Return to Video

ကိုဗစ်-၁၉ human challenge trials ဆိုတာဘာလဲ၊ ပြီးတော့ ကျွန်မဘာကြောင့် စေတနာ့ဝန်ထမ်းဝင်လုပ်ခဲ့တာလဲ။

  • 0:00 - 0:03
    [ဒီဗီဒီယိုကို ၂၆ရက်၊ အောက်တိုဘာ၊ ၂၀၂၀မှာ
    ရိုက်ကူးထားတာဖြစ်ပါတယ်။]
  • 0:03 - 0:06
    [ကိုဗစ်-၁၉ကာကွယ်ဆေးထုတ်လုပ်မှုနဲ့
    လူသားအပေါ်စမ်းသပ်ချက်များအား
  • 0:06 - 0:08
    စစ်ဆေးခြင်းတို့ဟာ
    အဆက်မပြတ်တိုးတက်လျက်ရှိပါတယ်။]
  • 0:08 - 0:10
    ဧပြီလ ၂၀၂၀မှာ
  • 0:10 - 0:13
    ကျွန်မ လူအများအန္တရာယ်များတယ်လို့ ယူဆကြတဲ့
    အလုပ်တစ်ခု စလုပ်ခဲ့ပါတယ်။
  • 0:13 - 0:17
    ကိုဗစ်-၁၉ ကူးစက်ခံပြီး ကာကွယ်ဆေးစမ်းသပ်မှု
    အတွက် စေတနာ့ဝန်ထမ်းလုပ်ခဲ့တာပါ။
  • 0:17 - 0:21
    ဒါကတော့ human challenge trial လို့ခေါ်တဲ့
    ငယ်ရွယ်ကျန်းမာသူတွေကို
  • 0:21 - 0:23
    ကိုဗစ်-၁၉ ကူးစက်စေပြီးတော့
  • 0:23 - 0:27
    ဖြေဆေးပေးပြီး ကာကွယ်ဆေးစမ်းသပ်ခြင်းရဲ့
    အခန်းကဏ္ဍ တစ်ခုပါပဲ။
  • 0:27 - 0:30
    ဒီလိုစမ်းသပ်ခြင်းက သုတေသီတွေကို
    ကာကွယ်ဆေးအောင်မြင်မှုရှိမရှိ
  • 0:30 - 0:33
    ပိုပြီးလျင်လျင်မြန်မြန်ရှာဖွေနိုင်ဖို့
    အထောက်အကူပေးပါတယ်။
  • 0:33 - 0:35
    ဒီရှာဖွေလေ့လာမှုက
    အရေးကြီးတယ်လို့ ကျွန်မထင်တယ်။
  • 0:35 - 0:38
    ဘာဖြစ်လို့လဲဆိုတာတော့ ဒီနေ့ရှင်တို့ကို
    ကျွန်မ ၆မိနစ် ရှင်းပြသွားမှာပါ။
  • 0:38 - 0:40
    ဒီလိုရှင်းပြနေချိန်မှာပဲ...
