3D ပုံနှိပ်မှုက ဘယ်ဆီကို ဆက်သွားမလဲ
-
0:01 - 0:05ကျွန်တော့အဖိုးဟာ ဖိနပ်ချုပ်သမားဖြစ်ခဲ့တယ်။
-
0:05 - 0:08သူ့ခေတ်တုန်းက သူဟာ အော်ဒါပေးသူအတွက်
ဖိနပ်တွေကို ချုပ်လုပ်ပေးခဲ့ပါတယ်။ -
0:08 - 0:10ကျွန်တော်ဟာ သူ့ကို မမြင်တွေ့ခဲ့ဖူးပါဘူး။
-
0:10 - 0:13သူဟာ Holocaust ထဲ ဆုံးသွားရှာခဲ့ပါတယ်။
-
0:13 - 0:17အဲဒီလို ကျွမ်းကျင်မှုမျိုး ဒီနေ့
တွေ့ခဲပေမဲ့ ကျွန်တော်ဟာ သူ့ဆီကနေပြီး -
0:17 - 0:21ပစ္စည်းတွေ ထုတ်လုပ်ပေးလိုတဲ့
အမွေကို ရရှိခဲ့ပါတယ်။ -
0:21 - 0:23စက်မှု တော်လှန်ရေးက လူသားတွေရဲ့
ဘဝကို မြှင့်တင်ပေးရန် -
0:23 - 0:26အကြီးအကျယ် ထောက်ကူခဲ့တယ်လို့ ဆိုပေမဲ့
-
0:26 - 0:29ကျွန်တော့အဖိုး မြတ်နိုးခဲ့တဲ့
ကျွမ်းကျင်မှုမျိုးကို -
0:29 - 0:32ကျတော့ သတ်ပစ်ခဲ့ကာ
-
0:32 - 0:35လက်မှုပညာဆိုတာကိုလည်း
ပျောက်ကွယ်သွားစေခဲ့ပါတယ်။ -
0:35 - 0:41ဒါပေမဲ့ အခုတော့ ပထမဦးဆုံးအကြိမ်
ပုံနှိပ်ထုတ်ယူခဲ့တာဖြစ်တဲ့ -
0:41 - 0:46ဒီအပိုင်းကလေးဖြင့် စတင်လိုက်တဲ့
-
0:46 - 0:483D ပုံနှိပ်မှုက အဲဒါကို ပြန်ပြီး
-
0:48 - 0:50အသက်သွင်းပေးတော့မှာပါ။
-
0:50 - 0:52ဒီအပိုင်းလေးဟာ TED ထက် နည်းနည်းလေး
ပို အသက်ကြီးပါတယ်။ -
0:52 - 0:55အဲဒါကို ၁၉၈၃ ခုနှစ်မှာ
-
0:55 - 0:58Chuck Hull ဆိုသူ ပုံနှိပ်ခဲ့တာပါ၊
-
0:58 - 1:013D ပုံနှိပ်မှုကို တီထွင်ပေးခဲ့သူပါပဲ။
-
1:01 - 1:04ဒီနေ့ ကျွန်တော် ခင်ဗျားတို့ကို
ပြောပြချင်တာက၊ -
1:04 - 1:06ဆွေးနွေးချင်တဲ့ အတွေးအခေါ်က၊
-
1:06 - 1:07ကျွန်ုပ်တို့ကို အနာဂတ်ဆီ တွန်းတင်ပေးမယ့်
-
1:07 - 1:113D ပုံနှိပ်မှု အကြောင်း မဟုတ်ဘဲ၊
-
1:11 - 1:133D ပုံနှိပ်မှုဟာ
ကျွန်ုပ်တို့ရဲ့ အမွေအနှစ်တွေနဲ့ -
1:13 - 1:16ချိတ်ဆက်ပေးလျက် ကျွန်ုပ်တို့ကို
-
1:16 - 1:19ဒီဂျီတယ် ထုတ်လုပ်မှုကို အခြေခံသွားမယ့်
-
1:19 - 1:23ဒေသတွင်းရှိ ထုတ်လုပ်ဖြန့်ဖြူးရေးဆိုတဲ့
-
1:23 - 1:25ခေတ်သစ်ဆီ မြှင့်တင်ပေးမယ့်
-
1:25 - 1:273D ပုံနှိပ်မှု အကြောင်း ပြောပြချင်ပါတယ်။
-
1:27 - 1:33ဒီတော့ အသုံးဝင်တဲ့ ပစ္စည်းတွေအကြောင်း
စဉ်းစားကြည့်ကြပါ။ -
1:33 - 1:35ခင်ဗျားတို့ ကိုယ့်ဖိနပ်အရွယ်ကို
သိတယ်။ -
1:35 - 1:37ခင်ဗျားတို့ရဲ့ နှာတံအရွယ်ကို
-
1:37 - 1:38ပြီးတော့ နားထင်အရွယ်ကို သိတဲ့သူ
-
1:38 - 1:41ဘယ်နှစ်ယောက်များ ရှိကြပါသလဲ?
