WEBVTT 00:00:08.290 --> 00:00:12.839 လောင်ကျွမ်းနေတဲ့ ဘီးတစ်ဘီးမှာ ချည် နှောင်ခံရပြီး ပင့်ကူတစ်ကောင်အဖြစ်ပြောင်းတာ 00:00:12.839 --> 00:00:15.920 (သို့) လူတစ်ဦးရဲ့ အသည်းကို လင်းယုန်စာ ကျွေးတာဖြစ်စေ 00:00:15.920 --> 00:00:18.625 ဂရိဒဏ္ဍာရီဟာ သူတို့ကို အမျက်သင့်စေသူ သေမျိုးတွေအပေါ် 00:00:18.625 --> 00:00:23.377 စက်ဆုပ်စရာ အနိဋ္ဌာရုံတွေဖြစ်စေတဲ့ နတ်ဘုရာတွေရဲ့ ပုံပြင်တွေနဲ့ ပြည့်နေပါတယ်။ 00:00:23.377 --> 00:00:26.384 ဒါပေမဲ့ သူတို့ရဲ့ပြစ်ဒဏ်ပေးမှုတွေထဲက အကျော်ကြားဆုံးတစ်ခုကတော့ 00:00:26.384 --> 00:00:33.212 တရားလွန်ရက်စက်မှုကြောင့် အမှတ်ရတာမဟုတ်ပဲ ၎င်းရဲ့ လန့်စရာ အကျွမ်းဝင်မှုကြောင့်ပါ။ NOTE Paragraph 00:00:33.212 --> 00:00:38.980 Sisyphus ဟာ အခု Corinth လို့သိကြတဲ့ Ephyra ရဲ့ ပထမဆုံး ဘုရင်ပါ။ 00:00:38.980 --> 00:00:44.096 သူ့ရဲမြို့ကို ဖြစ်ထွန်းစည်ပင်စေတဲ့ တော်တဲ့ ခေါင်းဆောင်ဆိုပေမဲ့ 00:00:44.096 --> 00:00:49.410 တူမကိုမြှူဆွယ်၊ အာဏာပြဖို့ ဧည့်သည်တွေကို သတ်ခဲ့တဲ့ စဉ်းလဲတဲ့အာဏာရှင်လည်းဖြစ်ခဲ့တယ်။ 00:00:49.410 --> 00:00:55.962 အထွတ်အမြတ်ထားရာ ပျူငှာမှု အစဉ်အလာ ချိုးဖောက်မှုက နတ်ဘုရားတွေကို အမျက်ရှစေတယ် 00:00:55.962 --> 00:00:58.508 ဒါပေမဲ့ Sisyphus ဟာ သူ့ရဲ့မဆင်မခြင် ယုံကြည်စိတ်သာ 00:00:58.508 --> 00:01:03.919 မရှိခဲ့ဘူးဆိုရင် ပြစ်ဒဏ်ကို ရှောင်ရှားနိုင်ခဲ့လောက်တယ်။ NOTE Paragraph 00:01:03.919 --> 00:01:08.495 ပြဿနာက Zeus မြစ်စောင့်နတ်သမီး Aegina ကို လင်းယုန်ငှက်ကြီးအသွင် သယ်ဆောင်ပြီး 00:01:08.495 --> 00:01:12.450 ပြန်ပေးဆွဲတဲ့အခါမှာ စတင်ပါတယ်။ 00:01:12.450 --> 00:01:18.413 Aegina ရဲ့ဖခင်၊ မြစ်စောင့်နတ် Asopus က Ephyra ထိ သူတို့ကို ခြေရာခံလိုက်တော့ 00:01:18.413 --> 00:01:20.575 အဲဒီမှာ Sisyphus နဲ့ တွေဆုံတယ်။ 00:01:20.575 --> 00:01:25.095 မြို့တွင်းမှာ စမ်းတစ်ခုဖန်တီးပေးတဲ့ နတ်အတွက် ဖလှယ်တဲ့အနေနဲ့ 00:01:25.095 --> 00:01:30.043 Zeus က မိန်းကလေးကိုခေါ်သွားတဲ့လမ်းကို ဘုရင်က Asopus ကိုပြောပြခဲ့တယ်။ 00:01:30.043 --> 00:01:35.687 Zeus သိရှိသွားတော့ အင်မတန်ဒေါသထွက်ပြီး Thanatos (သို့) သေမင်းကို အမိန့်ပေးခဲ့တယ်၊ 00:01:35.687 --> 00:01:42.417 ဘာပြဿနာမှ ထပ်မလုပ်နိုင်အောင် Sisyphus ကို