1 00:00:00,760 --> 00:00:03,816 ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင်တွေကို 2 00:00:03,840 --> 00:00:07,136 လူသားတွေ ဘယ်တုန်းက လူသားတွေ ဖြစ်လာခဲ့ကြတာလဲလို့ မေးကြည့်ရင်၊ 3 00:00:07,160 --> 00:00:09,256 တချို့တို့က၊ ကျွန်ုပ်တို့ဟာ တချိန်ချိန်မှာ 4 00:00:09,280 --> 00:00:12,176 ကိုယ့်ခြေထောက်အပေါ်မှာ စရပ်တတ်လာခဲ့ပြီး 5 00:00:12,200 --> 00:00:16,080 ခြေနှစ်ဖက်ဖြင့် လျှောက်တတ်လျက် ပတ်ဝန်းကျင် ရဲ့ သခင်ဖြစ်လာခဲ့ချိန်ကို ညွှန်ပြကြမယ်။ 6 00:00:16,150 --> 00:00:21,820 အခြားတွေက ကျွန်ုပ်တို့ရဲ့ဦးနှောက် ပိုပိုကြီးလာခဲ့လို့ ကျွန်ုပ်တို့ဟာ 7 00:00:21,820 --> 00:00:25,280 ပိုမိုရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်များကို သိမြင်လာခဲ့ကြချိန်လို့ ဆိုကြပါတယ်။ 8 00:00:26,680 --> 00:00:31,056 ပြီးတော့ ကျန်တဲ့သူတွေက ကျွန်ုပ်တို့ဆီမှာ ဘာသာစကား ပေါ်လာခဲ့လို့ 9 00:00:31,080 --> 00:00:34,150 မျိုးစိတ်အနေနဲ့ ဆင့်ကဲဖွံ့ဖြိုးလာစေခဲ့တာ လို့ ရှင်းပြကြပါတယ်။ 10 00:00:34,960 --> 00:00:39,050 တကယ်ကျတော့ အဲဒီဖြစ်ရပ် သုံးခုစလုံးတို့ဟာ ချိတ်ဆက်နေကြပါတယ်။ 11 00:00:39,050 --> 00:00:42,296 ဘယ်လိုပုံစံနဲ့ ဒါမှမဟုတ် ဘယ်ဟာက ဘယ်အချိန်မှာ ဖြစ်ခဲ့တာ မသေချာပေမဲ့၊ 12 00:00:42,320 --> 00:00:43,856 သုံးခုစလုံး ဆက်စပ်နေကြပြီး 13 00:00:43,880 --> 00:00:47,640 ကျွန်ုပ်တို့ လည်ပင်းထဲက အရိုးလေးတစ်ခု ပုံစံ ပြောင်းလာခဲ့ပြီး 14 00:00:48,030 --> 00:00:52,000 ဦးခေါင်းနဲ့ ကျွန်ုပ်တို့ ခန္ဓာကိုယ်အကြား ထောင့် ပြောင်းလဲသွားပုံနဲ့ ဆိုင်တယ်။ 15 00:00:52,760 --> 00:00:55,816 အဲဒါရဲ့ ကျေးဇူးကြောင့် ကျွန်ုပ်တို့ဟာ မတ်တပ်ရပ်လာခဲ့ကြတဲ့ အပြင် 16 00:00:55,840 --> 00:00:58,976 ကျွန်ုပ်တို့ ဦးနှောက်ရဲ့ နောက်ပိုင်းပါ ဆင့်ကဲဖွံ့ဖြိုးလာခဲ့ပြီး 17 00:00:59,000 --> 00:01:04,616 ကျွန်ုပ်တို့ရဲ့ အသံထွက်ပေါ်ရာ နေရာဟာ မျောက်ဝံတွေမှာ ခုနစ်စင်တီမီတာ ရှိရာကနေ 18 00:01:04,640 --> 00:01:07,760 လူသားဆီတွင် ၁၁ - ၁၇ စင်တီမီတာအထိကို ရှည်ထွက်လာခဲ့ပါတယ်။ 19 00:01:09,080 --> 00:01:11,480 အဲဒါကို လည်မျိုရဲ့ အဆွယ်လို့ ခေါ်ပါတယ်။ 20 00:01:12,020 --> 00:01:15,090 လည်မျိုထဲက အဲဒီအသံအိုးကမှ ကျွန်ုပ်တို့ရဲ့ အသံထွက်ပေါ်တဲ့ နေရာပါ။ 21 00:01:16,160 --> 00:01:20,320 ဒီနေ့တွင် မွေးခါစ ကလေးဆီမှာ သူတို့ရဲ့ အသံအိုးဆီမှာ အဆွယ်မရှိသေးပါဘူး။ 22 00:01:21,160 --> 00:01:23,480 သုံးလအရွယ်ကျမှသာ အဲဒါ ပေါ်လာတတ်တယ်။ 23 00:01:24,460 --> 00:01:27,296 အဲဒါကြောင့်၊ ဒီမှာရှိနေကြတဲ့ ကျွန်မတို့ တဦးချင်းဆီဟာ 24 00:01:27,320 --> 00:01:30,560 ကျွန်ုပ်တို့ မျိုးစိတ်တစ်ခုလုံးရဲ့ ဆင့်ကဲဖြစ်စဉ်ကို ဖြတ်ကျော်ခဲ့ရတယ်။ 25 00:01:32,460 --> 00:01:34,136 ကလေးငယ်ဘဝ အကြောင်းပြောရရင်၊ 26 00:01:34,160 --> 00:01:37,120 ခင်ဗျားတို့အားလုံး မိခင်ဝမ်းထဲတွင် စပြီး ဖွံ့ဖြိုးလာချိန်မှာ၊ 27 00:01:37,600 --> 00:01:41,816 ပြင်ပကမ္ဘာထံမှ ရောက်ရှိလာတဲ့ ပထမဦးဆုံး အာရုံခံစားမှုမှာ 28 00:01:41,840 --> 00:01:45,776 ခင်ဗျားတို့ သုံးပတ်အရွယ်ရှိစဉ်မှာကို ခင်ဗျားတို့ ပုဇွန်လို အရွယ်ရှိချိန်မှာ 29 00:01:45,800 --> 00:01:48,496 ခင်ဗျားတို့ရဲ့ မိခင်အသံရဲ့ တုန်ခါမှုမှ လာတာဖြစ်တဲ့ 30 00:01:48,520 --> 00:01:51,320 ထိတွေ့မှု အာရုံခံစားမှုပဲ ဖြစ်ခဲ့ပါတယ်။ 31 00:01:52,440 --> 00:01:57,416 ဒီတော့၊ လူသားရဲ့ အသံဟာ မျိုးစိတ်အနေနဲ့ပဲ ကြည့်ကြည့်၊ 32 00:01:57,440 --> 00:02:00,416 လူ့အဖွဲ့အစည်း အနေနဲ့ပဲ ကြည့်ကြည့်၊ 33 00:02:00,440 --> 00:02:01,976 သိပ် အရေးပါတာကို တွေ့နိုင်တယ်- 34 00:02:02,000 --> 00:02:04,936 အဲဒီလိုနည်းဖြင့် ကျွန်ုပ်တို့ဟာ ပုဂ္ဂိုလ်ရေး အဆင့်မှာ 35 00:02:04,960 --> 00:02:08,240 လူလူချင်း အဆင့်မှာ ဖြစ်ဖြစ်၊ ဆက်သွယ်ကြပြီး သံယောဇဉ်တွေ ပေါ်လာကြတယ်-- 36 00:02:08,240 --> 00:02:11,576 အသံရဲ့ အကူအညီဖြင့် ကျွန်ုပ်တို့ဟာ စကားလုံးများနဲ့ ဒေတာတွေထက်ကို ပိုပြီး 37 00:02:11,600 --> 00:02:14,026 ကျွန်ုပ်တို့ ဘယ်သူတွေလဲ ဆိုတာကို မျှဝေနိုင်ကြပါတယ်။ 38 00:02:14,026 --> 00:02:18,136 ကျွန်ုပ်တို့ရဲ့ အသံကို လူတွေ ကျွန်ုပ်တို့အား မြင်ကြပုံနဲ့ ခွဲမရနိုင်ပါ။ 39 00:02:18,160 --> 00:02:21,200 အဲဒါ လူ့အဖွဲ့အစည်းထဲက ကျွန်ုပ်တို့ရဲ့ မျက်နှာဖုံးနဲ့ တူပါတယ်။ 40 00:02:21,640 --> 00:02:25,240 ဒါပေမဲ့ ကိုယ့်အသံနဲ့ ရှိနေတဲ့ ကျွန်ုပ် တို့ရဲ့ ဆက်ဆံမှုကို မသိတာ များတယ်။ 41 00:02:25,840 --> 00:02:30,616 ကျွန်ုပ်တို့ ကိုယ့်အသံကို ကိုယ့်အတွက် သုံးခဲပြီး သူများကို ပေးတဲ့ လက်ဆောင်ပါ။ 42 00:02:30,640 --> 00:02:33,816 အဲဒီလိုနည်းဖြင့် တစ်ဦးကိုတစ်ဦး တို့ထိကြပါတယ်။ 43 00:02:33,840 --> 00:02:35,776 အညမည ဆက်ဆံမှုပါ။ 44 00:02:35,800 --> 00:02:38,216 ဒါနဲ့ ကိုယ့်အသံဆိုင်ရာ ကိုယ့်အမြင်က ဘယ်လိုများလဲ။ 45 00:02:38,240 --> 00:02:39,976 ဒီတော့ ကိုယ်ရဲ့ အသံသွင်းထားတာကို 46 00:02:40,000 --> 00:02:44,016 နားထောင်ကြည့်လို့ မကြိုက်သူတွေ ကျေးဇူးပြုပြီး လက်ထောင်ပြကြပါ။ 47 00:02:44,040 --> 00:02:45,256 (ရယ်သံများ) 48 00:02:45,280 --> 00:02:46,496 ကျေးဇူးပဲ၊ အဲဒါ တကယ်ပါပဲ၊ 49 00:02:46,520 --> 00:02:50,416 လူအများစုဟာ အသံသွင်းထားတဲ့ သူတို့ရဲ့ အသံကို မကြိုက်တတ်ကြပါ။ 50 00:02:50,440 --> 00:02:51,656 အဲဒါက ဘာကိုထောက်ပြနေလဲ။ 51 00:02:51,680 --> 00:02:54,556 အဲဒါကိုမှ လာမယ့် ၁၀ မိနစ်အတွင်း နားလည်ဖို့ ကြိုးစားကြပါစို့။ 52 00:02:54,556 --> 00:02:57,496 ကျွန်မဟာ MIT Media Lab မှာ သုတေသန ပြုလုပ်သူပါ၊ 53 00:02:57,520 --> 00:02:59,360 Opera of the Future အုပ်စုထဲ ပါဝင်လျက် 54 00:03:00,200 --> 00:03:03,256 ကျွန်မရဲ့ သုတေသနက ကိုယ့်အသံဆိုင်ရာ လူတွေရဲ့ အမြင်ကို၊ 55 00:03:03,280 --> 00:03:06,360 အခြားသူတွေရဲ့ အသံတွေဆိုင်ရာ သဘောထားကို လေ့လာနေတာပါ။ 56 00:03:07,540 --> 00:03:11,230 အသံတွေ နားထောင်ရတာကို အသုံးချပြီး၊ နယ်ပယ် အမျိုးမျိုးထံမှနေပြီး၊ 57 00:03:11,230 --> 00:03:13,216 အာရုံကြောပညာမှ စလျက်၊ သိမြင်မှုသိပ္ပံ 58 00:03:13,240 --> 00:03:17,120 ဘာသာဗေဒပညာများ စသည်တို့လို နယ်ပယ်မျိုးစုံမှ လေ့လာနိုင်ပါတယ်။ 59 00:03:17,910 --> 00:03:21,736 ကျွန်မတို့ အုပ်စုထဲမှာ လူတွေကို အသံဆိုင်ရာ သူတို့ သိသင့်တာတွေ ပိုပြီးသိရှိလာရန်၊ 60 00:03:21,760 --> 00:03:26,496 မရေရာ မသေချာမှုတွေကို လျှော့ချနိုင်ဖို့၊ 61 00:03:26,520 --> 00:03:29,260 ပိုကောင်းမွန်စွာ နားဆင်သူ ဖြစ်လာစေရန်၊ 62 00:03:29,260 --> 00:03:31,696 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆက်ဆံမှုတွေ ဖန်တီးပေးရန်၊ 63 00:03:31,720 --> 00:03:34,696 ဒါမှမဟုတ် ကိုယ့်ကို ပိုကောင်းစွာ နားလည်လာစေရန်၊ 64 00:03:34,720 --> 00:03:37,710 ကူပေးကြမယ့် ကိရိယာများနဲ့ အတွေ့အကြုံများကို တီထွင်ကြပါတယ်။ 65 00:03:38,240 --> 00:03:42,520 အသံဆိုင်ရာ ချဉ်းကပ်ပုံက ဖက်စုံဖြစ်မှသာ အဲဒါကို လက်တွေ့ လုပ်လို့ရနိုင်မှာပါ။ 66 00:03:43,640 --> 00:03:47,256 ကျွန်မတို့ တွေ့ရှိလာတဲ့ အတိုင်းဆိုရင် အသံနှင့် ဆက်စပ်နေကြတဲ့ 67 00:03:47,280 --> 00:03:50,160 သုံးစရာတွေ၊ အခက်အခဲတွေအကြောင်းကို စဉ်းစားဖို့ လိုအပ်လို့ပါ။ 68 00:03:51,160 --> 00:03:54,296 ခင်ဗျားတို့ရဲ့ အသံဟာ သိပ်ကို ရှုပ်ထွေးတဲ့ အရာ တစ်ခုပါ။ 69 00:03:54,320 --> 00:03:57,640 အသံထွက်လာဖို့ ခန္ဓာကိုယ်ထဲရှိ ကြွက်သား ၁၀၀ ကျော် ညှိလုပ်ကိုင်ကြရတယ်။ 70 00:03:58,480 --> 00:04:00,856 အဲဒါကြောင့် အသံကို နားထောင်ကြည့်ခြင်းဖြင့် 71 00:04:00,880 --> 00:04:05,656 အထဲမှာ ရှိနိုင်ကြတဲ့ ချွတ်ချော်မှုတွေကို ကျွန်မတို့ နားလည်နိုင်ကြပါတယ်။ 72 00:04:05,680 --> 00:04:06,880 ဥပမာ ပြရပါက- 73 00:04:07,840 --> 00:04:11,336 အသံရဲ့ ထူးခြားတဲ့ တုန်ခါမှုနဲ့ တပြေးညီမဖြစ်မှုကို 74 00:04:11,360 --> 00:04:13,656 နားထောင်ကြည့်ခြင်းက 75 00:04:13,680 --> 00:04:17,136 Parkinson ရောဂါရဲ့ အစောပိုင်း အဆင့်ကို ဖေါ်ထုတ်ပေးနိုင်ပါတယ်၊ 76 00:04:17,160 --> 00:04:19,110 ဖုန်းဖြင့် ခေါ်ဆိုရုံနဲ့ လုပ်ရနိုင်တယ်။ 77 00:04:19,519 --> 00:04:23,880 အသံရဲ့ အသက်ရှူပုံကို နားထောင်လျက် နှလုံးရောဂါကို ဖေါ်ထုတ်ရန် ကူပေးနိုင်တယ်။ 78 00:04:25,880 --> 00:04:30,496 ပြီးတော့ ကျွန်မတို့ သိကြသလို စကားလုံးတွေ အကြားက အရှိန် ပြောင်းလဲမှုဟာ 79 00:04:30,520 --> 00:04:32,800 စိတ်ကျရောဂါကို ထောက်ပြတဲ့ လက္ခဏာပါ။ 80 00:04:33,700 --> 00:04:37,376 ခင်ဗျားတို့ရဲ့ အသံဟာ ခင်ဗျားတို့ရဲ့ ဟော်မုန်းပမာဏနဲ့ သိပ်ကို ချိတ်ဆက်နေတယ်။ 81 00:04:37,400 --> 00:04:40,016 ကူပေးတဲ့ အဖွဲ့ဆိုရင် အမျိုးသမီးရဲ့ အသံကိုနားထောင်ပြီး 82 00:04:40,040 --> 00:04:43,056 စကားပြောသူရဲ့ ရာသီစက်ဝန်း အကြောင်းကို အလွန်တိကျစွာ 83 00:04:43,080 --> 00:04:44,400 ထောက်ပြနိုင်ခဲ့ကြပါတယ်။ 84 00:04:45,560 --> 00:04:47,580 အသံမှရတဲ့ အချက်အလက်တွေဖြင့် သိနိုင်တယ်။ 85 00:04:48,800 --> 00:04:52,376 နည်းစနစ်တွေက ကျွန်မတို့ကို တချိန်လုံး