-
1:41 - 1:44သိသူ ရှိသလား?
-
1:44 - 1:46ခင်ဗျားတို့ဟာ တစ်သက်မှာ
ပထမအကြိမ်အဖြစ် -
1:46 - 1:48ကိုယ်နဲ့ ကွက်တိ အံဝင်ဂွင်ကျဖြစ်ကာ
-
1:48 - 1:51ဘယ်လို ပတ္တာကိုမှ သုံးမထားလို့
-
1:51 - 1:55ကျိုးသွားမှာကို လုံးဝစိုးရိမ်စရာ
လိုမှာမဟုတ်တဲ့ -
1:55 - 1:58မျက်မှန်မျိုးကို ထုတ်လုပ်
ရယူနိုင်ကြမယ် ဆိုရင်ကော? -
1:58 - 2:01လက်တွေ့မှာကျတော့ 3D ပုံနှိပ်မှုကို
-
2:01 - 2:04အသုံးချမှုဟာ နှာခေါင်းတွေထက်ကို
များစွာမှ အကျိုးသက်ရောက်နိုင်ပါတယ်။ -
2:04 - 2:07ကျွန်တော်က Amanda ကို ပထမအကြိမ် တွေ့ဆုံစဉ်
-
2:07 - 2:09သူမဟာ ခါးအောက်ပိုင်းမှာ
လေဖြတ်ထားတာတောင်မှ -
2:09 - 2:12မတ်တတ်ရပ်နိုင်လျက်
နည်းနည်းလေး လျှောက်နိုင်ပါပြီ၊ -
2:12 - 2:15ဒါပေမဲ့ သူမရဲ့ ဝတ်စုံဟာ သက်တောင့်သက်သာ
မရှိတာကို -
2:15 - 2:17သူမက ညည်းတွားနေခဲ့ပါတယ်။
-
2:17 - 2:18Ekso Bionics ထုတ်ပေးလိုက်တဲ့
-
2:18 - 2:20လှပတဲ့ စက်ရုပ်ဝတ်စုံ ဖြစ်ခဲ့ပေမဲ့၊
-
2:20 - 2:24သူမရဲ့ ခန္ဒာကိုယ်အတွက် မဟုတ်ခဲ့ပါ၊
-
2:24 - 2:26အတိုင်းယူပြီး ထုတ်လုပ်ပေးခဲ့တာ မဟုတ်ခဲ့ပါ။
-
2:26 - 2:29အဲဒါကြောင့် သူမက ပိုပြီး အမျိုးသမီးဆန်ကာ၊
-
2:29 - 2:32နည်းနည်းလေး ပိုကျော့ရှင်းပြီး
-
2:32 - 2:35ပိုပြီး ပေါ့ပါးမယ့် အဝတ်အစားမျိုးကို
-
2:35 - 2:37ချုပ်ပေးရန် ပူဆာခဲ့ပါတယ်။
-
2:37 - 2:38တော်တဲ့ အပ်ချုပ်သမားတွေလို
-
2:38 - 2:42ကျွန်တော်တို့က သူမကို ဒီဂျီတယ်နည်းဖြင့်
တိုင်းယူရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ -
2:42 - 2:46တိုင်းယူပြီးလို့ ကျွန်တော်တို့ဟာ
အံ့ဖွယ်ဝတ်စုံကို ထုတ်လုပ်ခဲ့တယ်။ -
2:46 - 2:49အမန်ဒါထံမှ ကျွန်တော် တော်တော်များများ
သင်ယူနိုင်ခဲ့ရာ -
2:49 - 2:52အားလုံးက 3D ပုံနှိပ်မှုဟာဖြင့်
-
2:52 - 2:53အစဉ်အလာ နည်းတွေကို
အစားထိုးမယ်လို့ -
2:53 - 2:56ထင်မြင်နေကြမှုဟာ တစ်ခု ဖြစ်ခဲ့ပါတယ်။