  • 0:40 - 0:44
    ကိုဗစ်-၁၉အတည်ပြုလူနာ ၁၂၅၀ဦး
    အကြမ်းဖျင်းတိုးလာမှာဖြစ်ပြီး
  • 0:45 - 0:46
    သေဆုံးလူနာ ၂၁ဦး ရှိမှာဖြစ်ပါတယ်။
  • 0:47 - 0:51
    အဲဒီ စံနှုန်းအတိုင်း တစ်နာရီပြီးတစ်နာရီ
    တစ်ရက်ပြီးတစ်ရက် မြင့်တက်နေမှာပါ။
  • 0:51 - 0:56
    ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူ သန်းရှစ်ထောင်ကို
    ကာကွယ်ဆေး မထိုးပေးနိုင်မချင်း
  • 0:57 - 0:59
    သိပ္ပံပညာရှင်တွေလည်း နာရီနဲ့အမျှ
  • 0:59 - 1:02
    ကာကွယ်ဆေး အောင်မြင်ရေးအတွက်
    အလုပ်လုပ်နေရပါတယ်။
  • 1:02 - 1:05
    ကာကွယ်ဆေး စောင့်မျှော်နေရသူတွေ
    နေ့နဲ့အမျှ တိုးလာနေတဲ့အချိန်မှာ
  • 1:05 - 1:07
    ကျွန်မတို့ဘာလုပ်သင့်လဲ။
  • 1:07 - 1:10
    ဒါကတော့ human challenge trial
    စတင်ရတဲ့ အကြောင်းအရင်းပါပဲ။
  • 1:10 - 1:15
    ဒါကအခု လူနာတွေကိုအာနိသင်သိပ်မရှိတဲ့
    ဆေးပဲပေးနိုင်ပြီး ဆေးရုံပေးဆင်းရတဲ့
  • 1:15 - 1:19
    သမားရိုးကျ ကာကွယ်ဆေးစမ်းသပ်မှု
    အဆင့်-၃ နဲ့မတူပါဘူး။
  • 1:20 - 1:23
    ဒီအဆင့်မှာ သုတေသီတွေက
    အဖွဲ့တစ်ခုစီက ရောဂါကူးစက်ပြီးသူ
  • 1:23 - 1:25
    ဘယ်နှယောက်ရှိလဲဆိုတာသိတဲ့အထိ
    စောင့်ရပါတယ်။
  • 1:25 - 1:27
    ကူးစက်ခံရသူ လုံလုံလောက်လောက်မရှိသရွေ့
    ကျွန်မတို့က
  • 1:27 - 1:30
    ကာကွယ်ဆေးအောင်မြင်မှုရှိမရှိသိရဖို့
    လုံလောက်တဲ့အချက်အလက်ရမှာမဟုတ်ပါဘူး။
  • 1:30 - 1:33
    ဒီနည်းလမ်းနဲ့ အာနိသင်ထိရောက်တဲ့
    ကာကွယ်ဆေးရှာတာက
  • 1:33 - 1:35
    လတွေ ၊တစ်ခါတစ်လေ နှစ်တွေ ချီပြီးကြာသလို
  • 1:35 - 1:37
    လူနာပေါင်းထောင်နဲ့ချီပြီးလိုအပ်တယ်။
  • 1:37 - 1:41
    စေတနာ့ဝန်ထမ်းတွေကိုရောဂါကူးစေပြီး
    ကာကွယ်ဆေးစမ်းသပ်တဲ့နည်းက ပိုပြီးမြန်ပါတယ်။
  • 1:41 - 1:43
    ဘာလို့လဲဆိုတော့သာမန်ကူးစက်ခံရသူတွေကို
    စောင့်တာနဲ့စာရင်
  • 1:43 - 1:46
    ဒီနည်းမှာက သုတေသီတွေက ရောဂါထိတွေ့မှုကို
    ထိန်းချုပ်နိုင်တော့ တစ်နှစ်အစား
  • 1:46 - 1:48
    တစ်လလောက်အတွင်းနဲ့တင်
  • 1:48 - 1:51
    ကာကွယ်ဆေး အလုပ်ဖြစ်မဖြစ်သိရပါတယ်
  • 1:51 - 1:53
    လူနာထောင်ဂဏန်းအစား
  • 1:53 - 1:56
    challenge trial မှာတော့ စေတနာ့ဝန်ထမ်း
    ၅၀ ကနေ ၁၀၀ထိသာ လိုအပ်ပါတယ်။
