< Return to Video

ဘာကြောင့် Fahrenheit 451 ကို ဖတ်သင့်တာလဲ။

  • 0:07 - 0:08
    “မီးရှို့ရတာ ဝမ်းမြောက်စရာတစ်ခုပါ။
  • 0:08 - 0:11
    အရာဝတ္ထုကို မီးစားခံရတာ၊
    အရာဝတ္ထုတွေ မည်းသွားပြီး
  • 0:11 - 0:14
    ပြောင်းလဲသွားတာ မြင်ရတာ
    အထူး ဝမ်းမြာက်စရာတစ်ခုပါ။"
  • 0:14 - 0:19
    Fahrenheit 451 ဟာ အလွန်ရွှင်မြူးနေတဲ့
    မီးတောက်ပြင်းပြင်းတစ်ခုနဲ့ဖွင့်ပြီး
  • 0:19 - 0:22
    မကြာခင်မှာ မီးလောင်ပျက်စီးသွားတာကို
    သိလိုက်ရပါတယ်။
  • 0:22 - 0:24
    Ray Bradbury ရဲ့ ဝတ္ထုဟာ ဘဝ
    နယ်ပယ်အားလုံးက
  • 0:24 - 0:28
    စာအုပ်တွေကို ပိတ်ပင်ပြီး
    ဖတ်ဖို့နေနေသာသာ ပိုင်ဆိုင်မှုကိုပါ
  • 0:28 - 0:32
    တားမြစ်ထားတဲ့ ကမ္ဘာတစ်ခုကို
    စိတ်ကူးထားတာပါ။
  • 0:32 - 0:37
    ဇာတ်လိုက် Montag ဟာ အကျန်တွေကို
    ဖျက်ဆီးဖို့ တာဝန်ရှိတဲ့ မီးသတ်သမားတစ်ဦးပါ။
  • 0:37 - 0:40
    ဒါပေမဲ့ သူ့ရဲ့ပျော်ရွှင်မှုက သံသယစိတ်ကို
    ဖွင့်ပေးတယ်၊
  • 0:40 - 0:45
    ဇာတ်လမ်းရဲ့ အရေးပါတဲ့မေးခွန်းတေွက
    လွတ်လပ်တဲ့ဆန္ဒ၊ ခံစားချက်ကိုထုတ်ဖော်မှု
  • 0:45 - 0:50
    သိလိုမှုတွေကို အပြင်းအထန်ဝေဖန်ခံရတဲ့
    လူ့အဖွဲ့အစည်းမှာ စိတ်ကို ထိန်းနိုင်ပုံပါ။
  • 0:50 - 0:54
    Montag ရဲ့ကမ္ဘာထဲမှာ လူထုဆက်သွယ်ရေးဟာ
    သတင်းအချက်အလက်ကို ချုပ်ကိုင်ထားပြီး
  • 0:54 - 0:58
    လွတ်လပ်တဲ့ တွေးခေါ်နိုင်စွမ်း အာလုံး
    နီးပါးကို ဖျက်ပစ်နေတယ်။
  • 0:58 - 1:01
    မြေအောက်ဘူတာမှာ ကြော်ငြာတွေက
    နံရံတွေကနေ ဟိန်းဟောက်တယ်။
  • 1:01 - 1:06
    အိမ်မှာ Montag ရဲ့ဇနီးသည် Mildred ဟာ
    ရေဒီယိုကို နေ့ရောညပါ နားထောင်ပြီး
  • 1:06 - 1:10
    သူတို့ရဲ့ ဧည်ခန်းနံရံ သုံးခုဟာ ဖန်ပြင်တွေ
    ပိန်းပတ်အောင် ကပ်ထားတယ်။
  • 1:10 - 1:14
    အလုပ်မှာ ဆေးလိပ်သောက်ပြီး အချိန်ကုန်ဖို့
    ကြွက်နံ့ခံဖို့ အမဲလိုက်ခွေးရုပ် ဆင်ထားတဲ့
  • 1:14 - 1:19
    Montag ရဲ့ အလုပ်ဖော်တွေအပေါ်မှာ
    ရေနံဆီနံ့က မွှန်ထူနေတယ်၊
  • 1:19 - 1:23
    အချက်ပေးသံမြည်တဲ့အခါ ပုတ်သင်ညိုပုံ
    ယာဉ်တွေထဲကို တဟုန်ထိုးတက်ကြတယ်၊
  • 1:23 - 1:27
    တစ်ခါတစ်လေမှာ စာကြည့်တိုက်တစ်ခုလုံးကို
    ပြချဖို့ပေါ့။
  • 1:27 - 1:31
    ဒါပေမဲ့ 'လိပ်ပြားမည်းတွေလို ကျမ်းဂန်တွေ
    ကို တစ်နေ့ပြီးတစ်နေ့ မီးရှို့စဉ်မှာ
  • 1:31 - 1:37
