< Return to Video

Sisyphus ရဲ့ ဒဏ္ဍာရီ။ Alex Gendler

  • 0:08 - 0:13
    လောင်ကျွမ်းနေတဲ့ ဘီးတစ်ဘီးမှာ ချည်
    နှောင်ခံရပြီး ပင့်ကူတစ်ကောင်အဖြစ်ပြောင်းတာ
  • 0:13 - 0:16
    (သို့) လူတစ်ဦးရဲ့ အသည်းကို
    လင်းယုန်စာ ကျွေးတာဖြစ်စေ
  • 0:16 - 0:19
    ဂရိဒဏ္ဍာရီဟာ သူတို့ကို အမျက်သင့်စေသူ
    သေမျိုးတွေအပေါ်
  • 0:19 - 0:23
    စက်ဆုပ်စရာ အနိဋ္ဌာရုံတွေဖြစ်စေတဲ့
    နတ်ဘုရာတွေရဲ့ ပုံပြင်တွေနဲ့ ပြည့်နေပါတယ်။
  • 0:23 - 0:26
    ဒါပေမဲ့ သူတို့ရဲ့ပြစ်ဒဏ်ပေးမှုတွေထဲက
    အကျော်ကြားဆုံးတစ်ခုကတော့
  • 0:26 - 0:33
    တရားလွန်ရက်စက်မှုကြောင့် အမှတ်ရတာမဟုတ်ပဲ
    ၎င်းရဲ့ လန့်စရာ အကျွမ်းဝင်မှုကြောင့်ပါ။
  • 0:33 - 0:39
    Sisyphus ဟာ အခု Corinth လို့သိကြတဲ့
    Ephyra ရဲ့ ပထမဆုံး ဘုရင်ပါ။
  • 0:39 - 0:44
    သူ့ရဲမြို့ကို ဖြစ်ထွန်းစည်ပင်စေတဲ့
    တော်တဲ့ ခေါင်းဆောင်ဆိုပေမဲ့
  • 0:44 - 0:49
    တူမကိုမြှူဆွယ်၊ အာဏာပြဖို့ ဧည့်သည်တွေကို
    သတ်ခဲ့တဲ့ စဉ်းလဲတဲ့အာဏာရှင်လည်းဖြစ်ခဲ့တယ်။
  • 0:49 - 0:56
    အထွတ်အမြတ်ထားရာ ပျူငှာမှု အစဉ်အလာ
    ချိုးဖောက်မှုက နတ်ဘုရားတွေကို အမျက်ရှစေတယ်
  • 0:56 - 0:59
    ဒါပေမဲ့ Sisyphus ဟာ သူ့ရဲ့မဆင်မခြင်
    ယုံကြည်စိတ်သာ
  • 0:59 - 1:04
    မရှိခဲ့ဘူးဆိုရင် ပြစ်ဒဏ်ကို
    ရှောင်ရှားနိုင်ခဲ့လောက်တယ်။
  • 1:04 - 1:08
    ပြဿနာက Zeus မြစ်စောင့်နတ်သမီး Aegina ကို
    လင်းယုန်ငှက်ကြီးအသွင် သယ်ဆောင်ပြီး
  • 1:08 - 1:12
    ပြန်ပေးဆွဲတဲ့အခါမှာ စတင်ပါတယ်။
  • 1:12 - 1:18
    Aegina ရဲ့ဖခင်၊ မြစ်စောင့်နတ် Asopus က
    Ephyra ထိ သူတို့ကို ခြေရာခံလိုက်တော့
  • 1:18 - 1:21
    အဲဒီမှာ Sisyphus နဲ့ တွေဆုံတယ်။
  • 1:21 - 1:25
    မြို့တွင်းမှာ စမ်းတစ်ခုဖန်တီးပေးတဲ့
    နတ်အတွက် ဖလှယ်တဲ့အနေနဲ့
  • 1:25 - 1:30
    Zeus က မိန်းကလေးကိုခေါ်သွားတဲ့လမ်းကို
    ဘုရင်က Asopus ကိုပြောပြခဲ့တယ်။
  • 1:30 - 1:36
