမားစွာ ပြောင်းလဲတတ်တယ်။
  • 7:43 - 7:47
    အဲဒီလို အသံ အမျိုးမျိုးကို သူများနဲ့
    စကားပြောရာတွင် ခင်ဗျားတို့ ကြားရတာပါ။
  • 7:47 - 7:51
    အဲဒါတောင် ကျွန်မတို့ဟာ အသံကို
    ဘာဖြစ်လို့ ကောင်းကောင်း မသိကြသေးတာလဲ။
  • 7:52 - 7:55
    ကိုယ်က ကြားနေကြရတာက အဲဒီအသံမျိုး
    မဟုတ်တာ ဘာကြောင့်လဲ။
  • 7:55 - 7:56
    အဲဒါကို လေ့လာကြရအောင်။
  • 7:56 - 8:00
    ကိုယ်က မျက်နှာဖုံးကို ဝတ်လိုက်ရင်
    ကိုယ်က မျက်နှာဖုံးကို မမြင်နိုင်ဘူး။
  • 8:01 - 8:05
    ကိုယ်က မျက်နှာဖုံးကို ကြည့်ဖို့ကြိုးစားရင်
    ၎င်းရဲ့ အတွင်းပိုင်းကိုသာ မြင်နိုင်တယ်။
  • 8:05 - 8:07
    ပြီးတော့ အဲဒါက
    ခင်ဗျားတို့ရဲ့ ဝင်သံ ဖြစ်တယ်။
  • 8:08 - 8:11
    ဒီတော့ ကြားရတဲ့ အသံ တမျိုးဖြစ်နေတာကို
    နားလည်ဖို့အတွက်၊
  • 8:11 - 8:14
    အဲဒီဝင်သံအား သိရှိခံစားရမှု ယန္တရားကို
    နားလည်ရန် ကြိုးစားရပါမယ်။
  • 8:16 - 8:18
    ခင်ဗျားတို့ရဲ့ ခန္ဓာထဲမှာ အဲဒါကို
    ထွက်သံနဲ့ ခွဲခြားပစ်ဖို့
  • 8:19 - 8:21
    နည်းလမ်းတွေ အမျိုးမျိုး သုံးလို့ပါ။
  • 8:21 - 8:24
    အဲဒီအသံကို သိရှိနားလည်ဖို့အတွက်
    အသံဟာ ခင်ဗျားတို့ နားဆီကို သွားရပါမယ်။
  • 8:24 - 8:27
    ထွက်သံဟာ လေကို ဖြတ်လျက် လာရပြီး
  • 8:27 - 8:30
    ကိုယ့် ဝင်သံကျတော့ ကိုယ့်အရိုးတွေမှ
    ဖြတ်ပြီး လာရပါတယ်။
  • 8:30 - 8:32
    အဲဒါကို အရိုးမှ ပို့ပေးသံလို့ ခေါ်ပါတယ်။
  • 8:33 - 8:38
    အဲဒါကြောင့် ခင်ဗျားတို့ရဲ့ ဝင်သံကို
    ကြားရပုံဟာ အသံ နည်းနည်းနိမ့်ပါမယ်၊
  • 8:38 - 8:42
    ပြီးတော့ ထွက်သံနဲ့စာရင်
    ဂီတသဘောအရ ပိုပြီးဂီတသဟဇာဖြစ်မှာပါ။
  • 8:43 - 8:47
    အဲဒီအသံ လျှောက်လာလျက်
    အတွင်းပိုင်း နားဆီကို ချဉ်းကပ်မယ်။
  • 8:47 - 8:50
    အဲဒီမှာ နောက်ယန္တရား တစ်ခု
    ဝင်ပြီး တာဝန်ယူလာပါမယ်။
  • 8:50 - 8:52
    အဲဒါဟာ စက်မှုဆန်ခါနဲ့ တူတယ်၊
  • 8:52 - 8:55
    ခင်ဗျားတို့ရဲ့ အတွင်းပိုင်းနားကို
    ကာကွယ်ပေးတဲ့ အကန့်လေးပါ၊
  • 8:55 - 8:58
    ခင်ဗျားတို့က အသံတစ်ခုခုကို
    ထုတ်လုပ်တိုင်း ကာကွယ်ပေးတယ်။
  • 8:58 - 9:01
    အဲဒီလိုနည်းဖြင့် ကြားရတာကိုလည်း
    တိုးတိုးလေး ကြားရစေမယ်။
  • 9:01 - 9:04
    ပြီးတော့ အဲဒီမှာ တတိယဖြစ်တဲ့