အပလောကမှာ သံခြေကျင်းခတ်ခဲ့တယ်။ NOTE Paragraph 00:01:42.417 --> 00:01:46.691 ဒါပေမဲ့ Sisyphus ဟာ သူ့ရဲ့ကလိမ်ဉာဏ် ဂုဏ်သတင်းနဲ့ လျော်ညီအောင်နေခဲ့တယ်၊ 00:01:46.691 --> 00:01:48.289 သူ့ကို ထောင်ချတော့မယ့်ဆဲဆဲမှာ 00:01:48.289 --> 00:01:52.917 ဘုရင်က Thanatos ကို သံကြိုးတွေ လုပ်ဆောင်ပုံကို သူကို ပြခိုင်းခဲ့တယ်၊ 00:01:52.917 --> 00:01:57.880 ရှင်နေသူတွေအကြား ပြန်မလွတ်ခင်လေးမှာ သူ့နေရာ အလျင်အမြန် ချည်လိုက်တယ်။ 00:01:57.880 --> 00:02:04.106 Thanatos ပိတ်မိတော့ ဘယ်သူမှ မသေနိုင်တော့ဘဲ လောကကြီးဟာ ဖရိုဖရဲထဲ ပစ်ချခံရတယ်။ 00:02:04.106 --> 00:02:07.815 အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားတာက စစ်နတ်ဘုရား Ares က စစ်ပွဲတွေဟာ 00:02:07.815 --> 00:02:14.192 ပျော်စရာမကောင်းတော့တာကို စိတ်ပျက်ပြီး Thanatos ကို ချည်နှောင်တာကလွှတ်ပေးတဲ့အခါပါ NOTE Paragraph 00:02:14.192 --> 00:02:18.203 Sisyphus ဟာ သူ့ရဲ့နောက်ဆုံးအချိန်က လက်တစ်ကမ်းမှာဆိုတာ သိခဲ့တယ်။ 00:02:18.203 --> 00:02:21.545 ဒါပေမဲ့ သူ့မှာ လိုခါသုံးဖို့ နောက်ထပ် လှည့်ကွက်ရှိသေးတယ်။ 00:02:21.545 --> 00:02:27.574 မသေခင်လေးမှာ သူ့ဇနီးMerope ကို သူ့ခန္ဓာကို အများသုံးရင်ပြင်ထဲ လွှင့်ပစ်ခိုင်းခဲ့တယ်၊ 00:02:27.574 --> 00:02:32.043 အဲဒီကနေ သူ့ကိုယ်ဟာ နောက်ဆုံး Styx မြစ်ရဲ့ ကမ်းတွေမှာ ကမ်းတင်ခဲ့တယ်။ 00:02:32.043 --> 00:02:35.884 အခုတော့ လူသေတွေကြား ပြန်သွားပြီး Sisyphus ဟာ Persephone ကို ချဉ်းကပ်ခဲ့တယ်၊ 00:02:35.884 --> 00:02:38.321 အပလောကရဲ့ ဘုရင်မဖြစ်ပြီး 00:02:38.321 --> 00:02:44.034 သူ့ဇနီးက သူ့ကို မည်မည်ရရ မသင်္ဂြိုလ်ဘဲ မရိုမသေလုပ်တယ်လို့ မကျေမနပ်ပြောသူပေါ့။ 00:02:44.034 --> 00:02:48.438 Persephone က သူ့အလုပ်ပြီးတဲ့အခါ ပြန်လာဖို့ သတ်မှတ်ချက်နဲ့ 00:02:48.438 --> 00:02:54.397 သူ့ကို သက်ရှိတိုင်းပြည်ကို ပြန်ခွင့်ပေးကာ Merope ကို အပြစ်ပေးတယ်၊ 00:02:54.397 --> 00:02:58.065 တကယ်ကျတော့ Sisyphus ဟာ သူ့ကတိကိုစောင့်ထိန်းဖို့ ငြင်းဆန်ခဲ့တယ်၊ 00:02:58.065 --> 00:03:03.874 အခုတော့ နတ်ဘုရားတွေကို လှည့်စားပြီး သေမင်းဆီက နှစ်ကြိမ်လွတ်ခဲ့ပြီလေ။ NOTE Paragraph 00:03:03.874 --> 00:03:05.766 တတိယအကြိမ် ရှိတော့မှာမဟုတ်ဘူး၊ 00:03:05.766 --> 