    Zeus သိရှိသွားတော့ အင်မတန်ဒေါသထွက်ပြီး
    Thanatos (သို့) သေမင်းကို အမိန့်ပေးခဲ့တယ်၊
  • 1:36 - 1:42
    ဘာပြဿနာမှ ထပ်မလုပ်နိုင်အောင် Sisyphus ကို
    အပလောကမှာ သံခြေကျင်းခတ်ခဲ့တယ်။
  • 1:42 - 1:47
    ဒါပေမဲ့ Sisyphus ဟာ သူ့ရဲ့ကလိမ်ဉာဏ်
    ဂုဏ်သတင်းနဲ့ လျော်ညီအောင်နေခဲ့တယ်၊
  • 1:47 - 1:48
    သူ့ကို ထောင်ချတော့မယ့်ဆဲဆဲမှာ
  • 1:48 - 1:53
    ဘုရင်က Thanatos ကို သံကြိုးတွေ
    လုပ်ဆောင်ပုံကို သူကို ပြခိုင်းခဲ့တယ်၊
  • 1:53 - 1:58
    ရှင်နေသူတွေအကြား ပြန်မလွတ်ခင်လေးမှာ
    သူ့နေရာ အလျင်အမြန် ချည်လိုက်တယ်။
  • 1:58 - 2:04
    Thanatos ပိတ်မိတော့ ဘယ်သူမှ မသေနိုင်တော့ဘဲ
    လောကကြီးဟာ ဖရိုဖရဲထဲ ပစ်ချခံရတယ်။
  • 2:04 - 2:08
    အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားတာက
    စစ်နတ်ဘုရား Ares က စစ်ပွဲတွေဟာ
  • 2:08 - 2:14
    ပျော်စရာမကောင်းတော့တာကို စိတ်ပျက်ပြီး
    Thanatos ကို ချည်နှောင်တာကလွှတ်ပေးတဲ့အခါပါ
  • 2:14 - 2:18
    Sisyphus ဟာ သူ့ရဲ့နောက်ဆုံးအချိန်က
    လက်တစ်ကမ်းမှာဆိုတာ သိခဲ့တယ်။
  • 2:18 - 2:22
    ဒါပေမဲ့ သူ့မှာ လိုခါသုံးဖို့ နောက်ထပ်
    လှည့်ကွက်ရှိသေးတယ်။
  • 2:22 - 2:28
    မသေခင်လေးမှာ သူ့ဇနီးMerope ကို သူ့ခန္ဓာကို
    အများသုံးရင်ပြင်ထဲ လွှင့်ပစ်ခိုင်းခဲ့တယ်၊
  • 2:28 - 2:32
    အဲဒီကနေ သူ့ကိုယ်ဟာ နောက်ဆုံး
    Styx မြစ်ရဲ့ ကမ်းတွေမှာ ကမ်းတင်ခဲ့တယ်။
  • 2:32 - 2:36
    အခုတော့ လူသေတွေကြား ပြန်သွားပြီး
    Sisyphus ဟာ Persephone ကို ချဉ်းကပ်ခဲ့တယ်၊
  • 2:36 - 2:38
    အပလောကရဲ့ ဘုရင်မဖြစ်ပြီး
  • 2:38 - 2:44
    သူ့ဇနီးက သူ့ကို မည်မည်ရရ မသင်္ဂြိုလ်ဘဲ
    မရိုမသေလုပ်တယ်လို့ မကျေမနပ်ပြောသူပေါ့။
  • 2:44 - 2:48
    Persephone က သူ့အလုပ်ပြီးတဲ့အခါ ပြန်လာဖို့
    သတ်မှတ်ချက်နဲ့
  • 2:48 - 2:54
    သူ့ကို သက်ရှိတိုင်းပြည်ကို ပြန်ခွင့်ပေးကာ
    Merope ကို အပြစ်ပေးတယ်၊
  • 2:54 - 2:58
