1 00:00:08,290 --> 00:00:12,839 လောင်ကျွမ်းနေတဲ့ ဘီးတစ်ဘီးမှာ ချည် နှောင်ခံရပြီး ပင့်ကူတစ်ကောင်အဖြစ်ပြောင်းတာ 2 00:00:12,839 --> 00:00:15,920 (သို့) လူတစ်ဦးရဲ့ အသည်းကို လင်းယုန်စာ ကျွေးတာဖြစ်စေ 3 00:00:15,920 --> 00:00:18,625 ဂရိဒဏ္ဍာရီဟာ သူတို့ကို အမျက်သင့်စေသူ သေမျိုးတွေအပေါ် 4 00:00:18,625 --> 00:00:23,377 စက်ဆုပ်စရာ အနိဋ္ဌာရုံတွေဖြစ်စေတဲ့ နတ်ဘုရာတွေရဲ့ ပုံပြင်တွေနဲ့ ပြည့်နေပါတယ်။ 5 00:00:23,377 --> 00:00:26,384 ဒါပေမဲ့ သူတို့ရဲ့ပြစ်ဒဏ်ပေးမှုတွေထဲက အကျော်ကြားဆုံးတစ်ခုကတော့ 6 00:00:26,384 --> 00:00:33,212 တရားလွန်ရက်စက်မှုကြောင့် အမှတ်ရတာမဟုတ်ပဲ ၎င်းရဲ့ လန့်စရာ အကျွမ်းဝင်မှုကြောင့်ပါ။ 7 00:00:33,212 --> 00:00:38,980 Sisyphus ဟာ အခု Corinth လို့သိကြတဲ့ Ephyra ရဲ့ ပထမဆုံး ဘုရင်ပါ။ 8 00:00:38,980 --> 00:00:44,096 သူ့ရဲမြို့ကို ဖြစ်ထွန်းစည်ပင်စေတဲ့ တော်တဲ့ ခေါင်းဆောင်ဆိုပေမဲ့ 9 00:00:44,096 --> 00:00:49,410 တူမကိုမြှူဆွယ်၊ အာဏာပြဖို့ ဧည့်သည်တွေကို သတ်ခဲ့တဲ့ စဉ်းလဲတဲ့အာဏာရှင်လည်းဖြစ်ခဲ့တယ်။ 10 00:00:49,410 --> 00:00:55,962 အထွတ်အမြတ်ထားရာ ပျူငှာမှု အစဉ်အလာ ချိုးဖောက်မှုက နတ်ဘုရားတွေကို အမျက်ရှစေတယ် 11 00:00:55,962 --> 00:00:58,508 ဒါပေမဲ့ Sisyphus ဟာ သူ့ရဲ့မဆင်မခြင် ယုံကြည်စိတ်သာ 12 00:00:58,508 --> 00:01:03,919 မရှိခဲ့ဘူးဆိုရင် ပြစ်ဒဏ်ကို ရှောင်ရှားနိုင်ခဲ့လောက်တယ်။ 13 00:01:03,919 --> 00:01:08,495 ပြဿနာက Zeus မြစ်စောင့်နတ်သမီး Aegina ကို လင်းယုန်ငှက်ကြီးအသွင် သယ်ဆောင်ပြီး 14 00:01:08,495 --> 00:01:12,450 ပြန်ပေးဆွဲတဲ့အခါမှာ စတင်ပါတယ်။ 15 00:01:12,450 --> 00:01:18,413 Aegina ရဲ့ဖခင်၊ မြစ်စောင့်နတ် Asopus က Ephyra ထိ သူတို့ကို ခြေရာခံလိုက်တော့ 16 00:01:18,413 --> 00:01:20,575 အဲဒီမှာ Sisyphus နဲ့ တွေဆုံတယ်။ 17 00:01:20,575 --> 00:01:25,095 မြို့တွင်းမှာ စမ်းတစ်ခုဖန်တီးပေးတဲ့ နတ်အတွက် ဖလှယ်တဲ့အနေနဲ့ 18 00:01:25,095 --> 00:01:30,043 Zeus က မိန်းကလေးကိုခေါ်သွားတဲ့လမ်းကို ဘုရင်က Asopus ကိုပြောပြခဲ့တယ်။ 19 00:01:30,043 --> 00:01:35,687 Zeus သိရှိသွားတော့ အင်မတန်ဒေါသထွက်ပြီး Thanatos (သို့) သေမင်းကို အမိန့်ပေးခဲ့တယ်၊ 20 00:01:35,687 --> 00:01:42,417 ဘာပြဿနာမှ ထပ်မလုပ်နိုင်အောင် Sisyphus ကို အပလောကမှာ သံခြေကျင်းခတ်ခဲ့တယ်။ 21 00:01:42,417 --> 00:01:46,691 ဒါပေမဲ့ Sisyphus ဟာ သူ့ရဲ့ကလိမ်ဉာဏ် ဂုဏ်သတင်းနဲ့ လျော်ညီအောင်နေခဲ့တယ်၊ 22 00:01:46,691 --> 00:01:48,289 သူ့ကို ထောင်ချတော့မယ့်ဆဲဆဲမှာ 23 00:01:48,289 --> 00:01:52,917 ဘုရင်က Thanatos ကို သံကြိုးတွေ လုပ်ဆောင်ပုံကို သူကို ပြခိုင်းခဲ့တယ်၊ 24 00:01:52,917 --> 00:01:57,880 ရှင်နေသူတွေအကြား ပြန်မလွတ်ခင်လေးမှာ သူ့နေရာ အလျင်အမြန် ချည်လိုက်တယ်။ 25 00:01:57,880 --> 00:02:04,106 Thanatos ပိတ်မိတော့ ဘယ်သူမှ မသေနိုင်တော့ဘဲ လောကကြီးဟာ ဖရိုဖရဲထဲ ပစ်ချခံရတယ်။ 26 00:02:04,106 --> 00:02:07,815 အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားတာက စစ်နတ်ဘုရား Ares က စစ်ပွဲတွေဟာ 27 00:02:07,815 --> 00:02:14,192 ပျော်စရာမကောင်းတော့တာကို စိတ်ပျက်ပြီး Thanatos ကို ချည်နှောင်တာကလွှတ်ပေးတဲ့အခါပါ 28 00:02:14,192 --> 00:02:18,203 Sisyphus ဟာ သူ့ရဲ့နောက်ဆုံးအချိန်က လက်တစ်ကမ်းမှာဆိုတာ သိခဲ့တယ်။ 29 00:02:18,203 --> 00:02:21,545 ဒါပေမဲ့ သူ့မှာ လိုခါသုံးဖို့ နောက်ထပ် လှည့်ကွက်ရှိသေးတယ်။ 30 00:02:21,545 --> 00:02:27,574 မသေခင်လေးမှာ သူ့ဇနီးMerope ကို သူ့ခန္ဓာကို အများသုံးရင်ပြင်ထဲ လွှင့်ပစ်ခိုင်းခဲ့တယ်၊ 31 00:02:27,574 --> 00:02:32,043 အဲဒီကနေ သူ့ကိုယ်ဟာ နောက်ဆုံး Styx မြစ်ရဲ့ ကမ်းတွေမှာ ကမ်းတင်ခဲ့တယ်။ 32 00:02:32,043 --> 00:02:35,884 အခုတော့ လူသေတွေကြား ပြန်သွားပြီး Sisyphus ဟာ Persephone ကို ချဉ်းကပ်ခဲ့တယ်၊ 33 00:02:35,884 --> 00:02:38,321 အပလောကရဲ့ ဘုရင်မဖြစ်ပြီး 34 00:02:38,321 --> 00:02:44,034 သူ့ဇနီးက သူ့ကို မည်မည်ရရ မသင်္ဂြိုလ်ဘဲ မရိုမသေလုပ်တယ်လို့ မကျေမနပ်ပြောသူပေါ့။ 35 00:02:44,034 --> 00:02:48,438 Persephone က သူ့အလုပ်ပြီးတဲ့အခါ ပြန်လာဖို့ သတ်မှတ်ချက်နဲ့ 36 00:02:48,438 --> 00:02:54,397 သူ့ကို သက်ရှိတိုင်းပြည်ကို ပြန်ခွင့်ပေးကာ Merope ကို အပြစ်ပေးတယ်၊ 37 00:02:54,397 --> 00:02:58,065 တကယ်ကျတော့ Sisyphus ဟာ သူ့ကတိကိုစောင့်ထိန်းဖို့ ငြင်းဆန်ခဲ့တယ်၊ 38 00:02:58,065 --> 00:03:03,874 အခုတော့ နတ်ဘုရားတွေကို လှည့်စားပြီး သေမင်းဆီက နှစ်ကြိမ်လွတ်ခဲ့ပြီလေ။ 39 00:03:03,874 --> 00:03:05,766 တတိယအကြိမ် ရှိတော့မှာမဟုတ်ဘူး၊ 40 00:03:05,766 --> 00:03:10,886 ဆက်သား Hermes