    ဇီဝဆန်ခါ ရှိသေးတယ်။
  • 9:05 - 9:09
    ခင်ဗျားတို့ရဲ့ cochlea ခေါ် အသံကို စီမံ
    ပေးတဲ့ အတွင်းပိုင်း နားထဲက အပိုင်းဖြစ်ပြီး
  • 9:09 - 9:11
    သက်ရှိ ဆဲလ်တွေနဲ့ ပြုလုပ်ထားတယ်။
  • 9:11 - 9:14
    အဲဒီ ဇီဝဆဲလ်တွေဟာ အသံကို
    သူတို့ ကြားရပုံ ကြိမ်ရေကို လိုက်ပြီး
  • 9:14 - 9:17
    လုပ်ပုံလုပ်နည်းက မတူ ကွဲပြားပါလိမ့်မယ်။
  • 9:17 - 9:18
    အဲဒါဟာ အလေ့အထ သဘောမျိုးပါ။
  • 9:19 - 9:21
    အဲဒါရဲ့ ကျေးဇူးကြောင့်၊
  • 9:21 - 9:24
    ခင်ဗျားတို့ဟာ ကိုယ့်အသံကို တသက်လုံး
    အများဆုံး ကြားရပေမဲ့၊
  • 9:24 - 9:27
    လက်တွေ့မှာကျတော့ အခြားအသံတွေထက်
    လျော့ပြီး ကြားရတာပါ။
  • 9:27 - 9:29
    နောက်ဆုံး စတုတ္ထ ဆန်ခါ ရှိပါသေးတယ်။
  • 9:29 - 9:31
    အဲဒါက အာရုံကြောတွေရဲ့ ဆန်ခါပါ။
  • 9:32 - 9:34
    အာရုံကြောပညာရှင်တွေ မကြာသေးမီကမှ
    တွေ့လိုက်ကြတာက
  • 9:34 - 9:37
    ခင်ဗျားက အသံထွက်ဖို့ ပါးစပ်ကို
    ဖွင့်ဟလိုက်တာနဲ့၊
  • 9:37 - 9:40
    ခင်ဗျားတို့ရဲ့ အသံဆိုင်ရာ
    အာရုံကြောဟာ ပိတ်သွားပါလိမ့်မယ်။
  • 9:42 - 9:45
    အဲဒါကြောင့် ခင်ဗျားက ခင်ဗျားရဲ့
    အသံကို ကြားရပေမဲ့၊
  • 9:45 - 9:50
    ခင်ဗျားတို့ရဲ့ ဦးနှောက်ကျတော့
    ကိုယ်ပြောလိုက်တာရဲ့ အသံကို မကြားရဘူး။
  • 9:52 - 9:55
    ဆင့်ကဲဖွံ့ဖြိုးမှု သဘောအရ အဲဒါကို
    နားလည်ရနိုင်ပါတယ်၊
  • 9:55 - 9:58
    ခင်ဗျားတို့ ပြောမယ့်စကားတွေကို
    ခင်ဗျားက သိရှိထားတော့
  • 9:58 - 10:01
    အဲဒီလို အသံကို နားထောင် ဆန်းစစ်ဖို့
    အားထုတ် နေစရာ မလိုဘူးပေါ့။
  • 10:02 - 10:05
    အဲဒါကို
    ကြောင်းကျိုး စေ့ဆော်မှုလို့ ခေါ်ပြီး
  • 10:05 - 10:08
    ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်းအတွက်
    စေ့ဆော်ပေးတာမျိုးပါ။
  • 10:08 - 10:10
    ကြောင်းကျိုး စေ့ဆော်မှုရဲ့
    အဓိပ္ပါယ် အတိအကျက
  • 10:10 - 10:15
    ဦးနှောက်မှ စေလွှတ်ပေးလိုက်တဲ့
    လှုပ်ရှားရန် အမိန့်ရဲ့ မိတ္တူပါပဲ။
  • 10:15 - 10:18
    အဲဒီမိတ္တူဟာ လှုပ်ရှားမှုကိုယ်၌ကို
    ဖန်တီးမယ့်အစား
  • 10:18 - 10:22
    ဦးနှောက်ရဲ့ အခြားနေရာတွေဆီကို
    ပို့ပေးလျက်
  • 10:22 - 10:24
    ဖြစ်အံ့ဆဲဆဲ လှုပ်ရှားမှုကို အသိပေးဖို့ပါ။