  • 1:56 - 2:00
    ဘာလို့လဲဆိုတော့ လူနာတွေရောဂါနဲ့ထိတွေ့ပြီး
    ကူးစက်ခံရတဲ့အချိန်ကိုတိတိကျကျသိရလို့ပါပဲ။
  • 2:00 - 2:03
    ပြီးတော့ ဒီစမ်းသပ်မှုကနေပြီး
    ရောဂါကူးစက်မှုအစောပိုင်းအဆင့်၊
  • 2:03 - 2:07
    ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်တဲ့
    အချက်အလက်တွေကို လည်းစုဆောင်းနိုင်တယ်။
  • 2:07 - 2:10
    ဒီလိုအချက်အလက်တွေကို တခြားနည်းလမ်းတွေနဲ့
    စုဆောင်းဖို့မဖြစ်နိုင်ပါဘူး။
  • 2:10 - 2:13
    အထူးသဖြင့်ကူးစက်ခံရပြီး
    ရောဂါလက္ခဏာမပြသူတွေရှိနေတာကြောင့်ပေါ့။
  • 2:14 - 2:17
    ဒီလိုသိလာတာက ကိုဗစ်-၁၉ ရောဂါကူးစက်မှု
    ထိန်းချုပ်ရေးမူဝါဒ ချမှတ်ရာမှာ
  • 2:17 - 2:19
    အရေးကြီးပါတယ်။
  • 2:20 - 2:23
    အချိန်ကုန်ပိုသက်သာတာကြောင့် ကျွန်မတို့
    ဆေးထုတ်လုပ်ရာမှာလတွေနဲ့ချီပြီး
  • 2:23 - 2:25
    ရှေ့ရောက်စေပြီးတော့
  • 2:25 - 2:28
    ကျွန်မတို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို
    ပိုပြီးတော့မြန်မြန်ရနိုင်မှာပါ။
  • 2:28 - 2:30
    ဒီစမ်းသပ်မှုတွေက အသုံးလိုပါတယ်။
  • 2:30 - 2:32
    ပြီးခဲ့တဲ့အဆင့်-၃ကရလဒ်တွေက
    အားတက်စရာဆိုပေမည့်လို့
  • 2:33 - 2:37
    ပထမဆုံးရမယ့်ကာကွယ်ဆေးကတော့
    ကြီးမားတဲ့ခြေလှမ်းဖြစ်လာမယ်ဆိုပေမဲ့
  • 2:37 - 2:40
    ဒါကကျွန်မတို့အားလုံးမျှော်လင့်ထားသလို
    အကုန်ပြီးဆုံးသွားမှာတော့မဟုတ်ပါဘူး။
  • 2:41 - 2:43
    ကျွန်မတို့ ကာကွယ်ဆေးအမျိုးမျိူးလိုဦးမှာပါ။
  • 2:43 - 2:46
    ဘာလို့လဲဆိုတော့ တစ်ဂြိုဟ်လုံးပေါ်က
    လူသန်း၈၀၀၀ကိုဆေးတစ်မျိုးထဲကိုပဲ
  • 2:46 - 2:49
    ထိုးပေးမယ်ဆို
    အခြေခံပစ္စည်းမလောက်မှာဖြစ်လို့ပါ။
  • 2:50 - 2:53
    ကာကွယ်ဆေးတစ်မျိုးခြင်းဆီမှာလည်း
    ထုတ်လုပ်ပို့ဆောင်နိုင်ဖို့
  • 2:53 - 2:56
    ကိုယ်ပိုင်ပါဝင်ပစ္စည်း၊
    ထုတ်လုပ်မှုအဆင့်ဆင့်လိုအပ်မှာပါ။
  • 2:56 - 2:59
    ကျွန်မတို့မှာအောင်မြင်တဲ့ ကိုဗစ်-၁၉
    ကာကွယ်ဆေးတွေရှိလာခဲ့မယ်ဆိုရင်
  • 2:59 - 3:03
    တစ်ချိန်တည်းမှာ ပါဝင်ပစ္စည်းတွေကို
    အသုံးပြုနိုင်မှာပါ။
  • 3:03 - 3:06
    အခုရနိုင်ခြေများနေတဲ့ဆေးတွေထဲကတစ်ချို့ဟာ
    လူနာတွေကိုမထိုးပေးခင်
  • 3:06 - 3:08