    Montag ရဲ့ စိတ်ဟာ သူ့အိမ်မှာ ဝှက်ထားတဲ့
    တရားမဝင်ကုန်တွေဆီ မကြာခဏ ရောက်သွားတယ်။
  • 1:37 - 1:40
    တဖြည်းဖြည်း သူ့အလုပ်ရဲ့ အခြေခံ
    အကြောင်းအရင်းကို မေးခွန်းစထုတ်တယ်။
  • 1:40 - 1:44
    အမြဲ စိတ်မသက်မသာဖြစ်တာ
    Montag သဘောပေါက်ပေမဲ့
  • 1:44 - 1:48
    လူ့အဖွဲ့အစည်းတစ်ခုမှာမှာ သူ့ခံစားချက်ကို
    ဖော်ပြဖို့ သရုပ်ဖော်ဖို့ စကားလုံးမဲ့ခဲ့တယ်
  • 1:48 - 1:53
    အဲဒီမှာက "တစ်ခါတုန်းက"လို စကားစုကို
    ပြောမိရင်တောင် သေနိုင်တယ်လေ။
  • 1:53 - 1:55
    Fahrenheit 451 ဟာ စောင့်ကြည်မှု၊
    စက်ရုပ်အသုံးချမှုပညာ၊
  • 1:55 - 1:59
    ပကတိနီးပါးဖြစ်မှု စိုးမိုးတဲ့
    ကမ္ဘာတစ်ခုကို သရုပ်ဖော်ပါတယ်၊
  • 1:59 - 2:04
    အံ့ဖွယ် ကြိုမြင်နိုင်မှုကို သက်သေပြရုံမက
    အချိန်ရဲ့ ပူပန်စရာတွေကိုပါ ပြောတဲ့အမြင်ပါ။
  • 2:04 - 2:09
    ဒီဝတ္ထုကို စစ်အေးခေတ်ရဲ့ အထွတ်အထိပ်
    ၁၉၅၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
  • 2:09 - 2:13
    ဒီခေတ်က Bradbury ရဲ့ မွေးရပ်မြေ
    အမေရိကန်ပြည်ထောင်စု အနှံ့အပြားမှာ
  • 2:13 - 2:16
    သတင်းအချက်အလက် ဖုံးဖိမှုနဲ့ ရက်စက်တဲ့
    အစိုးရ ထောက်လှမ်းမှုတွေကနေ
  • 2:16 - 2:21
    ချဲ့ပေးတဲ့ပျံ့နှံ့နေတဲ့ သံသယလွန်ကဲမှုနဲ့
    အကြောက်တရားကို နှိုးဆွပေးခဲ့တယ်။
  • 2:21 - 2:24
    အထူးသဖြင့်တော့ ဒီဖယ်ရှားသုတ်သင်မှု
    စိတ်သဘောထားက
  • 2:24 - 2:29
    ကွန်မြူနစ် ထောက်ခံသူတွေလို့ သံသယဖြစ်ခံရတဲ့
    အနုအညာရှင်တွေ၊စာရေးဆရာတွေက ပစ်မှတ်ပါ။
  • 2:29 - 2:32
    Bradbury ဟာ ဒီယဉ်ကျေးမှုဆိုင်ရာ
    ဖြိုခွင်းမှုမှာ အထိတ်တလန့်ဖြစ်တယ်။
  • 2:32 - 2:36
    နောက်စိစစ်ဖြတ်တောက်မှုအတွက် မလုံခြုံတဲ့
    သာဓကတစ်ခု ချမှတ်တာလို့ ယုံကြည်ခဲ့ပြီး
  • 2:36 - 2:39
    Library of Alexandria
    ပျက်စီးခြင်းနဲ့ ဖက်ဆစ် အစိုးရတွေရဲ့
  • 2:39 - 2:42
    စာအုပ် မီးရှို့ခြင်းကို အမှတ်ရမိခဲ့တယ်။
  • 2:42 - 2:46
    ဒီကျောချမ်းစရာ ဆက်နွယ်မှုတွေကို စာရွက်
    လောင်ကျွမ်းတဲ့ အပူချိန်ကို အစွဲပြုပြီး
  • 2:46 - 2:49
    ခေါင်းစဉ်ထပ်ထားတဲ့ Fahrenheit 451 မှာ
    စူးစမ်းဖော်ထုတ်ထားတယ်။
  • 2:49 - 2:53
    ဒီအပူချိန်ရဲ့ တိကျမှုဟာ သံသယဖြစ်ခံရပေမဲ့
    စိတ်ကူးယဉ်ဆိုးဝါးတဲ့ ဇာတ်လမ်းရဲ့
  • 2:53 - 2:55
    ပြောင်မြောက်တဲ့ လက်ရာတစ်ခုဖြစ်တဲ့
  • 2:55 - 2:58