-
2:56 - 2:58ဒီအကြောင်းကို စဉ်းစားလျက်
အမန်ဒါ ပြောတာက၊ -
2:58 - 3:00ဒါဟာ ကျွန်မရဲ့ သဘာဝအလှ
ပြန်လည် ရယူရန်၊ -
3:00 - 3:02ကျွန်မရဲ့ ပင်ကိုယ်လက္ခဏာတွေကို
-
3:02 - 3:05ပြန်လည် ရယူရန် အခွင့်အလမ်းဖြစ်တယ်တဲ့။
-
3:05 - 3:07အဲဒီနောက် သူမဟာ
တစ်နေရာတည်းမှာ ရပ်မနေတော့ပါ။ -
3:07 - 3:10အခုတော့ သူမဟာ ထောက်မြင့် ဖိနပ်တွေကို
စီးချင်ပါတယ်။ -
3:13 - 3:14အဲဒါနဲ့ ရပ်သွားမှာ မဟုတ်ပါ။
-
3:14 - 3:173D ပုံနှိပ်မှုဟာ၊ ကျွန်ုပ်တို့ သိလာရသလို
-
3:17 - 3:21တစ်ဦးချင်းသုံး ကျန်းမာရေးဆိုင်ရာ
စက်ကိရိယာတွေကို ပြောင်းလဲပစ်နေကြပါပြီ၊ -
3:21 - 3:25လှပကာ လေဝင်လေထွက်ကောင်းတဲ့
သွားတွေကို -
3:25 - 3:28ပြုပြင်ညှိပေးတဲ့ ကိရိယာ အသစ်တွေမှအစ
-
3:28 - 3:32သွားတွေကို ပြန်လည်ဖေါ်ထုတ်ပေးမှု
သန်းချီတွေ၊ -
3:32 - 3:35ခြေ၊လက်အတုများအတွက် လှပတဲ့
-
3:35 - 3:38ထောက်တွေ စသည်တို့ဟာ
-
3:38 - 3:41ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်အလှတရားနဲ့
ချိတ်ဆက်ပေးနိုင်တဲ့ -
3:41 - 3:44တကယ့်အခွင့်အလမ်းတွေပါပဲ။
-
3:44 - 3:46ဒီနေ့ ဒီမှာ ထိုင်နေစဉ်မှာကို
-
3:46 - 3:49ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့
ခြေ၊လက်အတုရဲ့ ထောက်တွေကို -
3:49 - 3:51ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ သွားဆိုင်ရာ
-
3:51 - 3:53ကိရိယာတွေကို
ကြိုးမဲ့ချိတ် ထိန်းချုပ်နိုင်တယ်။ -
3:53 - 3:56နားထဲ တပ်ဆင်ရတဲ့ နားကြားရေး
ကိရိယာ သန်းချီကို -
3:56 - 3:58ဒီနေ့တွင် 3D ပုံနှိပ်ရေးနည်းဖြင့်
ထုတ်လုပ်နေကြပါပြီ။ -
3:58 - 4:01လူတွေ သန်းချီကို
ဒီနေ့မှာ အဲဒီလို ကိရိယာတွေကို -
4:01 - 4:03ထောက်ကူပေးနေကြပါပြီ။
-
4:03 - 4:07ဒူးတစ်ခုလုံးကို လဲပေးရန်လိုရင်
ခင်ဗျားတို့ရဲ့ ဒေတာနဲ့အညီ၊ -
4:07 - 4:10အတိအကျ တိုင်းယူပြီး လိုအပ်တဲ့ ကိရိယာများ