    ပြင်းပြင်းထန်ထန်အအေးပေးထားဖို့လိုပါတယ်။
  • 3:09 - 3:11
    ဒါက အထူးသဖြင့်လျှပ်စစ်ကောင်းကောင်း
    မရသေးတဲ့နိုင်ငံတွေ
  • 3:11 - 3:15
    လုံခြုံတဲ့သိုလှောင်မှုစနစ်မရှိသေးတဲ့
    နိုင်ငံတွေအတွက်တကယ်ခက်ခဲနိုင်ပါတယ်။
  • 3:16 - 3:19
    သိပ္ပံပညာရှင်တွေဟာ human challenge trial
    နည်းလမ်းကိုနှစ်ရာချီသုံးလာခဲ့ကြပြီးတော့
  • 3:19 - 3:23
    အူရောင်ငန်းဖျားနဲ့ကာလဝမ်းရောဂါကာကွယ်ဆေးကို
    ဒီနည်းနဲ့အရှိန်မြှင့်ထုတ်လုပ်နိုင်ခဲ့တယ်။
  • 3:23 - 3:28
    တုပ်ကွေး၊ငှက်ဖျားနဲ့သွေးလွန်တုပ်ကွေး
    လိုရောဂါတွေအပေါ်ကိုယ်ခံအားရဲ့ခုခံပုံတွေကို
  • 3:28 - 3:30
    ဒီနည်းနဲ့ပဲကျွန်မတို့ ပိုနားလည်လာခဲ့တယ်။
  • 3:30 - 3:33
    ပထမကိုရိုနာဗိုင်းရပ်အမျိုးအစားကိုတောင်
    ကျွန်မတို့ ဒီနည်းနဲ့စမ်းသပ်ခဲ့ပါတယ်။
  • 3:34 - 3:36
    လူသားအသုံးပြုပြီး ကာကွယ်ဆေးစမ်းသပ်တာက
  • 3:36 - 3:39
    စွန့်စားရာကျမှာစိုးတာကြောင့်လည်း
    ဆွေးနွေးပွဲတွေ အများကြီး လုပ်ခဲ့ကြတယ်။
  • 3:39 - 3:43
    ကျွန်မကတော့ စွန့်စားရတာတန်တယ်လို့ယူဆပါတယ်။
  • 3:43 - 3:45
    စမ်းသပ်မှုတစ်ခုမှာ ငယ်ရွယ်ကျန်းမာတဲ့
  • 3:46 - 3:49
    ကျွန်မအထင် အသက်၂၀က၂၉အတွင်း
    အရွယ်တွေကိုပဲခေါ်တာပါ။
  • 3:50 - 3:53
    အဲဒီအသက်ရွယ်ဝန်းကျင်စုစုပေါင်းရဲ့
    ၁ရာခိုင်နှုန်းထက်နည်းတဲ့ပမာဏလောက်ပဲ
  • 3:53 - 3:56
    ကိုဗစ်-၁၉ကူးစက်ပြီး
    ဆေးရုံတင်ရတာမျိုးရှိပါတယ်။
  • 3:57 - 4:01
    ဒါကြောင့်မလို့ သုသေတီတွေကအန္တရာယ်မရှိအောင်
    စောင့်ကြည့်ပေးနေတဲ့challenge trial မှာဆို
  • 4:01 - 4:04
    ပိုပြီးတော့ရာခိုင်နှုန်းနည်းမှာ
    အသေအချာပါပဲ။
  • 4:04 - 4:07
    ငယ်ရွယ်ကျန်းမာသူတွေ
    ကိုဗစ်-၁၉ရောဂါနဲ့သေဆုံးနိုင်ခြေဟာ
  • 4:07 - 4:10
    ရာခိုင်နှုန်းတစ်ခုရဲ့
    ၅ထောင်ပုံတစ်ပုံခန့်ပဲရှိပါတယ်။
  • 4:11 - 4:14
    ပြောရမယ်ဆိုနှစ်ပေါင်းတစ်သိန်းနေမှကိုဗစ်-၁၉
    ကူးစက်ခံရသူ အသက်၂၀လူနာ
  • 4:14 - 4:17
    ၅ယောက်သာ သေနိုင်ခြေရှိတာဖြစ်ပါတယ်။
  • 4:19 - 4:21
    ကျွန်မကUSမှာကလေးမွေးရမယ့်
    ကိုယ်ဝန်သည်ဆိုရင်တောင်
  • 4:21 - 4:23
    သေနိုင်ချေကဒီထက်မျာသေးပါတယ်။
  • 4:24 - 4:26
    ဒါမှမဟုတ်ဒီလိုတွေးကြည့်ပါ...