နားထောင်နေကြတဲ့ ဒီခေတ်မှာ ကျတော့၊ 86 00:04:52,400 --> 00:04:55,376 Amazon Echo မှ Alexa ဆိုရင်၊ 87 00:04:55,400 --> 00:04:57,816 အမျိုးသမီးတွေ ကိုယ်တိုင် မသိသေးခင်မှာကို 88 00:04:57,840 --> 00:04:59,536 ကိုယ်ဝန် ရှိမရှိကို ပြောနိုင်မယ်။ 89 00:04:59,560 --> 00:05:00,896 ဒီတော့စဉ်းစားစရာက- 90 00:05:00,920 --> 00:05:02,096 (ရယ်သံများ) 91 00:05:02,120 --> 00:05:04,560 အဲဒါကို အသုံးချရင် စဉ်းစားစရာ အများကြီးရှိလာမယ်။ 92 00:05:04,790 --> 00:05:08,816 ခင်ဗျားတို့ရဲ့ အသံဟာဖြင့် ခင်ဗျားတို့ရဲ့ ဆက်ဆံမှုတွေနဲ့လည်း သိပ်ကို ချိတ်ဆက်နေတယ်။ 93 00:05:08,840 --> 00:05:12,216 ခင်ဗျားတို့ စကားပြောရာတွင် လူတိုင်းအတွက် အသံတမျိုးစီကို သုံးပါတယ်။ 94 00:05:12,240 --> 00:05:15,736 ကျွန်မက ခင်ဗျားတို့ အသံရဲ့ အပိုင်းစကို ယူပြီး ဆန်းစစ်ကြည့်ရင်၊ 95 00:05:15,760 --> 00:05:19,136 ခင်ဗျား ပြောနေတာက မိခင်နဲ့လား၊ ညီနဲ့လား မိတ်ဆွေနဲ့လား၊ အလုပ်ရှင်နဲ့လား၊ 96 00:05:19,160 --> 00:05:20,776 ကျွန်မ ပြောနိုင်ပါတယ်။ 97 00:05:20,800 --> 00:05:25,976 ကျွန်မတို့ဟာ အသံအနေအထားကို ဟောကိန်း ထုတ်ဖို့ သုံးနိုင်ပါသေးတယ် 98 00:05:26,000 --> 00:05:29,936 ခင်ဗျားတို့က တယောက်ယောက်နဲ့ စကား ပြောဖို့သုံးတဲ့ အသံအနေအထားကို ဆိုလိုတာပါ။ 99 00:05:29,960 --> 00:05:33,176 ခင်ဗျားရဲ့ ခင်ပွန်းနဲ့ ခင်ဗျား ပြောပုံ အသံအနေအထားက 100 00:05:33,200 --> 00:05:36,880 ခက်ဗျာတို့ ခွဲဖြစ်မလားကိုသာမက ဘယ်တော့ ခွဲဖြစ်မှာကို ဟောပေးနိုင်ပါတယ်။ 101 00:05:38,560 --> 00:05:41,000 ဒီတော့ အသံကို နားထောင်ရင်း သင်ယူစရာတွေ အများကြီးပါ။ 102 00:05:41,670 --> 00:05:44,456 ပြီးတော့ ကျွန်မတို့ဆီမှာ အသံတစ်မျိုးမက ရှိတာကို ခံယူပြီး 103 00:05:44,480 --> 00:05:46,496 လေ့လာရမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ 104 00:05:46,520 --> 00:05:50,376 ဒါကြောင့်၊ ကျွန်မတို့ အများစုမှာ ရှိတဲ့ အသံ သုံးမျိုး အကြောင်းကို ပြောပြချင်ပါတယ်၊ 105 00:05:50,400 --> 00:05:52,720 အဲဒါကို မျက်နှာဖုံးပုံစံလို့ ကျွန်မက ခေါ်ပါတယ်။ 106 00:05:53,520 --> 00:05:55,496 ကိုယ်က မျက်နှာဖုံးကို ကြည့်ကြည့်ရင်၊ 107 00:05:55,520 --> 00:05:57,800 လက္ခဧာ တစ်ခုကို ထိုးပြသလို မြင်ရမှာပါ။ 108 00:05:58,360 --> 00:06:00,496 ခင်ဗျားတို့ရဲ့ ထွက်သံ ဆိုပါစို့။ 109 00:06:00,520 --> 00:06:03,336 အဲဒါဟာ အသံဆိုင်ရာ အစဉ်အလာ စဉ်းစားကြပုံပါ၊ 110 00:06:03,360 --> 00:06:06,256 ကိုယ့်ကိုကိုယ် အပြင်ကမ္ဘာပေါ်သို့ ထိုးပြချင်တဲ့ နည်းလမ်းပါ။ 111 00:06:06,280 --> 00:06:09,400 ဒီလို ထိုးပြမှုရဲ့ နောက်ခံယန္တရားကို နားလည်ဖို့ လွယ်ပါတယ်။ 112 00:06:09,400 --> 00:06:11,896 ခင်ဗျားတို့ရဲ့ အဆုတ်က ချုံ့လျက် လေကို မှုတ်တင်ပြီး 113 00:06:11,920 --> 00:06:15,176 ခင်ဗျားတို့ရဲ့ အသံဆိုင်ရာ အခေါက်တွေကို တုန်ခါစေမှာမို့၊ 114 00:06:15,200 --> 00:06:16,696 အသံ ဆိုတာ ထွက်ပေါ်လာမယ်။ 115 00:06:16,720 --> 00:06:19,680 ပြီးတော့ ကိုယ်က အာခေါင်းကို ဖွင့်ပိတ်လိုက်ပုံကို လိုက်ပြီးတော့၊ 116 00:06:19,680 --> 00:06:23,336 ခင်ဗျားတို့ရဲ့ အသံဖြစ်ပေါ်ရာ လမ်းကြောင်းက အသံကို ပုံသွင်းပြောင်းပေးနိုင်တယ်။ 117 00:06:23,336 --> 00:06:24,856 လူတိုင်းရဲ့ အသံယန္တရားဟာ တူတယ်။ 118 00:06:24,880 --> 00:06:26,656 ဒါပေမဲ့ အသံတွေကျတော့ ထူခြားကြပါတယ်။ 119 00:06:26,680 --> 00:06:32,456 အရွယ်အစား၊ ဇီဝဖြစ်စဉ်၊ ဟော်မုန်းပမာဏတွေ မသိမသာ မတူခြင်းက 120 00:06:32,480 --> 00:06:35,750 အပြင်ကို ထွက်လာတဲ့ အသံကိုပါ မသိမသာ ကွဲပြားလာစေပါတယ်။ 121 00:06:35,750 --> 00:06:38,856 ပြီတော့ ခင်ဗျားတို့ရဲ့ ဦးနှောက်ကလည်း တော်လို့၊ သူများဆီမှ လာတဲ့ 122 00:06:38,880 --> 00:06:42,680 အခြားသူတွေရဲ့ ထွက်သံတွေရဲ့ မသိမသာ ကွဲပြားမှုကို ခံစားသိနိုင်ပါတယ်။ 123 00:06:43,020 --> 00:06:47,016 ကျွန်မတို့ ဓာတ်ခွဲခန်းမှာ အဲဒီလိုမသိမသာ ကွဲပြားချက်တွေကို စက်များအား နားလည်အောင် 124 00:06:47,040 --> 00:06:49,456 သင်ပေးဖို့ ကျွန်မတို့ ကြိုးစားနေကြတယ်။ 125 00:06:49,480 --> 00:06:55,336 ကျွန်မတို့ အလေးထား လေ့လာနေကြတာက အချိန်နဲ့တပြေးညီ စကားပြောသူကို ညွန်ပြမယ့် 126 00:06:55,360 --> 00:07:00,136 စနစ်ကို တီထွင်ဖို့အတွက်၊ လူအများကြီး ပါဝင်ပြောနေချိန်မျိုးမှာ-- 127 00:07:00,160 --> 00:07:02,980 ဘယ်သူတွေ ဝင်ပြောကြလဲ၊ ဘယ်သူတွေက စည်းဝေးမှာ မပြောဘူးလဲ-- 128 00:07:03,200 --> 00:07:05,690 အုပ်စုရဲ့ သိရှိနားလည်မှုကို မြှင့်ပေးရန်ပါ။ 129 00:07:05,960 --> 00:07:10,080 အဲဒီလို ကြိးစားရာမှာ အခက်အခဲ တစ်ခုက ကျွန်မတို့ရဲ့ အသံဟာ မတည်ငြိမ်ခြင်းပါ။ 130 00:07:11,000 --> 00:07:14,136 အသံဟာ ကိုယ်ပြောတဲ့ လူကို လိုက်ပြီး ပြောင်းလဲနေရုံသာမက 131 00:07:14,160 --> 00:07:17,096 အသက် တလျှောက်မှာလည်း ပြောင်းပါသေးတယ်။ 132 00:07:17,120 --> 00:07:19,386 အသံရဲ့ တသက်တာ ခရီး အစောပိုင်းနဲ့ အဆုံးပိုင်းမှာ 133 00:07:19,386 --> 00:07:22,056 အမျိုးသားသံနဲ့ အမျိုးသမီးသံဟာ ဆင်တူကြပါတယ်။ 134 00:07:22,080 --> 00:07:23,616 ခွဲခြားရန်အလွန်ခဲယဉ်းပါတယ်။ 135 00:07:23,640 --> 00:07:26,760 ငယ်ရွယ်တဲ့ ကလေးမလေးနဲ့ ငယ်တဲ့ ကောင်လေးရဲ့ အသံမျိုးဆိုပါစို့။ 136 00:07:28,280 --> 00:07:33,376 ဒါပေမဲ့ အဲဒီနောက် ကြားကာလာကျတော့ အသံဟာ ကိုယ်ရဲ့ သက်သေခံချက်လို ဖြစ်လာတတ်တယ်။ 137 00:07:33,400 --> 00:07:37,336 အများအားဖြင့် အမျိုးသားက လူပျိုဖြစ်စမှာ အတော်ကလေး ပြောင်းတတ်တယ်။ 138 00:07:37,360 --> 00:07:38,696 အမျိုးသမီး အသံတွေ ကျတော့၊ 139 00:07:38,720 --> 00:07:41,960 ကိုယ်ဝန်ရှိတိုင်းနဲ့ သွေးဆုံးချိန်မှာ ကြီးမားစွာ ပြောင်းလဲတတ်တယ်။ 140 00:07:43,320 --> 00:07:47,456 အဲဒီလို အသံ အမျိုးမျိုးကို သူများနဲ့ စကားပြောရာတွင် ခင်ဗျားတို့ ကြားရတာပါ။ 141 00:07:47,480 --> 00:07:50,680 အဲဒါတောင် ကျွန်မတို့ဟာ အသံကို ဘာဖြစ်လို့ ကောင်းကောင်း မသိကြသေးတာလဲ။ 142 00:07:51,600 --> 00:07:55,016 ကိုယ်က