00:03:10.886 ဆက်သား Hermes က Sisyphus ကို Hades ဆီ ဒရွတ်တိုက်ဆွဲလာတာကြောင့်ပါ။ 00:03:10.886 --> 00:03:13.906 သူဟာ နတ်ဘုရားတွေထက် ပိုတော်တယ်လို့ ဘုရင်က တွေးခဲ့ပေမဲ့ 00:03:13.906 --> 00:03:17.145 နောက်ဆုံးတော့ Zeus အနိုင်ရမှာပါပဲ။ 00:03:17.145 --> 00:03:20.947 Sisyphus ရဲ့ ပြစ်ဒဏ်က ရိုးရိုးစင်းစင်း အလုပ်တစ်ခုပါ၊ 00:03:20.947 --> 00:03:24.599 ဧရာမကျောက်တုံးကြီးကို တောင်ကုန်း တစ်ခုပေါ် တွန်းတင်တာပါ။ 00:03:24.599 --> 00:03:30.996 ဒါပေမဲ့ ထိပ်ကို ချဉ်းကပ်လာတဲ့အခိုက်မှာ ကျောက်တုံးဟာ ပြန်ပြီးလိမ့်ကျလာလိမ့်မယ်၊ 00:03:30.996 --> 00:03:34.469 သူ့ကို တစ်ဖန်ပြန်စဖို့ ခိုင်းရင်းပေါ့၊ 00:03:34.469 --> 00:03:40.964 အကြိမ်ကြိမ် အဆုံးမဲ့ကာလအထိလေ။ NOTE Paragraph 00:03:40.964 --> 00:03:46.232 Sisyphus ပုံပြင်ဟာ နေထွက်ခြင်း၊နေဝင်ခြင်း (သို့) သဘာဝစက်ဝန်းတွေအကြောင်း 00:03:46.232 --> 00:03:51.238 ရှေးဟောင်း ဒဏ္ဍာရီတွေကနေ အရင်းခံလောက်တယ် လို့သမိုင်းပညာရှင်တွေ ညွှန်းထားပါတယ်။ 00:03:51.238 --> 00:03:55.717 ဒါပေမဲ့ အချည်းနှီးအလုပ်ကို အဆုံးမဲ့ထပ်လုပ် ဖို့ အပြစ်ချခံရသူရဲ့ထင်ရှားတဲ့ အသွင်ဟာ 00:03:55.717 --> 00:04:00.533 လူသား အခြေအနေအကြောင်း ပုံဆောင်မှုတစ်ခုကို မြည်ဟိန်းစေခဲ့တယ်။ 00:04:00.533 --> 00:04:03.023 သူ့ရဲ့ဂန္ဓဝင်မြောက် ရသစာတမ်း The Myth of Sisyphus မှာ 00:04:03.023 --> 00:04:07.187 ဖြစ်တည်မှုပဓာနဝါဒီ ဒဿနပညာရှင် Albert Camus ဟာ ပြစ်ဒဏ်ကို 00:04:07.187 --> 00:04:11.445 အဓိပ္ပာယ်မဲ့ပြီး ဂရုမစိုက်တဲ့စကြာဝဠာထဲမှာ လူ့လောကရဲ့ အဓိပ္ပာယ်နဲ့ 00:04:11.445 --> 00:04:14.676 အမှန်တရားအတွက် အချည်းနှီး ရှာဖွေမှုနဲ့ နှိုင်းယှဉ်ပြခဲ့တယ်။ 00:04:14.676 --> 00:04:19.490 စိတ်ပျက်တာအစား Camus ဟာ Sisyphus ကျောက်တုံးကို တစ်ဖန် စပြန်လှိမ့်ဖို့ 00:04:19.490 --> 00:04:25.206 သူတောင်ကုန်းအဆင်းမှာ ပြောင်ပြောင်တင်းတင်း ကြမ္မာကို ရင်ဆိုင်တာကို စိတ်ကူးခဲ့တယ်။ 00:04:25.206 --> 00:04:27.869 ကျွန်ုပ်တို့ ဘဝတွေရဲ့ နေ့စဉ်ရုန်းကန်မှုတွေဟာ 00:04:27.869 --> 00:04:31.666 တစ်ခါတစ်လေမှာ အလားတူ ထပ်တလဲလဲနဲ့ အဓိပ္ပာယ်မရှိ ဖြစ်နေပုံရတာတောင် 00:04:31.666 --> 00:04:36.689 ဒါတွေကို ကိုယ်ပိုင်အဖြစ်ပွေ့ဖက်ရင်း ဒါတွေကို အရေးထား၊ တန်ဖိုးထားနေဆဲပါ။