  • 4:27 - 4:29
    ကျွန်မညီမလေးသာကျောက်ကပ်လိုခဲ့မယ်ဆို
  • 4:29 - 4:32
    ကျွန်မရဲ့ကျောက်ကပ်ကိုပေးဖို့ တစ်ခဏ
    လေးတောင်တုံ့ဆိုင်းနေမှာမဟုတ်ဘူး။
  • 4:33 - 4:36
    ကျွန်မ ဂရုစိုက်တဲ့သူအတွက်
    အခုလိုစွန့်စားလို့ရတယ်ဆိုရင်
  • 4:36 - 4:41
    လူတွေကိုသူတို့ဂရုစိုက်တဲ့သူတွေတင်မက
    သူတို့ပတ်ဝန်းကျင်ကိုပါဘေးကင်းစေဖို့
  • 4:41 - 4:46
    ဖြေဆေးထုတ်တဲ့နေရာမှာအရှိန်မြှင့်နိုင်ဖို့
    ကူညီခွင့်ပေးတယ်ဆိုတာအဓိပ္ပါယ်ရှိပါတယ်။
  • 4:47 - 4:48
    ကျွန်မတို့မသိတာတွေရှိနေပါသေးတယ်၊
  • 4:48 - 4:52
    အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ခြင်းရဲ့
    ရေရှည်ဆိုးကျိုးတွေနဲ့ပတ်သက်လို့ပေါ့နော်။
  • 4:52 - 4:54
    ဒီလိုမရေရာမှုတွေရှိလျက်နဲ့ volunteer
    ဝင်လုပ်ဖြစ်ခဲ့တာကတော့
  • 4:54 - 4:58
    ရှင်တို့အများစု ခံစားနေရသလိုပဲ
    လူတွေထောင်ရာချီ သေဆုံးနေရတာကို
  • 4:58 - 4:59
    မြင်‌နေရတာ စိတ်မချမ်းသာလို့ပါ။
  • 4:59 - 5:01
    ဒါတောင် ရောဂါကူးစက်မှုကိုရပ်တန့်နိုင်ဖို့
  • 5:01 - 5:08
    စိတ်ဖိစီး ကိုယ်ဖိစီးခံနေကြရတဲ့
    လူသန်းပေါင်းများစွာကို ထည့်မတွက်ရသေးပါဘူး။
  • 5:09 - 5:12
    ဖြစ်ချင်တော့ ကျွန်မတစ်ယောက်ပဲ
    ဒီလိုတွေးပူနေရတာမဟုတ်ပါဘူး။
  • 5:12 - 5:16
    မေ လထဲက ကမ္ဘာအနှံ့က
    ၃သောင်း၉ထောင်ကျော်တဲ့
  • 5:16 - 5:21
    စေတနာ့ဈန်ထမ်းတွေက Human Challenge Trial
    အတွက် ပရဟိတအသင်း1Day Sooner ကတဆင့်
  • 5:21 - 5:23
    ပါဝင်ခဲ့နေကြပါပြီ။
  • 5:23 - 5:26
    Challenge Trial မှာပါဝင်နေသူတွေကိုရော
  • 5:26 - 5:29
    ပါဝင်ဖို့စဉ်းစားနေသူတွေရော
    ကျွန်မတို့အားပေးကြိုဆိုနေပါတယ်။
  • 5:30 - 5:33
    မေလ အစောပိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက်
  • 5:33 - 5:36
    Challenge Trial ကိုလုပ်သင့်၊မသင့်
    ဆွေးနွေးနေချိန်လောက်ထဲက
  • 5:36 - 5:39
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က
    1Day Sooner ကို Challenge Trial လုပ်ဖို့
  • 5:39 - 5:43
    သင့်တော်တဲ့ပုဂ္ဂလိကအသင်းအဖြစ်
