နာကျင်မှုမရှိတဲ့ ဘဝမျိုးကို သင် ရွေးချယ်မလား။ Hayley Levitt and Bethany Rickwald
-
0:07 - 0:10ကျန်နေသေးတဲ့ သင့်ဘဝအတွက်
အန္တိမ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးမယ့်် -
0:10 - 0:13စက်တစ်ခုထဲမှာ သင့်ဦးနှောက်ကို
ပလပ်ထိုးနိုင်တယ်လို့ စိတ်ကူးကြည့်ပါ။ -
0:13 - 0:18ဒီလိုဘဝမျိုနဲ့ နေထိုင်ရန် စာရင်းပေးဖို့
ရွေးချယ်ခွင့်ရှိရင် သင် ရွေးမလား။ -
0:18 - 0:20ဒါက Experience Machine လို့ခေါ်တဲ့
အတွေး စမ်းသပ်မှုကနေ -
0:20 - 0:24ဒဿနပညာရှင် Robert Nozick
ထုတ်ထားတဲ့ မေးခွန်းပါ။ -
0:24 - 0:26စမ်းသပ်မှုက ကျွန်ုပ်တို့ကို
တွေးကြည့်ခိုင်းတာက -
0:26 - 0:30နာကျင်မှုမပါတဲ့ ပျော်ရွှင်မှု အတွေ့အကြုံ
တွေ သက်သက်ကို အာမခံရင်း -
0:30 - 0:36သိပ္ပံပညာရှင်တွေဟာ လက်တွေ့ဘဝနဲ့ တူအောင်
ဖန်တီးထားတဲ့ စက်တစ်လုံးရှိတဲ့ကမ္ဘာတစ်ခုပါ။ -
0:36 - 0:37အဲဒီလိုဆို ရင်ဆိုင်ရမယ့် ပြဿနာက ဘာလဲ။
-
0:37 - 0:39သင်ဟာ ဒိဌအဖြစ်ကို
နောက်ချန်ထားခဲ့ရမှာဖြစ်ပေမဲ့ -
0:39 - 0:41ခြားနားမှုကို မသိသလောက်ဖြစ်နေမှာပါ။
-
0:41 - 0:44သင့် အတွေ့အကြုံတွေဟာ ဒိဌအဖြစ်ကနေ
ခွဲခြားလို့ရနိုင်မှာ မဟုတ်ပါဘူး။ -
0:44 - 0:46ဘဝရဲ့ သဘာဝ အနိမ့်၊ အမြင့်တွေဟာ
-
0:46 - 0:50အဆုံးမဲ့ အမြင့် အစဉ်အတန်းကြီးနဲ့သာ
အစားထိုးပေးလိမ့်မယ်။ -
0:50 - 0:51အံ့ဖွယ် ထင်စရာပဲနော်။
-
0:51 - 0:56မက်မောစရာ ကမ်းလှမ်းမှုတစ်ခုလိုထင်ရပေမဲ့
ထင်ရသလောက်တော့ အကောင်းဆုံး မဖြစ်လောက်ဘူး။ -
0:56 - 1:00ဒီစမ်းသပ်မှုက တကယ်က ပျော်ရွှင်မှုပဓာနဝါဒ
လို့ခေါ်တဲ့ ဒဿနဆိုင်ရာ အယူအဆတစ်ခုကို -
1:00 - 1:02ချေပဖို့ ပုံစံထုတ်ထားတာပါ။
-
1:02 - 1:03ပျော်ရွှင်မှုပဓာနဝါဒီတွေ အရ
-
1:03 - 1:07အသားတင် ပျော်ရွင်မှုကို များနိုင်သမျှ
များအောင်လုပ်ခြင်းဟာ ဘဝမှာ အရေးအကြီးဆုံး၊ -
1:07 - 1:10ပျော်ရွှင်မှုဟာ ဘဝက ပေးစရာရှိတဲ့
အကြီးကျယ်ဆုံး ကောင်းကျိုးဖြစ်လို့တဲ့။ -
1:10 - 1:13ပျော်ရွှင်မှုဝါဒီတွေအတွက် လူတစ်ယောက်က
ကိုယ်တိုင်အတွက် လုပ်နိုင်တဲ့ -
1:13 - 1:17အကောင်းဆုံး ရွေးချယ်မှုက နာကျင်မှု