-
4:10 - 4:15အစိတ်အပိုင်းများကို 3D ပုံနှိပ်ယူမယ်
ဆိုရင်ကော? -
4:15 - 4:18G.E. ဆိုရင် 3D ပုံနှိပ်မှုကို အသုံးပြုလျက်
LEAP အင်ဂျင် -
4:18 - 4:21နောက်မျိုးဆက်ကို ထုတ်လုပ်ဖို့ အားထုတ်နေရာ
-
4:21 - 4:25၎င်းဟာ လောင်စာကို ၁၅ ရာခိုင်နှုန်းအထိ
-
4:25 - 4:27ချွေတာပေးနိုင်မှာမို့လို့
-
4:27 - 4:29လေကြောင်း ကုမ္ပဏီဆိုရင်
-
4:29 - 4:32ဒေါ်လာ ၁၄ သန်းအထိ အကုန်အကျ နည်းလာပါမယ်။
-
4:32 - 4:34G.E.အတွက် ကောင်းမှာ သေချာတယ်နော်?
-
4:34 - 4:36သူတို့ရဲ့ ဖောက်သည်တွေနဲ့
ပတ်ဝန်းကျင်အတွက် ကောင်းမှာပါ။ -
4:36 - 4:39နောက်တစ်ခု ကောင်းတဲ့အချက်က
-
4:39 - 4:42ဒီနည်းပညာဟာ အရင်းအနှီး
အများကြီး တတ်နိုင်ခဲ့ကြတဲ့ -
4:42 - 4:44ကုမ္ပဏီကြီးတွေ အတွက်သက်သက် မဟုတ်တော့ပါဘူး။
-
4:44 - 4:48အာကာသကို စူးစမ်းလေ့လာရန်
ထူထောင်ခါစ -
4:48 - 4:49Planetary Resources ကုမ္ပဏီဟာ၊
-
4:49 - 4:54၎င်းရဲ့ ပထမဦးဆုံး အာကာသစူးစမ်းရေး
က်ကို ဒီနှစ်ထဲ မကြာမီ လွှတ်တင်ပါတော့မယ်။ -
4:54 - 4:57အဲဒါဟာ NASA အာကာသာယာဉ်ရဲ့
အစိတ်အပိုင်း တစ်ခုမျှပါ၊ -
4:57 - 5:01၎င်းရဲ့တန်ဖိုးဟာလည်း
တစ်စိတ်တစ်ပိုင်းမျှသာပါ၊ -
5:01 - 5:04၎င်းထဲမှာ လှုပ်ရှားနိုင်တဲ့ အပိုင်းဆိုလို့
တစ်ဒါဇင်တောင် မရှိပါဘူး၊ -
5:04 - 5:08၎င်းဟာ ဒီနှစ်ကုန်ပိုင်းမှာ အာကာသထဲကို
သွားပါတော့မယ်။ -
5:08 - 5:11Google ဆိုရင် Ara ဆိုတဲ့
ဘလော့ဖုန်း ထုတ်လုပ်ရေး -
5:11 - 5:14ရဲတင်းလှတဲ့ စီမံကိန်းကို စနေပါပြီ။
-
5:14 - 5:17ထည့်သုံးနိုင်မယ့် လက်တွေ့
အသုံးပြုလို့ ရနိုင်မယ့် -
5:17 - 5:19မော်ဂျူးတွေကို
နှုန်းမြင့် 3D ပုံနှိပ်နည်းဖြင့် -
5:19 - 5:24ပုံနှိပ်ယူနိုင်ခြင်းဖြင့်
-
5:24 - 5:25ထုတ်လုပ်ပေးနိုင်မှာပါ။
-
5:25 - 5:283D ပုံနှိပ်နည်းရဲ့ တကယ့်ကို
ဧရာမ အောင်မြင်မှုကြီးပါ။ -
5:28 - 5:31အစားအစာကို ယူကြည့်ကြရင်ကော?