ကြားနေကြရတာက အဲဒီအသံမျိုး မဟုတ်တာ ဘာကြောင့်လဲ။ 143 00:07:55,040 --> 00:07:56,256 အဲဒါကို လေ့လာကြရအောင်။ 144 00:07:56,280 --> 00:07:59,800 ကိုယ်က မျက်နှာဖုံးကို ဝတ်လိုက်ရင် ကိုယ်က မျက်နှာဖုံးကို မမြင်နိုင်ဘူး။ 145 00:08:00,640 --> 00:08:04,560 ကိုယ်က မျက်နှာဖုံးကို ကြည့်ဖို့ကြိုးစားရင် ၎င်းရဲ့ အတွင်းပိုင်းကိုသာ မြင်နိုင်တယ်။ 146 00:08:05,240 --> 00:08:07,340 ပြီးတော့ အဲဒါက ခင်ဗျားတို့ရဲ့ ဝင်သံ ဖြစ်တယ်။ 147 00:08:07,970 --> 00:08:10,576 ဒီတော့ ကြားရတဲ့ အသံ တမျိုးဖြစ်နေတာကို နားလည်ဖို့အတွက်၊ 148 00:08:10,600 --> 00:08:14,280 အဲဒီဝင်သံအား သိရှိခံစားရမှု ယန္တရားကို နားလည်ရန် ကြိုးစားရပါမယ်။ 149 00:08:15,560 --> 00:08:18,496 ခင်ဗျားတို့ရဲ့ ခန္ဓာထဲမှာ အဲဒါကို ထွက်သံနဲ့ ခွဲခြားပစ်ဖို့ 150 00:08:18,520 --> 00:08:20,536 နည်းလမ်းတွေ အမျိုးမျိုး သုံးလို့ပါ။ 151 00:08:20,560 --> 00:08:24,056 အဲဒီအသံကို သိရှိနားလည်ဖို့အတွက် အသံဟာ ခင်ဗျားတို့ နားဆီကို သွားရပါမယ်။ 152 00:08:24,080 --> 00:08:26,656 ထွက်သံဟာ လေကို ဖြတ်လျက် လာရပြီး 153 00:08:26,680 --> 00:08:30,176 ကိုယ့် ဝင်သံကျတော့ ကိုယ့်အရိုးတွေမှ ဖြတ်ပြီး လာရပါတယ်။ 154 00:08:30,200 --> 00:08:32,310 အဲဒါကို အရိုးမှ ပို့ပေးသံလို့ ခေါ်ပါတယ်။ 155 00:08:32,640 --> 00:08:37,655 အဲဒါကြောင့် ခင်ဗျားတို့ရဲ့ ဝင်သံကို ကြားရပုံဟာ အသံ နည်းနည်းနိမ့်ပါမယ်၊ 156 00:08:37,679 --> 00:08:42,400 ပြီးတော့ ထွက်သံနဲ့စာရင် ဂီတသဘောအရ ပိုပြီးဂီတသဟဇာဖြစ်မှာပါ။ 157 00:08:43,400 --> 00:08:47,296 အဲဒီအသံ လျှောက်လာလျက် အတွင်းပိုင်း နားဆီကို ချဉ်းကပ်မယ်။ 158 00:08:47,320 --> 00:08:49,736 အဲဒီမှာ နောက်ယန္တရား တစ်ခု ဝင်ပြီး တာဝန်ယူလာပါမယ်။ 159 00:08:49,760 --> 00:08:51,856 အဲဒါဟာ စက်မှုဆန်ခါနဲ့ တူတယ်၊ 160 00:08:51,880 --> 00:08:55,416 ခင်ဗျားတို့ရဲ့ အတွင်းပိုင်းနားကို ကာကွယ်ပေးတဲ့ အကန့်လေးပါ၊ 161 00:08:55,440 --> 00:08:58,176 ခင်ဗျားတို့က အသံတစ်ခုခုကို ထုတ်လုပ်တိုင်း ကာကွယ်ပေးတယ်။ 162 00:08:58,200 --> 00:09:00,920 အဲဒီလိုနည်းဖြင့် ကြားရတာကိုလည်း တိုးတိုးလေး ကြားရစေမယ်။ 163 00:09:01,240 --> 00:09:04,200 ပြီးတော့ အဲဒီမှာ တတိယဖြစ်တဲ့ ဇီဝဆန်ခါ ရှိသေးတယ်။ 164 00:09:04,880 --> 00:09:09,136 ခင်ဗျားတို့ရဲ့ cochlea ခေါ် အသံကို စီမံ ပေးတဲ့ အတွင်းပိုင်း နားထဲက အပိုင်းဖြစ်ပြီး 165 00:09:09,160 --> 00:09:11,216 သက်ရှိ ဆဲလ်တွေနဲ့ ပြုလုပ်ထားတယ်။ 166 00:09:11,240 --> 00:09:14,336 အဲဒီ ဇီဝဆဲလ်တွေဟာ အသံကို သူတို့ ကြားရပုံ ကြိမ်ရေကို လိုက်ပြီး 167 00:09:14,360 --> 00:09:16,936 လုပ်ပုံလုပ်နည်းက မတူ ကွဲပြားပါလိမ့်မယ်။ 168 00:09:16,960 --> 00:09:18,360 အဲဒါဟာ အလေ့အထ သဘောမျိုးပါ။ 169 00:09:19,400 --> 00:09:20,936 အဲဒါရဲ့ ကျေးဇူးကြောင့်၊ 170 00:09:20,960 --> 00:09:24,016 ခင်ဗျားတို့ဟာ ကိုယ့်အသံကို တသက်လုံး အများဆုံး ကြားရပေမဲ့၊ 171 00:09:24,040 --> 