ယူမလာဘဲ တတ်နိုင်သမျှ အကြီးမားဆုံး -
1:17 - 1:19ပျော်ရွှင်မှု ပမာဏ ဆောင်ကြဉ်းပေးတဲ့
တစ်ခုပါ။ -
1:19 - 1:24ကန့်သတ်မဲ့ပျော်ရွှင်မှု အနုတ် သုညနာကျင်မှု
က အများဆုံး အသားတင်ပျော်ရွှင်မှုနဲ့ ညီတယ်။ -
1:24 - 1:28သို့) တစ်နည်းပြောရရင် Experience Machine
က ပေးတဲ့ အလားတူ စိတ်မှန်းဖြစ်နိုင်ခြေပါ။ -
1:28 - 1:31ဒီတော့ ပျော်ရွှင်မှုပဓာနဝါဒက
သင့်ရွေးချယ်မှု ဒဿနဆိုရင် -
1:31 - 1:34ပလပ်ထိုးခြင်းဟာ ဦးနှောက်စားစရာ
တစ်ခု ဖြစ်မှာမဟုတ်ဘူး။ -
1:34 - 1:37ဒါပေမဲ့ ပျော်ရွှင်မှု သက်သက်ထက်
ဘဝမှာ ပိုရှိတယ်ဆိုရင်ရော။ -
1:37 - 1:39ဒါက အတွေး စမ်းသပ်ချက်
Experience Machine ကနေ -
1:39 - 1:42သူ သရုပ်ပြနေတာလို့ Nozick ယုံကြည်မိတာပါ။
-
1:42 - 1:45ဒီစက်ရဲ့ ကတိက အသားတင်
ပျော်ရွှင်မှု အများဆုံးဆိုပေမဲ့ -
1:45 - 1:48ဒီအဆိုကို သုံးသပ်ဆင်ခြင်သူ
အခြား စမ်းသပ်သူတွေလိုပဲ -
1:48 - 1:52ပလပ်တပ် မတပ်ဆင်ဖို့
အကြောင်း သူ ရှာနေတုန်းပါ။ -
1:52 - 1:57ဒါပေမဲ့ အန္တိမ ပျော်ရွှင်မှုရဲ့ အနာဂတ်
တစ်ခုကို ရွေးချယ်ဖို့ ဘာက တားဆီးနိုင်လဲ။ -
1:57 - 1:58ဒီအခြေအနေကို တွေးကြည့်ပါ။
-
1:58 - 2:01Betsy နဲ့ Xander ချစ်နေတဲ့
ရည်စူးထားတဲ့ သံယောဇဉ်တစ်ခုမှာပါ။ -
2:01 - 2:04Betsy ဟာ အရူးအမူးဖြစ်နေပြီး
ဒီထက် ပျော်တာ မရှိခဲ့ဖူးလို့ ခံစားရတယ်။ -
2:04 - 2:06ဒါပေမဲ့ Betsy သတိမထားမိဘဲ
-
2:06 - 2:09Xander ဟာ Betsy ရဲ့ညီမ Angelica နဲ့
ချစ်ဇာတ်လမ်းထွင်နေတယ်၊ -
2:09 - 2:14သူတို့ သံယောဇဉ် တစ်လျောက်လုံးမှာ
ရည်းစားစာတွေ၊ ချိန်းတွေတာတွေနဲ့ပါ။ -
2:14 - 2:16Betsy သိရှိသွားရင်
-
2:16 - 2:19ဒါက Xander နဲ Angelica နှစ်ယောက်စလုံးရဲ့
သူ့ဆက်ဆံရေးတွေကို ဖျက်ဆီးပစ်ပြီး -
2:19 - 2:23ဒီအတွေ့အကြုံက သူ နောက်ဘယ်တော့မှ
မချစ်ဖို့အထိ စိတ်ဒဏ်ရာရစေလိမ့်မယ်။ -
2:23 - 2:27Betsy ဟာ Xander ရဲ့ သစ္စာမဲ့မှုကို
မသိလောက်အောင် ကံကောင်းနေတော့ -
2:27 - 2:30ပျော်ရွှင်မှုပဓာနဝါဒီတွေကတော့ သူဟာ
အမှောင်ထဲမှာ ဆက်ရှိနေပြီး -