-
5:31 - 5:33ကျွန်ုပ်တို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ်
-
5:33 - 5:36ဒီမှာ အားလုံးမြင်နေကြရတဲ့ TED Teddy လို
-
5:36 - 5:41စားလို့ရတဲ့ နှစ်လို့ဖွယ်ရာ အရာတွေကို
-
5:41 - 5:43ထုတ်လုပ်ပေးနိုင်ကြမယ် ဆိုရင်ကော?
-
5:43 - 5:47ခင်ဗျားတို့ အားလုံး အခုမြင်နေရသလို
3D ပုံနှိပ်နည်းနဲ့ -
5:47 - 5:50အစမှအဆုံး ထုတ်လုပ်ထားတဲ့
စားစရာ မုန့်တွေကို -
5:50 - 5:54ထုတ်လုပ်ပေးကြမယ် ဆိုရင်ကော?
-
5:54 - 5:59ပြီးတော့ စားချင်ဖွယ်
အစားအစာတွေကို ထုတ်လုပ်ပေးရုံသာမက -
5:59 - 6:02လူတစ်ဦးချင်းရဲ့ အာဟာရလိုအပ်ချက်အလိုက်
-
6:02 - 6:05စိတ်ကြိုက် အရသာ အလိုက်
-
6:05 - 6:09အရောင်တွေနဲ့ အနံ့အရသာတွေကိုပါ
ထည့်ပေးနိုင်မယ် -
6:09 - 6:10ဆိုရင်ကော?
-
6:10 - 6:13အခုတော့ 3D ပုံနှိပ်နည်းရဲ့
အကောင်းဆုံး အချက်ဆီကို ရောက်လာပါပြီ။ -
6:13 - 6:163D ပုံနှိပ်နည်းနဲ့ဆိုရင် ရှုပ်ထွေး
မှုကို စဉ်းစားရန်မလိုပါ။ -
6:16 - 6:19အဲဒီပရင်တာအတွက်
သာမန် ပုံစံတွေကို ထုတ်လုပ်မလား၊ -
6:19 - 6:22ဒါမှမဟုတ် အရှုပ်ထွေးဆုံး ပုံစံတွေကို
ထုတ်လုပ်ပေးရမလား၊ -
6:22 - 6:24ခြားနားချက်ဆိုလို့ လုံးဝ မရှိပါ။
-
6:24 - 6:27အဲဒီအချက်ကမှ ဒီဇိုင်းရေးဆွဲမှုကိုရော
ထုတ်လုပ်မှုကိုပါ -
6:27 - 6:31လုံးဝကို တစ်မျိုး ပြောင်းလဲပစ်နေတာကို
ကျွန်တော်တို့ မြင်နေကြရပါတယ်။ -
6:31 - 6:333D ပုံနှိပ်နည်းဟာ သိကြတဲ့
စက်မှုထုတ်လုပ်မှုရဲ့ -
6:33 - 6:37နိဂုံးဖြစ်မယ်လို့ တော်တော်များများက
ထင်ကြပါတယ်။ -
6:37 - 6:39ကျွန်တော့ အမြင်အရဆိုရင်
အနာဂတ် နည်းပညာဖြစ်တဲ့ -
6:39 - 6:433D ပုံနှိပ်နည်းကို လူငယ်တွေရဲ့
လက်ထဲကို ထည့်ပေးကြမယ်ဆိုရင် -
6:43 - 6:46အလုပ်အကိုင်ဆိုင်ရာ