    ဝတ္ထုရဲ့ ရပ်တည်မှုကိုတော့ သေးသိမ်အောင်
    မလုပ်ပါဘူး။
  • 2:58 - 3:03
    စိတ်ကူးယဉ် အခြေအနေဆိုး ဇာတ်လမ်းဟာ ဝန်းကျင်
    လောကရဲ့ စိတ်ညစ်စရာ အင်္ဂါတွေရပ်ကို ချဲ့ကာ
  • 3:03 - 3:07
    ၎င်းတို့ကို အစွန်းရောက်မှုဆီ ခေါ်တာရဲ့
    အကျိုးဆက်တွေကို မြင်ယောင်တဲ့ စာပေအဖြစ်ပါ။
  • 3:07 - 3:09
    စိတ်ကူး အခြေအနေဆိုး ဇာတ်လမ်းတွေမှာ
  • 3:09 - 3:13
    အစိုးရဟာ ဆန္ဒမရှိတဲ့ ပြည်သူပြည်သားတွေအပေါ်
    တင်းကျပ်မှုတွေ ပြဌာန်းတာပါ။
  • 3:13 - 3:15
    ဒါပေမဲ့ Fahrenheit 451 မှာတော့
  • 3:15 - 3:18
    လက်ရှိ အစိုးရစနစ် ဖြစ်ပေါ်စေတာက
    လူထုရဲ့ စိတ်မဝင်စားမှုဆိုတာ
  • 3:18 - 3:20
    Montag သိလိုက်တယ်။
  • 3:20 - 3:23
    အစိုးရဟာ တိုတောင်းတဲ့
    အာရုံစိုက်မှုသက်တမ်းတွေနဲ့
  • 3:23 - 3:29
    ပညာမပါတဲ့ ဖျော်ဖြေမှုအတွက် ဆန္ဒ၊ စိတ်ကူး
    ပျံ့နံ့မှုကို ပြာချရာ အမြတ်ထုတ်ရုံပါ။
  • 3:29 - 3:34
    ယဉ်ကျေးမှု ပျောက်ကွယ်စဉ်မှာ စိတ်ကူးနဲ့
    မိမိခံစားချက်ထုတ်ဖော်မှု လိုက်ပါသွားတယ်။
  • 3:34 - 3:36
    လူတွေပြောပုံတောင်မှ
    တိုအောင်ဖြတ်လိုက်တယ်။
  • 3:36 - 3:42
    ဥပမာ Montag ရဲ့အကြီးအကဲ Captain Beatty က
    လူထုယဉ်ကျေးမှု အရှိန်ကို သရုပ်ဖော်တဲ့အခါ။
  • 3:42 - 3:47
    "ရုပ်ရှင်အရှိန်မြှင့် Montag အမြန်၊ချောက်၊
    ရုပ်ပုံ၊၊ကြည့်၊ မျက်စီ၊ကဲ၊ ရုပ်ရှင်၊ဒီမှာ
  • 3:47 - 3:53
    ဒီမှာ၊ သုတ်ကနဲ၊ လှမ်း၊ ထက်၊အောက်တွင်းပြင်
    ဘာကြောင့်၊ ဘယ်လို၊ လာ၊ ဘယ်မှာ အာ့၊ ဟာ။
  • 3:53 - 3:58
    ဒိုင်း၊ ဖြန်း၊ နှက်ကွ၊ ဘုန်း၊ ဘုန်းဘုန်း၊
    အတိုချုပ်ကို အတိုချုပ်၊ အတိုချုပ်၊
  • 3:58 - 4:04
    နိုင်ငံရေးလား၊ တစ်ကော်လံ၊ စာနှစ်ကြောင်း၊
    ခေါင်းစဉ်တစ်ခု၊ နောက် လေထဲမှာ အကုန်ပျောက်"
  • 4:04 - 4:09
    အကျိုးမဲ့တဲ့လောကထဲမှာ 
ဆုပ်ကိုင်စရာဆိုလို့
    ဘာမှမရှိတော့တဲ့အခါ ခုခံဖို့ ခက်ခဲပုံကို
  • 4:09 - 4:11
    Montag သိလိုက်ရတယ်။
  • 4:11 - 4:15
    ခြုံကြည့်လိုက်ရင် Fahrenheit 451 ဟာ
    ကွယ်ပျာက်လုဆဲဆဲ ပုဂ္ဂလိက အတွေးရဲ့
  • 4:15 - 4:16
    စာပန်းချီတစ်ခုဖြစ်ပြီး
  • 4:16 - 4:20
    ကိုယ်တိုင် လောင်ကျွမ်းမှုထဲက 
ကြံရာပါ
    လူ့အဖွဲ့အစည်းတစ်ခုအကြောင်း
  • 4:20 - 4:22
    ပုံဆောင်ဝတ္ထုတစ်ပုဒ်ပါ။
Title:
ဘာကြောင့် Fahrenheit 451 ကို ဖတ်သင့်တာလဲ။
Speaker:
Iseult Gillespie
Description:

သင်ခန်းစာအပြည့်အစုံကို https://ed.ted.com/lessons/why-should-you-read-fahrenheit-451-iseult-gillespie တွင်ကြည့်ရှုပါ။

Ray Bradbury ရဲ့ ဝတ္ထုဟာ ဖတ်ဖို့နေနေသာသာ စာအုပ်တွေကို ပိတ်ပင်ပြီး ပိုင်ဆိုင်တာပါ တားမြစ်ထာတဲ့ ကမ္ဘာတစ်ခုကို စိတ်ကူးထားတာပါ။ ဇာတ်လိုက် Montag ဟာ အကျန်တွေကို ဖျက်ဆီးဖို့ တာဝန်ရှိတဲ့ မီးသတ်သမားတစ်ဦးပါ။ ဒီဇာတ်လမ်းက မေးခွန်းထုတ်ထားတာ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ နဲ့ မိမိခံစားချက်ကိုထုတ်ဖော်ခြင်းနဲ့ သိလိုမှုတွေကို အပြင်းအထန်ဝေဖန်ခံရတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ သင့်စိတ်ကို ဘယ်လို ထိန်းသိမ်းထားနိုင်သလဲဆိုတာပါ။ Iseult Gillespie ကနေပြီး အရာရာ အဆင်မပြေဘူးလို့ စိတ်ကူးထားတဲ့ အခြေအနေထဲက ဝတ္ထုတစ်ပုဒ်ကို ဘာက ဂန္ဓဝင်မြောက်ဖြစ်စေလဲဆိုတာကို စစ်ကြောထားပါတယ်။

သင်ခန်းစာကို Iseult Gillespie က ပြုစုပြီး Anton Bogaty က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:22

Burmese subtitles

Revisions