00:09:26,520 လက်တွေ့မှာကျတော့ အခြားအသံတွေထက် လျော့ပြီး ကြားရတာပါ။ 172 00:09:27,280 --> 00:09:29,296 နောက်ဆုံး စတုတ္ထ ဆန်ခါ ရှိပါသေးတယ်။ 173 00:09:29,320 --> 00:09:30,840 အဲဒါက အာရုံကြောတွေရဲ့ ဆန်ခါပါ။ 174 00:09:31,760 --> 00:09:34,216 အာရုံကြောပညာရှင်တွေ မကြာသေးမီကမှ တွေ့လိုက်ကြတာက 175 00:09:34,240 --> 00:09:37,016 ခင်ဗျားက အသံထွက်ဖို့ ပါးစပ်ကို ဖွင့်ဟလိုက်တာနဲ့၊ 176 00:09:37,040 --> 00:09:39,840 ခင်ဗျားတို့ရဲ့ အသံဆိုင်ရာ အာရုံကြောဟာ ပိတ်သွားပါလိမ့်မယ်။ 177 00:09:42,400 --> 00:09:45,296 အဲဒါကြောင့် ခင်ဗျားက ခင်ဗျားရဲ့ အသံကို ကြားရပေမဲ့၊ 178 00:09:45,320 --> 00:09:49,600 ခင်ဗျားတို့ရဲ့ ဦးနှောက်ကျတော့ ကိုယ်ပြောလိုက်တာရဲ့ အသံကို မကြားရဘူး။ 179 00:09:52,040 --> 00:09:54,576 ဆင့်ကဲဖွံ့ဖြိုးမှု သဘောအရ အဲဒါကို နားလည်ရနိုင်ပါတယ်၊ 180 00:09:54,600 --> 00:09:57,576 ခင်ဗျားတို့ ပြောမယ့်စကားတွေကို ခင်ဗျားက သိရှိထားတော့ 181 00:09:57,600 --> 00:10:00,760 အဲဒီလို အသံကို နားထောင် ဆန်းစစ်ဖို့ အားထုတ် နေစရာ မလိုဘူးပေါ့။ 182 00:10:01,560 --> 00:10:04,890 အဲဒါကို ကြောင်းကျိုး စေ့ဆော်မှုလို့ ခေါ်ပြီး 183 00:10:04,890 --> 00:10:07,736 ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်းအတွက် စေ့ဆော်ပေးတာမျိုးပါ။ 184 00:10:07,760 --> 00:10:09,976 ကြောင်းကျိုး စေ့ဆော်မှုရဲ့ အဓိပ္ပါယ် အတိအကျက 185 00:10:10,000 --> 00:10:15,256 ဦးနှောက်မှ စေလွှတ်ပေးလိုက်တဲ့ လှုပ်ရှားရန် အမိန့်ရဲ့ မိတ္တူပါပဲ။ 186 00:10:15,280 --> 00:10:17,976 အဲဒီမိတ္တူဟာ လှုပ်ရှားမှုကိုယ်၌ကို ဖန်တီးမယ့်အစား 187 00:10:18,000 --> 00:10:21,976 ဦးနှောက်ရဲ့ အခြားနေရာတွေဆီကို ပို့ပေးလျက် 188 00:10:22,000 --> 00:10:24,160 ဖြစ်အံ့ဆဲဆဲ လှုပ်ရှားမှုကို အသိပေးဖို့ပါ။ 189 00:10:26,120 --> 00:10:29,600 အသံအတွက်ကျတော့ အဲဒီလို ကြောင်းကျိုး စေ့ဆော်မှု အမည်ဟာ တမျိုးပါ။ 190 00:10:30,480 --> 00:10:32,576 ကိုယ့်ရဲ့ အတွင်းသံပါ။ 191 00:10:32,600 --> 00:10:34,416 ဒီတော့ ထပ်ပြီး ပြောပါဦးမယ်။ 192 00:10:34,440 --> 00:10:36,836 ကျွန်ုပ်တို့ဆီမှာ ထွက်သံဆိုတဲ့ မျက်နှာဖုံး ရှိတယ်၊ 193 00:10:36,836 --> 00:10:39,310 မျက်နှာဖုံး အတွင်းပိုင်းမှာကျတော့ ဝင်သံပါ၊ 194 00:10:39,310 --> 00:10:41,656 ပြီးတော့ ကျွန်မတို့မှာ ကိုယ့်အတွင်းသံ ရှိသေးတယ်။ 195 00:10:41,680 --> 00:10:44,286 ဒါကို ကျွန်မက ရုပ်သေး ဆရာပုံစံမျိုးနဲ့ မြင်စေချင်ပါတယ်၊ 196 00:10:44,286 --> 00:10:46,900 စနစ် တခုလုံးရဲ့ ကြိုးတွေ အားလုံးကို ကိုင်ထားသူပါ။ 197 00:10:47,440 --> 00:10:49,056 အတွင်းသံ ဆိုတာက 198 00:10:49,080 --> 00:10:51,920 စာကို တိတ်ဆိတ်စွာ ဖတ်နေတုန်း ကြားရတဲ့ အသံပါ၊ 199 00:10:52,050 --> 00:10:55,560 အရေးကြီးတဲ့ ဆွေးနွေးစရာ အကြောင်းကို လေ့ကျင့်နေတဲ့ အချိန်မှာ ကြားရတာပါ။ 200 00:10:56,170 --> 00:10:58,376 တခါတရံမှာ အဲဒါကို ပိတ်ချဖို့ မလွယ်ဘူး။ 201 