မကုန်မခမ်းနိုင်တဲ့ အခွင့်အလမ်းတွေ -
6:46 - 6:47ဖန်တီးပေးနိုင်ကြမှာပါ၊
-
6:47 - 6:49အဲဒါနဲ့အတူ၊
-
6:49 - 6:52လူတိုင်းဟာ ကျွမ်းကျင်တဲ့ တီထွင်ဖန်တီးပေးသူ
-
6:52 - 6:54ကျွမ်းကျင်တဲ့ ထုတ်လုပ်သူတွေ ဖြစ်လာကြမယ်။
-
6:54 - 6:56အဲဒါ့အတွက်ကို ကိရိယာ အသစ်တွေ လိုပါမယ်။
-
6:56 - 6:59လူတိုင်းဟာ CAD တွေကို
ဘယ်လိုသုံးရမှန်း မသိကြပါ၊ -
6:59 - 7:01ကျွန်တော်တို့ဟာ ထိတွေ့မှုဆိုင်ရာ
သိမြင်မှု -
7:01 - 7:03ဆိုင်ရာ ကိရိယာများကို ထုတ်လုပ်ပေးနေကြရာ
-
7:03 - 7:05ခင်ဗျားတို့ရဲ့ ဒီဇိုင်းတွေကို
-
7:05 - 7:07ဒီဂျီတယ် ရွှံစေးဖြင့် ကစားနေရသလိုပဲ
-
7:07 - 7:10ထိတွေ့ခံစားလို့ ရလာမှာပါ။
-
7:10 - 7:11အဲဒီလို လုပ်လို့ ရလာတဲ့အခါမှာ၊
-
7:11 - 7:13ချက်ချင်း ဓာတ်ပုံရိုက်တဲ့ နည်းပညာကိုပါ
-
7:13 - 7:16ကျွန်တော်တို့က တီထွင်ပေးထားကြတာမို့လို့၊
-
7:16 - 7:18အကြောင်းအရာတွေကို တီထွင်မှုဟာလည်း
ပိုပြီး လွယ်ကူလာမှာပါ၊ -
7:18 - 7:21စိတ်ကူးကြည့်မရနိုင်တဲ့
အရာတွေ အများကြီးရှိနိုင်သလို၊ -
7:21 - 7:24မလိုလားအပ်တဲ့ အရာတွေကို၊ လူအများအပြားက
-
7:24 - 7:29ပရိုဂရမ် အတုတွေကို သုံးလာကြမှာမျိုးကို
-
7:29 - 7:32တရားမဝင် သုံးစွဲပိုင်ဆိုင်မှုများကိုပါ
မြင်ကြရမှာပါ။ -
7:32 - 7:34လူတော်တော်များများ မေးကြတာက
-
7:34 - 7:36အိမ်တိုင်းထဲမှာ 3D ပရင်တာ ရှိလာကြမှာလား?
-
7:36 - 7:38အဲဒီလို မေးပုံဟာ မှားနေတယ် ထင်ပါတယ်။
-
7:38 - 7:40တကယ်မေးရမယ့် မေးခွန်းက
-
7:40 - 7:443D ပုံနှိပ်မှုက ကျွန်တော့ဘဝကို
ဘယ်လို ပြောင်းလဲပစ်နိုင်မှာလဲ? -
7:44 - 7:46နောက်တစ်မျိုးပြောရပါက၊
အိမ်ထဲက ဘယ်အခန်းဟာ -
7:46 - 7:483D ပုံနှိပ်မှုအတွက် ကိုက်ညီပါသလဲ?