    တကယ်ကျတော့ Sisyphus ဟာ
    သူ့ကတိကိုစောင့်ထိန်းဖို့ ငြင်းဆန်ခဲ့တယ်၊
  • 2:58 - 3:04
    အခုတော့ နတ်ဘုရားတွေကို လှည့်စားပြီး
    သေမင်းဆီက နှစ်ကြိမ်လွတ်ခဲ့ပြီလေ။
  • 3:04 - 3:06
    တတိယအကြိမ် ရှိတော့မှာမဟုတ်ဘူး၊
  • 3:06 - 3:11
    ဆက်သား Hermes က Sisyphus ကို
    Hades ဆီ ဒရွတ်တိုက်ဆွဲလာတာကြောင့်ပါ။
  • 3:11 - 3:14
    သူဟာ နတ်ဘုရားတွေထက် ပိုတော်တယ်လို့
    ဘုရင်က တွေးခဲ့ပေမဲ့
  • 3:14 - 3:17
    နောက်ဆုံးတော့ Zeus အနိုင်ရမှာပါပဲ။
  • 3:17 - 3:21
    Sisyphus ရဲ့ ပြစ်ဒဏ်က ရိုးရိုးစင်းစင်း
    အလုပ်တစ်ခုပါ၊
  • 3:21 - 3:25
    ဧရာမကျောက်တုံးကြီးကို တောင်ကုန်း
    တစ်ခုပေါ် တွန်းတင်တာပါ။
  • 3:25 - 3:31
    ဒါပေမဲ့ ထိပ်ကို ချဉ်းကပ်လာတဲ့အခိုက်မှာ
    ကျောက်တုံးဟာ ပြန်ပြီးလိမ့်ကျလာလိမ့်မယ်၊
  • 3:31 - 3:34
    သူ့ကို တစ်ဖန်ပြန်စဖို့ ခိုင်းရင်းပေါ့၊
  • 3:34 - 3:41
    အကြိမ်ကြိမ် အဆုံးမဲ့ကာလအထိလေ။
  • 3:41 - 3:46
    Sisyphus ပုံပြင်ဟာ နေထွက်ခြင်း၊နေဝင်ခြင်း
    (သို့) သဘာဝစက်ဝန်းတွေအကြောင်း
  • 3:46 - 3:51
    ရှေးဟောင်း ဒဏ္ဍာရီတွေကနေ အရင်းခံလောက်တယ်
    လို့သမိုင်းပညာရှင်တွေ ညွှန်းထားပါတယ်။
  • 3:51 - 3:56
    ဒါပေမဲ့ အချည်းနှီးအလုပ်ကို အဆုံးမဲ့ထပ်လုပ်
    ဖို့ အပြစ်ချခံရသူရဲ့ထင်ရှားတဲ့ အသွင်ဟာ
  • 3:56 - 4:01
    လူသား အခြေအနေအကြောင်း
    ပုံဆောင်မှုတစ်ခုကို မြည်ဟိန်းစေခဲ့တယ်။
  • 4:01 - 4:03
    သူ့ရဲ့ဂန္ဓဝင်မြောက် ရသစာတမ်း
    The Myth of Sisyphus မှာ
  • 4:03 - 4:07
    ဖြစ်တည်မှုပဓာနဝါဒီ ဒဿနပညာရှင်
    Albert Camus ဟာ ပြစ်ဒဏ်ကို
  • 4:07 - 4:11
    အဓိပ္ပာယ်မဲ့ပြီး ဂရုမစိုက်တဲ့စကြာဝဠာထဲမှာ
    လူ့လောကရဲ့ အဓိပ္ပာယ်နဲ့
  • 4:11 - 4:15
    အမှန်တရားအတွက် အချည်းနှီး
    ရှာဖွေမှုနဲ့ နှိုင်းယှဉ်ပြခဲ့တယ်။
  • 4:15 - 4:19
    စိတ်ပျက်တာအစား Camus ဟာ Sisyphus
    ကျောက်တုံးကို တစ်ဖန် စပြန်လှိမ့်ဖို့
  • 4:19 - 4:25