00:10:58,400 --> 00:11:02,456 ကိုယ့်မိခင်ဘာသာနဲ့ ရေးထားတဲ့ စာကို အဲဒီ အတွင်းသံ မပါနဲ့ဘဲ 202 00:11:02,480 --> 00:11:04,560 ဖတ်ဖို့ မလွယ် ဖြစ်တတ်ပါတယ်။ 203 00:11:05,390 --> 00:11:08,136 အမှတ်တမဲ့ ကိုယ်ကြားလိုက်ရတဲ့ သီချင်းကို မဆိုချင်တောင် 204 00:11:08,160 --> 00:11:09,976 ထပ်တလဲလဲ ဆိုမိတဲ့ အသံလည်း ဖြစ်တယ်။ 205 00:11:10,000 --> 00:11:11,200 (ရယ်သံများ) 206 00:11:13,280 --> 00:11:16,976 တချို့သူတွေဆိုရင် အဲဒီအသံကို လုံးဝကို မထိန်းချုပ်နိုင်ကြပါဘူး။ 207 00:11:17,000 --> 00:11:19,350 စိတ်ကစဉ့်ကလျား ရောဂါရှိသူတွေ ဖြစ်တတ်ကြတယ်၊ 208 00:11:19,350 --> 00:11:21,776 သူတို့ဟာ အသံတွေကို တချိန်လုံး ကြားနိုင်ကြတယ်။ 209 00:11:21,800 --> 00:11:24,810 သူတို့ဟာ အတွင်းမှ လာတဲ့ အသံတွေနဲ့ အပြင်မှ လာတဲ့ အသံတွေကို 210 00:11:24,810 --> 00:11:26,656 သူတို့ ခေါင်းထဲမှာ ခွဲဝေ မရတတ်ကြပါ။ 211 00:11:26,680 --> 00:11:30,056 ဒါကြောင့် ကျွန်မတို့ ဓာတ်ခွဲခန်းမှာ၊ အဲဒီလို သူတွေအတွက် အသံဟာ 212 00:11:30,080 --> 00:11:32,616 အတွင်းသံလား၊ အပြင်မှ အသံလား ခွဲခြားရာတွင် ကူပေးကြမယ့် 213 00:11:32,640 --> 00:11:35,280 ကိရိယာလေးတွေကို တီထွင်ဖို့ အားထုတ်နေကြတယ်။ 214 00:11:36,760 --> 00:11:40,880 ဒီနေရာမှာ အတွင်းသံနဲ့ အိပ်မက်ထဲ ကြားရတဲ့ အသံအကြောင်းကိုလည်း စဉ်းစားသင့်တယ်။ 215 00:11:40,880 --> 00:11:43,216 အတွင်းသံဟာ ပုံစံအမျိုးမျိုးနဲ့ ရှိုနိုင်ပါတယ်။ 216 00:11:43,240 --> 00:11:46,960 အိပ်မက်ထဲမှာ ကျွန်မတို့ဟာ အဲဒီအတွင်းသံ အတွက် တံခါးဖွင့်ပေးသလိုပါ။ 217 00:11:46,960 --> 00:11:49,536 အဲဒါဟာလည်း ကျွန်မတို့ ဓာတ်ခွဲခန်းရဲ့ နောက် အလုပ်တခုပါ- 218 00:11:49,560 --> 00:11:52,720 အိပ်မက်ထဲက အတွင်းသံကို ရယူဖို့ ကြိးစားနေကြတယ်။ 219 00:11:54,280 --> 00:11:56,576 ကိုယ်က အတွင်းသံကို မထိန်းချုပ်နိုင်ပေမဲ့-- 220 00:11:56,600 --> 00:11:58,430 ကိုယ်က ၎င်းကို တွဲခေါ်သုံးနိုင်ပါတယ်၊ 221 00:11:58,430 --> 00:12:00,730 ဆွေးနွေးမှုမှ၊ အတွင်းပိုင်း ဆွေးနွေးမှုများနဲ့ပါ။ 222 00:12:00,730 --> 00:12:03,466 အဲဒီ အတွင်းသံဟာ အတွေးအခေါ်များနဲ့ လုပ်ဆောင်ချက်တွေ အကြားက 223 00:12:03,466 --> 00:12:06,000 ပျောက်နေတဲ့ ချိတ်ဆက်မှု ဖြစ်တာကို မြင်လို့ ရနိုင်တယ်။ 224 00:12:07,930 --> 00:12:11,776 ဒီတော့ ခင်ဗျားတို့ရဲ့ အသံမျိုးစုံကို ပြီးတော့ ခင်ဗျားတို့ရဲ့ အပြင်သံ၊ အတွင်းသံ 225 00:12:11,800 --> 00:12:14,940 များရဲ့ အခန်းကဏ္ဍကို ပုံစံအသစ်ဖြင့် 226 00:12:14,940 --> 00:12:17,816 နားလည်နိုင်အောင် ကျွန်မ ကူပေးခဲ့တယ်လို့ မျှော်လင့်ချင်ပါတယ်- 227 00:12:17,840 --> 00:12:22,256 အသံဟာ ခင်ဗျားတို့အား လူသားရယ်လို့ ဖြစ်လာစေဖို့နဲ့ ကမ္ဘာကြီးနဲ့ တုံ့ပြန် 228 00:12:22,280 --> 00:12:24,980 ဆက်သွယ်ဖို့ အရေးကြီးဆုံး အဆုံးအဖြတ်ပေးတဲ့ အရာမို့လို့ပါ။ 229 00:12:25,120 --> 00:12:26,336 ကျေးဇူးတင်ပါတယ်။ 230 00:12:26,360 --> 00:12:29,200 (လက်ခုပ်သံများ)