-
7:48 - 7:50အခု ခင်ဗျားတို့ မြင်နေကြတဲ့ အရာတိုင်းကို၊
-
7:50 - 7:52Amsterdam ဖက်ရှင်ရှိုးမှာ ပြသခံခဲ့ရတဲ့
-
7:52 - 7:55ဒီဖိနပ်တွေ အပါအဝင်ကို၊
-
7:55 - 7:573D နည်းဖြင့် ပုံနှိပ်ယူခဲ့တာပါ။
-
7:57 - 8:01ဒီဖိနပ်တွေကို ကျွန်တော့အဖိုးက
ချုပ်ပေးလိုက်တာ မဟုတ်ပါဘူး။ -
8:01 - 8:03ဒီဖိနပ်တွေဟာ အဖိုးရဲ့ မိမိဘာသာ
-
8:03 - 8:05ထုတ်လုပ်တဲ့ အစဉ်အလာကို ဆက်လက် ကျင့်သုံး
-
8:05 - 8:07ရုပ်လုံးဖေါ်မှုပဲ ဖြစ်ပါတယ်။
-
8:07 - 8:13ကျွန်တော့အဖိုးဟာ မကြာမီလေးတင်က
Super Bowl ပွဲစဉ်ထဲက Nike -
8:13 - 8:17ဆူးချွန်ပါ Nike တွေကို မမြင်လိုက်ခဲ့ရပါ၊
-
8:17 - 8:20ပြီးတော့ ကျွန်တော့ဖခင်ဟာလည်း
3D ပုံနှိပ်နည်းဖြင့် -
8:20 - 8:24ရောစပ်ထုတ်လုပ်ခဲ့တဲ့
ကျွန်တော့ဖိနပ်ကို မမြင်လိုက်ရပါ။ -
8:24 - 8:26သူဟာ လွန်ခဲ့တဲ့
သုံးနှစ်တုန်းက ဆုံးသွားခဲ့ပါတယ်။ -
8:26 - 8:30ဒါပေမဲ့ ဒါတွေအားလုံးကို တီထွင်ပေးလိုက်တဲ့
Chuck Hull ကတော့၊ -
8:30 - 8:32ဒီနေ့တွင် ဒီမှာ ရှိနေပါတယ်၊
-
8:32 - 8:34သူ့ကျေးဇူးကြောင့်၊
-
8:34 - 8:36သူရဲ့ တီထွင်မှုရဲ့ကျေးဇူးကြောင့်၊
ကျွန်တော်ဟာလည်း -
8:36 - 8:38ဒီနေ့ ဖိနပ်ချုပ်သမား ဖြစ်လာနိုင်ပါပြီ၊
-
8:38 - 8:41ဒီဖိနပ်တွေကို စီးပြီးဒီမှာ ရပ်နေခြင်းဖြင့်
-
8:41 - 8:43ကျွန်တော်ဟာ ကျွန်တော့အတိတ်ကို
ဂုဏ်ပြုနေရင်း -
8:43 - 8:45အနာဂတ်ကို ထုတ်လုပ်ပြသနေခြင်း ဖြစ်ပါတယ်။
-
8:45 - 8:47ကျေးဇူးတင်ပါတယ်။
-
8:47 - 8:50(လက်ခုပ်သံများ)
- Title:
- 3D ပုံနှိပ်မှုက ဘယ်ဆီကို ဆက်သွားမလဲ
- Speaker:
- Avi Reichental
- Description:
-
more » « less
သူ့ချစ်မြတ်နိုးတဲ့ အဖိုးလိုပဲ၊ Avi Reichental ဟာ ပစ္စည်းတွေကို ပြုလုပ်သူပါ။ ကွာခြားချက်က အခုတော့ သူဟာ အရာတိုင်းအတွက် 3D ပရင်တာတွေကို သုံးနိုင်ပါတယ်။ Reichental ဟာ ကိတ်မုန့်ကအစ စိတ်ကြိုက် စားဖွယ်ရာများအဆုံး အရာတိုင်း ပုံနှိပ်ထုတ်လုပ်နိုင်တာကို ရှင်းပြထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 09:14
|
Myo Aung approved Burmese subtitles for What's next in 3D printing | |
|
Myo Aung edited Burmese subtitles for What's next in 3D printing | |
|
Myo Aung edited Burmese subtitles for What's next in 3D printing | |
|
Myo Aung edited Burmese subtitles for What's next in 3D printing | |
|
sann tint accepted Burmese subtitles for What's next in 3D printing | |
|
sann tint edited Burmese subtitles for What's next in 3D printing | |
|
sann tint edited Burmese subtitles for What's next in 3D printing | |
|
sann tint edited Burmese subtitles for What's next in 3D printing |