  • 10:26 - 10:30
    အသံအတွက်ကျတော့ အဲဒီလို
    ကြောင်းကျိုး စေ့ဆော်မှု အမည်ဟာ တမျိုးပါ။
  • 10:30 - 10:33
    ကိုယ့်ရဲ့ အတွင်းသံပါ။
  • 10:33 - 10:34
    ဒီတော့ ထပ်ပြီး ပြောပါဦးမယ်။
  • 10:34 - 10:37
    ကျွန်ုပ်တို့ဆီမှာ ထွက်သံဆိုတဲ့
    မျက်နှာဖုံး ရှိတယ်၊
  • 10:37 - 10:39
    မျက်နှာဖုံး အတွင်းပိုင်းမှာကျတော့ ဝင်သံပါ၊
  • 10:39 - 10:42
    ပြီးတော့ ကျွန်မတို့မှာ
    ကိုယ့်အတွင်းသံ ရှိသေးတယ်။
  • 10:42 - 10:44
    ဒါကို ကျွန်မက ရုပ်သေး ဆရာပုံစံမျိုးနဲ့
    မြင်စေချင်ပါတယ်၊
  • 10:44 - 10:47
    စနစ် တခုလုံးရဲ့ ကြိုးတွေ
    အားလုံးကို ကိုင်ထားသူပါ။
  • 10:47 - 10:49
    အတွင်းသံ ဆိုတာက
  • 10:49 - 10:52
    စာကို တိတ်ဆိတ်စွာ ဖတ်နေတုန်း
    ကြားရတဲ့ အသံပါ၊
  • 10:52 - 10:56
    အရေးကြီးတဲ့ ဆွေးနွေးစရာ အကြောင်းကို
    လေ့ကျင့်နေတဲ့ အချိန်မှာ ကြားရတာပါ။
  • 10:56 - 10:58
    တခါတရံမှာ အဲဒါကို ပိတ်ချဖို့ မလွယ်ဘူး။
  • 10:58 - 11:02
    ကိုယ့်မိခင်ဘာသာနဲ့ ရေးထားတဲ့ စာကို
    အဲဒီ အတွင်းသံ မပါနဲ့ဘဲ
  • 11:02 - 11:05
    ဖတ်ဖို့ မလွယ် ဖြစ်တတ်ပါတယ်။
  • 11:05 - 11:08
    အမှတ်တမဲ့ ကိုယ်ကြားလိုက်ရတဲ့
    သီချင်းကို မဆိုချင်တောင်
  • 11:08 - 11:10
    ထပ်တလဲလဲ ဆိုမိတဲ့ အသံလည်း ဖြစ်တယ်။
  • 11:10 - 11:11
    (ရယ်သံများ)
  • 11:13 - 11:17
    တချို့သူတွေဆိုရင် အဲဒီအသံကို လုံးဝကို
    မထိန်းချုပ်နိုင်ကြပါဘူး။
  • 11:17 - 11:19
    စိတ်ကစဉ့်ကလျား ရောဂါရှိသူတွေ
    ဖြစ်တတ်ကြတယ်၊
  • 11:19 - 11:22
    သူတို့ဟာ အသံတွေကို
    တချိန်လုံး ကြားနိုင်ကြတယ်။
  • 11:22 - 11:25
    သူတို့ဟာ အတွင်းမှ လာတဲ့ အသံတွေနဲ့
    အပြင်မှ လာတဲ့ အသံတွေကို
  • 11:25 - 11:27
    သူတို့ ခေါင်းထဲမှာ ခွဲဝေ မရတတ်ကြပါ။
  • 11:27 - 11:30
    ဒါကြောင့် ကျွန်မတို့ ဓာတ်ခွဲခန်းမှာ၊
    အဲဒီလို သူတွေအတွက် အသံဟာ
  • 11:30 - 11:33
    အတွင်းသံလား၊ အပြင်မှ အသံလား
    ခွဲခြားရာတွင် ကူပေးကြမယ့်
  • 11:33 - 11:35
    ကိရိယာလေးတွေကို တီထွင်ဖို့
    အားထုတ်နေကြတယ်။
  • 11:37 - 11:41
    ဒီနေရာမှာ အတွင်းသံနဲ့ အိပ်မက်ထဲ ကြားရတဲ့
    အသံအကြောင်းကိုလည်း စဉ်းစားသင့်တယ်။
  • 11:41 - 11:43
    အတွင်းသံဟာ