    သူတောင်ကုန်းအဆင်းမှာ ပြောင်ပြောင်တင်းတင်း
    ကြမ္မာကို ရင်ဆိုင်တာကို စိတ်ကူးခဲ့တယ်။
  • 4:25 - 4:28
    ကျွန်ုပ်တို့ ဘဝတွေရဲ့
    နေ့စဉ်ရုန်းကန်မှုတွေဟာ
  • 4:28 - 4:32
    တစ်ခါတစ်လေမှာ အလားတူ ထပ်တလဲလဲနဲ့
    အဓိပ္ပာယ်မရှိ ဖြစ်နေပုံရတာတောင်
  • 4:32 - 4:37
    ဒါတွေကို ကိုယ်ပိုင်အဖြစ်ပွေ့ဖက်ရင်း
    ဒါတွေကို အရေးထား၊ တန်ဖိုးထားနေဆဲပါ။
Title:
Sisyphus ရဲ့ ဒဏ္ဍာရီ။ Alex Gendler
Speaker:
Alex Gendler
Description:

သင်ခန်းစာအပြည့်အစုံကို https://ed.ted.com/lessons/the-myth-of-sisyphus-alex-gendler တွင်ကြည့်ရှုပါ။
Sisyphus ဟာ သူ့ရဲ့မြို့ကို ဖြစ်ထွန်းစည်ပင်စေတဲ့ တော်တဲ့ ခေါင်းဆောင်နဲ့ သူ့ရဲ့တူမကို ဖြားယောင်းပြီး သု့ရဲ့အာဏာကိုပြဖို့ ဧည့်သည်တွေကို သတ်ပစ်ခဲ့တဲ့ စဉ်းလဲတဲ့ အာဏာရှင်ဖြစ်ခဲ့ပါတယ်။ နတ်ဘုရားတွေကို အကြီးအကျယ် အမျက်ရှစေတဲ့ သူ့ရဲ့ အထွတ်အမြတ်ထားရာ ဧည့်ဝတ်ကျေပွန်မှု အစဉ်အလာကို ချိုးဖောက်မှုဆိုပေမဲ့ သူ့ရဲ့ကျဆုံးခန်းဖြစ်ဖို့ဖန်လာတဲ့ မဆင်မခြင် ယုံကြည်စိတ်ဖြစ်ခဲ့တာက Sisyphus ပါ။ အကျိုးဆက်ကတော့ Zeus က သူ့ကို အဆုံးမဲ့ကာလ ပြစ်ဒဏ်ချခြင်းပါ။ Alex Gendler ကနေပြီး Sisyphus ရဲ့ ဒဏ္ဍာရီကို မျှဝေထားပါတယ်။
သင်ခန်းစာကို Alex Gendler က ပြုစုပြီး Adriatic Animation က ရိုက်ကူးပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:38
sann tint approved Burmese subtitles for The myth of Sisyphus
Myo Aung accepted Burmese subtitles for The myth of Sisyphus
Myo Aung edited Burmese subtitles for The myth of Sisyphus
sann tint edited Burmese subtitles for The myth of Sisyphus
sann tint edited Burmese subtitles for The myth of Sisyphus
sann tint edited Burmese subtitles for The myth of Sisyphus
sann tint edited Burmese subtitles for The myth of Sisyphus
sann tint edited Burmese subtitles for The myth of Sisyphus
Show all

Burmese subtitles

Revisions