    သုံးသပ်ခဲ့ကြပါတယ်။
  • 5:43 - 5:44
    အောက်တိုဘာလ အလယ်လောက်မှာ
  • 5:44 - 5:47
    အင်္ဂလန်အစိုးရက Challenge Trial ကို
    ၂၀၂၁ အစောပိုင်းမှာပဲ
  • 5:47 - 5:51
    ဦးစီးဦးရွက်ပြုသွားမယ်ဆိုပြီး
    သူတို့ရည်ရွယ်ချက်ကိုအတိအလင်းကြေငြာခဲ့ပါတယ်
  • 5:51 - 5:55
    ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ
    ကမ္ဘာ့အဆင့်ကပ်ရောဂါဆိုတာငြင်းစရာမရှိပါဘူး။
  • 5:56 - 5:58
    ဒီရောဂါဟာ စံချိန်ချိုးသွားခဲ့တဲ့
    ကပ်ရောဖြစ်သလို
  • 5:58 - 6:02
    ရှေ့တန်းကကျန်းမားရေးဝန်ထမ်းတွေရဲ့
    ကိုယ်ကျိုးစွန့်မှုတွေကိုလည်းထင်ဟပ်နေပါတယ်။
  • 6:02 - 6:04
    ပေးရတဲ့တန်ဖိုးကလည်း ကြီးလွန်းပါတယ်။
  • 6:04 - 6:09
    ထွက်ရှိလာမယ့်ကာကွယ်တစ်ခုတိုင်းက
    ရောဂါကို ပြန်လည်ထိန်းချုပ်နိုင်စေမှာပါ။
  • 6:09 - 6:11
    ဒါပေမဲ့လို့တစ်ကမ္ဘာလုံးရောဂါကင်းဖို့ကတော့
  • 6:11 - 6:15
    နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ လက်ထဲကို
    ကာကွယ်ဆေးရောက်ဖို့ဆိုတဲ့အပေါ်မူတည်နေပါတယ်။
  • 6:15 - 6:18
    ဒီအတွက်တော့ Challenge Trial က
    ခြေလှမ်းတစ်လှမ်းပါပဲ။
  • 6:18 - 6:20
    ကျေးဇူးတင်ပါတယ်။
Title:
ကိုဗစ်-၁၉ human challenge trials ဆိုတာဘာလဲ၊ ပြီးတော့ ကျွန်မဘာကြောင့် စေတနာ့ဝန်ထမ်းဝင်လုပ်ခဲ့တာလဲ။
Speaker:
Sophie Rose
Description:

ဧပြီလ ၂၀၂၀မှာတော့၊ ကူးစက်ရောဂါကာကွယ်ရေးအလုပ်သင် Sophie Rose က ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ စေတနာဝန်ထမ်းအဖြစ်ပါဝင်ခဲ့ပါတယ်။သူမဟာငယ်ရွယ်ကျန်းမာသူတစ်ယောက်အနေနဲ့ SARS-CoV-2 ခေါ် ကိုဗစ်-၁၉ ကူးစက်ခံကာ ၊ကာကွယ်ဆေးစမ်းသပ်ဖို့နဲ့ရောဂါသဘောသဘာဝလေ့လာစုဆောင်းတဲ့ human challenge trial တစ်ခုမှာပါဝင်ခဲ့ပါတယ်။Challenge Trial က ကာကွယ်ဆေးထုတ်လုပ်ရာမှာထိရောက်စွာအရှိန်မြှင့်တင်ပေးနိုင်ကြောင်းရှင်းပြထားပြီး၊ သူမစေတနာဝန်ထမ်းအဖြစ်ပါဝင်ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ကြောင်း Rose ကမျှဝေထားတာဖြစ်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:14

Burmese subtitles

Revisions