    ပုံစံအမျိုးမျိုးနဲ့ ရှိုနိုင်ပါတယ်။
  • 11:43 - 11:47
    အိပ်မက်ထဲမှာ ကျွန်မတို့ဟာ အဲဒီအတွင်းသံ
    အတွက် တံခါးဖွင့်ပေးသလိုပါ။
  • 11:47 - 11:50
    အဲဒါဟာလည်း ကျွန်မတို့ ဓာတ်ခွဲခန်းရဲ့
    နောက် အလုပ်တခုပါ-
  • 11:50 - 11:53
    အိပ်မက်ထဲက အတွင်းသံကို ရယူဖို့
    ကြိးစားနေကြတယ်။
  • 11:54 - 11:57
    ကိုယ်က အတွင်းသံကို မထိန်းချုပ်နိုင်ပေမဲ့--
  • 11:57 - 11:58
    ကိုယ်က ၎င်းကို တွဲခေါ်သုံးနိုင်ပါတယ်၊
  • 11:58 - 12:01
    ဆွေးနွေးမှုမှ၊
    အတွင်းပိုင်း ဆွေးနွေးမှုများနဲ့ပါ။
  • 12:01 - 12:03
    အဲဒီ အတွင်းသံဟာ အတွေးအခေါ်များနဲ့
    လုပ်ဆောင်ချက်တွေ အကြားက
  • 12:03 - 12:06
    ပျောက်နေတဲ့ ချိတ်ဆက်မှု
    ဖြစ်တာကို မြင်လို့ ရနိုင်တယ်။
  • 12:08 - 12:12
    ဒီတော့ ခင်ဗျားတို့ရဲ့ အသံမျိုးစုံကို
    ပြီးတော့ ခင်ဗျားတို့ရဲ့ အပြင်သံ၊ အတွင်းသံ
  • 12:12 - 12:15
    များရဲ့ အခန်းကဏ္ဍကို ပုံစံအသစ်ဖြင့်
  • 12:15 - 12:18
    နားလည်နိုင်အောင် ကျွန်မ ကူပေးခဲ့တယ်လို့
    မျှော်လင့်ချင်ပါတယ်-
  • 12:18 - 12:22
    အသံဟာ ခင်ဗျားတို့အား လူသားရယ်လို့
    ဖြစ်လာစေဖို့နဲ့ ကမ္ဘာကြီးနဲ့ တုံ့ပြန်
  • 12:22 - 12:25
    ဆက်သွယ်ဖို့ အရေးကြီးဆုံး
    အဆုံးအဖြတ်ပေးတဲ့ အရာမို့လို့ပါ။
  • 12:25 - 12:26
    ကျေးဇူးတင်ပါတယ်။
  • 12:26 - 12:29
    (လက်ခုပ်သံများ)
Title:
ကျွန်ုပ်တို့ ကိုယ့်အသံကို မကြိုက်ကြတာ ဘာ​ကြောင့်လဲ
Speaker:
RĂŠbecca Kleinberger
Description:

ကိုယ့်အသံဟာ ကိုယ့်ကို အခြားသူတွေ သိမြင်ကြပုံနဲ့ ခွဲခြား မရနိုင်တဲ့ အရာမှန်ပေမဲ့၊ ကိုယ်ရဲ့ အသံဆိုင်ရာ ကျွန်ုပ်တို့ရဲ့ ထင်မြင်ကြပုံထဲမယ် မသိရသေးတာ မရှင်းလင်းတာတွေ အများကြီး ရှိနေပါတယ်။ Rébecca Kleinberger က ကျွန်ုပ်တို့က ကိုယ့်အသံကို အသုံးချကြပုံနဲ့ နားလည်ကြပုံကို လေ့လာ စူးစမ်းနေသူပါ။ ကျွန်ုပ်တို့ဟာ အသံသွင်းထားတဲ့ ကိုယ့်အသံကို ဘာဖြစ်လို့ မကြိုက်ကြတာလဲ ဆိုတာကို သူက ရှင်းပြထားပြီး ကိုယ်ရဲ့ ထွက်သံ၊ ဝင်သံနဲ့ အတွင်းသံတွေ အကြားက ခြားနားချက်တွေကို ခွဲခြားဖေါ်ပြထားရုံသာမက ကိုယ်က မသိပါလျက်နဲ့ ထူးဆန်းစွာ ဆက်သွယ် စကားပြောဆိုနိုင်ပုံကို ဖွင့်ထုတ် ပြသထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:42

Burmese subtitles

Revisions