2:30 - 2:34အသားတင် ပျော်ရွှင်မှုရဲ့ မြင့်တဲ့အဆင့်ကို
ထိန်းတာက ပိုကောင်းတယ်လို့ပြောမှာပါ -
2:34 - 2:36ဒီဆက်ဆံရေးကို Betsy လုံးဝ
ရှာမတွေ့သရွေ့ -
2:36 - 2:41လက်ရှိအတိုင်း ပျော်ရွှင်စွာ ဆက်ရှိဖို့
သူ့ဘဝကို အာမခံထားတယ်။ -
2:41 - 2:46ဒီတော့ သူ့အခြေအနေရဲ့ အမှန်တရားကို
သိခြင်းဆိုတဲ့ တန်ဖိုး Besty ဆီမှာ ရှိလား။ -
2:46 - 2:48သင်ဟာ Betsy လို့ စိတ်ကူးကြည့်ပါ။
-
2:48 - 2:50အမှန်တရားကို သိဖို့ သင် ပိုလိုလားလား။
-
2:50 - 2:51အဖြေက ဟုတ်တယ်ဆိုရင်
-
2:51 - 2:55သင့် အသားတင် ပျော်ရွှင်မှုကို သိသာစွာ
လျော့စေတဲ့ ရွေးချယ်မှုတစ်ခု လုပ်လိမ့်မယ်။ -
2:55 - 2:58ပျော်ရွှင်မှုထက် ပိုကြီးကျယ်တဲ့
ပင်ကိုတန်ဖိုးနဲ့အတူ -
2:58 - 3:01ဘဝမှာ အကြောင်းအရာတွေရှိတယ်လို့
သင်ယုံကြည်တာဖြစ်နိုင်တယ်။ -
3:01 - 3:05အမှန်တရား၊ အသိသုတ၊ အခြားလူသားတွေနဲ့
စစ်မှန်တဲ့ ဆက်သွယ်မှု။ -
3:05 - 3:08ဒါတွေက စာရင်းပြုနိုင်လောက်တဲ့
အရာအားလုံးပါ။ -
3:08 - 3:09အမှန်တရားကို လုံးဝ မသိခြင်းက
-
3:09 - 3:13Betsy ဟာ ကိုယ်ပိုင် Experience Machine မှာ
အခြေခံအားဖြင့် ဘဝ ရှင်သန်နေတယ်။ -
3:13 - 3:17ဒိဌဖြစ်ရပ်ကို အခြေမခံတဲ့
ပျော်ရွှင်မှုရဲ့ ကမ္ဘာတစ်ခုပါ။ -
3:17 - 3:19သုံးပွင့်ဆိုင် အချစ်က လွန်ကဲတဲ့
ဥပမာတစ်ခုဆိုပေမဲ့ -
3:19 - 3:24ဒါက ဘဝမှာ နေ့စဉ် ကျွန်ုပ်တို့ ပြုလုပ်တဲ့
ဆုံးဖြတ်ချက်များစွာကို ထင်ဟပ်ပါတယ်။ -
3:24 - 3:27ဒီတော့ Betsy(သို့)ကိုယ်တိုင်အတွက်
ရွေးချယ်တာလုပ်လုပ်၊မလုပ်လုပ် -
3:27 - 3:30ဒိဌဖြစ်ရပ်ဟာ အကြောင်းခံတစ်ခု
ဖြစ်သင့်တယ်လို့ ဘာကြောင့် ထင်မိနိုင်တာလဲ။ -
3:30 - 3:33ပျော်စရာဖြစ်စေ၊ နာကျင်စရာဖြစ်စေ
တကယ့်တွေ့ကြုံခံစားမှုတွေမှာ -
3:33 - 3:36ရှိရင်းစွဲ တန်ဖိုးရှိသလား။
-
3:36 - 3:37လက်တွေ့ဘဝရဲ့ ပျော်ရွှင်မှုတွေနဲ့
-
3:37 - 3:42နာကျင်မှုတွေကို တွေ့ကြုံခံစားနေတဲ့အခါ
မိမိကိုယ်မိမိ တန်ဖိုးပိုရှိလား။ -
3:42 - 3:44Nozick ရဲ့ စမ်းသပ်ချက်က အဖြေအားလုံးကို
မပေးလောက်ပေမဲ့ -
3:44 - 3:49ပြီးပြည့်စုံမှုမရှိသော်လည်း လက်တွေ့ဘဝဟာ