က Sisyphus ကို Hades ဆီ ဒရွတ်တိုက်ဆွဲလာတာကြောင့်ပါ။ 41 00:03:10,886 --> 00:03:13,906 သူဟာ နတ်ဘုရားတွေထက် ပိုတော်တယ်လို့ ဘုရင်က တွေးခဲ့ပေမဲ့ 42 00:03:13,906 --> 00:03:17,145 နောက်ဆုံးတော့ Zeus အနိုင်ရမှာပါပဲ။ 43 00:03:17,145 --> 00:03:20,947 Sisyphus ရဲ့ ပြစ်ဒဏ်က ရိုးရိုးစင်းစင်း အလုပ်တစ်ခုပါ၊ 44 00:03:20,947 --> 00:03:24,599 ဧရာမကျောက်တုံးကြီးကို တောင်ကုန်း တစ်ခုပေါ် တွန်းတင်တာပါ။ 45 00:03:24,599 --> 00:03:30,996 ဒါပေမဲ့ ထိပ်ကို ချဉ်းကပ်လာတဲ့အခိုက်မှာ ကျောက်တုံးဟာ ပြန်ပြီးလိမ့်ကျလာလိမ့်မယ်၊ 46 00:03:30,996 --> 00:03:34,469 သူ့ကို တစ်ဖန်ပြန်စဖို့ ခိုင်းရင်းပေါ့၊ 47 00:03:34,469 --> 00:03:40,964 အကြိမ်ကြိမ် အဆုံးမဲ့ကာလအထိလေ။ 48 00:03:40,964 --> 00:03:46,232 Sisyphus ပုံပြင်ဟာ နေထွက်ခြင်း၊နေဝင်ခြင်း (သို့) သဘာဝစက်ဝန်းတွေအကြောင်း 49 00:03:46,232 --> 00:03:51,238 ရှေးဟောင်း ဒဏ္ဍာရီတွေကနေ အရင်းခံလောက်တယ် လို့သမိုင်းပညာရှင်တွေ ညွှန်းထားပါတယ်။ 50 00:03:51,238 --> 00:03:55,717 ဒါပေမဲ့ အချည်းနှီးအလုပ်ကို အဆုံးမဲ့ထပ်လုပ် ဖို့ အပြစ်ချခံရသူရဲ့ထင်ရှားတဲ့ အသွင်ဟာ 51 00:03:55,717 --> 00:04:00,533 လူသား အခြေအနေအကြောင်း ပုံဆောင်မှုတစ်ခုကို မြည်ဟိန်းစေခဲ့တယ်။ 52 00:04:00,533 --> 00:04:03,023 သူ့ရဲ့ဂန္ဓဝင်မြောက် ရသစာတမ်း The Myth of Sisyphus မှာ 53 00:04:03,023 --> 00:04:07,187 ဖြစ်တည်မှုပဓာနဝါဒီ ဒဿနပညာရှင် Albert Camus ဟာ ပြစ်ဒဏ်ကို 54 00:04:07,187 --> 00:04:11,445 အဓိပ္ပာယ်မဲ့ပြီး ဂရုမစိုက်တဲ့စကြာဝဠာထဲမှာ လူ့လောကရဲ့ အဓိပ္ပာယ်နဲ့ 55 00:04:11,445 --> 00:04:14,676 အမှန်တရားအတွက် အချည်းနှီး ရှာဖွေမှုနဲ့ နှိုင်းယှဉ်ပြခဲ့တယ်။ 56 00:04:14,676 --> 00:04:19,490 စိတ်ပျက်တာအစား Camus ဟာ Sisyphus ကျောက်တုံးကို တစ်ဖန် စပြန်လှိမ့်ဖို့ 57 00:04:19,490 --> 00:04:25,206 သူတောင်ကုန်းအဆင်းမှာ ပြောင်ပြောင်တင်းတင်း ကြမ္မာကို ရင်ဆိုင်တာကို စိတ်ကူးခဲ့တယ်။ 58 00:04:25,206 --> 00:04:27,869 ကျွန်ုပ်တို့ ဘဝတွေရဲ့ နေ့စဉ်ရုန်းကန်မှုတွေဟာ 59 00:04:27,869 --> 00:04:31,666 တစ်ခါတစ်လေမှာ အလားတူ ထပ်တလဲလဲနဲ့ အဓိပ္ပာယ်မရှိ ဖြစ်နေပုံရတာတောင် 60 00:04:31,666 --> 00:04:36,689 ဒါတွေကို ကိုယ်ပိုင်အဖြစ်ပွေ့ဖက်ရင်း ဒါတွေကို အရေးထား၊ တန်ဖိုးထားနေဆဲပါ။