ပလပ်ထိုးထားခြင်းရဲ့ ပျော်ရွှင်မှုအလွန်က -
3:49 - 3:53ပင်ကို တန်ဖိုးတစ်ခုကို ဆုပ်ကိုင်ထားလာဆိုတာ
ကျွန်ုပ်တို့ကို မရမက စဉ်းစားခိုင်းတယ်။
- Title:
- နာကျင်မှုမရှိတဲ့ ဘဝမျိုးကို သင် ရွေးချယ်မလား။ Hayley Levitt and Bethany Rickwald
- Speaker:
- Bethany Rickwald and Hayley Levitt
- Description:
-
သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/would-you-opt-for-a-life-with-no-pain-hayley-levitt-and-bethany-rickwald တွင် ကြည့်ရှုပါ။
သင့်ရဲ့ ကျန်နေသေးတဲ့ ဘဝအတွက် အန္တိမ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးမယ့် စက်တစ်ခုထဲမှာ သင့်ဦးနှောက်ကို ပလပ်ထိုးနိုင်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ အဲဒီလိုဆို ရင်ဆိုင်ရမယ့် ပြဿနာက ဘာလဲ။ သင်ဟာ ဒိဌအဖြစ်ကို ထာဝရ နောက်မှာ ချန်ထားခဲ့ရမယ်။ Hayley Levitt နဲ့ Bethany Rickwald တို့ကနေပြီး Experience Machine လို့ခေါ်တဲ့ Robert Nozick ရဲ့ အတွေး စမ်းသပ်မှုကို စူးစမ်းထားပါတယ်။
သင်ခန်းစာကို Levitt နဲ့ Bethany Rickwald တို့က ပြုစုပြီး သက်ဝင်လှုပ်ရှားမှုများကို Avi Ofer က ဖန်တီးထားပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:10
sann tint approved Burmese subtitles for Would you opt for a life with no pain? | ||
Myo Aung accepted Burmese subtitles for Would you opt for a life with no pain? | ||
Myo Aung edited Burmese subtitles for Would you opt for a life with no pain? | ||
sann tint edited Burmese subtitles for Would you opt for a life with no pain? | ||
sann tint edited Burmese subtitles for Would you opt for a life with no pain? | ||
sann tint edited Burmese subtitles for Would you opt for a life with no pain? | ||
sann tint edited Burmese subtitles for Would you opt for a life with no pain? | ||
sann tint edited Burmese subtitles for Would you opt for a life with no pain? |